Truyen3h.Co

အိမ်မက်ထဲက သူ

Part 16

KimFany059

#unicode

Roaeanne's Pov

ကျွန်မ ဆေးခွင့်တွေယူပြီး အနားယူထားသောကြောင့် Deeကတော့ သိပ်မကျေနပ်ပေ

"D.C houseရဲ့ မဂ္ဂဇင်းဘယ်မှာလည်း Roseanne "

"နောက်ဆုံးရက် မရောက်သေးဘူးလေ "

"ရောက်ရောက်မရောက်ရောက် အခုလိုချင်တယ် Roseanne "

Deeက ပြောပြီးထွက်သွားတော့ ကျွန်မ Deeရဲ့ နောက်ကျောကို ကြည့်ရင်း Lisaနဲ့ပြောခဲ့တဲ့ စကားတွေကို တွေးမိသွားတယ်

ဘာလို့ စိတ်ပင်ပန်းလူပင်ပန်းရတဲ့ အလုပ်ကို ဆက်လုပ်နေသေးတာလည်း ဒီတစ်ခါတော့ တစ်ကိုယ်ကောင်းဆန်ပြီး ကျောင်းတက်ဘွဲ့ယူရမှဖြစ်မယ်

ဒါပေမယ့် အိမ်အသစ်ဝယ်ချင်တဲ့ Jackအတွက် မတရားသလိုဖြစ်သွားမလား မဟုတ်တာ Jackအတွက် ကျွန်မ လုံလုံလောက်လောက် အချိန်ရောလူပါပေးထားခဲ့ပြီးပြီလေ

နောက်ဆုံးတော့ Jackကို ကျွန်မ ဘွဲ့ယူမယ့်အကြောင်း သေချာထပ်ပြောဖို့ ဖုန်းဆက်လိုက်တယ်

"Honey မင်း သေချာမစဥ်းစားထားသေးဘူးဘဲ "

"သေချာစဥ်းစားပြီးမှ ပြောတာပါ Jack "

"ဘုရာရေး Roseanneရာ မင်း အဲ့ကိုပြောင်းရင် ကိုယ်အလုပ်ထွက်ရမှာ မသိဘူးလား "

"manassas မှာ ကျွန်မ အိမ်မှမဝယ်ချင်တာ "

"အိမ်က ငါတို့ ဘဝအတွက်လေ Roseanne ဒီမှာရှိတဲ့ အိမ်နီးနားချင်းတွေက ကိုယ်တို့ကလေးတွေအတွက် မကောင်းဘူးဆိုတာ မင်းသိရက်နဲ့ မင်းဘွဲ့ယူဖို့ ကျောင်းဘယ်နှနှစ်တက်ရမလည်း တွေးကြည့်စမ်း လေးနှစ်လား ငါးနှစ်လား ကျောင်းတက်နေတဲ့အချိန်မှာလည်း မင်းမှာ အလုပ်ကမရှိ အကြွေးကတင် ပြီးတော့ မင်းကျောင်းမပြီးမချင်း ကိုယ်တို့က ကလေးယူလို့ကလည်းမဖြစ် အခု ကိုယ့်အသက်က ၃၂နှစ် ရှိနေပြီ မိသားစုတစ်စု ထူထောင်ဖို့ ၄၀ထိမစောင့်ချင်ဘူး....."

"ကျွန်မကလည်း ဘယ်နှနှစ်ထိ အသက်ရှင်နိုင်မလည်းဆိုတာ မသိဘူးလေ...ဒီအချိန်ခဏအတွင်း ကလေးတွေက ကျွန်မအတွက် အရေးပါမယ် မထင်ဘူး "

"အဲ့လိုမပြောစမ်းနဲ့ ဘယ်နှနှစ်နေရမလည်း မင်း ဘယ်သိမှာလည်း အခုထိ တော်တဲ့ဆရာဝန်နဲ့မှ မတွေ့ရသေးတာ "

"ဘာဖြစ်နေနေ ကျွန်မ အိမ်ထက် ဘွဲ့ကို ပိုလိုချင်တယ် "

"ကိုယ်ပြန်ရောက်မှ ဆက် ပြောကြတာပေါ့ "

Jack ဖုန်းချသွားတော့ ကျွန်မလည်း ဖုန်းကို စားပွဲခုံပေါ် ပစ်တင်လိုက်တယ်

Lisa's Pov

Roseanneနဲ့ စကားမပြောရတာ လေးဆယ့်ရှစ်နာရီတောင် ရှိရောပေါ့ ​တော်တော်ကြာပြီဘဲ

Roseanneရဲ့ ရယ်သံလေးတွေ ကြားချင်တယ်

Roseanneရဲ့ အပြုံးလေးတွေ မြင်ချင်တယ်

ငါ မလုပ်သင့်ဘူးဆိုတာ သိပါတယ် ဘုရားသခင်ရယ်

ဒါပေမယ့် ငါ့လက်က အကြောင်းမဲ့ Roseanneရဲ့ ဖုန်းကို ခေါ်ဖို့ နှိပ်မိသွားပြီ....

