Truyen3h.Co

အိမ်မက်ထဲက သူ

Part 7

KimFany059

#unicode

Roseanne's POV

ကျွန်မ အိပ်ရာက နိုးလာတော့ Jackက အလုပ်ကို သွားပြီဖြစ်ကြောင်း ကုတင်ဘေးနားမှာ စာရေးပေးထားခဲ့တာကို တွေ့လိုက်ရသည်

​ဒီနေ့လည်း Lisaကို အိမ်မက်မက်နေမိပြန်ပြီ....

အိမ်မက်ထဲမှာ ကျွန်မက Lisaနဲ့အတူ Landonမှာ အချိန်ကုန်ဆုံးနေတာတဲ့

Landonမြို့က Kensington မြို့ကိုသွားဖို့ မြေအောက်ရထားစီးရင်း 6 ပေါင်စဘဲ ပေးရမှာကိုလည်း ကျွန်မ သိလာခဲ့တယ်

ပြီးတော့ ငွေတွေကို ဘယ်လိုလဲရမလည်းဆိုတာကိုလည်း ကျွန်မသိလာခဲ့တယ်

ပြီးတော့ စာအုပ်တွေ Tv တွေကနေ မြင်ဖူးတာ တွေ့ဖူးတာ မဟုတ်ဘဲ Landonမြို့ရဲ့ ပန်းခြံတွေ Mallတွေကိုပါ ကျွန်မ ရောက်ဖူးသွားတယ်

ကုတင်ပေါ်မှ ဆင်းပြီး ထိုင်ခုံပေါ်က ကျွန်မရဲ့အိတ်ထဲက စာအုပ်ကို ယူလိုက်သည်

ထို့နောက် ကျွန်မရဲ့ အိမ်မက်ထဲကနေရာတွေကို စာအုပ်ထဲ ချဆွဲလိုက်တယ်

Knock knock

တံခါးခေါက်သံကြောင့် Lisa ထင်ပြီး ကျွန်မ ရင်တွေအရမ်းခုန်လာသည်

"ဝင်ခဲ့ပါ...."

Lisa ထင်နေပေမယ့် ဝင်လာတဲ့သူက Lisa မဟုတ်ဘဲ Jennie ဖြစ်နေသည်

"Good Morningပါ ရှဥ့်ပေါက်ရေ...."

"Morning Jennie "

"အလုပ်မသွားခင် နင့်ဆီခဏဝင်လာတာ နင်လိုအပ်မယ်ထင်တာတွေ ယူလာတယ် ဆေးရုံဆင်းရင် ဝတ်ဖို့အဝတ်အစားတွေရောပေါ့ "

"အားး တော်လိုက်တာ Jennie Kim အတော်ဆုံးပါဘဲ ချစ်လိုက်တာ "

"Jackထက် ငါ့ကိုပိုချစ်လား "

"ချစ်တာပေါ့ Jackက ငါ့ကိုလက်ထပ်လက်စွပ်ဘဲ ပေးတာ နင့်လိုမဟုတ်ဘူး"

"အေးပါကွာ ဘာတွေလုပ်နေတာလည်း Roseanne "

Jennieကမေးတော့ ငါလည်း ငါ့အိမ်မက်တွေအကြောင်းကိုပြောပြလိုက်ရမလား....

တစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်နေတာထက်စာရင် Jennieကို ရင်ဖွင့်လိုက်တာ စိတ်ပေါ့ပါးသွားမယ်ထင်တယ်

"ပုံဆွဲနေတာ ကြည့်ကြည့်ပါ့လား "

Jennieလည်း ငါဆွဲထားတဲ့ ပုံတွေကို တစ်ပုံချင်းစီ သေချာကြည့်နေသည်

"နင့်ပုံတွေက တော်တော်လှတာဘဲ နင် ဆွဲထား သမျှက တကယ်လက်ရာမြောက်တယ် "

"ဒီပုံတွေက ငါ့အိမ်မက်ထဲ မက်ခဲ့ဖူးတဲ့ Landonရဲ့ Marylebone က Harley လမ်းမကြီးပုံလေ အဲ့ဒီကိုတစ်ခါမှ မရောက်ဖူးပေမယ့် ငါ ပန်းခြံအစ mallအဆုံး အကုန်မှတ်မိနေတာ "

"အော် အဲ့တာက ပုံတွေမြင်ဖူးလို့နေမှာပေါ့ "

"မဟုတ်ဘူး အဲ့တာအပြင် Marleyboneကနေ Kensignton ကို သွားရတဲ့ရထားလည်းသိနေတယ်
ပြီးတော့ ငွေဘယ်လိုလဲတာရော သိနေတာ...ပြီးတော့ ငါ အဲ့မှာ ဗိသုကာလက်ရာ Master သင်တန်းပါတက်နေရတာတဲ့ "

"အော် အဲ့တာ နင် ခရီးသွား vlogတွေ ကြည့်ပြီး စိတ်စွဲသွားတာနေမယ် ...."

