Truyen3h.Co

အိမ်မက်ထဲက သူ

Part 31

KimFany059


Lisa's Pov

နှစ်ရက်တောင် ကုန်သွားပြီ ...နှစ်ရက်အတွင်းမှာ Rosieကို လွမ်းတာကလွဲလို့ ငါ ဘာမှမလုပ်ရသေးဘူး ....

Rosieဆီကို လက်ဗလာနဲ့ပြန်ရမှာကို တွေးကြည့်တာ အတွေးနဲ့တင် တော်တော်ဆိုးဝါးတာဘဲ

ငါ  သူ့အနားမရှိနေချိန် သူတစ်ခုခုဖြစ်မှာကိုလည်း စိတ်ပူနေမိတယ် ​

ပဲရစ်မှာ ဘာမှရှာမတွေ့ဘဲ နာရီ အတော်ကြာထိ လျှောက်သွားနေမိတယ်

Eleanor Parkကိုတော့  အရိပ်အယောင်တောင် ရှာမတွေ့ပေ

Rosieက သူအိပ်ရာက နိုးလာရင် ငါ့ဆီ ဖုန်းခေါ်တယ် ဖုန်းပြောအလွမ်းသယ်နေတဲ့အချိန် Eleanor အကြောင်း brain tumor အကြောင်း မပြောမိအောင် ငါတို့ ကြိုးစားနေကြတယ်

Rosieနဲ့ သာမန်ဘဝမှာ ငါ နေထိုင်ဖြတ်သန်းချင်မိတယ် Rosieလည်း ငါ့လိုဘဲ ဖြစ်နေမှာပါ

နှင်းဆီပန်းတွေပြည့်နေတဲ့ ဥယျာဥ်အကြောင်း သူငါ့ကို ပြောပြတယ် ရာသီဥတုသာယာတဲ့အခါ နှင်းဆီပန်းတွေ စိုက်ပြီး ခြံနောက်စိုက်ခင်းက စတော်ဘယ်ရီတွေကိုလည်း သူ ခူးစွပ်ချင်ကြောင်း ပြောပြတယ်

ငါတို့ ကလေးတွေ ရလာတဲ့အခါ အိမ်နောက်ဖေးမှာ ရေကူးကန်ဆောက်ကြမယ့်အကြောင်း ကမ္ဘာအနှံ့ခရီးတွေ ထွက်ကြမယ့်အကြောင်းတွေကို ကြည်ကြည်နူးနူး ပြောနေမိကြတယ်

ငါတို့ဖြစ်ချင်တာတွေ တကယ်ဖြစ်လာပါ့မလား မသိဘူး

ညရောက်တဲ့အခါမှာတော့ ဟိုတယ်ဘေးနားက Barကို ငါထွက်လာခဲ့တယ် ပုံမှန်ဆိုရင် ငါက အရက်အများကြီး သောက်တတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး

ဒါပေမယ့် Rosieကို လွမ်းတဲ့စိတ်တွေရယ် သူ့ကို မကယ်နိုင်ဘဲ ဆုံးရှုံးလိုက်ရရင် ဘယ်လိုနေမလည်းဆိုတဲ့ စိုးရိမ်စိတ်က ငါ့ကိုသတ်နေလို့ ငါ အရက်သုံးခွက်ကျော်လောက် သောက်မိသွားတယ်

လေးခွက်မြောက်မှာတော့ ယောက်ျားတစ်ယောက် ငါ့ဘေးရောက်လာပြီး အရက်လာသောက်တယ်

ပုံမှန်ဆိုရင် ဒီလူ စကားများနေတာကို ငါဂရုမစိုက်တတ်ပေမယ့် အခု ငါ့စိတ်တွေရှုပ်ထွေးနေတာကို ဒီလူက ပိုဆိုးအောင် လုပ်နေသလိုဘဲ

ဒါကြောင့်မို့လို့ Barက ကောင်မလေးကို ဘေဖြတ်ပေးဖို့ ပြောလိုက်တယ်

"Hey မင်းက American လား "

အဲ့အမျိုးသားက ငါ့ကို လှမ်းမေးတယ်

"Yeah "

"Damn မင်းက အကောင်းဆုံးနိုင်ငံမှာနေတဲ့သူဘဲ "

"အဲ့ဒီတော့ ဘာဖြစ်လည်း "

"ဘာဖြစ်လည်း ဟုတ်လား ဘာလည်း မင်းက ဘာဖြစ်ချင်တာလည်း "

