Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 10

KimFany059


Taeyeon အတန်းထဲ စာသင်နေပေမယ့် စိတ်တွေက ပျံ့လွင့်နေတာကို Hyoyeon ဖမ်းမိနေတာ တစ်ကြိမ်မကတော့ပေ

Taeyeonရဲ့ စိတ်တွေကလည်း ဘယ်ကိုပျံ့လွင့်နေလည်းဆိုတော့ Stephanieနဲ့တူတဲ့ Tiffanyဆီပင်

တောအုပ်ထဲက ကိစ္စနဲ့ပတ်သက်ပြီး Taeyeon သူ့သူငယ်ချင်းကို စိတ်ပူနေမှာဆိုးလို့ မပြောပြထားဘူးလေ

သူ့မိသားစုကလည်း Taeyeonကို လိုလေသေးမရှိအောင် ဂရုစိုက်ပေးပေမယ့် တောအုပ်ထဲက အကြောင်းတော့ မပြောကြပေ သူတို့ကလေးစိတ်ဒဏ်ရာရနေမှာကို မထိုးဆွချင်ဘူးလေ

Tiffanyကို Taeyeon တွေ့တဲ့အခါတိုင်း Stephanieကို တွေ့တုန်းက ခံစားချက်မျိုး အမြဲ ဖြစ်ပေါ်လာတယ်....လိုချင်တပ်မက်မှုတွေ စိတ်သာယာမှုတွေ စတဲ့ခံစားချက်တွေ အမြဲ ဖြစ်ပေါ်လာတယ်

စာသင်ချိန်ပြီးတော့ Taeyeon tennis teamကို joinဖို့ ကော်ရစ်တာကိုရောက်နေပြီလေ အာချောင်မှုကျေးဇူးကြောင့် လေ့ကျင့်ခန်းလုပ်ရတာမကြိုက်တဲ့ Taeyeon ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ရတော့မယ်

ဝင်ခွင့် formဖြည့်တဲ့အခါမှာလည်း Tiffanyရဲ့ မျက်ဝန်းတွေကိုဘဲ Taeyeon ခိုးခိုးကြည့်နေသည်

"ကြည့်ရတာ အားကစားတွေမှာ Taeyeonက ဝါသနာမပါဘူးထင်တယ် တကယ် စိတ်မဝင်စားဘူးထင်တယ် "

Tiffanyရဲ့ စကားကြောင့် Taeyeon လန့်သွားတယ်

Tiffanyက သူ့ကြောင့် Taeyeonက လာJoinတယ်ဆိုပြီး တွေးထင်နေမလား

"အားကစားတွေထက် ပန်းချီဘက်များ စိတ်ဝင်စားလားလို့ တွေးမိတာပါ "

Taeyeon မျက်နှာအမူအရာကို Tiffany သတိထားမိပုံပေါ်သည်

"အာ ဟုတ်တယ် ပန်းချီကို စိတ်ဝင်စားပေမယ့် အသစ်အဆန်းလေးလုပ်ကြည့်ချင်လို့ လာjoinတာပါ "

Taeyeonကပြောတော့ Tiffanyက ဘာမှဆက်မ​ပြောဘဲ Taeyeonကို ပြုံးပြလိုက်သည် ထိုအပြုံးမျိုးကို Taeyeon ရင်းရင်းနှီးနှီး မြင်ဖူးနေသလို ခံစားရတယ်

နောက်တစ်နေ့ကတော့ မြန်မြန်ဆန်ဆန်ရောက်လာပြန်သည်

Taeyeonမှာလည်း Tiffanyကို မတွေ့ရရင် ရူးတော့မလို ခံစားနေရတယ် ပြီးတော့ မနေ့က Tiffanyရဲ့ အပြုံးကလည်း Taeyeonကို နှောင့်ယှက်နေတယ်

"တကယ် Stephanieရဲ့ အပြုံးနဲ့တူတာဘဲ "

"ကြည့်ပါအုံး ကောင်လေးတွေ စိတ်ပျက်နေကြတယ် ဟီးဟီး...Miss Hwangက ဒီကော်ရစ်တာမှာ ဂျူတီကျမယ်ထင်နေတာ အခု ဂျူတီကျနေတာက Mr.Jungဖြစ်နေတယ် ပြီးတော့ Mr.Jungက ကောင်လေးတွေကို trainပေးမှာတဲ့"

