Truyen3h.Co

အိမ်မက်ထဲက သူ

Part 21

KimFany059

#unicode

Lisa's POV

တောင်ကုန်းပေါ်မှာ Roseanneနဲ့ ငါ ကားနောက်ခန်းထဲ တစ်ညအိပ်ပြီးနောက်မှာတော့ Roseanneကို ငါအိမ်ပြန်ပို့ပေးခဲ့တယ်

ခံစားချက်က အထက်တန်းကျောင်းသူတွေ ရည်းစားထားပြီး ပြန်လိုက်ပို့ပေးတဲ့အတိုင်းဘဲ

ဒီနေ့တော့ ရေမကူးတော့ဘဲ အိမ်ပြန်ပြီးအနားယူဖို့ဘဲ စဥ်းစားမိသည်

ပြီးတော့ Tumorကို ဘယ်လိုကုသရမလည်းဆိုတာ တွေးတောစိတ်ပူနေမိသေးတယ်...

Roseanneနဲ့တစ်ညအတူတူအိပ်ပြီး အခု ငါအခုထပ်သိရတာက Roseanneကို မဆုံးရှုံးချင်ဘူး

အိမ်ကိုရောက်တော့ တံခါးကိုဖွင့်ပြီး အထဲဝင်လိုက်သောအခါ Annaကို တွေ့လိုက်ရသည်

Annaက ဧည့်ခန်းမှာ ထိုင်နေပြီး အိမ်ထဲကို ဝင်လာတဲ့ ဖောက်ပြန်တဲ့ မိန်းမကိုကြည့်နေတဲ့ အကြည့်နဲ့ ငါ့ကိုကြည့်နေသည်

"မနေ့က အင်းကို ငါသွားခဲ့သေးတယ် အင်းကို မလာခင် ဒီကိုရောက်လာသေးတယ် ငါပြန်တောင်းပန်ပြီး ငါတို့အဆင်​ပြေအောင် ပြန်လုပ်ကြမလားလို့လေ ဒါပေမယ့် နင်က ဒီအိမ်မှာ မရှိဘူး အဲ့တာမို့လို့ ငါ အင်းဘက်ကို ထွက်လာခဲ့တာ.."

"အင်း ဟုတ်တယ် "

"ဒီတော့ နင် အင်းကို တစ်​ယောက်ယောက်ခေါ်သွားတယ်ပေါ့ ဒါပေမယ့် နင်ငါ့ကိုတော့ ခေါ်မသွားဖူးဘူးနော် "

"နင်ကလည်း အင်းကိုသွားချင်တယ်လို့ ငါ့ကို မပြောဖူးဘူးလေ "

"နင်ကရော ငါ့ကို မေးခဲ့လား... ငါကတော့ နင်နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေတာ နင်ကတော့ အဲ့မိန်းကလေး အတွက်နဲ့ ငါ့ကို ကန်ထုတ်ခဲ့တာ.....အဲ့မိန်းကလေးနဲ့ကျ အင်းမှာအတူနေခဲ့တယ်ပေါ့ ဟုတ်လား "

"အဲ့လိုမဟုတ်ဘူး "

"ဒါဆို ဘာလည်း Lisa..."

Annaက ထရပ်ပြီး ငါ့ကို အော်လိုက်တယ်

"ငါက.... ငါသိသွားတာက နင်က တစ်ခြားသူကို စိတ်ဝင်စားနေတာ...ဘယ်လိုဖြစ်လို့လည်း Lisa ပြောစမ်းပါအုံး သူနဲ့ဘယ်လိုသိတာလည်း "

"သူနဲ့သိတာ ကြာနေပြီ ပြီးတော့ သူက အသက်ရှင်ဖို့ သိပ်မကျန်တော့ဘူးရယ် ဒါကြောင့်မို့ သူအသက်ရှင်နေနိုင်တုံး သူနဲ့အတူ..."

