Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 9

KimFany059

"အဆင်ပြေတယ် မဟုတ်လား ဒါဆို ငါသွားတော့မယ်နော် မနက်ဖြန်မှ တွေ့မယ် Taengoo "

"See you tomorrow Hyo...."

Hyoyeonကို နှုတ်ဆက်ပြီး Taeyeon ကားပါကင်ကို ထွက်လာသည်.... Mr.Kimက သူ့ကို ကားအသစ်တစ်စီး ဝယ်ပေးထားတယ်လေ

ကားပါကင်ဘက်ကို သွားရင်း သူ ရင်းနှီးတဲ့ တစ်ယောက်ယောက်ကို တွေ့လိုက်ရတယ်

Taeyeonရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားတယ်

"Miss Hwang "

Miss Hwangမှာ တစ်ယောက်တည်း ရပ်နေလေရဲ့ busကားကို စောင့်နေတာများလား သူ့ကိုအိမ်လိုက်ပို့ပေးရမလား ဒါမှမဟုတ် သူက တစ်ယောက်​ယောက်ကို စောင့်နေတာများလား ...​

နေပါအုံး ငါက ဘာလို့ သူ့ကို အိမ်ပြန်ပို့ပေးမယ်ဆိုပြီး တွေးနေရတာလည်း

နေပါစေတော့

Taeyeonမှာ သက်ပြင်းချပြီး သူ့ကားပေါ်သို့ တက်ကာ မောင်းထွက်သွားသည်

သို့သော်လည်း အိမ်မပြန်ဘဲ ကျောင်းကိုပြန်ရောက်လာပြီး ဘတ်စ်ကား မှတ်တိုင်နဲ့ မလှမ်းမကမ်း နေရာတစ်ခုတွင် ကားရပ်လိုက်သည်

ထို့နောက် Miss Hwangကို Taeyeon စိုက်ကြည့်နေသည်

နေပါအုံး busကားတွေက ဘာလို့မလာသေးတာလည်း

Taeyeon သူ့လက်မှာပတ်ထားတဲ့ လက်ပတ်နာရီကိုကြည့်တော့ ညနေ၆နာရီထိုးနေပြီ

နေပါအုံး ငါက ဘာလို့ ဒီလိုမျိုး စောင့်​နေတာလည်း

အခုဆို ၆နာရီခွဲတော့မယ် Miss Hwangက ရပ်စောင့်နေတုန်းဘဲ ....Taeyeon အိမ်ပြန်ချင်နေပေမယ့်လည်း Miss Hwang တစ်ခုခုဖြစ်သွားမှာကိုလည်း စိတ်ပူနေမိသည်

Taeyeon ကားစီယာတိုင်ပေါ် မေးတင်ပြီး Miss Hwangကို ကြည့်နေသည်

ထိုစဥ် ယောက်ကျားလေး သုံးလေးငါးယောက်လောက် Miss Hwangနားရောက်လာတာကို Taeyeon တွေ့လိုက်ရသည်

Miss Hwangကို ကြည့်ရတာလည်း ကြောက်လန့်နေတဲ့ပုံပေါ်သည်

Taeyeon လည်း တွေဝေမနေဘဲ ချက်ချင်း ကားစက်နှိုးပြီး Miss Hwangဆီ မောင်းသွားသည်

"Hey Miss Hwang....Chaw အိမ်ပြန်လိုက်ပို့ပေးမယ်လေ "

"Ah ဟုတ်ပြီ "

Miss Hwangမှာ သူ့ဘေးနားက ကောင်တွေကိုတစ်ချက်ကြည့်ပြီး ကားထဲဝင်လိုက်သည်

"ကျေးဇူးတင်ပါတယ် "

Miss Hwang သူ့ဘေးနားရောက်လာပြန်တော့လည်း Taeyeon စိတ်လှုပ်ရှားလာပြန်သည်

ahhh Miss Hwangကို ဘယ်မှာနေလည်းဆိုတာ မေးရအုံးမယ်

Taeyeon ကျောင်းကနေဝေးအောင် ခပ်ဝေးဝေးထိမောင်းလာသည် ထို့နောက် လမ်းလေးတွင်ကားရပ်လိုက်ပြီး Miss Hwangကို ကြည့်လိုက်သည်

ငါတစ်ကိုယ်လုံး တုန်ရီနေတာကို Miss Hwang မမြင်ပါစေနဲ့

"Miss Hwang ဘယ်မှာနေလည်းဟင်..."

