Truyen3h.Co

အိမ်မက်ထဲက သူ

Part 4

KimFany059

#unicode

Roseanne's POV

ထပ်ပြီး ကျွန်မ အိမ်မက်တွေမက်နေပြန်ပြီ

အခု ဆောင်းဦးရာသီမှာ ကျွန်မက Lisaရဲ့ အိမ်ကိုဆရာက်နေတယ်

Lisaနဲ့ အတူရှိပြီး စကားပြောရတာ အရမ်းပျော်ဖို့ကောင်းတယ် ..... ကျွန်မ ဘဝမှာ တစ်ခါမှ အခုလိုမပျော်ခဲ့ဖူးဘူး....Lisaနဲ့ မတွေ့ခင်ထိလေ ကျွန်မ စိတ်လိုလက်ရပျော်ခဲ့တဲ့နေ့ မရှိသလောက်ဘဲ

"ပြပါအုံး... "

"ဒါက အဆောက်အဦး ဒီဇိုင်းလေးပါ နင်ကြည့်ချင်မယ် မထင်ဘူး Lisa. ..."

ကျွန်မက ပြောတော့ Lisaက ရယ်ပြီး ကျွန်မ ခွက်ထဲကို ဝီစကီဖြည့်ပေးလိုက်သည်

"Oh ကြည့်ချင်တာပေါ့ နင့်လက်ရာလေး ငါအရမ်းကြည့်ချင်နေတာ ပြီးတော့ တံတားတို့ဘာတို့အသစ်အဆန်းတွေလည်း လုပ်ကြည့်ချင်တယ် "

"အာ နင်ကတော့ မြှောက်နေပြန်ပါပြီ "

"မြှောက်ပြောတာ မဟုတ်ပါဘူးနော် "

ကျွန်မရဲ့ နှာခေါင်းလေးကို Lisaဆွဲညှစ်ပြီး ရယ်လိုက်သည်

"ဗိသုကာလက်ရာတွေအကြောင်း နင်ပြောပြတာကို ထိုင်ကြည့်ရတာ ငါအရမ်းသဘောကျတယ်.. အဲ့လိုအချိန်ဆို နင့်မျက်လုံးကအရောင်တွေတောက်လာပြီး အပြုံးတွေကလည်း အသက်ဝင်လို့ .... ငါ့မှာ နင် အဲ့လိုတွေ ဖန်တီးနိုင်ပါလားဆိုပြီး အံ့တွေသြလို့.... "

"အယ် နင်ကလည်း လူ့အသက်တွေကို ကယ်နိုင်ခဲ့တာဘဲ..."

Lisaက ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ထက် ကျွန်မရဲ့ အလုပ်ကို ပိုသဘောကျနေလေရဲ့

"ကရအောင် . .. "

Lisa ကျွန်မကို ဆွဲထူပြီး ကျွန်မရဲ့ လက်နှစ်ဖက်ကို သူ့ပခုံးပေါ် တင်ခိုင်းတယ်

ပြီးတော့.... တစ်နှစ်သုံး ရေရွတ်ပြီး ကျွန်မရဲ့ ခါးကိုဖက်ကာ ကနေလေရဲ့

"နင် ကတာလည်းတော်လိုက်တာ "

"အင်းဆို နင်နဲ့အတူရှိတဲ့အချိန်တွေမှာဆို ငါမလုပ်နိုင်တာ ဘာမှမရှိသလောက်ဘဲ Lisa "

"ဘာလို့လည်းဆိုတော့ ငါတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် ပါရမီဖြည့်ဖက်မို့လို့လေ "

"ဟုတ်တာပေါ့ ငါတို့နှစ်ယောက်သာအတူရှိနေရင် ဘယ်နေရာ ဘယ် universe မှာမဆို ရှင်သန်နိုင်မှာဘဲနော် "

Lisa ကနေရာကရပ်ပြီး ရုတ်တရက် ကျွန်မရှေ့ ဒူးတစ်ဖက်ထောက်လာတယ်

ပြီးတော့ ဘောင်းဘီအိတ်ထဲက အနက်ရောင်ဗူးလေးကို ထုတ်လာတယ်

"ဒါက စောလွန်းပြီး ထူးဆန်းနေမှာကို ငါသိပါတယ် ဒါပေမယ့် ငါက နင့်အတွက် မွေးဖွားလာတာဖြစ်လို့ နင်နဲ့အတူ ဘဝတစ်ခုကို ထူထောင်ဖို့ မစောင့်နိုင်တော့ဘူး "

