Part 8
#unicode
Roseanne's POV
"ဒီတော့ ဆေးရုံကနေ ဆင်းတော့မယ်ပေါ့ "
ဓာတ်မှန်ရိုက်ပြီးနောက် ကျွန်မလည်း အခန်းကို ပြန်လာပြီး အိတ်ကိုကောက်လွယ်စဥ် Lisaကလည်း ကျွန်မရဲ့နောက်ကနေ လိုက်လာသည်
အလုပ်များနေတဲ့ ဆရာဝန်က ဘာလို့ ကျွန်မနောက် လိုက်လာတာပါလိမ့်
"ဟုတ်တယ်.... အိမ်မက်မက်နေတာကို တားဖို့ အိပ်ဆေးဖြစ်ဖြစ် ဆေးတစ်မျိုးလောက်ပေးပါ့လား "
ကျွန်မရဲ့ စကားကြောင့် Lisaမှာ မျက်မှောင်ကြုတ်ပြီး ကျွန်မကိုကြည့်နေတယ်
"အဲ့လိုဆေးတွေသောက်တာက ကြာလာရင် ခေါင်းကိုက်ပြီး ဘေးထွက်ဆိုးကျိုးတွေအရမ်းများလာတတ်တယ် "
"ဟူး အခုမက်နေတဲ့ အိမ်မက်ကို ထပ်မမက်ချင်ဘူး "
"ဟမ် ဘာလို့လည်း အိမ်မက်ကဝမ်းနည်းစရာမှ မရှိတာ "
"မရှိပေမယ့် ဘာကိုဆိုလိုချင်မှန်း ငါတို့ မသိဘူးလေ ရှေ့ဆက်ဘာဖြစ်မလည်းဆိုတာ နင်ရောသိလား Lisa "
"သေချာပေါက်မသိဘူးပေါ့ ဒါပေမယ့် ငါတွေးကြည့်နေတာ ငါတို့လွတ်တဲ့အရာတွေလည်း ရှိမှာဘဲ "
"ဒါပေမယ့် အခု ငါဖြစ်နေတာတွေက အိမ်မက်လား တကယ်လားမသဲကွဲတော့ဘူး "
ကျွန်မပြောတာကို Lisa က ဘာမှမပြောဘဲ သက်ပြင်းသာချလိုက်သည်
"ဆေးစစ်ချက်ထွက်လာတော့မယ် စောင့်ယူမှာလား '
"ဟင့်အင်း အလုပ်ရှိသေးတယ် ငါ ဒီနေ့အမှီ တံတားပုံဆွဲထားတာ သူဌေးကို ပြရအုံးမယ် "
'အယ် နင်က ဗိသုကာလက်ရာရှင်ဘာညာလား "
ကျွန်မ စကားကြောင့် Lisaက အံံ့သြပြီး မေးလေသည်
'ဟုတ်တယ် "
"ဒါကြောင့်မို့လို့ ပြောပါတယ် နင်က stalker မဟုတ်ပါဘူးလို့ "
Lisa ကို နှုတ်ဆက်ပြီး ကျွန်မ အလုပ်ကို ထွက်လာလိုက်တယ်
Dee နဲ့မတွေ့ဖို့ ဆုတောင်း ရှောင်ရှားနေရသည်
ကိုယ့်ဟာကိုယ်မှ စိတ်ရှုပ်ရတဲ့အထဲ ကျေးဇူးရှင် Deeက ဖိအားတစ်သိန်းပေးလွန်းလို့လေ
အိမ်ပြန်ရောက်တော့လည်း ဖိအားပေးမယ့်သူက စောင့်ကြိုနေပြန်သည်
"Dr.Manobanက မနက်ဖြန် MRI ရိုက်ဖို့ ဆေးရုံကို လာခဲ့ပါအုံးတဲ့ "
"ထပ်ပြီးတော့လား Jack "
