Truyen3h.Co

အိမ်မက်ထဲက သူ

Part 30

KimFany059

#Unicode

Lisa's Pov

"Hey...."

Roseanne အသံကြောင့် ငါ အရမ်းပျော်သွားပြီး ငိုချင်လာတယ် ....သတိမေ့ရင်း တစ်ခုခုဖြစ်သွားမယ်စိတ်ပူနေတာ Roseanne သတိပြန်ရလာတော့ ငါ အရမ်းပျော်မိတယ်

ပြီးတော့ ငိုချင်စိတ်ကို အံကြိတ်  ထိန်းထားရတယ်

မဟုတ်ရင် Roseanneက စိတ်မကောင်းဖြစ်နေမှာလေ

"သတိရလာပြီလား... မင်းကိုယ့်ကို လန့်အောင် အရမ်းလုပ်တာဘဲ ...."

"တောင်းပန်ပါတယ်... ဒါပေမယ့် နောက်ဆို နင်နေသားကျသွားမှာပါ "

Roseanneပြောပြီး ငါ့လက်ကို လှမ်းကိုင်သည်

"နေပါအုံး နင့်မျက်နှာက ဒဏ်ရာက ဘာဖြစ်တာလည်း "

Roseanneရဲ့စကားကြောင့် Jackနဲ့ငါ လွန်ခဲ့တဲ့တစ်နာရီလောက်က ရန်ဖြစ်ခဲ့တာကို သတိရသွားတယ်

"အော် ဒါလား ခုနက မင်းရဲ့ ရည်းစားဟောင်းနဲ့ရန်ဖြစ်ထားလို့ "

ငါ့စကားကြောင့် Roseanne လန့်သွားပြီး ထထိုင်ဖို့ ကြိုးစားတယ် ဒါပေမယ့် Roseanneရဲ့ ပခုံးကို ကိုင်ပြီး ငါပြန်လှဲအိပ်ခိုင်းလိုက်တယ်

"အဆင်ပြေပါတယ် ဘာမှမဖြစ်ဘူးရယ် ကိုယ့်ကိုယုံ မင်းရော ဘယ်လိုခံစားရလည်း အဆင်ပြေလား မူးသေးလား"

"ငါ အဆင်ပြေပါတယ် ဘာမှမဖြစ်ဘူးရယ် Jackနဲ့ ဘယ်လိုဖြစ်ကြတာလည်း ..."

"ဘာမှမဖြစ်ပါဘူးဆို ကိုယ့်ကိုကိုယ်သာ အာရုံစိုက်စမ်းပါ မင်းကဖြင့် ဆေးရုံကုတင်ပေါ်ရှိနေသူပါနော် "

ငါပြောလိုက်တော့ Roseanneမှာ ငါနဲ့ ပြိုင်ငြင်းချင်နေပုံပင် ဒါပေမယ့် မျက်မှောင်ကြုတ်ရင်းသာ သူလက်လျော့သွားတယ်

"MRI ရိုက်တော့ ဘာပြောလည်း "

Roseanneက မေးတော့ Roseanneရဲ့ လက်ကို ငါ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်

"မင်းရဲ့ ခေါင်းက tumor က နှစ်ဆပိုကြီးလာတယ် "

ငါ့စကားကြောင့် Roseanne ခေါင်းသာညိတ်ပြသည် စိတ်ထဲတော့ ဘာတွေတွေးနေလည်း မသိရပေ

"အဲ့တော့ ဘာဆက်ဖြစ်လာမှာလည်း"

ဘာဆက်ဖြစ်မှာလည်းဆိုတော့ တစ်ပတ်အတွင်းလည်း မင်း သေဆုံး သွားနိုင်တယ်လို့ ငါ ဘယ်လိုပြောရက်မှာလည်း Roseanneရယ်

Roseanne's Pov

Lisaက ကျွန်မနဲ့ တစ်ချိန်လုံး အမြဲအတူရှိပေးနေတယ် ရေသောက်ချင်ရင် ပိုက်နဲ့ ကျွန်မကို ရေသေချာတိုက်ပေးတယ်