"နောက်ထပ်ရှိသေးတယ် အမျိုးသမီးတစ်ယောက်လည်း အိမ်မက်ထဲပါလာတယ် "

"အယ် အမျိုးသမီးဆိုတော့ စိတ်ဝင်စားသွားပြီ "

'Lisaတဲ့ သူက ငါ့အိမ်မက်ထဲက လန်ဒန်မှာရှိနေခဲ့တာ ပြီးတော့ အိမ်မက်ထဲ သူနဲ့ငါက အရမ်းချစ်ပြီး လက်ထပ်တော့မှာတဲ့ ငယ်ငယ်ထဲက Lisaကို ခဏခဏ အိမ်မက်မက်ဖူးပေမယ့် ဟိုတစ်ခါ innကို သွားကြည့်ပြီး လဲကျပြီးနောက်ပိုင်းမှာ အရင်ကထက် ပိုအိမ်မက်မက်လာတယ်...ဒါပေမယ့် အိမ်မက်လို မဟုတ်ဘူး အပြင်မှာတကယ်ဖြစ်နေသလိုဘဲ "

"အင်း ဒါကတကယ်မဟုတ်လို့ Jackကို သစ္စာဖောက်တယ်လို့လည်း ပြောလို့မရပါဘူး ဒါပေမယ့် ငါထင်တာက နင့်စိတ်ထဲက ဖြစ်ချင်တာကို အမျိုးသမီးတစ်ယောက်နဲ့ ဖန်တီးပစ်လိုက်တယ်ထင်တာဘဲ "

တွေ့လား Jennieကလည်း ငါပြောတာကို မယုံဘူး ထားလိုက်တော့ ဒီလို အခြေအနေကြီးကို ဘယ်သူက တကယ်ထင်မှာလည်း

"အင်း နင်ပြောသလိုဖြစ်မှာပါ ဒိကိစ္စကို နင်နဲ့ ငါနဲ့ နှစ်ယောက်ဘဲ သိပါစေနော် လျို့ဝှက်ထားပေး '

"အမလေး စိတ်ချပါ Jackကိုလည်း မပြောပြပါဘူး.... ငါ အလုပ်ရှိလို့ သွားတော့မယ် "

"Ok see ya Jen "

Jennie ထွက်သွားပြီးနောက် ကျွန်မလည်း Jackဝယ်ပေးထားတဲ့ မနက်စာကိုသေချာစားလိုက်တယ်

ခဏကြာတော့ သူနာပြုက ရောက်လာပြီး ကျွန်မကို စစ်ဆေးနေတယ်

"သက်သာပြီဆိုတော့ ခဏနေ ဆေးရုံကဆင်းလို့ရပါပြီ လူနာ "

"Aww ဟုတ် ဒါနဲ့လေ Doctor Lisa လာမှာလားဟင် "

Lisa ကို ကျွန်မ အရမ်းသိချင်နေလို့ သူနာပြုကို မေးလိုက်သည်

"Doctorက အစည်းအဝေးရှိလို့ လာဖြစ်မယ်မထင်ဘူးရှင့် "

"အာ ဟုတ် ဟုတ် "

Lisa မလာဖြစ်လောက်ဘူးဆိုတာ သိလိုက်ရတော့ ကျွန်မအနည်းငယ်တော့ စိတ်ပျက်သွားတယ်

သူနာပြုလည်း ထွက်သွားရော ကျွန်မ Jennie လာပေးထားတဲ့ အဝတ်အစားတွေလဲပြီး အထုပ်အပိုးထဲထည့်လိုက်သည်

Knock knock

"ဝင်ခဲ့ပါ "

တံခါးခေါက်သံနဲ့အတူ ကျွန်မ ခွင့်ပြုချက်ကြောင့် အထဲကို ဝင်လာတဲ့သူကို ကြည့်လိုက်တော့