"ဟုတ်တယ် MRIတဲ့ ဘာလည်းတော့မသိ "
"ဟုတ်မှာပေါ့ "
"အဲ့တာအဓိပ္ပါယ်ရှိတယ်လို့ မင်းထင်လား Roseanne "
Jack က မျက်ခုံးပင့်ပြီး ပြောတော့ ကျွန်မလည်း ပခုံးတွန့်ပြလိုက်တယ်
'ရှိရင်လည်းရှိမှာပေါ့ တစ်ခုခုလိုအပ်တာဖြစ်ဖြစ် မှားတာဖြစ်ဖြစ် "
"Dr.Manoban က သေချာလည်းမလုပ်ဘူး ဘယ်လိုဆရာဝန်ပါ့လိမ့်...Roseanne မင်း ဆရာဝန်ပြောင်းဖို့ လိုပြီထင်တယ် "
Jackက သဝန်တိုလို့ ပရော်ဖက်ရှင်နယ် ဆရာဝန်တစ်ယောက်ကို မကောင်းပြောတာဆိုပေမယ့် Lisaကို မကောင်းပြောတာကို ကျွန်မ သဘောမကျဘူး
Jackကို ဘာမှဆက်မပြောဘဲ ကျွန်မ အခန်းထဲ ဝင်သွားလိုက်တယ်
Lisaက ကျွန်မ နိုးမှာဆိုးလို့ ခြေသံဖွဖွလေးလှမ်းပြီး အခန်းထဲကို ဝင်လာတယ်
ညဂျူတီကြောင့် Lisa အိမ်ပြန်နောက်ကျတာမို့ ကျွန်မ နိုးမှာကို သူမလိုလားတာထင်ပါရဲ့
ဒါပေမယ့် ကျွန်မကလည်း အိပ်ရေးဆတ်သူဆိုတော့ ခြေသံကြားတာနဲ့ နိုးလာပြီလေ
Lisaက သူမရဲ့ coatကို ထိုင်ခုံပေါ်တင်ပြီး ရေချိုးခန်းထဲ မျက်နှာသစ်နေသည်
"အယ် နိုးနေပြီလား sorryပါ နိုးစေဖို့ မရည်ရွယ်ပါဘူး "
Lisaမှာ မျက်နှာသုတ်ရင်း ကျွန်မ နိုးနေတာတွေ့တော့ အားနာပြီး တောင်းပန်လေသည်
'မဟုတ်တာ အစောပိုင်းကတည်းက ငါနိုးနေတာရယ် "
ကုတင်ပေါ်တက်လာပြီး ကျွန်မဘေးနား လာအိပ်တဲ့ Lisaကို ကျွန်မ တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်
"Lisa ငါလေ ထူးဆန်းတဲ့ အိမ်မက်မက်ပြီး နိုးလာတော့ စိတ်တိုနေမိတယ် "
"အယ် ဘာအိမ်မက်မက်တာလည်း "
ကျွန်မ ဆံပင်လေးတွေကို Lisa လက်နဲ့ထိုးဖွရင်း မေးလိုက်သည်
"အိမ်မက်ထဲမှာ ငါတို့က ဆယ်ကျော်သက်ကလေးအရွယ်ဘဲ ရှိသေးတယ် ငါတို့နှစ်ယောက်က ခိုးပြေးကြတာတဲ့ "
ကျွန်မရဲ့ စကားကြောင့် Lisa သဘောကျပြီး တဟားဟားရယ်နေတယ်
'တကယ့် Lisaပေါက်စလေးက ငဆိုးဘဲ '
