Part 6
#unicode
Lisa's POV
"ကျွန်မက ဒေါက်တာ Lisa Manobanပါ ဒီကတစ်ယောက်က လူနာနဲ့ ဘယ်လိုတော်စပ်လည်းမသိဘူး "
"Jack Singer.... Roseanneရဲ့ သတို့သားလောင်းပါ "
Jackဆီက မမျှော်လင့်ထားတဲ့ အဖြေကြောင့် ငါ မျက်မှောင်ကြုတ်မိသွားတယ်
မဟုတ်ဘူး Lisa အလုပ်ကို စိတ်နှစ်ထားစမ်း
"Aww ဟုတ်ပြီ ဟုတ်ပြီ အရင်တစ်ပတ်က သူဖြစ်သွားတဲ့ကိစ္စလည်း ကျွန်မ သိလိုက်ရတယ် သူ ဆေးတွေအရက်တွေများ သုံးလားရှင် "
"မသုံးဘူးဗျာ့ တစ်ခါတစ်လေတော့ သူ အရက်သောက်တတ်တယ် "
"ဒါဆို လူနာကို စမ်းသပ်ဖို့အတွက် သူ့ကို ကုတင်ပေါ်တင်ပေးပါ "
Jackလည်း Roseanneကို ပွေ့ချီပြီး Lisa ရုံးခန်းထဲက ကုတင်ပေါ်သို့တင်လိုက်သည်
ငါလည်း Roaeanneရှိရာ ကုတင်ဘက်ကို သွားလိုက်တယ်
ကုတင်ပေါ် အိပ်နေတဲ့ Roseanneဟာ လှပတဲ့ လက်ဆောင်တစ်ခုလိုဘဲ......
"Hey. ..နင် ရေကူးတာရော ဘယ်လိုလည်း "
အိပ်တစ်ဝက်နိုးတစ်ဝက် အိပ်ချက်မူးတူးနဲ့ ပြောလိုက်တဲ့ Roseanne ဆိုတဲ့ ကောင်မလေးရဲ့ စကားကြောင့် ငါလန့်သွားတယ်
"ဟင် နင် ဘယ်လိုသိတာလည်း.... "
"နင်က ရေတစ်ရက်မကူးရရင် ဒေါသထွက်တတ်တယ်လေ ခစ်ခစ် "
Roseanneရဲ့ ရယ်သံက ကျွန်မရဲ့ နားထဲ သာယာတဲ့တေးဂီတအသံလိုဘဲဲ
နေပါအုံး ခဏနေပါအုံး ကျွန်မရဲ့အကြောင်းကို သိတဲ့သူက လက်ဆယ်ချောင်းတောင် မပြည့်ဘူး အဲ့တာကို သူက ကျွန်မရဲ့အကြောင်းကို ဘယ်လိုသိတာလည်း
"ငါတို့ တွေ့ဖူးလား Roseanne. .."
ငါ့ဘက်ကမေးပေမယ့် Roseanne ဘက် ပြန်မဖြေဘူး
"ငါတို့ ဘယ်လိုတွေ့ခဲ့တာလည်း "
"ဆေးရုံမှာပေါ့ Londonကလေ "
"Aww. .."
Roseanne ပြောတာလည်း အဓိပ္ပါယ်ရှိချင်သလိုပါဘဲ...ကြည့်ပါအုံး ဘယ်လောက်တောင် စိတ်ဖိစီးနေလို့ လူနာကို အိမ်မက်ထဲကလူနဲ့ ထင်ယောင်ထင်မှား ဖြစ်မိနေပါ့လိမ့် ...
"တောင်းပန်ပါတယ် ငါ လူနာအကြည့်များသွားပြီး နည်းနည်း ရောထွေးသွားလို့ "
"ရပါတယ် ငါက နင်နဲ့ လက်ထပ်ရမယ့်သူဘဲကို တောင်းပန်စရာမလိုပါဘူး "
Roseanneရဲ့ စကားကြောင့် ငါ့ခေါင်းကို တူနဲ့ထုသလို ခံစားလိုက်ရတယ်
Roseanneရဲ့ သတို့သားဖြစ်သူကလည်း မျက်မှောင်ကြုတ်ပြီး ဝုန်းခနဲ ထိုင်ရာက ထရပ်လိုက်တယ်
"မင်းတို့ နှစ်ယောက်က သိနေတာလား...."
