Truyen3h.Co

အိမ်မက်ထဲက သူ

Part 17

KimFany059

#unicode

Roseanne's POV

Jackက ကျွန်မကို အကြိတ်ဆရာဝန်နဲ့ ဆွေးနွေးဖို့ Lisaရှိတဲ့ ဆေးရုံကို ခေါ်လာတယ်

"ချိန်းထားတာထက် နည်းနည်းစောရောက်နေတာဘဲ "

အကြိတ်ဆရာဝန် Dr.Patelက အခန်းထဲဝင်လာတဲ့ ကျွန်မတို့ကြောင့် နာရီကို ကြည့်ကာ ပြောလိုက်သည်

"Dr.Manobanကို ခဏစောင့်ကြတာပေါ့..."

"သူ မပါဘဲ စလို့ရတယ်မလား "

"ကျွန်မတို့ သူ့ကို စောင့်လိုက်ပါမယ် "

ကျွန်မရဲ့စကားကြောင့် Jackက မျက်မှောင်ကြုတ်ပြီး ကျွန်မကို ကြည့်နေတယ်

ခဏကြာတော့ Lisaရောက်လာတယ် Lisaကြည့်ရတာ ပြေးလာသလိုဘဲ ချွေးတွေထွက်ပြီး အသက်မနည်းရှုနေတယ်

ကျွန်မနဲ့ အကြည့်ချင်းဆုံတဲ့အခါမှာတော့ Lisaက ကျွန်မကို နှာခေါင်းလေးရှုံကာ ပြုံးပြနေတယ်

ပြီးတော့ Lisaက Dr.Patelနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး Jackကိုကျ ဒီတိုင်းကြည့်ပြီး ခေါင်းညိတ်ပြသည်

ထို့နောက် Lisa ခုံကို ဆွဲယူကာ ကျွန်မဘေးနား ဝင်ထိုင်သည်

"ဒီတော့ Roseanneရဲ့ scanကို ဆရာဖတ်ပြီးပြီ ကြည့်ပြီးပြီပေါ့ Dr. Lisaကလည်း ရှင်းပြထားတယ်ဆိုတော့ "

ကျွန်မ ဆရာဝန်စကားနားထောင်ရင်း သတင်းကောင်းကြားရဖို့ မျှော်လင့်နေမိသည်​

"ကံမကောင်းစွာနဲ့ဘဲ ဒီ tumorက တော်ရုံကုသမှုနဲ့ ပျောက်မှာမဟု​တ်ဘူး"

အဖေ့တုန်းကလည်း ဆရာဝန်တွေ အဲ့လို​ပြောခဲ့တာ သုံးလေးလလောက် နေရမယ်ပြောပြီး တစ်လအတွင်း အဖေဆုံးသွားခဲ့တာ

ပြတင်းပေါက်အပြင်က ကျောပိုးအိတ်လေးလွယ်ပြီး သွားလာဖြတ်သန်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို ကျွန်မ ငေးကြည့်နေလိုက်မိတယ်

ဒီပုံစံအတိုင်းဆို ကျွန်မ အသက်ရှင်ရဖို့က သုညရာခိုင်နှုန်းတောင် မသေချာဘူးလေ

"ကျွန်မ ကုသမှုခံယူဖို့ စိတ်မဝင်စားဘူး "

"Roseanne ဆရာပြောတာကို သေချာနားထောင်လေ ပြီးတော့ သေချာစဥ်းစားပါအုံး ပြီးတော့ ဆရာ.... ကျွန်တော်ပြောမယ့်စကားနားထောင်ပြီး ဆရာထင်မြင်ချက်လေး ပြောပါအုံး.... Roseanne အခုလိုဖြစ်ပျက်နေတာက tumorကြောင့်လား သူစိတ်က အမှားအမှန်ကိုတောင် သေချာမတွေးနိုင်တော့ဘူး"

"နင် ဘာပြောတာလည်း "

Jackရဲ့ စကားကြောင့် ကျွန်မ ဒေါသထွက်သွားသလို Lisaလည်း ဒေါသထွက်နေပုံပါဘဲ

"ဟုတ်တယ်လေ မင်းမှာ စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ဘူး ..."

"ကျွန်မလည်း ကုသမှု မခံယူချင်ပါဘူးဆို "

"အဲ့တာကြောင့် ပြောတာ Brain tumorက လူကိုပြောင်းလဲစေပါတယ်ဆို ကိုယ်စာထဲလည်းဖတ်ဖူးတယ် ဆရာဝန်နဲ့အတူ ဆွေးနွေးစမ်းပါ Roseanne ဘာကပိုကောင်းလည်းဆိုတာ..."