"ကောင်းတယ် ဝမ်းသာတယ် "

ဘာလို့ရယ်မှန်းမသိ ကောင်လေးတွေနဲ့ Tiffany မပတ်သက်ရဘူးဆိုလို့ Taeyeon ပျော်နေကျေနပ်နေမိတယ်

အတန်းပြီးတော့ Taeyeon tennis clubကို ထွက်လာခဲ့တယ် Hyoyeonကတော့ မကြိုက်လို့ မjoinဘူးဆိုပြီး Taeyeonကို အားပေးစကားပြောကာ အိမ်ပြန်သွားသည်

Taeyeon tennis clubကိုရောက်လာပြီး သိပ်မကြာ အားကစားဝတ်စုံဝတ်ထားတဲ့ Tiffanyရောက်လာသည်

Tiffanyကို ကြည့်ပြီး Taeyeon နှလုံးခုန်တွေမြန်လာသည် အားကစားဝတ်စုံနဲ့လည်း Tiffanyက အရမ်းလိုက်ဖက်တာဘဲ

tennis နဲ့ပတ်သက်တဲ့အကြောင်းတွေကို Tiffanyက အရင်သင်ကြားပို့ချသည်

ပြီးတော့ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး သက်လုံကောင်းအောင် ကွင်းပတ်ပေးခိုင်းသည်

ထို့နောက် အချိန်ပြည့်သွားလို့ ကျောင်းသူတွေလည်း ပြန်သွားကြသည်

Taeyeonလည်း ပြန်မယ်ဆိုပြီး Tiffanyကို နှုတ်ဆက်ဖို့ လိုက်ရှာတော့ စားပွဲခုံအောက်ကုန်းပြီး ဘောပင်ကောက်နေတဲ့ Tiffanyကို မြင်ပြီး မျက်လုံးတွေပြာသွားလေသည်

"ဟာ ဘာတွေတွေးမိနေတာတုံး စိတ်ထိန်းစမ်း ...."

Taeyeon စိတ်ထိန်းဖို့ လှည့်အထွက် Tiffanyက သူ့နာမည်လှမ်းခေါ်သည်

"Taeyeon ah......"

"Ohhhh Tae.....Relax....."

"Cum for me Tae...."

"မင်းသိလား Tae... တို့တွေ မကြာခင် ကလေးရလာလိမ့်မယ် "

Tiffanyရဲ့ အသံနဲ့အတူ Stephanieရဲ့ စကားတွေက Taeyeonနားသို့ ရိုက်ခတ်လာသည် ...Taeyeon နားကိုပိတ်ပြီး မျက်လုံးကို မှိတ်ထားမိသည်

"မဖြစ်နိုင်ပါဘူး "

"ငါတို့ ကလေးမရနိုင်ပါဘူး မဖြစ်နိုင်ပါဘူး "

"ငါတို့အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး "

"မဟုတ်ဘူး "

"လက်ထပ်ရအောင် "

"လက်မထပ်နိုင်ဘူး "

"သူ့ကို မကြာခင်တွေ့ရမှာပါ "

"မဟုတ်ဘူး မဖြစ်ရဘူး "

Taeyeon အော်ရင်း မျက်လုံးဖွင့်ကြည့်တော့ မျက်နှာကြက်အဖြူကြီးကို တွေ့ရသည်

ပြီးတော့ ဘေးနားမှာ လိုက်ကာနဲ့ဆေးပစ္စည်းတွေကို တွေ့ရတော့ Taeyeon သူဆေးခန်းထဲရောက်နေမှန်းသိလိုက်ရသည်

ဟူး တော်သေးတယ် တောအုပ်ထဲဲပြန်ရောက်သွားပြီထင်နေတာ

နေပါအုံး ခုနက Miss Hwangနဲ့ ကွင်းထဲမှာရှိနေတာလေ ဘာလို့ အခုဒီကိုရောက်နေတာလည်း

Taeyeon ခြေသံကြားလို့ ကြည့်လိုက်တော့ Tiffanyနဲ့သူနာပြုဆရာမက သူ့ဆီလာတာကို တွေ့လိုက်ရသည်ည်