"ရပါတယ် Taeyeon shii ဒီနေရာမှာဘဲ ဆင်းလိုက်တော့မယ်လေ ခုနက ဟိုလူတွေလက်ထဲက ကူညီပေးလို့ ကျေးဇူးတင်ပါတယ် "

Miss Hwangက eyesmileလေးနဲ့ပြုံးပြပြီး ပြောလေသည်

Tiffanyနဲ့အကြည့်ချင်းဆုံတိုင်း ထိုအမျိုးသမီးဟာ Tiffanyလား Stephanieလားဆိုတာ Taeyeon ခွဲမရပေ စဥ်းစားမရပေ

Tiffanyရဲ့ eyesmileအောက်မှာ Taeyeonကျရှုံးနေပြီ..

Damn အရမ်းလှတာဘဲ Miss Hwangရယ်

"Taeyeon shii"

Miss Hwangအသံကြောင့် Taeyeon သတိပြန်ဝင်လာသည်

"Ahh ဟုတ် "

"အဆင်ပြေရဲ့လားဟင် ကျွန်မ ခေါ်နေတာကြာပြီရယ် ဘာမှမဖြေဘဲ ကျွန်မကိုဘဲ စိုက်ကြည့်နေလို့ တစ်ခုခုများ ဖြစ်နေလား"

Miss Hwangမှာ Taeyeonကို စိတ်ပူနေတဲ့အကြည့်နဲ့ ကြည့်နေသည်

Stephanieနဲ့ ပတ်သက်ပြီး Taeyeon အစိုးရိမ်လွန်နေတာဘဲ

Professor Hwangက Stephanie မဖြစ်နိုင်ပါဘူး

Hwangက တက်ကြွတယ် ကြင်နာတတ်တယ် နည်းနည်းရှက်တတ်တယ် ကြောက်တတ်တယ်...Stephanieကတော့ ကြမ်းတမ်းပြီး အရိုင်းဆန်တယ်ရယ် ....ဟုတ်တယ်နော် ဟုတ်တယ်

"အယ် Taeyeon shiiရဲ့ မျက်နှာပေါ် တစ်ခုခုကပ်နေတယ် "

Miss Hwang ပြောပြီး Taeyeon မျက်နှာနားကပ်လာတော့ Taeyeonမှာယောင်ပြီး မျက်လုံးမှိတ်ထားမိသည်

shitt ရှက်စရာကြီး...Miss Hwangက ငါ့ကိုနမ်းမယ်လို့ တွေးမိနေတာ

"ဖယ်ပြီးပါပြီ ထပ်ပြီး ခုနလူတွေလက်က ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် Taeyeon shii အိမ်ထိလိုက်မပို့ပေးပါနဲ့ အားနာလို့ပါ ကျွန်မ ဒီမှာဘဲ ဆင်းလိုက်တော့မယ်နော် "

Miss Hwangကပြောပြီး ကားပေါ်ကနေ ဆင်းလိုက်သည် ပြီးတော့ ထွက်မသွားခင် Taeyeonကို လက်ပြကာ နှုတ်ဆက်လိုက်သေးသည်

Taeyeonမှာ Miss Hwang ကို ကြည့်ပြီး ပြုံးလိုက်မိသည်

"Come on Taengoo...  အတန်းချိန်က နေ့လည် တစ်နာရီမှ​ကို ငါတို့က ကျောင်းကို ဘာလို့ အစောကြီးရောက်နေရတာလည်း "

Hyoyeonမှာ သူ့ကိုအိပ်ခန်းထဲကနေ ဆွဲထုတ်လာတဲ့ Taeyeonကို မကျေမနပ်ဖြစ်ပြီး မြည်တွန်တောက်တီးနေသည်

Taeyeon ကိုယ်တိုင်လည်း Hyoyeonမေးခွန်းကို မဖြေနိုင်... အိပ်ရာက နိုးကတည်းက Miss Hwangကို တွေ့ချင်နေတဲ့ ပြင်းပြနေသော စိတ်ဆန္ဒကို Taeyeon မထိန်းချုပ်နိုင်ဘူးလေ

Tiffanyရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှ....အသံ... ခန္ဓာကိုယ်... ရယ်သံ...အရာအားလုံးကို Taeyeonတွေးနေမိတယ်

အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်လည်း Taeyeon သူ့ကိုယ်သူ အံ့သြနေမိတယ်

Stephanieနဲ့တူနေတဲ့ Miss Tiffanyက ဘာလို့ သူ့ကို စိတ်အနှောင့်ယှက်မဖြစ်စေတာလည်း.... တကယ်ဆို​ကြောက်ပြီး ထွက်ပြေးနေသင့်တာမဟုတ်လား အခုတော့ ဆန့်ကျင်ဘက်တွေ ဖြစ်နေပြီ

