Part 29
#unicode
Roseanne's Pov
"Jackက တကယ်လုပ်မယ့်ပုံဘဲနော် Lisa "
"သူ့ဟာသူ ဘာလုပ်လုပ် ကိုယ် ဂရုစိုက်မှာ မဟုတ်ဘူး Roseanne....ကိုယ်က မင်း tumorကို ဘယ်လိုကုသရမလည်း ဆိုတာရယ် ပြီးတော့ ကိုယ်တို့ နှစ်ယောက်ထဲက တစ်ယောက်က မင်းအဒေါ်ကို ဘယ်လိုရှာကြမလည်းက ပိုအရေးကြီးတယ် "
"ဟုတ်ပြီလေ ဒါဆို အချိန်ခရီးသွားနိုင်ဖို့ ငါ ကြိုးစားပါမယ် Lisa "
"မဟုတ်ဘူး မင်းကို ကိုယ် မလုပ်စေချင်ဘူး "
Lisaရဲ့ စကားကြောင့် ကျွန်မ အံ့သြသွားတယ်
"ဘာဖြစ်လို့လည်း လွန်ခဲ့တဲ့ရက်ပိုင်းအထိ နင်က ငါ့ကို အချိန်ခရီးသွားနိုင်ဖို့ ပြောနေတာလေ "
"အဲ့တာက ကိုယ့်အဘိုးနဲ့မတွေ့ခင်က....အခုတော့ ကိုယ် တစ်ခြားနည်းလမ်းတွေ ထပ်ရှာအုံးမယ် Roseanne မင်းက ကိုယ့်ဘဝဘဲ ဒါကြောင့်မို့လို့ မင်း ကျန်းမာနေဖို့ ကိုယ် ကြိုးစားမယ် "
Lisaရဲ့ စကားတွေကို ကျွန်မ အရမ်းသဘောကျမိတယ် ပြီးတော့ Lisa မျက်ဝန်းထဲက ဝမ်းနည်းမှုတွေ မြင်ရတော့လည်း ကျွန်မ စိတ်မကောင်းဖြစ်မိတယ်
သုံးရက်ကြာပြီးနောက်မှာတော့ ကျွန်မဟာ Lisaနဲ့အတူ ဝယ်ခဲ့တဲ့ အိမ်လေးကို ပြောင်းလာခဲ့တယ်
"Honey ကိုယ် ပြန်ရောက်ပြီ "
Lisa ဆေးရုံကပြန်ရောက်လာတော့ ကျွန်မနဲ့အတူ တရုတ်ဟင်းပွဲများကို မှာပြီး ခြံထဲတွင် ခုံခင်းကာ ညစာအတူစားလေသည်
ညစာစားရင်းလည်း ကျွန်မတို့ရောက်တတ်ရာရာ အကြောင်းတွေ လျှောက်ပြောဖြစ်မိသေးသည်
Lisaက ကျွန်မနဲ့အင်းမှာအတူရှိပြီး နောက်နေ့ Annaကို ဖြတ်ပစ်ခဲ့ကြောင်းတွေ
ကျွန်မကတော့ ကားလမ်းမပေါ်မှာ Jackကို လမ်းခွဲပြီးထွက်ပြေးလာခဲ့ကြောင်းတွေကို ရယ်ရယ်မောမောပြောနေမိသည်
Lisaနဲ့ ကျွန်မ ဘာကိစ္စမှမဖြစ်သလို အခက်အခဲတွေကို မေ့ပြီး ရယ်ရယ်မောမောနဲ့နေမိတယ်
Lisa ဆေးရုံသွားတဲ့အချိန်ဆို ကျွန်မ အချိန်ခရီးသွားနိုင်ဖို့ ကြိုးစားပေမယ့် ဘယ်တော့မှ မအောင်မြင်ခဲ့ပေ... ပြီးတော့ သူမ အချိန်ခရီးသွားဖို့ကြိုးစားနေတာကို Lisaကို မသိစေချင်လို့ ကျွန်မ သူအလုပ်သွားချိန်မှဘဲ ကြိုးစားကြည့်တယ်လေ ဘာလို့ဆို သူ့အဘွားဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို သူစိတ်ပူနေတယ်
