Part 19
#unicode
Roseanne's POV
အင်းကို ရောက်ဖို့ နာရီဝက်ဘဲလိုတာမို့လို့ ကျွန်မလည်း တက္ကစီငှားပြီး အင်းကို ထွက်လာခဲ့သည်
ကျွန်မ ရွေးချယ်ခဲ့တဲ့ Lisaကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး..... အချိန်တွေကလည်း ဘာလို့ အခုမှ ကုန်တာနှေးနေရတာလည်း
Jackက ကျွန်မဆီကို ဖုန်းတွေဆက်တိုက်ခေါ်နေတယ် ပြီးတော့ အမေရောဘဲ...အမေရော Jackရဲ့ ဖုန်းကိုပါ ကျွန်မ လျစ်လျူရှုထားလိုက်သည်
အင်းက စျေးကို ရောက်တော့ ကျွန်မ ကားပေါ်ကနေ ဆင်းလိုက်သည်
မိုးကလည်း ရွာနေတော့ ကားဆရာကလည်း ကျွန်မကို ထီးတစ်ချောင်း လက်ဆောင်ပေးသည်
ကျွန်မလည်း ထီးကိုယူပြီး စျေးအနီးနားက မုန့်ဆိုင်ထဲဝင်လိုက်သည်
မုန့်ဆိုင်ထဲရောက်တော့ ကောင်မလေးတစ်ယောက်ကို မြင်ပြီး ကျွန်မရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားတယ်
အဲ့ကောင်မလေးက..... Lisaရဲ့ ရုံးခန်းထဲမှာ တွေ့ဖူးတဲ့ စုံတွဲပုံထဲက ကောင်မလေး... Annaဘဲ
Annaကို ဒီအင်းကစျေးမှာ တွေ့ရတာ တိုက်ဆိုင်မှုတော့မဟုတ်ဘူး.....ဒီကနေ နည်းနည်းဆက်သွားရင် Lisaရဲ့ မိဘအိမ်ကို ရောက်ပြီလေ .. မဟုတ်မှလွဲလို့
"ကား ငှားပေးရမလားဗျာ့ "
"ဟင့်အင်း ရပါတယ် ကျွန်မရဲ့ ချစ်သူဆီမှာ ကားပါတယ် "
Annaရဲ့ စကားကြောင့် ကျွန်မရဲ့ လက်က ထီးကပြုတ်ကျသွားတယ်
Annaနဲ့လမ်းခွဲထားတယ်လို့ Lisaက ပြောခဲ့တယ်မဟုတ်လား အခုဘာလို့ Annaက ဒီမှာရှိနေတာလည်း.... Lisaက မပြတ်သားသေးဘဲ Annaကိုခေါ်ထားတာလား
ကျွန်မ taxi တစ်စီးကိုငှားပြီး အင်းကနေ ပြန်လာခဲ့လိုက်ပြီ
လမ်းတစ်လျှောက်လုံးမှာလည်း Lisaကို ကျွန်မ ဖုန်းတွေခေါ်မိသည်
Lisaရဲ့အမှားလည်း မဟုတ်ပါဘူး ကျွန်မက သူ့ကို ဆုံးဖြတ်ချက်သေချာ ကတိသေချာမပေးခဲ့ဘူးလေ
ဒါပေမယ့် အချိန်ခဏအတွင်းမှာ ဘာလို့ သူအရမ်းပြောင်းလဲသွားရတာလည်း
ကျွန်မ အိမ်ကိုမပြန်တော့ဘဲ အမေ့အိမ်ကို ပြန်လာခဲ့သည်
ဘယ်လောက်ဘဲ ခက်ခဲပါစေ မိဘတွေဆီဘဲ ကျွန်မတို့ ပြန်ပြေးမိတယ်မဟုတ်လား
ကျွန်မက Lisaအတွက် Jackကို ထားခဲ့ပေမယ့် Lisaကတော့.....