"ဒီမှာ ခင်ဗျား ဖြစ်ချင်တာတွေဘဲ မပြောဘဲ Roseanneရဲ့ စကားလေးကို နားထောင်ပေးပါအုံး.."

Lisa ရုတ်တရက်ထပြောလာသ​ည်

"အဲ့တော့ ထပ်ပြောရမယ်ဆို သူက ကုသမှု မခံယူချင်ဘူးတဲ့ "

"oh Lisa ခင်ဗျားက ဆုံးဖြတ်ပိုင်ခွင့်ရှိမရှိထဲ ပါဝင်ခွင့်မရဘူးဆိုတာ မေ့နေသလား "

"ဟား မမေ့ပါဘူး ကျွန်မ ရှင်းရှင်းလင်းလင်းသိပါတယ် အခုက ခင်ဗျားက Roseanneရဲ့ စကားကို နားမထောင်ဘဲဲ ဖြစ်ချင်တာတွေ မမေးဘဲ လျစ်လျူရှုပြီး ခင်ဗျားဖြစ်ချင်တာတွေဘဲ ပြောနေတာဘဲ "

Lisa စကားကြောင့် Jack ဒေါသထွက်ပြီး ထိုင်ခုံကနေ ဝုန်းခနဲ ထရပ်လိုက်သည်

Lisaကလည်း ဂျူတီကုတ်ကို ဆွဲချွတ်ပြီး ထရပ်လိုက်တယ်

"Jack ရှင် ဆရာဝန်နဲ့ ဆက်ဆွေးနွေးလိုက်ပါ ပြီးတော့ ရှင်သိချင်တာတွေ မေးကြည့်ပေါ့ ကျွန်မလည်း Lisaကို မေးစရာရှိလို့ အပြင်ခေါ်သွားပါရစေ "

Jackရဲ့ ပြန်ပြောစကားကို နားမထောင်ဘဲ ကျွန်မ Lisaရဲ့ လက်ကို ဆွဲပြီး ဆေးရုံအခန်းထဲကနေ ထွက်လာခဲ့လိုက်သည်

အခန်းအပြင်ရောက်တော့ Lisaလည်း ကျွန်မကို ဆွဲခေါ်ပြီး သူ့ရုံးခန်းကိုခေါ်သွားတယ်

ရုံးခန်းထဲရောက်တော့ Lisa တံခါးကို သော့ခတ်လိုက်တယ် ပြီးတော့ ထိုင်ခုံမှာ သွားထိုင်မယ့်အစား ကျွန်မဘေးနားလာရပ်တယ်

"အဆင်ပြေရဲ့လား Roseanne "

Lisaက မေးတော့ ကျွန်မ ခေါင်းညိတ်ပြလိုက်သည်

"စိတ်မပူနဲ့နော် ငါတို့ကို ကူညီနိုင်မယ့် သူတစ်ယောက်ယောက်ရှိလာမှာပါ "

ကျွန်မရဲ့ ပခုံးကိုပုတ်ပြီး Lisa အားပေးနေသည်

"ရှိလာမှာပါ ငါ ပြန်သွားတော့မယ် "

"နေပါအုံး... "

အခန်းတံခါးဖွင့်မယ့် ငါ့ရှေ့ကို Lisa ပိတ်ရပ်လိုက်သည်

"ခုန နင် ငါ့ကို မေးစရာရှိတယ်ဆိုတာ ဘာများလည်း တကယ် မေးစရာရှိတာလား ဒါမှမဟုတ် ဟိုကောင့်ဖင်ကို ဆောင့်ကန်မှာဆိုးလို့ ခေါ်ထုတ်လာတာလား "

Lisaက တကယ်ကို သူ့ကိုယ်သူ အထင်ကြီးနေတာဘဲ

ဒါကလည်း သူ ကျွန်မကို ဆွဲဆောင်နိုင်တဲ့ အရာထဲကတစ်ခုပေါ့လေ

"တကယ်ဘဲ သူ့ကို စကားနဲ့  နင်ကန်နိုင်ခဲ့တာဘဲကို ...."

"ဒါပေါ့.... ဒါနဲ့ ငါ မနက်ဖြန် အင်းက ငါ့အိမ်ကို သွားကြည့်မလို့ နင်လိုက်အုံးမလား....'

"ဟို...."

