Part 31
Roseanne's POV
ကျွန်မ သတိပြန်ရလာသောအခါ
ဆရာဝန်ဟာ အာလ်ထရာဆောင်းရိုက်ရာတွင် ပေါ်လာသော ပုံလေးကို ယူဆောင်လာသည်
ဆရာဝန်ရဲ့ မျက်ခုံးတစ်ချက် ပင့်လိုက်တိုင်း ကျွန်မ နှလုံးခုန်သံတွေ မြန်ဆန်လာသည်
"တစ်ခုခုမှားနေတာလားဟင် "
ကျွန်မ တိုးတိုးလေး မေးလိုက်မိသည်
ဆရာဝန်မှာ သူ့နောက်မှာ ရပ်ပြီး ကြည့်နေတဲ့ Lisaကို တစ်ချက်လှည့်ကြည့်သည်
"မင်း ပြောပြချင်လား ဒါမှမဟုတ် ငါ ပြောလိုက်ရမှာလား "
Lisaကို ဆရာဝန်က လှည့်ပြောတော့ Lisaမှာ တံတွေးမြိုချလိုက်သည်
"ဒီမှာ နှလုံးခုန်သံကြားရတယ်....ပြီးတော့ ဒီမှာရောဘဲ "
Lisa စကားကြောင့် ကျွန်မ ပါးစပ်အဟောင်းသားဖြစ်သွားတယ် ကျွန်မတို့က ကလေးရှိနေတာလား..... အမြွှာတောင်လေ....နေပါအုံး ကလေးတစ်ယောက်တည်း ယူဖို့တောင် အစီအစဥ် ဆွဲမထားသေးတာ အခု ကျွန်မမှာ အမြွှာရှိနေပြီတဲ့လား
ဆရာဝန်မှာ ကျွန်မကို ကြည့်ပြီး ရယ်လိုက်သည်
"စိတ်မပူပါနဲ့ မင်း နေသားကျသွားမှာပါ "
ဘုရားရေ ဘယ်လိုဖြစ်ကုန်တာလည်း
********
ကျွန်မ မျက်လုံးဖွင့်လာတဲ့အခါ အလင်းရောင်ဟာ မျက်လုံးကို စူးစေသည်
ဆေးရုံရောက်နေတာလား ခုနက အမြွှာလေးတွေကိုယ်ဝန်လွယ်ထားရတယ်ဆိုတာ အိမ်မက်တစ်ခုလား
Lisaကလည်း ကျွန်မဘေးနား ထိုင်နေသည်
"hey..."
"oh my god ဘုရားသခင်ရယ် ကျေးဇူးတင်လိုက်တာ...."
Lisaမှာ ကျွန်မလက်ကို နမ်းပြီး ဘုရားသခင်ကို ကျေးဇူးတင်စကားပြောနေသည်
ကျွန်မ မျက်မှောင်ကြုတ်မိပြီး ဒီနေရာမှာ ဘာလို့ရှိနေလည်းဆိုတာ တွေးနေမိသည်
"Lisa...ငါ ဘာဖြစ်ခဲ့တာလည်း ဒီဆေးရုံမှာရှိနေတာကိုတော့ ငါ မှတ်မိတယ်ရယ် ဒါပေမယ့် ..."
ကျွန်မ ပြောရင်း တစ်ခုခုကို သတိရသွားတယ် အဲ့မိန်းမ
"Lisa..အဲ့ဒီမိန်းမ ငါ့ဆီရောက်လာတယ် "
"အင်း ငါသိတယ်... "
"နင် သူ့ကို ဖမ်းမိလိုက်လား ...."
"ဟင့်အင်း ဖမ်းမမိဘူး....လုံခြုံရေးတွေ လိုက်ရှာပေမယ့် ငါ... တောင်းပန်ပါတယ် Roseanne "
****
Lisaမှာ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ဆေးရုံခန်းထဲတွင် ရှေ့နောက်တောင်မြောက်လမ်းလျှောက်ရင်း စဥ်းစားနေသည်
"Lisa..."