"သြော် ဒါဆို သူက နင့်လူနာပေါ့ ဟုတ်လား  သူ့ကိုသိနေတာကြာပြီဆို ဘာလို့တစ်ခြားဆရာဝန်ဆီ လွှဲမပေးတာလည်း "

"သူက ငါကုပေးတာကိုဘဲ ခံချင်တာတဲ့ "

"သူနဲ့ နင် ဘယ်လိုသိတာလည်း နင်ပြောဖူးသလောက် နင့်မှာငယ်ကတည်းကခင်ခဲ့သိလာတဲ့သူ မရှိဘူးလေ သူ့ကိုဘယ်ကသိလာတာလည်း "

"ကောလိပ်ကနေ သိလာတာ "

"ကောလိပ်အကြောင်း ငါတို့ ခဏခဏပြောခဲ့ပေမယ့် နင် သူ့အကြောင်းတော့ တစ်ခါမှမပြောခဲ့ဘူးနော် "

"အဲ့တုံးက သူ့ကို သဘောမကျမိသေးဘူး..."

"သောက်ရမ်းမိုက်တယ် Lisa..ငါကတော့ နင်နဲ့အတူနေဖို့ ကြိုးစားနေချိန် နင်ကတော့ တစ်ခြားတစ်ယောက်ကို Fuckဖို့ အစီအစဥ်ဆွဲနေတာပေါ့ "

"Anna......ငါတို့က ပြတ်သွားပြီလေ Roseanneကို ငါအင်းခေါ်သွားတဲ့နေ့က နင်နဲ့ပြတ်ပြီးတဲ့နေ့လေ နင်နဲ့ရှင်းရှင်းလင်းလင်း ရှင်းပြီးမှ .. "

"အေး ဟုတ်ပြီ ကောင်းပြီ Lisa.... ကျေးဇူးပါ "

Annaက ငါ့ကို ခနဲ့ပြီး အိမ်ကနေ ထွက်သွားတယ်

ROSEANNE's POV

Lisaနဲ့ သူ့မောင် Bambamတို့ရဲ သစ်တောထဲက အိမ်လေးက နှင်းစက်တွေကို ဖယ်ရှားလို့ပြီးသွားပြီ

"နင့်အမေတို့က ဒါမျိုးလုပ်ခွင့်ပြုမယ်ထင်တောင်မထားဘူး "

သစ်သားပြားထဲ သံရိုက်ထည့်နေတဲ့ Lisaကို ကြည့်ရင်း ကျွန်မပြောလိုက်သည်

"ငါ့အဖေငယ်ငယ်တုံးကလည်း သူ့ဆီမှာ သစ်ပင်အိမ်လေးရှိတယ်  တစ်အိမ်လုံးကို သူဘဲ ဆောက်ထားတာ "

"သူ အခုရော အဲ့အိမ်လေးရှိသေးလား "

"လူကြီးဖြစ်လာပြီလေ Roseanneရ "

"ဟင့် ငါသာ အရွယ်ရောက်လာလည်း သစ်ပင်ပေါ်ဆောက်ထားတဲ့အိမ်လေးမှာဘဲ နေမိမှာ "

"ငါလည်း အရွယ်ရောက်လာရင် နင့်ကို လက်ထပ်မှာ Lisa..."

"တကယ်လား "

ကျွန်မကမေးတော့ Lisaက ခေါင်းညိတ်ပြသည်

အဲ့နေ့က ပျော်ပြီး ကျွန်မအိမ်ကို ပြန်ရောက်လာတယ်

"တို့ အနာဂတ်ကို သွားကြည့်ပေးရမလား..Lisaက မင့်ကိုလက်ထပ်ဖြစ်မလားဆိုတာ..."

ကျွန်မ အိပ်ပျော်နေတုံး အမှောင်ထဲက မိန်းမတစ်ယောက် ရယ်သံနဲ့အတူ စကားတွေပါကြားနေရသည်

"အနာဂတ်ကို သွားကြည့်ခွင့်မရှိဘူးမလား "

အဲ့မိန်းမက သူမဟာ time traveller ဖြစ်ကြောင်း ကျွန်မကို ညတိုင်းပြောပြတယ် အထူးသဖြင့် အတိတ်ကိုပြန်သွားတဲ့အကြောင်းတွေ ပြီးတော့ အနာဂတ်ကို time travller လုပ်တာက အန္တရာယ်ရှိကြောင်းလည်း ပြောပြသေးတယ် ဘာလို့လည်းဆို အနာဂတ်မှာ ဘာရှိနေလည်း ကြိုမသိနိုင်လို့တဲ့