ရုတ်တရက်  အိမ်မက်ထဲ အင်းမှာ ကျွန်မတို့ အတူနေခဲ့ပြီး နမ်းရှိုက်ခဲ့တာတွေ သတိရလာတယ်

"လိုက်ခဲ့ပါ လူတွေနဲ့ဝေးပြီး တိတ်ဆိတ်လို့ နင် ကောင်းကောင်းမွန်မွန် အနားယူလို့ရတာဘဲလေ "

****

Jack ဆရာဝန်နဲ့ဆွေးနွေးပြီးနောက် အခန်းထဲက ထွက်လာတယ် ပြီးတော့ အခန်းရှေ့ထိုင်စောင့်နေတဲ့ ကျွန်မကို ဘာမှမပြောဘဲ ထွက်သွားတယ်

ကျွန်မတို့ ဘာစကားမှမပြောဘဲ ကားဆီသို့ ထွက်လာကြသည်

"ဘာလို့ ဒီလိုဖြစ်နေတာလည်း ဘာလို့ အရှုံးပေးချင်နေတာလည်း Roseanne "

Jack ကားစက်မနှိုးဘဲ ကျွန်မဘက်ကို လှည့်လာတယ်

"ကျွန်မ အရှုံးပေးတာမှ မဟုတ်တာ ဆရာဝန်ပြောတာကိုလည်း ရှင်ကြားတာဘဲ အသက်ရှင်ဖို့ အခွင့်အရေးမှ မရှိတာ "

"ဒါပေမယ့် သူက မင်းကို အချိန်ပေးတယ်လေ သူပြောစကားလေးနားထောင်ရမှာကို မင်းက သူစကားပြောဖို့တောင် အခွင့်အရေးမပေးဘူး....ပြီးကျ ဘာမှလည်း အံ့သြလန့်သွားတာမျိုး မရှိဘူး "

"ကျွန်မက ဘာကို အံ့သြရမှာ Lisaနဲ့ကျွန်မ ပြောထားပြီးသား "

"lisa..ဟုတ်လား အဲ့ဆရာဝန်နဲ့ မင်း ဘယ်တုန်းက အရမ်း  ရင်းနှီးသွားတာလည်း "

"နေပါအုံး ရှင်ကလည်း ဘာလို့ ကျွန်မကို ကုပေးနေတဲ့ ဆရာဝန်ကို ရန်သူတစ်ယောက်လို ဆက်ဆံနေတာလည်း "

"သူ မင်းကို ကြည့််တဲ့ အကြည့်တွေကို ကိုယ်မကြိုက်ဘူး "

"ရှင် ဘာတွေပြောနေတာလည်း Jack "

"သူ ဒီနေ့ အခန်းထဲဝင်လာတော့ ကိုယ်နဲ့ဟိုဆရာဝန် ကို မကြည့်ဘဲ မင်းတစ်ယောက်ကိုဘဲ စိုက်ကြည့်နေတာ  ...."

Jackပြောတာ မှန်ပါတယ်... .

" ရှင် ရုပ်ရှင်ကြည့်တာတွေ အရမ်းများနေပြီ  အဓိက အချက်ဘဲ ပြောရအောင် ရှင် ကျွန်မဖြစ်ချင်တဲ့ ဆန္ဒတွေကို အမြဲလျစ်လျူရှုတယ်  ကျွန်မဖြစ်ချင်တာထက် ရှင်ဖြစ်ချင်တာဘဲ လုပ်ဖို့ ကြိုးစားနေတာ "

"Roseanne..... "

ကျွန်မ Jackစကားကိို ဆက်နားမထောင်ချင်လို့ ကားပေါ်က ဆင်းပြီး အနားမှာရှိတဲ့ တက္ကစီတစ်စီးပေါ် တက်လိုက်သည်

Lisa's POV

မနေ့က Roseanne ငါ့ရုံးခန်းကထွက်သွားတဲ့ အချိန်ကစပြီး အဖြေတစ်ခုရှာနေမိသည်

ဆရာဝန်နဲ့လူနာ ချိန်းတွေ့တယ်ဆိုတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူးလေ အထူးသဖြင့် အခုလိုအခြေအနေမှာပေါ့

Roseanneဆီက ဖုန်းဝင်လာတယ် အင်းကိုဘယ်အချိန်သွားမလည်းမေးတယ်လေ

Roseanneနဲ့ငါ အင်းနားက စျေးတစ်ခုမှ တွေ့ဖို့ ချိန်းခဲ့ကြတယ်

"အဝါရောင် bikiniလေး ယူခဲ့လား "