နှစ်ယောက်လုံးက စိတ်ပူနေတဲ့ပုံပေါ်လို့ Taeyeon ထထိုင်ဖို့လုပ်ပေမယ့် သူနာပြုက တားသည်

"သက်သာရဲ့လား Taeyeon shii "

Tiffanyပြောပြီး Taeyeonရဲ့ဘေးနား ဝင်ထိုင်သည်

"ဟုတ် သက်သာပါတယ် ကျွန်မ ဘာဖြစ်တာလည်းဟင် "

"တို့နဲ့စကားပြောရင်း မေ့လဲသွားတာ "

မေ့လဲသွားတာ... မဖြစ်နိုင်တာ ငါ ဘယ်တုန်းကမှ မေ့မလဲဖူးပါဘူး

Tiffanyပြောတာကို Taeyeon မယုံနိုင်ဖြစ်နေတယ်

"ကျွန်မ ဘယ်လိုမေ့လဲသွားတာလည်း "

Taeyeonက မေးပေမယ့် Tiffanyကမဖြေ သူ့ကိုသာစိုက်ကြည့်နေသည်

သူနာပြုက စစ်ဆေးပေးပြီး ထွက်သွားတဲ့အထိ Tiffanyက သူ့ကို စိုက်ကြည့်နေသောကြောင့် Taeyeon မနေတတ်တော့ပေ

"Taeyeon အရူးမ ဘာဖြစ်သွားသေးလည်း "

ရုတ်တရက် သူ့ဆီပြေးဝင်လာတဲ့ Hyoyeonကို Taeyeon ကျေးဇူးတင်မိသည် ဒီလိုထူးဆန်းတဲ့အခြေအနေကနေ ကယ်ပေးလို့လေ

Hyoyeonကတော့ Tiffanyကို သတိမထားမိဘဲ Taeyeonကို စိတ်ပူနေလေရဲ့

"ငါ အဆင်ပြေပါတယ် "

Taeyeonပြောပြီး Tiffanyဘက် မျက်စပစ်ပြလို့ Tiffanyရှိနေမှန်း Hyoyeonသိသွားတယ်

"Oh Miss Hwangရှိနေတာ မသိလိုက်ဘူး အားနာလိုက်တာ တောင်းပန်ပါတယ် "

Hyoyeonကတောင်းပန်တော့ Tiffany ပြုံးပြီး ထရပ်ကာ

"ရပါတယ် Hyoyeon shiiလည်း ရောက်လာပြီဆိုတော့ တို့ပြန်တော့မယ်နော် ဂရုစိုက်နော် Taeyeon shii "

Tiffany ထွက်သွားတော့ Taeyeonမှာ Tiffanyကို စိုက်ကြည့်နေမိသည်

"နှာဘူးနော် နင် နေမကောင်းဖြစ်နေတာတောင် ဆရာမကို ငမ်းနိုင်သေးတယ် "

"Shut up Hyo "

"အေးပါ နင်ပြောတတ်တာက Shut up Hyo "

Hyoyeonကပြောတော့ တစ်ဖက်က သူနာပြုကရယ်တယ် ကြည့်ရတာ သူနာပြုကလည်း Tiffanyကို Taeyeonကြိုက်နေတယ်လို့ ထင်နေမှာ

ဒါပေမယ့် Tiffanyက တစ်ခုခုတော့ တစ်ခုခုဘဲ Taeyeon ခံစားမိနေတယ်

#tbc

#zawgyi

Taeyeon အတန္းထဲ စာသင္ေနေပမယ့္ စိတ္ေတြက ပ်ံ့လြင့္ေနတာကို Hyoyeon ဖမ္းမိေနတာ တစ္ႀကိမ္မကေတာ့ေပ

Taeyeonရဲ႕ စိတ္ေတြကလည္း ဘယ္ကိုပ်ံ့လြင့္ေနလည္းဆိုေတာ့ Stephanieနဲ႕တူတဲ့ Tiffanyဆီပင္

ေတာအုပ္ထဲက ကိစၥနဲ႕ပတ္သက္ၿပီး Taeyeon သူ႕သူငယ္ခ်င္းကို စိတ္ပူေနမွာဆိုးလို႔ မေျပာျပထားဘူးေလ

