Truyen3h.Co

အိမ်မက်ထဲက သူ

Part 29

KimFany059


#unicode

Lisa's Pov

Charles de Gaulleကို ပင်ပန်းခြင်းများစွာနဲ့အတူ  ငါရောက်လာခဲ့ပြီ....

လမ်းမပေါ်က ဖြတ်သွားဖြတ်လာတွေကို ကြည့်ရင်း ယခုအချိန် Roseanneကို ငါဖက်အိပ်နေရမယ့်အချိန်ဘဲလို့ တွေးနေမိသည်

မျက်လုံးလေး ခဏမှိတ်ထားရုံနဲ့ Roseanneရဲ့ နူးညံ့တဲ့ အသားအရေအထိအတွေ့ကို ခံစားနေရသည်

သူမနဲ့ ခွဲရတာ တစ်ရက်တောင် မပြည့်သေး လွမ်းနေမိပြန်ပြီ

ပဲရစ်မှာ ကားငှားပြီး ရုံးခန်းထဲက ငါကူးယူထားတဲ့ လိပ်စာကို မောင်းပို့ဖို့ ကားဆရာကို ပြောလိုက်တယ်

ပဲရစ်မှာ အလည်အပတ်သွားသူတွေနဲ့ ပြည့်နှက်နေပေမယ့် ငါကတော့ သောက်ကျိုးနည်း အချိန်ခရီးသွားကို လိုက်ရှာနေရတယ်

လူတိုင်း လူတိုင်းက လိုချင်တဲ့အရာတွေ အများကြီးရှိတယ်မလား အချိန်ခရီးသွားနိုင်တဲ့သူလည်း တစ်ခုခုလိုချင်တာရှိမှာပါ ဘာလည်းဆိုတာ ငါဖော်ထုတ်ပြီး Roseanneကလွဲရင် ငါ့မှာ ပိုင်ဆိုင်သမျှ အားလုံး သူ့ကိုပေးပစ်လိုက်မယ်

ကားဆရာလည်း ငါပြောထားတဲ့နေရာကို ရောက်တော့ ရပ်ပေးခဲ့တယ်

ကားပေါ်ကဆင်းပြီး ထိုအဆောက်အဦးတံခါးကို ငါသွားခေါက်လိုက်သည်

ခဏကြာတော့ အသက်ကြီးကြီးမိန်းမတစ်ယောက်က ငါ့ကို တံခါးလာဖွင့်ပေးတယ်

သူက Eleanor Parkတော့ မဟုတ်ဘူး

"Bonjour..."

"Bonjour..."

ငါလည်း ပြန်နှုတ်ဆက်ပြီး ထိုအမျိုးသမီးနောက်ကို လိုက်သွားတယ်

"Je suis désolé , je suis ici parce que"

အချိန်ခရီးသွားကိုရှာနေကြောင်း ဘယ်လိုပြောရမှန်းမသိလို့ ဖုန်းထဲက google translate ကိုရှာပြီး ပြင်သစ်လို ပြောလိုက်သည်

"Hey ဘာလို့ ငါတို့ Englishလို မပြောကြတာလည်း နင့်ရဲ့ ပြင်သစ်အသံထွက်က တော်တော်ဆိုးရွားတာဘဲ "

အမျိုးသမီး စကားကြောင့် ငါရယ်လိုက်ပြီး တစ်ပြိုင်ထဲမှာ ထိုအမျိုးသမီးက English လိုပြောတတ်လို့ ငါစိတ်သက်သာရာရသွားတယ်

"အသံထွက်ဆိုးရွားမှန်း ကျွန်မ သိပါတယ် "

"တကယ်တကယ့်ကို ဆိုးရွားတာ ကလေးမ မင်းပိုလေ့လာသင့်တယ် "

"ဟုတ်ကဲ့ "

"ပြင်သစ်စာက သိပ်မခက်ပါဘူး "

"ကျွန်မ ဒီကိုလာရတဲ့အ​ကြောင်းအရင်းက "

"လက္ခဏာဖတ်ချင်လို့ မဟုတ်လား "

နေပါအုံး Eleanorက ဘာလို့ လက္ခဏာဖတ်တဲ့သူဆီလာနေတာလည်း သူက အချိန်ခရီးသွားနိုင်နေတာဘဲ ဘာလို့ အနာဂတ်ကိုသိချင်နေရတာလည်း