Lisa. ....Lisa ဘဲ Lisaက အခန်းထဲ ဝင်လာတယ်

Lisa's POV

အစည်းအဝေးရှိနေတာတောင် ငါ့မှာ အစည်းအဝေးထဲ အာရုံမစိုက်နိုင်ဘူး Roseanne အကြောင်းဘဲ တွေးနေမိတယ်

အစည်းအဝေးလည်း ပြီးရော Roseanne ဆေးရုံကဆင်းသွားမှာဆိုးလို ငါ့မှာ ဆေးရုံကို အသည်းအသန် ပြေးလာရသေးသည်

ဝင်ခဲ့ပါဆိုတဲ့ ခွင့်ပြုချက်ကြောင့် ငါအခန်းထဲ ဝင်သွားလိုက်တော့ ငါ့ကိုမြင်ပြီး အရမ်းအံ့သြသွားတဲ့ Roseanneကို တွေ့လိုက်ရတယ်

ရုတ်တရက်ခြေခွေလဲကျသွားတဲ့ Roseanneဆီ ငါအမြန်ပြေးသွားပြီး ဆွဲထူတော့ သူမက ငါ့ရင်ခွင်ထဲ ရောက်လာတယ်

"ဟိုလေ အဆင်ပြေပါတယ် "

ငါ့ရဲ့ ရင်ခွင်ထဲကနေ ခေါင်းလေးမော့ပြီး ငါ့ကိုကြည့်ပြောနေတဲ့ Roseanneကို စိုက်ကြည့်နေမိသည်

"မဖြစ်နိုင်တာ နင်က တကယ် အစစ်ဘဲ Lisa ဒါက တကယ်ရော ဟုတ်ရဲ့လား ငါမသိတော့ဘူး "

"ငါတို့ အရင်ကတွေ့ဖူးတယ် မဟုတ်လား "

Roseanneကတော့ ငါမေးတာ မ​ဖြေဘဲ ငါ့ကို စိုက်ကြည့်နေတုန်းဘဲ

"ဒါကြီးတကယ်ဖြစ်လာတာလား "

"မနေ့ညက ငါ နင့်ကို လာကြည့်တော့ နင်က ငါရေကူးတာလည်းသိနေတယ် ပြီးတော့ ငါ Landonမှာ နေခဲ့တာလည်း သိနေတယ် "

"ဟုတ်တယ် အဲ့တာတွေထက် ပိုပြီး ငါ နင့်အကြောင်းကို ပိုသိတယ် "

"ဟင် ဘာကိုပြောချင်တာလည်း "

"ငှက်ပျောသီးကို နင် ကြိုက်ပေမယ့် ငှက်ပျောသီးအရသာမုန့်တွေကိုတော့ နင်မကြိုက်ဘူးလေ...နင် အလယ်တန်း ကျောင်းသူဘဝမှာ အိုလံပစ်မှာ ရေကူးမယ့် အိမ်မက်ကို လက်လျော့ခဲ့တယ် ဒါပေမယ့် အခုထိတော့ နင်ရေဆက်ကူးနေတုန်းဘဲဲ ပြီးတော့ Maryleboneမှာရှိတဲ့ harley လမ်းမှာလည်း နင့်အိမ်ရှိတယ် "

Roseanneရဲ့စကားကြောင့် ငါ မျက်တောင်တောင်မခတ်နိုင်တော့ဘူး

"Golden Egalက Landonမှာရှိတဲ့ နင်အကြိုက်ဆုံး barဘဲ ပြီးတော့ နှလုံးရောဂါရှိတဲ့ နင့်အဖေကြောင့် နှလုံးအထူးကုဆရာဝန်ဖြစ်ချင်ခဲ့ပေမယ့် အခုတော့ နင်က အာရုံကြောဆရာဝန်ဖြစ်နေလေရဲ့"

မဖြစ်နိုင်တာ Annaတောင်မသိတဲ့ ကိစ္စတွေကို သူဘယ်လိုသိနေတာလည်း

"ပြီးတော့ ဒါ "

Roseanneက သူမဆွဲထားတဲ့ ပုံကိုလာပြတယ်

မဖြစ်နိုင်တာ သူက ဘယ်လိုလုပ် ငါ့အိမ်ကို သိနေတာလည်း နေပါအုံး ငါ့အိမ်ကို စုံစမ်း stalkရင်တောင် အိမ်ထဲက ပစ္စည်းအထားအသိုတွေကအစ သူဘယ်လိုသိနေတာလည်း