"ခိုးပြေးကြရင်း ဓာတ်ဆီဆိုင်ရောက်တော့ ငါက အမေ့ဆီ ဖုန်းဆက်ပြီး ငါတို့ ခိုးပြေးကြောင်း ပြောနေတာ နင်ကတော့ ကားထဲမှာ...နောက်ကျ အမေက ရောက်လာပြီး နင်နဲ့ ငါ့ကို ခွဲတာတဲ့ ငါ့မှာ ငိုလိုက်ရတာ သေမလိုဘဲ "
"aww ချစ်ရယ် ဒါက အိမ်မက်တစ်ခုပါ အပြင်လက်တွေ့မှာ နင့်အမေက ငါတို့ကို သဘောမတူရင်တောင် နင့်ကို ကလေးတစ်ယောက်လို အခန်းထဲ သော့ပိတ်ထားလို့မှ မရတာ နင်လည်း အရွယ်ရောက်လာပြီလေ "
ကျွန်မ နှာခေါင်းလေးကို Lisa ဖွဖွလေးဆွဲတော့ ကျွန်မလည်း Lisa ရင်ခွင်ထဲ တိုးဝှေ့အိပ်လိုက်သည်
အိပ်မက်ကနိုးလာတော့ ကျွန်မ သက်ပြင်းချလိုက်မိပြန်သည်
ရေချိုးအဝတ်အစားလဲပြီး ဆေးရုံကို ထွက်လာလိုက်တယ်
Lisa ကို တွေ့ရမှာကို ဆယ်ကျော်သက်ကောင်မလေးက crushကို တွေ့ရမယ့်အတိုင်းဘဲ ကျွန်မ စိတ်တွေအရမ်းလှုပ်ရှားနေမိတာ
"Roseanne ရောက်လာပြီလား "
Lisaကို မြင်မြင်ချင်း တစ်နာရီပိုင်းအလိုလောက်က အတွင်းခံနဲ့အိပ်နေတဲ့ အိမ်မက်ထဲက Lisaကို ကျွန်မ မြင်ယောင်မိပြီး ရှက်သွေးဖြာလာသည်
"လာ ငါ့ရုံးခန်းထဲ သွားရအောင် "
ကျွန်မလည်း Lisaနောက်ကို လိုက်သွားရင်း Lisaလက်မှာ စွပ်ထားတဲ့လက်စွပ်ကြောင့် စိတ်နည်းနည်း ခုသွားတယ်
"နောက်တစ်ခေါက် ထပ်လာခိုင်းရလို့ တောင်းပန်ပါတယ် ဘယ်လိုနေသေးလည်း သက်သာလား "
"ဟုတ် သက်သာပါတယ် ဒါနဲ့ ဘယ်လိုကြောင့် ငါ ဓာတ်မှန်ရိုက်ဖို့ ထပ်လိုတာလည်းဟင် "
"အင်း စိတ်အေးအေးထားနော် ငါပြောတဲ့ စကားကြောင့် လန့်မသွားနဲ့အုံး နင့်ရဲ့ ဓာတ်မှန် scanထဲ တစ်ခုခုတွေ့ထားလို့ "
တစ်ခုခုတွေ့ထားတယ် ဟုတ်လား ကျွန်မ အေးခဲသွားသလို ခံစားရပြီး နှလုံးခုန်နှုန်းကလည်း အရမ်းမြန်လာတယ်
Lisa က ခလုတ်တစ်ခုကို နှိပ်လိုက်တော့ သူမရှေ့က boardပေါ်မှာ ပုံတွေပေါ်လာတယ် ကျွန်မရဲ့ ဦးနှောက် ပုံတွေပေါ့
"ဒီဟာလေး သေးတယ်ဆိုပေမယ့် သူက နင့်ရဲ့ဦးနှောက်ထဲမှာ နေရာအစုံ ပြောင်းလဲနေတတ်တယ် "
"အဲ့တာကဘာလည်း "
"brain tumor ဖြစ်စေတဲ့ အစိုင်အခဲပေါ့ "
"ဟင်...."
