Part 3
#UNICODE
Roseanne's POV
ဆရာဝန်က အာရုံကြောဌာနကို သွားဖို့ ပြောသောကြောင့် ကျွန်မတို့လည်း လှေကားကနေတစ်ဆင့် အာရုံကြောဌာနသို့ သွားလိုက်သည်
Jackကတော့ တစ်လမ်းလုံး ဘာမှမပြောဘဲ တိတ်ဆိတ်နေတယ်
လည်ပင်းက အနီရောင်အကွက်လေးကို မြင်ကတည်းက Jack တိတ်ဆိတ်သွားခဲ့တာလေ
"ရှင် ဘာတွေတွေးနေတာလည်း ပြောပါအုံး ဒီဟာက Hickey မဟုတ်ဘူးဆိုတာ သိတယ်မဟုတ်လား "
"ကိုယ် သိထားသမျှကတော့ ဒီ Hickey က ကိုယ်ပေးတာ မဟုတ်ဘူးဆိုတာဘဲ "
Jackရဲ့ စကားကြောင့် ကျွန်မ တိတ်တိတ်လေးညည်းညူမိသည်
မည်သို့ပင်ဆိုစေကာမူ အိမ်မက်ထဲက Lisaပေးတဲ့ Hickey က လက်တွေ့ဘဝထိ ပါလာစရာမလိုဘူးလေ ဟုတ်တယ်မလား
"မနေ့ညကရော ဒီနေ့ရော ကျွန်မနဲ့ ရှင်အတူရှိနေတာဘဲလေ မဟုတ်ဘူးလား လည်ပင်းမှာ အနီကွက်ရှိနေခဲ့ရင် ရှင်သတိထားမိရမှာပေါ့.... အခုက လဲကျတုံးက ကျောက်ခဲဘာညာနဲ့ ရိုက်မိလို့ ဒဏ်ဖြစ်တာနေမှာ "
Jackကို ကျွန်မ ဖြေရှင်းချက်ပေးနေရင်း ခြေချော်ပြီး လှေကားပေါ်က ပြုတ်ကျမလိုဖြစ်သွားတယ်
Jackက ချက်ချင်းဘဲ ကျွန်မကို လှမ်းဆွဲလိုက်တယ်
သူ စိတ်ဆိုးနေတာတောင်မှ ကျွန်မကို ဂရုစိုက် ကာကွယ်ပေးနေတုံးဘဲ
ဒီပုံစံကို ကျွန်မရဲ့ အဖေက မြင်ခဲ့တာနေမှာ
မှတ်မိပါသေးတယ် အဖေပြောခဲ့တဲ့စကားကို
အဲ့အချိန်တုန်းက ကျွန်မ ကောလိပ်ကျောင်းသူ အသက် ၂၀အရွယ်ရှိပါသေးတယ်
ကျွန်မ ကောလိပ်က ပြန်လာတော့ ပြတင်းပေါက်ကနေ အပြင်ဘက်က ဘတ်စ်ကတ်ဘော ဆော့နေတဲ့ Jack တို့ကို အဖေက ရပ်ကြည့်နေခဲ့တယ်လေ
"Roseanne သမီး.... Jackကို လက်ထပ်ပါ သူက သမီးဘဝကို လုံခြုံအောင် ကာကွယ်ပေးနိုင်တယ် "
အဲ့ဒီတုန်းကတော့ အဖေက ကျန်းမာရေး သိပ်မကောင်းလို့ အဖေ့ကို စိတ်မညစ်စေချင်လို့ ခေါင်းညိတ်ခဲ့ရုံသာ
ဒါပေမယ့် အဖေဆုံးသွားပြီးနောက် ကျွန်မတို့ သားအမိကို Jackက စောင့်ရှောက်ပေးတော့ အဖေပြောတာ မှန်ပါတယ်
ကျွန်မ သူငယ်ချင်းတွေဆီက သူတို့ကောင်လေးတွေ ဖောက်ပြန်တဲ့အကြောင်းတွေ မကြာခဏကြားဖူးပါတယ် Jackက တော့ အဲ့လိုကောင်လေးတွေထဲမပါခဲ့ဘူး
"Roseanne.... Lisaဆိုတဲ့ နာမည်ကိုဘဲ ခေါ်ရင်း သတိရလာပြီး ကိုယ့်ကို မင်း လုံးဝမမှတ်မိခဲ့ဘူး ပြီးတော့ ကိုယ် မင်းကိုတစ်ခါမှ ပေးခွင့်မရတဲ့ Hickey က မင်းလည်ပင်းမှာပေါ်လာတယ် "
"Jack. ..ရှင် ကျွန်မကို သေချာသိတယ်မဟုတ်လား ကျွန်မ ဘယ်တုန်းက သစ္စာဖောက်ဖူးခဲ့လည်း ရှင် ကျွန်မကို မယုံရင် လက်မထပ်ပါနဲ့ ရှင်ရော ကျွန်မရော စိတ်ပင်ပန်းရမယ် "
"Roseanne ဘယ်သွားမလို့လည်း "
"ဘာဓာတ်မှန်မှမရိုက်တော့ဘူး ကျွန်မ ပင်ပန်းနေပြီ အိမ်ပြန်တော့မယ် "
သူ့ဘေးကလှည့်ထွက်သွားတဲ့ ကျွန်မလက်ကို Jackလှမ်းဆွဲပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်
"ကိုယ် တောင်းပန်ပါတယ်..... မင်းကို ခဏတာ သံသယဝင်မိသွားလို့ ကိုယ်တောင်းပန်ပါတယ် ..."