"hey Lisa "

"အာ ဒီတိုင်း ဟေး နင့်ရှေ့ ကောင်မလေး ဘယ်နှယောက်လောက် ပျောက်သွားလည်း သိချင်လို့ လှမ်းမေးကြည့်တာ "

ငါ့ရဲ့ စကားကြောင့် Roseanne တခစ်ခစ်နဲ့ရယ်လေသည်

god ငါ ဒီရယ်သံလေးကို အရမ်းလွမ်းနေတာ

"လောလောဆယ်တော့ နားနေခန်းထဲက ငါ့ ဒိန်ချဥ်ဘူး ပျောက်သွားပြီ ဒါနဲ့ ငါဘာလုပ်ခဲ့လည်း ခန့်မှန်းကြည့် Lisa "

"အချိန်ခရီးသွားဖို့ လေ့လာနေတာလား "

"ဟင့်အင်း Georgetownကို ငါကျောင်းတက်ခွင့်ရမလားဆိုပြီး mailပို့ခဲ့တာ..."

Roseanneရဲ့ အသံက စိတ်လှုပ်ရှားနေတာဘဲ

"သူတို့က ဘာပြောလည်း '

ငါက မေးတော့ သူ သက်ပြင်းချသွားတယ်

"ဒီလိုဘဲ လာမယ့်အတန်းအတွက်တော့ ရနိုင်မယ် ဘာညာမျှော်လင့်ချက်တစ်ချို့နဲ့ ပြီးတော့ ငါက ကျောင်းတက်ဖို့အတွက်နောက်ကျနေပြီဘာညာပြောတယ် "

အင်း Roseanneကို ကူညီပေးမှဖြစ်မယ် ဒါပေမယ့် အဆင်ပြေမှဘဲ သူ့ကို အသိပေးမယ် မဟုတ်ရင် သူ မျှော်လင့်နေရမှာဆိုးလို့

"နင် ဖြစ်ချင်တာတွေ ဖြစ်လာတော့မှာပေါ့ "

"သေချာသလောက်ပေါ့ Lisa '

"ဘာလို့ သေချာသလောက်လည်း ဒါက နင်လိုချင်နေတာ ဖြစ်လာတော့မယ်လေ

"ငါ တွေဝေနေလို့ အိမ်ဝယ်ချင်တဲ့ Jack ဆန္ဒကို လျစ်လျူရှုပြီး ကျောင်းတက်တာက တစ်ကိုယ်ကောင်းဆန်နေမလားလို့ "

Brain tumor ဖြစ်နေတဲ့ ကောင်မလေးရဲ့ အိမ်မက်ကို တကယ်ဖြစ်လာအောင် လုပ်ပေးရမှာကို Jackဆိုတဲ့ ကောင်က ဘာလည်းဟ ဘာလို့ သူက အလျော့မပေးတာလည်း

"မဟုတ်တာ အဲ့လို မဟုတ်ပါဘူး ဘာလို့ တစ်ကိုယ်ကောင်းဆန်တယ်လို့ တွေးရတာလည်း "

"ငါတို့ လက်ထပ်တဲ့အခါကျရင် ဒါက ငါ့ပိုက်ဆံမဟုတ်တော့ဘူး သူရော ငါပါ သက်ဆိုင်သွားတဲ့ ပိုက်ဆံပေါ့လေ "

fuck Roseanne လက်ထပ်တော့မယ်ဆိုတဲ့ အတွေးက ငါ့ကို အသေသတ်နေတာဘဲ ပြီးတော့ Jackဆိုတဲ့အကောင်က Roseanneကို ကျောင်းမတက်ဖို့ တားနေတာကလည်း ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာဘဲ

"Roseanne နင် ဒီည harbor barမှာ ငါ့ကိုလာတွေ့ပေးနိုင်မလား "

Roseanneအတွက် ငါလုပ်ပေးနိုင်တဲ့ တစ်ခုခုရှိမှာ

"အင်း လာမယ်လေ ဘယ်အချိန်လောက် လာရမလည်း '

"ခြောက်နာရီလောက်ပေါ့ "

Roseanne ဖုန်းချပြီးနောက်မှာတော့ ငါ နာရီကို ကြည့်ပြီး ငါမပိုင်ရတဲ့ အမျိုးသမီးကို တွေ့ရဖို့  ရေတွက်နေမိသည်