"တကယ်တော့ ကျွန်မက "

"ကဲပါ ညည်းရဲ့ လက္ခဏာကို ငါ အရင်ဖတ်ကြည့်မယ် ထိုင် "

ငါလည်း ကူရာမဲ့နေတာနဲ့ ထိုင်ခုံမှာ ဝင်ထိုင်ပြီး laptopအိတ်ကို ဘေးနားထားလိုက်သည်

လက္ခဏာဖတ်တဲ့အမျိုးသမီးက ငါ့လက်ကို ယူပြီးဖတ်ကြည့်နေသည်

"မင်းက တကယ် ပြီးပြည့်စုံတာဘဲ.. "

ဒီလိုပါဘဲ လူတိုင်းပြောကြပါတယ်လေ

"မင်းက ရေကူးသမားတစ်ယောက်ဘဲ ..."

ခန့်မှန်းတာတော်သားဘဲ လူတော်တော်များများ ရေကူးကြတယ်မဟုတ်လား ငါ့ဆီက ရေကူးပေါင်ဒါအနံ့ရလိုက်တယ်ထင်ပါရဲ့

"ပြီးတော့ မင်းက လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိနေတာဘဲ "

ထပ်ပြီး မှန်သွားပြန်ပြီ

"မင်းချစ်တဲ့ မိန်းကလေးက ဘဝပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတာဘဲ....ပြီးတော့ သူက မင်းရဲ့ကလေးကို လွယ်ထားရတယ် နေပါအုံး နှစ်ယောက်တောင်ဘဲ  "

ထိုအမျိူးသမီးရဲ့ စကားကြောင့် ငါလန့်သွားတယ် မဖြစ်နိုင်တာ...

"Oh ပြောရတာ စိတ်မကောင်းပေမယ့် သူ tumorလည်းဖြစ်နေတာဘဲ "

မဟုတ်တော့ဘူး Roseanne tumorဖြစ်နေတာကို သူဘယ်လိုသိတာလည်း

အမျိုးသမီးမှာ ငါ့လက်ကိုလွှတ်လိုက်သည့်အပြင် သူ့မျက်နှာကလည်း ညှိုးနွမ်းသွားတယ်

"Lali​sa မင်း ပြင်သစ်စာသင်ဖို့ လိုအပ်နေပြီ....ဒီမှာဆက်နေရအုံးမယ် သိလား "

"ကျွန်မရဲ့ နာမည် ဘယ်လိုသိတာလည်း "

"မင်းက မင်းနာမည်မပြောပြတော့ ငါ့ဟာငါဘဲ ဖော်ထုတ်ရတာပေါ့ စကားမစပ် ငါ့နာမည်က Cecelia "

Ceceliaက တကယ်ကိုတော်တဲ့ လက္ခဏာပညာရှင်ဘဲ သူ့ကို ငါ ဟောခပေးပြီး ဆေးရုံ CCTVမှာ ဖမ်းမိခဲ့တဲ့ Eleanor ရဲ့ဓာတ်ပုံကို ပြလိုက်သည်

"ကျွန်မ ဒီအမျိုးသမီးကို လိုက်ရှာနေတာပါ သူ့နာမည်က Eleanor Parkတဲ့...သူက ဒီကိုလာဖြစ်ကြောင်း ရှာတွေ့ထားလို့ ကျွန်မရောက်လာတာပါ...."

Ceceliaက ငါပြတဲ့ ဓာတ်ပုံကို သေချာယူကြည့်နေတယ်

"Amelie...ဟုတ်တယ် သူ သဘော်ပို့ကုန်တွေ သွားယူနေတယ် "

"Amelie...မဟုတ်ပါဘူး ကျွန်မရှာတဲ့ သူနာမည်က Eleanor Parkပါ ပြီးတော့ သူက ပြင်သစ်လူမျိုးမဟုတ်ဘူး "

"Amelie Bertrand...သူက ပြင်သစ်လူမျိုးပါ "

Roseanneရဲ့အဒေါ်ကို ငါသံသယဝင်လာပြီ

"ဒါဆို သူနဲ့တူတဲ့သူဖြစ်မယ်  ....အခု ငါရှာနေတဲ့သူက အမေရိကန်လေ ")

"မဟုတ်ဘူး သူလည်း ငါ့လိုဘဲဲပြင်သစ်လူမျိုး... သူနဲ့ခဏခဏတွေ့ဖူးတယ် တွေ့ဖူးသလောက်လည်း သူအသက်ကြီးလာတာမျိုး မတွေ့ရဘူး ...."

