Truyen3h.Co

အိမ်မက်ထဲက သူ

Part 5

KimFany059

#unicode

Roseanne's POV

တနလ်ာနေ့မှာတော့ Jennieက ကျွန်မကို လက်ထပ်ပွဲကိစ္စ လက်စသတ်ဖို့ အင်း သို့ မောင်းခေါ်လာသည်

Jack က အလုပ်များနေလို့ ကျွန်မတစ်ယောက်တည်း ကားမောင်းရတာ အန္တရာယ်ရှိမှာဆိုးလို့ Jennieက လိုက်လာပေးခဲ့ခြင်း ဖြစ်သည်

Jennieက companyရဲ့ CEOဖြစ်လို့ အလုပ်ခွင့်ယူရတာမျိုး ဘာညာမရှိဘူးလေ

သူ့ကိုကြည့်ပြီး တစ်ခါတစ်ခါကျ အဖေ့ကျန်းမာရေးကြောင့် အဖေ့ကို ဂရုစိုက်ဖို့ ကျောင်းမထွက်ခဲ့ရင် ကျွန်မ ဘဝ ဘယ်လိုများ ပြောင်းလဲသွားမလည်းလို့ သိချင်မိပါရဲ့

အဖေသာ ကျန်းမာရေး မကောင်းလို့ ကွယ်လွန်မသွားခဲ့ရင်

အဖေ့ ကွယ်လွန်မှုကြောင့် အမေ ပြိုလဲမသွားခဲ့ရင်ရော......အင်း အတိတ်ကို ပြန်ပြင်လို့ မရတော့ပါဘူးလေ

"ငါလေ jisooကို ချစ်ပါတယ် ဒါပေမယ့် သူက တစ်ခါတစ်ခါ ရူးကြောင်ကြောင်နိုင်တယ်ဟာ "

"Jackရောဘဲ....."

Jennieက ကားမောင်းရင်း ကျွန်မဘက်ကို လှည့်ကြည့်သည်

"ဟေး ဘာလည်း ငါက အမှားလုပ်မိတယ်လို့ ပြောချင်တာလား.... "

"မဟုတ်ပါဘူး Roseanneရ အင်း ငါသိချင်တာက Jackက နင့်ကိုပျော်အောင်ထားပေးနိုင်ရဲ့လားဆိုတာ "

"ဒါပေါ့ သူထားပေးတယ်လေ ငါ သူ့ကိုဖြတ်ပြီး ဒီကို ပြောင်းလာတုန်းက သူငါ့ဆီလိုက်လာခဲ့တာဘဲ...ငါ့ကို စိတ်ရှည်လက်ရှည် ချော့ပြီး ပြန်တွဲဖို့တောင်းပန်ခဲ့သေးတယ်လေ..."

"နင် သူ့ကို ချစ်တယ်ဆိုတာ ငါသိပါတယ် Roseanne. ...Jackကလည်း လူကောင်းတစ်ယောက်ဆိုတာ ငါသိတယ် ဒါပေမယ့် သူနဲ့နောက်ဆုံး အတူပျော်ခဲ့တဲ့ အချိန်က ဘယ်တုန်းကလည်း "

"ဒီမှာ Jen အခုလည်း ငါပျော်နေတာဘဲလေ ငါပျော်နေတဲ့ ပုံမပေါက်ဘူးဆိုရင် သူ့ကြောင့်မဟုတ်ဘူး မကောင်းတဲ့ ငါ့ကြောင့်ဘဲ ဟုတ်ပြီလား "

ကျွန်မ ဆက်မပြောချင်တော့လို့ ကား radioကို ဖွင့်ပြီး သီချင်းလိုက်ညည်းလိုက်တယ်

ကျွန်မ ဘာမှထပ်မတွေးချင်တော့ဘူး Lisaအကြောင်း အပြင်မှာတစ်ခါမှ မမြင်ဖူးတဲ့ Lisaအကြောင်း တွေးမိရင် လက်ထပ်ပွဲဖျက်ချင်တဲ့အထိ ဖြစ်လာတတ်လို့ ကျွန်မ မတွေးချင်တော့ဘူး.... .