"ဒီတော့ မင်းက ငါတို့ ပုံဖော်မရတဲ့ ဘာမှန်းမသိတဲ့အရာအတွက် မင်းကိုယ်မင်း စတေးမလို့လား မရဘူး Roseanne မင်း ဒီအခန်းထဲကနေ တစ်ဖဝါးမှ မခွာရဘူး "
ကျွန်မအခန်းထဲဝင်လာခဲ့တဲ့ အမျိုးသမီးကို ကျွန်မကိုယ်တိုင် လိုက်ရှာမယ်ပြောသော စကားကို Lisa လက်မခံပေ
"ငါတို့ စုံစမ်းဖို့ လိုတယ်လေ Lisa..."
"ဆေးရုံစောင့်တွေ စုံစမ်းနေကြတယ် ဒါကြောင့်မို့လို့ ငါတို့ စုံစမ်းစရာမလိုဘူး ပြီးတော့ Roseanne...သူက မင်းကို တိုက်ခိုက်ခဲ့တာနော် ဒါကြောင့်မို့လို့ သူနဲ့ခပ်ဝေးဝေးမှာ နေမှဖြစ်မယ် "
Lisa စကားကြောင့် ကျွန်မ သက်ပြင်းချလိုက်သည်.... နောက်မှဘဲ Lisaနဲ့ ပြိုင်ငြင်းမည် အခုတော့ ဒီဆေးရုံကထွက်ရမှဖြစ်မယ်
"ကောင်းပြီ ဒါပေမယ့် ငါ ဒီမှာ မနေချင်ဘူး Lisa....ငါ့ချစ်သူက ဆရာဝန်ဆိုတော့ ငါသက်သာနေပြီ ပြောလည်း ယုံပါ့မလားဟ "
"ဒါပေါ့ ဆရာဝန်တောင် ရိုးရိုးဆရာဝန် မဟုတ်ဘူး အလွန့်အလွန်တော်တဲ့ ဆရာဝန် "
"ဟုတ်လား ဒါဆို တော်ကြောင်း အိမ်ပြန်ပြီး စမ်းသပ်ကြည့်ရင်ရော...."
ကျွန်မရဲ့ စကားကြောင့် Lisa သဘောကျပြီး ရယ်နေတယ်
"Nice try Rosie ဒါပေမယ့် မင်း ဒီမှာဘဲ နေရမယ် ဒီမှာ ရုပ်ရှင်အတူကြည့်မယ် ညစာစားမယ် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလည်း "
"ဟင့်အင်း ငါလုပ်ချင်တာ တစ်ခုဘဲရှိတယ်....ဒါပေမယ့် ရှေ့ကလုံခြုံရေးတွေရှိတော့ အဆင်မပြေဘူး Lisa...နင်သိပါတယ် ငါအသံဘယ်လောက်ကျယ်လည်းဆိုတာ "
"Hey Hey ငါ့ကို သွေးဆောင်ဖြားယောင်းမနေနဲ့ ....အိမ်မပြန်ခင်ထိ မင်း လုံခြုံရဲ့လား သိမှဖြစ်မယ် ...အဆိပ်မိမမိစမ်းသပ်ထားတဲ့ reportက မရသေးဘူး အနည်းဆုံးတော့ အခုချိန်ကစပြီး မင်းကို ဘယ်သူမှလာသတ်လို့မရဘူး "
"အဲ့မိန်းမကသာ ငါ့ကိုသတ်မယ်ဆို အဲ့ရှေ့ကအစောင့်တွေကို ဖြတ်ကျော်လာစရာမလိုဘူးလေ သူကဖောက်ထွင်းနိုင်တာဘဲ "
"ဘာလည်း harry potter ကားထဲကလိုလား"
