Part 15
#unicode
Roseanne's POV
Lisaနဲ့ ကျွန်မမှာ ရုတ်တရက်ပျောက်သွားတဲ့ Lilyကြောင့် ရှောခ့်ရနေသည်
"Damm it ခဏလေးတောင်နေမသွားဘူး "
စားပွဲခုံကိုထုပြီး Lisa ပြောလိုက်တယ်
"မနက်ဖြန် ကျန်ပါသေးတယ် "
ကျွန်မ ပြောပြီး နာရီကို ကြည့်လိုက်သည်
"ည ကိုးနာရီတောင်ထိုးတော့မယ် နင်ပြန်လို့ရတယ် Lisa ငါတော့ ဒီအနီးအနားက ဟိုတယ်လိုက်ရှာလိုက်အုံးမယ် "
"ဒါဆို ငါလည်း အိမ်မပြန်တော့ဘူး နင်နဲ့အတူတူနေမယ်လေ Roseanne "
Lisaရဲ့ စကားကြောင့် ကျွန်မ နှလုံးတစ်ခုလုံးပြုတ်ကျသွားသလို ခံစားရသည်
ဒီကနေ ပြန်ဖို့ Lisa တစ်ယောက်တည်းလွှတ်ဖို့ကျလည်း ညနက်နေပြီ... အတူတူနေဖို့ကျလည်း.... ဘယ်လိုလုပ်ရင် အဆင်ပြေမလည်းတွေးရင်း Lisaကို ကျွန်မနဲ့ အတူနေဖို့ သဘောတူလိုက်သည်
Lisaလည်း ကားပေါ်ရောက်တော့ ကျွန်မတို့ တည်းဖို့အတွက် သင့်တော်မယ့် ဟိုတယ်ကို ဖုန်းထဲကနေ ရှာနေသည်
ဟိုတယ်ကိုရောက်သောအခါ ဝန်ထမ်းက အခန်းသုံးခန်းကျန်ပြီး နှစ်ခန်းက မရှင်းရသေးဘူး ပြောလို့ ကျွန်မတို့လည်း ဟိုတယ်ထပ်မရှာချင်တာနဲ့ နှစ်ယောက်တစ်ခန်းယူဖို့ ဆုံးဖြတ်လိုက်သည်
"အဆင်ပြေတယ်မလား ငါကြမ်းပြင်မှာ အိပ်လိုက်မယ် "
"ဟင့်အင်း ငါအိပ်လိုက်ပါမယ် Lisa "
"မရဘူး ငါတို့ရဲ့ ဟန်းနီးမွန်းလို့ သဘောထားပြီး နင်က ကုတင်ပေါ်အိပ် "
Lisaပြောပြီး သူ့ ဘဏ်ကဒ်ကိုထုတ်ကာ ပိုက်ဆံရှင်းဖို့ ဝန်ထမ်းကို ပေးလိုက်သည်
"သယ်ပေးဖို့ အိတ်တွေပါသေးလားဗျာ့ "
"မပါဘူး ကျွန်မတို့ အလုပ်ကိစ္စကြောင့် တစ်ရက်ဘဲနေမှာ "
"ဟုတ်ကဲ့ဗျာ့ enjoy your stayပါ "
အခန်းကတ်ယူလိုက်တဲ့ Lisaနဲ့အတူ အခန်းကို သွားဖို့ ဓာတ်လှေကားထဲ ကျွန်မဝင်လိုက်သည်
"ဟိုတယ် check in ဝင်တာ တော်တော်ကျွမ်းတယ်နော် ခဏခဏလာဖူးတယ်ထင်တယ် Lisa shii "
"နင့်အသံက သဝန်တိုနေသလိုဘဲ Roaeanne shii"
"ဆုတောင်းလေ "
Lisaကို ရန်လုပ်လိုက်ပေမယ့် Lisa ပြောတာလည်း ဟုတ်နေတာဘဲလေ
Lalisa Manobanနဲ့အတူ ဟိုတယ်လာဖူးတဲ့ မိန်းမတိုင်းကို ကျွန်မ တကယ်မနာလိုပါတယ်
"lisa "
"ဟင့်အင်း နင်ကုတင်မှာဘဲ အိပ် ငါ ကုတင်သေးသေးလေး အိပ်လို့ အဆင်ပြေတယ် "
"ဒါပေမယ့် ဒီကိုလိုက်လာဖို့ခေါ်ခဲ့တာငါလေ "