ဒါကြောင့်မို့လို့ ကျွန်မ အချိန်ခရီးသွားဖို့ ကြိုးစား တဲ့အကြောင်း သူ့ကိုမပြောဘဲ နေနေတယ်
Lisa's Pov
"အားလုံးအဆင်ပြေသွားမှာပါ အဆင်ပြေသွားလိမ့်မယ် " ဆိုပြီး ငါ့ကိုယ်ငါ ပြောနေမိတယ်
အကြိမ်ပေါင်းများစွာ ပြောနေမိတာက ငါ့ကိုယ်ငါအတွက်လား Roseanneအတွက်လား မသေချာတော့ဘူး
ဆေးရုံမှာ ခေါင်းကိုဓာတ်မှန်ရိုက်ပြီးနောက် Roseanne သတိမေ့နေတာ နာရီပေါင်းများစွာ ရှိနေပြီ
နှလုံးခုန်နှုန်းကို ပြသတဲ့ စက်ကလည်း ရုတ်တရက်နှေးသွားလိုက် ရုတ်တရက် မြန်လာလိုက်နဲ့ ငါ့ကို အသေသတ်နေသလိုဘဲ
Roseanne သတိပြန်ရလာမလားဆိုတာ ဘယ်သူမှ သေသေချာချာ အာမမခံနိုင်ကြဘူး
ဘုရားသခင်ရေ Roseanneကို ကျေးဇူးပြုပြီး သတိရလာအောင်လုပ်ပေးပါ....သူ ငါနဲ့ အတူရှိနေသေးတယ်ဆိုတာ သိရမှဖြစ်မယ်
Roseanneရဲ့ လက်ကို ကိုင်ပြီး အဆင်ပြေသွားမှာပါဆိုတာ ထပ်တလဲလဲပြောနေမိတယ်
Roseanne မရှိဘဲ ငါ ဘယ်လိုနေရမလည်း အရူးလို ဖြစ်နေတော့မှာဘဲ
Knock Knock
တံခါးခေါက်သံကြောင့် ငါ ထရပ်ပြီး တံခါးဆီသွားတော့ သူနာပြုကောင်လေးက ငါ့ကို နှုတ်ဆက်တယ်
"Doctor Manoban...ဆေးရုံကောင်တာမှာ အမျိုးသားတစ်ယောက် ရောက်လာတယ် သူ့ကိုယ်သူတော့ Roseanneရဲ့ သတို့သားလို့ပြောတာဘဲ ..."
"သူ့ကို နှင်လွှတ်လိုက် "
"Roseanneရဲ့ ဖိုင်တွဲကို စစ်ကြည့်တော့ အဲ့အမျိုးသား နာမည်လည်းပါနေတယ်ဗျာ့.."
"သူ့ကိုနှင်လွှတ်လိုက်လို့ ငါပြောနေတယ်လေ သူ complainတက်ရင် ငါရှင်းမယ်...."
ငါ အော်လိုက်တော့ သူနာပြုကောင်လေးလည်း ထွက်သွားတယ် ခဏကြာတော့ Jackက ရောက်လာပြီး တံခါးကို ဆောင့်ဖွင့်တယ်
သူနာပြုကောင်လေးက လိုက်ဆွဲပေမယ့်
"ဟိုကောင်မ နင်ကဘာလို့ Roseanne အနားရှိနေတာလည်း ..."
"သူ့အနား ငါအမြဲရှိနေတာ မင်းကန်းနေတာလား "
"ခွေးမ "
Jack က ငါ့ကိုဆဲပြီး ဆွဲထိုးမယ်လုပ်တော့ သူနာပြုကောင်လေးက Jackကို ဆွဲခေါ်သွားတယ်
"Lisa ကောင်မ မင်းနဲ့ငါတွေ့မယ် မင်းအလုပ်ပြုတ်အောင် ငါလုပ်ပြမယ် "
Jackက ကြိမ်းဝါးသွားပေမယ့် ငါကတော့ အခုထိ သတိပြန်မရသေးတဲ့ Roseanneကို ကြည့်ပြီး စိတ်ပူနေမိတယ်...... အမြန်ဆုံး သတိရလာမှဖြစ်မယ် Roseanne....