"ဒါတွေ နင်ဘယ်လိုသိတာလည်း Roseanne ....မဟုတ်သေးဘူး လောလောဆယ် နင့်ခေါင်းကို ဓာတ်မှန်ရိုက်ကြည့်ရအောင် "

"အယ် သက်သာသွားပြီ မဟုတ်လား "

"သေချာအောင်ထပ်စစ်ချင်လို့ "

Roseanneလည်း ငါနဲ့အတူ ဓာတ်လှေကားထဲ ဝင်လာတယ်

တိတ်ဆိတ်နေတဲ့ ငါ့ကို Roseanneတစ်ချက်ကြည့်တော့ ငါလည်း ဘာမှမပြောဘဲ ခလုတ်ကိုနှိပ်လိုက်တယ်

"ဟိုလေ ငါက နင်ထင်သလို stalker မဟုတ်ဘူးနော် "

"ငါလည်း နင့်ကို stalkerလို့ မထင်ပါဘူး ဘာလို့ဆို ငါလည်း နင့်လိုဘဲ ထပ်တူညီတဲ့ အိမ်မက်မက်နေလို့ "

ငါ့ရဲ့ စကားကြောင့် Roseanne အံ့သြပြီး မျက်လုံးလေးတွေ ဝိုင်းစက်သွားတယ်

ဓာတ်လှေကားထဲမှာ ငါတို့ တစ်ယောက်ကိုတစ်ယောက် ဘာစကားမှမပြောဘဲ စိုက်ကြည့်နေမိကြတယ်

#tbc

#zawgyi

Roseanne's POV

ကြၽန္မ အိပ္ရာက နိုးလာေတာ့ Jackက အလုပ္ကို သြားၿပီျဖစ္ေၾကာင္း ကုတင္ေဘးနားမွာ စာေရးေပးထားခဲ့တာကို ေတြ႕လိုက္ရသည္

ဒီေန႕လည္း Lisaကို အိမ္မက္မက္ေနမိျပန္ၿပီ....

အိမ္မက္ထဲမွာ ကြၽန္မက Lisaနဲ႕အတူ Landonမွာ အခ်ိန္ကုန္ဆုံးေနတာတဲ့

Landonၿမိဳ႕က Kensington ၿမိဳ႕ကိုသြားဖို႔ ေျမေအာက္ရထားစီးရင္း 6 ေပါင္စဘဲ ေပးရမွာကိုလည္း ကြၽန္မ သိလာခဲ့တယ္

ၿပီးေတာ့ ေငြေတြကို ဘယ္လိုလဲရမလည္းဆိုတာကိုလည္း ကြၽန္မသိလာခဲ့တယ္

ၿပီးေတာ့ စာအုပ္ေတြ Tv ေတြကေန ျမင္ဖူးတာ ေတြ႕ဖူးတာ မဟုတ္ဘဲ Landonၿမိဳ႕ရဲ႕ ပန္းၿခံေတြ Mallေတြကိုပါ ကြၽန္မ ေရာက္ဖူးသြားတယ္

ကုတင္ေပၚမွ ဆင္းၿပီး ထိုင္ခုံေပၚက ကြၽန္မရဲ႕အိတ္ထဲက စာအုပ္ကို ယူလိုက္သည္

ထို႔ေနာက္ ကြၽန္မရဲ႕ အိမ္မက္ထဲကေနရာေတြကို စာအုပ္ထဲ ခ်ဆြဲလိုက္တယ္

Knock knock

တံခါးေခါက္သံေၾကာင့္ Lisa ထင္ၿပီး ကြၽန္မ ရင္ေတြအရမ္းခုန္လာသည္

"ဝင္ခဲ့ပါ...."

Lisa ထင္ေနေပမယ့္ ဝင္လာတဲ့သူက Lisa မဟုတ္ဘဲ Jennie ျဖစ္ေနသည္

"Good Morningပါ ရွဥ့္ေပါက္ေရ...."