ကျွန်မ အမေ့အိမ်ထဲမဝင်သေးဘဲ အိမ်နားက ချောင်းဘေးနားတွင်ထိုင်နေလိုက်သည်
ချောင်းရေတွေကို ထိုင်ကြည့်နေရင်း ...Lisaက ကျွန်မကို မနေ့ကနမ်းခဲ့သလို Annaကို နမ်းခဲ့လား
ကျွန်မကို ပြောခဲ့တဲ့စကားတွေကိုရော Annaကို ပြောခဲ့သလား
အတွေးများစွာနဲ့ အတူ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်နေမိသည်
ကျွန်မ ကလေးဘဝကတည်းက ဖြစ်ချင်ခဲ့တဲ့အိမ်မက်တွေက ဖြစ်မလာဘူးဘဲ
ကျွန်မ အိမ်ကိုပြန်ရောက်လာတဲ့အခါမှတော့ အမေက မေးခွန်းတစ်ခုသာမေးသည်
"ဘာစားထားလည်း "
'....'
"မစားရသေးရင် sandwich လုပ်ပေးရမလား ဒါမှမဟုတ် စောင့်နိုင်တယ်ဆိုရင် ခဏစောင့်ပေး ဒီနားက coffeeဆိုင် သေးသေးလေးက စားလို့ကောင်းတယ် "
"ရတယ် သမီး မစားတော့ဘူး "
"သမီး ဘာတွေဖြစ်နေတာလည်း "
"မသိပါဘူး ဒါမျိုးတစ်ခါမှမဖြစ်ဖူးဘူး... ကြည့်ရတာ tumorကြောင့်ထင်ပါရဲ့ "
"Jackကလည်း Tumorကြောင့် သမီး ဒီလိုဖြစ်နေတယ်လို့ ပြောတယ် "
"Jackနဲ့အမေ သမီးအကြောင်း ဘယ်လောက်ပြောဖြစ်ကြလည်း... "
"အင်း ပြောရမယ်ဆိုရင် သမီးသိချင်မှာ မဟုတ်ပါဘူး ဒါပေမယ့် သမီး အမေ့ရဲ့ နေရာကနေ ဝင်ကြည့်သင့်တယ် မဟုတ်လား အမေကစိတ်ရောဂါဖြစ်ပြီး ပိုင်ဆိုင်သမျှ အားလုံးလွှင့်ပစ်လိုက်မယ်ဆိုရင်ရော...သမီးက ဝင်ဖျန်ဖြေပေးမယ် မဟုတ်လား "
"အမေက သမီးရောဂါကို စိတ်ရောဂါနဲ့ နှိုင်းယှဥ်ပြောနေတာလား "
"အဲ့တာဆို ဘယ်လိုပြောရမလည်း သမီး အဓိပ်ပါယျမရှိတဲ့လုပျရပျတှအေမြားကွီးလုပျခဲ့တာလေ သမီးနဲ့ Jack ဒီလောက်ထိပျော်ရွှင်ခဲ့ကြတာကို ဘာကိစ္စကြောင့် လက်မထပ်ချင်ဘူးဆိုတဲ့အထိ ဖြစ်သွားရတာလည်း "
"အမေ...Jackနဲ့ကိစ္စကလည်း အဖေစီစဥ်ခဲ့လို့ သမီးလက်ခံခဲ့တာ.... ပြီးတော့ အမေမြင်တဲ့ သမီးပျော်နေတဲ့ပုံကလည်း သမီး ပျော်ဟန်ဆောင်နေခဲ့တာလေ "
"ကိုယ့်ကိုကိုယ် မှန်တယ်ထင်အောင် သေသွားတဲ့သူကို ဆွဲထည့်မနေနဲ့ Jackကိုစွန့်ပစ်ခဲ့ပြီး အခုထိ သမီးနောင်တမရသေးဘူးလား.... နောင်တရဖို့ မျှော်လင့်ပါတယ် "
"ဒါက သမီးရဲ့အမှားမှ မဟုတ်တာ "