သူ႕မိသားစုကလည္း Taeyeonကို လိုေလေသးမရွိေအာင္ ဂ႐ုစိုက္ေပးေပမယ့္ ေတာအုပ္ထဲက အေၾကာင္းေတာ့ မေျပာၾကေပ သူတို႔ကေလးစိတ္ဒဏ္ရာရေနမွာကို မထိုးဆြခ်င္ဘူးေလ

Tiffanyကို Taeyeon ေတြ႕တဲ့အခါတိုင္း Stephanieကို ေတြ႕တုန္းက ခံစားခ်က္မ်ိဳး အၿမဲ ျဖစ္ေပၚလာတယ္....လိုခ်င္တပ္မက္မႈေတြ စိတ္သာယာမႈေတြ စတဲ့ခံစားခ်က္ေတြ အၿမဲ ျဖစ္ေပၚလာတယ္

စာသင္ခ်ိန္ၿပီးေတာ့ Taeyeon tennis teamကို joinဖို႔ ေကာ္ရစ္တာကိုေရာက္ေနၿပီေလ အာေခ်ာင္မႈေက်းဇူးေၾကာင့္ ေလ့က်င့္ခန္းလုပ္ရတာမႀကိဳက္တဲ့ Taeyeon ကိုယ္လက္လႈပ္ရွားမႈေတြလုပ္ရေတာ့မယ္

ဝင္ခြင့္ formျဖည့္တဲ့အခါမွာလည္း Tiffanyရဲ႕ မ်က္ဝန္းေတြကိုဘဲ Taeyeon ခိုးခိုးၾကည့္ေနသည္

"ၾကည့္ရတာ အားကစားေတြမွာ Taeyeonက ဝါသနာမပါဘူးထင္တယ္ တကယ္ စိတ္မဝင္စားဘူးထင္တယ္ "

Tiffanyရဲ႕ စကားေၾကာင့္ Taeyeon လန့္သြားတယ္

Tiffanyက သူ႕ေၾကာင့္ Taeyeonက လာJoinတယ္ဆိုၿပီး ေတြးထင္ေနမလား

"အားကစားေတြထက္ ပန္းခ်ီဘက္မ်ား စိတ္ဝင္စားလားလို႔ ေတြးမိတာပါ "

Taeyeon မ်က္ႏွာအမူအရာကို Tiffany သတိထားမိပုံေပၚသည္

"အာ ဟုတ္တယ္ ပန္းခ်ီကို စိတ္ဝင္စားေပမယ့္ အသစ္အဆန္းေလးလုပ္ၾကည့္ခ်င္လို႔ လာjoinတာပါ "

Taeyeonကေျပာေတာ့ Tiffanyက ဘာမွဆက္မေျပာဘဲ Taeyeonကို ၿပဳံးျပလိုက္သည္ ထိုအၿပဳံးမ်ိဳးကို Taeyeon ရင္းရင္းႏွီးႏွီး ျမင္ဖူးေနသလို ခံစားရတယ္

ေနာက္တစ္ေန႕ကေတာ့ ျမန္ျမန္ဆန္ဆန္ေရာက္လာျပန္သည္

Taeyeonမွာလည္း Tiffanyကို မေတြ႕ရရင္ ႐ူးေတာ့မလို ခံစားေနရတယ္ ၿပီးေတာ့ မေန႕က Tiffanyရဲ႕ အၿပဳံးကလည္း Taeyeonကို ႏွောင့္ယွက္ေနတယ္

"တကယ္ Stephanieရဲ႕ အၿပဳံးနဲ႕တူတာဘဲ "

"ၾကည့္ပါအုံး ေကာင္ေလးေတြ စိတ္ပ်က္ေနၾကတယ္ ဟီးဟီး...Miss Hwangက ဒီေကာ္ရစ္တာမွာ ဂ်ဴတီက်မယ္ထင္ေနတာ အခု ဂ်ဴတီက်ေနတာက Mr.Jungျဖစ္ေနတယ္ ၿပီးေတာ့ Mr.Jungက ေကာင္ေလးေတြကို trainေပးမွာတဲ့"