"Morning Jennie "

"အလုပ္မသြားခင္ နင့္ဆီခဏဝင္လာတာ နင္လိုအပ္မယ္ထင္တာေတြ ယူလာတယ္ ေဆး႐ုံဆင္းရင္ ဝတ္ဖို႔အဝတ္အစားေတြေရာေပါ့ "

"အားး ေတာ္လိုက္တာ Jennie Kim အေတာ္ဆုံးပါဘဲ ခ်စ္လိုက္တာ "

"Jackထက္ ငါ့ကိုပိုခ်စ္လား "

"ခ်စ္တာေပါ့ Jackက ငါ့ကိုလက္ထပ္လက္စြပ္ဘဲ ေပးတာ နင့္လိုမဟုတ္ဘူး"

"ေအးပါကြာ ဘာေတြလုပ္ေနတာလည္း Roseanne "

Jennieကေမးေတာ့ ငါလည္း ငါ့အိမ္မက္ေတြအေၾကာင္းကိုေျပာျပလိုက္ရမလား....

တစ္ေယာက္တည္း အူေၾကာင္ေၾကာင္ျဖစ္ေနတာထက္စာရင္ Jennieကို ရင္ဖြင့္လိုက္တာ စိတ္ေပါ့ပါးသြားမယ္ထင္တယ္

"ပုံဆြဲေနတာ ၾကည့္ၾကည့္ပါ့လား "

Jennieလည္း ငါဆြဲထားတဲ့ ပုံေတြကို တစ္ပုံခ်င္းစီ ေသခ်ာၾကည့္ေနသည္

"နင့္ပုံေတြက ေတာ္ေတာ္လွတာဘဲ နင္ ဆြဲထား သမွ်က တကယ္လက္ရာေျမာက္တယ္ "

"ဒီပုံေတြက ငါ့အိမ္မက္ထဲ မက္ခဲ့ဖူးတဲ့ Landonရဲ႕ Marylebone က Harley လမ္းမႀကီးပုံေလ အဲ့ဒီကိုတစ္ခါမွ မေရာက္ဖူးေပမယ့္ ငါ ပန္းၿခံအစ mallအဆုံး အကုန္မွတ္မိေနတာ "

"ေအာ္ အဲ့တာက ပုံေတြျမင္ဖူးလို႔ေနမွာေပါ့ "

"မဟုတ္ဘူး အဲ့တာအျပင္ Marleyboneကေန Kensignton ကို သြားရတဲ့ရထားလည္းသိေနတယ္
ၿပီးေတာ့ ေငြဘယ္လိုလဲတာေရာ သိေနတာ...ၿပီးေတာ့ ငါ အဲ့မွာ ဗိသုကာလက္ရာ Master သင္တန္းပါတက္ေနရတာတဲ့ "

"ေအာ္ အဲ့တာ နင္ ခရီးသြား vlogေတြ ၾကည့္ၿပီး စိတ္စြဲသြားတာေနမယ္ ...."

"ေနာက္ထပ္ရွိေသးတယ္ အမ်ိဳးသမီးတစ္ေယာက္လည္း အိမ္မက္ထဲပါလာတယ္ "

"အယ္ အမ်ိဳးသမီးဆိုေတာ့ စိတ္ဝင္စားသြားၿပီ "

'Lisaတဲ့ သူက ငါ့အိမ္မက္ထဲက လန္ဒန္မွာရွိေနခဲ့တာ ၿပီးေတာ့ အိမ္မက္ထဲ သူနဲ႕ငါက အရမ္းခ်စ္ၿပီး လက္ထပ္ေတာ့မွာတဲ့ ငယ္ငယ္ထဲက Lisaကို ခဏခဏ အိမ္မက္မက္ဖူးေပမယ့္ ဟိုတစ္ခါ innကို သြားၾကည့္ၿပီး လဲက်ၿပီးေနာက္ပိုင္းမွာ အရင္ကထက္ ပိုအိမ္မက္မက္လာတယ္...ဒါေပမယ့္ အိမ္မက္လို မဟုတ္ဘူး အျပင္မွာတကယ္ျဖစ္ေနသလိုဘဲ "

"အင္း ဒါကတကယ္မဟုတ္လို႔ Jackကို သစၥာေဖာက္တယ္လို႔လည္း ေျပာလို႔မရပါဘူး ဒါေပမယ့္ ငါထင္တာက နင့္စိတ္ထဲက ျဖစ္ခ်င္တာကို အမ်ိဳးသမီးတစ္ေယာက္နဲ႕ ဖန္တီးပစ္လိုက္တယ္ထင္တာဘဲ "

ေတြ႕လား Jennieကလည္း ငါေျပာတာကို မယုံဘူး ထားလိုက္ေတာ့ ဒီလို အေျခအေနႀကီးကို ဘယ္သူက တကယ္ထင္မွာလည္း