Inn ထဲက စားသောက်ဆိုင်မှာ ကျွန်မတို့ အမေနဲ့အတူတူထိုင်ပြီး လက်ထပ်ပွဲကိုလာမယ့် ဧည့်သည်စာရင်းတွေ ထိုင်စစ်နေသည်

အမေနဲ့ Jenက စားပွဲခုံနေရာချထားရေးအတွက် ငြင်းခုန်နေကြချိန် ကျွန်မကတော့...... ပြတင်းပေါက်အပြင်ဘက်က မြစ်ရေပြင်ကို ကြည့်မိပြီး ရုတ်တရက် တစ်ခုခုကိုသတိရသွားတယ်.....

မနေ့ညကလည်း Lisa နဲ့ မြစ်ပင်လယ်ထဲ သဘော်နဲ့ ရွက်လွင့်ရင်း နမ်းနေခဲ့တာလို့ အိမ်မက်မက်ခဲ့တာ

"Good morning Mrs. Manoban.... "

Lisaအသံကြောင့် အမေတို့ ငြင်းခုန်နေတဲ့ စကားတွေပျောက်ကွယ်သွားတယ်

"Good morning ပါ ဒေါက်တာ Manoban "

"ဒီနေ့ ငါတို့မိဘတွေဆီ ဆက်သွယ်ပြီး ငါတို့အကြောင်း ပြောပြရအောင် "

"အယ် သူတို့က ငါတို့ကို ရူးနေတယ်ထင်ကြမှာပေါ့ "

ကျွန်မရဲ့ စကားကြောင့် Lisaပြုံးပြီး ကျွန်မရဲ့ ဆံပင်တစ်ချို့ကို နားရွက်နောက်ပို့လိုက်သည်

"ရူးချင်စရာဆိုပေမယ့်လေ လိုက်ဖက်တဲ့ ငါတို့နှစ်ယောက်ကို အတူတူ တွေ့လိုက်ရင် သူတို့မငြင်းနိုင်လောက်ပါဘူး "

ကျွန်မကို နမ်းဖို့ ကြိုးစားတဲ့ Lisaကို စနောက်ချင်တာနဲ့ ရှောင်လိုက်တော့ ရုတ်တရက် ခုံပေါ်က ပြုတ်ကျသွားတယ်

"Roseanne "

ကျွန်မကို အော်ခေါ်နေတဲ့ အမျိုးသမီးအသံကြောင့် မျက်လုံးဖွင့်ပြီး အားယူကြည့်လိုက်တော့ ကျွန်မက မြေပြင်ပေါ် လဲကျနေပြီး Lisaက မရှိတော့ဘူး

ကျွန်မ အမေက ကျွန်မကို အော်ခေါ်လှုပ်နှိုးနေပေမယ့် ကျွန်မ အသိစိတ်ကိုရော မသိစိတ်ကိုရော Lisaနဲ့ Landonမှာ လက်ထပ်ပြီး ဟန်းနီးမွန်းထွက်မယ့် အကြောင်းတွေကဘဲ လွှမ်းမိုးနေတယ်

ကျွန်မရဲ့ မျက်လုံးထဲ မျက်ရည်တွေနဲ့ ပြည့်နှက်နေတယ်

Lisaက ကျွန်မရဲ့ မိန်းမမဟုတ်ဘူး.... သူက ဘာမှမဟုတ်ဘူး...တကယ်မတည်ရှိဘဲနဲ့တောင် ကျွန်မက ဘာလို့ သူ့မျက်လုံး သူ့အပြုံးလေးကစလို့ Detail ကျကျမှတ်မိပြီး အရမ်းခံစားနေရတာလည်း

ကျွန်မ အသိစိတ်ဝင်လာတော့ ကားပေါ်ရောက်နေတာ

"အမေ ဘယ်သွားနေတာလည်း Jennie. ...ဘာဖြစ်တာလည်း ငါ "

ကားမောင်းနေတဲ့ အမေနဲ့ ကျွန်မဘေးနားထိုင်နေတဲ့ Jennieကို မေးတော့ အမေက ကားမောင်းရင်း လှမ်းဖြေတယ်

"ထိုင်ခုံပေါ်ကနေ သမီး လဲကျသွားတာလေ မဖြစ်တော့ပါဘူး Dr. Manobanဆီ သွားပြမှ ဖြစ်တော့မယ် "

ကျွန်မသာ နားကြားမမှားဘူးဆိုရင်...Dr. Manobanက......