Barကို ငါရောက်သွားတော့ ကနေတဲ့သူတွေကို ငေးကြည့်နေတဲ့ Roseanneကို တွေ့လိုက်ရသည်

သူနဲ့ငါ အကြည့်ချင်းဆုံသွားတော့ Roseanne ငါ့ကို ပြုံးပြနေတယ်

ငါလည်း Roseanne ဘေးနား ဝင်ထိုင်လိုက်သည်

"ဒီနေ့ Georgetownက ကျောင်းကို ငါဖုန်းဆက်ခဲ့တယ် ငါ့ သူငယ်ချင်းက ဝင်ခွင့်လျှောက်လွှာ လက်ခံတဲ့ ဌာနမှာ အလုပ်လုပ်တာလေ သူ့ကို ငါဖုန်းဆက်တော့ နင်ကျောင်းတက်ချင်ရင် သူလျှောက်လွှာလက်ခံပေးပါမယ်တဲ့ ပြီးတော့ လက်တလော နင်လိုအပ်မယ့် အတန်းတွေက လူပြည့်နေပေမယ့် တကယ့် majorအတန်းတော့ တက်နိုင်အောင် လုပ်ပေးပြီး နင့်ဆီ mailပို့ပေးမယ်တဲ့ "

ငါ့ရဲ့ ​စကားကြောင့် Roseanne မျက်လုံးပြူးသွားတယ်

'ဘယ်လို နင်က ငါ ကျောင်း တက်ခွင့်ရအောင် လုပ်ပေးထားတယ် ဟုတ်လား ဒီလိုမျိုးလား  "

"နင်တက်ချင်မှပါ ငါနင့်ကို ကျောင်းတက်ပါလို့ ဖိအားပေးတာ မဟုတ်ဘူးနော် "

Roseanne ငါ့ကို ရုတ်တရက်ဖက်ချပြီး ငိုရင်းနဲ့ ရယ်နေတယ်

"နင်က ငါ့ကို ကယ်တင်တာပါ ဖိအားပေးတာ မဟုတ်ပါဘူး oh my god ငါ နင့်ကို ချစ်လိုက်တာ Lisaရယ် "

ဘုရားရေ Roseanneက ငါ့ကို သတ်ပြန်ပြီ

"ကျောင်းတက်ရတော့မယ် ကျောင်းတက်ရတော့မယ်ဟေ့ "

"ပြီးတော့ family lawနဲ့ ပတ်သက်ပြီး ငါ့အသိရှေ့နေကို မေးကြည့်တော့ လက်ထပ် စာချုပ်မှာ လက်မှတ် မထိုးခင်အထိတော့ ဒီပိုက်ဆံတွေက နင့်ဟာဘဲ နင်ကြိုက်သလောက် သုံးနိုင်တယ် Jack ဘာမှပြောခွင့်မရှိဘူး "

"ကျေးဇူးတင်ပါတယ် ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး "

"ကျေးဇူးတင်စရာမလိုပါဘူး ငါက နင့်ကို ပျော်စေချင်ရုံပါ "

ငါ့စကားကြောင့် Roseanne မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ ငါ့ကိုကြည့်နေတယ် ပြီးတော့ နှုတ်ခမ်းကိုလည်း ကိုက်ထားသေး

အင်း ငါကတော့ သူ့ကိုနှုတ်ဆက်ရတော့မှာကို လက်ခံဖို့ ကြိုးစားနေတုန်းဘဲ

သူ့ကို Jackလက်ထဲထည့်ပေးပြီး နှုတ်ဆက်ဖို့က ငါ့အတွက် ခက်ခဲပေမယ့် ရွေးချယ်စရာမှမရှိတာ

အင်း Jackကို သူလက်ထပ်သွားလည်း သူဖြစ်ချင်တဲ့လုပ်ချင်တဲ့ ကျောင်းတက်ခွင့်ရအောင် ငါကူညီပေးနိုင်ခဲ့တယ်ဆိုတော့ ငါ့အတွက်လုံလောက်ပါတယ် ကျေနပ်ပါတယ်လေ

"Roseanne ငါတို့ ဒီကနေ မပြန်ခင် ကရအောင် "

ငါ ကမ်းပေးတဲ့ လက်ကို Roseanneက ကိုင်ပြီး ငါနဲ့အတူ သီချင်းသံကြား စည်းချက်ညီစွာ ကနေမိသည်

"နင်သိလား Lisa....ငါ ဒီကကွက်တွေကို ဘယ်လိုသိလည်းဆိုတာ... အိမ်မက်ထဲမှာ နင်နဲ့ ခဏခဏကဖူးလို့"

"ငါ လက်ထပ်ခွင့်တောင်းခဲ့တယ်မလား.... "

ငါ့စကားကြောင့် Roseanne မျက်လုံးအဝိုင်းသားဖြစ်သွားတယ်

"ဘယ်လိုသိတာလည်း "

"haha"

ငါရယ်တော့ Roseanne ရှက်ပြီး ခေါင်းငုံ့သွားတယ်

Roseanne's POV

Bar ကနေ Lisa ပြန်လိုက်ပို့ပြီးနောက် ကျွန်မ အိမ်တံခါး password ရိုက်ရင်း ပြုံးနေမိသည်

ကျောင်းပြန်တက်ဖို့ အိမ်မက်မက်နေခဲ့ရတဲ့ ကျွန်မ အိမ်မက်တွေလည်း တကယ်ဖြစ်လာတော့မယ်လေ

ပြီးတော့...Lisaနဲ့အတူတူ ကျွန်မ တွဲကခဲ့ရသေးတယ်

အိမ်ထဲကို ဝင်တော့ Jackက ဧည့်ခန်းထဲ Tvကြည့်နေတယ်

"hey honey ပြန်လာပြီလား...."

