Truyen3h.Co

အိမ်မက်ထဲက သူ

Part 28

KimFany059

#unicode

Lisa's POV

Roseanneရဲ့ စာကို မြင်တော့ ငါ ချက်ချင်းဘဲ Roseanneဆီကို ဖုန်းဆက်လိုက်တယ်

"တစ်ခုခုဖြစ်နေတာလား ဘာဖြစ်နေတာလည်း "

"ငါ....Jack မရှိတော့ဘူးထင်လို့ ဟို အိမ်ကို ပစ္စည်းတွေ သွားယူတာ သူရောက်လာတယ် ...."

တောက် အဲ့ကောင်ရဲ့ ခန္ဓာကိုယ်က အရိုးအားလုံးကို ရိုက်ချိုးပစ်ချင်လိုက်တာ

"သူမရှိတော့ဘူးထင်နေတာ "

"ဟုတ်တယ် ငါရောဘဲ... သူ့ကို လမ်းခွဲခဲ့တာ နင့်ကြောင့်ဆိုပြီး သူက ပြောနေတာ ....နင်က ငါ့ကို သိမ်းသွင်းခဲ့တာ လက်ဆုပ်လက်ကိုင် ပြစရာသိပ်မရှိပေမယ့် နင့်ဘဝကို ဖျက်စီးပြမယ်လို့ သူကြိမ်းသွားတယ် "

"ကိုယ်သိတယ်လေ မင်းနဲ့စတွဲကတည်းက ကိုယ်ဒါမျိုးဖြစ်မယ်ဆိုတာ သိပြီးသား "

"Lisa...နင့်အလုပ်ကို ငါ့ကြောင့် မဆုံးရှုံးစေချင်ဘူး "

"Rosie "

"Jackက သက်​သေရှာတွေ့ပြီဆို အကုန်လုပ်လိမ့်မယ် နင့်အတွက် ကောင်းတာ တစ်ခုမှမရှိဘူး Lisa ...တကယ်တော့ နင်က ငါ့ထက်ကောင်းတဲ့ မိန်းကလေးနဲ့တွေ့နေရမယ့်အချိန်ကို မကြာခင်သေတော့မယ့် ငါ့ကို အချိန်ပေးနေရတယ် တစ်ကိုယ်ကောင်းဆန်တဲ့ ငါ့အတွက် နင့်အလုပ်ကို မဆုံးရှုံးစေချင်ဘူး "

"Rosie....ကိုယ်ပြောပြမယ်.."

"ငါ့ကို မဖြောင်းဖျပါနဲ့ Lisa....နင် လူတစ်ယောက်ကို ဂရုစိုက်တယ်ဆိုရင် သူ့အတွက် အကောင်းဆုံးဖြစ်စေချင်တာဘဲ မဟုတ်လား....ငါက နင့်အတွက် အကောင်းဆုံးလူ တစ်ယောက် မဟုတ်လို့ ငါ့ကို လက်လွှတ်ပေးပါ Lisa "

"Rosie...."

ငါ ဆက်မပြောခင် Roseanneက ဖုန်းချသွားတယ်

ဒါကြောင့်မို့လို့ အလုပ်ကိစ္စပေါ်လာတယ်လို့ အဘိုးတို့ကို လိမ်ပြောပြီး ငါ အိမ်ထဲကထွက်လာတယ်

"Lisa နေအုံး "

အဘိုးကလည်း ငါ့နောက်ကိုလိုက်လာပြီး ငါ့ပခုံးကို လှမ်းကိုင်တယ်

"သမီး ဒီမိန်းကလေးရဲ့ ကိစ္စတွေထဲ ဆက်ပြီး ပါဝင်နေမှာ သေချာလား....သမီး သူ့ကိုကယ်နိုင်ရင်တောင် ဇာတ်သိမ်းတော့လှမှာ မဟုတ်ဘူးနော် "

"သမီး သူနဲ့စတွေ့ကတည်းက ပြင်ဆင်ထားပြီးသားပါ "