ကျွန်မက ပြောတော့ Lisaက ခေါင်းခါပြပြီး အပေါ်ဝတ်ကို ချွတ်ကာ ခုံပေါ်တင်လိုက်သည်
"ငါ ကုတင်သေးလေး ပေါ်မှာအိပ်လို့အဆင်ပြေပါတယ် ဟိုတစ်ခါဆေးရုံမှာတုန်းကလည်း နင့်ကိုငါ အဲ့လိုစောင့်ပေးခဲ့တာဘဲ သိတယ်မလား ငါက Gentle womanလေ ဟဲဟဲ "
"ဟုတ်ပါတယ် နင်က gentlewomanပါ "
ကျွန်မ ပြောလိုက်ပေမယ့်လည်း Lisa တစ်ယောက်် ကုတင်သေးသေးလေးပေါ်မှာ တစ်ယောက်တည်း ကျဥ်းကျဥ်းကြပ်ကြပ် အိပ်နေရမှာကို စိတ်မကောင်းဖြစ်မိသည်
"ရေချိုးချင်လား ကောင်မလေး "
Lisa ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကြောင့် ကျွန်မလန့်သွားတယ်
"အယ် "
"တစ်ယောက်တည်းချိုးမလားမေးတာပါ ရေချိုးမယ်ဆို ငါမျက်နှာသစ်ပြီးရင် ရေပူဖွင့်ပေးထားမလို့လေ "
ဟူး တော်ပါသေးတယ် Roseanne နင် ဘာတွေလျှောက်တွေးနေတာလည်း
ကျွန်မ ရေချိုးပြီးထွက်လာတော့ Lisaက ကုတင်သေးသေးလေးပေါ်တွင် လှဲအိပ်နေသည်
"အသက်သုံးဆယ်နားကပ်မှ ဒီလိုစူပါပါဝါတွေရှိနေမှန်းမသိခဲ့ဘူး "
"Lily က နင်လုပ်နေတာတွေကိုတောင် နင်မသိဘူးလို့ ပြောခဲ့တယ်နော် "
"Time travelလုပ်နိုင်တာကို ဘာလို့ သတိမထားမိတာလည်းမသိ "
"နင်က အိမ်မက်မက်နေတယ်လို့ဘဲ တွေးလို့နေမှာပေါ့..."
"အင်း "
"ပြီးတော့ ဒါကလည်း ငါတို့နှစ်ယောက်တွေ့ဖို့ ကံတရားဘဲ "
"အင်း ကံကြမ္မာပေါ့ "
ကျွန်မတို့နှစ်ယောက် ရုတ်တရက်တိတ်ဆိတ်သွားတယ်
Lisaကလည်း လှဲအိပ်ရင်း မျက်နှာကြတ်ကို မော့ကြည့်နေပြီး ကျွန်မကလည်း ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေမိသည်
ကံတရား...ကံကြမ္မာတဲ့လား
Lisa's POV
တစ်ဖက်ကုတင်မှာ Roseanneက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေမယ့် ငါကတော့ အိပ်ပျော်နေတဲ့ Roseanneကို စိုက်ကြည့်နေမိသည်
ငါ့မ်က္လုံးထဲ Roseanneက လွဲပြီး ကျန်တာ မမြင်တော့ဘူး ဘယ်လိုလုပ်ရမလည်း
Ella မွေးနေ့တုန်းက ဆေးရုံကိုလာခဲ့တဲ့ Roseanneပုံစံလေးကိုလည်း ပြန်တွေးနေမိသည်
လှေပေါ်မှာ တစ်ယောက်တည်းဖြစ်နေတဲ့ အဝါရောင် bikiniနဲ့ Roseanneဆီ ငါ အမြန်ကူးသွားမိသည်
ထို့နောက် Roseanneကို လှေပေါ်တွန်းလှဲရင်း Roseanneရဲ့ နှုတ်ခမ်းကို တပ်မက်စွာ နမ်းလိုက်သည်