"သွားပါ ခုမှလာပြီး "
"ဒီနေ့ ဖြစ်ခဲ့တာတွေကို မေ့လိုက်ရအောင် Roseanne "
မေ့ရမယ်.....အင်း အိမ်မက်လား တကယ်လား အဖြေရှာမရတဲ့ ကျွန်မအတွက် ဒီနေ့ဖြစ်ပျက်ခဲ့တာတွေက မေ့ဖို့ လွယ်ကူပါ့မလား.....
Lisa's POV
Annaရဲ့ alarmကြောင့် ငါ အိပ်ရာက နိုးလာတယ်
အိပ်ရာက နိုးနိုးချင်း ငါ့စိတ်ထဲ ဝမ်းနည်းသလို ခံစားနေတယ်
လှေပေါ်မှာ မတ်တပ်ရပ်နေတဲ့ အဲ့ဒီကောင်မလေးကို ထပ်ပြီး အိမ်မက်မက်နေပြန်ပြီ
ဆံပင်ရွှေရောင်လေးနဲ့ အဝါရောင် bikiniကို ဝတ်ထားပြီး ငါ့ကို ပြုံးပြနေတဲ့ကောင်မလေး
အိမ်မက်အကြောင်းကို ပြန်တွေးတိုင်း ငါ့ရဲ့ နံရိုးထဲကနေ တဆစ်ဆစ်ဖြစ်ရတဲ့အထိ နာကျင်လာတယ်
နာကျင်မှုနဲ့အတူ ကောင်မလေးကို မြင်ယောင်မိတိုင်း ငါ့ရဲ့ နှလုံးသားတစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားရသေးတယ်
"အစောကြီး နိုးနေတာလား Tuesday မို့လို့ နင် နောက်ကျမှထမယ်ထင်နေတာ "
Annaက ဘီဒိုထဲ အဝတ်ထည့်ဖို့လာရင်း အိပ်ရာကနိုးနေတဲ့ ငါ့ကို တွေ့လို့ နှုတ်ဆက်သည်
ငါက နင်တို့ထင်ထားတာထက် ပိုပြီး လူ့ဂွစာဆန်တယ်
လှေပေါ်က ကောင်မလေးကလေ အမြဲတမ်း ငါ့ကို ထားသွားတဲ့အချိန်ဆို တကယ်ကို မကျေနပ်သလို ခံစားရတယ်
ပြီးတော့ အပြစ်ရှိသလိုလည်း ခံစားရတယ်
ငါ့မှာ ကောင်မလေးရှိရက်နဲ့ တစ်ခြားမိန်းကလေးကို အိမ်မက်ခဏခဏမက်နေတာ မကောင်းဘူးမဟုတ်လား
"Alarm သံကြောင့် နိုးလာတာ ပြီးတော့ ငါလည်း လုပ်စရာရှိသေးလို့ အိပ်ရာကထလာတာ "
"အယ် ငါ့alarmပိတ်ဖို့မေ့သွားတာ sorryပါ... "
"ရပါတယ် ဒါဆို ငါ ရေသွားကူးအုံးမယ် Anna "
"မနက်စာစားသွားအုံးလေ "
"မစားတော့ဘူး "
အဝတ်အစားတွေကို ကျောပိုးအိတ်ထဲထည့်ပြီး ငါ အမြဲကူးနေကြ ရေကူးကန်ကို ထွက်လာခဲ့လိုက်တယ်
ရေကူးရင်း တွေးနေမိတာကတော့ ငါ့ဘဝတစ်လျှောက်လုံး ရိုးရိုးရှင်းရှင်းလေးနဲ့ ဖြတ်သန်းနိုင်ဖို့ဘဲ
ငါတတ်ချင်တဲ့ ကောလိပ်တတ်နိုင်ပြီး ငါဝါသနာပါတဲ့ ရေကူးခြင်းကိုလည်း နေ့တိုင်းလုပ်ခွင့်ရပေမယ့် ဘာလို့ အမြဲတမ်း တစ်ခုခုလိုအပ်နေသေးလို ပျောက်ဆုံးနေသလို ခံစားနေရတာလည်း...
