Part 11
"Taeyeon "
"Humm "
Taeyeon ကြည့်လိုက်တော့ ဆယ်နှစ်အရွယ်လောက်ရှိအုံးမယ့် ကလေးမလေးတစ်ယောက်က Tiffanyရဲ့ ဘေးနားတွင် ရပ်နေသည်
အဲ့ဒီကလေးမလေးက Tiffanyလိုဘဲ eyesmileလေးနဲ့ တော်တော်ချစ်ဖို့ကောင်းသည်
"Miss Tiffany "
Taeyeon ခေါ်လိုက်ပေမယ့် Tiffanyက ဘာမှပြန်မပြောပေ သူ့ဘေးနားက ကလေးမလေးက Taeyeonဆီ လျှောက်လာပြီး Taeyeonရဲ့လက်ကို ကိုင်လိုက်သည်
"hey honey...Taeyeonnieကို အဲ့လို မလုပ်ရဘူးလေ ..."
"Mom...သူက အရမ်းချစ်ဖို့ကောင်းနေတယ် "
ကလေးမလေးရဲ့ စကားကြောင့် Taeyeon အံ့သြသွားတယ်
"နေပါအုံး အမေတဲ့ ဒါဆို သူက Tiffanyရဲ့ သမီးလား "
"ဟုတ်တယ် Honeyလေး ချစ်ဖို့ကောင်းတာက သူနဲ့တူတာလေ "
Alarmသံကြောင့် Taeyeon အိပ်ရာက လန့်နိုးလာတယ်
Taeyeonရဲ့နဖူးမှာလည်း ချွေးတွေရွှဲစိုလို့....
Taeyeon's Pov
ဟူး Alarmမြည်သံကို ကျေးဇူးတင်မိတာ ဒီတစ်ခါဘဲရှိတယ် ငါ့ကို အိမ်မက်ဆိုးကနေ ကယ်တင်ပေးလို့
အိမ်မက်ထဲ Miss Tiffanyကို မက်နေတယ် ကလေးမလေး တစ်ယောက်နဲ့....အဲ့ကလေးမက Miss Tiffanyကို အမေလို့တောင် ခေါ်နေတာ သူ့သမီးများလား...Miss Tiffany က လက်ထပ်ထားတာလား ကလေးရှိနေတာလား ....သူ့ကြည့်ရတာ ကလေးအမေနဲ့ မတူပါဘူး
Taeyeon အတွေးလွန်ရာက ရပ်ပြီး ကျောင်းသွားဖို့ ပြင်ဆင်ရန် ကုတင်ပေါ်က ထလိုက်သည်
အင်း ဟုတ်တယ် Miss Tiffanyနဲ့တွေ့ရင် ထူးဆန်းသလိုကြီး ဖြစ်မနေအောင် နေရမခက်အောင် ငါ့ဘက်က ရောမှဖြစ်မယ်
ဒါပေမယ့် Miss Tiffanyက သူနဲ့ငါ နှစ်ယောက်တည်း ရှိနေတဲ့အခါမျိုးဆိုရင် ငါ့အပေါ် ထူးဆန်းသလို ဆက်ဆံတယ် သူငါ့ကိုစကားပြောနေရင် တစ်မျိုးကြီးကွာ
End of Taeyeon's Pov
Miss Tiffanyနဲ့ စကားပြောပြီး ခင်အောင်ပေါင်းမယ်လို့ Taeyeonတွေးပြီးနောက် ကျောင်းချိန်ပြီးတော့ Tiffany ထွက်လာမယ့် အချိန်ကို Taeyeon lobbyထဲ ထိုင်စောင့်နေမိသည်
Hyoyeonကို ကျေးဇူးတင်ရမယ် အိမ်မပြန်သေးဘူး ပြောတဲ့ Taeyeonကို ဘာမေးခွန်းမှမမေးဘဲဲ တစ်ယောက်တည်း ပြန်သွားလို့
ဖြတ်သွားဖြတ်လာ professor တွေ ပြောပုံအရ Miss Tiffanyက ဒီနေ့ အိမ်ပြန်နောက်ကျမယ်ဆိုဘဲ ကောင်းတာပေါ့ ဒါမှ Taeyeon သူနဲ့နှစ်ယောက်တည်း အတူရှိခွင့်ရမှာ
ဒါပေမယ့် Miss Tiffanyနဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်ရမှာလည်း Taeyeon မသိပေ
စောင့်ရင်းစောင့်ရင်း Taeyeon အိပ်ငိုက်လာတယ်
"Taeyeon shii....Taeyeon "
အေးစက်တဲ့ လက်တစ်စုံက Taeyeonရဲ့ပါးလေးကို လာကိုင်လို့ Taeyeon လန့်နိုးလာတယ်
"Taeyeon ထတော့ နောက်ကျနေပြီလေ ဒီမှာ ရှိမနေသင့်တော့ဘူး "
Taeyeon သူ့ပါးကိုလာကိုင်တဲ့ လက်ကို ဆွဲကိုင်လိုက်တော့ Tiffany ဖြစ်နေသည်