"ဟင် အစောကြီး ပြန်ရောက်နေတာလား "

"ဟုတ်တယ် လေယာဥ်စီးပြီး ပြန်လာတာ....မနက်က ကိုယ်တို့ စကားများသလိုဖြစ်ခဲ့ကြတယ်နော် အင်း အလုပ်တစ်ဖက် မင်းကလည်း tumorဖြစ်နေတော့ နှစ်ယောက်လုံး စိတ်မရှည်ဖြစ်ခဲ့ကြတာ..."

"jack ငါ့ကိုကျောင်းက ဝင်ခွင့်လက်ခံလိုက်ပြီ "

"ဘာ....ကိုယ်တို့ နောက်မှဆက်ပြောမယ်လို့ မပြောခဲ့ဘူးလား"

"မပြောခဲ့ဘူး "

"what the hell roseanne မင်းလုပ်ချင်သလိုလုပ်လို့မရဘူးလေ ကိုယ့်ကိုတိုင်ပင်အုံးမှပေါ့ "

စိတ်ကုန်တယ် Jackရဲ့ ပျော်ရွှင်မှုအဖြစ် ရေလိုက်ငါးလိုက်နေရတာကို ကျွန်မ အရမ်းစိတ်ကုန်နေပြီ

"မင်းရှိနေတဲ့နေရာလိုက်ရဖို့ဆို ငါအလုပ်ထွက်မှဖြစ်မှာ အလုပ်တစ်ခု ရဖို့လွယ်တယ်ထင်လား "

Jackမှာပြောပြီး အိမ်တံခါးကိုဆောင့်ပိတ်ကာထွက်သွားတယ်

ကားစက်နှိုးသံကြောင့် Jack ထွက်သွားပြီဆိုတာ သိရပြီး ကျွန်မပျော်မိတယ်

Lisa....Lisa ကို ကျွန်မလိုအပ်တယ်.... ကျွန်မ ချက်ချင်းဘဲ ဖုန်းကိုကောက်ယူပြီး Lisaဆီ စာပို့လိုက်သည်

To Lisa - ဘာလုပ်နေလည်း Lisa....

From Lisa- သီချင်းနားထောင်နေတာ နင်ရော

To Lisa- ရုပ်ရှင်ကြည့်မလို့

From Lisa - Jackနဲ့လား

To Lisa- ဟင့်အင်း သူ အိမ်မှာမရှိဘူး

ကျွန်မ စာပို့တာကို Lisa seenပြပေမယ့် ပြန်မပို့တော့ချေ.... ဘာဖြစ်လို့ ပြန်မပို့တာလည်း သူ့ရည်းစားရောက်လာလို့လား.....

ကျွန်မလည်း ဖုန်းကို ကုတင်ပေါ်ပစ်တင်ပြီး အခန်းထဲက Tvကို ဖွင့်လိုက်သည်

ခဏကြာသောအခါ တံခါးbellသံကြောင့် ဘယ်သူလည်း ကျွန်မ ထွက်ကြည့်တော့ Lisa......

ပေါက်ပေါက်ပွင့်တွေ မုန့်ထုပ်တွေနဲ့ ကျွန်မကို သူပြုံးပြနေတယ်

'ရုပ်ရှင် အတူတူကြည့်ရအောင် "

Lisaက ကျွန်မကို နားလည်ပေးပြီး ကျွန်မဖြစ်ချင်တာကိုလည်း ဦးစားပေးတယ် ပျော်ရွှင်မှု ဝမ်းနည်းမှုတွေကို အတူမျှဝေပေးလို့ရပြီး လိုအပ်ချိန်တိုင်းရှိနေပေးပြန်သ​ည်

Lisaသာ ကျွန်မအပိုင်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလည်း

#tbc

#zawgyi

Roaeanne's Pov

ကြၽန္မ ေဆးခြင့္ေတြယူၿပီး အနားယူထားေသာေၾကာင့္ Deeကေတာ့ သိပ္မေက်နပ္ေပ

"D.C houseရဲ႕ မဂၢဇင္းဘယ္မွာလည္း Roseanne "

"ေနာက္ဆုံးရက္ မေရာက္ေသးဘူးေလ "

"ေရာက္ေရာက္မေရာက္ေရာက္ အခုလိုခ်င္တယ္ Roseanne "

Deeက ေျပာၿပီးထြက္သြားေတာ့ ကြၽန္မ Deeရဲ႕ ေနာက္ေက်ာကို ၾကည့္ရင္း Lisaနဲ႕ေျပာခဲ့တဲ့ စကားေတြကို ေတြးမိသြားတယ္

ဘာလို႔ စိတ္ပင္ပန္းလူပင္ပန္းရတဲ့ အလုပ္ကို ဆက္လုပ္ေနေသးတာလည္း ဒီတစ္ခါေတာ့ တစ္ကိုယ္ေကာင္းဆန္ၿပီး ေက်ာင္းတက္ဘြဲ႕ယူရမွျဖစ္မယ္