ပြီးတော့ တစ်ခါမှ အပြင်မှာ မမြင်ဖူးတဲ့ မိန်းကလေးကို ဘာလို့ Yunaထက် ပိုပြီး ခံစားချက်ရှိနေမိတာလည်း
ရေကူးလို့ပြီးတဲ့နောက်မှာတော့ မနေ့ညက ငါ့ကို တစ်ညလုံး မအိပ်ရအောင်လုပ်ထားတဲ့ ကျေးဇူးရှင်လူနာကို ကြည့်ဖို့ ဆေးရုံကိုထွက်လာခဲ့တယ်
Ellaတဲ့ သူက ငါ့လူနာ ခုနှစ်နှစ်အရွယ်ကလေးမလေးလေ
Ellaရဲ့အခန်းထဲ ဝင်တော့ ကလေးမလေးရဲ့ အမေက တစ်ညလုံးပင်ပန်းလို့ ထင်ပါရဲ့ အိပ်ပျော်နေတယ်
Ellaကတော့ ရောင်စုံဖယောင်းခဲတွေနဲ့ ပန်းချီဆွဲနေလေရဲ့
Ellaကို စကားပြော စစ်ဆေးပြီးနောက်မှာတော့ ငါ အာရုံကြောဌာနာဘက်ကို ထွက်လာခဲ့တယ်
အာရုံကြောဌာနာဘက်ကို ရောက်တော့ အရေးပေါ်လှေကားကနေ ထွက်လာပြီး ဓာတ်လှေကားရှေ့ ရပ်ကာ ခလုတ်နှိပ်နေတဲ့ စုံတွဲ တစ်တွဲကို သတိထားမိသွားတယ်
ကောင်လေးရဲ့ ဘေးနားက ကောင်မလေးက ဘေးတိုက်အနေအထားနဲ့တောင် တစ်စုံတစ်ယောက်နဲ့ တူနေသလို ရင်းနှီးနေသလို ခံစားနေရတယ်
ဆံပင်ရွှေရောင်နဲ့ကောင်မလေးကို ကြည့်ရင်း သူ့ဘေးကကောင်လေးကိုတောင် ဂရုမစိုက်ဘဲ သူ့ဆီသွားချင်စိတ်တွေဖြစ်လာတယ်
"Doctor... ..Riner မိသားစုက Doctorနဲ့တွေ့ချင်လို့ပါတဲ့ "
ရုတ်တရက် ကျွန်မဆီရောက်လာတဲ့ သူနာပြုကို ခေါင်းညိတ်ပြပြီး ဓာတ်လှေကားဘက် ကြည့်လိုက်တော့ ခုနကောင်မလေးတို့အတွဲက မရှိတော့ဘူး
ဘာမှမရှိတဲ့ နေရာကို ကြည့်မိရင်း ဘာလို့ တစ်ခုခုဆုံးရှုံးသွားသလို ခံစားရပြီး ရင်ဘတ်က အောင့်လာတာလည်း
#tbc
Zawgyi
Roseanne's POV
ဆရာဝန္က အာ႐ုံေၾကာဌာနကို သြားဖို႔ ေျပာေသာေၾကာင့္ ကြၽန္မတို႔လည္း ေလွကားကေနတစ္ဆင့္ အာ႐ုံေၾကာဌာနသို႔ သြားလိုက္သည္
Jackကေတာ့ တစ္လမ္းလုံး ဘာမွမေျပာဘဲ တိတ္ဆိတ္ေနတယ္
လည္ပင္းက အနီေရာင္အကြက္ေလးကို ျမင္ကတည္းက Jack တိတ္ဆိတ္သြားခဲ့တာေလ
"ရွင္ ဘာေတြေတြးေနတာလည္း ေျပာပါအုံး ဒီဟာက Hickey မဟုတ္ဘူးဆိုတာ သိတယ္မဟုတ္လား "
"ကိုယ္ သိထားသမွ်ကေတာ့ ဒီ Hickey က ကိုယ္ေပးတာ မဟုတ္ဘူးဆိုတာဘဲ "
Jackရဲ႕ စကားေၾကာင့္ ကြၽန္မ တိတ္တိတ္ေလးညည္းၫူမိသည္
မည္သို႔ပင္ဆိုေစကာမူ အိမ္မက္ထဲက Lisaေပးတဲ့ Hickey က လက္ေတြ႕ဘဝထိ ပါလာစရာမလိုဘူးေလ ဟုတ္တယ္မလား