"Lisa မကြာခင် လက်ထပ်တော့မယ့်သူကို ဘာတွေလျှောက်ပြောနေတာလည်း "

Roseanneရဲ့ စကားကြောင့် ငါတို့တိတ်ဆိတ်သွားတယ်

Roseanne's POV

Lisaရဲ့ မိဘတွေထားခဲ့တဲ့ အင်းက အိမ်ကိုရောက်တော့ မုန့်တွေအတူစားပြီး အိမ်မက်အကြောင်းတွေ ငယ်ဘဝအကြောင်းတွေ ထိုင်ပြောဖြစ်ကြသည်

ပြတင်းပေါက်ကနေ ကြည်လင်နေတဲ့ ကန်ရေပြင်ကို ကြည့်ရင်းပေါ့

"ငါ့အထင် Jackကို နင် ရွေးချယ်စရာမရှိလို့ ရွေးချယ်ခဲ့တယ်ထင်တယ်

"Lisa နင် ဘာပြောတာလည်း ဘာကို ရွေးချယ်စရာမရှိရမှာလည်း  ငါ့အဖေကလည်း သူ့ကိုလူကောင်းတစ်ယောက် '

"ငါပြောချင်တာ အဲ့တာဘဲ... သူ နင့်ဘေးမှာရှိနေလို့ နင့်အဖေပြောလို့သာ နင်ရွေးချယ်ခဲ့တာ "

"Jackက ဆိုးတဲ့လူမဟုတ်ပါဘူး "

"ဆေးရုံမှာ နေမကောင်းတဲ့သူကို  ပစ်ထားရတဲ့ထိ ကောင်းမနေဘူးလေ "

"Lisa....Jackက ဆရာဝန်မဟုတ်ဘူးလေ ပြီးတော့ စားဝတ်နေရေးအတွက် ငွေရှာရသေးတယ် "

"အဲ့တာတွေဘဲ ကျစ် "

"နင်ဘာဖြစ်နေတာလည်း Lisa '

"လက်ထပ်ပွဲဖျက်စေချင်တာ "

အခု Lisa ပြောလိုက်တဲ့စကားက ဆရာဝန်တစ်ယောက်အနေနဲ့လား ဘယ်လိုပုံစံအနေနဲ့ ပြောလည်းဆိုတာ ကျွန်မ...တွေးမရပေ

"ဘာလို့ ငါက လက်ထပ်ပွဲဖျက်ရမှာလည်း "

"ဘာလို့လည်းဆိုတော့ နင်က သူ့ကိုမချစ်လို့လေ "

"ဒါဆို နင်နဲ့ Annaကရော "

"ငါက Annaကို လက်ထပ်မှာ မဟုတ်ဘူး "

"Anna မဟုတ်ရင်တောင် တစ်ခြားသူ..."

ကျွန်မစကားမဆုံးသေး Lisaက ထိုင်နေရာကထပြီး ကျွန်မဆီလာကာ... ကျွန်မ မျက်နှာကို ဆွဲကိုင်လိုက်သည်

Lisaရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံက....ကျွန်မရဲ့ နှုတ်ခမ်းပေါ်မှာ....

Lisaက မက်မက်မောမောနဲ့ ကျွန်မရဲ့ နှုတ်ခမ်းကို နမ်းရှိုက်နေတယ်

ကျွန်မကလည်း...ကျွန်မကလည်း ဘာလို့ ထရပ်ပြီး Lisaရဲ့ခါးကိုဖက်ပြီး ဘာလို့ Lisaရဲ့ အနမ်းတွေကို တုံ့ပြန်မိနေတာလည်း

#tbc

#Zawgyi

Roseanne's POV

Jackက ကြၽန္မကို အႀကိတ္ဆရာဝန္နဲ႕ ေဆြးႏြေးဖို႔ Lisaရွိတဲ့ ေဆး႐ုံကို ေခၚလာတယ္

"ခ်ိန္းထားတာထက္ နည္းနည္းေစာေရာက္ေနတာဘဲ "

အႀကိတ္ဆရာဝန္ Dr.Patelက အခန္းထဲဝင္လာတဲ့ ကြၽန္မတို႔ေၾကာင့္ နာရီကို ၾကည့္ကာ ေျပာလိုက္သည္

"Dr.Manobanကို ခဏေစာင့္ၾကတာေပါ့..."