Lisaရဲ့စကားကြောင့် သူ့အဘိုးလည်း သက်ပြင်းချလိုက်သည်

"သမီး အဲ့လိုပြောမယ်ဆိုတာ အဘိုးသိတယ်...ရော့ ဒါက သမီးအဘွားရဲ့ လက်စွပ်လေး....ဒီလက်စွပ်ရှိနေမှန်း ဘယ်သူ့ကိုမှ မပြောပြဖူးဘူး.....  "

Roseanne's Pov

ကျွန်မ ငိုနေတာကနေ ရပ်ဖို့ ကြိုးစားပေမယ့် ကျွန်မရဲ့ မျက်ရည်တွေကတော့ ဆက်တိုက်ကျနေဆဲပါဘဲ

Jisooနဲ့ Jennieက ဝိုင်ပုလင်းတွေနဲ့အတူ ကျွန်မ ငိုနေတာကိုချော့နေတယ်

"နင်က တကယ်ရယ်ဖို့ကောင်းတာဘဲ Jackက နင်တို့နောက်ကို နေရာတိုင်းတော့ မလိုက်နိုင်ပါဘူးဟ "

ကျွန်မကို Jisooက ပြောလိုက်သည်

"ငါပြောတာလည်း အဲ့တာဘဲ "

Jennieက အော်ပြီး Jisoo စကားကိုထောက်ခံနေသည်

"သူက နေရာတိုင်း မလိုက်နိုင်ပေမယ့် ..."

"တိတ်စမ်း Roseanne...Lalisaက သေချာပေါက် နင့် soulmateဘဲ နင် သူ့ကိုရှာတွေ့ပြီးကတည်း ဆူးခလုတ်ညှောင့်တွေကို သောက်ဂရုစိုက်စရာကို မလိုတာ "

တကယ်ပါဘဲ အသည်းကွဲတာတောင် ကောင်းကောင်းမကွဲရဘူး အအော်ချည်းခံနေရတယ် Jennieတို့ အမြန်ပြန်ရင် ကောင်းမှာဘဲ

"သောက်ဂရုမစိုက်လို့ မရဘူးလေ ငါနဲ့ဆက်တွဲနေရင် ငါ့ကြောင့် သူ့ဆေးလိုင်စင် အသိမ်းခံရမှာဟ ဒီဆရာဝန်ဖြစ်ဖို့ သူဘယ်နှနှစ်လောက် ရင်းနှီးမြှုပ်နှံခဲ့ရလည်း ပိုက်ဆံဘယ်လောက်ကုန်ခဲ့ရလည်း ကောလိပ်လေးနှစ်တက်ရတယ် ဆေးကျောင်းလေးနှစ်တက်ရတယ် ပြီးတော့ လေးနှစ်လောက်က အကူအနေနဲ့လုပ်ခဲ့ရသေးတယ် ဒါတွေအားလုံး ငါ့ကြောင့်
ပျက်စီးကုန်မှာလေ ငါ တစ်ကိုယ်ကောင်းမဆန်ချင်ဘူး "

"တစ်ကိုယ်ကောင်းမဆန်ချင်ဘူးဆိုရင် နင် အခုလို လမ်းခွဲဖို့ တစ်ယောက်တည်း ဆုံးဖြတ်မှာ မဟုတ်ဘူး "

"Jennie မနက်က သူနဲ့ဖုန်းပြောပြီးကတည်းက သူ ငါ့ဆီဖုန်းမခေါ်တော့ဘူး အဲ့တာ လမ်းခွဲဖို့ သူသဘောတူတာမဟုတ်ဘူးလား"

ဟုတ်တယ် Lisa ကျွန်မဆီကို ဖုန်းတစ်ခါလေးတောင် မခေါ်ဘူး ကြည့်ရတာ သူ ကျွန်မကို စိတ်ပျက်သွားတယ်ထင်ပါတယ်