"အင္း နင္ေျပာသလိုျဖစ္မွာပါ ဒိကိစၥကို နင္နဲ႕ ငါနဲ႕ ႏွစ္ေယာက္ဘဲ သိပါေစေနာ္ လ်ိဳ႕ဝွက္ထားေပး '

"အမေလး စိတ္ခ်ပါ Jackကိုလည္း မေျပာျပပါဘူး.... ငါ အလုပ္ရွိလို႔ သြားေတာ့မယ္ "

"Ok see ya Jen "

Jennie ထြက္သြားၿပီးေနာက္ ကြၽန္မလည္း Jackဝယ္ေပးထားတဲ့ မနက္စာကိုေသခ်ာစားလိုက္တယ္

ခဏၾကာေတာ့ သူနာျပဳက ေရာက္လာၿပီး ကြၽန္မကို စစ္ေဆးေနတယ္

"သက္သာၿပီဆိုေတာ့ ခဏေန ေဆး႐ုံကဆင္းလို႔ရပါၿပီ လူနာ "

"Aww ဟုတ္ ဒါနဲ႕ေလ Doctor Lisa လာမွာလားဟင္ "

Lisa ကို ကြၽန္မ အရမ္းသိခ်င္ေနလို႔ သူနာျပဳကို ေမးလိုက္သည္

"Doctorက အစည္းအေဝးရွိလို႔ လာျဖစ္မယ္မထင္ဘူးရွင့္ "

"အာ ဟုတ္ ဟုတ္ "

Lisa မလာျဖစ္ေလာက္ဘူးဆိုတာ သိလိုက္ရေတာ့ ကြၽန္မအနည္းငယ္ေတာ့ စိတ္ပ်က္သြားတယ္

သူနာျပဳလည္း ထြက္သြားေရာ ကြၽန္မ Jennie လာေပးထားတဲ့ အဝတ္အစားေတြလဲၿပီး အထုပ္အပိုးထဲထည့္လိုက္သည္

Knock knock

"ဝင္ခဲ့ပါ "

တံခါးေခါက္သံနဲ႕အတူ ကြၽန္မ ခြင့္ျပဳခ်က္ေၾကာင့္ အထဲကို ဝင္လာတဲ့သူကို ၾကည့္လိုက္ေတာ့

Lisa. ....Lisa ဘဲ Lisaက အခန္းထဲ ဝင္လာတယ္

Lisa's POV

အစည္းအေဝးရွိေနတာေတာင္ ငါ့မွာ အစည္းအေဝးထဲ အာ႐ုံမစိုက္နိုင္ဘူး Roseanne အေၾကာင္းဘဲ ေတြးေနမိတယ္

အစည္းအေဝးလည္း ၿပီးေရာ Roseanne ေဆး႐ုံကဆင္းသြားမွာဆိုးလို ငါ့မွာ ေဆး႐ုံကို အသည္းအသန္ ေျပးလာရေသးသည္

ဝင္ခဲ့ပါဆိုတဲ့ ခြင့္ျပဳခ်က္ေၾကာင့္ ငါအခန္းထဲ ဝင္သြားလိုက္ေတာ့ ငါ့ကိုျမင္ၿပီး အရမ္းအံ့ၾသသြားတဲ့ Roseanneကို ေတြ႕လိုက္ရတယ္

႐ုတ္တရက္ေျခေခြလဲက်သြားတဲ့ Roseanneဆီ ငါအျမန္ေျပးသြားၿပီး ဆြဲထူေတာ့ သူမက ငါ့ရင္ခြင္ထဲ ေရာက္လာတယ္

"ဟိုေလ အဆင္ေျပပါတယ္ "

ငါ့ရဲ႕ ရင္ခြင္ထဲကေန ေခါင္းေလးေမာ့ၿပီး ငါ့ကိုၾကည့္ေျပာေနတဲ့ Roseanneကို စိုက္ၾကည့္ေနမိသည္

"မျဖစ္နိုင္တာ နင္က တကယ္ အစစ္ဘဲ Lisa ဒါက တကယ္ေရာ ဟုတ္ရဲ႕လား ငါမသိေတာ့ဘူး "

"ငါတို႔ အရင္ကေတြ႕ဖူးတယ္ မဟုတ္လား "

Roseanneကေတာ့ ငါေမးတာ မေျဖဘဲ ငါ့ကို စိုက္ၾကည့္ေနတုန္းဘဲ

"ဒါႀကီးတကယ္ျဖစ္လာတာလား "

