Truyen3h.Co

အိမ်မက်ထဲက သူ

Part 20

KimFany059

#Unicode

Lisa's Pov

မနေ့ကဘဲ သေချာစဥ်းစားရင်း ငါ့ careerက ငါ့အတွက် Roseanneလောက် အရေးမပါဘူးဆိုတာ ပိုသိလာတယ်

ပြီးတော့ Roseanneကို သူ့ဆရာဝန်အနေနဲ့စည်းကျော်မိတဲ့အတွက် တောင်းပန်ဖို့ ငါ ဖုန်းတွေဆက်တိုက်ဆက်နေခဲ့တယ် ...ဒါပေမယ့် Roseanneက ဖုန်းလုံးဝမကိုင်ဘူး

ငါ့မှာ ငူငူငေါင်ငေါင်နဲ့ထိုင်ဖို့ အချိန်မရှိဘူးလေ မဟုတ်ရင် ဘယ်အချိန်ဘာဖြစ်သွားလည်းမသိဘဲ အခုထိ တစ်စုံတစ်ယောက် ပြန်လာမယ့်အချိန် ထိုင်စောင့်နေတဲ့ Dr.Hanလိုဖြစ်လိမ့်မယ်

"Thank god "

နောက်ဆုံးတော့ Roseanne ဖုန်းကိုင်ပြီလေ

"ဘာလို့ ကိုယ့်ဖုန်းကို မကိုင်တာလည်း "

"ဘာလို့ နင့်ကောင်မလေးက အင်းကို လာလည်တာလည်း "

Roseanneရဲ့ ဒေါသထွက်နေမှန်းသိသာစေတဲ့အသံနဲ့ပြောတဲ့ စကားကြောင့် ငါလန့်သွားပြီး အံ့သြသွားတယ်

"ဟင် ဘာကိုလည်း "

"Annaကိုတွေ့ခဲ့တယ် နင့်မိဘအိမ်ရှိတဲ့ အင်းမှာ သူက သူ့ကောင်မလေးက ဂျစ်ကားနဲ့သူ့ကိုလာခေါ်မယ်လို့ပြောခဲ့တယ် ငါနားမလည်တော့ဘူး နင်ဘာလို့ငါ့ကို... "

"Roseanne နင်ဘာတွေပြောနေလည်းဆိုတာ တကယ်နားမလည်တော့ဘူး ပြီးတော့ အင်းမှာ ငါရှိမနေခဲ့ဘူး ဆေးရုံနဲ့အိမ်မှာဘဲ ရှိပြီး နင့်ကိုဘဲဖုန်းခေါ်နေခဲ့တာ "

"ဒါဆို ဘာလို့ Annaက အဲ့မှာရှိနေတာလည်း "

နေပါအုံး Annaက ဘာသောက်ကိစ္စရှိလို့ အင်းကိုသွားရတာလည်း...Annaက ငါ့ဆီ အသံ messageပို့ထားပေမယ့် ဝင်မကြည့်ခဲ့ဘူး နေပါအုံး ဘာလို့ Roseanneကလည်း အဲ့မှာရှိနေတာလည်း

"မသိဘူးလေ လမ်းခွဲပြီးကတည်းက သူနဲ့မတွေ့တာ တစ်ပတ်တောင်ရှိရောပေါ့ နေပါအုံး နင်ကရော ဘာလို့ အဲ့မှာ ရှိနေတာလည်း "

"ငါနင့်ကို တွေ့ချင်လို့လေ.. ဒါပေမယ့် သူက အဲ့မှာရှိနေလို့ ငါပြန်လာခဲ့လိုက်တာ "

"ငါ့စိတ်ထဲ နင်ရောက်လာတဲ့နေ့ကစပြီး ဘယ်သူ့ကိုမှ ငါ့ဘေးမထားတော့ဘူး....နင်သိသင့်််တယ် Roseanne "

"ငါရောလေ ဒါကြောင့် အင်းကို ငါလာခဲ့တာပေါ့ ဒီမနင်မှာဘဲ ငါ Jackနဲ့ကိစ္စရှင်းသွားပြီ  ...."