Taeyeonနဲ့ Tiffany မျက်နှာက နီးကပ်နေလွန်းသောကြောင့် Tiffanyမှာ ရှက်နေပုံပေါ်သည် မျက်နှာလေးက နီရဲနေ၏
Taeyeonကလည်း မျက်တောင်တောင်မခတ်မိဘဲ Tiffanyကို စိုက်ကြည့်နေမိသည်
Tiffanyကလည်း Taeyeonအကြည့်တွေကို မရှောင်လွှဲဘဲ ပြန်ပြီး စိုက်ကြည့်နေလေရဲ့
"Taeyeon မင်းမျက်နှာမှာ သွားရေတွေ "
Tiffanyရဲ့ စကားကြောင့် Taeyeon လန့်ပြီး သူ့မျက်နှာကို စမ်းတော့ Tiffanyက ထရယ်သည်
"စတာပါ "
"ဒါနောက်စရာမဟုတ်ဘူးနော် Miss Hwang"
"လန့်သွားတဲ့ မင်းမျက်နှာကို ပြန်ကြည့်သင့်တယ် တကယ်ချစ်စရာလေး ဒါနဲ့ ဒီမှာဘာထိုင်လုပ်နေတာလည်း နောက်ကျနေပြီကို "
Tiffanyရဲ့ စကားကြောင့် Taeyeon ကျောင်းနံရံက နာရီကို ကြည့်လိုက်တော့ ည ၈နာရီထိုးနေတာကို တွေ့လိုက်ရသည်
"Umm...Miss Hwangကို စောင့်နေတာ "
"အယ် တို့ကိုလား "
Taeyeon ရုတ်တရက် ပြောထွက်သွားတဲ့ သူ့ပါးစပ်ကိုသူ ပိတ်ရိုက်ချင်သွားတယ်
ဒါပေမယ့် အံ့သြပြီး ရှက်သွားတဲ့ Miss Hwang ရဲ့ မျက်နှာလေးက အရမ်းချစ်စရာကောင်းလွန်းနေသည်
"ဘာလို့ရှက်နေတာလည်း Taeyeon... မင်း တို့ကို စောင့်ချင်တယ်ဆိုရင်လည်း အထဲမှာစောင့်နေရောပေါ့ တစ်ခုခုဖြစ်လို့လား အကူအညီလိုလို့လား Tae...တို့ဘာကူညီပေးရမလည်း "
Tiffanyမှာ စိတ်ပူနေတဲ့မျက်လုံးလေးနဲ့ Taeyeonကို ကြည့်ပြီး မေးလိုက်သည်
"အာ တကယ်တော့.... နေပါအုံး ဘာလုပ်မလို့ပါလိမ့် မေ့သွားပြီ "
Taeyeonမှာ ဘယ်လိုပြောရမှန်းမသိဖြစ်ပြီး ရှက်လို့ စကားတွေထစ်နေသည်
ပြီးတော့ သူ့လည်ပင်းကိုသူ ပြန်ကိုင်ပြီး Miss Tiffanyကို ကြည့်ကာ ရယ်ပြနေသည်
"ကဲပါ ထားပါတော့ တို့ကို ဒီမှာစောင့်နေနော် တို့အလုပ်ကိစ္စတွေ အမြန်လက်စသတ်လိုက်အုံးမယ် ဒီမှာဘဲစောင့်နော် မလှုပ်နဲ့ Taeyeon "
Tiffanyက ပြောတော့ Taeyeonက ခေါင်းညိတ်ပြသည်
Tiffanyလည်း ထွက်သွားရော Tiffanyကို ကြည့်ပြီး Taeyeon ရင်တွေခုန်လာသည်
မိနစ်အနည်းငယ်ကြာတော့ Tiffany ပြန်ရောက်လာသည်
"သွားကြစို့ "
"Ok ပါ "
Taeyeonတို့ lobbyကနေ ထွက်လာခဲ့သည် ကျောင်းဝန်းထဲရောက်တော့ နှစ်ယောက်သား အခြေအနေက ထူးဆန်းနေသလို ခံစားလာရတယ်
တကယ်ဆို Tiffanyကို Taeyeonက စောင့်နေတာဆိုတော့ Taeyeonက အရင် စကားစပြောသင့်တယ်မဟုတ်လား
စကားတွေအများကြီးပြောတတ်တဲ့ Miss Hwang ကလည်း ဘာလို့ ဒီနေ့မှ တိတ်ဆိတ်နေလည်းမသိ အလုပ်ပင်ပန်းနေလို့များလား
Taeyeonကလည်း ဘာပြောရမှန်းမသိ ဖြစ်နေရင်း နောက်ဆုံး ကျောင်းဂိတ်ပေါက်နားရောက်တော့ Tiffanyက စကားစပြောလာတယ်
"Taeyeon "
"ဟုတ် "
"တို့အိမ်မှာ ကော်ဖီလိုက်သောက်ချင်လား "
Tiffanyရဲ့ စကားကြောင့် Taeyeon အသက်ရှုဖို့မေ့သွားတယ် Tiffanyက သူ့အိမ်ကို ဖိတ်လိုက်တဲ့ လေသံက Stephanieရဲ့ လေသံနဲ့ဆင်နေတယ်
Tiffanyက Stephanieများ ဖြစ်နေမလား
"Taeyeon?"