"မေန႕ညကေရာ ဒီေန႕ေရာ ကြၽန္မနဲ႕ ရွင္အတူရွိေနတာဘဲေလ မဟုတ္ဘူးလား လည္ပင္းမွာ အနီကြက္ရွိေနခဲ့ရင္ ရွင္သတိထားမိရမွာေပါ့.... အခုက လဲက်တဳံးက ေက်ာက္ခဲဘာညာနဲ႕ ရိုက္မိလို႔ ဒဏ္ျဖစ္တာေနမွာ "
Jackကို ကြၽန္မ ေျဖရွင္းခ်က္ေပးေနရင္း ေျခေခ်ာ္ၿပီး ေလွကားေပၚက ျပဳတ္က်မလိုျဖစ္သြားတယ္
Jackက ခ်က္ခ်င္းဘဲ ကြၽန္မကို လွမ္းဆြဲလိုက္တယ္
သူ စိတ္ဆိုးေနတာေတာင္မွ ကြၽန္မကို ဂ႐ုစိုက္ ကာကြယ္ေပးေနတုံးဘဲ
ဒီပုံစံကို ကြၽန္မရဲ႕ အေဖက ျမင္ခဲ့တာေနမွာ
မွတ္မိပါေသးတယ္ အေဖေျပာခဲ့တဲ့စကားကို
အဲ့အခ်ိန္တုန္းက ကြၽန္မ ေကာလိပ္ေက်ာင္းသူ အသက္ ၂၀အ႐ြယ္ရွိပါေသးတယ္
ကြၽန္မ ေကာလိပ္က ျပန္လာေတာ့ ျပတင္းေပါက္ကေန အျပင္ဘက္က ဘတ္စ္ကတ္ေဘာ ေဆာ့ေနတဲ့ Jack တို႔ကို အေဖက ရပ္ၾကည့္ေနခဲ့တယ္ေလ
"Roseanne သမီး.... Jackကို လက္ထပ္ပါ သူက သမီးဘဝကို လုံၿခဳံေအာင္ ကာကြယ္ေပးနိုင္တယ္ "
အဲ့ဒီတုန္းကေတာ့ အေဖက က်န္းမာေရး သိပ္မေကာင္းလို႔ အေဖ့ကို စိတ္မညစ္ေစခ်င္လို႔ ေခါင္းညိတ္ခဲ့႐ုံသာ
ဒါေပမယ့္ အေဖဆုံးသြားၿပီးေနာက္ ကြၽန္မတို႔ သားအမိကို Jackက ေစာင့္ေရွာက္ေပးေတာ့ အေဖေျပာတာ မွန္ပါတယ္
ကြၽန္မ သူငယ္ခ်င္းေတြဆီက သူတို႔ေကာင္ေလးေတြ ေဖာက္ျပန္တဲ့အေၾကာင္းေတြ မၾကာခဏၾကားဖူးပါတယ္ Jackက ေတာ့ အဲ့လိုေကာင္ေလးေတြထဲမပါခဲ့ဘူး
"Roseanne.... Lisaဆိုတဲ့ နာမည္ကိုဘဲ ေခၚရင္း သတိရလာၿပီး ကိုယ့္ကို မင္း လုံးဝမမွတ္မိခဲ့ဘူး ၿပီးေတာ့ ကိုယ္ မင္းကိုတစ္ခါမွ ေပးခြင့္မရတဲ့ Hickey က မင္းလည္ပင္းမွာေပၚလာတယ္ "
"Jack. ..ရွင္ ကြၽန္မကို ေသခ်ာသိတယ္မဟုတ္လား ကြၽန္မ ဘယ္တုန္းက သစၥာေဖာက္ဖူးခဲ့လည္း ရွင္ ကြၽန္မကို မယုံရင္ လက္မထပ္ပါနဲ႕ ရွင္ေရာ ကြၽန္မေရာ စိတ္ပင္ပန္းရမယ္ "
"Roseanne ဘယ္သြားမလို႔လည္း "
"ဘာဓာတ္မွန္မွမရိုက္ေတာ့ဘူး ကြၽန္မ ပင္ပန္းေနၿပီ အိမ္ျပန္ေတာ့မယ္ "
သူ႕ေဘးကလွည့္ထြက္သြားတဲ့ ကြၽန္မလက္ကို Jackလွမ္းဆြဲၿပီး သူ႕ရင္ခြင္ထဲဆြဲသြင္းလိုက္တယ္
"ကိုယ္ ေတာင္းပန္ပါတယ္..... မင္းကို ခဏတာ သံသယဝင္မိသြားလို႔ ကိုယ္ေတာင္းပန္ပါတယ္ ..."