ဒါဆို Amelieနဲ့ Eleanorက အတူတူဘဲ တစ်ယောက်တည်းဘဲပေါ့

"သူ ဘယ်အချိန်လာတတ်လည်း ဒါမှမဟုတ် ဘယ်မှာနေလည်းဆိုတာ သိလားဟင် "

"နောက်ရက်အနည်းငယ်ဆို ပြန်လာမယ်ထင်တယ် သူက လျို့ဝှက်တတ်တဲ့သူမျိုးသိလား ဒါကြောင့်မို့လို့ သူ့ပစ္စည်းတွေကို ငါ့ဆီလာထားတာ "

"ဘာပစ္စည်းတွေလည်း "

"အဲ့တာတော့ ပြောပြလို့မရဘူးလေ "

"ဒီမှာ ကျွန်မလက္ခဏာကို ရှင်ဖတ်တုန်းက တွေ့ရတဲ့ tumorက ကျွန်မရဲ့ ချစ်သူမှာ ရှိနေတာ....ကိုယ်ဝန်ရှိနေတဲ့ ကျွန်မချစ်သူနော် ဒါကြောင့်မို့လို့ အဲ့အမျိုးသမီးက ကူညီနိုင်မယ်ထင်လို့ သူ့ကိုလာရှာတာ စကားပြောရုံတင်ပါ "

"သူ ဘယ်မှာနေလည်းဆိုတာ ငါတကယ်မသိဘူး သူဒီကိုလာတဲ့အခါ မင်းဆီ စာပို့လိုက်မယ်လေ တစ်ခုတော့ရှိတယ် ငါ့ဆိုင်ထဲတော့ သွေးထွက်သံယိုဖြစ်အောင် မလုပ်နဲ့နော် သူ့ကိုသတ်မယ်ဆိုလည်း ဆိုင်အပြင်ရောက်မှ သတ် "

"သူ့ကို သတ်ရမယ် ကျွန်မ ဘယ်သူ့ကိုမှ သတ်ဖို့ အစီအစဥ် မရှိပါဘူး..."

"မသတ်ဘူးပေါ့ အကယ်၍ သူ့ကိုသတ်မှ မင်းချစ်သူ အသက်ရှင်မယ်ဆိုရင်ရော "

ငါ ရုတ်တရက်တွေဝေသွားတယ် ငါသတ်မိမလား...လူတစ်​ယောက်ကို သွေးအေးအေးနဲ့  သတ်ပစ်ဖို့ ငါတစ်ခါမှ စိတ်မကူးဖူးဘူး...Eleanorဆီမှာ Roseanneကို အသက်ရှင်စေဖို့ တစ်ခုခု ရှိမယ်ဆိုရင် ငါ...သတ်ပစ်မိမှာဘဲ

"Lisa...သူ့ကိုသတ်ပစ်တာက အကောင်းဆုံး ဖြေရှင်းနည်းဘဲလို့ ငါထင်တယ် "

Ceceliaက ငါ့ကိုပြုံးပြပြီး ပြောလိုက်သည် ....

Roseanne's Pov

Lisa မရှိတဲ့အချိန် Jennie ဒါမှမဟုတ် အမေနဲ့ နေမယ်လို့ Lisaကို ကတိပေးထားလို့ အမေရဲ့အိမ်တွင် ကျွန်မရှိနေသည်

"သမီးက သမီးရဲ့ဆရာဝန်နဲ့ တွဲနေကြောင်း သိရတော့ အမေ အရမ်းအံ့သြသွားတယ် "

"Jackက အမေ့ကို အကုန်ပြောပြခဲ့တာဘဲ ..ဒါ​ပေမယ့် သမီးက Jackကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး "

ကျွန်မက ပြောပြီး ဆိုဖာမှာ ထိုင်လိုက်တော့ အမေကလည်း လက်ဖက်ရည်ခွက်ကိုင်ပြီး ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တယ်

