Truyen3h.Co

အိမ်မက်ထဲက သူ

Part 28

KimFany059

#unicode

Lisa's Pov

လုံခြုံရေးကနေ တစ်ဆင့် ငါ Roseanneရဲ့ အဒေါ် နေတဲ့နေရာကို သိလာတယ် Eleanor Parkက သူမအိမ်ကို မုန့်မှာစားခဲ့တဲ့ ဘောက်ချာက ဆေးရုံကော်ရစ်တာမှာ ကျကျန်ခဲ့တာကို ငါ့ဘော်ဒါက ရှာတွေ့ခဲ့တယ်လေ

အခုတော့ Roseanneကို ငါအိမ်ပြန်ပို့ပေးပြီး Eleanor နေတဲ့ အိမ်ကို စုံစမ်းဖို့ ထွက်လာခဲ့တယ်

Eleanor ရဲ့ အိမ်ကိုရောက်တော့ အရာအားလုံးက တိတ်ဆိတ်ပြီး ခြောက်ကပ်နေတယ် တံခါးဖွင့်ကြည့်ပေမယ့် သော့ခတ်ထားတာကို တွေ့လိုက်ရတယ်

ဒါကြောင့်မို့လို့ ငါလည်း မတွေဝေတော့ဘဲ ဝတ်ထားတဲ့ ဂျာကင်ကို ချွတ်ပြီး လက်ဖဝါးမှာ ပတ်လိုက်ပြီး တံခါးမှန်ကို ဆောင့်ထိုးလိုက်တယ်

ကွဲကျသွားတဲ့ မှန်ပေါက်ကနေတစ်ဆင့်  ငါ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်သည်

ရဲတွေမလာခင် ငါအမြန်လှုပ်ရှားမှဖြစ်မယ် ဘေးအိမ်ကလူတွေက အိမ်ဖောက်ဝင်နေကြောင်း ဖုန်းဆက်တိုင်မတိုင် မသိနိုင်ဘူးလေ မဟုတ်လား

ဒါပေမယ့် ငါဘာကို ရှာဖွေရမှန်းမသိဘူး

Eleanor ကတော့ သပ်သပ်ရပ်ရပ်နေရှာသား အိမ်ထဲမှာ အမှိုက်ဘာညာရှုပ်နေတာတွေ မတွေ့ရဘူး

အင်း ဟုတ်ပါ့ ငါဘာတွေ လျှောက်တွေးမိနေပါလိမ့်

အချိန်ခရီးသွားတစ်ယောက်ရဲ့ အိမ်ဆိုတော့ အိပ်ဆေးတွေ စိတ်ကျန်းမာရေးအတွက်ဆေးတွေ ရူးကြောင်ကြောင် အရုပ်တွေ တွေ့ရမယ်လို့ ထင်နေခဲ့မိတာ

မီးဖိုခန်းထဲက ပန်းကန်တွေလည်း အတူတူဘဲ ဘာမှမသုံးထားသလိုဘဲ...Roseanneရဲ့ အဒေါ်က အသန့်ကြိုက်တဲ့သူဘဲ

မီးဖိုခန်းထဲက ထွက်လာပြီး မျက်နှာချင်းဆိုင်မှာ အခန်းသေးသေးလေးကို တွေ့လို့ ငါလည်း မတွေဝေဘဲ ဝင်ကြည့်လိုက်တယ်

ကြည့်ရတာ Eleanorရဲ့ ရုံးခန်းနဲ့တူသည် စာအုပ်တွေ ဖိုင်တွဲတွေမှာ အစီအရီနေရာချထားသည်

စားပွဲခုံပေါ်က ကလင်ဒါကို ငါယူကြည့်လိုက်တော့ ဘုရားရေ သူက အခုပဲရစ်ကို ရောက်နေတာပါလား

ကလင်ဒါမှာ Noteရေးထားပုံအရဆို ပဲရစ်မှာ သူ သုံးပတ်လောက်နေမည့်ပုံပင် 

ဘုန်း!

