Part 30
Unicode
Roseanne's Pov
Lisaက ကျွန်မဆီကို နေ့ခင်းလောက်မှာ ဖုန်းဆက်လာတယ်
Lisa ရဲ့ အသံကို ကြည့်ရတာ ဒီမှာရှိနေချိန်ထက် ပိုပြီး အားနည်းနေတဲ့ပုံစံရှိသည်
ပြီးတော့ လူသတ်သမားလား ဘာလားမသိတဲ့ သူရှိနေတဲ့ နိုင်ငံမှာ ရောက်နေတဲ့ သူက ကျွန်မကို စိုးရိမ်နေသေးတယ်
"အဆင်ပြေရဲ့လား Jennieက မင်းရဲ့အမေအိမ်ကို သေချာလိုက်ပို့ပေးရဲ့လား "
"လိုက်ပို့ပေးတယ်ဆိုပါတော့ "
"Roseanne! "
"Hey.. အဆင်ပြေပါတယ် ငါဘာမှမဖြစ်ဘူး ဒီမှာလုံခြုံပြီး အဆင်ပြေနေတယ် ဟုတ်ပြီလား အပြစ်ပေးချင်တယ်ဆိုရင်လည်း အိမ်ပြန်ရောက်မှပေး "
ကျွန်မရဲ့ စကားကြောင့် Lisaက တစ်ဖက်ကနေရယ်လိုက်သည်
"ကိုယ်အပြစ်ပေးတာကို မင်းက အရမ်းသဘောကျနေတယ်ပေါ့ "
Lisaရဲ့ အက်ရှရှနဲ့မေးတဲ့မေးခွန်းကြောင့် ကျွန်မရဲ့ ဝမ်းဗိုက်ထဲ လိပ်ပြာလေးတွေ ပျံဝဲသွားသလို ခံစားရသည်
"ဒါဆိုလည်း အိမ်ပြန်ရောက်တဲ့အခါ အပြစ်ပေးခံရဖို့ သတိပေးပေါ့ ဒါနဲ့ ဒီနေ့ တစ်ခုခုများ ရှာတွေ့ခဲ့လား "
ကျွန်မရဲ့ မေးခွန်းကြောင့် Lisa သက်ပြင်းချလိုက်တယ်
"ဟူး ကိုယ် ရခဲ့တဲ့ လိပ်စာက ဟိုတယ်လည်း မဟုတ် သူ့အိမ်လည်း မဟုတ်ဘူး လက္ခဏာဟောပေးတဲ့ ဆရာမဖြစ်နေတယ် လမ်းကြုံတာနဲ့ သူဟောပေးတာ ဝင်နားထောင်တော့ တော်တော်များများမှန်နေတယ် "
"ဘာလည်း နှာခေါင်းနဲ့ အသက်ရှူပြီး ပါးစပ်နဲ့ ထမင်းစားတယ်လို့ ဟောတာလား "
ကျွန်မရဲ့ ဟာသကြောင့် Lisa ရယ်လိုက်သည်
"မဟုတ်ဘူး အချစ်ရဲ့ မင်း brain tumorဖြစ်နေတာ သူသိတယ် ပြီးတော့ ကိုယ့်နာမည်ကိုလည်း သိတယ် "
"Oh...Wow "
"အင်း ဟုတ်တယ် Cecelia လက္ခဏာဆရာမက မင်းမှာ ကိုယ်ဝန်ရှိနေကြောင်းလည်း ဟောလိုက်သေးတယ် "
Lisaရဲ့ စကားကြောင့် ကျွန်မ နှလုံးခုန်ရပ်သွားသလိုပင်
မဖြစ်နိုင်တာ ကျွန်မ ဆေးလည်းသောက်သလို လွန်ခဲ့တဲ့ ရက်ကမှ ရာသီလာပြီးတာလေ
"ဝိုး ကြည့်ရတာ သဘာဝလွန် တွန်းအားတွေနဲ့ ကြီးထွားလာမယ့် vampire babyများလား"
"သူ မှားတာလည်း ဖြစ်နိုင်ပါတယ် "
ဟုတ်မှာပါ ဗေဒင်ဆရာလက္ခဏာ ဆရာတစ်ချို့က မမှန်တာများပါတယ်
"Eleanor အကြောင်းရော သူသိလား Lisa "
"အင်း ခဏခဏတွေ့ဖူးတယ်တဲ့ ဒါပေမယ့် လိပ်စာတော့ သူမတောင်းမိဘူးတဲ့ "
Lisaရဲ့ စကားကြောင့် ကျွန်မ စိတ်သက်သာရာရသလို မျှော်လင့်ချက်လည်း ပျက်မိသည်
Lisa ဘေးကင်းကင်းနဲ့ ဒီကို ပြန်ရောက်ဖို့က အရေးကြီးပါတယ်လေ
"ဒီတော့ နင်ပြန်လာတော့မှာလား Lisa..."