Roseanneရဲ့ bikiniကို ဆွဲချွတ်ပြီး နူးညံ့တဲ့ ရင်သားနှစ်ဖက်ကို ဖြဖြေလး ဆွဲညှစ်မိသည်
Roseanneရဲ့ ချယ်ရီသီးလေးကို မျက်လုံးလေးမှိတ်ကာ ဖွဖွလေးကိုက်ရင်းငါ မျက်လုံးဖွင့်ကြည့်မိတော့ လှေပေါ်မှာ မဟုတ်ဘဲ ဟိုတယ်ကအခန်းထဲမှာဘဲ ရှိနေမှန်း တွေ့လိုက်ရတယ်
ပြီးတော့ Roseanneက ငါ့အောက်မှာ အိပ်နေတယ် ဘုရားရေ ငါ့လက်တစ်ဖက်က Roseanneရဲ့ ပေါင်ကြားထဲမှာ
အမြန်ဘဲ အိပ်ရာက ထပြီး ရေချိုးခန်းထဲ ပြေးသွားလိုက်တယ် ဘာတွေဖြစ်ကုန်တာလည်း ဘာတွေဖြစ်နေတာလည်း
Roseanne's POV
လိုက်ကာကြားက ဖြာထွက်နေတဲ့ နေအလင်းရောင်ကြောင့် ကျွန်မ အိပ်ပျော်နေရာက နိုးလာတယ်
နေပါအုံး ကျွန်မက ပြတင်းပေါက်ဘေးနားက ကုတင်မှာအိပ်နေတာလေ ခုဘယ်လိုလုပ်
"Good Morning Roomie "
ရေချိုးခန်းထဲက Lisaထွက်လာပြီး ကျွန်မကို နှုတ်ဆက်နေတယ်
"ငါက ဘာလို့ နင့်အခန်းထဲရောက်နေတာလည်း "
"ဒီကို အချိန်ခရီးသွားလိုက်တာနေမှာပေါ့ "
"တကယ်သိချင်လို့ မေးနေတာကို ငါက ဘာလို့ နင့်ကုတင်ပေါ်ရောက်နေတာလည်း "
"အိပ်ရင်းယောင်တာနေမယ် ငါနိုးလာတော့ နင်က ငါ့ကုတင်ပေါ်ရောက်နေတာနဲ့ ငါလည်း ရေထချိုးလိုက်တာ "
ဘုရားရေ ဘာအဝတ်အစားမှ ဝတ်မထားတဲ့ ကျွန်မက Lisaကုတင်ပေါ် ဘယ်လို ရောက်သွားမှန်း စဥ်းစားလို့မရပေ
"Roseanne ဒါ အိပ်နေရာက အိမ်မက်ယောင်တာ နေမှာပါ ဘာမှမဖြစ်တာကို နင် အပြစ်ရှိသလိုခံစားနေတာလား "
"ဒါပေမယ့် Jack "
"come on Roseanne နင်နဲ့ငါက နောက် universe တစ်ခုမှာ လက်ထပ်ထားတာ မဟုတ်လား အဲ့တော့ ပြောရမယ်ဆိုရင် အခု Jackနဲ့ နင်က ငါ့ကို သစ္စာဖောက်နေတာ မဟုတ်လား "
ကျွန်မလည်း ဘာမှမပြောတော့ဘဲ အနားရှိအဝတ်ကို ကောက်ဝတ်ကာ ရေချိုးခန်းထဲ ဝင်သွားတယ်
ကျွန်မ ရေချိုးနေရင်း Lisaအကြောင်း Jackအကြောင်း Lilyအကြောင်း တွေးနေရင်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတယ်
မျက်လုံးမှိတ်ပြီး ခေါင်းလျှော်ပြီးနောက် မျက်လုံးပြန်ဖွင့်သောအခါ နံရံတွင်ကပ်ထားသော စာတစ်စောင်ကို တွေ့လိုက်ရသည်
မကူညီပေးနိုင်လို့ တောင်းပန်ပါတယ် Roseanne
Lily
Lisa's Pov
ငါ ကားမောင်းရင်း ပြတင်းပေါက်တံခါးကိုမှီကာ ငိုင်နေတဲ့ Roseanneကို လှမ်းကြည့်လိုက်သည်
"Roseanne... အားလုံးအဆင်ပြေသွားမှာပါ "