အကယ်၍ Tiffanyက နတ်ဘုရားဖြစ်နေရင်ရော Taeyeonကို လှည့်စားဖို့ ဟန်ဆောင်အသွင်ပြောင်းထားတာ ဖြစ်နေရင်ရော

"Hello Miss Hwang "

Hyoyeonအသံကြောင့် Taeyeon အတွေးလွန်ရာကနေ အသိစိတ်ပြန်ဝင်လာသည်

သူတို့ဆီ လျှောက်လာတဲ့ Tiffanyကို Taeyeon စက်ရုပ်တစ်ရုပ်လို လက်ပြနှုတ်ဆက်နေမိသည်

"Hello Taeyeon shii..Hyoyeon shii အတန်းချိန်က နေ့လည်မှကို ဘာလို့အစောကြီး ရောက်လာတာလည်း "

"တကယ်တော့ သူက..."

Hyoyeon ဆက်မပြောအောင် Taeyeon ချောင်းဟန့်လိုက်သည်

"တကယ်တော့ ကျွန်မတို့ တစ်စုံတစ်ယောက်ကို တွေ့မလို့ "

Taeyeonမှာ သူ့ဦးနှောက်ကို ကြိုးစားကာ အလုပ်ပေးနေသည်

Taeyeon မျက်လုံးကစားရင်း နံရံပေါ်က ပိုစတာတစ်ခုကို တွေ့လိုက်ရပြီး အကြံတစ်ခုရသွားတယ်

"တကယ်တော့ Tennis  clubကို Joinဖို့ စဥ်းစားနေတာပါ အဲ့တာကြောင့် စုံစမ်းဖို့ လာတာရယ် "

Taeyeonမှာ ဟန်ဆောင်ပြုံးပြီး လျှောက်ရွှီးလေသည်

"Oh ကောင်းတာပေါ့ တို့တွေ clubကို လာjoinမယ်ဆိုရင် ကူညီပေးမယ်လေ "

Tiffany စကားကြောင့် Taeyeonရော Hyoyeonရော ပါးစပ်အဟောင်းသားဖြစ်သွားတယ်

"ဟိုလေ...."

Hyoyeon ဘာမှဆက်မပြောနိုင်ခင် Taeyeonမှာ Hyoyeonရဲ့ ပါးစပ်ကို ပိတ်လိုက်သည်

"ဟုတ် ကျေးဇူးတင်ပါတယ် Miss Hwang "

"ဒါဆို ညနေမှတွေ့မယ်လေနော် Meetingရှိလို့ တို့သွားလိုက်အုံးမယ် "

Taeyeonမှာ သူတို့ကိုနှုတ်ဆက်ပြီး ထွက်သွားတဲ့ Tiffanyကို ငေးကြည့်ရင်း ကျန်ခဲ့သည်

"Dude...နင် ဘယ်တုံးက အားကစားကို စိတ်ဝင်စားသွားတာလည်း Miss Hwangနဲ့နီးစပ်ချင်လို့ ဂွင်ဖန်နေတာလား"

"shut up Hyo...."

Hyoyeonကို ငေါက်ပြီး Taeyeon ကန်တင်းကိုထွက်လာသည်

Stephanieနဲ့တူတဲ့သူကို ငါကဘာလို့ ရှောင်မနေဘဲ အနားရောက်အောင် ချဥ်းကပ်နေမိတာလည်း သူကသာ Stephanieဆို ငါဘယ်လိုလုပ်မလည်း နေပါအုံး တကယ်တမ်းဆို ငါ Stephanie ကိုကြောက်မနေသင့်ဘူးလေ သူက ငါ့ကို အိမ်ထဲလှောင်ပိတ်ထားပေမယ့် sexကိစ္စကလွဲရင် နာကျင်အောင်မလုပ်ခဲ့ဘူးလေ နေပါအုံး ငါဘာတွေဖြစ်နေတာလည်း

Taeyeonမှာ မေးခွန်းပေါင်းများစွာ သံသယများစွာနဲ့ ရှုပ်ထွေးနေပြန်သည်

#tbc

#zawgyi


"See you tomorrow Hyo...."




"Miss Hwang "



နေပါစေတော့













"Ah ဟုတ်ပြီ "


"ကျေးဇူးတင်ပါတယ် "











"Taeyeon shii"


"Ahh ဟုတ် "



















"Hello Miss Hwang "




"တကယ်တော့ သူက..."









"ဟိုလေ...."






"shut up Hyo...."




#tbc

#zawgyi

Bạn đang đọc truyện trên: Truyen3h.Co