Lisa's POV

ကဖေးဆိုင်မှာ Annaက ဆလပ်ရွက်သုပ်စားနေတဲ့ ငါ့ဆီ ဗန်းတစ်ခုလာချတယ်

"တစ်ခါလောက်တော့ နင့်ကို မြင်ဖူးချင်တယ် "

"ဘာကိုလည်း Anna "

"ရေကူးနေရတော့ ကယ်လိုရီတွေတက်မှာဆိုးလို့ဆိုပြီး နင်အရွက်သုတ်တွေဘဲ အမြဲတမ်း စားနေတာ တစ်ခါတစ်လေ ဟမ်ဘာဂါ အသား ဘာညာစားပါအုံး "

"အဲ့လိုတွေ fastfoodတွေကြောင့် လူတွေအသက်တိုနေတာကို "

"တိုတောင်းတဲ့လူ့ဘဝထဲ ပျော်ပျော်တော့နေရမယ် မဟုတ်လား "

"အယ် အခုလည်း ငါပျော်နေတာဘဲ မဟုတ်ဘူးလား "

ငါ ပြုံးပြီး Annaကို ပြုံးပြလိုက်ပေမယ့် Annaကတော့ ငါ့ကိုပြန်မပြုံးပြဘဲ အကြည့်လွှဲသွားတယ်

Annaရဲ့ မျက်ဝန်းတွေက ဝမ်းနည်းနေသလိုဘဲ....

"Anna ဘာဖြစ်လို့လည်း "

"နင် မနေ့ညက အိမ်မက်ယောင်ရင်း စကားပြောနေတာ "

Fuck

ကျွန်မနဲ့ အကြည့်ချင်းမဆုံဘဲ ပြောလိုက်တဲ့ Annaကြောင့် ကျွန်မ ခေါင်းနပန်းကြီးလာသလို ခံစားလိုက်ရတယ်

အိမ်မက် ဟုတ်သားဘဲ boatပေါ်က ကောင်မလေး သူနဲ့ အိမ်မက်ထဲ ကနေခဲ့တာ

"ပြီးတော့ နင် အိမ်မက်ထဲမှာ ဘယ်သူ့ကို အဆင်ပြေမှာပါပြောပြီး ကတိပေးနေတာလည်းမသိဘူး တစ်ယောက်ယောက်နဲ့စကားပြောနေသလိုဘဲ "

Anna ရဲ့စကားကြောင့် ငါအပြစ်ရှိသလို ခံစားရလို့ ဟန်ဆောင်ရယ်လိုက်မိတယ်

"ဒီတိုင်း ပင်ပန်းလို့ အိမ်မက်မက်ရုံပါ "

"ပင်ပန်းတာတောင် ငါ့ကို အိမ်မက်ထဲထည့်မမက်ဘူးလား "

Annaရဲ့ စကားကြောင့် ငါ လေတွေကို မှုတ်ထုတ်လိုက်ပြီး စိတ်ပင်ပန်းလာသလို ခံစားလိုက်ရတယ်

"နင့်အသံကလေ အရမ်းစိတ်လှုပ်ရှားပြီး သူ့ကို အရမ်းချစ်နေတဲ့ပုံဘဲ ငါ့ကိုတောင် နင်တစ်ခါမှ အဲ့လေသံနဲ့မပြောဖူးဘူး "

"Anna အဲ့တာ အိမ်မက်လေ "

"အင်း အိမ်မက်ဆိုတာ သိပေမယ့် နင်ငါ့ကို တစ်ခါမှ ကတိမပေးဖူးဘူးနော် "