"ကြည့် သမီးဘေးနားက လူတွေအားလုံးထိခိုက်သွားကြတယ်မလား အထူးသဖြင့် Jackလေ ပြီးတော့ သမီးအဖေဆုံးတုန်းကတည်းက ရှိပေးခဲ့ကြတယ် Jackရယ် သူ့မိသားစုရယ် အကုန်လုံးကို သမီးက ပါးရိုက်ပစ်တာဘဲ "
"သမီး ခဏအိပ်လိုက်အုံးမယ် "
ကျွန်မလည်း အမေပေါက်ပေါက်ဖောက်နေတာ နားမထောင်ချင်တော့လို့ အိပ်ခန်းထဲ ဝင်လှဲအိပ်လိုက်သည်
Lisaက ကျွန်မဘေးနားကို လာအိပ်နေတယ်
"အောက်ထပ်က Maryက ကိုယ်အောက်ဆင်းတော့ လှမ်းခေါ်နေတာ "
အခု ကျွန်မတို့ လန်ဒန်မှာရောက်နေတယ်
"ဘာလည်း တိရစ္ဆာန်မမွေးရဘူးလို့ခေါ်ပြောတာလား "
"ဟင့်အင်း သမိုင်းဝင်ဓာတ်ပုံတစ်ပုံတွေ့လို့တဲ့ခေါ်ပြနေတာ အခုကိုယ်တွေနေတဲ့အဆောက်အုံက World war 2တုန်းက ဗုံးမှန်ခဲ့တာတဲ့"
"ဟင် ဗုံးကြဲခံရတာလား "
"ဟုတ်ပါ့ အဲ့ခေတ်မှာ နေခဲ့ရရင် ဘယ်လောက်ကြောက်ဖို့ကောင်းမလည်း စစ်ရုတ်တရက်ထဖြစ်တဲ့အခါ နင်က ကျောင်းမှာ ကိုယ်က အလုပ်မှာ အဲ့လိုဆို ဘယ်လိုလုပ်ရမလည်း "
"ငါက နင့်ကို မတွေ့တွေ့အောင်လာရှာမှာပေါ့ Lisaရ ပြီးတော့...ငါ့ဗိုက်ထဲက ကလေးလေးရော နင့်ကိုလာရှာမှာ "
ဘုရားရေ ကလေးလေးက ကျွန်မဗိုက်ထဲကနေ ကန်နေတယ်
"Roseanne ညစာစားမယ် "
အမေ့အသံကြောင့် ကျွန်မ အိမ်မက်ကလန့်နိုးလာတယ် ...
အိမ်မက်ထဲမှာ ကျွန်မက ကိုယ်ဝန်ရှိနေတာတဲ့ ကလေးချစ်တတ်တဲ့ ကျွန်မက... Lisaနဲ့ကျွန်မ သွေးနှောထားတဲ့ ကလေးဆို... အို ပြောမပြတတ်အောင်ချစ်မိမှာဘဲ ...ပြီးတော့ အိမ်မက်ထဲမှာ ကျွန်မက Lisaကို ဘယ်နေရာရောက်ရောက် ရအောင်လာရှာမယ်လို့ ကတိပေးခဲ့တယ်
"Roseanne..."
"သမီး စိတ်မပြောင်းနိုင်ဘူး အမေ "
"သေချာလေးတောင်မတွေးပေးနိုင်ဘူးလား "
"အမေက ဘာလို့ Jackဘက်က ပါနေတာလည်း သမီးက အမေ့သမီးလေ Jackက သူစိမ်း "
"Jackက သမီးအဖေရဲ့ မသေခင်က ဖြစ်စေချင်တဲ့ဆန္ဒလေ "
"အမေ...အဖေက သမီးကို ဂရုစိုက်ပေးမယ့်သူဘဲလိုချင်တာပါ "
"ညည်းက သိသင့်တဲ့ကိစ္စကျ မသိဘူး မသိသင့်တဲ့ကိစ္စတွေဆိုသိတယ် ရူးကြောင်ကြောင်ဘဲ "
"ဟုတ်တယ် သမီးက ရူးကြောင်ကြောင်လူတစ်ယောက်ဘဲ အမေ..ဘာဖြစ်လည်း "
"သမီးအဖေက သိလို့ ..."