တောက်....Moodကမှ မကောင်းပါဘူးဆို စောက်ရူးနဲ့လာတွေ့နေတာဘဲ

ငါ စိတ်မရှည်တော့ဘဲ စိတ်တိုလာတယ်

အခုလို အခြေအနေဖြစ်အောင် ဖန်တီးပေးတဲ့ ကံတရားကို အပြစ်တင်ရမလား ငါမသိတော့ဘူး

အရက်ပုလင်းကို စားပွဲခုံနဲ့ရိုက်ခွဲပြီး ဘေးကလူကို ပိတ်ထိုးလိုက်တယ်

Roseanne's Pov

ကျွန်မတို့ ခြံနောက်က ပန်းခင်းထဲ စောင်လေးခင်းပြီး လှဲအိပ်ရင်းလှဲအိပ်ရင်း ကောင်းကင်ကို ကြည့်နေမိသည်

ပုံမှန်ဆိုရင် ကြယ်တွေကို ကြည့်ရတာ ကျွန်မအတွက် စိတ်အေးချမ်းစေပေမယ့် အခုတော့ အေးချမ်းမှုဆိုတာကို ရှာမတွေ့တော့သလိုပင်

ပြီးတော့ ကျွန်မ Eleanor Parkရဲ့ အကြောင်းကို တွေးနေမိတယ်

ကျွန်မ တစ်ခုခုကို မသိဘဲ လွတ်သွားမိတာများလား

စဥ်းစားကြည့်ရင် Eleanorက ကျွန်မကို သေစေချင်တာ မဟုတ်ဘူးထင်တယ်

မကြာခင် သေတော့မယ် ကျွန်မကို လာသတ်ပြီး တစ်ခြားနိုင်ငံဘက် ထွက်ပြေးတာ ဖြစ်နိုင်ပါ့မလား

ကျွန်မ သေမယ့်အချိန်လေးစောင့်ပြီး ကျွန်မ စွမ်းအင်ကို အေးဆေးလေးထုတ်ယူသွားရုံဘဲ မဟုတ်လား

ပြီးတော့ Lisaဆီက အဖမ်းခံချင်နေတာဖြစ်နိုင်တယ် ဘာလို့လည်းဆို သူဘယ်မှာရှိလည်းဆိုတဲ့ နေရာသိဖို့ ပေါ့ပေါ့ဆဆနဲ့ စာရွက်တွေကျခဲ့မှာ မဟုတ်ဘူးလေ

ပြီးတော့ သူ့အိမ်က ခြေနင်းခုံမှာ Lisaရှာတွေ့ခဲ့တဲ့ သော့ကို ကျွန်မ ပြန်တွေးနေမိတယ်

ဘယ်သူက အိမ်သော့ကို ခြေနင်းခုံမှာထားမှာလည်း

လွယ်ကူလွန်းတယ်မဟုတ်လား

လိပ်စာတွေ သော့နဲ့ ဘယ်သွားမယ်ဆိုတာ ပြောပြထားတဲ့ ဂျာနယ်တွေ နေ့ရက်တွေ က သူမကို Lisa ဖမ်းဖို့ ထောင်ချောက်ဆင်ထားသလိုဘဲ

ကျွန်မ Lisaဆီကို ချက်ချင်း  ဖုန်းဆက်လိုက်တယ်....ဒါပေမယ့် Lisaက ဖုန်းမကိုင်ဘဲ voicemailနဲ့ ဘဲတွေ့နေရတယ်

ကျွန်မကို စိတ်ပူတဲ့ Lisaက ဖုန်းမကိုင်ဘဲနေမှာတော့ မဟုတ်ပါဘူး ပြီးတော့ သူကအအိပ်မက်တဲ့သူလည်း မဟုတ်ဘူး

ဘုရားရေ Lisa တစ်ခုခုဖြစ်နေတာတော့ မဟုတ်ဘူးမလား ကျွန်မ စိတ်အေးအေးထားမှဖြစ်မယ်

လက်တွေပါတုန်လာပြီး အဆိုးဆုံးအခြေအနေထိပါ တွေးမိလာတယ်

Eleanorက Lisaကို တစ်ခုခုလုပ်လိုက်ရင် ကျွန်မ သူတို့ကို ဘယ်လိုလိုက်ရှာရမလည်း?

#tbc

#zawgyi

Lisa's Pov

ႏွစ္ရက္ေတာင္ ကုန္သြားၿပီ ...ႏွစ္ရက္အတြင္းမွာ Rosieကို လြမ္းတာကလြဲလို႔ ငါ ဘာမွမလုပ္ရေသးဘူး ....