ဒါေပမယ့္ အိမ္အသစ္ဝယ္ခ်င္တဲ့ Jackအတြက္ မတရားသလိုျဖစ္သြားမလား မဟုတ္တာ Jackအတြက္ ကြၽန္မ လုံလုံေလာက္ေလာက္ အခ်ိန္ေရာလူပါေပးထားခဲ့ၿပီးၿပီေလ

ေနာက္ဆုံးေတာ့ Jackကို ကြၽန္မ ဘြဲ႕ယူမယ့္အေၾကာင္း ေသခ်ာထပ္ေျပာဖို႔ ဖုန္းဆက္လိုက္တယ္

"Honey မင္း ေသခ်ာမစဥ္းစားထားေသးဘူးဘဲ "

"ေသခ်ာစဥ္းစားၿပီးမွ ေျပာတာပါ Jack "

"ဘုရာေရး Roseanneရာ မင္း အဲ့ကိုေျပာင္းရင္ ကိုယ္အလုပ္ထြက္ရမွာ မသိဘူးလား "

"manassas မွာ ကြၽန္မ အိမ္မွမဝယ္ခ်င္တာ "

"အိမ္က ငါတို႔ ဘဝအတြက္ေလ Roseanne ဒီမွာရွိတဲ့ အိမ္နီးနားခ်င္းေတြက ကိုယ္တို႔ကေလးေတြအတြက္ မေကာင္းဘူးဆိုတာ မင္းသိရက္နဲ႕ မင္းဘြဲ႕ယူဖို႔ ေက်ာင္းဘယ္ႏွႏွစ္တက္ရမလည္း ေတြးၾကည့္စမ္း ေလးႏွစ္လား ငါးႏွစ္လား ေက်ာင္းတက္ေနတဲ့အခ်ိန္မွာလည္း မင္းမွာ အလုပ္ကမရွိ အေႂကြးကတင္ ၿပီးေတာ့ မင္းေက်ာင္းမၿပီးမခ်င္း ကိုယ္တို႔က ကေလးယူလို႔ကလည္းမျဖစ္ အခု ကိုယ့္အသက္က ၃၂ႏွစ္ ရွိေနၿပီ မိသားစုတစ္စု ထူေထာင္ဖို႔ ၄၀ထိမေစာင့္ခ်င္ဘူး....."

"ကြၽန္မကလည္း ဘယ္ႏွႏွစ္ထိ အသက္ရွင္နိုင္မလည္းဆိုတာ မသိဘူးေလ...ဒီအခ်ိန္ခဏအတြင္း ကေလးေတြက ကြၽန္မအတြက္ အေရးပါမယ္ မထင္ဘူး "

"အဲ့လိုမေျပာစမ္းနဲ႕ ဘယ္ႏွႏွစ္ေနရမလည္း မင္း ဘယ္သိမွာလည္း အခုထိ ေတာ္တဲ့ဆရာဝန္နဲ႕မွ မေတြ႕ရေသးတာ "

"ဘာျဖစ္ေနေန ကြၽန္မ အိမ္ထက္ ဘြဲ႕ကို ပိုလိုခ်င္တယ္ "

"ကိုယ္ျပန္ေရာက္မွ ဆက္ ေျပာၾကတာေပါ့ "

Jack ဖုန္းခ်သြားေတာ့ ကြၽန္မလည္း ဖုန္းကို စားပြဲခုံေပၚ ပစ္တင္လိုက္တယ္

Lisa's Pov

Roseanneနဲ႕ စကားမေျပာရတာ ေလးဆယ့္ရွစ္နာရီေတာင္ ရွိေရာေပါ့ ေတာ္ေတာ္ၾကာၿပီဘဲ

Roseanneရဲ႕ ရယ္သံေလးေတြ ၾကားခ်င္တယ္

Roseanneရဲ႕ အၿပဳံးေလးေတြ ျမင္ခ်င္တယ္

ငါ မလုပ္သင့္ဘူးဆိုတာ သိပါတယ္ ဘုရားသခင္ရယ္

ဒါေပမယ့္ ငါ့လက္က အေၾကာင္းမဲ့ Roseanneရဲ႕ ဖုန္းကို ေခၚဖို႔ ႏွိပ္မိသြားၿပီ....

"hey Lisa "

"အာ ဒီတိုင္း ေဟး နင့္ေရွ႕ ေကာင္မေလး ဘယ္ႏွေယာက္ေလာက္ ေပ်ာက္သြားလည္း သိခ်င္လို႔ လွမ္းေမးၾကည့္တာ "

ငါ့ရဲ႕ စကားေၾကာင့္ Roseanne တခစ္ခစ္နဲ႕ရယ္ေလသည္

god ငါ ဒီရယ္သံေလးကို အရမ္းလြမ္းေနတာ

"ေလာေလာဆယ္ေတာ့ နားေနခန္းထဲက ငါ့ ဒိန္ခ်ဥ္ဘူး ေပ်ာက္သြားၿပီ ဒါနဲ႕ ငါဘာလုပ္ခဲ့လည္း ခန့္မွန္းၾကည့္ Lisa "

"အခ်ိန္ခရီးသြားဖို႔ ေလ့လာေနတာလား "

"ဟင့္အင္း Georgetownကို ငါေက်ာင္းတက္ခြင့္ရမလားဆိုၿပီး mailပို႔ခဲ့တာ..."