"ေကာင္းတယ္ ဝမ္းသာတယ္ "

ဘာလို႔ရယ္မွန္းမသိ ေကာင္ေလးေတြနဲ႕ Tiffany မပတ္သက္ရဘူးဆိုလို႔ Taeyeon ေပ်ာ္ေနေက်နပ္ေနမိတယ္

အတန္းၿပီးေတာ့ Taeyeon tennis clubကို ထြက္လာခဲ့တယ္ Hyoyeonကေတာ့ မႀကိဳက္လို႔ မjoinဘူးဆိုၿပီး Taeyeonကို အားေပးစကားေျပာကာ အိမ္ျပန္သြားသည္

Taeyeon tennis clubကိုေရာက္လာၿပီး သိပ္မၾကာ အားကစားဝတ္စုံဝတ္ထားတဲ့ Tiffanyေရာက္လာသည္

Tiffanyကို ၾကည့္ၿပီး Taeyeon ႏွလုံးခုန္ေတြျမန္လာသည္ အားကစားဝတ္စုံနဲ႕လည္း Tiffanyက အရမ္းလိုက္ဖက္တာဘဲ

tennis နဲ႕ပတ္သက္တဲ့အေၾကာင္းေတြကို Tiffanyက အရင္သင္ၾကားပို႔ခ်သည္

ၿပီးေတာ့ ေသြးပူေလ့က်င့္ခန္းလုပ္ၿပီး သက္လုံေကာင္းေအာင္ ကြင္းပတ္ေပးခိုင္းသည္

ထို႔ေနာက္ အခ်ိန္ျပည့္သြားလို႔ ေက်ာင္းသူေတြလည္း ျပန္သြားၾကသည္

Taeyeonလည္း ျပန္မယ္ဆိုၿပီး Tiffanyကို ႏႈတ္ဆက္ဖို႔ လိုက္ရွာေတာ့ စားပြဲခုံေအာက္ကုန္းၿပီး ေဘာပင္ေကာက္ေနတဲ့ Tiffanyကို ျမင္ၿပီး မ်က္လုံးေတြျပာသြားေလသည္

"ဟာ ဘာေတြေတြးမိေနတာတုံး စိတ္ထိန္းစမ္း ...."

Taeyeon စိတ္ထိန္းဖို႔ လွည့္အထြက္ Tiffanyက သူ႕နာမည္လွမ္းေခၚသည္

"Taeyeon ah......"

"Ohhhh Tae.....Relax....."

"Cum for me Tae...."

"မင္းသိလား Tae... တို႔ေတြ မၾကာခင္ ကေလးရလာလိမ့္မယ္ "

Tiffanyရဲ႕ အသံနဲ႕အတူ Stephanieရဲ႕ စကားေတြက Taeyeonနားသို႔ ရိုက္ခတ္လာသည္ ...Taeyeon နားကိုပိတ္ၿပီး မ်က္လုံးကို မွိတ္ထားမိသည္

"မျဖစ္နိုင္ပါဘူး "

"ငါတို႔ ကေလးမရနိုင္ပါဘူး မျဖစ္နိုင္ပါဘူး "

"ငါတို႔အတြက္ မျဖစ္နိုင္ဘူးဆိုတာ မရွိပါဘူး "

"မဟုတ္ဘူး "

"လက္ထပ္ရေအာင္ "

"လက္မထပ္နိုင္ဘူး "

"သူ႕ကို မၾကာခင္ေတြ႕ရမွာပါ "

"မဟုတ္ဘူး မျဖစ္ရဘူး "

Taeyeon ေအာ္ရင္း မ်က္လုံးဖြင့္ၾကည့္ေတာ့ မ်က္ႏွာၾကက္အျဖဴႀကီးကို ေတြ႕ရသည္

ၿပီးေတာ့ ေဘးနားမွာ လိုက္ကာနဲ႕ေဆးပစၥည္းေတြကို ေတြ႕ရေတာ့ Taeyeon သူေဆးခန္းထဲေရာက္ေနမွန္းသိလိုက္ရသည္