Rosieဆီကို လက္ဗလာနဲ႕ျပန္ရမွာကို ေတြးၾကည့္တာ အေတြးနဲ႕တင္ ေတာ္ေတာ္ဆိုးဝါးတာဘဲ

ငါ  သူ႕အနားမရွိေနခ်ိန္ သူတစ္ခုခုျဖစ္မွာကိုလည္း စိတ္ပူေနမိတယ္

ပဲရစ္မွာ ဘာမွရွာမေတြ႕ဘဲ နာရီ အေတာ္ၾကာထိ ေလွ်ာက္သြားေနမိတယ္

Eleanor Parkကိုေတာ့  အရိပ္အေယာင္ေတာင္ ရွာမေတြ႕ေပ

Rosieက သူအိပ္ရာက နိုးလာရင္ ငါ့ဆီ ဖုန္းေခၚတယ္ ဖုန္းေျပာအလြမ္းသယ္ေနတဲ့အခ်ိန္ Eleanor အေၾကာင္း brain tumor အေၾကာင္း မေျပာမိေအာင္ ငါတို႔ ႀကိဳးစားေနၾကတယ္

Rosieနဲ႕ သာမန္ဘဝမွာ ငါ ေနထိုင္ျဖတ္သန္းခ်င္မိတယ္ Rosieလည္း ငါ့လိုဘဲ ျဖစ္ေနမွာပါ

ႏွင္းဆီပန္းေတြျပည့္ေနတဲ့ ဥယ်ာဥ္အေၾကာင္း သူငါ့ကို ေျပာျပတယ္ ရာသီဥတုသာယာတဲ့အခါ ႏွင္းဆီပန္းေတြ စိုက္ၿပီး ၿခံေနာက္စိုက္ခင္းက စေတာ္ဘယ္ရီေတြကိုလည္း သူ ခူးစြပ္ခ်င္ေၾကာင္း ေျပာျပတယ္

ငါတို႔ ကေလးေတြ ရလာတဲ့အခါ အိမ္ေနာက္ေဖးမွာ ေရကူးကန္ေဆာက္ၾကမယ့္အေၾကာင္း ကမၻာအႏွံ႕ခရီးေတြ ထြက္ၾကမယ့္အေၾကာင္းေတြကို ၾကည္ၾကည္ႏူးႏူး ေျပာေနမိၾကတယ္

ငါတို႔ျဖစ္ခ်င္တာေတြ တကယ္ျဖစ္လာပါ့မလား မသိဘူး

ညေရာက္တဲ့အခါမွာေတာ့ ဟိုတယ္ေဘးနားက Barကို ငါထြက္လာခဲ့တယ္ ပုံမွန္ဆိုရင္ ငါက အရက္အမ်ားႀကီး ေသာက္တတ္တဲ့ လူတစ္ေယာက္ မဟုတ္ပါဘူး

ဒါေပမယ့္ Rosieကို လြမ္းတဲ့စိတ္ေတြရယ္ သူ႕ကို မကယ္နိုင္ဘဲ ဆုံးရႈံးလိုက္ရရင္ ဘယ္လိုေနမလည္းဆိုတဲ့ စိုးရိမ္စိတ္က ငါ့ကိုသတ္ေနလို႔ ငါ အရက္သုံးခြက္ေက်ာ္ေလာက္ ေသာက္မိသြားတယ္

ေလးခြက္ေျမာက္မွာေတာ့ ေယာက္်ားတစ္ေယာက္ ငါ့ေဘးေရာက္လာၿပီး အရက္လာေသာက္တယ္

ပုံမွန္ဆိုရင္ ဒီလူ စကားမ်ားေနတာကို ငါဂ႐ုမစိုက္တတ္ေပမယ့္ အခု ငါ့စိတ္ေတြရႈပ္ေထြးေနတာကို ဒီလူက ပိုဆိုးေအာင္ လုပ္ေနသလိုဘဲ

ဒါေၾကာင့္မို႔လို႔ Barက ေကာင္မေလးကို ေဘျဖတ္ေပးဖို႔ ေျပာလိုက္တယ္

"Hey မင္းက American လား "

အဲ့အမ်ိဳးသားက ငါ့ကို လွမ္းေမးတယ္

"Yeah "

"Damn မင္းက အေကာင္းဆုံးနိုင္ငံမွာေနတဲ့သူဘဲ "

"အဲ့ဒီေတာ့ ဘာျဖစ္လည္း "

"ဘာျဖစ္လည္း ဟုတ္လား ဘာလည္း မင္းက ဘာျဖစ္ခ်င္တာလည္း "

