Truyen3h.Co

အိမ်မက်ထဲက သူ

Part 22

KimFany059

#unicode

Roseanne's Pov

ဒီနေ့မနက်မှာတော့ ကျွန်မ အမေ့အိမ်ကနေ ပြန်လာလိုက်သည်

တစ်ရက်လောက် တစ်ပတ်လောက် တစ်နှစ်လောက်ထပ်နေပါအုံးလို့ အမေမပြောခင် ကျွန်မ အမြန်လစ်ထွက်လာရသည်

မဟုတ်ရင် ကျွန်မ အားနာပြီး ဆက်နေရအုံးမယ်မဟုတ်လား

Jennieရဲ့ အိမ်မှာခဏနေဖို့ အတွက် Jennieဆီ ကျွန်မခွင့်တောင်းထားသည်

Jennieကလည်း ခွင့်ပြုထားပြီး တံခါးဖွင့်ဖို့တောင် Password ပေးထားသေးသည်

***

Lisaရဲ့ အလုပ်အတွက် ပြင်ဆင်နေတဲ့အသံကြောင့် ကျွန်မ အိပ်ရာက နိုးလာတယ်

ရုတ်တရက်ကြီး အစာအိမ်က လေတွေပျို့တက်လာသောကြောင့် ကျွန်မ အိပ်ရာက အမြန်ထပြီး အိမ်သာသို့ ပြေးရသေးသည်

အိမ်သာထဲ အော့အန်နေတဲ့ ကျွန်မကြောင့် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Lisaမှာ ကျွန်မဆီပြေးလာသည်

အော့အန်ပြီး အိမ်သာရေဆွဲချနေတဲ့ ကျွန်မကို Lisaက ကြည့်နေသည်

"ဟေး အဲ့လိုမကြည့်နဲ့လေ "

"ရော် ကိုယ်တို့က လက်ထပ်ပြီးပြီလေ ပြီးတော့ နေ့တိုင်း နီးပါး မင်းအော့အန်နေတာကို ရပ်ကြည့်နေရတာ "

"အဲ့လိုတွေ ခဏခဏဖြစ်နေလို့ ငါနဲ့ ဖောင်းဒိုင်းမလုပ်ချင်တော့ဘူးပေါ့လေ ဟုတ်လား "

ကျွန်မရဲ့ စကားကြောင့် Lisaက သဘောကျပြီး ရယ်လိုက်သည်

"မင်း ဘယ်လိုဘဲ ဖြစ်နေပါစေ ကိုယ်ကတော့ မင်းနဲ့ဖောင်းဒိုင်းချင်တုန်းပါဘဲ အချစ်ရယ် "

"ဒါဆို ငါ့မှာ ကိုယ်ဝန်ရှိနေရင်ရော နင် ဖောင်းဒိုင်းချင်အုံးမှာလား "

"ဟင်   ...."

Lisa အမြန်ဘဲ ဆေးဆိုင်ကို ပြေးကာ ကိုယ်ဝန်စစ်တံသွားဝယ်သည်

ဟုတ်နေတာဘဲ ကျွန်မ ကိုယ်ဝန်ရှိနေတာ

"ကလေးက လှေကားထစ်ပေါ်အိပ်ရတာ အဆင်ပြေမလား ဒါမှမဟုတ် အဝတ်လျှော်စက်ပေါ်အိပ်ရင် အဆင်ပြေမလား ဘာလို့ဆို ကိုယ်တို့မှာ လွတ်တဲ့နေရာဆိုလို့ အဲ့တာဘဲရှိတယ်"

Lisaက ကျွန်မကို သက်တောင့်သက်သာဖြစ်စေချင်လို့ ရယ်မောပြီးစနေတယ်

Lisaက စနောက်နေတယ်ဆိုပေမယ့်လည်း သူပြောတဲ့စကားကမှန်နေတာဘဲ... လက်ထပ်ပြီး သုံးလေးလလောက်မှ ကျွန်မကလည်း ကျောင်းစကတက်သလို သူကလည်း အလုပ်ပြန်လုပ်တာလေ

"အားလုံး အဆင်ပြေသွားမယ်မဟုတ်လား Lisa "

"ပြေသွားမှာပေါ့ လက်ဆောင်လေး ကိုယ်တို့ဆီရောက်လာလို့ အရမ်းပျော်တာဘဲ "

Lisa မသိသေးတဲ့အကြောင်းတွေရှိသေးတယ် မဟုတ်လား.... ကျွန်မ တွေးမိပြီး မျက်ရည်ကစကျလာသည်

Lisaမှာ ကျွန်မပါးပေါ်က မျက်ရည်တွေကို သူမလက်မနဲ့ သုတ်ပေးနေသည်

"အချစ်...ဒါက ပြည့်စုံတဲ့အချိန် မဟုတ်ပေမယ့် ကိုယ့်မိဘတွေက ဒီထက်ကြီးတဲ့ အိမ်ကို ကလေးအတွက်ဝယ်ပေးမှာမို့လို့ မင်းက စိတ်မပူဘဲ အတန်းပုံမှန်တက်နော် "