"ဒီအစိုင်အခဲကြီးမလာခင် ခွဲထုတ်တာဖြစ်ဖြစ် အရည်ဖျော်တာဖြစ်ဖြစ်လုပ်မှဖြစ်မှာ အဆင်ပြေရဲ့လား Roseanne "
'ဟင့်အင်း ကျွန်မ မသိတော့ဘူး ကျွန်မ အခုမှ အသက်က ၂၆နှစ်ဘဲရှိသေးတယ် လက်လည်းမထပ်ရသေးသလို ဘဝအသစ်တစ်ခုလည်း မစရသေးဘူး.... ကျွန်မ လုပ်စရာတွေအများကြီး ရှိသေးတာကို tumor ဖြစ်ပြီး..... သေရတော့မှာလား "
ကျွန်မ ငိုမဲ့မဲ့နဲ့ ဖြစ်လာတော့ Lisaက ကျွန်မရဲ့ လက်ကို လာကိုင်သည်
'hey မကြောက်ပါနဲ့ ငါ နင့်ကို ပုံမှန်အတိုင်းဖြစ်အောင် ကုပေးမှာပါ "
'လွန်ခဲ့တဲ့ တစ်ပတ်ကတောင် အကောင်းကြီးရှိသေးတာကို...."
"ငါ့ကို ယုံတယ် မဟုတ်လား Roseanne.... စိတ်ချ ငါ နင့်ကို သေချာပေါက် ပုံမှန်အတိုင်းဖြစ်အောင် ကုပေးမယ် "
Lisa ကပြောတော့ ကျွန်မ ခေါင်းညိတ်လိုက်သည်
အခုမှ အိမ်မက်ထဲက Lisaကို အပြင်မှာ တွေ့ခွင့်ရတာလေ.... tumorဖြစ်ပြီး ကျွန်မ သေရတော့မှာလား.....
#tbc
#zawgyi
Roseanne's POV
"ဒီေတာ့ ေဆး႐ုံကေန ဆင္းေတာ့မယ္ေပါ့ "
ဓာတ္မွန္ရိုက္ၿပီးေနာက္ ကြၽန္မလည္း အခန္းကို ျပန္လာၿပီး အိတ္ကိုေကာက္လြယ္စဥ္ Lisaကလည္း ကြၽန္မရဲ႕ေနာက္ကေန လိုက္လာသည္
အလုပ္မ်ားေနတဲ့ ဆရာဝန္က ဘာလို႔ ကြၽန္မေနာက္ လိုက္လာတာပါလိမ့္
"ဟုတ္တယ္.... အိမ္မက္မက္ေနတာကို တားဖို႔ အိပ္ေဆးျဖစ္ျဖစ္ ေဆးတစ္မ်ိဳးေလာက္ေပးပါ့လား "
ကြၽန္မရဲ႕ စကားေၾကာင့္ Lisaမွာ မ်က္ေမွာင္ၾကဳတ္ၿပီး ကြၽန္မကိုၾကည့္ေနတယ္
"အဲ့လိုေဆးေတြေသာက္တာက ၾကာလာရင္ ေခါင္းကိုက္ၿပီး ေဘးထြက္ဆိုးက်ိဳးေတြအရမ္းမ်ားလာတတ္တယ္ "
"ဟူး အခုမက္ေနတဲ့ အိမ္မက္ကို ထပ္မမက္ခ်င္ဘူး "
"ဟမ္ ဘာလို႔လည္း အိမ္မက္ကဝမ္းနည္းစရာမွ မရွိတာ "
"မရွိေပမယ့္ ဘာကိုဆိုလိုခ်င္မွန္း ငါတို႔ မသိဘူးေလ ေရွ႕ဆက္ဘာျဖစ္မလည္းဆိုတာ နင္ေရာသိလား Lisa "
"ေသခ်ာေပါက္မသိဘူးေပါ့ ဒါေပမယ့္ ငါေတြးၾကည့္ေနတာ ငါတို႔လြတ္တဲ့အရာေတြလည္း ရွိမွာဘဲ "