ေတာက္....Moodကမွ မေကာင္းပါဘူးဆို ေစာက္႐ူးနဲ႕လာေတြ႕ေနတာဘဲ

ငါ စိတ္မရွည္ေတာ့ဘဲ စိတ္တိုလာတယ္

အခုလို အေျခအေနျဖစ္ေအာင္ ဖန္တီးေပးတဲ့ ကံတရားကို အျပစ္တင္ရမလား ငါမသိေတာ့ဘူး

အရက္ပုလင္းကို စားပြဲခုံနဲ႕ရိုက္ခြဲၿပီး ေဘးကလူကို ပိတ္ထိုးလိုက္တယ္

Roseanne's Pov

ကြၽန္မတို႔ ၿခံေနာက္က ပန္းခင္းထဲ ေစာင္ေလးခင္းၿပီး လွဲအိပ္ရင္းလွဲအိပ္ရင္း ေကာင္းကင္ကို ၾကည့္ေနမိသည္

ပုံမွန္ဆိုရင္ ၾကယ္ေတြကို ၾကည့္ရတာ ကြၽန္မအတြက္ စိတ္ေအးခ်မ္းေစေပမယ့္ အခုေတာ့ ေအးခ်မ္းမႈဆိုတာကို ရွာမေတြ႕ေတာ့သလိုပင္

ၿပီးေတာ့ ကြၽန္မ Eleanor Parkရဲ႕ အေၾကာင္းကို ေတြးေနမိတယ္

ကြၽန္မ တစ္ခုခုကို မသိဘဲ လြတ္သြားမိတာမ်ားလား

စဥ္းစားၾကည့္ရင္ Eleanorက ကြၽန္မကို ေသေစခ်င္တာ မဟုတ္ဘူးထင္တယ္

မၾကာခင္ ေသေတာ့မယ္ ကြၽန္မကို လာသတ္ၿပီး တစ္ျခားနိုင္ငံဘက္ ထြက္ေျပးတာ ျဖစ္နိုင္ပါ့မလား

ကြၽန္မ ေသမယ့္အခ်ိန္ေလးေစာင့္ၿပီး ကြၽန္မ စြမ္းအင္ကို ေအးေဆးေလးထုတ္ယူသြား႐ုံဘဲ မဟုတ္လား

ၿပီးေတာ့ Lisaဆီက အဖမ္းခံခ်င္ေနတာျဖစ္နိုင္တယ္ ဘာလို႔လည္းဆို သူဘယ္မွာရွိလည္းဆိုတဲ့ ေနရာသိဖို႔ ေပါ့ေပါ့ဆဆနဲ႕ စာ႐ြက္ေတြက်ခဲ့မွာ မဟုတ္ဘူးေလ

ၿပီးေတာ့ သူ႕အိမ္က ေျခနင္းခုံမွာ Lisaရွာေတြ႕ခဲ့တဲ့ ေသာ့ကို ကြၽန္မ ျပန္ေတြးေနမိတယ္

ဘယ္သူက အိမ္ေသာ့ကို ေျခနင္းခုံမွာထားမွာလည္း

လြယ္ကူလြန္းတယ္မဟုတ္လား

လိပ္စာေတြ ေသာ့နဲ႕ ဘယ္သြားမယ္ဆိုတာ ေျပာျပထားတဲ့ ဂ်ာနယ္ေတြ ေန႕ရက္ေတြ က သူမကို Lisa ဖမ္းဖို႔ ေထာင္ေခ်ာက္ဆင္ထားသလိုဘဲ

ကြၽန္မ Lisaဆီကို ခ်က္ခ်င္း  ဖုန္းဆက္လိုက္တယ္....ဒါေပမယ့္ Lisaက ဖုန္းမကိုင္ဘဲ voicemailနဲ႕ ဘဲေတြ႕ေနရတယ္

ကြၽန္မကို စိတ္ပူတဲ့ Lisaက ဖုန္းမကိုင္ဘဲေနမွာေတာ့ မဟုတ္ပါဘူး ၿပီးေတာ့ သူကအအိပ္မက္တဲ့သူလည္း မဟုတ္ဘူး

ဘုရားေရ Lisa တစ္ခုခုျဖစ္ေနတာေတာ့ မဟုတ္ဘူးမလား ကြၽန္မ စိတ္ေအးေအးထားမွျဖစ္မယ္

လက္ေတြပါတုန္လာၿပီး အဆိုးဆုံးအေျခအေနထိပါ ေတြးမိလာတယ္

Eleanorက Lisaကို တစ္ခုခုလုပ္လိုက္ရင္ ကြၽန္မ သူတို႔ကို ဘယ္လိုလိုက္ရွာရမလည္း?

#tbc

Bạn đang đọc truyện trên: Truyen3h.Co