"သစ္စာမဖောက်ဘူးဆိုရင် ဘာလည်း အချစ်ဆိုတာက ကိုယ့်လူကိုဘဲ အာရုံစိုက်ရမှာလေ ဆယ်ကျော်သက်အရွယ်လေးလို မြင်သမျှ ရင်ခုန်နေရမယ့် အရွယ်မှမဟုတ်တာ "

"အမေ...ကျွန်မက အမေ့သမီးနော် "

"သိပါတယ် ဒါပေမယ့် အမေ့သမီးဖြစ်လို့ ဘာမှမပြောဘူးလို့ မျှော်လင့်မထားနဲ့လေ ...သမီးက သမီးရဲ့ သတို့သားကို သစ္စာဖောက်ခဲ့သူ မဟုတ်လား "

"ကျွန်မ သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး ပြီးတော့ Jack သူက ကျွန်မရဲ့ ex သတို့သားဖြစ်နေပြီ အဲ့တာအပြင် လမ်းခွဲပြီးနောက် ကျွန်မရဲ့နောက်ကို လိုက် stalk Jennieရဲ့အိမ်ရှေ့မှာစောင့် အလုပ်ထိလိုက်လာ အဲ့တာအပြင် သတိလစ်လို့ ဆေးရုံတက်နေရတဲ့အချိန် ဇွတ်အတင်းပြဿနာရှာခဲ့သူနော် အမေ "

"ဆေးရုံမှာ....နေပါအုံး သမီးထပ်ပြီး ဆေးရုံတက်ရတယ် ဟုတ်လား ဘာလို့ အမေ့ကိုမပြောတာလည်း ..."

"သတိမေ့သွားရုံပါ... ဒါနဲ့ သမီးသတိလစ်တုန်းက အမျိုးသမီးတစ်ယောက်ရောက်လာပြီး ကျွန်မကို ဆေးမှားထိုးပေးသွားတယ် Lisaက သိပြီး ကူညီပေးလို့ တော်သေးတယ် "

"ဟင် ဘယ်လိုဖြစ်တာလည်း "

"အဲ့တာကြောင့်လည်း သမီး အမေ့ဆီ ရောက်လာတာ..သူ့ကို ဖမ်းမမိလိုက်ပေမယ့် သဲလွန်စ ရလိုက်တယ် သူ့နာမည်က Eleanor Parkတဲ့ "

ကျွန်မရဲ့ စကားကြောင့် အမေ့မျက်နှာ ပြောင်းလဲသွားတယ်

"မဖြစ်နိုင်တာ....သမီးအဖေရဲ့ ညီမက ဒီဇာတ်လမ်းထဲ ပါနေတယ်လို့ထင်နေတာလား "

"သက်သေတွေနဲ့ဆို သံသယဝင်စရာကောင်းလွန်းတယ် မဟုတ်လား "

"သမီး အဒေါ်​က အဲ့လိုလုပ်စရာမှမလိုတာ သူကဖြင့် သမီးကို မြင်ဖူးတာလည်း မဟုတ်ဘူး "

"ဒါဆို သူကဘာလို့ သမီးကို သတ်ဖို့ကြိုးစားရတာလည်း "

"နေ့လည်စာ ဘာစားကြမလည်း "

အမေက ငါ့စကားကိုဖြတ်ပြောပြီး ထိုင်ရာက ထသွားတယ်

#tbc

#zawgyi

Lisa's Pov

Charles de Gaulleကို ပင္ပန္းျခင္းမ်ားစြာနဲ႕အတူ  ငါေရာက္လာခဲ့ၿပီ....