"Lisaရ ငါ့ဟာငါ ရေခွက်ကိုင်သောက်နိုင်ပါတယ် နေပါအုံး နင်က နင့်လူနာတိုင်းကို ဒီလိုဂရုစိုက်တာလား "

ကျွန်မရဲ့ စကားကြောင့် Lisa သဘောကျပြီး တခစ်ခစ်ရယ်လေသည်

"မင်းတစ်ယောက်တည်းကိုဘဲ ခုလို ဂရုစိုက်ပေးတာပါဟ "

"Lisa ငါတို့ ဆေးရုံကဆင်းလို့ရပြီလား "

"မကြာခင်ပေါ့...ပျင်းနေပြီလား ဒါဆို Ellaကို သွားကြည့်ရအောင်လေ သူက မင်းကို မေးနေတာ Roseanne  "

"သူရော ဘယ်လိုနေလည်း အဆင်ပြေလား "

"အရင်ကလောက်တော့ သိပ်မကောင်းတော့ဘူး "

"ဒါဆို သူ့ကို သွားကြည့်ရအောင် "

"ဟုတ်ပြီ ဒါဆို ကိုယ် ဝှီးချဲသွားယူလိုက်အုံးမယ် "

"အယ် ငါဝှီးချဲမလိုပါဘူးဟ "

"ဒီကနေ သူနေတဲ့အခန်းသွားမယ်ဆို ဝေးတယ်လေ ပြီးတော့ မင်းက အခုမှ သတိရခါစ လူနာဆိုတော့ ဆေးရုံစည်းမျဥ်းစည်းကမ်းအရ ဝှီးချဲလိုပါတယ်နော် ပြီးတော့ ဝှီးချဲသွားယူရင်း Ella အိပ်နေလား နိုးနေလားကြည့်ခဲ့လိုက်အုံးမယ် "

"ဟုတ်ပါပြီ နင်နိုင်ပါတယ် နင့်စကားနားထောင်လိုက်ပါမယ်.."

"good girl "

Lisaက ကျွန်မရဲ့ နဖူးကို နမ်းလိုက်ပြီး အခန်းထဲက ထွက်သွားတယ်

Lisa's Pov

Roseanneအတွက် ငါ wheelchair သွားယူပြီး Ellaကိုဝင်ကြည့်တော့ Ellaက အိပ်ပျော်နေသည်

Ellaအတွက်ကိုလည်း ငါစိတ်မကောင်းဖြစ်မိတယ် အသက်ငယ်ငယ်လေးရှိသေးတယ် ကံကြမ္မာရက်စက်မှုကြောင့် သေရတော့မယ် မဟုတ်လား

Annaကို ကြည့်ပြီး ငါ ပြန်လှည််လာချိန် ဟိုတစ်ခါက ငါ့ရုံးခန်းထဲ ရောက်လာဖူးတဲ့ အချိန်ခရီးသွားအမျိုးသမီးကို တွေ့လိုက်ရတယ် အဲ့အမျိုးသမီးက ငါ့ကိုမမြင်ဘဲ ခပ်သုတ်သုတ်ထွက်သွားနေတယ်

အဲ့အမျိုးသမီးနောက် ငါ လိုက်သွားမလို့ လုပ်ပေမယ့် ရုတ်တရက် Roseanneကို သတိရသွားတယ်

ဘုရားရေ Wheelchair သွားယူနေတုံး သူ Roseanneကို အန္တရာယ်ပေးခဲ့သေးလား....

ငါ ချက်ချင်း Roseanneဆီကို ပြေးသွားလိုက်တယ်......

အခန်းထဲ သတိထပ်မေ့နေပြန်တဲ့ Roseanneကို မြင်တော့ ငါ ချက်ချင်း ဆရာဝန်ကိုပြေးခေါ်လိုက်သည်

#tbc

#Zawgyi

Lisa's Pov

"Hey...."