"သမီးက အန်တီ့လို အချိန်ကို မခုန်ကူးနိုင်ရင်ဘယ်လိုလုပ်မလည်း "

"အို သမီးရယ် မပူပါနဲ့ သူ့အလိုလိုဖြစ်လာမယ့်အချိန်ရောက်လာမှာပါ "

"ဘယ်အချိန်လည်းဟင် "

"တစ်စုံတစ်ခုကို သမီး အရမ်းလိုလာတဲ့အချိန်ပေါ့ "

ထိုအမျိုးသမီး ကျွန်မနဖူးကို နမ်းလိုက်တဲ့အချိန် ကျွန်မ အိပ်ရာကနိုးလာတယ်

အိမ်မက်ထဲက မျက်နှာမမြင်ရတဲ့ အမျိုးသမီးက ဘယ်သူများလည်း...ကျွန်မ အမေများဖြစ်နေမလား မဖြစ်နိုင်ပါဘူး အိမ်မက်ထဲက အမျိုးသမီးရေမွှေးနံ့က ကျွန်မ အမေသုံးတဲ့ရေမွှေးမဟုတ်ဘူး...

knock knock

"Roseanne သမီး ထတော့ အမေ မနက်စာပြင်ပေးထားတယ် "

Lisa ပြန်လိုက်ပို့ပြီးနောက် ကျွန်မ ပင်ပန်းလို့ ခဏ အိပ်ပျော်သွားတာဘဲ

မျက်နှာသစ်ပြီး ကျွန်မ အခန်းထဲကထွက်လာလိုက်တယ်

အမေက ပန်ကိတ်လုပ်ပေးထားတာဘဲ

အမေနဲ့ မနက်စာအတူစားရင်း ကျွန်မအဖေရဲ့ ညီမကို ရုတ်တရက် သတိရမိသွားတယ်

အချိန်ကို ခုန်ကူးနိုင်တဲ့ စွမ်းအားရှိတဲ့လူတွေက မျိုးရိုးလိုက်တတ်တယ် မဟုတ်လား ဒါဆို.... ဒါဆို ကျွန်မကလည်း မျိုးရိုးလိုက်တာများလား ပြီးတော့ အဖေ့ညီမကလည်း ပဲရစ်ကိုရောက်သွားပြီး ပျောက်သွားတယ်လို့ ကြားဖူးတယ်

"အမေ့ အမေ '

"ဘာလည်း သမီး "

"Aunty Eleanorက Parisမှာ နေတာလား ဒီကိုတစ်ခါမှ လာမလည်ဘူးလား "

"ဟုတ်တယ် သူအဲဲဲ့ဒီမှာဘဲ နေတာ ပြန်မလာဘူး "

"Aunty Eleanor ရဲ့ ဓာတ်ပုံ အဖေ့ထဲရှိလား သမီး အဖေပြောပြလို့ နာမည်လောက်ဘဲ သိတာ မမြင်ဖူးဘူး အမေရောမြင်ဖူးလား "

"မမြင်ဖူးဘူး "

"ဟင် အမေ ဓာတ်ပုံလေးတောင် မမြင်ဖူးဘူးလား "

"အင်း သမီးအဖေပြောပြပုံအရ သူက ထူးဆန်းတယ်တဲ့ ဓာတ်ပုံရိုက်လေ့မရှိဘူးတဲ့ "

အမေ့စကားကြောင့် ကျွန်မ အေးခဲသွားတယ် Lilyဆိုတဲ့ကောင်မလေးကလည်း တစ်လောက Barမှာ သူအကြိုက်ဆုံး bandနဲ့ ဓာတ်ပုံရိုက်မလား မေးတာတောင် ငြင်းဆန်ခဲ့တယ်လေ

ကြည့်ရတာ သူ အချိန်ခရီးသွားဖြစ်ကြောင်း သက်သေတွေ ကျန်ခဲ့မှာဆိုးလို့ ထင်ပါရဲ့

ဒါဆိုရင် ကျွန်မရဲ့ အဒေါ်ကရော ....

"အမေ့ဆီမှာ တစ်ညထပ်နေလိုက်အုံးမယ် Lisa..."

ကျွန်မရဲ့ စကားကိုကြားတော့ တစ်ဖက်က Lisaက စိတ်ပျက်သွားဟန်တူသည် သက်ပြင်းချသံကို ကြားရသည်

"အဆင်ပြေရဲ့လား Lisa...."