Lisaရဲ့ စကားကြောင့် ကျွန်မဘဝတစ်ခုလုံး နေရောင်ခြည်တွေ ဖြာထွက်လာသလို ခံစားရတယ်

လူတွေက ကျွန်မတို့ကို ထူးဆန်းတယ်လို့ ထင်ကြမှာဆိုပေမယ့် ကျွန်မ ဂရုမစိုက်ပါဘူး Lisaက ကျွန်မဘဝတစ်လျှောက်လုံး စောင့်နေခဲ့ရတဲ့ လူတစ်ယောက်ဘဲလေ

အိပ်ရာကနေ ကျွန်မ နိုးလာတော့ Lisaက ကျွန်မဘေးနားမရှိတော့ဘူး....

အိပ်ရာက ထထိုင်ပြီး Lisaကို ရှာလိုက်ပေမယ့် အခန်းထဲမှာ Lisa ကို မတွေ့ဘဲ ဆိုဖာပေါ် အိပ်ပျော်နေတဲ့ Jackကို တွေ့လိုက်ရတယ်

Jackက ဘာလို့ ဒီမှာရှိနေတာလည်း...

Jackကို တွေ့လိုက်ရလို့ ကျွန်မ ရုတ်တရက် အံ့သြသွားပေမယ့် နောက်မှ အမေက ကျွန်မတစ်ယောက်တည်း စိတ်မချလို့ Jackကို ကျွန်မဆီ လွှတ်လိုက်တာကို သတိရသွားတယ်

Jackကလည်း အခွင့်အရေးသမား မဟုတ်ပါဘူး..... ကုတင်ပေါ်မှာ အိပ်မယ့်အစား အခန်းထဲကဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတယ်လေ

Jackကို မြင်တော့ ကျွန်မ ဘာကိုအလိုမကျမှန်းမသိဖြစ်နေတယ်.....Jackနေရာမှာ Lisaကို ရှိစေချင်တာလား

အိပ်ပျော်နေတဲ့ Jack ကို မနှိုးတော့ဘဲ ကျွန်မ အလုပ်သွားဖို့ ထလာခဲ့လိုက်တယ်

"Layoutက ဘယ်မှာလည်း "

"Good Morning Boss ကျွန်မ သက်သာနေပါပြီ "

Deeဆိုတဲ့ ကျွန်မရဲ့ သူဌေးက ကျွန်မကို နေကောင်းလားမေးမှာကို မမျှော်လင့်တော့ပါဘူးလေ

ကျွန်မ ဒီမှာအလုပ်လုပ်တဲ့ တစ်လျှောက်လုံး Deeက ကျွန်မကို good morningလို့တောင် မနှုတ်ဆက်ခဲ့ဖူးဘူး

"Layoutက ဘယ်မှာလည်း Roseanne "

"ပြင်စရာတစ်ခုရှိသေးလို့ အိမ်မှာကျန်ခဲ့ပါတယ် မနက်ဖြန် print ထုတ်ပေးပါမယ် "

"အပန်းဖြေစခန်းရဲ့ preview ရော..."

"အဲ့previewရဲ့ နောက်ဆုံးရက်က နောက်အပတ်မဟုတ်လား "

"နောက်ဆုံးရက်ပေးထားတယ်ဆိုတိုင်း အချိန်ဆွဲပြီး အလုပ်လုပ်ချင်တာလား "

"တောင်းပန်ပါတယ်"

အိမ်မက်လှလှမက်ခဲ့တဲ့ မနက်ခင်းဟာ Deeကြောင့် ပျက်စီးသွားလေရဲ့

Hummm

Hummm

ကျွန်မ သက်ပြင်းချပြီး ကျွန်မ စားပွဲမှာ ဝင်ထိုင်တော့ Jisoo. ...Deeရဲ့ ချစ်လှစွာသောဆိုပေမယ့် Deeကြောင့် အမြဲတမ်းခက်ခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ထောက်လေးဟာ ကျွန်မလို အသံလိုက်လုပ်ပြီး စနောက်နေလေရဲ့

