Part 18
#unicode
Roseanne's Pov
Jack... ကျွန်မ ရုတ်တရက် Jackကို ရုတ်တရက်မြင်ယောင်မိပြီး Lisaနဲ့နမ်းနေရာက အမြန်ရပ်လိုက်ရသည်
"oh my god ငါတို့ဘာတွေလုပ်မိနေတာလည်း "
ကျွန်မက ရပ်လိုက်ပေမယ့် Lisaကတော့ ကျွန်မကို မလွှတ်သေးပေ
"Lisa...နင်က ရည်းစားရှိတဲ့သူ ငါက မကြာခင် လက်ထပ်ရမယ့်သူလေ ငါတို့ ဒါမျိုးမလုပ်သင့်ဘူးထင်တယ်
"ငါ Annaနဲ့ တစ်နေ့ကဘဲ လမ်းခွဲလိုက်ပြီ "
Lisaက ထိုစကားနဲ့အတူ ကျွန်မတားထားတဲ့ စည်းကို ကျော်လာတယ်
"ငါ နင့်အနားရှိချင်လို့ အရာအားလုံး ရှင်းလင်းခဲ့ပြီးပြီ နင်လည်း ရှင်းစရာရှိတာရှင်းသင့်တယ် "
Lisaရဲ့ စကားကြောင့် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားတယ်... ငှက်တွေရဲ့ တေးကျူသံတွေလည်း မကြားရတော့ပေ အရာအားလုံးက ပျောက်ကွယ်သွားပြီး Lisaတစ်ယောက်ဘဲ ငါ့ရှေ့မှာ ရှိနေတယ်
"တစ်ခုခုပြောပါအုံး Roseanne "
ခုနနမ်းနေတုန်းက Lisaရင်ဘတ်ပေါ် ရောက်နေတဲ့ ကျွန်မရဲ့ လက်တွေက Lisaရဲ့ နှလုံးခုန်သံကို သတိထားမိနေသည်
Lisa အရမ်း နှလုံးခုန်မြန်နေတာဘဲ
"ငါ သွားမှဖြစ်တော့မယ် "
"Roseanne "
ကျွန်မ Lisaနဲ့ စကားစဖြတ်လိုက်တယ် ဘာလို့လည်းဆိုတော့ Lisaက အရမ်းကို ဇွတ်အတင်းလုပ်နေတာ ဒါပေမယ့် ကျွန်မရဲ့ မသိစိတ်ကလည်း Lisaက ကျွန်မကို လက်မလွှတ်လိုက်ဖို့ မျှော်လင့်နေမိတယ်
"ငါက သစ္စာဖောက်တတ်တဲ့သူ မဟုတ်ဘူး အခုလိုရပ်နေမယ့်အစား ငါ့ကို အေးဆေး သေချာစဥ်းစားခွင့်လေးပေးပါ ဒီအတိုင်းရပ်နေလို့တော့ ငါ ဘာမှမဆုံးဖြတ်နိုင်ဘူးရယ် "
Lisa...တစ်ဖြည်းဖြည်းနဲ့ ကျွန်မကိုလွှတ်ပေးလိုက်တယ်
ပြီးတော့ သူမရဲ့ဆံပင်ကို လက်နဲ့ထိုးဖွနေတယ်
'ကောင်းပြီ ငါနင့်ကို ပြန်လိုက်ပို့ပေးမယ် ငါတောင်းဆိုတာကလည်း နင့်အတွက် မလွယ်ကူဘူးဆိုတာသိပါတယ် ဒါပေမယ့် ငါပြောတာနဲ့ပတ်သက်ပြီး သေချာအလေးပေးတွေးပါမယ်လို့ ကတိပေးပါ Roseanne "
ကျွန်မ သေချာတွေးပါမယ်လို့ ပြောလိုက်ပေမယ့် Lisaကို ကျွန်မ jackထက် ပိုချစ်မိနေတာ ကျွန်မသိတယ် ပြီးတော့ ကြောက်လည်းကြောက်မိတယ်
အပြန်လမ်းမှာတော့ နှစ်ယောက်လုံးတိတ်ဆိတ်နေတယ် စျေးကိုရောက်တော့ ကားပေါ်က ဆင်းဖို့ကို ကျွန်မ တွန့်ဆုတ်နေမိတယ် ပြီးတော့... ကျွန်မက ဘယ်လောက်မှကြာကြာနေရမယ့်သူမှ မဟုတ်တာ အသက်ရှင်ခွင့်ရတဲ့အချိန်မှာတော့ ကျွန်မ နေချင်သလို နေပြီး ပျော်နေသင့်တယ် မဟုတ်လား
မသိတော့ဘူး....