Roseanneရဲ့စကားကြောင့် ငါ့ရင်ဘတ်ထဲက အပူလုံးကြီးပြုတ်ကျသွားတယ်

Thank god...ထပ်ပြီးကျေးဇူးတင်ပါတယ်

"နင် အခုဘယ်မှာလည်း Roseanne"

Roseanneကို အခုတွေ့ရမှဖြစ်မယ်.   ....

"အခုက အမေ့အိမ်မှာ နေနေတာ မနက်ဖြန်မှ ပြန်မလို့ "

ငါ မစောင့်နိုင်ဘူး အခုတွေ့မှကိုဖြစ်မယ် ဂျစ်ကားသော့ကိုကောက်ကိုင်ပြီး အိမ်ထဲကနေ ထွက်လာလိုက်တယ်

"လိပ်စာပေး..."

"Pennsylvaniaမှာလေ နင်တကယ်ကြီးလား "

******

"oh my god နင်တကယ်ရောက်လာတာဘဲ "

တံခါးပေါက်ရှေ့မှာ ရပ်နေတဲ့ ငါ့ကိုမြင်တော့ Roseanne အိမ်ထဲကနေ ​ပြေးထွက်လာပြီး ငါ့ကိုဖက်လိုက်တယ်

ငါလည်း Roseanneကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီးနောက် သူမရဲ့ စတော်ဘယ်ရီအရသာနှုတ်ခမ်းလေးကို အားပါတရနမ်းလိုက်သည်

"အရမ်းလွမ်းနေတာ Roseanne '

"ငါရောဘဲ... ဒါနဲ့ နင်ဆေးရုံမသွားဘူးလား ပြဿနာတက်မယ်နော် "

"ဂရုမစိုက်တော့ဘူး Roseanne နင်နဲ့အတူရှိခွင့်ရမယ်ဆို ဆေးကုသခွင့်ဆရာဝန်လိုင်စင်သိမ်းလည်း ငါ ဂရုမစိုက်ဘူး ..."

"နင် နောက်နေတာလား Lisa..."

"ဒါဆို အခု မင်းက ကိုယ့်အပိုင် ဖြစ်သွားပြီ မဟုတ်လား "

"အမြဲတမ်းပေါ့ အချစ်ရယ် "

Roseanneက ပြောပြီး ငါ့ကိုလာနမ်းကာ ငါ့ဆံပင်တွေကို လက်နဲ့ထိုးဖွနေတယ်

"ငါ အမြဲ ဒီလိုလုပ်ချင်ခဲ့တာသိလား Lisa "

"ငါဆို နင်နဲ့လုပ်ချင်တဲ့အရာတွေအများကြီးဘဲ...အဲ့တာတွေအားလုံး first dateမှာတင်လုပ်ဖို့ များလွန်းတယ်ထင်တယ် ဟီးဟီး "

"ငါတို့နှစ်ယောက်အတွက် နေရာတစ်ခုတွေ့ထားတယ် Lisa ခဏ ဒီမှာစောင့်နေ

Roseanne က ငါ့ကိုစောင့်ခိုင်းပြီး အိမ်ထဲ ခဏပြန်ဝင်သွားတယ်

ခဏကြာတော့ စောင်ပါးလေးတစ်ထည် ရယ် ဝိုင်တစ်ပုလင်းနဲ့ဝိုင်ခွက်လေးနှစ်ခွက်ကို ယူပြီး Roseanne ထွက်လာသည်

ပြီးတော့ ငါတို့တွေ ဂျစ်ကားတစ်စီးနဲ့ Roseanneပြောပြတဲ့နေရာကို ထွက်လာခဲ့သည်

Roseanne ခေါ်လာတဲ့နေရာက တောင်ကုန်းလေး တစ်ခုဖြစ်သည်

"အာ မိုးရွာထားတာကို မေ့သွားတယ် စောင်ခင်းထိုင်လို့မရဘူးဘဲ "