ရုတ်တရက်ဖြစ်သွားတော့ ငါ ဘာဖြေရမှန်းမသိဖြစ်သွားတယ်
"အာ... ဒါက ဒီလိုရှိတယ် သတိလစ်သွားတဲ့သူက သတိရလာရင် ဒီလိုရူးကြောင််ကြောင်တွေ ပြောလေ့ရှိတယ်...ကျွန်မက ရှင့်ကောင်မလေးနဲ့တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး "
"ကျွန်တော့် သတို့သမီးလောင်းပါ "
"ဒါပေမယ့် ကျွန်မ လန်ဒန်မှာလည်း အလုပ်လုပ်ခဲ့ဖူးတော့ သူက ကျွန်မလူနာထဲက တစ်ယောက်ဖြစ်နိုင်ပါတယ် "
Jackရဲ့စကားကို ငါ လစ်လျူရှုလိုက်ပြီး ဆက်ပြောလိုက်တယ်
"Roseanneက ဒီကနေ ဘယ်မှမသွားဖူးပါဘူး "
ငါ တကယ် မယုံနိုင်ဘူး...မဟုတ်ဘူးလေ သူက ငါ Landonမှာ ရှိခဲ့ဖူးတာရော ရေကူးတဲ့အကြောင်းတွေရော အကုန်သိနေတယ်လေ Landonကနေ ဒီကို ပြန်လာပြီးနောက်ပိုင်း ငါ Anna နဲ့ဘဲ နေတာများခဲ့တာပါ
"လူနာကြည့်ရတာ အလုပ်ကိစ္စတွေ ညနက်ထိနေလို့ အခုလိုထင်ယောင်ထင်မှားဖြစ်နေပုံရပါတယ် ကျွန်မ ဆေးသေချာညွှန်းလိုက်မယ် ကောင်တာနဲ့ဝယ်လိုက်ပါ ပြီးတော့ ကောင်တာက ဝန်ထမ်းပြောတဲ့အတိုင်းလိုက်နာပေးပါ ပြီးတော့ သူ့ကျန်းမာရေးအတွက် ဒီတစ်ညတော့ ဒီမှာဘဲ ဆေးရုံတက်ပေးပါ "
ငါကပြောနေပေမယ့် Jackဆိုတဲ့ကောင်က သံသယရှိတဲ့အကြည့်တွေနဲ့ ငါ့ကို ကြည့်နေတယ်
"လူတစ်ယောက်က သတိမေ့ရာက နိုးလာရင် ထင်ယောင်ထင်မှား ဖြစ်တတ်တယ် ဒါကြောင့်မို့လို့ ရှင် သံသယဖြစ်မနေပါနဲ့ ကျွန်မ ပေးထားတဲ့ ဆေးညွှန်းကို ယူပြီးဝယ်လိုက်ပါ "
ငါလည်း သံသယဝင်နေတဲ့သူကို ဆက်မပြောချင်တာနဲ့ ဆေးညွှန်းရေးပေးပြီး ထွက်လာလိုက်တယ်
အခုအခြေအနေကြီးက ရူးကြောင်ကြောင် နိုင်နေတာဘဲ ပုံမှန်ဆို ငါကသောက်နေကျ မဟုတ်ပေမယ့် အခုတော့ အရက်သောက်မှဖြစ်မယ်
အရက်သောက်ဖို့ Seulgiကို ဖုန်းဆက်ခေါ်လိုက်မိတယ်
"နင်နဲ့ Annaက အိမ်အသစ်ကို အတူပြောင်းတော့မလို့ဆို အဲ့တာ ငါလာကူပေးရအုံးမလား "
ဆေးရုံနားက Barမှာ Seulgiနဲ့ အတူထိုင်ရင်း အရက်တစ်ခွက်ကို ငါမော့သောက်လိုက်တယ်
"မဟုတ်ပါဘူး Annaတစ်ယောက်ဘဲ ပြောင်းမှာ ဘာလို့ဆို Annaက နေစရာအိမ်မရှိလို့ ငါ့အိမ်မှာခဏလာနေတာပါ သူဘဲပြောင်းမှာရယ် နင် နားကြားမှားတာနေမယ် Seul "
"အာ ဟုတ်လား....ဟုတ်မယ် ငါနားကြားမှားတာနေမယ် ဒါနဲ့ နင် ဘာလို့ ငါ့ကိုဖုန်းဆက်ရတာလည်း "
Seulgiလည်း တစ်ခွက်မော့ပြီး ငါ့ကိုလှမ်းပြောတယ်
"နားထောင်ရတာ ရူးကြောင်ကြောင်ဖြစ်စေမယ့် စကားကို နင့်ပြောမလို့ Seul "
"နင်ပြောတဲ့စကားဆယ်ခွန်းဆို ကိုးခွန်းက ရူးကြောင်ကြောင်စကားတွေချည်းဘဲ "
"ထားပါ ငါ ဒီနေ့ လူနာနဲ့တွေ့ဖို့ အခန်းထဲ ဝင်တော့လေ လူနာက ငါ့ကိုသိနေတယ် ငါ လန်ဒန်မှာနေခဲ့တာလည်းသိတယ် ငါရေကူးတာလည်းသိတယ် ပြီးတော့ ငါနဲ့ သူက လက်ထပ်မယ်လို့လည်း ပြောသေးတယ် "
"Aww နင့် ဖန်လ်ဂဲထဲကတစ်ယောက်နေမှာပေါ့ နင်သိတဲ့အတိုင်းဘဲ နင်ရေကူးတာကို မိန်းကလေးတွေအရမ်းသဘောကျကြလို့ နင့်မှာ ဖန်လ်ဂဲတွေအများကြီးကို..."