"Jackက သမီးကို Brain tumorကနေ မကာကွယ်နိုင်ပါဘူး အဖေက တစ်ခုခုသိခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Jackက သမီးနဲ့မကိုက်ညီဘူး သမီးအတွက် မဟုတ်သလို ကျန်ရှိတဲ့အချိန်မှာလည်း သူနဲ့မကုန်ဆုံးချင်ဘူး "
ညစာစားပွဲတွင် သားအမိနှစ်ယောက် ငြင်းခုန်ရင်း ကုန်ဆုံးသွားခဲ့တယ်
ကျွန်မ အခန်းထဲပြန်ဝင်လာတော့ ဖုန်း notiတက်သံကြားလို့ Jackကပို့တယ်ဘဲထင်ပြီး ဖုန်းစက်ပိတ်မလို့လုပ်စဥ် စာတစ်စောင်ထပ်ဝင်လာတာကို တွေ့လိုက်ရသည်
Lisa- Roseanne ကိုယ် ရူးတော့မှာဘဲ တစ်ခုခုဖြစ်နေတာလား ဖုန်းကိုင်ပါအုံး
ထို့အပြင် ဖုန်းကိုစစ်ဆေးကြည့်တော့ Lisaက သူမအိပ်ပျော်နေချိန်ကတည်းက ဖုန်းတွေဆက်တိုက်ခေါ်ထားတာဘဲ
ကျွန်မ Lisaကို ပြန်ဆက်သွယ်သင့်သလား....
#tbc
#zawgyi
Roseanne's POV
အင္းကို ေရာက္ဖို႔ နာရီဝက္ဘဲလိုတာမို႔လို႔ ကြၽန္မလည္း တကၠစီငွားၿပီး အင္းကို ထြက္လာခဲ့သည္
ကြၽန္မ ေ႐ြးခ်ယ္ခဲ့တဲ့ Lisaကို ေတြ႕ရဖို႔ မေစာင့္နိုင္ေတာ့ဘူး..... အခ်ိန္ေတြကလည္း ဘာလို႔ အခုမွ ကုန္တာႏွေးေနရတာလည္း
Jackက ကြၽန္မဆီကို ဖုန္းေတြဆက္တိုက္ေခၚေနတယ္ ၿပီးေတာ့ အေမေရာဘဲ...အေမေရာ Jackရဲ႕ ဖုန္းကိုပါ ကြၽန္မ လ်စ္လ်ဴရႈထားလိုက္သည္
အင္းက ေစ်းကို ေရာက္ေတာ့ ကြၽန္မ ကားေပၚကေန ဆင္းလိုက္သည္
မိုးကလည္း ႐ြာေနေတာ့ ကားဆရာကလည္း ကြၽန္မကို ထီးတစ္ေခ်ာင္း လက္ေဆာင္ေပးသည္
ကြၽန္မလည္း ထီးကိုယူၿပီး ေစ်းအနီးနားက မုန့္ဆိုင္ထဲဝင္လိုက္သည္
မုန့္ဆိုင္ထဲေရာက္ေတာ့ ေကာင္မေလးတစ္ေယာက္ကို ျမင္ၿပီး ကြၽန္မရဲ႕ ေျခလွမ္းေတြ ရပ္တန့္သြားတယ္