လမ္းမေပၚက ျဖတ္သြားျဖတ္လာေတြကို ၾကည့္ရင္း ယခုအခ်ိန္ Roseanneကို ငါဖက္အိပ္ေနရမယ့္အခ်ိန္ဘဲလို႔ ေတြးေနမိသည္

မ်က္လုံးေလး ခဏမွိတ္ထား႐ုံနဲ႕ Roseanneရဲ႕ ႏူးညံ့တဲ့ အသားအေရအထိအေတြ႕ကို ခံစားေနရသည္

သူမနဲ႕ ခြဲရတာ တစ္ရက္ေတာင္ မျပည့္ေသး လြမ္းေနမိျပန္ၿပီ

ပဲရစ္မွာ ကားငွားၿပီး ႐ုံးခန္းထဲက ငါကူးယူထားတဲ့ လိပ္စာကို ေမာင္းပို႔ဖို႔ ကားဆရာကို ေျပာလိုက္တယ္

ပဲရစ္မွာ အလည္အပတ္သြားသူေတြနဲ႕ ျပည့္ႏွက္ေနေပမယ့္ ငါကေတာ့ ေသာက္က်ိဳးနည္း အခ်ိန္ခရီးသြားကို လိုက္ရွာေနရတယ္

လူတိုင္း လူတိုင္းက လိုခ်င္တဲ့အရာေတြ အမ်ားႀကီးရွိတယ္မလား အခ်ိန္ခရီးသြားနိုင္တဲ့သူလည္း တစ္ခုခုလိုခ်င္တာရွိမွာပါ ဘာလည္းဆိုတာ ငါေဖာ္ထုတ္ၿပီး Roseanneကလြဲရင္ ငါ့မွာ ပိုင္ဆိုင္သမွ် အားလုံး သူ႕ကိုေပးပစ္လိုက္မယ္

ကားဆရာလည္း ငါေျပာထားတဲ့ေနရာကို ေရာက္ေတာ့ ရပ္ေပးခဲ့တယ္

ကားေပၚကဆင္းၿပီး ထိုအေဆာက္အဦးတံခါးကို ငါသြားေခါက္လိုက္သည္

ခဏၾကာေတာ့ အသက္ႀကီးႀကီးမိန္းမတစ္ေယာက္က ငါ့ကို တံခါးလာဖြင့္ေပးတယ္

သူက Eleanor Parkေတာ့ မဟုတ္ဘူး

"Bonjour..."

"Bonjour..."

ငါလည္း ျပန္ႏႈတ္ဆက္ၿပီး ထိုအမ်ိဳးသမီးေနာက္ကို လိုက္သြားတယ္

"Je suis dsol , je suis ici parce que"

အခ်ိန္ခရီးသြားကိုရွာေနေၾကာင္း ဘယ္လိုေျပာရမွန္းမသိလို႔ ဖုန္းထဲက google translate ကိုရွာၿပီး ျပင္သစ္လို ေျပာလိုက္သည္

"Hey ဘာလို႔ ငါတို႔ Englishလို မေျပာၾကတာလည္း နင့္ရဲ႕ ျပင္သစ္အသံထြက္က ေတာ္ေတာ္ဆိုး႐ြားတာဘဲ "

အမ်ိဳးသမီး စကားေၾကာင့္ ငါရယ္လိုက္ၿပီး တစ္ၿပိဳင္ထဲမွာ ထိုအမ်ိဳးသမီးက English လိုေျပာတတ္လို႔ ငါစိတ္သက္သာရာရသြားတယ္

"အသံထြက္ဆိုး႐ြားမွန္း ကြၽန္မ သိပါတယ္ "

"တကယ္တကယ့္ကို ဆိုး႐ြားတာ ကေလးမ မင္းပိုေလ့လာသင့္တယ္ "

"ဟုတ္ကဲ့ "

"ျပင္သစ္စာက သိပ္မခက္ပါဘူး "

"ကြၽန္မ ဒီကိုလာရတဲ့အေၾကာင္းအရင္းက "

"လကၡဏာဖတ္ခ်င္လို႔ မဟုတ္လား "

ေနပါအုံး Eleanorက ဘာလို႔ လကၡဏာဖတ္တဲ့သူဆီလာေနတာလည္း သူက အခ်ိန္ခရီးသြားနိုင္ေနတာဘဲ ဘာလို႔ အနာဂတ္ကိုသိခ်င္ေနရတာလည္း

"တကယ္ေတာ့ ကြၽန္မက "

"ကဲပါ ညည္းရဲ႕ လကၡဏာကို ငါ အရင္ဖတ္ၾကည့္မယ္ ထိုင္ "

ငါလည္း ကူရာမဲ့ေနတာနဲ႕ ထိုင္ခုံမွာ ဝင္ထိုင္ၿပီး laptopအိတ္ကို ေဘးနားထားလိုက္သည္

လကၡဏာဖတ္တဲ့အမ်ိဳးသမီးက ငါ့လက္ကို ယူၿပီးဖတ္ၾကည့္ေနသည္

"မင္းက တကယ္ ၿပီးျပည့္စုံတာဘဲ.. "

ဒီလိုပါဘဲ လူတိုင္းေျပာၾကပါတယ္ေလ

"မင္းက ေရကူးသမားတစ္ေယာက္ဘဲ ..."