"သူ မပါဘဲ စလို႔ရတယ္မလား "

"ကြၽန္မတို႔ သူ႕ကို ေစာင့္လိုက္ပါမယ္ "

ကြၽန္မရဲ႕စကားေၾကာင့္ Jackက မ်က္ေမွာင္ၾကဳတ္ၿပီး ကြၽန္မကို ၾကည့္ေနတယ္

ခဏၾကာေတာ့ Lisaေရာက္လာတယ္ Lisaၾကည့္ရတာ ေျပးလာသလိုဘဲ ေခြၽးေတြထြက္ၿပီး အသက္မနည္းရႈေနတယ္

ကြၽန္မနဲ႕ အၾကည့္ခ်င္းဆုံတဲ့အခါမွာေတာ့ Lisaက ကြၽန္မကို ႏွာေခါင္းေလးရႈံကာ ၿပဳံးျပေနတယ္

ၿပီးေတာ့ Lisaက Dr.Patelနဲ႕ လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး Jackကိုက် ဒီတိုင္းၾကည့္ၿပီး ေခါင္းညိတ္ျပသည္

ထို႔ေနာက္ Lisa ခုံကို ဆြဲယူကာ ကြၽန္မေဘးနား ဝင္ထိုင္သည္

"ဒီေတာ့ Roseanneရဲ႕ scanကို ဆရာဖတ္ၿပီးၿပီ ၾကည့္ၿပီးၿပီေပါ့ Dr. Lisaကလည္း ရွင္းျပထားတယ္ဆိုေတာ့ "

ကြၽန္မ ဆရာဝန္စကားနားေထာင္ရင္း သတင္းေကာင္းၾကားရဖို႔ ေမွ်ာ္လင့္ေနမိသည္

"ကံမေကာင္းစြာနဲ႕ဘဲ ဒီ tumorက ေတာ္႐ုံကုသမႈနဲ႕ ေပ်ာက္မွာမဟုတ္ဘူး"

အေဖ့တုန္းကလည္း ဆရာဝန္ေတြ အဲ့လိုေျပာခဲ့တာ သုံးေလးလေလာက္ ေနရမယ္ေျပာၿပီး တစ္လအတြင္း အေဖဆုံးသြားခဲ့တာ

ျပတင္းေပါက္အျပင္က ေက်ာပိုးအိတ္ေလးလြယ္ၿပီး သြားလာျဖတ္သန္းေနတဲ့ ေက်ာင္းသူေက်ာင္းသားေတြကို ကြၽန္မ ေငးၾကည့္ေနလိုက္မိတယ္

ဒီပုံစံအတိုင္းဆို ကြၽန္မ အသက္ရွင္ရဖို႔က သုညရာခိုင္ႏႈန္းေတာင္ မေသခ်ာဘူးေလ

"ကြၽန္မ ကုသမႈခံယူဖို႔ စိတ္မဝင္စားဘူး "

"Roseanne ဆရာေျပာတာကို ေသခ်ာနားေထာင္ေလ ၿပီးေတာ့ ေသခ်ာစဥ္းစားပါအုံး ၿပီးေတာ့ ဆရာ.... ကြၽန္ေတာ္ေျပာမယ့္စကားနားေထာင္ၿပီး ဆရာထင္ျမင္ခ်က္ေလး ေျပာပါအုံး.... Roseanne အခုလိုျဖစ္ပ်က္ေနတာက tumorေၾကာင့္လား သူစိတ္က အမွားအမွန္ကိုေတာင္ ေသခ်ာမေတြးနိုင္ေတာ့ဘူး"

"နင္ ဘာေျပာတာလည္း "

Jackရဲ႕ စကားေၾကာင့္ ကြၽန္မ ေဒါသထြက္သြားသလို Lisaလည္း ေဒါသထြက္ေနပုံပါဘဲ

"ဟုတ္တယ္ေလ မင္းမွာ စဥ္းစားဆင္ျခင္နိုင္စြမ္းမရွိေတာ့ဘူး ..."

"ကြၽန္မလည္း ကုသမႈ မခံယူခ်င္ပါဘူးဆို "

"အဲ့တာေၾကာင့္ ေျပာတာ Brain tumorက လူကိုေျပာင္းလဲေစပါတယ္ဆို ကိုယ္စာထဲလည္းဖတ္ဖူးတယ္ ဆရာဝန္နဲ႕အတူ ေဆြးႏြေးစမ္းပါ Roseanne ဘာကပိုေကာင္းလည္းဆိုတာ..."

"ဒီမွာ ခင္ဗ်ား ျဖစ္ခ်င္တာေတြဘဲ မေျပာဘဲ Roseanneရဲ႕ စကားေလးကို နားေထာင္ေပးပါအုံး.."