အဲ့ေကာင္မေလးက..... Lisaရဲ႕ ႐ုံးခန္းထဲမွာ ေတြ႕ဖူးတဲ့ စုံတြဲပုံထဲက ေကာင္မေလး... Annaဘဲ
Annaကို ဒီအင္းကေစ်းမွာ ေတြ႕ရတာ တိုက္ဆိုင္မႈေတာ့မဟုတ္ဘူး.....ဒီကေန နည္းနည္းဆက္သြားရင္ Lisaရဲ႕ မိဘအိမ္ကို ေရာက္ၿပီေလ .. မဟုတ္မွလြဲလို႔
"ကား ငွားေပးရမလားဗ်ာ့ "
"ဟင့္အင္း ရပါတယ္ ကြၽန္မရဲ႕ ခ်စ္သူဆီမွာ ကားပါတယ္ "
Annaရဲ႕ စကားေၾကာင့္ ကြၽန္မရဲ႕ လက္က ထီးကျပဳတ္က်သြားတယ္
Annaနဲ႕လမ္းခြဲထားတယ္လို႔ Lisaက ေျပာခဲ့တယ္မဟုတ္လား အခုဘာလို႔ Annaက ဒီမွာရွိေနတာလည္း.... Lisaက မျပတ္သားေသးဘဲ Annaကိုေခၚထားတာလား
ကြၽန္မ taxi တစ္စီးကိုငွားၿပီး အင္းကေန ျပန္လာခဲ့လိုက္ၿပီ
လမ္းတစ္ေလွ်ာက္လုံးမွာလည္း Lisaကို ကြၽန္မ ဖုန္းေတြေခၚမိသည္
Lisaရဲ႕အမွားလည္း မဟုတ္ပါဘူး ကြၽန္မက သူ႕ကို ဆုံးျဖတ္ခ်က္ေသခ်ာ ကတိေသခ်ာမေပးခဲ့ဘူးေလ
ဒါေပမယ့္ အခ်ိန္ခဏအတြင္းမွာ ဘာလို႔ သူအရမ္းေျပာင္းလဲသြားရတာလည္း
ကြၽန္မ အိမ္ကိုမျပန္ေတာ့ဘဲ အေမ့အိမ္ကို ျပန္လာခဲ့သည္
ဘယ္ေလာက္ဘဲ ခက္ခဲပါေစ မိဘေတြဆီဘဲ ကြၽန္မတို႔ ျပန္ေျပးမိတယ္မဟုတ္လား
ကြၽန္မက Lisaအတြက္ Jackကို ထားခဲ့ေပမယ့္ Lisaကေတာ့.....
ကြၽန္မ အေမ့အိမ္ထဲမဝင္ေသးဘဲ အိမ္နားက ေခ်ာင္းေဘးနားတြင္ထိုင္ေနလိုက္သည္
ေခ်ာင္းေရေတြကို ထိုင္ၾကည့္ေနရင္း ...Lisaက ကြၽန္မကို မေန႕ကနမ္းခဲ့သလို Annaကို နမ္းခဲ့လား
ကြၽန္မကို ေျပာခဲ့တဲ့စကားေတြကိုေရာ Annaကို ေျပာခဲ့သလား
အေတြးမ်ားစြာနဲ႕ အတူ စီးက်လာတဲ့ မ်က္ရည္ေတြကို သုတ္ေနမိသည္
ကြၽန္မ ကေလးဘဝကတည္းက ျဖစ္ခ်င္ခဲ့တဲ့အိမ္မက္ေတြက ျဖစ္မလာဘူးဘဲ
ကြၽန္မ အိမ္ကိုျပန္ေရာက္လာတဲ့အခါမွေတာ့ အေမက ေမးခြန္းတစ္ခုသာေမးသည္
"ဘာစားထားလည္း "
'....'