"နင်လည်း သူ့ကို စိတ်ဒုက္ခ ရောက်အောင်ပြန်လုပ်ပစ်လေ "

"သူက ငါ့ကိုအလုပ်ထုတ်မှာပေါ့ဟ "

"အဲ့တာကို သိနေတာ ဘာလို့ ဒီမှာဆက်လုပ်နေတာလည်း Roseanne "

"Aww သူက သူများတွေထက် ကျွန်မကို လစာနှစ်ဆပေးလို့ကိုး "

Jisooနဲ့စကားပြောရင်း ကျွန်မရဲ့ အမေဆီက ဖုန်းဝင်လာသည်

"Hello အမေ "

"အေး သမီး နေလို့ကောင်းလား "

"ဒေါင်ဒေါင်မြည်ပါဘဲ အမေ "

"မနက်စာရော စားထားလား "

"Coffeeနဲ့ မုန့်စားထားတယ် '

"နေ့လည်စာရော ဘာစားမလည်း "

အမေကတော့ တကယ်ပါဘဲ ကျွန်မကို အခုထိကလေးထင်နေလားမသိပါဘူး

"အမေ့ အခုမှ ကိုးနာရီရှိသေးတယ် နေ့လည်စာစားဖို့ မတွေးနိုင်သေးပါဘူး "

"နေ့လည်စာတော့ စားနော် လက်ထပ်ပွဲရှိတယ်ဆိုပြီး ဝိတ်မချနဲ့အုံး ငါ့သမီးက ဘယ်လိုနေနေလှပြီးသား "

"ဟုတ်အမေ...."

"Lisaကိုရော အိမ်မက်မက်သေးလား "

အမေ့ရဲ့ ရုတ်တရက်မေးလိုက်တဲ့ မေးခွန်းကြောင့် ကျွန်မ လန့်သွားတယ်

"ရှင်..."

"ငါ့သမီး ငယ်ငယ်ကတည်းက Lisaဆိုတဲ့ကောင်မလေးကို အိမ်မက်မက်နေကျလေ အဲ့တာကြောင့် မေးကြည့်တာ "

"အာ မမက်တော့ပါဘူး အမေအလုပ်များနေလို့ ဒါဘဲနော် "

အမေဆက်မေးမယ့်မေးခွန်းတွေ မဖြေချင်လို့ ကျွန်မ အမြန်ဖုန်းချလိုက်တယ်

"ဘာအလုပ်တွေများနေတာလည်း Roseanne "

"နောက်နှစ်လကျော်ရင် ငါ့လက်ထပ်ပွဲရှိတယ်နော် နင်ရော နင့်အီစီကလီ ငါ့သူငယ်ချင်း Jennieကိုပါ ပြောလိုက် "

Dee ကျေးဇူးနဲ့ ကျွန်မ ညပိုင်းမှ အိမ်ကိုပြန်ရောက်လာတယ်

"Honey ညစာချက်ထားတယ်နော် "

"ခဏနားပြီး ထွက်လာခဲ့မယ် "

Jackကို ထိုသို့ပြောပေမယ့် ကျွန်မ ပင်ပန်းလွန်းလို့ ထင်ပါတယ် ကုတင်ပေါ်မှာ ပစ်လှဲလိုက်တာနဲ့ အိပ်ပျော်သွားတယ်

#tbc

နောက်အပိုင်းကတော့ နှစ်ယောက်သား တွေ့ကြတော့မယ်ထင်ပါတယ် xD

#zawgyi

Roseanne's POV

ထပ္ၿပီး ကြၽန္မ အိမ္မက္ေတြမက္ေနျပန္ၿပီ

အခု ေဆာင္းဦးရာသီမွာ ကြၽန္မက Lisaရဲ႕ အိမ္ကိုဆရာက္ေနတယ္

Lisaနဲ႕ အတူရွိၿပီး စကားေျပာရတာ အရမ္းေပ်ာ္ဖို႔ေကာင္းတယ္ ..... ကြၽန္မ ဘဝမွာ တစ္ခါမွ အခုလိုမေပ်ာ္ခဲ့ဖူးဘူး....Lisaနဲ႕ မေတြ႕ခင္ထိေလ ကြၽန္မ စိတ္လိုလက္ရေပ်ာ္ခဲ့တဲ့ေန႕ မရွိသေလာက္ဘဲ

"ျပပါအုံး... "

"ဒါက အေဆာက္အဦး ဒီဇိုင္းေလးပါ နင္ၾကည့္ခ်င္မယ္ မထင္ဘူး Lisa. ..."