"မဟုတ်ဘူး သူ သိတာအရမ်းများလွန်းတယ် ...သူနဲ့ လက်ထပ်မယ့် သတို့သားရှေ့မှာ ငါ့ကို အဲ့လိုပြောခဲ့တာဟ အရေးကြီးဆုံးအချက်က ငါ သူ့ကို တစ်ခါမှမတွေ့ဖူးဘူး ဒါပေမယ့် အပြင်မှာ မတွေ့ဖူးပေမယ့် အိမ်မက်ထဲမှာတွေ့ဖူးတယ် သူ့ကို ခဏခဏတွေ့ရတယ် "
ငါ့စကားကြောင့် Seulgiက ငါ့ကို အထူးတဆန်းအနေနဲ့ ကြည့်နေတယ်
"အထူးတဆန်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ် တကယ်ကျိန်ပြောရဲတယ် ငါ သူ့ကို ခဏခဏ အိမ်မက်မက်တယ်ဆိုနေ အိမ်မက်ထဲမှာ သူနဲ့ငါက အတူနေတာတဲ့ "
"ဒီမှာ Lisa. ..ငါပြောမယ် အိမ်မက်က အိမ်မက်ဘဲ.... အပြင်မှာ သူက နင့်လူနာ လူနာကို လူနာလိုဆက်ဆံ စည်းမကျော်သင့်ဘူး '
"အင်းပါ ငါ သူ့ကို လူနာလိုဘဲ ဆက်ဆံမှာပါ "
Roseanne's POV
Lisaနဲ့ ကျွန်မ Bar တစ်ခုမှာ အတူထိုင်ပြီး အရက်သောက်နေကြတယ်
"ဒီသီချင်းကို ငါအရမ်းကြိုက်တာ ငယ်ငယ်က အရမ်းနားထောင်ခဲ့တာ "
Westlife ရဲ့ My loveကို နားထောင်ရင်း Lisa ပြောတော့ ကျွန်မလည်း ခေါင်းညိတ်လိုက်သည်
"ငါလည်း သဘောကျတယ် စာသားတွေက နှစ်သက်စရာလေး '
"မူးနေပြီလား ပြန်ကြမလား "
"အင်း ငါ့ကို နင့်အိမ်ခေါ်သွားပေး "
Lisa အိမ်ကို ရောက်တဲ့အခါမှာတော့ Jackကို မြင်လိုက်ရလို့ ကျွန်မ လန့်သွားတယ်
တံတွေးမျိုချပြီး မျက်လုံးမှိတ်ကာ နောက်တစ်ခေါက်ထပ်ဖွင့်ကြည့်တော့ Lisa အိမ်မဟုတ်ဘဲ တစ်နေရာရောက်နေတာကို တွေ့လိုက်ရတယ်
"သတိရလာပြီလား ခဏ ကိုယ် သူနာပြုကို သွားခေါ်ပေးမယ်"
Jackပြောပြီး သူနာပြုကို သွားခေါ်လိုက်တယ်
သူနာပြုက ကျွန်မကို စစ်ဆေးပြီးတဲ့နောက်မှာတော့ ကျွန်မ မသိအောင် Jackကိုဘဲ စကားပြောနေတယ်
"အံ့သြလိုက်တာ ငါ့အကြောင်းကို အပြင်ကလူကို ပြောရတယ်လို့ "
ကျွန်မရဲ့ စကားကြောင့် Jack မျက်မှောင်ကြုတ်သွားတယ်
"အပြင်လူ ဟုတ်လား ကိုယ်က မကြာခင် မင်းခင်ပွန်း ဖြစ်မယ့်သူလေ "
သူနာပြုလည်း ကျွန်မတို့ကြားက အခြေအနေကြောင့် အနေခက်နေပုံပေါ်သည်
"ကျွန်မ သွားလိုက်အုံးမယ် တစ်ခုခုလိုရင် လာခေါ်ပါ "
သူနာပြုထွက်သွားတော့ Jackမှာ အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်
"ဟို နင့်ကို အပြင်လူလို့ပြောချင်တာ မဟုတ်ပါဘူး မရည်ရွယ်ပါဘူး ဒီတိုင်း အကြာကြီး သတိမေ့နေရာက သတိရလာတဲ့ ငါ့ကို စစ်ဆေးပြီး ငါ့ကျန်းမာရေးအခြေအနေကို ငါ့ မပြောပြဘဲ..."