"ဒါေပမယ့္ အခု ငါျဖစ္ေနတာေတြက အိမ္မက္လား တကယ္လားမသဲကြဲေတာ့ဘူး "
ကြၽန္မေျပာတာကို Lisa က ဘာမွမေျပာဘဲ သက္ျပင္းသာခ်လိဳက္သည္
"ေဆးစစ္ခ်က္ထြက္လာေတာ့မယ္ ေစာင့္ယူမွာလား '
"ဟင့္အင္း အလုပ္ရွိေသးတယ္ ငါ ဒီေန႕အမွီ တံတားပုံဆြဲထားတာ သူေဌးကို ျပရအုံးမယ္ "
'အယ္ နင္က ဗိသုကာလက္ရာရွင္ဘာညာလား "
ကြၽန္မ စကားေၾကာင့္ Lisaက အံံ့ၾသၿပီး ေမးေလသည္
'ဟုတ္တယ္ "
"ဒါေၾကာင့္မို႔လို႔ ေျပာပါတယ္ နင္က stalker မဟုတ္ပါဘူးလို႔ "
Lisa ကို ႏႈတ္ဆက္ၿပီး ကြၽန္မ အလုပ္ကို ထြက္လာလိုက္တယ္
Dee နဲ႕မေတြ႕ဖို႔ ဆုေတာင္း ေရွာင္ရွားေနရသည္
ကိုယ့္ဟာကိုယ္မွ စိတ္ရႈပ္ရတဲ့အထဲ ေက်းဇူးရွင္ Deeက ဖိအားတစ္သိန္းေပးလြန္းလို႔ေလ
အိမ္ျပန္ေရာက္ေတာ့လည္း ဖိအားေပးမယ့္သူက ေစာင့္ႀကိဳေနျပန္သည္
"Dr.Manobanက မနက္ျဖန္ MRI ရိုက္ဖို႔ ေဆး႐ုံကို လာခဲ့ပါအုံးတဲ့ "
"ထပ္ၿပီးေတာ့လား Jack "
"ဟုတ္တယ္ MRIတဲ့ ဘာလည္းေတာ့မသိ "
"ဟုတ္မွာေပါ့ "
"အဲ့တာအဓိပ္ပါယ်ရှိတယ်လို့ မင္းထင္လား Roseanne "
Jack က မ်က္ခုံးပင့္ၿပီး ေျပာေတာ့ ကြၽန္မလည္း ပခုံးတြန့္ျပလိုက္တယ္
'ရွိရင္လည္းရွိမွာေပါ့ တစ္ခုခုလိုအပ္တာျဖစ္ျဖစ္ မွားတာျဖစ္ျဖစ္ "
"Dr.Manoban က ေသခ်ာလည္းမလုပ္ဘူး ဘယ္လိုဆရာဝန္ပါ့လိမ့္...Roseanne မင္း ဆရာဝန္ေျပာင္းဖို႔ လိုၿပီထင္တယ္ "
Jackက သဝန္တိုလို႔ ပေရာ္ဖက္ရွင္နယ္ ဆရာဝန္တစ္ေယာက္ကို မေကာင္းေျပာတာဆိုေပမယ့္ Lisaကို မေကာင္းေျပာတာကို ကြၽန္မ သေဘာမက်ဘဴး
Jackကို ဘာမွဆက္မေျပာဘဲ ကြၽန္မ အခန္းထဲ ဝင္သြားလိုက္တယ္
Lisaက ကြၽန္မ နိုးမွာဆိုးလို႔ ေျခသံဖြဖြေလးလွမ္းၿပီး အခန္းထဲကို ဝင္လာတယ္
ညဂ်ဴတီေၾကာင့္ Lisa အိမ္ျပန္ေနာက္က်တာမို႔ ကြၽန္မ နိုးမွာကို သူမလိုလားတာထင္ပါရဲ႕
ဒါေပမယ့္ ကြၽန္မကလည္း အိပ္ေရးဆတ္သူဆိုေတာ့ ေျခသံၾကားတာနဲ႕ နိုးလာၿပီေလ
Lisaက သူမရဲ႕ coatကို ထိုင္ခုံေပၚတင္ၿပီး ေရခ်ိဳးခန္းထဲ မ်က္ႏွာသစ္ေနသည္