ကြၽန္မက ေျပာေတာ့ Lisaက ရယ္ၿပီး ကြၽန္မ ခြက္ထဲကို ဝီစကီျဖည့္ေပးလိုက္သည္

"Oh ၾကည့္ခ်င္တာေပါ့ နင့္လက္ရာေလး ငါအရမ္းၾကည့္ခ်င္ေနတာ ၿပီးေတာ့ တံတားတို႔ဘာတို႔အသစ္အဆန္းေတြလည္း လုပ္ၾကည့္ခ်င္တယ္ "

"အာ နင္ကေတာ့ ျမႇောက္ေနျပန္ပါၿပီ "

"ျမႇောက္ေျပာတာ မဟုတ္ပါဘူးေနာ္ "

ကြၽန္မရဲ႕ ႏွာေခါင္းေလးကို Lisaဆြဲညွစ္ၿပီး ရယ္လိုက္သည္

"ဗိသုကာလက္ရာေတြအေၾကာင္း နင္ေျပာျပတာကို ထိုင္ၾကည့္ရတာ ငါအရမ္းသေဘာက်တယ္.. အဲ့လိုအခ်ိန္ဆို နင့္မ်က္လုံးကအေရာင္ေတြေတာက္လာၿပီး အၿပဳံးေတြကလည္း အသက္ဝင္လို႔ .... ငါ့မွာ နင္ အဲ့လိုေတြ ဖန္တီးနိုင္ပါလားဆိုၿပီး အံ့ေတြၾသလို႔.... "

"အယ္ နင္ကလည္း လူ႕အသက္ေတြကို ကယ္နိုင္ခဲ့တာဘဲ..."

Lisaက ဆရာဝန္ဆိုတဲ့ ဂုဏ္ပုဒ္ထက္ ကြၽန္မရဲ႕ အလုပ္ကို ပိုသေဘာက်ေနေလရဲ႕

"ကရေအာင္ . .. "

Lisa ကြၽန္မကို ဆြဲထူၿပီး ကြၽန္မရဲ႕ လက္ႏွစ္ဖက္ကို သူ႕ပခုံးေပၚ တင္ခိုင္းတယ္

ၿပီးေတာ့.... တစ္ႏွစ္သုံး ေရ႐ြတ္ၿပီး ကြၽန္မရဲ႕ ခါးကိုဖက္ကာ ကေနေလရဲ႕

"နင္ ကတာလည္းေတာ္လိုက္တာ "

"အင္းဆို နင္နဲ႕အတူရွိတဲ့အခ်ိန္ေတြမွာဆို ငါမလုပ္နိုင္တာ ဘာမွမရွိသေလာက္ဘဲ Lisa "

"ဘာလို႔လည္းဆိုေတာ့ ငါတို႔ႏွစ္ေယာက္လုံးက တစ္ေယာက္နဲ႕တစ္ေယာက္ ပါရမီျဖည့္ဖက္မို႔လို႔ေလ "

"ဟုတ္တာေပါ့ ငါတို႔ႏွစ္ေယာက္သာအတူရွိေနရင္ ဘယ္ေနရာ ဘယ္ universe မွာမဆို ရွင္သန္နိုင္မွာဘဲေနာ္ "

Lisa ကေနရာကရပ္ၿပီး ႐ုတ္တရက္ ကြၽန္မေရွ႕ ဒူးတစ္ဖက္ေထာက္လာတယ္

ၿပီးေတာ့ ေဘာင္းဘီအိတ္ထဲက အနက္ေရာင္ဗူးေလးကို ထုတ္လာတယ္

"ဒါက ေစာလြန္းၿပီး ထူးဆန္းေနမွာကို ငါသိပါတယ္ ဒါေပမယ့္ ငါက နင့္အတြက္ ေမြးဖြားလာတာျဖစ္လို႔ နင္နဲ႕အတူ ဘဝတစ္ခုကို ထူေထာင္ဖို႔ မေစာင့္နိုင္ေတာ့ဘူး "