Lisa ႐ုတ္တရက္ထေျပာလာသည္

"အဲ့ေတာ့ ထပ္ေျပာရမယ္ဆို သူက ကုသမႈ မခံယူခ်င္ဘူးတဲ့ "

"oh Lisa ခင္ဗ်ားက ဆုံးျဖတ္ပိုင္ခြင့္ရွိမရွိထဲ ပါဝင္ခြင့္မရဘူးဆိုတာ ေမ့ေနသလား "

"ဟား မေမ့ပါဘူး ကြၽန္မ ရွင္းရွင္းလင္းလင္းသိပါတယ္ အခုက ခင္ဗ်ားက Roseanneရဲ႕ စကားကို နားမေထာင္ဘဲဲ ျဖစ္ခ်င္တာေတြ မေမးဘဲ လ်စ္လ်ဴရႈၿပီး ခင္ဗ်ားျဖစ္ခ်င္တာေတြဘဲ ေျပာေနတာဘဲ "

Lisa စကားေၾကာင့္ Jack ေဒါသထြက္ၿပီး ထိုင္ခုံကေန ဝုန္းခနဲ ထရပ္လိုက္သည္

Lisaကလည္း ဂ်ဴတီကုတ္ကို ဆြဲခြၽတ္ၿပီး ထရပ္လိုက္တယ္

"Jack ရွင္ ဆရာဝန္နဲ႕ ဆက္ေဆြးႏြေးလိုက္ပါ ၿပီးေတာ့ ရွင္သိခ်င္တာေတြ ေမးၾကည့္ေပါ့ ကြၽန္မလည္း Lisaကို ေမးစရာရွိလို႔ အျပင္ေခၚသြားပါရေစ "

Jackရဲ႕ ျပန္ေျပာစကားကို နားမေထာင္ဘဲ ကြၽန္မ Lisaရဲ႕ လက္ကို ဆြဲၿပီး ေဆး႐ုံအခန္းထဲကေန ထြက္လာခဲ့လိုက္သည္

အခန္းအျပင္ေရာက္ေတာ့ Lisaလည္း ကြၽန္မကို ဆြဲေခၚၿပီး သူ႕႐ုံးခန္းကိုေခၚသြားတယ္

႐ုံးခန္းထဲေရာက္ေတာ့ Lisa တံခါးကို ေသာ့ခတ္လိုက္တယ္ ၿပီးေတာ့ ထိုင္ခုံမွာ သြားထိုင္မယ့္အစား ကြၽန္မေဘးနားလာရပ္တယ္

"အဆင္ေျပရဲ႕လား Roseanne "

Lisaက ေမးေတာ့ ကြၽန္မ ေခါင္းညိတ္ျပလိုက္သည္

"စိတ္မပူနဲ႕ေနာ္ ငါတို႔ကို ကူညီနိုင္မယ့္ သူတစ္ေယာက္ေယာက္ရွိလာမွာပါ "

ကြၽန္မရဲ႕ ပခုံးကိုပုတ္ၿပီး Lisa အားေပးေနသည္

"ရွိလာမွာပါ ငါ ျပန္သြားေတာ့မယ္ "

"ေနပါအုံး... "

အခန္းတံခါးဖြင့္မယ့္ ငါ့ေရွ႕ကို Lisa ပိတ္ရပ္လိုက္သည္

"ခုန နင္ ငါ့ကို ေမးစရာရွိတယ္ဆိုတာ ဘာမ်ားလည္း တကယ္ ေမးစရာရွိတာလား ဒါမွမဟုတ္ ဟိုေကာင့္ဖင္ကို ေဆာင့္ကန္မွာဆိုးလို႔ ေခၚထုတ္လာတာလား "

Lisaက တကယ္ကို သူ႕ကိုယ္သူ အထင္ႀကီးေနတာဘဲ

ဒါကလည္း သူ ကြၽန္မကို ဆြဲေဆာင္နိုင္တဲ့ အရာထဲကတစ္ခုေပါ့ေလ

"တကယ္ဘဲ သူ႕ကို စကားနဲ႕  နင္ကန္နိုင္ခဲ့တာဘဲကို ...."

"ဒါေပါ့.... ဒါနဲ႕ ငါ မနက္ျဖန္ အင္းက ငါ့အိမ္ကို သြားၾကည့္မလို႔ နင္လိုက္အုံးမလား....'

"ဟို...."