Taeyeon ရဲ့ နှလုံးခုန်သံတွေ မြန်ဆန်လာတယ်
ငါ ဘာဖြေရမလည်း သူနဲ့လိုက်သွားသင့်လား ဘာလုပ်ရမလည်း ဘာလုပ်သင့်လည်း
"ရတာပေါ့ လိုက်ခဲ့မယ်လေ "
Oh God... ဦးနှောက်က မလိုက်ဖို့ ငြင်းဆန်နေပေမယ့် Taeyeonရဲ့ နှလုံးသားက နားမထောင်ပေ
Taeyeon အဖြေကို ကြားတော့ Tiffany eyesmileလေးပေါ်အောင် ပြုံးလိုက်သည်
အင်း Tiffanyရဲ့ အိမ်ကို လိုက်သွားတာလည်း မဆိုးလောက်ပါဘူး
Tiffanyက ကားယူလာတာမို့လို့ Taeyeonမှာ Tiffany ကားပေါ်သို့ လိုက်လာသည်
ကားပေါ်မှာလည်း Taenyတို့ ဆက်ပြီး တိတ်ဆိတ်နေကြပြန်သည်
Taeyeonမှာ Tiffanyကို စကားစပြောဖို့ အကြောင်းအရာတွေရှာနေသည်
Tiffany ကားမောင်းနေတာ အရမ်းလန်းတယ်လို့ ပြောရမလား Oh dear god ကယ်ကြပါအုံး
အရင်တစ်ခါ Tiffanyကို အိမ်ပြန်လိုက်ပို့ပေးတုန်းက Tiffany ရဲ့ အိမ်က ကျောင်းနားမှာ ရှိတယ်လို့ ပြောခဲ့ဖူးတာ Taeyeon မှတ်မိသည်
ဒါပေမယ့် အခုကော်ဖီတိုက်ဖို့ခေါ်တဲ့ အိမ်က ကျောင်းကိုတောင်ကျော်သွားပြီလေ
Tiffanyမှာ အိမ်နှစ်အိမ်ရှိတာ ဖြစ်နိုင်တာဘဲလို့ Taeyeon တွေးလိုက်သည်
Taeyeon ဘေးနားကနေ ကားမောင်းနေတဲ့ Tiffanyကို ခဏခဏခိုးကြည့်နေမိသည်
God..Tiffanyရဲ့ side profileက အရမ်းလှတာဘဲ...နတ်ဘုရားမလေးတစ်ပါးလိုကို လှနေတာ သက်ရှိတစ်ယောက်က ဒီလောက်ထိလှနေတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား
Tiffanyရဲ့ အလှမှာ Taeyeon လုံးဝကို နစ်မြောနေသည်
#tbc
အကြာကြီး စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ်ဗျာ့🙆♂️❤
#zawgyi
"Taeyeon "
"Humm "
Taeyeon ၾကည့္လိုက္ေတာ့ ဆယ္ႏွစ္အ႐ြယ္ေလာက္ရွိအုံးမယ့္ ကေလးမေလးတစ္ေယာက္က Tiffanyရဲ႕ ေဘးနားတြင္ ရပ္ေနသည္
အဲ့ဒီကေလးမေလးက Tiffanyလိုဘဲ eyesmileေလးနဲ႕ ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းသည္
"Miss Tiffany "
Taeyeon ေခၚလိုက္ေပမယ့္ Tiffanyက ဘာမွျပန္မေျပာေပ သူ႕ေဘးနားက ကေလးမေလးက Taeyeonဆီ ေလွ်ာက္လာၿပီး Taeyeonရဲ႕လက္ကို ကိုင္လိုက္သည္
"hey honey...Taeyeonnieကို အဲ့လို မလုပ္ရဘူးေလ ..."