Lisaရဲ႕ စကားေၾကာင့္ ကြၽန္မဘဝတစ္ခုလုံး ေနေရာင္ျခည္ေတြ ျဖာထြက္လာသလို ခံစားရတယ္

လူေတြက ကြၽန္မတို႔ကို ထူးဆန္းတယ္လို႔ ထင္ၾကမွာဆိုေပမယ့္ ကြၽန္မ ဂ႐ုမစိုက္ပါဘူး Lisaက ကြၽန္မဘဝတစ္ေလွ်ာက္လုံး ေစာင့္ေနခဲ့ရတဲ့ လူတစ္ေယာက္ဘဲေလ

အိပ္ရာကေန ကြၽန္မ နိုးလာေတာ့ Lisaက ကြၽန္မေဘးနားမရွိေတာ့ဘူး....

အိပ္ရာက ထထိုင္ၿပီး Lisaကို ရွာလိုက္ေပမယ့္ အခန္းထဲမွာ Lisa ကို မေတြ႕ဘဲ ဆိုဖာေပၚ အိပ္ေပ်ာ္ေနတဲ့ Jackကို ေတြ႕လိုက္ရတယ္

Jackက ဘာလို႔ ဒီမွာရွိေနတာလည္း...

Jackကို ေတြ႕လိုက္ရလို႔ ကြၽန္မ ႐ုတ္တရက္ အံ့ၾသသြားေပမယ့္ ေနာက္မွ အေမက ကြၽန္မတစ္ေယာက္တည္း စိတ္မခ်လိဳ႕ Jackကို ကြၽန္မဆီ လႊတ္လိုက္တာကို သတိရသြားတယ္

Jackကလည္း အခြင့္အေရးသမား မဟုတ္ပါဘူး..... ကုတင္ေပၚမွာ အိပ္မယ့္အစား အခန္းထဲကဆိုဖာေပၚမွာ ေခြေခြေလးအိပ္ေနတယ္ေလ

Jackကို ျမင္ေတာ့ ကြၽန္မ ဘာကိုအလိုမက်မွန္းမသိျဖစ္ေနတယ္.....Jackေနရာမွာ Lisaကို ရွိေစခ်င္တာလား

အိပ္ေပ်ာ္ေနတဲ့ Jack ကို မႏွိုးေတာ့ဘဲ ကြၽန္မ အလုပ္သြားဖို႔ ထလာခဲ့လိုက္တယ္

"Layoutက ဘယ္မွာလည္း "

"Good Morning Boss ကြၽန္မ သက္သာေနပါၿပီ "

Deeဆိုတဲ့ ကြၽန္မရဲ႕ သူေဌးက ကြၽန္မကို ေနေကာင္းလားေမးမွာကို မေမွ်ာ္လင့္ေတာ့ပါဘူးေလ

ကြၽန္မ ဒီမွာအလုပ္လုပ္တဲ့ တစ္ေလွ်ာက္လုံး Deeက ကြၽန္မကို good morningလို႔ေတာင္ မႏႈတ္ဆက္ခဲ့ဖူးဘူး

"Layoutက ဘယ္မွာလည္း Roseanne "

"ျပင္စရာတစ္ခုရွိေသးလို႔ အိမ္မွာက်န္ခဲ့ပါတယ္ မနက္ျဖန္ print ထုတ္ေပးပါမယ္ "

"အပန္းေျဖစခန္းရဲ႕ preview ေရာ..."

"အဲ့previewရဲ႕ ေနာက္ဆုံးရက္က ေနာက္အပတ္မဟုတ္လား "

"ေနာက္ဆုံးရက္ေပးထားတယ္ဆိုတိုင္း အခ်ိန္ဆြဲၿပီး အလုပ္လုပ္ခ်င္တာလား "

"ေတာင္းပန္ပါတယ္"

အိမ္မက္လွလွမက္ခဲ့တဲ့ မနက္ခင္းဟာ Deeေၾကာင့္ ပ်က္စီးသြားေလရဲ႕

Hummm

Hummm

ကြၽန္မ သက္ျပင္းခ်ၿပီး ကြၽန္မ စားပြဲမွာ ဝင္ထိုင္ေတာ့ Jisoo. ...Deeရဲ႕ ခ်စ္လွစြာေသာဆိုေပမယ့္ Deeေၾကာင့္ အၿမဲတမ္းခက္ခဲေတြနဲ႕ ရင္ဆိုင္ေနရတဲ့ လက္ေထာက္ေလးဟာ ကြၽန္မလို အသံလိုက္လုပ္ၿပီး စေနာက္ေနေလရဲ႕