ဆေးရုံကလူတွေကတော့ Roseanneကို ငါ တာဝန်ယူထားရလို့ အခုလိုစိတ်ပူနေတယ်ထင်နေကြမှာဆိုပေမယ့် Jack... Jackကိုလည်း ငါ အာရုံထဲမထားနိုင်သေးဘူး လောလောဆယ် Roseanne သတိရလာဖို့က ပိုအရေးကြီးတယ်
#tbc
#Zawgyi
Roseanne's Pov
"Jackက တကယ္လုပ္မယ့္ပုံဘဲေနာ္ Lisa "
"သူ႕ဟာသူ ဘာလုပ္လုပ္ ကိုယ္ ဂ႐ုစိုက္မွာ မဟုတ္ဘူး Roseanne....ကိုယ္က မင္း tumorကို ဘယ္လိုကုသရမလည္း ဆိုတာရယ္ ၿပီးေတာ့ ကိုယ္တို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္က မင္းအေဒၚကို ဘယ္လိုရွာၾကမလည္းက ပိုအေရးႀကီးတယ္ "
"ဟုတ္ၿပီေလ ဒါဆို အခ်ိန္ခရီးသြားနိုင္ဖို႔ ငါ ႀကိဳးစားပါမယ္ Lisa "
"မဟုတ္ဘူး မင္းကို ကိုယ္ မလုပ္ေစခ်င္ဘူး "
Lisaရဲ႕ စကားေၾကာင့္ ကြၽန္မ အံ့ၾသသြားတယ္
"ဘာျဖစ္လို႔လည္း လြန္ခဲ့တဲ့ရက္ပိုင္းအထိ နင္က ငါ့ကို အခ်ိန္ခရီးသြားနိုင္ဖို႔ ေျပာေနတာေလ "
"အဲ့တာက ကိုယ့္အဘိုးနဲ႕မေတြ႕ခင္က....အခုေတာ့ ကိုယ္ တစ္ျခားနည္းလမ္းေတြ ထပ္ရွာအုံးမယ္ Roseanne မင္းက ကိုယ့္ဘဝဘဲ ဒါေၾကာင့္မို႔လို႔ မင္း က်န္းမာေနဖို႔ ကိုယ္ ႀကိဳးစားမယ္ "
Lisaရဲ႕ စကားေတြကို ကြၽန္မ အရမ္းသေဘာက်မိတယ္ ၿပီးေတာ့ Lisa မ်က္ဝန္းထဲက ဝမ္းနည္းမႈေတြ ျမင္ရေတာ့လည္း ကြၽန္မ စိတ္မေကာင္းျဖစ္မိတယ္
သုံးရက္ၾကာၿပီးေနာက္မွာေတာ့ ကြၽန္မဟာ Lisaနဲ႕အတူ ဝယ္ခဲ့တဲ့ အိမ္ေလးကို ေျပာင္းလာခဲ့တယ္
"Honey ကိုယ္ ျပန္ေရာက္ၿပီ "
Lisa ေဆး႐ုံကျပန္ေရာက္လာေတာ့ ကြၽန္မနဲ႕အတူ တ႐ုတ္ဟင္းပြဲမ်ားကို မွာၿပီး ၿခံထဲတြင္ ခုံခင္းကာ ညစာအတူစားေလသည္
ညစာစားရင္းလည္း ကြၽန္မတို႔ေရာက္တတ္ရာရာ အေၾကာင္းေတြ ေလွ်ာက္ေျပာျဖစ္မိေသးသည္
Lisaက ကြၽန္မနဲ႕အင္းမွာအတူရွိၿပီး ေနာက္ေန႕ Annaကို ျဖတ္ပစ္ခဲ့ေၾကာင္းေတြ
ကြၽန္မကေတာ့ ကားလမ္းမေပၚမွာ Jackကို လမ္းခြဲၿပီးထြက္ေျပးလာခဲ့ေၾကာင္းေတြကို ရယ္ရယ္ေမာေမာေျပာေနမိသည္
Lisaနဲ႕ ကြၽန္မ ဘာကိစၥမွမျဖစ္သလို အခက္အခဲေတြကို ေမ့ၿပီး ရယ္ရယ္ေမာေမာနဲ႕ေနမိတယ္
Lisa ေဆး႐ုံသြားတဲ့အခ်ိန္ဆို ကြၽန္မ အခ်ိန္ခရီးသြားနိုင္ဖို႔ ႀကိဳးစားေပမယ့္ ဘယ္ေတာ့မွ မေအာင္ျမင္ခဲ့ေပ... ၿပီးေတာ့ သူမ အခ်ိန္ခရီးသြားဖို႔ႀကိဳးစားေနတာကို Lisaကို မသိေစခ်င္လို႔ ကြၽန္မ သူအလုပ္သြားခ်ိန္မွဘဲ ႀကိဳးစားၾကည့္တယ္ေလ ဘာလို႔ဆို သူ႕အဘြားျဖစ္ခဲ့တဲ့ ကိစၥနဲ႕ပတ္သက္ၿပီး ကြၽန္မကို သူစိတ္ပူေနတယ္