Roseanneရဲ႕ အသံက စိတ္လႈပ္ရွားေနတာဘဲ

"သူတို႔က ဘာေျပာလည္း '

ငါက ေမးေတာ့ သူ သက္ျပင္းခ်သြားတယ္

"ဒီလိုဘဲ လာမယ့္အတန္းအတြက္ေတာ့ ရနိုင္မယ္ ဘာညာေမွ်ာ္လင့္ခ်က္တစ္ခ်ိဳ႕နဲ႕ ၿပီးေတာ့ ငါက ေက်ာင္းတက္ဖို႔အတြက္ေနာက္က်ေနၿပီဘာညာေျပာတယ္ "

အင္း Roseanneကို ကူညီေပးမွျဖစ္မယ္ ဒါေပမယ့္ အဆင္ေျပမွဘဲ သူ႕ကို အသိေပးမယ္ မဟုတ္ရင္ သူ ေမွ်ာ္လင့္ေနရမွာဆိုးလို႔

"နင္ ျဖစ္ခ်င္တာေတြ ျဖစ္လာေတာ့မွာေပါ့ "

"ေသခ်ာသေလာက္ေပါ့ Lisa '

"ဘာလို႔ ေသခ်ာသေလာက္လည္း ဒါက နင္လိုခ်င္ေနတာ ျဖစ္လာေတာ့မယ္ေလ

"ငါ ေတြေဝေနလို႔ အိမ္ဝယ္ခ်င္တဲ့ Jack ဆႏၵကို လ်စ္လ်ဴရႈၿပီး ေက်ာင္းတက္တာက တစ္ကိုယ္ေကာင္းဆန္ေနမလားလို႔ "

Brain tumor ျဖစ္ေနတဲ့ ေကာင္မေလးရဲ႕ အိမ္မက္ကို တကယ္ျဖစ္လာေအာင္ လုပ္ေပးရမွာကို Jackဆိုတဲ့ ေကာင္က ဘာလည္းဟ ဘာလို႔ သူက အေလ်ာ့မေပးတာလည္း

"မဟုတ္တာ အဲ့လို မဟုတ္ပါဘူး ဘာလို႔ တစ္ကိုယ္ေကာင္းဆန္တယ္လို႔ ေတြးရတာလည္း "

"ငါတို႔ လက္ထပ္တဲ့အခါက်ရင္ ဒါက ငါ့ပိုက္ဆံမဟုတ္ေတာ့ဘူး သူေရာ ငါပါ သက္ဆိုင္သြားတဲ့ ပိုက္ဆံေပါ့ေလ "

fuck Roseanne လက္ထပ္ေတာ့မယ္ဆိုတဲ့ အေတြးက ငါ့ကို အေသသတ္ေနတာဘဲ ၿပီးေတာ့ Jackဆိုတဲ့အေကာင္က Roseanneကို ေက်ာင္းမတက္ဖို႔ တားေနတာကလည္း ငါ့ကို စိတ္အႏွောင့္အယွက္ျဖစ္ေစတာဘဲ

"Roseanne နင္ ဒီည harbor barမွာ ငါ့ကိုလာေတြ႕ေပးနိုင္မလား "

Roseanneအတြက္ ငါလုပ္ေပးနိုင္တဲ့ တစ္ခုခုရွိမွာ

"အင္း လာမယ္ေလ ဘယ္အခ်ိန္ေလာက္ လာရမလည္း '

"ေျခာက္နာရီေလာက္ေပါ့ "

Roseanne ဖုန္းခ်ၿပီးေနာက္မွာေတာ့ ငါ နာရီကို ၾကည့္ၿပီး ငါမပိုင္ရတဲ့ အမ်ိဳးသမီးကို ေတြ႕ရဖို႔  ေရတြက္ေနမိသည္

Barကို ငါေရာက္သြားေတာ့ ကေနတဲ့သူေတြကို ေငးၾကည့္ေနတဲ့ Roseanneကို ေတြ႕လိုက္ရသည္

သူနဲ႕ငါ အၾကည့္ခ်င္းဆုံသြားေတာ့ Roseanne ငါ့ကို ၿပဳံးျပေနတယ္

ငါလည္း Roseanne ေဘးနား ဝင္ထိုင္လိုက္သည္

"ဒီေန႕ Georgetownက ေက်ာင္းကို ငါဖုန္းဆက္ခဲ့တယ္ ငါ့ သူငယ္ခ်င္းက ဝင္ခြင့္ေလွ်ာက္လႊာ လက္ခံတဲ့ ဌာနမွာ အလုပ္လုပ္တာေလ သူ႕ကို ငါဖုန္းဆက္ေတာ့ နင္ေက်ာင္းတက္ခ်င္ရင္ သူေလွ်ာက္လႊာလက္ခံေပးပါမယ္တဲ့ ၿပီးေတာ့ လက္တေလာ နင္လိုအပ္မယ့္ အတန္းေတြက လူျပည့္ေနေပမယ့္ တကယ့္ majorအတန္းေတာ့ တက္နိုင္ေအာင္ လုပ္ေပးၿပီး နင့္ဆီ mailပို႔ေပးမယ္တဲ့ "