"Lisa...ငါတို့ ဒါမျိုးဖြစ်ဖူးတယ်ထင်တယ် ငါတို့ ဆယ်ကျော်သက်အရွယ်တုန်းကလေ...အဲ့အိမ်မက် ငါခဏခဏမက်တယ် နင်နဲ့ငါက ဆယ်ကျော်သက်အရွယ်တုန်းက ခိုးပြေးလာကြတာ စတိုးဆိုင်မှာ နင့်ကိုဆုံးရှုံးလိုက်ရချိန်တိုင်း ငါ့မှာ ကိုယ်ဝန်ရှိနေတာဘဲ...ဒါကြောင့် ငါစိတ်ပူမိတယ် "

(အဲ့အိမ်မက်မှတ်မိကြမယ်ထင်ပါတယ်)

"ဘာလို့စိတ်ပူနေရတာလည်း "

"အဲ့တာက တစ်ခါဖြစ်ဖူးလို့ ငါမှတ်မိနေတယ်လေ "

ဝုန်းခနဲပြုတ်ကျမှုကြောင့် ကျွန်မ လန့်နိုးလာတော့ Jennieရဲ့ ထိုင်ခုံပေါ်မှာ အိပ်ပျော်သွားရင်း ကျွန်မ ပြုတ်ကျလာတာဘဲ

အိမ်မက်ထဲမှာ ဘဝနှစ်ခုလုံးမှာ Lisaနဲ့ ကျွန်မ ကိုယ်ဝန်ရတဲ့အကြောင်းက ဘာကိုများ သတိပေးချင်နေတာလည်း

သီအိုရီတွေ မစဥ်းစားခင် Lisaကို ကျွန်မ တွေ့ချင်သည်

Lisaနဲ့သွားတွေ့ဖို့ ကျွန်မပြင်ဆင်နေစဥ် Jennieက ရောက်လာသည်

"Lisa နဲ့သွားတွေ့မယ်ဆို bra လှလှလေးဝတ်သွား "

"ဘယ်သူမှ အဝတ်အစားချွတ်မကြည့်ပါဘူးဟ ဘာလို့ လှလှလေးဝတ်ရမှာလည်း ပြီးတော့ ဒါက Lisaနဲ့ငါ ချစ်သူဖြစ်ပြီးနောက် second dateဘဲ "

"Jisooနဲ့ငါလည်း Second dateမှာ ဖောင်းဒိုင်းလုပ်ခဲ့တာဘဲ "

"Lisaက Lisa...Jisooက Jisoo မတူဘူးလေ "

"မတူလည်း bra လှလှလေး ဝတ်သွား"

"ဟာ Lisaက ငါ့braကို ကြည့်မှာမှ မဟုတ်တာ ပြီးတော့ စားသောက်ဆိုင်မှာတွေ့ကြမှာလေ ဘယ်လိုလုပ် "

"စားသောက်ဆိုင်က အိမ်သာထဲမှာ ဖောင်းဒိုင်းလုပ်လို့ရသလို ကားနောက်ခန်းထဲမှာလည်း ဖောင်းဒိုင်းလုပ်နိုင်ပါတယ်. ."

"ကဲတော်ပါတော့ bra လှလှလေးဝတ်ပါ့မယ် တောင်းပန်ပါတယ် Jennie Kimရယ် "

ကျွန်မ braလှလှလေးဝတ်ကာမှ Jennieကလည်း ကျေနပ်ပြီး ထွက်သွားတယ်

ချိန်းထားတဲ့ စားသောက်ဆိုင်ကို ရောက်တော့ Lisaက အရင်ရောက်နှင့်နေသည်

ကျွန်မတို့နှစ်ယောက် စားသောက်စရာတွေမှာထားပြီးနောက် အဖြူရောင်လက်ရှည်လေးဝတ်ထားပြီး အပေါ်ဆုံးကြယ်သီးဖြုတ်ထားတဲ့ Lisaကို ကျွန်မ စိုက်ကြည့်နေမိသည်

"ဘာတွေ တွေးနေတာလည်း အချစ်ရဲ့ "

Lisaရဲ့ စကားကြောင့် ကျွန်မ သူခိုးလူမိသလိုဖြစ်ပြီး ရှက်မိတယ်

"ငါ ဘာတွေးလည်းဆိုတာ နင်သိချင်မှာ မဟုတ်ဘူး "

"Rosie မင်း ကိုယ့်ကို သတ်နေတာဘဲ .. ...တစ်ခုခု စကားလမ်းကြောင်းလွှဲလိုက်စမ်းပါ မဟုတ်ရင် ကိုယ် မင်းကို အနီးစပ်ဆုံး ဟိုတယ်ထဲဆွဲခေါ်မိလိမ့်မယ် "