ဟူး ေတာ္ေသးတယ္ ေတာအုပ္ထဲဲျပန္ေရာက္သြားၿပီထင္ေနတာ

ေနပါအုံး ခုနက Miss Hwangနဲ႕ ကြင္းထဲမွာရွိေနတာေလ ဘာလို႔ အခုဒီကိုေရာက္ေနတာလည္း

Taeyeon ေျခသံၾကားလို႔ ၾကည့္လိုက္ေတာ့ Tiffanyနဲ႕သူနာျပဳဆရာမက သူ႕ဆီလာတာကို ေတြ႕လိုက္ရသည္ည္

ႏွစ္ေယာက္လုံးက စိတ္ပူေနတဲ့ပုံေပၚလို႔ Taeyeon ထထိုင္ဖို႔လုပ္ေပမယ့္ သူနာျပဳက တားသည္

"သက္သာရဲ႕လား Taeyeon shii "

Tiffanyေျပာၿပီး Taeyeonရဲ႕ေဘးနား ဝင္ထိုင္သည္

"ဟုတ္ သက္သာပါတယ္ ကြၽန္မ ဘာျဖစ္တာလည္းဟင္ "

"တို႔နဲ႕စကားေျပာရင္း ေမ့လဲသြားတာ "

ေမ့လဲသြားတာ... မျဖစ္နိုင္တာ ငါ ဘယ္တုန္းကမွ ေမ့မလဲဖူးပါဘူး

Tiffanyေျပာတာကို Taeyeon မယုံနိုင္ျဖစ္ေနတယ္

"ကြၽန္မ ဘယ္လိုေမ့လဲသြားတာလည္း "

Taeyeonက ေမးေပမယ့္ Tiffanyကမေျဖ သူ႕ကိုသာစိုက္ၾကည့္ေနသည္

သူနာျပဳက စစ္ေဆးေပးၿပီး ထြက္သြားတဲ့အထိ Tiffanyက သူ႕ကို စိုက္ၾကည့္ေနေသာေၾကာင့္ Taeyeon မေနတတ္ေတာ့ေပ

"Taeyeon အ႐ူးမ ဘာျဖစ္သြားေသးလည္း "

႐ုတ္တရက္ သူ႕ဆီေျပးဝင္လာတဲ့ Hyoyeonကို Taeyeon ေက်းဇူးတင္မိသည္ ဒီလိုထူးဆန္းတဲ့အေျခအေနကေန ကယ္ေပးလို႔ေလ

Hyoyeonကေတာ့ Tiffanyကို သတိမထားမိဘဲ Taeyeonကို စိတ္ပူေနေလရဲ႕

"ငါ အဆင္ေျပပါတယ္ "

Taeyeonေျပာၿပီး Tiffanyဘက္ မ်က္စပစ္ျပလို႔ Tiffanyရွိေနမွန္း Hyoyeonသိသြားတယ္

"Oh Miss Hwangရွိေနတာ မသိလိုက္ဘူး အားနာလိုက္တာ ေတာင္းပန္ပါတယ္ "

Hyoyeonကေတာင္းပန္ေတာ့ Tiffany ၿပဳံးၿပီး ထရပ္ကာ

"ရပါတယ္ Hyoyeon shiiလည္း ေရာက္လာၿပီဆိုေတာ့ တို႔ျပန္ေတာ့မယ္ေနာ္ ဂ႐ုစိုက္ေနာ္ Taeyeon shii "

Tiffany ထြက္သြားေတာ့ Taeyeonမွာ Tiffanyကို စိုက္ၾကည့္ေနမိသည္

"ႏွာဘူးေနာ္ နင္ ေနမေကာင္းျဖစ္ေနတာေတာင္ ဆရာမကို ငမ္းနိုင္ေသးတယ္ "

"Shut up Hyo "

"ေအးပါ နင္ေျပာတတ္တာက Shut up Hyo "

Hyoyeonကေျပာေတာ့ တစ္ဖက္က သူနာျပဳကရယ္တယ္ ၾကည့္ရတာ သူနာျပဳကလည္း Tiffanyကို Taeyeonႀကိဳက္ေနတယ္လို႔ ထင္ေနမွာ

ဒါေပမယ့္ Tiffanyက တစ္ခုခုေတာ့ တစ္ခုခုဘဲ Taeyeon ခံစားမိေနတယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co