ခန့္မွန္းတာေတာ္သားဘဲ လူေတာ္ေတာ္မ်ားမ်ား ေရကူးၾကတယ္မဟုတ္လား ငါ့ဆီက ေရကူးေပါင္ဒါအနံ႕ရလိုက္တယ္ထင္ပါရဲ႕

"ၿပီးေတာ့ မင္းက လူတစ္ေယာက္ကို ႏွစ္ႏွစ္ကာကာခ်စ္မိေနတာဘဲ "

ထပ္ၿပီး မွန္သြားျပန္ၿပီ

"မင္းခ်စ္တဲ့ မိန္းကေလးက ဘဝေပါင္းမ်ားစြာကို ျဖတ္ေက်ာ္ခဲ့ရတာဘဲ....ၿပီးေတာ့ သူက မင္းရဲ႕ကေလးကို လြယ္ထားရတယ္ ေနပါအုံး ႏွစ္ေယာက္ေတာင္ဘဲ  "

ထိုအမ်ိဴးသမီးရဲ႕ စကားေၾကာင့္ ငါလန့္သြားတယ္ မျဖစ္နိုင္တာ...

"Oh ေျပာရတာ စိတ္မေကာင္းေပမယ့္ သူ tumorလည္းျဖစ္ေနတာဘဲ "

မဟုတ္ေတာ့ဘူး Roseanne tumorျဖစ္ေနတာကို သူဘယ္လိုသိတာလည္း

အမ်ိဳးသမီးမွာ ငါ့လက္ကိုလႊတ္လိုက္သည့္အျပင္ သူ႕မ်က္ႏွာကလည္း ညွိုးႏြမ္းသြားတယ္

"Lalisa မင္း ျပင္သစ္စာသင္ဖို႔ လိုအပ္ေနၿပီ....ဒီမွာဆက္ေနရအုံးမယ္ သိလား "

"ကြၽန္မရဲ႕ နာမည္ ဘယ္လိုသိတာလည္း "

"မင္းက မင္းနာမည္မေျပာျပေတာ့ ငါ့ဟာငါဘဲ ေဖာ္ထုတ္ရတာေပါ့ စကားမစပ္ ငါ့နာမည္က Cecelia "

Ceceliaက တကယ္ကိုေတာ္တဲ့ လကၡဏာပညာရွင္ဘဲ သူ႕ကို ငါ ေဟာခေပးၿပီး ေဆး႐ုံ CCTVမွာ ဖမ္းမိခဲ့တဲ့ Eleanor ရဲ႕ဓာတ္ပုံကို ျပလိုက္သည္

"ကြၽန္မ ဒီအမ်ိဳးသမီးကို လိုက္ရွာေနတာပါ သူ႕နာမည္က Eleanor Parkတဲ့...သူက ဒီကိုလာျဖစ္ေၾကာင္း ရွာေတြ႕ထားလို႔ ကြၽန္မေရာက္လာတာပါ...."

Ceceliaက ငါျပတဲ့ ဓာတ္ပုံကို ေသခ်ာယူၾကည့္ေနတယ္

"Amelie...ဟုတ္တယ္ သူ သေဘာ္ပို႔ကုန္ေတြ သြားယူေနတယ္ "

"Amelie...မဟုတ္ပါဘူး ကြၽန္မရွာတဲ့ သူနာမည္က Eleanor Parkပါ ၿပီးေတာ့ သူက ျပင္သစ္လူမ်ိဳးမဟုတ္ဘူး "

"Amelie Bertrand...သူက ျပင္သစ္လူမ်ိဳးပါ "

Roseanneရဲ႕အေဒၚကို ငါသံသယဝင္လာၿပီ

"ဒါဆို သူနဲ႕တူတဲ့သူျဖစ္မယ္  ....အခု ငါရွာေနတဲ့သူက အေမရိကန္ေလ ")

"မဟုတ္ဘူး သူလည္း ငါ့လိုဘဲဲျပင္သစ္လူမ်ိဳး... သူနဲ႕ခဏခဏေတြ႕ဖူးတယ္ ေတြ႕ဖူးသေလာက္လည္း သူအသက္ႀကီးလာတာမ်ိဳး မေတြ႕ရဘူး ...."