"မစားရေသးရင္ sandwich လုပ္ေပးရမလား ဒါမွမဟုတ္ ေစာင့္နိုင္တယ္ဆိုရင္ ခဏေစာင့္ေပး ဒီနားက coffeeဆိုင္ ေသးေသးေလးက စားလို႔ေကာင္းတယ္ "
"ရတယ္ သမီး မစားေတာ့ဘူး "
"သမီး ဘာေတြျဖစ္ေနတာလည္း "
"မသိပါဘူး ဒါမ်ိဳးတစ္ခါမွမျဖစ္ဖူးဘူး... ၾကည့္ရတာ tumorေၾကာင့္ထင္ပါရဲ႕ "
"Jackကလည္း Tumorေၾကာင့္ သမီး ဒီလိုျဖစ္ေနတယ္လို႔ ေျပာတယ္ "
"Jackနဲ႕အေမ သမီးအေၾကာင္း ဘယ္ေလာက္ေျပာျဖစ္ၾကလည္း... "
"အင္း ေျပာရမယ္ဆိုရင္ သမီးသိခ်င္မွာ မဟုတ္ပါဘူး ဒါေပမယ့္ သမီး အေမ့ရဲ႕ ေနရာကေန ဝင္ၾကည့္သင့္တယ္ မဟုတ္လား အေမကစိတ္ေရာဂါျဖစ္ၿပီး ပိုင္ဆိုင္သမွ် အားလုံးလႊင့္ပစ္လိုက္မယ္ဆိုရင္ေရာ...သမီးက ဝင္ဖ်န္ေျဖေပးမယ္ မဟုတ္လား "
"အေမက သမီးေရာဂါကို စိတ္ေရာဂါနဲ႕ ႏွိုင္းယွဥ္ေျပာေနတာလား "
"အဲ့တာဆို ဘယ္လိုေျပာရမလည္း သမီး အဓိပ္ပါယ်မရွိတဲ့လုပ်ရပ်တွေအျမားကြီးလုပ်ခဲ့တာေလ သမီးနဲ႕ Jack ဒီေလာက္ထိေပ်ာ္႐ႊင္ခဲ့ၾကတာကို ဘာကိစၥေၾကာင့္ လက္မထပ္ခ်င္ဘူးဆိုတဲ့အထိ ျဖစ္သြားရတာလည္း "
"အေမ...Jackနဲ႕ကိစၥကလည္း အေဖစီစဥ္ခဲ့လို႔ သမီးလက္ခံခဲ့တာ.... ၿပီးေတာ့ အေမျမင္တဲ့ သမီးေပ်ာ္ေနတဲ့ပုံကလည္း သမီး ေပ်ာ္ဟန္ေဆာင္ေနခဲ့တာေလ "
"ကိုယ့္ကိုကိုယ္ မွန္တယ္ထင္ေအာင္ ေသသြားတဲ့သူကို ဆြဲထည့္မေနနဲ႕ Jackကိုစြန့္ပစ္ခဲ့ၿပီး အခုထိ သမီးေနာင္တမရေသးဘူးလား.... ေနာင္တရဖို႔ ေမွ်ာ္လင့္ပါတယ္ "
"ဒါက သမီးရဲ႕အမွားမွ မဟုတ္တာ "
"ၾကည့္ သမီးေဘးနားက လူေတြအားလုံးထိခိုက္သြားၾကတယ္မလား အထူးသျဖင့္ Jackေလ ၿပီးေတာ့ သမီးအေဖဆုံးတုန္းကတည္းက ရွိေပးခဲ့ၾကတယ္ Jackရယ္ သူ႕မိသားစုရယ္ အကုန္လုံးကို သမီးက ပါးရိုက္ပစ္တာဘဲ "
"သမီး ခဏအိပ္လိုက္အုံးမယ္ "
ကြၽန္မလည္း အေမေပါက္ေပါက္ေဖာက္ေနတာ နားမေထာင္ခ်င္ေတာ့လို႔ အိပ္ခန္းထဲ ဝင္လွဲအိပ္လိုက္သည္
Lisaက ကြၽန္မေဘးနားကို လာအိပ္ေနတယ္
"ေအာက္ထပ္က Maryက ကိုယ္ေအာက္ဆင္းေတာ့ လွမ္းေခၚေနတာ "
အခု ကြၽန္မတို႔ လန္ဒန္မွာေရာက္ေနတယ္
"ဘာလည္း တိရစ္ဆာန္မေမြးရဘူးလို႔ေခၚေျပာတာလား "
"ဟင့္အင္း သမိုင္းဝင္ဓာတ္ပုံတစ္ပုံေတြ႕လို႔တဲ့ေခၚျပေနတာ အခုကိုယ္ေတြေနတဲ့အေဆာက္အုံက World war 2တုန္းက ဗုံးမွန္ခဲ့တာတဲ့"
"ဟင္ ဗုံးႀကဲခံရတာလား "
"ဟုတ္ပါ့ အဲ့ေခတ္မွာ ေနခဲ့ရရင္ ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းမလည္း စစ္႐ုတ္တရက္ထျဖစ္တဲ့အခါ နင္က ေက်ာင္းမွာ ကိုယ္က အလုပ္မွာ အဲ့လိုဆို ဘယ္လိုလုပ္ရမလည္း "
"ငါက နင့္ကို မေတြ႕ေတြ႕ေအာင္လာရွာမွာေပါ့ Lisaရ ၿပီးေတာ့...ငါ့ဗိုက္ထဲက ကေလးေလးေရာ နင့္ကိုလာရွာမွာ "
ဘုရားေရ ကေလးေလးက ကြၽန္မဗိုက္ထဲကေန ကန္ေနတယ္
"Roseanne ညစာစားမယ္ "
အေမ့အသံေၾကာင့္ ကြၽန္မ အိမ္မက္ကလန့္နိုးလာတယ္ ...