ကျွန်မ သူ့နှုတ်ခမ်းလေးကို ကြည့်လိုက်မိသည် ပြီးတော့ အင်းမှာတုန်းက ကျွန်မတို့ အနမ်းတွေကို ပြန်သတိရသွားတယ်
Lisaရဲ့ မျက်နှာပေါ် နှာခေါင်းလေး နစ်မြုပ်အောင် နမ်းပြီး မျက်နှာသစ်ဆပ်ပြာဘာသုံးလည်းဆိုတာ ခန့်မှန်းကြည့်ချင်သည်... .Lisaရဲ့ အပေါ်နှုတ်ခမ်းကို ဖိကိုက် နမ်းပစ်ချင်သည်
ကားပေါ်ကဆင်းတော့မည့် ကျွန်မရဲ့ လက်ကို Lisaက လှမ်းဆွဲသည်
'Roseanne ငါ့ဆီပြန်လာပါနော်.... "
ကျွန်မ သေချာတဲ့ကတိကိုမပေးနိုင်ပေမယ့် Lisaရဲ့ ပါးလေးကို အနမ်းတစ်ချက်တော့ ပေးလိုက်သည်
ပြီးတော့ Lisaကို ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့လိုက်တယ်
******
Roseanne's Pov
"ငါအခု နင့်အိမ်ရှေ့မှာ ငါ့ကိုလာခေါ်လို့ရလား "
Jennieလည်း ကျွန်မရဲ့ဖုန်းကို ရရချင်း အိမ်ထဲကနေ ထွက်လာပြီးခေါ်လေသည်
"ဆိုတော့ နင်ငိုတာကို ထိုင်ကြည့်တာ တစ်နာရီလောက်ရှိတော့မယ် brain tumorဖြစ်ရင် တစ်နာရီကြာအောင် ငိုနိုင်တယ်လား "
"တယ် နင် ပြဇာတ်ထောင်စားပါ့လား Jisooနဲ့နေတာကြာပြီး ပေါက်တတ်ကရပြောနေတယ် "
"ကဲ ပြောပါအုံး အရင်က နင်နဲ့ Jackက တစ်ခါမှ ရန်မဖြစ်ဖူးဘူးပေါ့ "
"အင်း ပြီးတော့ သူအလုပ်ကိစ္စနဲ့ ခရီးထွက်တဲ့အချိန်မှာ ငါကဖောက်ပြန်မိနေတယ် "
" ဟယ် နင် ဆရာဝန်ချောချောလေးနဲ့ အိပ်ခဲ့တာလား "
"ဟာ ငါ Lisaနဲ့မအိပ်ခဲ့ပါဘူးဟ "
"ကဲ ပြောစမ်းပါအုံး "
ကျွန်မလည်း Jennieကို Lisaနဲ့ အင်းမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေ ပြောပြလိုက်သည်
"ဟင် ဒါဘဲလား သူက နင့်ကိုနမ်းရုံဘဲလား "
"ငါ သူ့ကို ပြန်နမ်းခဲ့တယ် ငါ ဘာလုပ်ခဲ့မှန်းတောင် မသိတော့ဘူး "
"Roseanne ညည်းအေ ငါ နီရွန် signတွေ ထောင်ပြရမလား ဒါမှမဟုတ် လူပြည့်ကို ခဏဆင်းလာတဲ့ Godနဲ့ပေးတွေ့ရမလား Jackကို သေချာပေါက် လက်ထပ်စရာမလိုပါဘူး "
"Jack ကို ငါ ချစ်တယ်လေ "
"Jack ကို ချစ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် မှန်ကန်တဲ့ပုံစံနဲ့တော့ မဟုတ်ဘူး ..ဘာလို့လည်းဆိုတော့ သူ့အကြောင်းပြောတဲ့အချိန်ရယ် Lisaအကြောင်းပြောတဲ့အခါမျိုးဆို နင်က Lisaအကြောင်း ပြောရတာ ပိုတက်ကြွတယ"
"အဲ့တာအမှန်ဆိုရင်တောင် Jackက ငါ့အတွက်.. အားလုံးကို စွန့်ပြီး ဒီကိုလိုက်လာခဲ့တာ ပြီးတော့ ငါ့အဖေကလည်း Jackကို အဆုံးထိရွေးဖို့ တောင်းဆိုခဲ့တယ်လေ "
"Roseanne အဲ့တုန်းက နင့်အဖေက နာမကျန်းဖြစ်ပြီး ဆေးကုနေရတာလေ သူမသေခင် သူ့သမီးကို ဂရုစိုက်ပေးမယ့်သူ လိုချင်ခဲ့မှာပေါ့ သူ့ကြောင့်နဲ့ နင် Jackကို ယူစရာမလိုပါဘူးအေ "
"ဟို "
"အဲ့အစား Lisaနဲ့ နမ်းခဲ့တာ ဘယ်လိုလည်းဆိုတာ အသေးစိတ်ပြောပြစမ်းပါအေ......"