Annaပြောပြီး ငိုနေတာမြင်တော့ ငါဘာလုပ်ရမှန်း မသိဖြစ်သွားတယ်

Anna တစ်ခါမှ အခုလို ဝမ်းနည်းပြီး မငိုဖူးဘူးလေ

ငါက မကောင်းတဲ့လူဖြစ်နေပြီလား

မနက်စာစားပြီးနောက်မှာတော့ Annaကို နှုတ်ဆက်ပြီး ဆေးရုံကို ထွက်လာခဲ့တယ်

သူနာပြုမလေး ပို့ပေးတဲ့ လူနာရဲ့အချက်အလက်ကို ကားမောင်းရင်း ဖတ်ကြည့်လိုက်တယ်

Roseanne Park အသက် နှစ်ဆယ့်ခုနှစ်နှစ်....အမျိုးသမီးဖြစ်ပြီး လွန်ခဲ့တဲ့ အပတ်က ချော်လဲကျခဲ့ပြီးနောက် မှတ်ဥာဏ်တစ်ချို့ ပျောက်ဆုံးသွားပါတယ် ဒေါက်တာ ဒီနေ့လည်း ထိုင်နေရာက လဲကျသွားပြီး မှတ်ဥာဏ်တစ်ချို့ ခဏတာပျက်ယွင်းသွားပါတယ်တဲ့

လူနာရဲ့ဖြစ်စဥ်ကို ဖတ်ပြီး ငါ ဆေးရုံကို ဝင်လာတော့ ငါ့ရုံးခန်းရှေ့မှာ အိပ်ပျော်နေတဲ့ ကောင်မလေးကိုတွေ့တော့ ခြေလှမ်းတွေရပ်သွားသည်

သူဘဲ ငါ့အိမ်မက်ထဲက ကောင်မလေး....ဟုတ်တယ် မျက်နှာအစ ကိုယ်သင်းနံ့သင်းသင်းလေးအဆုံး ငါမှတ်မိတယ်......

#tbc

#zawgyi

Roseanne's POV

တနလ္ာေန႕မွာေတာ့ Jennieက ကြၽန္မကို လက္ထပ္ပြဲကိစၥ လက္စသတ္ဖို႔ အင္း သို႔ ေမာင္းေခၚလာသည္

Jack က အလုပ္မ်ားေနလို႔ ကြၽန္မတစ္ေယာက္တည္း ကားေမာင္းရတာ အႏၱရာယ္ရွိမွာဆိုးလို႔ Jennieက လိုက္လာေပးခဲ့ျခင္း ျဖစ္သည္

Jennieက companyရဲ႕ CEOျဖစ္လို႔ အလုပ္ခြင့္ယူရတာမ်ိဳး ဘာညာမရွိဘူးေလ

သူ႕ကိုၾကည့္ၿပီး တစ္ခါတစ္ခါက် အေဖ့က်န္းမာေရးေၾကာင့္ အေဖ့ကို ဂ႐ုစိုက္ဖို႔ ေက်ာင္းမထြက္ခဲ့ရင္ ကြၽန္မ ဘဝ ဘယ္လိုမ်ား ေျပာင္းလဲသြားမလည္းလို႔ သိခ်င္မိပါရဲ႕

အေဖသာ က်န္းမာေရး မေကာင္းလို႔ ကြယ္လြန္မသြားခဲ့ရင္

အေဖ့ ကြယ္လြန္မႈေၾကာင့္ အေမ ၿပိဳလဲမသြားခဲ့ရင္ေရာ......အင္း အတိတ္ကို ျပန္ျပင္လို႔ မရေတာ့ပါဘူးေလ

"ငါေလ jisooကို ခ်စ္ပါတယ္ ဒါေပမယ့္ သူက တစ္ခါတစ္ခါ ႐ူးေၾကာင္ေၾကာင္နိုင္တယ္ဟာ "

"Jackေရာဘဲ....."

Jennieက ကားေမာင္းရင္း ကြၽန္မဘက္ကို လွည့္ၾကည့္သည္

"ေဟး ဘာလည္း ငါက အမွားလုပ္မိတယ္လို႔ ေျပာခ်င္တာလား.... "

"မဟုတ္ပါဘူး Roseanneရ အင္း ငါသိခ်င္တာက Jackက နင့္ကိုေပ်ာ္ေအာင္ထားေပးနိုင္ရဲ႕လားဆိုတာ "

"ဒါေပါ့ သူထားေပးတယ္ေလ ငါ သူ႕ကိုျဖတ္ၿပီး ဒီကို ေျပာင္းလာတုန္းက သူငါ့ဆီလိုက္လာခဲ့တာဘဲ...ငါ့ကို စိတ္ရွည္လက္ရွည္ ေခ်ာ့ၿပီး ျပန္တြဲဖို႔ေတာင္းပန္ခဲ့ေသးတယ္ေလ..."