"နင္လည္း သူ႕ကို စိတ္ဒုကၡ ေရာက္ေအာင္ျပန္လုပ္ပစ္ေလ "

"သူက ငါ့ကိုအလုပ္ထုတ္မွာေပါ့ဟ "

"အဲ့တာကို သိေနတာ ဘာလို႔ ဒီမွာဆက္လုပ္ေနတာလည္း Roseanne "

"Aww သူက သူမ်ားေတြထက္ ကြၽန္မကို လစာႏွစ္ဆေပးလို႔ကိုး "

Jisooနဲ႕စကားေျပာရင္း ကြၽန္မရဲ႕ အေမဆီက ဖုန္းဝင္လာသည္

"Hello အေမ "

"ေအး သမီး ေနလို႔ေကာင္းလား "

"ေဒါင္ေဒါင္ျမည္ပါဘဲ အေမ "

"မနက္စာေရာ စားထားလား "

"Coffeeနဲ႕ မုန့္စားထားတယ္ '

"ေန႕လည္စာေရာ ဘာစားမလည္း "

အေမကေတာ့ တကယ္ပါဘဲ ကြၽန္မကို အခုထိကေလးထင္ေနလားမသိပါဘူး

"အေမ့ အခုမွ ကိုးနာရီရွိေသးတယ္ ေန႕လည္စာစားဖို႔ မေတြးနိုင္ေသးပါဘူး "

"ေန႕လည္စာေတာ့ စားေနာ္ လက္ထပ္ပြဲရွိတယ္ဆိုၿပီး ဝိတ္မခ်နဲ႕အုံး ငါ့သမီးက ဘယ္လိုေနေနလွၿပီးသား "

"ဟုတ္အေမ...."

"Lisaကိုေရာ အိမ္မက္မက္ေသးလား "

အေမ့ရဲ႕ ႐ုတ္တရက္ေမးလိုက္တဲ့ ေမးခြန္းေၾကာင့္ ကြၽန္မ လန့္သြားတယ္

"ရွင္..."

"ငါ့သမီး ငယ္ငယ္ကတည္းက Lisaဆိုတဲ့ေကာင္မေလးကို အိမ္မက္မက္ေနက်ေလ အဲ့တာေၾကာင့္ ေမးၾကည့္တာ "

"အာ မမက္ေတာ့ပါဘူး အေမအလုပ္မ်ားေနလို႔ ဒါဘဲေနာ္ "

အေမဆက္ေမးမယ့္ေမးခြန္းေတြ မေျဖခ်င္လို႔ ကြၽန္မ အျမန္ဖုန္းခ်လိဳက္တယ္

"ဘာအလုပ္ေတြမ်ားေနတာလည္း Roseanne "

"ေနာက္ႏွစ္လေက်ာ္ရင္ ငါ့လက္ထပ္ပြဲရွိတယ္ေနာ္ နင္ေရာ နင့္အီစီကလီ ငါ့သူငယ္ခ်င္း Jennieကိုပါ ေျပာလိုက္ "

Dee ေက်းဇူးနဲ႕ ကြၽန္မ ညပိုင္းမွ အိမ္ကိုျပန္ေရာက္လာတယ္

"Honey ညစာခ်က္ထားတယ္ေနာ္ "

"ခဏနားၿပီး ထြက္လာခဲ့မယ္ "

Jackကို ထိုသို႔ေျပာေပမယ့္ ကြၽန္မ ပင္ပန္းလြန္းလို႔ ထင္ပါတယ္ ကုတင္ေပၚမွာ ပစ္လွဲလိုက္တာနဲ႕ အိပ္ေပ်ာ္သြားတယ္

#tbc

ေနာက္အပိုင္းကေတာ့ ႏွစ္ေယာက္သား ေတြ႕ၾကေတာ့မယ္ထင္ပါတယ္ xD

Bạn đang đọc truyện trên: Truyen3h.Co