ငါ့ရဲ႕ စကားေၾကာင့္ Roseanne မ်က္လုံးျပဴးသြားတယ္

'ဘယ္လို နင္က ငါ ေက်ာင္း တက္ခြင့္ရေအာင္ လုပ္ေပးထားတယ္ ဟုတ္လား ဒီလိုမ်ိဳးလား  "

"နင္တက္ခ်င္မွပါ ငါနင့္ကို ေက်ာင္းတက္ပါလို႔ ဖိအားေပးတာ မဟုတ္ဘူးေနာ္ "

Roseanne ငါ့ကို ႐ုတ္တရက္ဖက္ခ်ၿပီး ငိုရင္းနဲ႕ ရယ္ေနတယ္

"နင္က ငါ့ကို ကယ္တင္တာပါ ဖိအားေပးတာ မဟုတ္ပါဘူး oh my god ငါ နင့္ကို ခ်စ္လိုက္တာ Lisaရယ္ "

ဘုရားေရ Roseanneက ငါ့ကို သတ္ျပန္ၿပီ

"ေက်ာင္းတက္ရေတာ့မယ္ ေက်ာင္းတက္ရေတာ့မယ္ေဟ့ "

"ၿပီးေတာ့ family lawနဲ႕ ပတ္သက္ၿပီး ငါ့အသိေရွ႕ေနကို ေမးၾကည့္ေတာ့ လက္ထပ္ စာခ်ဳပ္မွာ လက္မွတ္ မထိုးခင္အထိေတာ့ ဒီပိုက္ဆံေတြက နင့္ဟာဘဲ နင္ႀကိဳက္သေလာက္ သုံးနိုင္တယ္ Jack ဘာမွေျပာခြင့္မရွိဘူး "

"ေက်းဇူးတင္ပါတယ္ ဘယ္လိုေျပာရမွန္းေတာင္မသိေတာ့ဘူး "

"ေက်းဇူးတင္စရာမလိုပါဘူး ငါက နင့္ကို ေပ်ာ္ေစခ်င္႐ုံပါ "

ငါ့စကားေၾကာင့္ Roseanne မ်က္လုံးေလးပုတ္ခတ္ပုတ္ခတ္နဲ႕ ငါ့ကိုၾကည့္ေနတယ္ ၿပီးေတာ့ ႏႈတ္ခမ္းကိုလည္း ကိုက္ထားေသး

အင္း ငါကေတာ့ သူ႕ကိုႏႈတ္ဆက္ရေတာ့မွာကို လက္ခံဖို႔ ႀကိဳးစားေနတုန္းဘဲ

သူ႕ကို Jackလက္ထဲထည့္ေပးၿပီး ႏႈတ္ဆက္ဖို႔က ငါ့အတြက္ ခက္ခဲေပမယ့္ ေ႐ြးခ်ယ္စရာမွမရွိတာ

အင္း Jackကို သူလက္ထပ္သြားလည္း သူျဖစ္ခ်င္တဲ့လုပ္ခ်င္တဲ့ ေက်ာင္းတက္ခြင့္ရေအာင္ ငါကူညီေပးနိုင္ခဲ့တယ္ဆိုေတာ့ ငါ့အတြက္လုံေလာက္ပါတယ္ ေက်နပ္ပါတယ္ေလ

"Roseanne ငါတို႔ ဒီကေန မျပန္ခင္ ကရေအာင္ "

ငါ ကမ္းေပးတဲ့ လက္ကို Roseanneက ကိုင္ၿပီး ငါနဲ႕အတူ သီခ်င္းသံၾကား စည္းခ်က္ညီစြာ ကေနမိသည္

"နင္သိလား Lisa....ငါ ဒီကကြက္ေတြကို ဘယ္လိုသိလည္းဆိုတာ... အိမ္မက္ထဲမွာ နင္နဲ႕ ခဏခဏကဖူးလို႔"

"ငါ လက္ထပ္ခြင့္ေတာင္းခဲ့တယ္မလား.... "

ငါ့စကားေၾကာင့္ Roseanne မ်က္လုံးအဝိုင္းသားျဖစ္သြားတယ္

"ဘယ္လိုသိတာလည္း "

"haha"

ငါရယ္ေတာ့ Roseanne ရွက္ၿပီး ေခါင္းငုံ႕သြားတယ္

Roseanne's POV

Bar ကေန Lisa ျပန္လိုက္ပို႔ၿပီးေနာက္ ကြၽန္မ အိမ္တံခါး password ရိုက္ရင္း ၿပဳံးေနမိသည္