Roseanneရဲ့ လက်ကိုကိုင်ရင်း ငါ အားပေးစကားပြောပေးလိုက်တယ်
Roseanneကို ပြန်လိုက်ပို့ပေးပြီး ငါ အိမ်ကိုပြန်လာတော့ Annaကို တွေ့လိုက်ရသည်
"အယ် Anna ဘယ်တုန်းက ပြန်ရောက်နေတာလည်း... "
"မနေ့ညကဘဲ အလုပ်ပြီးပြီးချင်း ပြန်လာတာ ဒါပေမယ့် နင် အိမ်မှာလည်း မရှိဘူး "
"ကိစ္စရှိလို့ Baltimoreကို သွားတာ ကားပျက်သွားလို့ အဲ့မှာညအိပ်လိုက်ရတာ "
ငါ လိမ်ပြောလိုက်တော့ Annaက မျက်မှောင်ကြုတ်သွားတယ်
"တစ်ယောက်တည်းသွားတာလား "
"ဟုတ်တယ် ဒါနဲ့ Anna ကိုယ်တို့ စကားပြောရအောင် "
"ဘာပြောမလို့လည်း "
Annaက မေးတော့ ငါသက်ပြင်းချမိတယ်
ငါ ငြင်ငြင်သာသာနဲ့ပြောရင်တောင် ငါ့စကားတွေက သူ့ကိုနာကျင်စေမှာကို သိနေတယ်လေ
"Anna မင်းက တကယ်ကောင်းတဲ့သူပါ ဒါပေမယ့် ကိုယ်လိုချင်တာ မင်း မဟုတ်ခဲ့ဘူး "
ငါ့ရဲ့စကားကြောင့် Anna မျက်လုံးပြူးကာ အံ့သြသွားတယ်
"Lisa...နင် ဘာပြောနေတာလည်း "
"ကိုယ် တောင်းပန်ပါတယ် ကိုယ်လိုချင်တဲ့အရာတွေ့သွားခဲ့ပြီထင်တယ် ...မင်းနဲ့ကိုယ် အတူရှိတုန်းက ပျော်ခဲ့ရပါတယ် ကောင်းတဲ့နေ့လေးတွေဖြစ်ခဲ့ပါတယ် Anna... ဒါပေမယ့် ကိုယ့်ထက်ကောင်းတဲ့သူနဲ့ မင်းတွေ့သင့်တာပါ "
"Lisa..."
"တောင်းပန်ပါတယ် ကိုယ် နောက်တစ်ယောက်တွေ့နေပြီမို့လို့ လမ်းခွဲရအောင် "
"တစ်နှစ်ကျော်ထိ နင့်ဘေးနား ရှိနေပေးခဲ့ရတာက အခုလို လမ်းခွဲခံရဖို့လား Lisa...."
Annaမှာ ငိုပြီး ငါ့ရင်ဘတ်ကို တစ်ဘုန်းဘုန်းနဲ့ ထုရိုက်နေတယ်
"ငါက မကောင်းတဲ့သူပါ တောင်းပန်ပါတယ် Anna"
ငါ့ဘေးနား ရှိပေးခဲ့တဲ့ Annaကို လက်ထပ်တော့မယ့် အမျိုးသမီးတစ်ယောက်ရဲ့ အနားမှာ ရှိချင်လို့ လမ်းခွဲလိုက်တာ.... ငါ့လုပ်ရပ်က မကောင်းဘူး မဟုတ်လား
#tbc
#Zawgyi
Roseanne's POV
"ဆုတောင်းလေ "
"lisa "
ကျွန်မ ပြောလိုက်ပေမယ့်လည်း Lisa တစ်ယောက် ကုတင်သေးသေးလေးပေါ်မှာ တစ်ယောက်တည်း ကျဉ်းကျဉ်းကြပ်ကြပ် အိပ်နေရမှာကို စိတ်မကောင်းဖြစ်မိသည်
"အယ် "
"အင်း "
"အင်း ကံကြမ္မာပေါ့ "
Lisa's POV
Roseanne's POV
"Good Morning Roomie "
"ဒါပေမယ့် Jack "
Lily
Lisa's Pov
"ဘာပြောမလို့လည်း "
"Lisa..."
#tbc
Bạn đang đọc truyện trên: Truyen3h.Co