"အင်း... ဘယ်လိုပြောရမလည်း အခု ငါဆေးရုံမှာ သော့ခတ်ထားတဲ့ ငါ့ရုံးခန်းကို ဖွင့်ဝင်တဲ့အချိန် မိန်းမတစ်ယောက်က ရုံးခန်းထဲ ရောက်နေတယ် ပြီးတော့ သူက နင့် fileကို ကြည့်နေတယ် "

"နင် နောက်နေတာလား Lisa "

"ရှိသေးတယ်  သူ ငါ့ကိုကြည့်နေရာကနေ ရုတ်တရက် Lily လိုမျိုးပျောက်ကွယ်သွားတယ် "

"ဟင် Lisa...သူ့ကိုမှတ်မိလား "

"အင်း ဆေးရုံလျှောက်လမ်းမှာ CCTVရှိလို့ ငါ အမြန်သွားစစ်လိုက်လို့ သူ့ဓာတ်ပုံတော့ ရလာတယ် ပို့လိုက်မယ် "

Lisa ပို့လိုက်တဲ့ ပုံကို ကျွန်မကြည့်ပြီး အရမ်းလန့်သွားတယ်

"သူဘဲ သူ...ငါငယ်ငယ်က အိမ်မက်တွေထဲ သူအမြဲပါတယ် အဲ့မိန်းမက... ငါ့ကို နင့်ဆီကဆွဲခေါ်သွားတာ "

#Tbc

#zawgyi

Lisa's POV

ေတာင္ကုန္းေပၚမွာ Roseanneနဲ႕ ငါ ကားေနာက္ခန္းထဲ တစ္ညအိပ္ၿပီးေနာက္မွာေတာ့ Roseanneကို ငါအိမ္ျပန္ပို႔ေပးခဲ့တယ္

ခံစားခ်က္က အထက္တန္းေက်ာင္းသူေတြ ရည္းစားထားၿပီး ျပန္လိုက္ပို႔ေပးတဲ့အတိုင္းဘဲ

ဒီေန႕ေတာ့ ေရမကူးေတာ့ဘဲ အိမ္ျပန္ၿပီးအနားယူဖို႔ဘဲ စဥ္းစားမိသည္

ၿပီးေတာ့ Tumorကို ဘယ္လိုကုသရမလည္းဆိုတာ ေတြးေတာစိတ္ပူေနမိေသးတယ္...

Roseanneနဲ႕တစ္ညအတူတူအိပ္ၿပီး အခု ငါအခုထပ္သိရတာက Roseanneကို မဆုံးရႈံးခ်င္ဘူး

အိမ္ကိုေရာက္ေတာ့ တံခါးကိုဖြင့္ၿပီး အထဲဝင္လိုက္ေသာအခါ Annaကို ေတြ႕လိုက္ရသည္

Annaက ဧည့္ခန္းမွာ ထိုင္ေနၿပီး အိမ္ထဲကို ဝင္လာတဲ့ ေဖာက္ျပန္တဲ့ မိန္းမကိုၾကည့္ေနတဲ့ အၾကည့္နဲ႕ ငါ့ကိုၾကည့္ေနသည္

"မေန႕က အင္းကို ငါသြားခဲ့ေသးတယ္ အင္းကို မလာခင္ ဒီကိုေရာက္လာေသးတယ္ ငါျပန္ေတာင္းပန္ၿပီး ငါတို႔အဆင္ေျပေအာင္ ျပန္လုပ္ၾကမလားလို႔ေလ ဒါေပမယ့္ နင္က ဒီအိမ္မွာ မရွိဘူး အဲ့တာမို႔လို႔ ငါ အင္းဘက္ကို ထြက္လာခဲ့တာ.."