႐ုတ္တရက္  အိမ္မက္ထဲ အင္းမွာ ကြၽန္မတို႔ အတူေနခဲ့ၿပီး နမ္းရွိုက္ခဲ့တာေတြ သတိရလာတယ္

"လိုက္ခဲ့ပါ လူေတြနဲ႕ေဝးၿပီး တိတ္ဆိတ္လို႔ နင္ ေကာင္းေကာင္းမြန္မြန္ အနားယူလို႔ရတာဘဲေလ "

****

Jack ဆရာဝန္နဲ႕ေဆြးႏြေးၿပီးေနာက္ အခန္းထဲက ထြက္လာတယ္ ၿပီးေတာ့ အခန္းေရွ႕ထိုင္ေစာင့္ေနတဲ့ ကြၽန္မကို ဘာမွမေျပာဘဲ ထြက္သြားတယ္

ကြၽန္မတို႔ ဘာစကားမွမေျပာဘဲ ကားဆီသို႔ ထြက္လာၾကသည္

"ဘာလို႔ ဒီလိုျဖစ္ေနတာလည္း ဘာလို႔ အရႈံးေပးခ်င္ေနတာလည္း Roseanne "

Jack ကားစက္မႏွိုးဘဲ ကြၽန္မဘက္ကို လွည့္လာတယ္

"ကြၽန္မ အရႈံးေပးတာမွ မဟုတ္တာ ဆရာဝန္ေျပာတာကိုလည္း ရွင္ၾကားတာဘဲ အသက္ရွင္ဖို႔ အခြင့္အေရးမွ မရွိတာ "

"ဒါေပမယ့္ သူက မင္းကို အခ်ိန္ေပးတယ္ေလ သူေျပာစကားေလးနားေထာင္ရမွာကို မင္းက သူစကားေျပာဖို႔ေတာင္ အခြင့္အေရးမေပးဘူး....ၿပီးက် ဘာမွလည္း အံ့ၾသလန့္သြားတာမ်ိဳး မရွိဘူး "

"ကြၽန္မက ဘာကို အံ့ၾသရမွာ Lisaနဲ႕ကြၽန္မ ေျပာထားၿပီးသား "

"lisa..ဟုတ္လား အဲ့ဆရာဝန္နဲ႕ မင္း ဘယ္တုန္းက အရမ္း  ရင္းႏွီးသြားတာလည္း "

"ေနပါအုံး ရွင္ကလည္း ဘာလို႔ ကြၽန္မကို ကုေပးေနတဲ့ ဆရာဝန္ကို ရန္သူတစ္ေယာက္လို ဆက္ဆံေနတာလည္း "

"သူ မင္းကို ၾကည့္္တဲ့ အၾကည့္ေတြကို ကိုယ္မႀကိဳက္ဘူး "

"ရွင္ ဘာေတြေျပာေနတာလည္း Jack "

"သူ ဒီေန႕ အခန္းထဲဝင္လာေတာ့ ကိုယ္နဲ႕ဟိုဆရာဝန္ ကို မၾကည့္ဘဲ မင္းတစ္ေယာက္ကိုဘဲ စိုက္ၾကည့္ေနတာ  ...."

Jackေျပာတာ မွန္ပါတယ္... .

" ရွင္ ႐ုပ္ရွင္ၾကည့္တာေတြ အရမ္းမ်ားေနၿပီ  အဓိက အခ်က္ဘဲ ေျပာရေအာင္ ရွင္ ကြၽန္မျဖစ္ခ်င္တဲ့ ဆႏၵေတြကို အၿမဲလ်စ္လ်ဴရႈတယ္  ကြၽန္မျဖစ္ခ်င္တာထက္ ရွင္ျဖစ္ခ်င္တာဘဲ လုပ္ဖို႔ ႀကိဳးစားေနတာ "

"Roseanne..... "

ကြၽန္မ Jackစကားကိို ဆက္နားမေထာင္ခ်င္လို႔ ကားေပၚက ဆင္းၿပီး အနားမွာရွိတဲ့ တကၠစီတစ္စီးေပၚ တက္လိုက္သည္

Lisa's POV

မေန႕က Roseanne ငါ့႐ုံးခန္းကထြက္သြားတဲ့ အခ်ိန္ကစၿပီး အေျဖတစ္ခုရွာေနမိသည္

ဆရာဝန္နဲ႕လူနာ ခ်ိန္းေတြ႕တယ္ဆိုတာ ေကာင္းတဲ့အရာေတာ့ မဟုတ္ဘူးေလ အထူးသျဖင့္ အခုလိုအေျခအေနမွာေပါ့