Roseanneမှာ တောင်ကုန်းပေါ်က ရေဗွက်အိုင်တွေကိုကြည့်ပြီး ညည်းညူနေတယ်

"စိတ်မပူပါနဲ့ ငါ့မှာ အကြံရှိတယ် "

ငါလည်း ဂျစ်ကားနောက်ဖုံးကို ဖွင့်ပြီးစောင်လေး ခင်းလိုက်သည်

"ဒီမှာ လာထိုင်..."

"ဟင် "

Roseanneကို ငါလည်း ပွေ့ချီပြီး ကားပေါ်သို့ တင်လိုက်သည်

ကားပေါ်မှာ ငါတို့နှစ်ယောက် ထိုင်ပြီး ဝိုင်အတူသောက်ကာ တောင်ကုန်းတောင်တန်းတွေကိုကြည့်နေကြသည်

"ဒီနေရာကို သဘောကျလိုက်တာ နင်ဘယ်လိုရှာတွေ့တာလည်း Roseanne "

"ငါ ငယ်ငယ်က အဖေနဲ့အတူ ဒီတောင်ပေါ်တက်လေ့ရှိတယ် နောက်ပိုင်းတော့ ငါတစ်ယောက်ဘဲတက်တာပေါ့လေ...အခုတော့ ငါချစ်တဲ့သူတစ်ယောက်နဲ့ထပ်ပြီး လာခွင့်ရပြီ "

"ဒါပေါ့ ငါလည်း အရမ်းဝမ်းသာမိတယ် Roseanne နင် Jackကို ဘယ်လိုလမ်းခွဲလိုက်တာလည်း "

"အင်း ငါသူနဲ့ရှိနေရင် မပျော်ဘူးဆိုပြီးရော ပြီးတော့ သူနဲ့မဖြတ်သန်းချင်ဘူးပေါ့ဟာ အဲ့လိုပြောပြီး တောင်းပန်ပြီး ငါနင့်ဆီထွက်လာခဲ့တာ "

"ဒီညရော အမေ့ဆီမှာနေမှာလား "

"အင်းပေါ့ Jackက အိမ်မှာစောင့်နေမှာမို့လို့ ပြန်ရင်တောင် Jennie အိမ်မှာ ခဏနေရမှာ "

"ဒါနဲ့ Jennieက Team Lisaလား Team Jackလား"

"အမလေး...မယ်မင်းကြီးမက Jackနဲ့လက်ထပ်မယ်ဆိုရင်တောင် နင်နဲ့တစ်ညအိပ်သွားတဲ့ "

"ဟားဟား...ဒါဆို သူက Team Lisaပေါ့ ..."

"ဒါပေါ့...."

Roseanneက ပြောပြီး ဝိုင်ခွက်ကို tool boxပေါ်တင်လိုက်သည်

ပြီးတော့ ငါ့ကိုတွန်းလှဲပြီး ငါ့အပေါ်ကို သူတက်ခွပြီးငါ့ကိုနမ်းနေတယ်

"ဘယ်သူကမှ ငါတို့ကိုခွဲလို့မရဘူး Lisa...."

#tbc

#zawgyi

Lisa's Pov




"Thank god "





"ဟင် ဘာကိုလည်း "







"ငါ့စိတ်ထဲ နင်ရောက်လာတဲ့နေ့ကစပြီး ဘယ်သူ့ကိုမှ ငါ့ဘေးမထားတော့ဘူး....နင်သိသင့်တယ် Roseanne "








"လိပ်စာပေး..."


******







"နင် နောက်နေတာလား Lisa..."















"ဒီမှာ လာထိုင်..."

"ဟင် "












"ဒါပေါ့...."




#tbc

Bạn đang đọc truyện trên: Truyen3h.Co