Lisa စကားကြောင့် ကျွန်မရယ်လိုက်မိသည်
ဘယ်လိုဘဲ သွေးဆောင်ဖြားယောင်ပါစေ အဲ့နေ့ညက ကျွန်မ ဆေးရုံမှာဘဲ အိပ်လိုက်ရတယ်
Lisa's Pov
ဆေးရုံမှာ ရှိခဲ့တဲ့ တစ်ညလုံး Roseanneက အိပ်ရာက တစ်ရေးနိုးရင် နိုးသလို ငါ့ကို ညစ်တီးညစ်ပတ်စကားတွေ ပြောနေသေးတယ်
အင်း သူ့ကို ဆေးရုံကုတင်ပေါ် fuck ချင်စိတ်ကို ငါမနည်းထိန်းထားရတယ်
အခုတော့ သူနာပြုတစ်ယောက်ကို Roseanne အခန်းဆီခေါ်ထားလိုက်တယ်
ဘာလို့ဆို Doctor.Ed Phlibinက ငါ့ကိုတွေ့ချင်လို့တဲ့လေ
Dr.Edရဲ့ အခန်းထဲရောက်တော့ သူက ငါ့ကို စိုက်ကြည့်နေတယ်
"Roseanneရဲ့ သတို့သားဟောင်း အကြောင်း ပြောချင်လို့ ခေါ်လိုက်တာ Lisa...."
ငါလည်း ခေါင်းညိတ်ပြီး ထိုင်ခုံမှာ ထိုင်လိုက်တယ်
"မင်းက သူ့ရဲ့ဇနီးလောင်း နောက်တစ်မျိုးပြောရရင် သေခါနီးလူနာကို သွေးဆောင်ဖျားယောင်းထားပါတယ်လို့ သူကပြောတယ်...ကြားရသလောက်တော့ အဆင်မပြေဘူးနော် "
"Roseanneနဲ့ငါက ကောလိပ်မှာကတည်းက သိနေတာပါ ပြောရရင် တွဲနေတာပေါ့ အဲ့ကောလိပ်ပြီးတော့ သူနဲ့ငါ အဆက်အသွယ်ခဏပြတ်သွားတာ "
"ဒါဆိုလည်း သူ့ကို တစ်ခြားဆရာဝန်ဆီ လွှဲပေးရမယ်လေကွာ ပြီးတော့ မင်းတို့နှစ်ယောက် အဲ့ကတည်းက တွဲနေကြောင်း သက်သေပြနိုင်လား "
"အင်း ဓာတ်ပုံတစ်ချို့ ပြန်ရှာအုံးမယ် "
"Lisa...."
Dr.Edက သက်ပြင်းချပြီး ငါ့နာမည်ကို ခေါ်လိုက်တယ်
"မင်းက တော်တဲ့ဆရာဝန်ကောင်းဖြစ်လို့ မင်းကို ငါလက်မလွှတ်ချင်ဘူး ....သေတော့မယ့်လူနာတစ်ယောက်အတွက်လေ....ပြီးတော့ အဲ့ကောင်က ဘုတ်အဖွဲ့အစည်းက ဒါရိုက်တာတွေပါ အိမ်ကိုဖိတ်ပြီးပြောတော့ မင်းမလွယ်ဘူးနော်....အိမ်ပြန်ပြီး မင်းကောင်မလေးနဲ့အတူ ဓာတ်ပုံရှာရင်ရှာ မရှာရင်တော့.... "
ငါလည်း သက်ပြင်းချပြီး Dr.Ed ရုံးခန်းက ထွက်လာခဲ့တယ်
ငါ့ carrer ပျက်စီးသွားလည်း ငါဂရုမစိုက်ဘူး ဆရာဝန် လိုင်စင်သိမ်းသွားလည်း Roseanne အသက်ရှင်ဖို့သာ ငါ့အတွက် အရေးကြီးတယ် ...