"အင္း ဟုတ္တယ္ "

"ဒီေတာ့ နင္ အင္းကို တစ္ေယာက္ေယာက္ေခၚသြားတယ္ေပါ့ ဒါေပမယ့္ နင္ငါ့ကိုေတာ့ ေခၚမသြားဖူးဘူးေနာ္ "

"နင္ကလည္း အင္းကိုသြားခ်င္တယ္လို႔ ငါ့ကို မေျပာဖူးဘူးေလ "

"နင္ကေရာ ငါ့ကို ေမးခဲ့လား... ငါကေတာ့ နင္နဲ႕ ျပန္အဆင္ေျပဖို႔ ႀကိဳးစားေနတာ နင္ကေတာ့ အဲ့မိန္းကေလး အတြက္နဲ႕ ငါ့ကို ကန္ထုတ္ခဲ့တာ.....အဲ့မိန္းကေလးနဲ႕က် အင္းမွာအတူေနခဲ့တယ္ေပါ့ ဟုတ္လား "

"အဲ့လိုမဟုတ္ဘူး "

"ဒါဆို ဘာလည္း Lisa..."

Annaက ထရပ္ၿပီး ငါ့ကို ေအာ္လိုက္တယ္

"ငါက.... ငါသိသြားတာက နင္က တစ္ျခားသူကို စိတ္ဝင္စားေနတာ...ဘယ္လိုျဖစ္လို႔လည္း Lisa ေျပာစမ္းပါအုံး သူနဲ႕ဘယ္လိုသိတာလည္း "

"သူနဲ႕သိတာ ၾကာေနၿပီ ၿပီးေတာ့ သူက အသက္ရွင္ဖို႔ သိပ္မက်န္ေတာ့ဘူးရယ္ ဒါေၾကာင့္မို႔ သူအသက္ရွင္ေနနိုင္တုံး သူနဲ႕အတူ..."

"ေၾသာ္ ဒါဆို သူက နင့္လူနာေပါ့ ဟုတ္လား  သူ႕ကိုသိေနတာၾကာၿပီဆို ဘာလို႔တစ္ျခားဆရာဝန္ဆီ လႊဲမေပးတာလည္း "

"သူက ငါကုေပးတာကိုဘဲ ခံခ်င္တာတဲ့ "

"သူနဲ႕ နင္ ဘယ္လိုသိတာလည္း နင္ေျပာဖူးသေလာက္ နင့္မွာငယ္ကတည္းကခင္ခဲ့သိလာတဲ့သူ မရွိဘူးေလ သူ႕ကိုဘယ္ကသိလာတာလည္း "

"ေကာလိပ္ကေန သိလာတာ "

"ေကာလိပ္အေၾကာင္း ငါတို႔ ခဏခဏေျပာခဲ့ေပမယ့္ နင္ သူ႕အေၾကာင္းေတာ့ တစ္ခါမွမေျပာခဲ့ဘူးေနာ္ "

"အဲ့တုံးက သူ႕ကို သေဘာမက်မိေသးဘူး..."

"ေသာက္ရမ္းမိုက္တယ္ Lisa..ငါကေတာ့ နင္နဲ႕အတူေနဖို႔ ႀကိဳးစားေနခ်ိန္ နင္ကေတာ့ တစ္ျခားတစ္ေယာက္ကို Fuckဖို႔ အစီအစဥ္ဆြဲေနတာေပါ့ "

"Anna......ငါတို႔က ျပတ္သြားၿပီေလ Roseanneကို ငါအင္းေခၚသြားတဲ့ေန႕က နင္နဲ႕ျပတ္ၿပီးတဲ့ေန႕ေလ နင္နဲ႕ရွင္းရွင္းလင္းလင္း ရွင္းၿပီးမွ .. "

"ေအး ဟုတ္ၿပီ ေကာင္းၿပီ Lisa.... ေက်းဇူးပါ "

Annaက ငါ့ကို ခနဲ႕ၿပီး အိမ္ကေန ထြက္သြားတယ္

ROSEANNE's POV

Lisaနဲ႕ သူ႕ေမာင္ Bambamတို႔ရဲ သစ္ေတာထဲက အိမ္ေလးက ႏွင္းစက္ေတြကို ဖယ္ရွားလို႔ၿပီးသြားၿပီ

"နင့္အေမတို႔က ဒါမ်ိဳးလုပ္ခြင့္ျပဳမယ္ထင္ေတာင္မထားဘူး "

သစ္သားျပားထဲ သံရိုက္ထည့္ေနတဲ့ Lisaကို ၾကည့္ရင္း ကြၽန္မေျပာလိုက္သည္

"ငါ့အေဖငယ္ငယ္တုံးကလည္း သူ႕ဆီမွာ သစ္ပင္အိမ္ေလးရွိတယ္  တစ္အိမ္လုံးကို သူဘဲ ေဆာက္ထားတာ "