"အယ္ နိုးေနၿပီလား sorryပါ နိုးေစဖို႔ မရည္႐ြယ္ပါဘူး "
Lisaမွာ မ်က္ႏွာသုတ္ရင္း ကြၽန္မ နိုးေနတာေတြ႕ေတာ့ အားနာၿပီး ေတာင္းပန္ေလသည္
'မဟုတ္တာ အေစာပိုင္းကတည္းက ငါနိုးေနတာရယ္ "
ကုတင္ေပၚတက္လာၿပီး ကြၽန္မေဘးနား လာအိပ္တဲ့ Lisaကို ကြၽန္မ တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္သည္
"Lisa ငါေလ ထူးဆန္းတဲ့ အိမ္မက္မက္ၿပီး နိုးလာေတာ့ စိတ္တိုေနမိတယ္ "
"အယ္ ဘာအိမ္မက္မက္တာလည္း "
ကြၽန္မ ဆံပင္ေလးေတြကို Lisa လက္နဲ႕ထိုးဖြရင္း ေမးလိုက္သည္
"အိမ္မက္ထဲမွာ ငါတို႔က ဆယ္ေက်ာ္သက္ကေလးအ႐ြယ္ဘဲ ရွိေသးတယ္ ငါတို႔ႏွစ္ေယာက္က ခိုးေျပးၾကတာတဲ့ "
ကြၽန္မရဲ႕ စကားေၾကာင့္ Lisa သေဘာက်ၿပီး တဟားဟားရယ္ေနတယ္
'တကယ့္ Lisaေပါက္စေလးက ငဆိုးဘဲ '
"ခိုးေျပးၾကရင္း ဓာတ္ဆီဆိုင္ေရာက္ေတာ့ ငါက အေမ့ဆီ ဖုန္းဆက္ၿပီး ငါတို႔ ခိုးေျပးေၾကာင္း ေျပာေနတာ နင္ကေတာ့ ကားထဲမွာ...ေနာက္က် အေမက ေရာက္လာၿပီး နင္နဲ႕ ငါ့ကို ခြဲတာတဲ့ ငါ့မွာ ငိုလိုက္ရတာ ေသမလိုဘဲ "
"aww ခ်စ္ရယ္ ဒါက အိမ္မက္တစ္ခုပါ အျပင္လက္ေတြ႕မွာ နင့္အေမက ငါတို႔ကို သေဘာမတူရင္ေတာင္ နင့္ကို ကေလးတစ္ေယာက္လို အခန္းထဲ ေသာ့ပိတ္ထားလို႔မွ မရတာ နင္လည္း အ႐ြယ္ေရာက္လာၿပီေလ "
ကြၽန္မ ႏွာေခါင္းေလးကို Lisa ဖြဖြေလးဆြဲေတာ့ ကြၽန္မလည္း Lisa ရင္ခြင္ထဲ တိုးေဝွ႕အိပ္လိုက္သည္
အိပ္မက္ကနိုးလာေတာ့ ကြၽန္မ သက္ျပင္းခ်လိဳက္မိျပန္သည္
ေရခ်ိဳးအဝတ္အစားလဲၿပီး ေဆး႐ုံကို ထြက္လာလိုက္တယ္
Lisa ကို ေတြ႕ရမွာကို ဆယ္ေက်ာ္သက္ေကာင္မေလးက crushကို ေတြ႕ရမယ့္အတိုင္းဘဲ ကြၽန္မ စိတ္ေတြအရမ္းလႈပ္ရွားေနမိတာ
"Roseanne ေရာက္လာၿပီလား "
Lisaကို ျမင္ျမင္ခ်င္း တစ္နာရီပိုင္းအလိုေလာက္က အတြင္းခံနဲ႕အိပ္ေနတဲ့ အိမ္မက္ထဲက Lisaကို ကြၽန္မ ျမင္ေယာင္မိၿပီး ရွက္ေသြးျဖာလာသည္
"လာ ငါ့႐ုံးခန္းထဲ သြားရေအာင္ "