ဒေါသထွက်လာလို့ စားပွဲခုံကို ငါ လက်နဲ့ ရိုက်လိုက်မိသည် ......Eleanor ကို ယခုတွေ့မှဖြစ်မယ် နောက်သုံးပတ်ထိ Roseanneက အသက်ရှင်နေအုံးမလား မသိနိုင်ဘူးလေ

စားပွဲခုံပေါ်က စာအုပ်တွေကို ငါလှန်ကြည့်ပြီး Eleanor ဘယ်ကိုသွားလည်းဆိုတာ ရှာကြည့်နေမိသည်

နောက်ဆုံးတော့ Eleanor ဘယ်ကိုသွားလည်းဆိုတာ ငါသိပြီလေ ငါလည်း အဲ့ဒီနေရာကို သွားမှဖြစ်မယ် ဒါပေမယ့် Roseanneကို တစ်ယောက်တည်း ထားခဲ့ရမှာလည်း အဆင်မပြေဘူး

Roseanne's Pov

Lisa ကျွန်မကို အိမ်မှာထားခဲ့ပြီး ခဏဆိုပြီး ထွက်သွားတာ တော်တော်ကြာနေပြီ ဘာများဖြစ်နေလည်း မသိပါ

ထိုစဥ် အိမ်ရှေ့ ကားရပ်သံကြောင့် ကျွန်မ အရမ်းပျော်သွားတယ် ဒါက Lisaရဲ့ ကားစက်သံလေ

"Lisa နင်အဆင်ပြေလား "

အိမ်ထဲကို ဝင်လာတဲ့ Lisaကို ကျွန်မ လှမ်းမေးလိုက်သည် 

"ပြေပါတယ် စိတ်မပူပါနဲ့ Jackက Boardအဖွဲ့အစည်းကို တိုင်လိုက်တယ် သူတိုင်မယ်ဆိုတာ ကိုယ်သိပါတယ် ကိုယ်ဂရုမစိုက်ပါဘူး "

Lisaရဲ့ စကားကြောင့် ကျွန်မ အားနာမိသွားတယ် Jackဆိုတဲ့အကောင်က တကယ်မိုက်ရိုင်းတာဘဲ

"God...ငါ တကယ်တောင်းပန်ပါတယ် Lisa..နင့်အတွက် ငါ ဘာလုပ်ပေးနိုင်မလည်းဟင် ငါတို့က ငယ်ကတည်းက သိလာတဲ့သူတွေဆိုတာ ဝင်ပြောပေးရမလား "

"အာ မပြောပါနဲ့ သူတို့ကိုယ့်ကို အလုပ်ဖြုတ်လည်း အဆင်ပြေပါတယ် နောက်အလုပ်ထပ်ရှာမှာပေါ့ အေးဆေး "

"အဆင်ပြေမယ်သာပြောတာ နင့်ကြည့်ရတာ အဆင်မပြေပါဘူး Lisa "

"အလုပ်ကြောင့် အဆင်မပြေဖြစ်နေတာ မဟုတ်ဘူး Rosie "

Lisaက ပြောရင်း သက်ပြင်းချပြီး ကျွန်မကို လာဖက်သည်

"မင်းကို အိမ်ခဏပြန်ပို့ပေးပြီး ကိုယ် မင်းအဒေါ်ရဲ့ အိမ်ကို သွားရှာခဲ့တယ် ..."

"ဘာ ဘာလို့ တစ်ယောက်တည်း သွားတာလည်း သူ နင့်ကို တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလည်း "

"သူ အဲဲ့ဒီမှာ မရှိဘူး သူ ပဲရစ်ကိုလေယာဥ်နဲ့ထွက်သွားတယ် "

"နေပါအုံး အချိန်ခရီးသွားလို့ရတဲ့သူက ဘာလို့ လေယာဥ်စီးသွားတာလည်း သူ့ဟာသူ အဲ့ပဲရစ်ကိုရောက်မယ့်အချိန် တွေးပြီးသွားလို့ရတယ် မဟုတ်ဘူးလား "

"ကိုယ်လည်း မသိဘူး စည်းမျဥ်းစည်းကမ်းတွေကြောင့် ဖြစ်နိုင်သလို သူက ပိတ်မိနေတာလည်း ဖြစ်နိုင်တယ် သေချာတာတစ်ခုက ကိုယ်လည်း ပဲရစ်ကို လိုက်သွားမှဖြစ်မယ်..."