"နင္ သူ႕ကို ခ်စ္တယ္ဆိုတာ ငါသိပါတယ္ Roseanne. ...Jackကလည္း လူေကာင္းတစ္ေယာက္ဆိုတာ ငါသိတယ္ ဒါေပမယ့္ သူနဲ႕ေနာက္ဆုံး အတူေပ်ာ္ခဲ့တဲ့ အခ်ိန္က ဘယ္တုန္းကလည္း "

"ဒီမွာ Jen အခုလည္း ငါေပ်ာ္ေနတာဘဲေလ ငါေပ်ာ္ေနတဲ့ ပုံမေပါက္ဘူးဆိုရင္ သူ႕ေၾကာင့္မဟုတ္ဘူး မေကာင္းတဲ့ ငါ့ေၾကာင့္ဘဲ ဟုတ္ၿပီလား "

ကြၽန္မ ဆက္မေျပာခ်င္ေတာ့လို႔ ကား radioကို ဖြင့္ၿပီး သီခ်င္းလိုက္ညည္းလိုက္တယ္

ကြၽန္မ ဘာမွထပ္မေတြးခ်င္ေတာ့ဘူး Lisaအေၾကာင္း အျပင္မွာတစ္ခါမွ မျမင္ဖူးတဲ့ Lisaအေၾကာင္း ေတြးမိရင္ လက္ထပ္ပြဲဖ်က္ခ်င္တဲ့အထိ ျဖစ္လာတတ္လို႔ ကြၽန္မ မေတြးခ်င္ေတာ့ဘူး.... .

Inn ထဲက စားေသာက္ဆိုင္မွာ ကြၽန္မတို႔ အေမနဲ႕အတူတူထိုင္ၿပီး လက္ထပ္ပြဲကိုလာမယ့္ ဧည့္သည္စာရင္းေတြ ထိုင္စစ္ေနသည္

အေမနဲ႕ Jenက စားပြဲခုံေနရာခ်ထားေရးအတြက္ ျငင္းခုန္ေနၾကခ်ိန္ ကြၽန္မကေတာ့...... ျပတင္းေပါက္အျပင္ဘက္က ျမစ္ေရျပင္ကို ၾကည့္မိၿပီး ႐ုတ္တရက္ တစ္ခုခုကိုသတိရသြားတယ္.....

မေန႕ညကလည္း Lisa နဲ႕ ျမစ္ပင္လယ္ထဲ သေဘာ္နဲ႕ ႐ြက္လြင့္ရင္း နမ္းေနခဲ့တာလို႔ အိမ္မက္မက္ခဲ့တာ

"Good morning Mrs. Manoban.... "

Lisaအသံေၾကာင့္ အေမတို႔ ျငင္းခုန္ေနတဲ့ စကားေတြေပ်ာက္ကြယ္သြားတယ္

"Good morning ပါ ေဒါက္တာ Manoban "

"ဒီေန႕ ငါတို႔မိဘေတြဆီ ဆက္သြယ္ၿပီး ငါတို႔အေၾကာင္း ေျပာျပရေအာင္ "

"အယ္ သူတို႔က ငါတို႔ကို ႐ူးေနတယ္ထင္ၾကမွာေပါ့ "

ကြၽန္မရဲ႕ စကားေၾကာင့္ Lisaၿပဳံးၿပီး ကြၽန္မရဲ႕ ဆံပင္တစ္ခ်ိဳ႕ကို နား႐ြက္ေနာက္ပို႔လိုက္သည္

"႐ူးခ်င္စရာဆိုေပမယ့္ေလ လိုက္ဖက္တဲ့ ငါတို႔ႏွစ္ေယာက္ကို အတူတူ ေတြ႕လိုက္ရင္ သူတို႔မျငင္းနိုင္ေလာက္ပါဘူး "

ကြၽန္မကို နမ္းဖို႔ ႀကိဳးစားတဲ့ Lisaကို စေနာက္ခ်င္တာနဲ႕ ေရွာင္လိုက္ေတာ့ ႐ုတ္တရက္ ခုံေပၚက ျပဳတ္က်သြားတယ္

"Roseanne "