"Mom...သူက အရမ္းခ်စ္ဖို႔ေကာင္းေနတယ္ "
ကေလးမေလးရဲ႕ စကားေၾကာင့္ Taeyeon အံ့ၾသသြားတယ္
"ေနပါအုံး အေမတဲ့ ဒါဆို သူက Tiffanyရဲ႕ သမီးလား "
"ဟုတ္တယ္ Honeyေလး ခ်စ္ဖို႔ေကာင္းတာက သူနဲ႕တူတာေလ "
Alarmသံေၾကာင့္ Taeyeon အိပ္ရာက လန့္နိုးလာတယ္
Taeyeonရဲ႕နဖူးမွာလည္း ေခြၽးေတြ႐ႊဲစိုလို႔....
Taeyeon's Pov
ဟူး Alarmျမည္သံကို ေက်းဇူးတင္မိတာ ဒီတစ္ခါဘဲရွိတယ္ ငါ့ကို အိမ္မက္ဆိုးကေန ကယ္တင္ေပးလို႔
အိမ္မက္ထဲ Miss Tiffanyကို မက္ေနတယ္ ကေလးမေလး တစ္ေယာက္နဲ႕....အဲ့ကေလးမက Miss Tiffanyကို အေမလို႔ေတာင္ ေခၚေနတာ သူ႕သမီးမ်ားလား...Miss Tiffany က လက္ထပ္ထားတာလား ကေလးရွိေနတာလား ....သူ႕ၾကည့္ရတာ ကေလးအေမနဲ႕ မတူပါဘူး
Taeyeon အေတြးလြန္ရာက ရပ္ၿပီး ေက်ာင္းသြားဖို႔ ျပင္ဆင္ရန္ ကုတင္ေပၚက ထလိုက္သည္
အင္း ဟုတ္တယ္ Miss Tiffanyနဲ႕ေတြ႕ရင္ ထူးဆန္းသလိုႀကီး ျဖစ္မေနေအာင္ ေနရမခက္ေအာင္ ငါ့ဘက္က ေရာမွျဖစ္မယ္
ဒါေပမယ့္ Miss Tiffanyက သူနဲ႕ငါ ႏွစ္ေယာက္တည္း ရွိေနတဲ့အခါမ်ိဳးဆိုရင္ ငါ့အေပၚ ထူးဆန္းသလို ဆက္ဆံတယ္ သူငါ့ကိုစကားေျပာေနရင္ တစ္မ်ိဳးႀကီးကြာ
End of Taeyeon's Pov
Miss Tiffanyနဲ႕ စကားေျပာၿပီး ခင္ေအာင္ေပါင္းမယ္လို႔ Taeyeonေတြးၿပီးေနာက္ ေက်ာင္းခ်ိန္ၿပီးေတာ့ Tiffany ထြက္လာမယ့္ အခ်ိန္ကို Taeyeon lobbyထဲ ထိုင္ေစာင့္ေနမိသည္
Hyoyeonကို ေက်းဇူးတင္ရမယ္ အိမ္မျပန္ေသးဘူး ေျပာတဲ့ Taeyeonကို ဘာေမးခြန္းမွမေမးဘဲဲ တစ္ေယာက္တည္း ျပန္သြားလို႔
ျဖတ္သြားျဖတ္လာ professor ေတြ ေျပာပုံအရ Miss Tiffanyက ဒီေန႕ အိမ္ျပန္ေနာက္က်မယ္ဆိုဘဲ ေကာင္းတာေပါ့ ဒါမွ Taeyeon သူနဲ႕ႏွစ္ေယာက္တည္း အတူရွိခြင့္ရမွာ
ဒါေပမယ့္ Miss Tiffanyနဲ႕ ရင္းႏွီးေအာင္ ဘယ္လိုလုပ္ရမွာလည္း Taeyeon မသိေပ
ေစာင့္ရင္းေစာင့္ရင္း Taeyeon အိပ္ငိုက္လာတယ္
"Taeyeon shii....Taeyeon "
ေအးစက္တဲ့ လက္တစ္စုံက Taeyeonရဲ႕ပါးေလးကို လာကိုင္လို႔ Taeyeon လန့္နိုးလာတယ္