"မသွားရဘူး "

"Rosie ဒါ ကိုယ်တို့အတွက် အခွင့်အရေးတစ်ခုနော်  မင်းရဲ့ tumorက ဘာဆက်ဖြစ်မလည်းဆိုတာ ကိုယ်မသိဘူး  ဒါကြောင့်မို့လို့ ကိုယ် သူပြန်လာတဲ့အထိ ထိုင်စောင့်နေလို့မရဘူး "

Lisaက ကျွန်မရဲ့ မျက်နှာလေးကိုကိုင်ပြီး ပြောနေတယ်

"ဒါဆို ငါနင်နဲ့လိုက်ခဲ့မယ် "

"လိုက်လို့မရဘူးလေ လေယာဥ်နဲ့သွားနေတဲ့အချိန် မင်းရုတ်တရက် အရေးပေါ် ဖြစ်သွားရင် လေယာဥ်လည်းရပ်မရ oxygenလည်း မလုံလောက်ဖြစ်နေမှာ အန္တရာယ်များတယ် ..."

Lisa စကားကြောင့် ကျွန်မ အကူအညီမဲ့သွားသလို ခံစားရတယ်

"Lisa.. သူက ရူးနေတာလား တစ်ခုခုဘဲ သူက အချိန်လည်းခရီးသွားနိုင်တယ်နော် ရုတ်တရက် နင့်နောက်ရောက်လာပြီး သေနတ်နဲ့ ပစ်သွားရင် ဘယ်လိုလုပ်မလည်း "

"Roseanne ကိုယ်လေ မင်းကို အရမ်းချစ်တာသိလား မင်း ဒီမှာမရှိတော့ဘူးလို့ တွေးမိတိုင်း ကိုယ်အသက်ရှုလို့ကို မရဘူး....ပြီးတော့ ကိုယ် ကြိုးစားပြီး Eleanorကို မရှာရင် နောက်ဆို ကိုယ်နောင်တရနေမိမှာ...."

Lisaကို ကျွန်မ တားလို့လည်း မရပါဘူး သူအရမ်းစိတ်ပြင်းပြနေတာ မဟုတ်လား

"ကောင်းပြီလေ ဘယ်အချိန်သွားမှာလည်း "

"ဒီနေ့ လက်မှတ်ကုန်သွားလို့ မနက်ဖြန် မနက်ခြောက်နာရီ လက်မှတ်ဖြတ်ထားတယ် "

"ဒါဆို အခုအချိန်လေးက ငါတို့အတွက် နောက်ဆုံးအချိန်လေးပေါ့ "

"အဲ့လိုမပြောပါနဲ့ Rosie....အဲ့လိုမတွေးပါနဲ့ "

"ဒါပေမယ့် "

Lisaက ကျွန်မကို ဆက်မပြောနိုင်အောင် သူ့နှုတ်ခမ်းနဲ့ ကျွန်မရဲ့ နှုတ်ခမ်းကို နုတ်ပိတ်လိုက်တယ်

Lisa အနမ်းတွေက အရမ်းပြင်းထန်လာတယ်....

"Rosie....ပဲရစ်ကို ကိုယ်မသွားခင် မင်းနဲ့ fuckလို့ရလား "

Oh my god....Lisaက ကျွန်မကို လိုချင်နေတာဘဲ

#tbc

#zawgyi

Lisa's Pov

လုံၿခဳံေရးကေန တစ္ဆင့္ ငါ Roseanneရဲ႕ အေဒၚ ေနတဲ့ေနရာကို သိလာတယ္ Eleanor Parkက သူမအိမ္ကို မုန့္မွာစားခဲ့တဲ့ ေဘာက္ခ်ာက ေဆး႐ုံေကာ္ရစ္တာမွာ က်က်န္ခဲ့တာကို ငါ့ေဘာ္ဒါက ရွာေတြ႕ခဲ့တယ္ေလ