ေက်ာင္းျပန္တက္ဖို႔ အိမ္မက္မက္ေနခဲ့ရတဲ့ ကြၽန္မ အိမ္မက္ေတြလည္း တကယ္ျဖစ္လာေတာ့မယ္ေလ

ၿပီးေတာ့...Lisaနဲ႕အတူတူ ကြၽန္မ တြဲကခဲ့ရေသးတယ္

အိမ္ထဲကို ဝင္ေတာ့ Jackက ဧည့္ခန္းထဲ Tvၾကည့္ေနတယ္

"hey honey ျပန္လာၿပီလား...."

"ဟင္ အေစာႀကီး ျပန္ေရာက္ေနတာလား "

"ဟုတ္တယ္ ေလယာဥ္စီးၿပီး ျပန္လာတာ....မနက္က ကိုယ္တို႔ စကားမ်ားသလိုျဖစ္ခဲ့ၾကတယ္ေနာ္ အင္း အလုပ္တစ္ဖက္ မင္းကလည္း tumorျဖစ္ေနေတာ့ ႏွစ္ေယာက္လုံး စိတ္မရွည္ျဖစ္ခဲ့ၾကတာ..."

"jack ငါ့ကိုေက်ာင္းက ဝင္ခြင့္လက္ခံလိုက္ၿပီ "

"ဘာ....ကိုယ္တို႔ ေနာက္မွဆက္ေျပာမယ္လို႔ မေျပာခဲ့ဘူးလား"

"မေျပာခဲ့ဘူး "

"what the hell roseanne မင္းလုပ္ခ်င္သလိုလုပ္လို႔မရဘူးေလ ကိုယ့္ကိုတိုင္ပင္အုံးမွေပါ့ "

စိတ္ကုန္တယ္ Jackရဲ႕ ေပ်ာ္႐ႊင္မႈအျဖစ္ ေရလိုက္ငါးလိုက္ေနရတာကို ကြၽန္မ အရမ္းစိတ္ကုန္ေနၿပီ

"မင္းရွိေနတဲ့ေနရာလိုက္ရဖို႔ဆို ငါအလုပ္ထြက္မွျဖစ္မွာ အလုပ္တစ္ခု ရဖို႔လြယ္တယ္ထင္လား "

Jackမွာေျပာၿပီး အိမ္တံခါးကိုေဆာင့္ပိတ္ကာထြက္သြားတယ္

ကားစက္ႏွိုးသံေၾကာင့္ Jack ထြက္သြားၿပီဆိုတာ သိရၿပီး ကြၽန္မေပ်ာ္မိတယ္

Lisa....Lisa ကို ကြၽန္မလိုအပ္တယ္.... ကြၽန္မ ခ်က္ခ်င္းဘဲ ဖုန္းကိုေကာက္ယူၿပီး Lisaဆီ စာပို႔လိုက္သည္

To Lisa - ဘာလုပ္ေနလည္း Lisa....

From Lisa- သီခ်င္းနားေထာင္ေနတာ နင္ေရာ

To Lisa- ႐ုပ္ရွင္ၾကည့္မလို႔

From Lisa - Jackနဲ႕လား

To Lisa- ဟင့္အင္း သူ အိမ္မွာမရွိဘူး

ကြၽန္မ စာပို႔တာကို Lisa seenျပေပမယ့္ ျပန္မပို႔ေတာ့ေခ်.... ဘာျဖစ္လို႔ ျပန္မပို႔တာလည္း သူ႕ရည္းစားေရာက္လာလို႔လား.....

ကြၽန္မလည္း ဖုန္းကို ကုတင္ေပၚပစ္တင္ၿပီး အခန္းထဲက Tvကို ဖြင့္လိုက္သည္

ခဏၾကာေသာအခါ တံခါးbellသံေၾကာင့္ ဘယ္သူလည္း ကြၽန္မ ထြက္ၾကည့္ေတာ့ Lisa......

ေပါက္ေပါက္ပြင့္ေတြ မုန့္ထုပ္ေတြနဲ႕ ကြၽန္မကို သူၿပဳံးျပေနတယ္

'႐ုပ္ရွင္ အတူတူၾကည့္ရေအာင္ "

Lisaက ကြၽန္မကို နားလည္ေပးၿပီး ကြၽန္မျဖစ္ခ်င္တာကိုလည္း ဦးစားေပးတယ္ ေပ်ာ္႐ႊင္မႈ ဝမ္းနည္းမႈေတြကို အတူမွ်ေဝေပးလို႔ရၿပီး လိုအပ္ခ်ိန္တိုင္းရွိေနေပးျပန္သည္

Lisaသာ ကြၽန္မအပိုင္ျဖစ္ရင္ ဘယ္ေလာက္ေကာင္းလိုက္မလည္း

#tbc

Bạn đang đọc truyện trên: Truyen3h.Co