Jennieနဲ့ Jisooကတော့ Lisaကို လမ်းခွဲရကောင်းလားဆိုပြီး ကျွန်မကို ဆက်တိုက်ဆူနေတယ်

ဟူးးး....ဘယ်တတ်နိုင်မလည်း ကျွန်မမှာ ရွေးချယ်စရာမှမရှိတာ

တီးတောင်

တံခါး bellအသံကြောင့် အားလုံးတိတ်ဆိတ်သွားတယ်

"Jen နင့်သူငယ်ချင်းတွေခေါ်ထားသေးလား "

"ငါက ဘာလို့ခေါ်ရမှာလည်း Roseanneရ "

Jisooက ထပြီး တံခါးဖွင့်လိုက်တော့ အိမ်ထဲဝင်လာတဲ့ Lisaကို တွေ့လိုက်ရတယ်

ကျွန်မကတော့ ငိုနေပေမယ့် Lisaကြည့်ရတာ ကျွန်မတို့ လမ်းခွဲတာကို အဆင်ပြေနေတဲ့ပုံဘဲ

"ဘာမဟုတ်တဲ့ကောင် ခြိမ်းခြောက်တာကို ကြောက်မနေစမ်းပါနဲ့ အချစ်ရာ...."

Lisaက ပြောပြီး ကျွန်မကိုလာဖက်တယ် ကျွန်မ....Lisaရင်ခွင်ကို အရမ်းလွမ်းနေတာ....

ကျွန်မကိုယ်ကျွန်မ မထိန်းနိုင်တော့ဘဲ Lisa ရင်ခွင်ထဲ ငိုချမိသွားပြီ.......

#tbc

update ကြာလို့ ဆောရီးပါဗျာ့ အခုရက်ပိုင်း authorအလုပ်များနေလို့ပါ အခုကစပြီး Fic ပုံမှန်ရေးပေးပါမယ်❤

#zawgyi

Lisa's POV

Roseanneရဲ႕ စာကို ျမင္ေတာ့ ငါ ခ်က္ခ်င္းဘဲ Roseanneဆီကို ဖုန္းဆက္လိုက္တယ္

"တစ္ခုခုျဖစ္ေနတာလား ဘာျဖစ္ေနတာလည္း "

"ငါ....Jack မရွိေတာ့ဘူးထင္လို႔ ဟို အိမ္ကို ပစၥည္းေတြ သြားယူတာ သူေရာက္လာတယ္ ...."

ေတာက္ အဲ့ေကာင္ရဲ႕ ခႏၶာကိုယ္က အရိုးအားလုံးကို ရိုက္ခ်ိဳးပစ္ခ်င္လိုက္တာ

"သူမရွိေတာ့ဘူးထင္ေနတာ "

"ဟုတ္တယ္ ငါေရာဘဲ... သူ႕ကို လမ္းခြဲခဲ့တာ နင့္ေၾကာင့္ဆိုၿပီး သူက ေျပာေနတာ ....နင္က ငါ့ကို သိမ္းသြင္းခဲ့တာ လက္ဆုပ္လက္ကိုင္ ျပစရာသိပ္မရွိေပမယ့္ နင့္ဘဝကို ဖ်က္စီးျပမယ္လို႔ သူႀကိမ္းသြားတယ္ "

"ကိုယ္သိတယ္ေလ မင္းနဲ႕စတြဲကတည္းက ကိုယ္ဒါမ်ိဳးျဖစ္မယ္ဆိုတာ သိၿပီးသား "

"Lisa...နင့္အလုပ္ကို ငါ့ေၾကာင့္ မဆုံးရႈံးေစခ်င္ဘူး "

"Rosie "

"Jackက သက္ေသရွာေတြ႕ၿပီဆို အကုန္လုပ္လိမ့္မယ္ နင့္အတြက္ ေကာင္းတာ တစ္ခုမွမရွိဘူး Lisa ...တကယ္ေတာ့ နင္က ငါ့ထက္ေကာင္းတဲ့ မိန္းကေလးနဲ႕ေတြ႕ေနရမယ့္အခ်ိန္ကို မၾကာခင္ေသေတာ့မယ့္ ငါ့ကို အခ်ိန္ေပးေနရတယ္ တစ္ကိုယ္ေကာင္းဆန္တဲ့ ငါ့အတြက္ နင့္အလုပ္ကို မဆုံးရႈံးေစခ်င္ဘူး "

"Rosie....ကိုယ္ေျပာျပမယ္.."