"ပြန်မလာသေးဘူး Eleanorက ဘာတွေရောင်းနေတယ်တော့ မသိဘူး တစ်ခုခုတော့ ရောင်းနေတာဘဲ ကြည့်ရတာ 1600 ခုနှစ်က Englandက ပစ္စည်းတွေဖြစ်မယ် သူ မကြာခင် ဒီကိုပြန်လာအုံးမယ်လို့ သတင်းရတယ် "
"မကြာခင်? ဒါဆို သုံးလေးပတ်လောက် ကြာအုံးမှာပေါ့ "
"အဲ့လိုပေါ့ "
"အလုပ်ဖြစ်မှာ မဟုတ်ဘူး ပြန်လာခဲ့တော့ Lisa "
"အဲ့လိုမလုပ်ပါနဲ့ အချစ်ရယ် ကိုယ်နေမှဖြစ်မှာကို မင်းသိပါတယ် သူသိတာတွေ သူဘာလိုချင်လည်းဆိုတာတွေကို ကိုယ်သိနေမှဖြစ်မယ်လေ အဲ့အခါကျမှ မင်းကို ကိုယ် ကူညီနိုင်မှာ "
"ဒါဆို သူကို နင်ရှာတွေ့ရင် ဘာဖြစ်လာမှာလည်း "
"လက္ခဏာဆရာမကတော့ သူ့ကိုသတ်တာက အကောင်းဆုံး ဖြေရှင်းနည်းလို့ အကြံပေးတယ် "
"သူ့ကို သတ်ရမယ် ဟုတ်လား သောက်ကျိူးနည်း လက္ခဏာဆရာမကတော့ ကြမ်းတယ်ဟ "
ကျွန်မ ပြောပြီး တဟားဟားနဲ့ သဘောကျစွာ ရယ်နေပေမယ့် Lisa ဘက်က တိတ်ဆိတ်နေသည်
"ရယ်ရတာကို ဘာလို့မရယ်တာလည်း "
"Roseanne ....တွေးစရာရှိလာလို့ပါ Lily ကိုယ်တို့ကို ဘာပြောခဲ့လည်း မှတ်မိလား အချိန်ခရီးသွားတဲ့လူထဲက တစ်ခုခုကို ခိုးနိုင်ရင် သူ့စွမ်းအားတွေက မင်းအပိုင်ဖြစ်ပြီဆိုတာ ဒါဆို အဲ့နည်းသာအလုပ်ဖြစ်ရင် မင်းကို ကုသနိုင်တယ် "
"Lisa...နင့်အလုပ်က လူ့အသက်ကို ကယ်ရတဲ့ အလုပ်လေ လူသတ်ဖို့ပေးတဲ့အကြံကို လက်ခံစရာမှမလိုတာ ငါ့ကို အသက်ရှင်ဖို့အတွက် လူတစ်ယောက်ကို သွေးအေးအေးနဲ့ သတ်ပစ်မလို့လား"
"သူက မင်းကို သတ်ဖို့ ကြိုးစားခဲ့တာ မှတ်မိလား"
"Lisa...ငါ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး ..သူက ငါ့ကိုသတ်ချင်လားဆိုတာ ငါတို့တွေ သေချာမသိဘူးလေ ဟင့်အင်း ငါ ဘယ်သူ့ကိုမှမသတ်ချင်ဘူး အပြစ်ရှိတဲ့ စိတ်နဲ့ ငါအသက်ရှင်မသွားချင်ဘူး "
"ကိုယ်ကတော့ နေနိုင်တယ် "
"မရဘူး Lisa...ငါ့အတွက် နင် အဲ့လိုလုပ်မှာကို လုပ်ခွင့်မပေးဘူး အဲ့တာအလုပ်ဖြစ်ရင်တောင် မရဘူး မလုပ်ရဘူး "
"ဒီအတိုင်း တွေးမိတာကို ပြောရုံပါ "
****
နောက်တစ်နေ့ မနက်မှာတော့ ကျွန်မ အထုပ်အပိုးတွေနဲ့ အတူ အိမ်ပေါ်က ဆင်းလာသည်