Roseanne အသံေၾကာင့္ ငါ အရမ္းေပ်ာ္သြားၿပီး ငိုခ်င္လာတယ္ ....သတိေမ့ရင္း တစ္ခုခုျဖစ္သြားမယ္စိတ္ပူေနတာ Roseanne သတိျပန္ရလာေတာ့ ငါ အရမ္းေပ်ာ္မိတယ္

ၿပီးေတာ့ ငိုခ်င္စိတ္ကို အံႀကိတ္  ထိန္းထားရတယ္

မဟုတ္ရင္ Roseanneက စိတ္မေကာင္းျဖစ္ေနမွာေလ

"သတိရလာၿပီလား... မင္းကိုယ့္ကို လန့္ေအာင္ အရမ္းလုပ္တာဘဲ ...."

"ေတာင္းပန္ပါတယ္... ဒါေပမယ့္ ေနာက္ဆို နင္ေနသားက်သြားမွာပါ "

Roseanneေျပာၿပီး ငါ့လက္ကို လွမ္းကိုင္သည္

"ေနပါအုံး နင့္မ်က္ႏွာက ဒဏ္ရာက ဘာျဖစ္တာလည္း "

Roseanneရဲ႕စကားေၾကာင့္ Jackနဲ႕ငါ လြန္ခဲ့တဲ့တစ္နာရီေလာက္က ရန္ျဖစ္ခဲ့တာကို သတိရသြားတယ္

"ေအာ္ ဒါလား ခုနက မင္းရဲ႕ ရည္းစားေဟာင္းနဲ႕ရန္ျဖစ္ထားလို႔ "

ငါ့စကားေၾကာင့္ Roseanne လန့္သြားၿပီး ထထိုင္ဖို႔ ႀကိဳးစားတယ္ ဒါေပမယ့္ Roseanneရဲ႕ ပခုံးကို ကိုင္ၿပီး ငါျပန္လွဲအိပ္ခိုင္းလိုက္တယ္

"အဆင္ေျပပါတယ္ ဘာမွမျဖစ္ဘူးရယ္ ကိုယ့္ကိုယုံ မင္းေရာ ဘယ္လိုခံစားရလည္း အဆင္ေျပလား မူးေသးလား"

"ငါ အဆင္ေျပပါတယ္ ဘာမွမျဖစ္ဘူးရယ္ Jackနဲ႕ ဘယ္လိုျဖစ္ၾကတာလည္း ..."

"ဘာမွမျဖစ္ပါဘူးဆို ကိုယ့္ကိုကိုယ္သာ အာ႐ုံစိုက္စမ္းပါ မင္းကျဖင့္ ေဆး႐ုံကုတင္ေပၚရွိေနသူပါေနာ္ "

ငါေျပာလိုက္ေတာ့ Roseanneမွာ ငါနဲ႕ ၿပိဳင္ျငင္းခ်င္ေနပုံပင္ ဒါေပမယ့္ မ်က္ေမွာင္ၾကဳတ္ရင္းသာ သူလက္ေလ်ာ့သြားတယ္

"MRI ရိုက္ေတာ့ ဘာေျပာလည္း "

Roseanneက ေမးေတာ့ Roseanneရဲ႕ လက္ကို ငါ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္

"မင္းရဲ႕ ေခါင္းက tumor က ႏွစ္ဆပိုႀကီးလာတယ္ "

ငါ့စကားေၾကာင့္ Roseanne ေခါင္းသာညိတ္ျပသည္ စိတ္ထဲေတာ့ ဘာေတြေတြးေနလည္း မသိရေပ

"အဲ့ေတာ့ ဘာဆက္ျဖစ္လာမွာလည္း"

ဘာဆက္ျဖစ္မွာလည္းဆိုေတာ့ တစ္ပတ္အတြင္းလည္း မင္း ေသဆုံး သြားနိုင္တယ္လို႔ ငါ ဘယ္လိုေျပာရက္မွာလည္း Roseanneရယ္

Roseanne's Pov

Lisaက ကြၽန္မနဲ႕ တစ္ခ်ိန္လုံး အၿမဲအတူရွိေပးေနတယ္ ေရေသာက္ခ်င္ရင္ ပိုက္နဲ႕ ကြၽန္မကို ေရေသခ်ာတိုက္ေပးတယ္

