Part 32
Roseanne's Pov
ကျွန်မ အခုထိ အိပ်လို့မရသေးဘူး ....Lisaရဲ့ ဖုန်းကလည်း ခုထိခေါ်မရဘူး... ကျွန်မ ရဲတွေဆီ ဖုန်းဆက်ရတော့မလား
ဒါပေမယ့် သောက်ရဲတွေအကြောင်း ကျွန်မသိနေတယ်လေ
ပဲရစ်ရောက်နေတဲ့ ရည်းစားက ဖုန်းမကိုင်ဘဲ ပျောက်နေတာကို ဒီကောင်တွေက အာရုံစိုက်ပေးပြီးများ ရှာမယ်ထင်နေလား
အကြောင်းစုံမသိတဲ့ Lisaရဲ့ မိဘတွေကတော့ စိတ်ပူစရာမလိုတော့ ကံကောင်းတာပေါ့ သူတို့က... ကျွန်မကို မသိဘဲ Annaနဲ့ Lisa အတူရှိနေတယ်ဘဲ ထင်ကြမှာ
မနက်သုံးနာရီလောက်ရောက်တော့ ကျွန်မရဲ့ ဖုန်းမြည်လာတယ်
ကျွန်မကို ဖုန်းခေါ်တာ ဘယ်သူလည်းဆိုတာ သိရတာနဲ့တစ်ပြိုင်နက် စက်သေနတ်ပစ်သလို စကားတွေ rapရွတ်ချပစ်လိုက်တယ်
"Rosie...ရပ်ပါအုံး အချစ်ကလေးရဲ့ ကိုယ်တောင်းပန်ပါတယ် "
"ငါ စိတ်ပူလွန်းပြီး ရူးမတတ်ဖြစ်နေတာ သိရဲ့လား "
Lisaရဲ့ အသံကြားတာနဲ့တစ်ပြိုင်နက် ကျွန်မ ငိုချမိသည်
"နင် တစ်ခုခုများ ဖြစ်နေလားဆိုတာ ငါမသိဘူး ပြီးတော့ နင်တစ်ခုခုဖြစ်ရင် နင့်မိဘတွေဆီ ဘယ်လိုဆက်သွယ်ရမလည်းမသိဘူး နင့်မိဘတွေကလည်း ငါ့ကို သိကြမှာ မဟုတ်ဘူး ငါဘယ်သူ့ကို ခေါ်ပြီး ဘာလုပ်ရမလည်း မသိဖြစ်နေတာ "
"အချစ်ကလေးရဲ့ ကိုယ့်မိဘတွေက မင်းကို သိပါတယ် ပြီးတော့ ဖမ်းခံထားရလို့ ဖုန်းမဆက်မိတာလည်း တောင်းပန်ပါတယ် "
"ဖမ်းခံထားရတယ် ဟုတ်လား ဘယ်လိုဖြစ်တာလည်း "
"barမှာ ရန်ဖြစ်တာပါ ရန်ဖြစ်တာ မကောင်းဘူးဆိုတာ ငါသိပါတယ် ကိုယ်လည်း မင်းနဲ့ခွဲနေရပြီးနောက် အရာရာကို စိတ်တိုင်းမကျတော့ဘူး Rosie "
"ဒါဆိုလည်း ပြန်လာခဲ့တော့ Lisa...ကျေးဇူးပြုပြီး အိမ်ကိုပြန်လာပါတော့ အခု နင်လုပ်နေတဲ့အရာအားလုံး ရပ်လိုက်စေချင်ပြီ ငါ အဲ့အကြောင်းတွေတွေးနေတာ Lisa...ဒါက ထောင်ချောက်ဖြစ်နိုင်တယ် နင်စဥ်းစားကြည့်စမ်း.... အားလုံးက ထောင်ချောက်ဖြစ်နေတာ သူသွားမယ့်လမ်းကြောင်းတွေ နင့်ကို ချပြထားတာက သူ့နောက်ကို လိုက်စေချင်လို့ "
"မင်း သူ့နောက်ကို လိုက်စေချင်တာဖြစ်မယ် ဒါပေမယ့် ကိုယ်က လိုက်နေတာဆိုတော့ အဆင်ပြေပါတယ် "
Lisaစကားကြောင့် ကျွန်မနဖူးကို ကျွန်မရိုက်လိုက်မိသည် သူအခုထိ ကျွန်မ ပြောချင်တာကို နားမလည်သေးဘူးဘဲ
အဲ့အမျိုးသမီးက အချိန်ခရီးသွားနိုင်တယ်လေ ကျွန်မတို့ထက် အမြဲခြေတစ်လှမ်းသာနေတာကို
"Lisa..."
"မင်းကို စိတ်ပူအောင်လုပ်မိလို့ ကိုယ်တောင်းပန်ပါတယ် ဒါပေမယ့် ကိုယ်အဆင်ပြေနေတာမို့ စိတ်မပူနဲ့ သိလား "
"Lisa....Eleanor တစ်ယောက်တည်းနောက်ကိုဘဲ နင်လိုက်ရမယ်လို့ ငါမထင်ဘူး Dr.Hanက ငါ့ကို ပြောတယ် "
"Dr.Han ဟုတ်လား မင်းသူ့ကိုဖုန်းဆက်လိုက်တာလား "
"သူ့ဆီ ကားမောင်းပြီး သွားတွေ့တာ "
"ဘုရားရေ... Roseanne ဘာလို့လည်း "
"ငါ သွားတွေ့ခွင့်မရဘူးလားဟ သူပြောနေတာ မှန်နေတော့ တစ်ခြားအကြောင်းအရာတွေကိုလည်း သူသိမယ်ထင်လို့လေ.... သူပြောတယ် ငါက ငါ့အစွမ်းတွေ ထုတ်သုံးဖို့ကြောက်နေတာတဲ့ အဲ့တာကြောင့် ငါက အိပ်ပျော်နေချိန်ဖြစ်ဖြစ် သတိလစ်နေချိန် အချိန်ခရီးသွားတာလို့ ပြောတယ်...."