"ထွက်သွားတော့မလို့လား"
"ကျွန်မ စကားပြောဖို့လိုနေတဲ့ ဆရာဝန်က New Jerseyမှာ ရှိလို့ သူ့ဆီသွားမလို့ "
အမေ့ကို ပြောပြီး Doctor Hanဆီ ထွက်လာခဲ့ပေမယ့် Lisaကိုတော့ စိတ်ပူနေမှာဆိုးလို့ ဘာမှအသိမပေးတော့ဘူးလေ
ဒီတစ်ခါမှာတော့ Dr.Hanရဲ့ အိမ်က ကျွန်မအတွက် ကြောက်စရာမကောင်းတော့ပေမယ့် ဝမ်းနည်းစရာကောင်းစေသည်
သူ့မိန်းမ ပြန်လာဖို့စောင့်နေတာ ဘယ်လောက်တောင် ကြာပြီလည်း သူ့မိန်းမကို စောင့်ရင်း တစ်ယောက်တည်း အထီးကျန်စွာ သေရတော့မှာလား
Dr.Hanကို ကျွန်မ တစ်ချို့ ကိစ္စတွေပြောပြလိုက်သည်
"စိတ်မပူနဲ့သိလား ကျုပ်က Fileနဲ့ထားထားပေမယ့် မင်းနာမည်ကိုတော့ လုံခြုံရေးအတွက် Fileမှာ ရေးမထားဘူး "
"လုံခြုံရေး?"
"Time traveller ထဲမှာ လူကောင်းတွေရှိသလို မကောင်းတဲ့လူတွေလည်းရှိတယ်...မကောင်းတဲ့လူတွေဆိုရင် တစ်ဖက်လူဆီက စွမ်းအင်ရဖို့အတွက် တွေဝေခြင်းမရှိဘဲ ချက်ချင်း တစ်ဖက်လူကို သတ်နိုင်တယ် မင်းက တည်နေရာကို ခုန်ပြီးအချိန်ခရီးသွားနိုင်တဲ့ စွမ်းအားရှိတယ်ကွာ မင်းရဲ့ DNAကို စစ်ဆေးကြည့်ချင်သေးတယ်....ပြီးတော့ ကျူပ် အမျိုးသမီးရဲ့ သတင်းကိုလည်း ရဖို့ ကြိုးစားနေတယ်...သူပျောက်သွားတုံးက ကိုယ်ဝန်ရှိနေတာလေ...သူ ဘယ်ကိုရောက်သွားမှန်း ကျူပ်မသိဘူး ဒါကြောင့်မို့ သူနဲ့တူတဲ့DNAရှိတဲ့ time travller တစ်ယောက် ရှိပါစေလို့ ကျုပ် ဆုတောင်းနေမိတာ အဲ့တာဆို ကလေးလည်း အသက်ရှင်ပြီး သူလည်း ကလေးနဲ့အတူ တစ်နေရာမှာ ပျော်နေလောက်မှာပါ "
"စိတ်မကောင်းပါဘူး Dr.Han "
"အမှားမလုပ်မိအောင် ဂရုစိုက်ပါ Roseanne ..Time traveller ဖြစ်ရတာ ဘုရားပေးတဲ့ ဆုလာဘ်ဖြစ်သလို ကျိန်စာလည်း ဟုတ်တယ် "
#tbc
#zawgyi
Roseanne's Pov
Lisaက ကြၽန္မဆီကို ေန႕ခင္းေလာက္မွာ ဖုန္းဆက္လာတယ္
Lisa ရဲ႕ အသံကို ၾကည့္ရတာ ဒီမွာရွိေနခ်ိန္ထက္ ပိုၿပီး အားနည္းေနတဲ့ပုံစံရွိသည္
ၿပီးေတာ့ လူသတ္သမားလား ဘာလားမသိတဲ့ သူရွိေနတဲ့ နိုင္ငံမွာ ေရာက္ေနတဲ့ သူက ကြၽန္မကို စိုးရိမ္ေနေသးတယ္