Jennieရဲ့ မေးခွန်းကြောင့် ကျွန်မ Lisaနဲ့နမ်းခဲ့တာကို ပြန်သတိရသွားတယ်
"အင်း Lisaက နမ်းတာတော်တော် မိုက်တယ် "
"ကဲ နင် မဖြစ်မနေ Jackနဲ့လက်ထပ်မယ်ဆိုရင်တောင် သူနဲ့လက်မထပ်ခင် Lisaနဲ့အရင် အိပ်ပစ်လိုက်'
"ဟာ ငါကဖောက်ပြန်တတ်တဲ့သူ မဟုတ်ပါဘူးနော် "
"ဒါဆိုလည်း ငါ Lisaနဲ့ သွားအိပ်မယ် ပြီးမှ သူအိပ်ရာထဲ ဘယ်လိုကြမ်းတမ်းကြောင်း နင့်ကိုပြောပြမယ် "
Jennieရဲ့ စနောက်မှုမှာ ကျွန်မရယ်လိုက်ပေမယ့် နည်းနည်းတော့ သဝန်တိုမိသည် Lisaက Annaနဲ့လမ်းခွဲထားပေမယ့် Annaနေရာအစားထိုးမယ့်သူက ရှိလာအုံးမှာဘဲ.... ကျွန်မ သေသွားခဲ့ရင်လည်း Lisaက .....ထိုအကြောင်းတွေ ဆက်မတွေးချင်တော့ဘူး ပင်ပန်းရတယ် မဟုတ်လား
******
နောက်ဆုံးတော့ Jack နဲ့ လက်ထပ်ရမယ့် နေ့ကိုရောက်ရှိလာတော့မယ်
"Roseanne....ရေကူးဝတ်စုံအဝါလေးထည့်ဖို့မမေ့နဲ့နော် "
Jackရဲ့ စကားကြောင့် ကျွန်မ ရုတ်တရက် Lisaကို သတိရသွားတယ်
ကျွန်မတို့ လက်ထပ်ပွဲမစခင် အင်းက ဟိုတယ်မှာ တစ်ညတည်းဖို့အတွက် အဝတ်အစားတွေထည့်ပြီးနောက် Jackရဲ့ ကားပေါ်သို့ တက်လိုက်သည်
"နောက်တစ်ခါ ဒီကို ပြန်လာရင် မင်းက Roseanne Singer ဖြစ်တော့မှာနော် " (Jackရဲ့ မျိုးရိုးနာမည်က Singer ပါ Jack Singer)
Jackရဲ့ စကားကြောင့် ကျွန်မ ရုတ်တရက် ကြောက်လာသည်
"ခဏ....."
ကားမောင်းနေတဲ့ Jackကို ကျွန်မတားလိုက်သည်
"ကျွန်မ မလုပ်နိုင်ဘူး "
"ကားမူးလို့လား Roseanne ခဏဘဲ နောက်နာရီဝက် တစ်နာရီဆို အင်းကိုရောက်မှာပါ "
"ကားမူးတဲ့အကြောင်း ပြောတာ မဟုတ်ဘူး တောင်းပန်ပါတယ် ကျွန်မ ရှင့်ကို လက်မထပ်နိုင်ဘူး "
"Roseanne မနက်ဖြန်ဆို လက်ထပ်ရတော့မှာကို "
"တောင်းပန်ပါတယ် Jack တကယ် တောင်းပန်ပါတယ်.. "
Jackကို တောင်းပန်ပြီး ကျွန်မ ကားပေါ်က ဆင်းပြေးလာခဲ့သည်
#tbc
#zawgyi
Roseanne's Pov
"ငါ သွားမှဖြစ်တော့မယ် "
"Roseanne "
အပြန်လမ်းမှာတော့ နှစ်ယောက်လုံးတိတ်ဆိတ်နေတယ် ဈေးကိုရောက်တော့ ကားပေါ်က ဆင်းဖို့ကို ကျွန်မ တွန့်ဆုတ်နေမိတယ် ပြီးတော့... ကျွန်မက ဘယ်လောက်မှကြာကြာနေရမယ့်သူမှ မဟုတ်တာ အသက်ရှင်ခွင့်ရတဲ့အချိန်မှာတော့ ကျွန်မ နေချင်သလို နေပြီး ပျော်နေသင့်တယ် မဟုတ်လား
မသိတော့ဘူး....
******
Roseanne's Pov
"ကဲ ပြောစမ်းပါအုံး "
"Jack ကို ငါ ချစ်တယ်လေ "
"ဟို "
******
"ခဏ....."
"ကျွန်မ မလုပ်နိုင်ဘူး "
#tbc
Bạn đang đọc truyện trên: Truyen3h.Co