"သူ အခုေရာ အဲ့အိမ္ေလးရွိေသးလား "

"လူႀကီးျဖစ္လာၿပီေလ Roseanneရ "

"ဟင့္ ငါသာ အ႐ြယ္ေရာက္လာလည္း သစ္ပင္ေပၚေဆာက္ထားတဲ့အိမ္ေလးမွာဘဲ ေနမိမွာ "

"ငါလည္း အ႐ြယ္ေရာက္လာရင္ နင့္ကို လက္ထပ္မွာ Lisa..."

"တကယ္လား "

ကြၽန္မကေမးေတာ့ Lisaက ေခါင္းညိတ္ျပသည္

အဲ့ေန႕က ေပ်ာ္ၿပီး ကြၽန္မအိမ္ကို ျပန္ေရာက္လာတယ္

"တို႔ အနာဂတ္ကို သြားၾကည့္ေပးရမလား..Lisaက မင့္ကိုလက္ထပ္ျဖစ္မလားဆိုတာ..."

ကြၽန္မ အိပ္ေပ်ာ္ေနတုံး အေမွာင္ထဲက မိန္းမတစ္ေယာက္ ရယ္သံနဲ႕အတူ စကားေတြပါၾကားေနရသည္

"အနာဂတ္ကို သြားၾကည့္ခြင့္မရွိဘူးမလား "

အဲ့မိန္းမက သူမဟာ time traveller ျဖစ္ေၾကာင္း ကြၽန္မကို ညတိုင္းေျပာျပတယ္ အထူးသျဖင့္ အတိတ္ကိုျပန္သြားတဲ့အေၾကာင္းေတြ ၿပီးေတာ့ အနာဂတ္ကို time travller လုပ္တာက အႏၱရာယ္ရွိေၾကာင္းလည္း ေျပာျပေသးတယ္ ဘာလို႔လည္းဆို အနာဂတ္မွာ ဘာရွိေနလည္း ႀကိဳမသိနိုင္လို႔တဲ့

"သမီးက အန္တီ့လို အခ်ိန္ကို မခုန္ကူးနိုင္ရင္ဘယ္လိုလုပ္မလည္း "

"အို သမီးရယ္ မပူပါနဲ႕ သူ႕အလိုလိုျဖစ္လာမယ့္အခ်ိန္ေရာက္လာမွာပါ "

"ဘယ္အခ်ိန္လည္းဟင္ "

"တစ္စုံတစ္ခုကို သမီး အရမ္းလိုလာတဲ့အခ်ိန္ေပါ့ "

ထိုအမ်ိဳးသမီး ကြၽန္မနဖူးကို နမ္းလိုက္တဲ့အခ်ိန္ ကြၽန္မ အိပ္ရာကနိုးလာတယ္

အိမ္မက္ထဲက မ်က္ႏွာမျမင္ရတဲ့ အမ်ိဳးသမီးက ဘယ္သူမ်ားလည္း...ကြၽန္မ အေမမ်ားျဖစ္ေနမလား မျဖစ္နိုင္ပါဘူး အိမ္မက္ထဲက အမ်ိဳးသမီးေရေမႊးနံ႕က ကြၽန္မ အေမသုံးတဲ့ေရေမႊးမဟုတ္ဘူး...

knock knock

"Roseanne သမီး ထေတာ့ အေမ မနက္စာျပင္ေပးထားတယ္ "

Lisa ျပန္လိုက္ပို႔ၿပီးေနာက္ ကြၽန္မ ပင္ပန္းလို႔ ခဏ အိပ္ေပ်ာ္သြားတာဘဲ

မ်က္ႏွာသစ္ၿပီး ကြၽန္မ အခန္းထဲကထြက္လာလိုက္တယ္

အေမက ပန္ကိတ္လုပ္ေပးထားတာဘဲ

အေမနဲ႕ မနက္စာအတူစားရင္း ကြၽန္မအေဖရဲ႕ ညီမကို ႐ုတ္တရက္ သတိရမိသြားတယ္

အခ်ိန္ကို ခုန္ကူးနိုင္တဲ့ စြမ္းအားရွိတဲ့လူေတြက မ်ိဳးရိုးလိုက္တတ္တယ္ မဟုတ္လား ဒါဆို.... ဒါဆို ကြၽန္မကလည္း မ်ိဳးရိုးလိုက္တာမ်ားလား ၿပီးေတာ့ အေဖ့ညီမကလည္း ပဲရစ္ကိုေရာက္သြားၿပီး ေပ်ာက္သြားတယ္လို႔ ၾကားဖူးတယ္