ကြၽန္မကို ေအာ္ေခၚေနတဲ့ အမ်ိဳးသမီးအသံေၾကာင့္ မ်က္လုံးဖြင့္ၿပီး အားယူၾကည့္လိုက္ေတာ့ ကြၽန္မက ေျမျပင္ေပၚ လဲက်ေနၿပီး Lisaက မရွိေတာ့ဘူး

ကြၽန္မ အေမက ကြၽန္မကို ေအာ္ေခၚလႈပ္ႏွိုးေနေပမယ့္ ကြၽန္မ အသိစိတ္ကိုေရာ မသိစိတ္ကိုေရာ Lisaနဲ႕ Landonမွာ လက္ထပ္ၿပီး ဟန္းနီးမြန္းထြက္မယ့္ အေၾကာင္းေတြကဘဲ လႊမ္းမိုးေနတယ္

ကြၽန္မရဲ႕ မ်က္လုံးထဲ မ်က္ရည္ေတြနဲ႕ ျပည့္ႏွက္ေနတယ္

Lisaက ကြၽန္မရဲ႕ မိန္းမမဟုတ္ဘူး.... သူက ဘာမွမဟုတ္ဘူး...တကယ္မတည္ရွိဘဲနဲ႕ေတာင္ ကြၽန္မက ဘာလို႔ သူ႕မ်က္လုံး သူ႕အၿပဳံးေလးကစလို႔ Detail က်က်မွတ္မိၿပီး အရမ္းခံစားေနရတာလည္း

ကြၽန္မ အသိစိတ္ဝင္လာေတာ့ ကားေပၚေရာက္ေနတာ

"အေမ ဘယ္သြားေနတာလည္း Jennie. ...ဘာျဖစ္တာလည္း ငါ "

ကားေမာင္းေနတဲ့ အေမနဲ႕ ကြၽန္မေဘးနားထိုင္ေနတဲ့ Jennieကို ေမးေတာ့ အေမက ကားေမာင္းရင္း လွမ္းေျဖတယ္

"ထိုင္ခုံေပၚကေန သမီး လဲက်သြားတာေလ မျဖစ္ေတာ့ပါဘူး Dr. Manobanဆီ သြားျပမွ ျဖစ္ေတာ့မယ္ "

ကြၽန္မသာ နားၾကားမမွားဘူးဆိုရင္...Dr. Manobanက......

Lisa's POV

ကေဖးဆိုင္မွာ Annaက ဆလပ္႐ြက္သုပ္စားေနတဲ့ ငါ့ဆီ ဗန္းတစ္ခုလာခ်တယ္

"တစ္ခါေလာက္ေတာ့ နင့္ကို ျမင္ဖူးခ်င္တယ္ "

"ဘာကိုလည္း Anna "

"ေရကူးေနရေတာ့ ကယ္လိုရီေတြတက္မွာဆိုးလို႔ဆိုၿပီး နင္အ႐ြက္သုတ္ေတြဘဲ အၿမဲတမ္း စားေနတာ တစ္ခါတစ္ေလ ဟမ္ဘာဂါ အသား ဘာညာစားပါအုံး "

"အဲ့လိုေတြ fastfoodေတြေၾကာင့္ လူေတြအသက္တိုေနတာကို "

"တိုေတာင္းတဲ့လူ႕ဘဝထဲ ေပ်ာ္ေပ်ာ္ေတာ့ေနရမယ္ မဟုတ္လား "

"အယ္ အခုလည္း ငါေပ်ာ္ေနတာဘဲ မဟုတ္ဘူးလား "

ငါ ၿပဳံးၿပီး Annaကို ၿပဳံးျပလိုက္ေပမယ့္ Annaကေတာ့ ငါ့ကိုျပန္မၿပဳံးျပဘဲ အၾကည့္လႊဲသြားတယ္

Annaရဲ႕ မ်က္ဝန္းေတြက ဝမ္းနည္းေနသလိုဘဲ....