ဒါေၾကာင့္မို႔လို႔ ကြၽန္မ အခ်ိန္ခရီးသြားဖို႔ ႀကိဳးစား တဲ့အေၾကာင္း သူ႕ကိုမေျပာဘဲ ေနေနတယ္
Lisa's Pov
"အားလုံးအဆင္ေျပသြားမွာပါ အဆင္ေျပသြားလိမ့္မယ္ " ဆိုၿပီး ငါ့ကိုယ္ငါ ေျပာေနမိတယ္
အႀကိမ္ေပါင္းမ်ားစြာ ေျပာေနမိတာက ငါ့ကိုယ္ငါအတြက္လား Roseanneအတြက္လား မေသခ်ာေတာ့ဘူး
ေဆး႐ုံမွာ ေခါင္းကိုဓာတ္မွန္ရိုက္ၿပီးေနာက္ Roseanne သတိေမ့ေနတာ နာရီေပါင္းမ်ားစြာ ရွိေနၿပီ
ႏွလုံးခုန္ႏႈန္းကို ျပသတဲ့ စက္ကလည္း ႐ုတ္တရက္ႏွေးသြားလိုက္ ႐ုတ္တရက္ ျမန္လာလိုက္နဲ႕ ငါ့ကို အေသသတ္ေနသလိုဘဲ
Roseanne သတိျပန္ရလာမလားဆိုတာ ဘယ္သူမွ ေသေသခ်ာခ်ာ အာမမခံနိုင္ၾကဘူး
ဘုရားသခင္ေရ Roseanneကို ေက်းဇူးျပဳၿပီး သတိရလာေအာင္လုပ္ေပးပါ....သူ ငါနဲ႕ အတူရွိေနေသးတယ္ဆိုတာ သိရမွျဖစ္မယ္
Roseanneရဲ႕ လက္ကို ကိုင္ၿပီး အဆင္ေျပသြားမွာပါဆိုတာ ထပ္တလဲလဲေျပာေနမိတယ္
Roseanne မရွိဘဲ ငါ ဘယ္လိုေနရမလည္း အ႐ူးလို ျဖစ္ေနေတာ့မွာဘဲ
Knock Knock
တံခါးေခါက္သံေၾကာင့္ ငါ ထရပ္ၿပီး တံခါးဆီသြားေတာ့ သူနာျပဳေကာင္ေလးက ငါ့ကို ႏႈတ္ဆက္တယ္
"Doctor Manoban...ေဆး႐ုံေကာင္တာမွာ အမ်ိဳးသားတစ္ေယာက္ ေရာက္လာတယ္ သူ႕ကိုယ္သူေတာ့ Roseanneရဲ႕ သတို႔သားလို႔ေျပာတာဘဲ ..."
"သူ႕ကို ႏွင္လႊတ္လိုက္ "
"Roseanneရဲ႕ ဖိုင္တြဲကို စစ္ၾကည့္ေတာ့ အဲ့အမ်ိဳးသား နာမည္လည္းပါေနတယ္ဗ်ာ့.."
"သူ႕ကိုႏွင္လႊတ္လိုက္လို႔ ငါေျပာေနတယ္ေလ သူ complainတက္ရင္ ငါရွင္းမယ္...."
ငါ ေအာ္လိုက္ေတာ့ သူနာျပဳေကာင္ေလးလည္း ထြက္သြားတယ္ ခဏၾကာေတာ့ Jackက ေရာက္လာၿပီး တံခါးကို ေဆာင့္ဖြင့္တယ္
သူနာျပဳေကာင္ေလးက လိုက္ဆြဲေပမယ့္
"ဟိုေကာင္မ နင္ကဘာလို႔ Roseanne အနားရွိေနတာလည္း ..."
"သူ႕အနား ငါအၿမဲရွိေနတာ မင္းကန္းေနတာလား "
"ေခြးမ "
Jack က ငါ့ကိုဆဲၿပီး ဆြဲထိုးမယ္လုပ္ေတာ့ သူနာျပဳေကာင္ေလးက Jackကို ဆြဲေခၚသြားတယ္
"Lisa ေကာင္မ မင္းနဲ႕ငါေတြ႕မယ္ မင္းအလုပ္ျပဳတ္ေအာင္ ငါလုပ္ျပမယ္ "
Jackက ႀကိမ္းဝါးသြားေပမယ့္ ငါကေတာ့ အခုထိ သတိျပန္မရေသးတဲ့ Roseanneကို ၾကည့္ၿပီး စိတ္ပူေနမိတယ္...... အျမန္ဆုံး သတိရလာမွျဖစ္မယ္ Roseanne....
ေဆး႐ုံကလူေတြကေတာ့ Roseanneကို ငါ တာဝန္ယူထားရလို႔ အခုလိုစိတ္ပူေနတယ္ထင္ေနၾကမွာဆိုေပမယ့္ Jack... Jackကိုလည္း ငါ အာ႐ုံထဲမထားနိုင္ေသးဘူး ေလာေလာဆယ္ Roseanne သတိရလာဖို႔က ပိုအေရးႀကီးတယ္
#tbc
Bạn đang đọc truyện trên: Truyen3h.Co