"ငါ့ကို မေျဖာင္းဖ်ပါနဲ႕ Lisa....နင္ လူတစ္ေယာက္ကို ဂ႐ုစိုက္တယ္ဆိုရင္ သူ႕အတြက္ အေကာင္းဆုံးျဖစ္ေစခ်င္တာဘဲ မဟုတ္လား....ငါက နင့္အတြက္ အေကာင္းဆုံးလူ တစ္ေယာက္ မဟုတ္လို႔ ငါ့ကို လက္လႊတ္ေပးပါ Lisa "

"Rosie...."

ငါ ဆက္မေျပာခင္ Roseanneက ဖုန္းခ်သြားတယ္

ဒါေၾကာင့္မို႔လို႔ အလုပ္ကိစၥေပၚလာတယ္လို႔ အဘိုးတို႔ကို လိမ္ေျပာၿပီး ငါ အိမ္ထဲကထြက္လာတယ္

"Lisa ေနအုံး "

အဘိုးကလည္း ငါ့ေနာက္ကိုလိုက္လာၿပီး ငါ့ပခုံးကို လွမ္းကိုင္တယ္

"သမီး ဒီမိန္းကေလးရဲ႕ ကိစၥေတြထဲ ဆက္ၿပီး ပါဝင္ေနမွာ ေသခ်ာလား....သမီး သူ႕ကိုကယ္နိုင္ရင္ေတာင္ ဇာတ္သိမ္းေတာ့လွမွာ မဟုတ္ဘူးေနာ္ "

"သမီး သူနဲ႕စေတြ႕ကတည္းက ျပင္ဆင္ထားၿပီးသားပါ "

Lisaရဲ႕စကားေၾကာင့္ သူ႕အဘိုးလည္း သက္ျပင္းခ်လိဳက္သည္

"သမီး အဲ့လိုေျပာမယ္ဆိုတာ အဘိုးသိတယ္...ေရာ့ ဒါက သမီးအဘြားရဲ႕ လက္စြပ္ေလး....ဒီလက္စြပ္ရွိေနမွန္း ဘယ္သူ႕ကိုမွ မေျပာျပဖူးဘူး.....  "

Roseanne's Pov

ကြၽန္မ ငိုေနတာကေန ရပ္ဖို႔ ႀကိဳးစားေပမယ့္ ကြၽန္မရဲ႕ မ်က္ရည္ေတြကေတာ့ ဆက္တိုက္က်ေနဆဲပါဘဲ

Jisooနဲ႕ Jennieက ဝိုင္ပုလင္းေတြနဲ႕အတူ ကြၽန္မ ငိုေနတာကိုေခ်ာ့ေနတယ္

"နင္က တကယ္ရယ္ဖို႔ေကာင္းတာဘဲ Jackက နင္တို႔ေနာက္ကို ေနရာတိုင္းေတာ့ မလိုက္နိုင္ပါဘူးဟ "

ကြၽန္မကို Jisooက ေျပာလိုက္သည္

"ငါေျပာတာလည္း အဲ့တာဘဲ "

Jennieက ေအာ္ၿပီး Jisoo စကားကိုေထာက္ခံေနသည္

"သူက ေနရာတိုင္း မလိုက္နိုင္ေပမယ့္ ..."

"တိတ္စမ္း Roseanne...Lalisaက ေသခ်ာေပါက္ နင့္ soulmateဘဲ နင္ သူ႕ကိုရွာေတြ႕ၿပီးကတည္း ဆူးခလုတ္ေညွာင့္ေတြကို ေသာက္ဂ႐ုစိုက္စရာကို မလိုတာ "

တကယ္ပါဘဲ အသည္းကြဲတာေတာင္ ေကာင္းေကာင္းမကြဲရဘူး အေအာ္ခ်ည္းခံေနရတယ္ Jennieတို႔ အျမန္ျပန္ရင္ ေကာင္းမွာဘဲ