Roseanneဆီက ဖုန္းဝင္လာတယ္ အင္းကိုဘယ္အခ်ိန္သြားမလည္းေမးတယ္ေလ

Roseanneနဲ႕ငါ အင္းနားက ေစ်းတစ္ခုမွ ေတြ႕ဖို႔ ခ်ိန္းခဲ့ၾကတယ္

"အဝါေရာင္ bikiniေလး ယူခဲ့လား "

"Lisa မၾကာခင္ လက္ထပ္ေတာ့မယ့္သူကို ဘာေတြေလွ်ာက္ေျပာေနတာလည္း "

Roseanneရဲ႕ စကားေၾကာင့္ ငါတို႔တိတ္ဆိတ္သြားတယ္

Roseanne's POV

Lisaရဲ႕ မိဘေတြထားခဲ့တဲ့ အင္းက အိမ္ကိုေရာက္ေတာ့ မုန့္ေတြအတူစားၿပီး အိမ္မက္အေၾကာင္းေတြ ငယ္ဘဝအေၾကာင္းေတြ ထိုင္ေျပာျဖစ္ၾကသည္

ျပတင္းေပါက္ကေန ၾကည္လင္ေနတဲ့ ကန္ေရျပင္ကို ၾကည့္ရင္းေပါ့

"ငါ့အထင္ Jackကို နင္ ေ႐ြးခ်ယ္စရာမရွိလို႔ ေ႐ြးခ်ယ္ခဲ့တယ္ထင္တယ္

"Lisa နင္ ဘာေျပာတာလည္း ဘာကို ေ႐ြးခ်ယ္စရာမရွိရမွာလည္း  ငါ့အေဖကလည္း သူ႕ကိုလူေကာင္းတစ္ေယာက္ '

"ငါေျပာခ်င္တာ အဲ့တာဘဲ... သူ နင့္ေဘးမွာရွိေနလို႔ နင့္အေဖေျပာလို႔သာ နင္ေ႐ြးခ်ယ္ခဲ့တာ "

"Jackက ဆိုးတဲ့လူမဟုတ္ပါဘူး "

"ေဆး႐ုံမွာ ေနမေကာင္းတဲ့သူကို  ပစ္ထားရတဲ့ထိ ေကာင္းမေနဘူးေလ "

"Lisa....Jackက ဆရာဝန္မဟုတ္ဘူးေလ ၿပီးေတာ့ စားဝတ္ေနေရးအတြက္ ေငြရွာရေသးတယ္ "

"အဲ့တာေတြဘဲ က်စ္ "

"နင္ဘာျဖစ္ေနတာလည္း Lisa '

"လက္ထပ္ပြဲဖ်က္ေစခ်င္တာ "

အခု Lisa ေျပာလိုက္တဲ့စကားက ဆရာဝန္တစ္ေယာက္အေနနဲ႕လား ဘယ္လိုပုံစံအေနနဲ႕ ေျပာလည္းဆိုတာ ကြၽန္မ...ေတြးမရေပ

"ဘာလို႔ ငါက လက္ထပ္ပြဲဖ်က္ရမွာလည္း "

"ဘာလို႔လည္းဆိုေတာ့ နင္က သူ႕ကိုမခ်စ္လို႔ေလ "

"ဒါဆို နင္နဲ႕ Annaကေရာ "

"ငါက Annaကို လက္ထပ္မွာ မဟုတ္ဘူး "

"Anna မဟုတ္ရင္ေတာင္ တစ္ျခားသူ..."

ကြၽန္မစကားမဆုံးေသး Lisaက ထိုင္ေနရာကထၿပီး ကြၽန္မဆီလာကာ... ကြၽန္မ မ်က္ႏွာကို ဆြဲကိုင္လိုက္သည္

Lisaရဲ႕ ႏူးညံ့တဲ့ ႏႈတ္ခမ္းတစ္စုံက....ကြၽန္မရဲ႕ ႏႈတ္ခမ္းေပၚမွာ....

Lisaက မက္မက္ေမာေမာနဲ႕ ကြၽန္မရဲ႕ ႏႈတ္ခမ္းကို နမ္းရွိုက္ေနတယ္

ကြၽန္မကလည္း...ကြၽန္မကလည္း ဘာလို႔ ထရပ္ၿပီး Lisaရဲ႕ခါးကိုဖက္ၿပီး ဘာလို႔ Lisaရဲ႕ အနမ္းေတြကို တုံ႕ျပန္မိေနတာလည္း

#tbc

Bạn đang đọc truyện trên: Truyen3h.Co