အိမ္မက္ထဲမွာ ကြၽန္မက ကိုယ္ဝန္ရွိေနတာတဲ့ ကေလးခ်စ္တတ္တဲ့ ကြၽန္မက... Lisaနဲ႕ကြၽန္မ ေသြးႏွောထားတဲ့ ကေလးဆို... အို ေျပာမျပတတ္ေအာင္ခ်စ္မိမွာဘဲ ...ၿပီးေတာ့ အိမ္မက္ထဲမွာ ကြၽန္မက Lisaကို ဘယ္ေနရာေရာက္ေရာက္ ရေအာင္လာရွာမယ္လို႔ ကတိေပးခဲ့တယ္
"Roseanne..."
"သမီး စိတ္မေျပာင္းနိုင္ဘူး အေမ "
"ေသခ်ာေလးေတာင္မေတြးေပးနိုင္ဘူးလား "
"အေမက ဘာလို႔ Jackဘက္က ပါေနတာလည္း သမီးက အေမ့သမီးေလ Jackက သူစိမ္း "
"Jackက သမီးအေဖရဲ႕ မေသခင္က ျဖစ္ေစခ်င္တဲ့ဆႏၵေလ "
"အေမ...အေဖက သမီးကို ဂ႐ုစိုက္ေပးမယ့္သူဘဲလိုခ်င္တာပါ "
"ညည္းက သိသင့္တဲ့ကိစၥက် မသိဘူး မသိသင့္တဲ့ကိစၥေတြဆိုသိတယ္ ႐ူးေၾကာင္ေၾကာင္ဘဲ "
"ဟုတ္တယ္ သမီးက ႐ူးေၾကာင္ေၾကာင္လူတစ္ေယာက္ဘဲ အေမ..ဘာျဖစ္လည္း "
"သမီးအေဖက သိလို႔ ..."
"Jackက သမီးကို Brain tumorကေန မကာကြယ္နိုင္ပါဘူး အေဖက တစ္ခုခုသိခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ Jackက သမီးနဲ႕မကိုက္ညီဘူး သမီးအတြက္ မဟုတ္သလို က်န္ရွိတဲ့အခ်ိန္မွာလည္း သူနဲ႕မကုန္ဆုံးခ်င္ဘူး "
ညစာစားပြဲတြင္ သားအမိႏွစ္ေယာက္ ျငင္းခုန္ရင္း ကုန္ဆုံးသြားခဲ့တယ္
ကြၽန္မ အခန္းထဲျပန္ဝင္လာေတာ့ ဖုန္း notiတက္သံၾကားလို႔ Jackကပို႔တယ္ဘဲထင္ၿပီး ဖုန္းစက္ပိတ္မလို႔လုပ္စဥ္ စာတစ္ေစာင္ထပ္ဝင္လာတာကို ေတြ႕လိုက္ရသည္
Lisa- Roseanne ကိုယ္ ႐ူးေတာ့မွာဘဲ တစ္ခုခုျဖစ္ေနတာလား ဖုန္းကိုင္ပါအုံး
ထို႔အျပင္ ဖုန္းကိုစစ္ေဆးၾကည့္ေတာ့ Lisaက သူမအိပ္ေပ်ာ္ေနခ်ိန္ကတည္းက ဖုန္းေတြဆက္တိုက္ေခၚထားတာဘဲ
ကြၽန္မ Lisaကို ျပန္ဆက္သြယ္သင့္သလား....
#tbc
Bạn đang đọc truyện trên: Truyen3h.Co