"Lisaရ ငါ့ဟာငါ ေရခြက္ကိုင္ေသာက္နိုင္ပါတယ္ ေနပါအုံး နင္က နင့္လူနာတိုင္းကို ဒီလိုဂ႐ုစိုက္တာလား "

ကြၽန္မရဲ႕ စကားေၾကာင့္ Lisa သေဘာက်ၿပီး တခစ္ခစ္ရယ္ေလသည္

"မင္းတစ္ေယာက္တည္းကိုဘဲ ခုလို ဂ႐ုစိုက္ေပးတာပါဟ "

"Lisa ငါတို႔ ေဆး႐ုံကဆင္းလို႔ရၿပီလား "

"မၾကာခင္ေပါ့...ပ်င္းေနၿပီလား ဒါဆို Ellaကို သြားၾကည့္ရေအာင္ေလ သူက မင္းကို ေမးေနတာ Roseanne  "

"သူေရာ ဘယ္လိုေနလည္း အဆင္ေျပလား "

"အရင္ကေလာက္ေတာ့ သိပ္မေကာင္းေတာ့ဘူး "

"ဒါဆို သူ႕ကို သြားၾကည့္ရေအာင္ "

"ဟုတ္ၿပီ ဒါဆို ကိုယ္ ဝွီးခ်ဲသြားယူလိုက္အုံးမယ္ "

"အယ္ ငါဝွီးခ်ဲမလိုပါဘူးဟ "

"ဒီကေန သူေနတဲ့အခန္းသြားမယ္ဆို ေဝးတယ္ေလ ၿပီးေတာ့ မင္းက အခုမွ သတိရခါစ လူနာဆိုေတာ့ ေဆး႐ုံစည္းမ်ဥ္းစည္းကမ္းအရ ဝွီးခ်ဲလိုပါတယ္ေနာ္ ၿပီးေတာ့ ဝွီးခ်ဲသြားယူရင္း Ella အိပ္ေနလား နိုးေနလားၾကည့္ခဲ့လိုက္အုံးမယ္ "

"ဟုတ္ပါၿပီ နင္နိုင္ပါတယ္ နင့္စကားနားေထာင္လိုက္ပါမယ္.."

"good girl "

Lisaက ကြၽန္မရဲ႕ နဖူးကို နမ္းလိုက္ၿပီး အခန္းထဲက ထြက္သြားတယ္

Lisa's Pov

Roseanneအတြက္ ငါ wheelchair သြားယူၿပီး Ellaကိုဝင္ၾကည့္ေတာ့ Ellaက အိပ္ေပ်ာ္ေနသည္

Ellaအတြက္ကိုလည္း ငါစိတ္မေကာင္းျဖစ္မိတယ္ အသက္ငယ္ငယ္ေလးရွိေသးတယ္ ကံၾကမၼာရက္စက္မႈေၾကာင့္ ေသရေတာ့မယ္ မဟုတ္လား

Annaကို ၾကည့္ၿပီး ငါ ျပန္လွည္္လာခ်ိန္ ဟိုတစ္ခါက ငါ့႐ုံးခန္းထဲ ေရာက္လာဖူးတဲ့ အခ်ိန္ခရီးသြားအမ်ိဳးသမီးကို ေတြ႕လိုက္ရတယ္ အဲ့အမ်ိဳးသမီးက ငါ့ကိုမျမင္ဘဲ ခပ္သုတ္သုတ္ထြက္သြားေနတယ္

အဲ့အမ်ိဳးသမီးေနာက္ ငါ လိုက္သြားမလို႔ လုပ္ေပမယ့္ ႐ုတ္တရက္ Roseanneကို သတိရသြားတယ္

ဘုရားေရ Wheelchair သြားယူေနတုံး သူ Roseanneကို အႏၱရာယ္ေပးခဲ့ေသးလား....

ငါ ခ်က္ခ်င္း Roseanneဆီကို ေျပးသြားလိုက္တယ္......

အခန္းထဲ သတိထပ္ေမ့ေနျပန္တဲ့ Roseanneကို ျမင္ေတာ့ ငါ ခ်က္ခ်င္း ဆရာဝန္ကိုေျပးေခၚလိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co