"သြားပါ ခုမွလာၿပီး "
"ဒီေန႕ ျဖစ္ခဲ့တာေတြကို ေမ့လိုက္ရေအာင္ Roseanne "
ေမ့ရမယ္.....အင္း အိမ္မက္လား တကယ္လား အေျဖရွာမရတဲ့ ကြၽန္မအတြက္ ဒီေန႕ျဖစ္ပ်က္ခဲ့တာေတြက ေမ့ဖို႔ လြယ္ကူပါ့မလား.....
Lisa's POV
Annaရဲ႕ alarmေၾကာင့္ ငါ အိပ္ရာက နိုးလာတယ္
အိပ္ရာက နိုးနိုးခ်င္း ငါ့စိတ္ထဲ ဝမ္းနည္းသလို ခံစားေနတယ္
ေလွေပၚမွာ မတ္တပ္ရပ္ေနတဲ့ အဲ့ဒီေကာင္မေလးကို ထပ္ၿပီး အိမ္မက္မက္ေနျပန္ၿပီ
ဆံပင္ေ႐ႊေရာင္ေလးနဲ႕ အဝါေရာင္ bikiniကို ဝတ္ထားၿပီး ငါ့ကို ၿပဳံးျပေနတဲ့ေကာင္မေလး
အိမ္မက္အေၾကာင္းကို ျပန္ေတြးတိုင္း ငါ့ရဲ႕ နံရိုးထဲကေန တဆစ္ဆစ္ျဖစ္ရတဲ့အထိ နာက်င္လာတယ္
နာက်င္မႈနဲ႕အတူ ေကာင္မေလးကို ျမင္ေယာင္မိတိုင္း ငါ့ရဲ႕ ႏွလုံးသားတစ္ခုလုံး ေပါက္ကြဲေတာ့မလို ခံစားရေသးတယ္
"အေစာႀကီး နိုးေနတာလား Tuesday မို႔လို႔ နင္ ေနာက္က်မွထမယ္ထင္ေနတာ "
Annaက ဘီဒိုထဲ အဝတ္ထည့္ဖို႔လာရင္း အိပ္ရာကနိုးေနတဲ့ ငါ့ကို ေတြ႕လို႔ ႏႈတ္ဆက္သည္
ငါက နင္တို႔ထင္ထားတာထက္ ပိုၿပီး လူ႕ဂြစာဆန္တယ္
ေလွေပၚက ေကာင္မေလးကေလ အၿမဲတမ္း ငါ့ကို ထားသြားတဲ့အခ်ိန္ဆို တကယ္ကို မေက်နပ္သလို ခံစားရတယ္
ၿပီးေတာ့ အျပစ္ရွိသလိုလည္း ခံစားရတယ္
ငါ့မွာ ေကာင္မေလးရွိရက္နဲ႕ တစ္ျခားမိန္းကေလးကို အိမ္မက္ခဏခဏမက္ေနတာ မေကာင္းဘူးမဟုတ္လား
"Alarm သံေၾကာင့္ နိုးလာတာ ၿပီးေတာ့ ငါလည္း လုပ္စရာရွိေသးလို႔ အိပ္ရာကထလာတာ "
"အယ္ ငါ့alarmပိတ္ဖို႔ေမ့သြားတာ sorryပါ... "
"ရပါတယ္ ဒါဆို ငါ ေရသြားကူးအုံးမယ္ Anna "
"မနက္စာစားသြားအုံးေလ "
"မစားေတာ့ဘူး "
အဝတ္အစားေတြကို ေက်ာပိုးအိတ္ထဲထည့္ၿပီး ငါ အၿမဲကူးေနၾက ေရကူးကန္ကို ထြက္လာခဲ့လိုက္တယ္
ေရကူးရင္း ေတြးေနမိတာကေတာ့ ငါ့ဘဝတစ္ေလွ်ာက္လုံး ရိုးရိုးရွင္းရွင္းေလးနဲ႕ ျဖတ္သန္းနိုင္ဖို႔ဘဲ
ငါတတ္ခ်င္တဲ့ ေကာလိပ္တတ္နိုင္ၿပီး ငါဝါသနာပါတဲ့ ေရကူးျခင္းကိုလည္း ေန႕တိုင္းလုပ္ခြင့္ရေပမယ့္ ဘာလို႔ အၿမဲတမ္း တစ္ခုခုလိုအပ္ေနေသးလို ေပ်ာက္ဆုံးေနသလို ခံစားေနရတာလည္း...