အခုေတာ့ Roseanneကို ငါအိမ္ျပန္ပို႔ေပးၿပီး Eleanor ေနတဲ့ အိမ္ကို စုံစမ္းဖို႔ ထြက္လာခဲ့တယ္

Eleanor ရဲ႕ အိမ္ကိုေရာက္ေတာ့ အရာအားလုံးက တိတ္ဆိတ္ၿပီး ေျခာက္ကပ္ေနတယ္ တံခါးဖြင့္ၾကည့္ေပမယ့္ ေသာ့ခတ္ထားတာကို ေတြ႕လိုက္ရတယ္

ဒါေၾကာင့္မို႔လို႔ ငါလည္း မေတြေဝေတာ့ဘဲ ဝတ္ထားတဲ့ ဂ်ာကင္ကို ခြၽတ္ၿပီး လက္ဖဝါးမွာ ပတ္လိုက္ၿပီး တံခါးမွန္ကို ေဆာင့္ထိုးလိုက္တယ္

ကြဲက်သြားတဲ့ မွန္ေပါက္ကေနတစ္ဆင့္  ငါ တံခါးလက္ကိုင္ကို လွည့္ဖြင့္လိုက္သည္

ရဲေတြမလာခင္ ငါအျမန္လႈပ္ရွားမွျဖစ္မယ္ ေဘးအိမ္ကလူေတြက အိမ္ေဖာက္ဝင္ေနေၾကာင္း ဖုန္းဆက္တိုင္မတိုင္ မသိနိုင္ဘူးေလ မဟုတ္လား

ဒါေပမယ့္ ငါဘာကို ရွာေဖြရမွန္းမသိဘူး

Eleanor ကေတာ့ သပ္သပ္ရပ္ရပ္ေနရွာသား အိမ္ထဲမွာ အမွိုက္ဘာညာရႈပ္ေနတာေတြ မေတြ႕ရဘူး

အင္း ဟုတ္ပါ့ ငါဘာေတြ ေလွ်ာက္ေတြးမိေနပါလိမ့္

အခ်ိန္ခရီးသြားတစ္ေယာက္ရဲ႕ အိမ္ဆိုေတာ့ အိပ္ေဆးေတြ စိတ္က်န္းမာေရးအတြက္ေဆးေတြ ႐ူးေၾကာင္ေၾကာင္ အ႐ုပ္ေတြ ေတြ႕ရမယ္လို႔ ထင္ေနခဲ့မိတာ

မီးဖိုခန္းထဲက ပန္းကန္ေတြလည္း အတူတူဘဲ ဘာမွမသုံးထားသလိုဘဲ...Roseanneရဲ႕ အေဒၚက အသန့္ႀကိဳက္တဲ့သူဘဲ

မီးဖိုခန္းထဲက ထြက္လာၿပီး မ်က္ႏွာခ်င္းဆိုင္မွာ အခန္းေသးေသးေလးကို ေတြ႕လို႔ ငါလည္း မေတြေဝဘဲ ဝင္ၾကည့္လိုက္တယ္

ၾကည့္ရတာ Eleanorရဲ႕ ႐ုံးခန္းနဲ႕တူသည္ စာအုပ္ေတြ ဖိုင္တြဲေတြမွာ အစီအရီေနရာခ်ထားသည္

စားပြဲခုံေပၚက ကလင္ဒါကို ငါယူၾကည့္လိုက္ေတာ့ ဘုရားေရ သူက အခုပဲရစ္ကို ေရာက္ေနတာပါလား

ကလင္ဒါမွာ Noteေရးထားပုံအရဆို ပဲရစ္မွာ သူ သုံးပတ္ေလာက္ေနမည့္ပုံပင္ 

ဘုန္း!