"အဆင္ေျပရဲ႕လား Jennieက မင္းရဲ႕အေမအိမ္ကို ေသခ်ာလိုက္ပို႔ေပးရဲ႕လား "
"လိုက္ပို႔ေပးတယ္ဆိုပါေတာ့ "
"Roseanne! "
"Hey.. အဆင္ေျပပါတယ္ ငါဘာမွမျဖစ္ဘူး ဒီမွာလုံၿခဳံၿပီး အဆင္ေျပေနတယ္ ဟုတ္ၿပီလား အျပစ္ေပးခ်င္တယ္ဆိုရင္လည္း အိမ္ျပန္ေရာက္မွေပး "
ကြၽန္မရဲ႕ စကားေၾကာင့္ Lisaက တစ္ဖက္ကေနရယ္လိုက္သည္
"ကိုယ္အျပစ္ေပးတာကို မင္းက အရမ္းသေဘာက်ေနတယ္ေပါ့ "
Lisaရဲ႕ အက္ရွရွနဲ႕ေမးတဲ့ေမးခြန္းေၾကာင့္ ကြၽန္မရဲ႕ ဝမ္းဗိုက္ထဲ လိပ္ျပာေလးေတြ ပ်ံဝဲသြားသလို ခံစားရသည္
"ဒါဆိုလည္း အိမ္ျပန္ေရာက္တဲ့အခါ အျပစ္ေပးခံရဖို႔ သတိေပးေပါ့ ဒါနဲ႕ ဒီေန႕ တစ္ခုခုမ်ား ရွာေတြ႕ခဲ့လား "
ကြၽန္မရဲ႕ ေမးခြန္းေၾကာင့္ Lisa သက္ျပင္းခ်လိဳက္တယ္
"ဟူး ကိုယ္ ရခဲ့တဲ့ လိပ္စာက ဟိုတယ္လည္း မဟုတ္ သူ႕အိမ္လည္း မဟုတ္ဘူး လကၡဏာေဟာေပးတဲ့ ဆရာမျဖစ္ေနတယ္ လမ္းႀကဳံတာနဲ႕ သူေဟာေပးတာ ဝင္နားေထာင္ေတာ့ ေတာ္ေတာ္မ်ားမ်ားမွန္ေနတယ္ "
"ဘာလည္း ႏွာေခါင္းနဲ႕ အသက္ရႉၿပီး ပါးစပ္နဲ႕ ထမင္းစားတယ္လို႔ ေဟာတာလား "
ကြၽန္မရဲ႕ ဟာသေၾကာင့္ Lisa ရယ္လိုက္သည္
"မဟုတ္ဘူး အခ်စ္ရဲ႕ မင္း brain tumorျဖစ္ေနတာ သူသိတယ္ ၿပီးေတာ့ ကိုယ့္နာမည္ကိုလည္း သိတယ္ "
"Oh...Wow "
"အင္း ဟုတ္တယ္ Cecelia လကၡဏာဆရာမက မင္းမွာ ကိုယ္ဝန္ရွိေနေၾကာင္းလည္း ေဟာလိုက္ေသးတယ္ "
Lisaရဲ႕ စကားေၾကာင့္ ကြၽန္မ ႏွလုံးခုန္ရပ္သြားသလိုပင္
မျဖစ္နိုင္တာ ကြၽန္မ ေဆးလည္းေသာက္သလို လြန္ခဲ့တဲ့ ရက္ကမွ ရာသီလာၿပီးတာေလ
"ဝိုး ၾကည့္ရတာ သဘာဝလြန္ တြန္းအားေတြနဲ႕ ႀကီးထြားလာမယ့္ vampire babyမ်ားလား"
"သူ မွားတာလည္း ျဖစ္နိုင္ပါတယ္ "
ဟုတ္မွာပါ ေဗဒင္ဆရာလကၡဏာ ဆရာတစ္ခ်ိဳ႕က မမွန္တာမ်ားပါတယ္
"Eleanor အေၾကာင္းေရာ သူသိလား Lisa "
"အင္း ခဏခဏေတြ႕ဖူးတယ္တဲ့ ဒါေပမယ့္ လိပ္စာေတာ့ သူမေတာင္းမိဘူးတဲ့ "
Lisaရဲ႕ စကားေၾကာင့္ ကြၽန္မ စိတ္သက္သာရာရသလို ေမွ်ာ္လင့္ခ်က္လည္း ပ်က္မိသည္
Lisa ေဘးကင္းကင္းနဲ႕ ဒီကို ျပန္ေရာက္ဖို႔က အေရးႀကီးပါတယ္ေလ
"ဒီေတာ့ နင္ျပန္လာေတာ့မွာလား Lisa..."