ၿပီးေတာ့ တစ္ခါမွ အျပင္မွာ မျမင္ဖူးတဲ့ မိန္းကေလးကို ဘာလို႔ Yunaထက္ ပိုၿပီး ခံစားခ်က္ရွိေနမိတာလည္း
ေရကူးလို႔ၿပီးတဲ့ေနာက္မွာေတာ့ မေန႕ညက ငါ့ကို တစ္ညလုံး မအိပ္ရေအာင္လုပ္ထားတဲ့ ေက်းဇူးရွင္လူနာကို ၾကည့္ဖို႔ ေဆး႐ုံကိုထြက္လာခဲ့တယ္
Ellaတဲ့ သူက ငါ့လူနာ ခုႏွစ္ႏွစ္အ႐ြယ္ကေလးမေလးေလ
Ellaရဲ႕အခန္းထဲ ဝင္ေတာ့ ကေလးမေလးရဲ႕ အေမက တစ္ညလုံးပင္ပန္းလို႔ ထင္ပါရဲ႕ အိပ္ေပ်ာ္ေနတယ္
Ellaကေတာ့ ေရာင္စုံဖေယာင္းခဲေတြနဲ႕ ပန္းခ်ီဆြဲေနေလရဲ႕
Ellaကို စကားေျပာ စစ္ေဆးၿပီးေနာက္မွာေတာ့ ငါ အာ႐ုံေၾကာဌာနာဘက္ကို ထြက္လာခဲ့တယ္
အာ႐ုံေၾကာဌာနာဘက္ကို ေရာက္ေတာ့ အေရးေပၚေလွကားကေန ထြက္လာၿပီး ဓာတ္ေလွကားေရွ႕ ရပ္ကာ ခလုတ္ႏွိပ္ေနတဲ့ စုံတြဲ တစ္တြဲကို သတိထားမိသြားတယ္
ေကာင္ေလးရဲ႕ ေဘးနားက ေကာင္မေလးက ေဘးတိုက္အေနအထားနဲ႕ေတာင္ တစ္စုံတစ္ေယာက္နဲ႕ တူေနသလို ရင္းႏွီးေနသလို ခံစားေနရတယ္
ဆံပင္ေ႐ႊေရာင္နဲ႕ေကာင္မေလးကို ၾကည့္ရင္း သူ႕ေဘးကေကာင္ေလးကိုေတာင္ ဂ႐ုမစိုက္ဘဲ သူ႕ဆီသြားခ်င္စိတ္ေတြျဖစ္လာတယ္
"Doctor... ..Riner မိသားစုက Doctorနဲ႕ေတြ႕ခ်င္လို႔ပါတဲ့ "
႐ုတ္တရက္ ကြၽန္မဆီေရာက္လာတဲ့ သူနာျပဳကို ေခါင္းညိတ္ျပၿပီး ဓာတ္ေလွကားဘက္ ၾကည့္လိုက္ေတာ့ ခုနေကာင္မေလးတို႔အတြဲက မရွိေတာ့ဘူး
ဘာမွမရွိတဲ့ ေနရာကို ၾကည့္မိရင္း ဘာလို႔ တစ္ခုခုဆုံးရႈံးသြားသလို ခံစားရၿပီး ရင္ဘတ္က ေအာင့္လာတာလည္း
#tbc
Bạn đang đọc truyện trên: Truyen3h.Co