ဒါဆို Amelieနဲ႕ Eleanorက အတူတူဘဲ တစ္ေယာက္တည္းဘဲေပါ့

"သူ ဘယ္အခ်ိန္လာတတ္လည္း ဒါမွမဟုတ္ ဘယ္မွာေနလည္းဆိုတာ သိလားဟင္ "

"ေနာက္ရက္အနည္းငယ္ဆို ျပန္လာမယ္ထင္တယ္ သူက လ်ိဳ႕ဝွက္တတ္တဲ့သူမ်ိဳးသိလား ဒါေၾကာင့္မို႔လို႔ သူ႕ပစၥည္းေတြကို ငါ့ဆီလာထားတာ "

"ဘာပစၥည္းေတြလည္း "

"အဲ့တာေတာ့ ေျပာျပလို႔မရဘူးေလ "

"ဒီမွာ ကြၽန္မလကၡဏာကို ရွင္ဖတ္တုန္းက ေတြ႕ရတဲ့ tumorက ကြၽန္မရဲ႕ ခ်စ္သူမွာ ရွိေနတာ....ကိုယ္ဝန္ရွိေနတဲ့ ကြၽန္မခ်စ္သူေနာ္ ဒါေၾကာင့္မို႔လို႔ အဲ့အမ်ိဳးသမီးက ကူညီနိုင္မယ္ထင္လို႔ သူ႕ကိုလာရွာတာ စကားေျပာ႐ုံတင္ပါ "

"သူ ဘယ္မွာေနလည္းဆိုတာ ငါတကယ္မသိဘူး သူဒီကိုလာတဲ့အခါ မင္းဆီ စာပို႔လိုက္မယ္ေလ တစ္ခုေတာ့ရွိတယ္ ငါ့ဆိုင္ထဲေတာ့ ေသြးထြက္သံယိုျဖစ္ေအာင္ မလုပ္နဲ႕ေနာ္ သူ႕ကိုသတ္မယ္ဆိုလည္း ဆိုင္အျပင္ေရာက္မွ သတ္ "

"သူ႕ကို သတ္ရမယ္ ကြၽန္မ ဘယ္သူ႕ကိုမွ သတ္ဖို႔ အစီအစဥ္ မရွိပါဘူး..."

"မသတ္ဘူးေပါ့ အကယ္၍ သူ႕ကိုသတ္မွ မင္းခ်စ္သူ အသက္ရွင္မယ္ဆိုရင္ေရာ "

ငါ ႐ုတ္တရက္ေတြေဝသြားတယ္ ငါသတ္မိမလား...လူတစ္ေယာက္ကို ေသြးေအးေအးနဲ႕  သတ္ပစ္ဖို႔ ငါတစ္ခါမွ စိတ္မကူးဖူးဘူး...Eleanorဆီမွာ Roseanneကို အသက္ရွင္ေစဖို႔ တစ္ခုခု ရွိမယ္ဆိုရင္ ငါ...သတ္ပစ္မိမွာဘဲ

"Lisa...သူ႕ကိုသတ္ပစ္တာက အေကာင္းဆုံး ေျဖရွင္းနည္းဘဲလို႔ ငါထင္တယ္ "

Ceceliaက ငါ့ကိုၿပဳံးျပၿပီး ေျပာလိုက္သည္ ....