Roseanneရဲ့ အခန်းဘက်သွားလိုက်စဥ် ငါ့ဆီ ဖုန်းဝင်လာတယ်
"Lisa....ငါ သိပြီထင်တယ် သူ့နာမည်ကို "
CCTVကို စစ်ဆေးတဲ့ လုံခြုံရေး ငါ့သူငယ်ချင်းက ငါ့ဆီ အကြောင်းကြားသည်
"CCTVကို စစ်ရင်း အဲ့မိန်းမ စာရွက်တစ်ရွက်ကျကျန်ခဲ့တယ် အဲ့တာ ငါသွားရှာကြည့်တော့ Delivery စာရွက်ဖြစ်နေတယ် အဲ့ကနေ ငါတစ်ဆင့်ထပ်လိုက်ရင်း သိလာခဲ့တယ် "
ဖုန်းထဲက ငါ့သူငယ်ချင်းပြောတဲ့ နာမည်ကို မှတ်လိုက်ပြီး Roseanneဆီ ထွက်လာခဲ့သည်
အခန်းထဲရောက်တော့ Roseanneက နိုးနေပြီ
"အခု ငါတို့ အိမ်ပြန်လို့ရပြီလား Lisa ငါ သက်သာလွန်းလို့ ဒီကနေတောင် အိမ်ကို ပြန်ပြေးလို့ရတယ် "
"မင်းက အပြေးသမားတစ်ယောက်ဖြစ်လိမ့်မယ်လို့ မသိခဲ့ဘူး "
"haha "
"Roseanne...ကိုယ် နာမည်သိလာပြီ....မင်းကို သတ်ဖို့ ကြိုးစားခဲ့တဲ့ မိန်းမရဲ့နာမည်က Eleanor Parkတဲ့ "
"မဖြစ်နိုင်တာ ငါ့အဒေါ်က ငါ့ကို ဘာလို့ သတ်ဖို့ကြိုးစားရတာလည်း ငါ့ကိုတစ်ခါမှတောင် မမြင်ဖူးတဲ့ အဒေါ်က ဘာလို့ ငါ့ကို သတ်ချင်ရတာလည်း "
"ကြည့်ရတာ စည်းမျဥ်းတွေကြောင့် ဖြစ်မယ်ထင်တယ် သူက မင်းကို ကလေးရစေချင်တာ မဟုတ်ဘူး ဘာလို့ဆို မျိုးဆက်သစ်တွေကိုပါ ဒီအချိန်ခရီးသွားတဲ့ စွမ်းအင်မျိုး မရစေချင်လို့နေမယ် "
"အခု ငါ့မှာ ကလေးမှမရှိတာ "
"ဘာမှထပ်ဖြစ်မလာခင် သူ့ကို ကိုယ်တားမှဖြစ်မယ် "
"ငါလည်း လိုက်ခဲ့မယ် "
"မရဘူး Rosie သူ့အနားမှာ မင်းရှိနေလို့ မရဘူး မင်းကို တစ်ကြိမ်သတ်ဖို့ ကြိုးစားခဲ့တာလည်း ကိုယ်တို့သိနေတာဘဲ...."
"အိမ်ကိုသာ အရင်ပြန်ကြစို့ ငါဒီမှာမနေချင်တော့ဘူး "
Roseanne...သူဘယ်လောက်ထိ အန္တရာယ်ရှိနေလည်းဆိုတာ မသိဘူးဘဲ ခက်တယ် ဒီခေါင်းမာတဲ့ကလေးမနဲ့တော့ ခက်တယ်
#tbc
#zawgyi
Roseanne's POV
********
"hey..."
"အင်း ငါသိတယ်... "
****
"Lisa..."
Lisa's Pov
"Lisa...."
"haha "
"ငါလည်း လိုက်ခဲ့မယ် "
#tbc
Bạn đang đọc truyện trên: Truyen3h.Co