"အေမ့ အေမ '

"ဘာလည္း သမီး "

"Aunty Eleanorက Parisမွာ ေနတာလား ဒီကိုတစ္ခါမွ လာမလည္ဘူးလား "

"ဟုတ္တယ္ သူအဲဲဲ့ဒီမွာဘဲ ေနတာ ျပန္မလာဘူး "

"Aunty Eleanor ရဲ႕ ဓာတ္ပုံ အေဖ့ထဲရွိလား သမီး အေဖေျပာျပလို႔ နာမည္ေလာက္ဘဲ သိတာ မျမင္ဖူးဘူး အေမေရာျမင္ဖူးလား "

"မျမင္ဖူးဘူး "

"ဟင္ အေမ ဓာတ္ပုံေလးေတာင္ မျမင္ဖူးဘူးလား "

"အင္း သမီးအေဖေျပာျပပုံအရ သူက ထူးဆန္းတယ္တဲ့ ဓာတ္ပုံရိုက္ေလ့မရွိဘူးတဲ့ "

အေမ့စကားေၾကာင့္ ကြၽန္မ ေအးခဲသြားတယ္ Lilyဆိုတဲ့ေကာင္မေလးကလည္း တစ္ေလာက Barမွာ သူအႀကိဳက္ဆုံး bandနဲ႕ ဓာတ္ပုံရိုက္မလား ေမးတာေတာင္ ျငင္းဆန္ခဲ့တယ္ေလ

ၾကည့္ရတာ သူ အခ်ိန္ခရီးသြားျဖစ္ေၾကာင္း သက္ေသေတြ က်န္ခဲ့မွာဆိုးလို႔ ထင္ပါရဲ႕

ဒါဆိုရင္ ကြၽန္မရဲ႕ အေဒၚကေရာ ....

"အေမ့ဆီမွာ တစ္ညထပ္ေနလိုက္အုံးမယ္ Lisa..."

ကြၽန္မရဲ႕ စကားကိုၾကားေတာ့ တစ္ဖက္က Lisaက စိတ္ပ်က္သြားဟန္တူသည္ သက္ျပင္းခ်သံကို ၾကားရသည္

"အဆင္ေျပရဲ႕လား Lisa...."

"အင္း... ဘယ္လိုေျပာရမလည္း အခု ငါေဆး႐ုံမွာ ေသာ့ခတ္ထားတဲ့ ငါ့႐ုံးခန္းကို ဖြင့္ဝင္တဲ့အခ်ိန္ မိန္းမတစ္ေယာက္က ႐ုံးခန္းထဲ ေရာက္ေနတယ္ ၿပီးေတာ့ သူက နင့္ fileကို ၾကည့္ေနတယ္ "

"နင္ ေနာက္ေနတာလား Lisa "

"ရွိေသးတယ္  သူ ငါ့ကိုၾကည့္ေနရာကေန ႐ုတ္တရက္ Lily လိုမ်ိဳးေပ်ာက္ကြယ္သြားတယ္ "

"ဟင္ Lisa...သူ႕ကိုမွတ္မိလား "

"အင္း ေဆး႐ုံေလွ်ာက္လမ္းမွာ CCTVရွိလို႔ ငါ အျမန္သြားစစ္လိုက္လို႔ သူ႕ဓာတ္ပုံေတာ့ ရလာတယ္ ပို႔လိုက္မယ္ "

Lisa ပို႔လိုက္တဲ့ ပုံကို ကြၽန္မၾကည့္ၿပီး အရမ္းလန့္သြားတယ္

"သူဘဲ သူ...ငါငယ္ငယ္က အိမ္မက္ေတြထဲ သူအၿမဲပါတယ္ အဲ့မိန္းမက... ငါ့ကို နင့္ဆီကဆြဲေခၚသြားတာ "

#Tbc

Bạn đang đọc truyện trên: Truyen3h.Co