"Roseanne. ...Lisaက ဘယ်သူလည်း "
ကျွန်မ စကားကို ဆုံးအောင်နားမထောင်ဘဲ မေးချတဲ့ Jackကြောင့် ကျွန်မ ဘာဆက်ပြောရမှန်းမသိဖြစ်သွားတယ်
"Lisaက ဘယ်သူလည်း "
"Innမှာ မင်း ပထမဆုံး လဲကျသတိလစ်တုံးကလည်း သူ့နာမည်ဘဲ ရေရွတ်နေတယ်...ငါ့ကိုတောင် မမှတ်မိဘဲ သူ့ကိုဘဲ ရှာနေတာလေ ပြီးတော့ ဒီနေ့ မင်းကို လာကြည့်တဲ့ ဆရာဝန်ရဲ့ နာမည်က Lisaတဲ့.... မင်းက ငါ့ရှေ့မှာ သူ့လက်ကို ကိုင်ပြီး သူနဲ့ လက်ထပ်မယ့် အကြောင်းပြောနေတယ် "
ဟင် မဟုတ်တာ.... ကျွန်မ မှတ်မိတာက Jennieတို့နဲ့ ဆေးရုံလာပြီး.... ဘုရားရေ Lisaကို အိမ်မက်မက်ခဲ့တာတော့သတိရလာပြီ...နေပါအုံး ဘာတွေဖြစ်နေတာလည်း
"Lisaဆိုတဲ့နာမည်နဲ့ ဆရာဝန်က တိုက်ဆိုင်တာနေမှာပါ လောကမှာ နာမည် ဆင်တူတွေအများကြီးကို..."
"အင်း မင်းက သူရေကူးတာရော လန်ဒန်မှာနေတာရော အကုန်သိနေတယ်လေ "
Jack စကားကြောင့် ကျွန်မ တော်တော်အံ့သြသွားတယ်
Lisaဆိုတဲ့ နာမည်ကတော့ တိုက်ဆိုင်မှုဆိုပေမယ့် ရေကူးတာတွေ လန်ဒန်မှာနေခဲ့တာတွေက...ဒါဆို သူက တကယ်ဘဲ Lisaလား ကျွန်မရဲ့ အိမ်မက်ထဲက Lisaလား ဘုရားရေ ကျွန်မ အသိစိတ်မရှိတဲ့အချိန်မှာ ဘာတွေဖြစ်သွားတာလည်း
Lisa. ..ကျွန်မ ငယ်ငယ်ကတည်းက အိမ်မက်မက်ခဲ့တဲ့ Lisaက အခုဆို အသက်တော်တော်ကြီးရောပေါ့....အသက်အရမ်းကြီးနေမလား... မနက်ဖြန်...Lisa ကျွန်မကို လာတွေ့မှာလား....?
ကျွန်မ သိချင်စိတ်တွေကြောင့် အိပ်လို့တောင် မပျော်တော့ဘူး
#tbc
#zawgyi
Lisa's POV
"Aww. .."
"အာ... ဒါက ဒီလိုရှိတယ် သတိလစ်သွားတဲ့သူက သတိရလာရင် ဒီလိုရူးကြောင်ကြောင်တွေ ပြောလေ့ရှိတယ်...ကျွန်မက ရှင့်ကောင်မလေးနဲ့တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး "
Roseanne's POV
"Lisaက ဘယ်သူလည်း "
#tbc
Bạn đang đọc truyện trên: Truyen3h.Co