Lisaက ကျွန်မ မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောနေတယ် Lisaကို ကြည့်ရတာ တကယ်လုပ်မယ့်ပုံဘဲ 

ပြီးတော့ အိမ်မက်အကြောင်းသာပြောပြလိုက်ရင် ပထမဆုံးတစ်ခါ အတူအိပ်ပြီး ကိုယ်ဝန်ရခဲဲ့တဲ့ အိမ်မက်အကြောင်းသာ သူသိသွားရင် ....သူ့တုံ့ပြန်မှုကို ကျွန်မ လောလောဆယ်တော့ မသိချင်သေးဘူး

ဒါကြောင့်မို့လို့ ဆေးရုံမှာ တွေ့ခဲ့တဲ့ မိန်းမအကြောင်း စကားလမ်းကြောင်းလွှဲလိုက်တယ်

"ရဲတွေနဲ့လည်း စကားပြောခဲ့သေးတယ် လုံခြုံရေးက သူတို့ကို အဲ့မိန်းမရဲ့ CCTVမှာ မိထားတဲ့ပုံကို ပေးလိုက်တယ်..."

"မဟုတ်သေးပါဘူး ငါက မကြာခင် သေတော့မှာကို သူက ဘာဖြစ်စေချင်တာလည်း ဘာလိုချင်တာလည်း "

"မင်းမသေရပါဘူး ပြီးတော့ သူက အချိန်ခရီးသွားပြီး ကိုယ့်ရုံးခန်းကိုဖျက်ဝင် မင်းfileတွေရှာပြီး တစ်ခုခုလုပ်ဖို့ကြည့်နေတာနေမှာ "

"သူက ဘာဖြစ်ချင်နေတာလည်း "

"ကိုယ်လည်း မသိဘူးလေ အာ Annaလေ မင်းနဲ့ကိုယ့်ရဲ့ ဆက်ဆံရေးကို သိသွားတယ် ..."

"နင်သူ့ကို ဘာပြောလိုက်လည်း "

"မင်းနဲ့ကိုယ်ကကောလိပ်မှာတွေ့ခဲ့တာလို့ ပြောလိုက်တယ် ..."

ဒါပေါ့ ကောလိပ်မှာ တွေ့ခဲ့ပြီး အိမ်မက်ထဲ ကိုယ်ဝန်နှစ်ကြိမ်ရခဲ့တာလေ... အဲ့အိမ်မက်ကို Lisaကို ပြောပြမှဖြစ်မယ်

"Lisa...ငါမနေ့ညက အိမ်မက်ထပ်မက်သေးတယ် "

"ဟုတ်လား ဘာများလည်း "

Lisaက ပြုံးပြီး ကျွန်မရဲ့ အိမ်မက်ကို မေးလိုက်တယ်

"အိမ်မက်ထဲ ငါက နင့်ကိုယ်ဝန်လွယ်ထားရတာတဲ့ "

ကျွန်မရဲ့ စကားကြောင့် Lisa မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားတယ်

"Landonမှာ ငါတို့ကိုယ်ဝန်ရတာတဲ့ အဲ့မတိုင်ခင်ကလည်း ငါတို့ဆယ်ကျော်သက်အရွယ်တုန်းက တစ်ခါကိုယ်ဝန်လွယ်တယ်လို့ မက်ခဲ့တယ် "

"အိမ်မက်က ဘာကိုပြချင်တယ်ထင်လည်း "

"ငါလည်း မသိဘူး Lisa...ဘာလို့ ဒါတွေမက်နေလည်းဆိုတာ ဒါပေမယ့် အဲ့အိမ်မက်တွေကြောင့် နင်နဲ့တွေ့ခဲ့ရတာလေနော် "

"ဒါပေါ့ "

ကျွန်မနဲ့ Lisaလည်း ညစာ အတူစားပြီး Lisaက ကျွန်မကို Jennie အိမ်သို့ ပြန်လိုက်ပို့ပေးသည်

ဒါပေမယ့် ကျွန်မကို သူ နမ်းမလိုနဲ့အနားကပ်လာပြီး မနမ်းဘဲထွက်သွားတယ်.... ဘာလို့လည်း.... ကိုယ်ဝန်ရမှာဆိုးလို့လား...

#tbc

#zawgyi

Roseanne's Pov






***











"ဟင်   ...."



































ပြီးတော့ အိမ်မက်အကြောင်းသာပြောပြလိုက်ရင် ပထမဆုံးတစ်ခါ အတူအိပ်ပြီး ကိုယ်ဝန်ရခဲ့တဲ့ အိမ်မက်အကြောင်းသာ သူသိသွားရင် ....သူ့တုံ့ပြန်မှုကို ကျွန်မ လောလောဆယ်တော့ မသိချင်သေးဘူး











"ဟုတ်လား ဘာများလည်း "







"ဒါပေါ့ "



#tbc

Bạn đang đọc truyện trên: Truyen3h.Co