Roseanne's Pov

Lisa မရွိတဲ့အခ်ိန္ Jennie ဒါမွမဟုတ္ အေမနဲ႕ ေနမယ္လို႔ Lisaကို ကတိေပးထားလို႔ အေမရဲ႕အိမ္တြင္ ကြၽန္မရွိေနသည္

"သမီးက သမီးရဲ႕ဆရာဝန္နဲ႕ တြဲေနေၾကာင္း သိရေတာ့ အေမ အရမ္းအံ့ၾသသြားတယ္ "

"Jackက အေမ့ကို အကုန္ေျပာျပခဲ့တာဘဲ ..ဒါေပမယ့္ သမီးက Jackကို သစၥာေဖာက္ခဲ့တာ မဟုတ္ဘူး "

ကြၽန္မက ေျပာၿပီး ဆိုဖာမွာ ထိုင္လိုက္ေတာ့ အေမကလည္း လက္ဖက္ရည္ခြက္ကိုင္ၿပီး ကြၽန္မနဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္တယ္

"သစၥာမေဖာက္ဘူးဆိုရင္ ဘာလည္း အခ်စ္ဆိုတာက ကိုယ့္လူကိုဘဲ အာ႐ုံစိုက္ရမွာေလ ဆယ္ေက်ာ္သက္အ႐ြယ္ေလးလို ျမင္သမွ် ရင္ခုန္ေနရမယ့္ အ႐ြယ္မွမဟုတ္တာ "

"အေမ...ကြၽန္မက အေမ့သမီးေနာ္ "

"သိပါတယ္ ဒါေပမယ့္ အေမ့သမီးျဖစ္လို႔ ဘာမွမေျပာဘူးလို႔ ေမွ်ာ္လင့္မထားနဲ႕ေလ ...သမီးက သမီးရဲ႕ သတို႔သားကို သစၥာေဖာက္ခဲ့သူ မဟုတ္လား "

"ကြၽန္မ သစၥာေဖာက္ခဲ့တာ မဟုတ္ဘူး ၿပီးေတာ့ Jack သူက ကြၽန္မရဲ႕ ex သတို႔သားျဖစ္ေနၿပီ အဲ့တာအျပင္ လမ္းခြဲၿပီးေနာက္ ကြၽန္မရဲ႕ေနာက္ကို လိုက္ stalk Jennieရဲ႕အိမ္ေရွ႕မွာေစာင့္ အလုပ္ထိလိုက္လာ အဲ့တာအျပင္ သတိလစ္လို႔ ေဆး႐ုံတက္ေနရတဲ့အခ်ိန္ ဇြတ္အတင္းျပႆနာရွာခဲ့သူေနာ္ အေမ "

"ေဆး႐ုံမွာ....ေနပါအုံး သမီးထပ္ၿပီး ေဆး႐ုံတက္ရတယ္ ဟုတ္လား ဘာလို႔ အေမ့ကိုမေျပာတာလည္း ..."

"သတိေမ့သြား႐ုံပါ... ဒါနဲ႕ သမီးသတိလစ္တုန္းက အမ်ိဳးသမီးတစ္ေယာက္ေရာက္လာၿပီး ကြၽန္မကို ေဆးမွားထိုးေပးသြားတယ္ Lisaက သိၿပီး ကူညီေပးလို႔ ေတာ္ေသးတယ္ "

"ဟင္ ဘယ္လိုျဖစ္တာလည္း "

"အဲ့တာေၾကာင့္လည္း သမီး အေမ့ဆီ ေရာက္လာတာ..သူ႕ကို ဖမ္းမမိလိုက္ေပမယ့္ သဲလြန္စ ရလိုက္တယ္ သူ႕နာမည္က Eleanor Parkတဲ့ "

ကြၽန္မရဲ႕ စကားေၾကာင့္ အေမ့မ်က္ႏွာ ေျပာင္းလဲသြားတယ္

"မျဖစ္နိုင္တာ....သမီးအေဖရဲ႕ ညီမက ဒီဇာတ္လမ္းထဲ ပါေနတယ္လို႔ထင္ေနတာလား "

"သက္ေသေတြနဲ႕ဆို သံသယဝင္စရာေကာင္းလြန္းတယ္ မဟုတ္လား "

"သမီး အေဒၚက အဲ့လိုလုပ္စရာမွမလိုတာ သူကျဖင့္ သမီးကို ျမင္ဖူးတာလည္း မဟုတ္ဘူး "

"ဒါဆို သူကဘာလို႔ သမီးကို သတ္ဖို႔ႀကိဳးစားရတာလည္း "

"ေန႕လည္စာ ဘာစားၾကမလည္း "

အေမက ငါ့စကားကိုျဖတ္ေျပာၿပီး ထိုင္ရာက ထသြားတယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co