"နောက်တစ်ခါ အဲ့လိုထပ်မလုပ်စမ်းပါနဲ့ "
"Dr.Hanကို ငါ့DNA စစ်ဆေးဖို့ ပေးခဲ့တယ် သူက နင့်ဟာကိုလည်း လိုချင်တယ်တဲ့ နင့်DNAနဲ့ ငါ့ဟာပေါင်းပြီး ဘယ်လောက်စွမ်းအားပြင်းလည်းဆိုတာ သိချင်တယ်တဲ့ ဒါကြောင့်လည်း Eleanorက ငါတို့ကို တားဖို့ ကြိုးစားနေတာ ဖြစ်မယ် "
"ကြွားတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ကိုယ့်DNAက သောက်ရမ်းမိုက်တာနော် "
"ဒါပေမယ့် ပိုပြီး အန္တရာယ်များမယ်ထင်တာဘဲ "
ကျွန်မ Lisaကို Dr.Hanပြောပြတဲ့ သူတို့ထက် ပိုစွမ်တဲ့ Timetravellerတွေကို ပစ်မှတ်ထားတဲ့ Timetravellerတွေ အကြောင်း ပြောပြလိုက်တယ်....
"Fuck ဒီအကြောင်းတွေမသိခဲ့ရင် ကောင်းမှာဘဲ...Eleanorကိုဘဲ စိတ်ပူရမယ်လို့ ကိုယ်ထင်နေခဲ့တာ အခုတော့ တစ်ကမ္ဘာလုံးက ငကြောင်တွေအားလုံး ကိုယ်တို့ဆီလာမှာကို စိတ်ပူနေရပြီ ချီးဘဲ မင်းနဲ့ကိုယ် တစ်နေရာစီရောက်နေတော့ မကာကွယ်ပေးနိုင်တာကို မုန်းလိုက်တာ "
"Hey အခုလောလောဆယ် အန္တရာယ်ရှိနေတာ နင်နော် Lisa...ငါ မဟုတ်ဘူး "
"အားလုံးအဆင်ပြေသွားမှာပါ... မကြာခင် ဒါတွေအားလုံး အဆုံးသတ်သွားလိမ့်မယ် "
Lisaနဲ့ ကျွန်မ ဖုန်းပြောပြီးနောက် ပြတင်းပေါက်က ကြယ်တွေကို ကျွန်မ ငေးကြည့်နေမိတယ် အရာအားလုံး အဆင်ပြေပါတယ်လို့ လိမ်ပြောရတာ ပင်ပန်းနေပြီလေ
ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ချပြီး ဘီဒို အံဆွဲကို ဆွဲဖွင့်ကာ passportကို ယူလိုက်တယ်
ပဲရစ်ကို သွားမှဖြစ်မယ် ကျွန်မကလည်း Lisaကို လိုအပ်သလို Lisaကလည်း ကျွန်မကို လိုအပ်နေတယ် မဟုတ်လား
တက္ကစီ ငှားလာပြီး Lisaနေတဲ့ ဟိုတယ်ကို ကျွန်မရောက်လာတယ်
Lisaကတော့ ကျွန်မ ဒီကိုရောက်နေမှန်း သိမှာ မဟုတ်ဘူး
"Lisa..."
"Hey မင်း မအိပ်သေးဘူးလား "
"အင်း အိပ်မပျော်လို့ နင် ဘယ်မှာလည်း "
"မနက်စာစားနေတာ နေပါအုံး အဲ့မှာ မနက်သုံးနာရီရှိနေပြီလေ ဘာလို့ မအိပ်သေးတာလည်း "
Lisaက မနက်စာစားရင်း ကျွန်မကို ဖုန်းထဲကနေ ဆူနေတယ်
"ဘာလို့လည်းဆိုရင် နင့်အခန်းထဲက ရှုပ်ပွနေတဲ့ အဝတ်တွေရှင်းမလို့ "
ကျွန်မပြောပြီး Lisaအခန်းထဲက အဝတ်ပုံတွေကို လက်ညိုးနဲ့ထိုးနေတဲ့ ပုံလေးရိုက်ပို့တော့ Lisaက Seenပြပြီး ဖုန်းချသွားတယ်
ဝုန်း!
တံခါးဖွင့်သံနဲ့အတူ Lisaက အခန်းထဲဝင်လာပြီး ကျွန်မကို ဆွဲဖက်နမ်းသည်
"လေယာဥ်စီးပြီး ဒီကိုရောက်လာလို့ မင်းကို လုပ်ပစ်အုံးမယ် လောလောဆယ်တော့ နမ်းပါရစေအုံး ဒီနှုတ်ခမ်းလေးကို လွမ်းနေတာ "
"ငါရောဘဲ.. နေပါအုံး နင်ဘာလို့ အဝတ်တွေထပ်ဝတ်ထားတာလည်း ချွတ်ရခက်လိုက်တာ "
Lisaရဲ့အဝတ်အစားတွေ ချွတ်မရလို့ complainတက်ရင်း Lisaကို ကျွန်မ နမ်းလိုက်သည်
#tbc
#zawgyi
Roseanne's Pov
"Lisa..."
"Lisa..."
ဝုန်း!
#tbc
Bạn đang đọc truyện trên: Truyen3h.Co