ေဒါသထြက္လာလို႔ စားပြဲခုံကို ငါ လက္နဲ႕ ရိုက္လိုက္မိသည္ ......Eleanor ကို ယခုေတြ႕မွျဖစ္မယ္ ေနာက္သုံးပတ္ထိ Roseanneက အသက္ရွင္ေနအုံးမလား မသိနိုင္ဘူးေလ

စားပြဲခုံေပၚက စာအုပ္ေတြကို ငါလွန္ၾကည့္ၿပီး Eleanor ဘယ္ကိုသြားလည္းဆိုတာ ရွာၾကည့္ေနမိသည္

ေနာက္ဆုံးေတာ့ Eleanor ဘယ္ကိုသြားလည္းဆိုတာ ငါသိၿပီေလ ငါလည္း အဲ့ဒီေနရာကို သြားမွျဖစ္မယ္ ဒါေပမယ့္ Roseanneကို တစ္ေယာက္တည္း ထားခဲ့ရမွာလည္း အဆင္မေျပဘူး

Roseanne's Pov

Lisa ကြၽန္မကို အိမ္မွာထားခဲ့ၿပီး ခဏဆိုၿပီး ထြက္သြားတာ ေတာ္ေတာ္ၾကာေနၿပီ ဘာမ်ားျဖစ္ေနလည္း မသိပါ

ထိုစဥ္ အိမ္ေရွ႕ ကားရပ္သံေၾကာင့္ ကြၽန္မ အရမ္းေပ်ာ္သြားတယ္ ဒါက Lisaရဲ႕ ကားစက္သံေလ

"Lisa နင္အဆင္ေျပလား "

အိမ္ထဲကို ဝင္လာတဲ့ Lisaကို ကြၽန္မ လွမ္းေမးလိုက္သည္ 

"ေျပပါတယ္ စိတ္မပူပါနဲ႕ Jackက Boardအဖြဲ႕အစည္းကို တိုင္လိုက္တယ္ သူတိုင္မယ္ဆိုတာ ကိုယ္သိပါတယ္ ကိုယ္ဂ႐ုမစိုက္ပါဘူး "

Lisaရဲ႕ စကားေၾကာင့္ ကြၽန္မ အားနာမိသြားတယ္ Jackဆိုတဲ့အေကာင္က တကယ္မိုက္ရိုင္းတာဘဲ

"God...ငါ တကယ္ေတာင္းပန္ပါတယ္ Lisa..နင့္အတြက္ ငါ ဘာလုပ္ေပးနိုင္မလည္းဟင္ ငါတို႔က ငယ္ကတည္းက သိလာတဲ့သူေတြဆိုတာ ဝင္ေျပာေပးရမလား "

"အာ မေျပာပါနဲ႕ သူတို႔ကိုယ့္ကို အလုပ္ျဖဳတ္လည္း အဆင္ေျပပါတယ္ ေနာက္အလုပ္ထပ္ရွာမွာေပါ့ ေအးေဆး "

"အဆင္ေျပမယ္သာေျပာတာ နင့္ၾကည့္ရတာ အဆင္မေျပပါဘူး Lisa "

"အလုပ္ေၾကာင့္ အဆင္မေျပျဖစ္ေနတာ မဟုတ္ဘူး Rosie "

Lisaက ေျပာရင္း သက္ျပင္းခ်ၿပီး ကြၽန္မကို လာဖက္သည္

"မင္းကို အိမ္ခဏျပန္ပို႔ေပးၿပီး ကိုယ္ မင္းအေဒၚရဲ႕ အိမ္ကို သြားရွာခဲ့တယ္ ..."

"ဘာ ဘာလို႔ တစ္ေယာက္တည္း သြားတာလည္း သူ နင့္ကို တစ္ခုခုလုပ္လိုက္ရင္ ဘယ္လိုလုပ္မလည္း "

"သူ အဲဲ့ဒီမွာ မရွိဘူး သူ ပဲရစ္ကိုေလယာဥ္နဲ႕ထြက္သြားတယ္ "

"ေနပါအုံး အခ်ိန္ခရီးသြားလို႔ရတဲ့သူက ဘာလို႔ ေလယာဥ္စီးသြားတာလည္း သူ႕ဟာသူ အဲ့ပဲရစ္ကိုေရာက္မယ့္အခ်ိန္ ေတြးၿပီးသြားလို႔ရတယ္ မဟုတ္ဘူးလား "

"ကိုယ္လည္း မသိဘူး စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ျဖစ္နိုင္သလို သူက ပိတ္မိေနတာလည္း ျဖစ္နိုင္တယ္ ေသခ်ာတာတစ္ခုက ကိုယ္လည္း ပဲရစ္ကို လိုက္သြားမွျဖစ္မယ္..."