"မေန႕ညက ငါ နင့္ကို လာၾကည့္ေတာ့ နင္က ငါေရကူးတာလည္းသိေနတယ္ ၿပီးေတာ့ ငါ Landonမွာ ေနခဲ့တာလည္း သိေနတယ္ "

"ဟုတ္တယ္ အဲ့တာေတြထက္ ပိုၿပီး ငါ နင့္အေၾကာင္းကို ပိုသိတယ္ "

"ဟင္ ဘာကိုေျပာခ်င္တာလည္း "

"ငွက္ေပ်ာသီးကို နင္ ႀကိဳက္ေပမယ့္ ငွက္ေပ်ာသီးအရသာမုန့္ေတြကိုေတာ့ နင္မႀကိဳက္ဘူးေလ...နင္ အလယ္တန္း ေက်ာင္းသူဘဝမွာ အိုလံပစ္မွာ ေရကူးမယ့္ အိမ္မက္ကို လက္ေလ်ာ့ခဲ့တယ္ ဒါေပမယ့္ အခုထိေတာ့ နင္ေရဆက္ကူးေနတုန္းဘဲဲ ၿပီးေတာ့ Maryleboneမွာရွိတဲ့ harley လမ္းမွာလည္း နင့္အိမ္ရွိတယ္ "

Roseanneရဲ႕စကားေၾကာင့္ ငါ မ်က္ေတာင္ေတာင္မခတ္နိုင္ေတာ့ဘူး

"Golden Egalက Landonမွာရွိတဲ့ နင္အႀကိဳက္ဆုံး barဘဲ ၿပီးေတာ့ ႏွလုံးေရာဂါရွိတဲ့ နင့္အေဖေၾကာင့္ ႏွလုံးအထူးကုဆရာဝန္ျဖစ္ခ်င္ခဲ့ေပမယ့္ အခုေတာ့ နင္က အာ႐ုံေၾကာဆရာဝန္ျဖစ္ေနေလရဲ႕"

မျဖစ္နိုင္တာ Annaေတာင္မသိတဲ့ ကိစၥေတြကို သူဘယ္လိုသိေနတာလည္း

"ၿပီးေတာ့ ဒါ "

Roseanneက သူမဆြဲထားတဲ့ ပုံကိုလာျပတယ္

မျဖစ္နိုင္တာ သူက ဘယ္လိုလုပ္ ငါ့အိမ္ကို သိေနတာလည္း ေနပါအုံး ငါ့အိမ္ကို စုံစမ္း stalkရင္ေတာင္ အိမ္ထဲက ပစၥည္းအထားအသိုေတြကအစ သူဘယ္လိုသိေနတာလည္း

"ဒါေတြ နင္ဘယ္လိုသိတာလည္း Roseanne ....မဟုတ္ေသးဘူး ေလာေလာဆယ္ နင့္ေခါင္းကို ဓာတ္မွန္ရိုက္ၾကည့္ရေအာင္ "

"အယ္ သက္သာသြားၿပီ မဟုတ္လား "

"ေသခ်ာေအာင္ထပ္စစ္ခ်င္လို႔ "

Roseanneလည္း ငါနဲ႕အတူ ဓာတ္ေလွကားထဲ ဝင္လာတယ္

တိတ္ဆိတ္ေနတဲ့ ငါ့ကို Roseanneတစ္ခ်က္ၾကည့္ေတာ့ ငါလည္း ဘာမွမေျပာဘဲ ခလုတ္ကိုႏွိပ္လိုက္တယ္

"ဟိုေလ ငါက နင္ထင္သလို stalker မဟုတ္ဘူးေနာ္ "

"ငါလည္း နင့္ကို stalkerလို႔ မထင္ပါဘူး ဘာလို႔ဆို ငါလည္း နင့္လိုဘဲ ထပ္တူညီတဲ့ အိမ္မက္မက္ေနလို႔ "

ငါ့ရဲ႕ စကားေၾကာင့္ Roseanne အံ့ၾသၿပီး မ်က္လုံးေလးေတြ ဝိုင္းစက္သြားတယ္

ဓာတ္ေလွကားထဲမွာ ငါတို႔ တစ္ေယာက္ကိုတစ္ေယာက္ ဘာစကားမွမေျပာဘဲ စိုက္ၾကည့္ေနမိၾကတယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co