"ျပန္မလာေသးဘူး Eleanorက ဘာေတြေရာင္းေနတယ္ေတာ့ မသိဘူး တစ္ခုခုေတာ့ ေရာင္းေနတာဘဲ ၾကည့္ရတာ 1600 ခုႏွစ္က Englandက ပစၥည္းေတြျဖစ္မယ္ သူ မၾကာခင္ ဒီကိုျပန္လာအုံးမယ္လို႔ သတင္းရတယ္ "
"မၾကာခင္? ဒါဆို သုံးေလးပတ္ေလာက္ ၾကာအုံးမွာေပါ့ "
"အဲ့လိုေပါ့ "
"အလုပ္ျဖစ္မွာ မဟုတ္ဘူး ျပန္လာခဲ့ေတာ့ Lisa "
"အဲ့လိုမလုပ္ပါနဲ႕ အခ်စ္ရယ္ ကိုယ္ေနမွျဖစ္မွာကို မင္းသိပါတယ္ သူသိတာေတြ သူဘာလိုခ်င္လည္းဆိုတာေတြကို ကိုယ္သိေနမွျဖစ္မယ္ေလ အဲ့အခါက်မွ မင္းကို ကိုယ္ ကူညီနိုင္မွာ "
"ဒါဆို သူကို နင္ရွာေတြ႕ရင္ ဘာျဖစ္လာမွာလည္း "
"လကၡဏာဆရာမကေတာ့ သူ႕ကိုသတ္တာက အေကာင္းဆုံး ေျဖရွင္းနည္းလို႔ အႀကံေပးတယ္ "
"သူ႕ကို သတ္ရမယ္ ဟုတ္လား ေသာက္က်ိဴးနည္း လကၡဏာဆရာမကေတာ့ ၾကမ္းတယ္ဟ "
ကြၽန္မ ေျပာၿပီး တဟားဟားနဲ႕ သေဘာက်စြာ ရယ္ေနေပမယ့္ Lisa ဘက္က တိတ္ဆိတ္ေနသည္
"ရယ္ရတာကို ဘာလို႔မရယ္တာလည္း "
"Roseanne ....ေတြးစရာရွိလာလို႔ပါ Lily ကိုယ္တို႔ကို ဘာေျပာခဲ့လည္း မွတ္မိလား အခ်ိန္ခရီးသြားတဲ့လူထဲက တစ္ခုခုကို ခိုးနိုင္ရင္ သူ႕စြမ္းအားေတြက မင္းအပိုင္ျဖစ္ၿပီဆိုတာ ဒါဆို အဲ့နည္းသာအလုပ္ျဖစ္ရင္ မင္းကို ကုသနိုင္တယ္ "
"Lisa...နင့္အလုပ္က လူ႕အသက္ကို ကယ္ရတဲ့ အလုပ္ေလ လူသတ္ဖို႔ေပးတဲ့အႀကံကို လက္ခံစရာမွမလိုတာ ငါ့ကို အသက္ရွင္ဖို႔အတြက္ လူတစ္ေယာက္ကို ေသြးေအးေအးနဲ႕ သတ္ပစ္မလို႔လား"
"သူက မင္းကို သတ္ဖို႔ ႀကိဳးစားခဲ့တာ မွတ္မိလား"
"Lisa...ငါ ဘာျပန္ေျပာရမွန္းေတာင္ မသိေတာ့ဘူး ..သူက ငါ့ကိုသတ္ခ်င္လားဆိုတာ ငါတို႔ေတြ ေသခ်ာမသိဘူးေလ ဟင့္အင္း ငါ ဘယ္သူ႕ကိုမွမသတ္ခ်င္ဘူး အျပစ္ရွိတဲ့ စိတ္နဲ႕ ငါအသက္ရွင္မသြားခ်င္ဘူး "
"ကိုယ္ကေတာ့ ေနနိုင္တယ္ "
"မရဘူး Lisa...ငါ့အတြက္ နင္ အဲ့လိုလုပ္မွာကို လုပ္ခြင့္မေပးဘူး အဲ့တာအလုပ္ျဖစ္ရင္ေတာင္ မရဘူး မလုပ္ရဘူး "