"မသြားရဘူး "

"Rosie ဒါ ကိုယ္တို႔အတြက္ အခြင့္အေရးတစ္ခုေနာ္  မင္းရဲ႕ tumorက ဘာဆက္ျဖစ္မလည္းဆိုတာ ကိုယ္မသိဘူး  ဒါေၾကာင့္မို႔လို႔ ကိုယ္ သူျပန္လာတဲ့အထိ ထိုင္ေစာင့္ေနလို႔မရဘူး "

Lisaက ကြၽန္မရဲ႕ မ်က္ႏွာေလးကိုကိုင္ၿပီး ေျပာေနတယ္

"ဒါဆို ငါနင္နဲ႕လိုက္ခဲ့မယ္ "

"လိုက္လို႔မရဘူးေလ ေလယာဥ္နဲ႕သြားေနတဲ့အခ်ိန္ မင္း႐ုတ္တရက္ အေရးေပၚ ျဖစ္သြားရင္ ေလယာဥ္လည္းရပ္မရ oxygenလည္း မလုံေလာက္ျဖစ္ေနမွာ အႏၱရာယ္မ်ားတယ္ ..."

Lisa စကားေၾကာင့္ ကြၽန္မ အကူအညီမဲ့သြားသလို ခံစားရတယ္

"Lisa.. သူက ႐ူးေနတာလား တစ္ခုခုဘဲ သူက အခ်ိန္လည္းခရီးသြားနိုင္တယ္ေနာ္ ႐ုတ္တရက္ နင့္ေနာက္ေရာက္လာၿပီး ေသနတ္နဲ႕ ပစ္သြားရင္ ဘယ္လိုလုပ္မလည္း "

"Roseanne ကိုယ္ေလ မင္းကို အရမ္းခ်စ္တာသိလား မင္း ဒီမွာမရွိေတာ့ဘူးလို႔ ေတြးမိတိုင္း ကိုယ္အသက္ရႈလို႔ကို မရဘူး....ၿပီးေတာ့ ကိုယ္ ႀကိဳးစားၿပီး Eleanorကို မရွာရင္ ေနာက္ဆို ကိုယ္ေနာင္တရေနမိမွာ...."

Lisaကို ကြၽန္မ တားလို႔လည္း မရပါဘူး သူအရမ္းစိတ္ျပင္းျပေနတာ မဟုတ္လား

"ေကာင္းၿပီေလ ဘယ္အခ်ိန္သြားမွာလည္း "

"ဒီေန႕ လက္မွတ္ကုန္သြားလို႔ မနက္ျဖန္ မနက္ေျခာက္နာရီ လက္မွတ္ျဖတ္ထားတယ္ "

"ဒါဆို အခုအခ်ိန္ေလးက ငါတို႔အတြက္ ေနာက္ဆုံးအခ်ိန္ေလးေပါ့ "

"အဲ့လိုမေျပာပါနဲ႕ Rosie....အဲ့လိုမေတြးပါနဲ႕ "

"ဒါေပမယ့္ "

Lisaက ကြၽန္မကို ဆက္မေျပာနိုင္ေအာင္ သူ႕ႏႈတ္ခမ္းနဲ႕ ကြၽန္မရဲ႕ ႏႈတ္ခမ္းကို ႏုတ္ပိတ္လိုက္တယ္

Lisa အနမ္းေတြက အရမ္းျပင္းထန္လာတယ္....

"Rosie....ပဲရစ္ကို ကိုယ္မသြားခင္ မင္းနဲ႕ fuckလို႔ရလား "

Oh my god....Lisaက ကြၽန္မကို လိုခ်င္ေနတာဘဲ

#tbc

Bạn đang đọc truyện trên: Truyen3h.Co