"Anna ဘာျဖစ္လို႔လည္း "

"နင္ မေန႕ညက အိမ္မက္ေယာင္ရင္း စကားေျပာေနတာ "

Fuck

ကြၽန္မနဲ႕ အၾကည့္ခ်င္းမဆုံဘဲ ေျပာလိုက္တဲ့ Annaေၾကာင့္ ကြၽန္မ ေခါင္းနပန္းႀကီးလာသလို ခံစားလိုက္ရတယ္

အိမ္မက္ ဟုတ္သားဘဲ boatေပၚက ေကာင္မေလး သူနဲ႕ အိမ္မက္ထဲ ကေနခဲ့တာ

"ၿပီးေတာ့ နင္ အိမ္မက္ထဲမွာ ဘယ္သူ႕ကို အဆင္ေျပမွာပါေျပာၿပီး ကတိေပးေနတာလည္းမသိဘူး တစ္ေယာက္ေယာက္နဲ႕စကားေျပာေနသလိုဘဲ "

Anna ရဲ႕စကားေၾကာင့္ ငါအျပစ္ရွိသလို ခံစားရလို႔ ဟန္ေဆာင္ရယ္လိုက္မိတယ္

"ဒီတိုင္း ပင္ပန္းလို႔ အိမ္မက္မက္႐ုံပါ "

"ပင္ပန္းတာေတာင္ ငါ့ကို အိမ္မက္ထဲထည့္မမက္ဘူးလား "

Annaရဲ႕ စကားေၾကာင့္ ငါ ေလေတြကို မႈတ္ထုတ္လိုက္ၿပီး စိတ္ပင္ပန္းလာသလို ခံစားလိုက္ရတယ္

"နင့္အသံကေလ အရမ္းစိတ္လႈပ္ရွားၿပီး သူ႕ကို အရမ္းခ်စ္ေနတဲ့ပုံဘဲ ငါ့ကိုေတာင္ နင္တစ္ခါမွ အဲ့ေလသံနဲ႕မေျပာဖူးဘူး "

"Anna အဲ့တာ အိမ္မက္ေလ "

"အင္း အိမ္မက္ဆိုတာ သိေပမယ့္ နင္ငါ့ကို တစ္ခါမွ ကတိမေပးဖူးဘူးေနာ္ "

Annaေျပာၿပီး ငိုေနတာျမင္ေတာ့ ငါဘာလုပ္ရမွန္း မသိျဖစ္သြားတယ္

Anna တစ္ခါမွ အခုလို ဝမ္းနည္းၿပီး မငိုဖူးဘူးေလ

ငါက မေကာင္းတဲ့လူျဖစ္ေနၿပီလား

မနက္စာစားၿပီးေနာက္မွာေတာ့ Annaကို ႏႈတ္ဆက္ၿပီး ေဆး႐ုံကို ထြက္လာခဲ့တယ္

သူနာျပဳမေလး ပို႔ေပးတဲ့ လူနာရဲ႕အခ်က္အလက္ကို ကားေမာင္းရင္း ဖတ္ၾကည့္လိုက္တယ္

Roseanne Park အသက္ ႏွစ္ဆယ့္ခုႏွစ္ႏွစ္....အမ်ိဳးသမီးျဖစ္ၿပီး လြန္ခဲ့တဲ့ အပတ္က ေခ်ာ္လဲက်ခဲ့ၿပီးေနာက္ မွတ္ဥာဏ္တစ္ခ်ိဳ႕ ေပ်ာက္ဆုံးသြားပါတယ္ ေဒါက္တာ ဒီေန႕လည္း ထိုင္ေနရာက လဲက်သြားၿပီး မွတ္ဥာဏ္တစ္ခ်ိဳ႕ ခဏတာပ်က္ယြင္းသြားပါတယ္တဲ့

လူနာရဲ႕ျဖစ္စဥ္ကို ဖတ္ၿပီး ငါ ေဆး႐ုံကို ဝင္လာေတာ့ ငါ့႐ုံးခန္းေရွ႕မွာ အိပ္ေပ်ာ္ေနတဲ့ ေကာင္မေလးကိုေတြ႕ေတာ့ ေျခလွမ္းေတြရပ္သြားသည္

သူဘဲ ငါ့အိမ္မက္ထဲက ေကာင္မေလး....ဟုတ္တယ္ မ်က္ႏွာအစ ကိုယ္သင္းနံ႕သင္းသင္းေလးအဆုံး ငါမွတ္မိတယ္......

#tbc

Bạn đang đọc truyện trên: Truyen3h.Co