"ဒီအတိုင္း ေတြးမိတာကို ေျပာ႐ုံပါ "
****
ေနာက္တစ္ေန႕ မနက္မွာေတာ့ ကြၽန္မ အထုပ္အပိုးေတြနဲ႕ အတူ အိမ္ေပၚက ဆင္းလာသည္
"ထြက္သြားေတာ့မလို႔လား"
"ကြၽန္မ စကားေျပာဖို႔လိုေနတဲ့ ဆရာဝန္က New Jerseyမွာ ရွိလို႔ သူ႕ဆီသြားမလို႔ "
အေမ့ကို ေျပာၿပီး Doctor Hanဆီ ထြက္လာခဲ့ေပမယ့္ Lisaကိုေတာ့ စိတ္ပူေနမွာဆိုးလို႔ ဘာမွအသိမေပးေတာ့ဘူးေလ
ဒီတစ္ခါမွာေတာ့ Dr.Hanရဲ႕ အိမ္က ကြၽန္မအတြက္ ေၾကာက္စရာမေကာင္းေတာ့ေပမယ့္ ဝမ္းနည္းစရာေကာင္းေစသည္
သူ႕မိန္းမ ျပန္လာဖို႔ေစာင့္ေနတာ ဘယ္ေလာက္ေတာင္ ၾကာၿပီလည္း သူ႕မိန္းမကို ေစာင့္ရင္း တစ္ေယာက္တည္း အထီးက်န္စြာ ေသရေတာ့မွာလား
Dr.Hanကို ကြၽန္မ တစ္ခ်ိဳ႕ ကိစၥေတြေျပာျပလိုက္သည္
"စိတ္မပူနဲ႕သိလား က်ဳပ္က Fileနဲ႕ထားထားေပမယ့္ မင္းနာမည္ကိုေတာ့ လုံၿခဳံေရးအတြက္ Fileမွာ ေရးမထားဘူး "
"လုံၿခဳံေရး?"
"Time traveller ထဲမွာ လူေကာင္းေတြရွိသလို မေကာင္းတဲ့လူေတြလည္းရွိတယ္...မေကာင္းတဲ့လူေတြဆိုရင္ တစ္ဖက္လူဆီက စြမ္းအင္ရဖို႔အတြက္ ေတြေဝျခင္းမရွိဘဲ ခ်က္ခ်င္း တစ္ဖက္လူကို သတ္နိုင္တယ္ မင္းက တည္ေနရာကို ခုန္ၿပီးအခ်ိန္ခရီးသြားနိုင္တဲ့ စြမ္းအားရွိတယ္ကြာ မင္းရဲ႕ DNAကို စစ္ေဆးၾကည့္ခ်င္ေသးတယ္....ၿပီးေတာ့ က်ဴပ္ အမ်ိဳးသမီးရဲ႕ သတင္းကိုလည္း ရဖို႔ ႀကိဳးစားေနတယ္...သူေပ်ာက္သြားတုံးက ကိုယ္ဝန္ရွိေနတာေလ...သူ ဘယ္ကိုေရာက္သြားမွန္း က်ဴပ္မသိဘူး ဒါေၾကာင့္မို႔ သူနဲ႕တူတဲ့DNAရွိတဲ့ time travller တစ္ေယာက္ ရွိပါေစလို႔ က်ဳပ္ ဆုေတာင္းေနမိတာ အဲ့တာဆို ကေလးလည္း အသက္ရွင္ၿပီး သူလည္း ကေလးနဲ႕အတူ တစ္ေနရာမွာ ေပ်ာ္ေနေလာက္မွာပါ "
"စိတ္မေကာင္းပါဘူး Dr.Han "
"အမွားမလုပ္မိေအာင္ ဂ႐ုစိုက္ပါ Roseanne ..Time traveller ျဖစ္ရတာ ဘုရားေပးတဲ့ ဆုလာဘ္ျဖစ္သလို က်ိန္စာလည္း ဟုတ္တယ္ "
#tbc
Bạn đang đọc truyện trên: Truyen3h.Co