"ေသာက္ဂ႐ုမစိုက္လို႔ မရဘူးေလ ငါနဲ႕ဆက္တြဲေနရင္ ငါ့ေၾကာင့္ သူ႕ေဆးလိုင္စင္ အသိမ္းခံရမွာဟ ဒီဆရာဝန္ျဖစ္ဖို႔ သူဘယ္ႏွႏွစ္ေလာက္ ရင္းႏွီးျမႇုပ္ႏွံခဲ့ရလည္း ပိုက္ဆံဘယ္ေလာက္ကုန္ခဲ့ရလည္း ေကာလိပ္ေလးႏွစ္တက္ရတယ္ ေဆးေက်ာင္းေလးႏွစ္တက္ရတယ္ ၿပီးေတာ့ ေလးႏွစ္ေလာက္က အကူအေနနဲ႕လုပ္ခဲ့ရေသးတယ္ ဒါေတြအားလုံး ငါ့ေၾကာင့္
ပ်က္စီးကုန္မွာေလ ငါ တစ္ကိုယ္ေကာင္းမဆန္ခ်င္ဘူး "

"တစ္ကိုယ္ေကာင္းမဆန္ခ်င္ဘူးဆိုရင္ နင္ အခုလို လမ္းခြဲဖို႔ တစ္ေယာက္တည္း ဆုံးျဖတ္မွာ မဟုတ္ဘူး "

"Jennie မနက္က သူနဲ႕ဖုန္းေျပာၿပီးကတည္းက သူ ငါ့ဆီဖုန္းမေခၚေတာ့ဘူး အဲ့တာ လမ္းခြဲဖို႔ သူသေဘာတူတာမဟုတ္ဘူးလား"

ဟုတ္တယ္ Lisa ကြၽန္မဆီကို ဖုန္းတစ္ခါေလးေတာင္ မေခၚဘူး ၾကည့္ရတာ သူ ကြၽန္မကို စိတ္ပ်က္သြားတယ္ထင္ပါတယ္

Jennieနဲ႕ Jisooကေတာ့ Lisaကို လမ္းခြဲရေကာင္းလားဆိုၿပီး ကြၽန္မကို ဆက္တိုက္ဆူေနတယ္

ဟူးးး....ဘယ္တတ္နိုင္မလည္း ကြၽန္မမွာ ေ႐ြးခ်ယ္စရာမွမရွိတာ

တီးေတာင္

တံခါး bellအသံေၾကာင့္ အားလုံးတိတ္ဆိတ္သြားတယ္

"Jen နင့္သူငယ္ခ်င္းေတြေခၚထားေသးလား "

"ငါက ဘာလို႔ေခၚရမွာလည္း Roseanneရ "

Jisooက ထၿပီး တံခါးဖြင့္လိုက္ေတာ့ အိမ္ထဲဝင္လာတဲ့ Lisaကို ေတြ႕လိုက္ရတယ္

ကြၽန္မကေတာ့ ငိုေနေပမယ့္ Lisaၾကည့္ရတာ ကြၽန္မတို႔ လမ္းခြဲတာကို အဆင္ေျပေနတဲ့ပုံဘဲ

"ဘာမဟုတ္တဲ့ေကာင္ ၿခိမ္းေျခာက္တာကို ေၾကာက္မေနစမ္းပါနဲ႕ အခ်စ္ရာ...."

Lisaက ေျပာၿပီး ကြၽန္မကိုလာဖက္တယ္ ကြၽန္မ....Lisaရင္ခြင္ကို အရမ္းလြမ္းေနတာ....

ကြၽန္မကိုယ္ကြၽန္မ မထိန္းနိုင္ေတာ့ဘဲ Lisa ရင္ခြင္ထဲ ငိုခ်မိသြားၿပီ.......

#tbc

update ၾကာလို႔ ေဆာရီးပါဗ်ာ့ အခုရက္ပိုင္း authorအလုပ္မ်ားေနလို႔ပါ အခုကစၿပီး Fic ပုံမွန္ေရးေပးပါမယ္

Bạn đang đọc truyện trên: Truyen3h.Co