ကြၽန္မလည္း Lisaေနာက္ကို လိုက္သြားရင္း Lisaလက္မွာ စြပ္ထားတဲ့လက္စြပ္ေၾကာင့္ စိတ္နည္းနည္း ခုသြားတယ္
"ေနာက္တစ္ေခါက္ ထပ္လာခိုင္းရလို႔ ေတာင္းပန္ပါတယ္ ဘယ္လိုေနေသးလည္း သက္သာလား "
"ဟုတ္ သက္သာပါတယ္ ဒါနဲ႕ ဘယ္လိုေၾကာင့္ ငါ ဓာတ္မွန္ရိုက္ဖို႔ ထပ္လိုတာလည္းဟင္ "
"အင္း စိတ္ေအးေအးထားေနာ္ ငါေျပာတဲ့ စကားေၾကာင့္ လန့္မသြားနဲ႕အုံး နင့္ရဲ႕ ဓာတ္မွန္ scanထဲ တစ္ခုခုေတြ႕ထားလို႔ "
တစ္ခုခုေတြ႕ထားတယ္ ဟုတ္လား ကြၽန္မ ေအးခဲသြားသလို ခံစားရၿပီး ႏွလုံးခုန္ႏႈန္းကလည္း အရမ္းျမန္လာတယ္
Lisa က ခလုတ္တစ္ခုကို ႏွိပ္လိုက္ေတာ့ သူမေရွ႕က boardေပၚမွာ ပုံေတြေပၚလာတယ္ ကြၽန္မရဲ႕ ဦးႏွောက္ ပုံေတြေပါ့
"ဒီဟာေလး ေသးတယ္ဆိုေပမယ့္ သူက နင့္ရဲ႕ဦးႏွောက္ထဲမွာ ေနရာအစုံ ေျပာင္းလဲေနတတ္တယ္ "
"အဲ့တာကဘာလည္း "
"brain tumor ျဖစ္ေစတဲ့ အစိုင္အခဲေပါ့ "
"ဟင္...."
"ဒီအစိုင္အခဲႀကီးမလာခင္ ခြဲထုတ္တာျဖစ္ျဖစ္ အရည္ေဖ်ာ္တာျဖစ္ျဖစ္လုပ္မွျဖစ္မွာ အဆင္ေျပရဲ႕လား Roseanne "
'ဟင့္အင္း ကြၽန္မ မသိေတာ့ဘူး ကြၽန္မ အခုမွ အသက္က ၂၆ႏွစ္ဘဲရွိေသးတယ္ လက္လည္းမထပ္ရေသးသလို ဘဝအသစ္တစ္ခုလည္း မစရေသးဘူး.... ကြၽန္မ လုပ္စရာေတြအမ်ားႀကီး ရွိေသးတာကို tumor ျဖစ္ၿပီး..... ေသရေတာ့မွာလား "
ကြၽန္မ ငိုမဲ့မဲ့နဲ႕ ျဖစ္လာေတာ့ Lisaက ကြၽန္မရဲ႕ လက္ကို လာကိုင္သည္
'hey မေၾကာက္ပါနဲ႕ ငါ နင့္ကို ပုံမွန္အတိုင္းျဖစ္ေအာင္ ကုေပးမွာပါ "
'လြန္ခဲ့တဲ့ တစ္ပတ္ကေတာင္ အေကာင္းႀကီးရွိေသးတာကို...."
"ငါ့ကို ယုံတယ္ မဟုတ္လား Roseanne.... စိတ္ခ် ငါ နင့္ကို ေသခ်ာေပါက္ ပုံမွန္အတိုင္းျဖစ္ေအာင္ ကုေပးမယ္ "
Lisa ကေျပာေတာ့ ကြၽန္မ ေခါင္းညိတ္လိုက္သည္
အခုမွ အိမ္မက္ထဲက Lisaကို အျပင္မွာ ေတြ႕ခြင့္ရတာေလ.... tumorျဖစ္ၿပီး ကြၽန္မ ေသရေတာ့မွာလား.....
#tbc
Bạn đang đọc truyện trên: Truyen3h.Co