"Taeyeon ထေတာ့ ေနာက္က်ေနၿပီေလ ဒီမွာ ရွိမေနသင့္ေတာ့ဘူး "
Taeyeon သူ႕ပါးကိုလာကိုင္တဲ့ လက္ကို ဆြဲကိုင္လိုက္ေတာ့ Tiffany ျဖစ္ေနသည္
Taeyeonနဲ႕ Tiffany မ်က္ႏွာက နီးကပ္ေနလြန္းေသာေၾကာင့္ Tiffanyမွာ ရွက္ေနပုံေပၚသည္ မ်က္ႏွာေလးက နီရဲေန၏
Taeyeonကလည္း မ်က္ေတာင္ေတာင္မခတ္မိဘဲ Tiffanyကို စိုက္ၾကည့္ေနမိသည္
Tiffanyကလည္း Taeyeonအၾကည့္ေတြကို မေရွာင္လႊဲဘဲ ျပန္ၿပီး စိုက္ၾကည့္ေနေလရဲ႕
"Taeyeon မင္းမ်က္ႏွာမွာ သြားေရေတြ "
Tiffanyရဲ႕ စကားေၾကာင့္ Taeyeon လန့္ၿပီး သူ႕မ်က္ႏွာကို စမ္းေတာ့ Tiffanyက ထရယ္သည္
"စတာပါ "
"ဒါေနာက္စရာမဟုတ္ဘူးေနာ္ Miss Hwang"
"လန့္သြားတဲ့ မင္းမ်က္ႏွာကို ျပန္ၾကည့္သင့္တယ္ တကယ္ခ်စ္စရာေလး ဒါနဲ႕ ဒီမွာဘာထိုင္လုပ္ေနတာလည္း ေနာက္က်ေနၿပီကို "
Tiffanyရဲ႕ စကားေၾကာင့္ Taeyeon ေက်ာင္းနံရံက နာရီကို ၾကည့္လိုက္ေတာ့ ည ၈နာရီထိုးေနတာကို ေတြ႕လိုက္ရသည္
"Umm...Miss Hwangကို ေစာင့္ေနတာ "
"အယ္ တို႔ကိုလား "
Taeyeon ႐ုတ္တရက္ ေျပာထြက္သြားတဲ့ သူ႕ပါးစပ္ကိုသူ ပိတ္ရိုက္ခ်င္သြားတယ္
ဒါေပမယ့္ အံ့ၾသၿပီး ရွက္သြားတဲ့ Miss Hwang ရဲ႕ မ်က္ႏွာေလးက အရမ္းခ်စ္စရာေကာင္းလြန္းေနသည္
"ဘာလို႔ရွက္ေနတာလည္း Taeyeon... မင္း တို႔ကို ေစာင့္ခ်င္တယ္ဆိုရင္လည္း အထဲမွာေစာင့္ေနေရာေပါ့ တစ္ခုခုျဖစ္လို႔လား အကူအညီလိုလို႔လား Tae...တို႔ဘာကူညီေပးရမလည္း "
Tiffanyမွာ စိတ္ပူေနတဲ့မ်က္လုံးေလးနဲ႕ Taeyeonကို ၾကည့္ၿပီး ေမးလိုက္သည္
"အာ တကယ္ေတာ့.... ေနပါအုံး ဘာလုပ္မလို႔ပါလိမ့္ ေမ့သြားၿပီ "
Taeyeonမွာ ဘယ္လိုေျပာရမွန္းမသိျဖစ္ၿပီး ရွက္လို႔ စကားေတြထစ္ေနသည္
ၿပီးေတာ့ သူ႕လည္ပင္းကိုသူ ျပန္ကိုင္ၿပီး Miss Tiffanyကို ၾကည့္ကာ ရယ္ျပေနသည္
"ကဲပါ ထားပါေတာ့ တို႔ကို ဒီမွာေစာင့္ေနေနာ္ တို႔အလုပ္ကိစၥေတြ အျမန္လက္စသတ္လိုက္အုံးမယ္ ဒီမွာဘဲေစာင့္ေနာ္ မလႈပ္နဲ႕ Taeyeon "
Tiffanyက ေျပာေတာ့ Taeyeonက ေခါင္းညိတ္ျပသည္
Tiffanyလည္း ထြက္သြားေရာ Tiffanyကို ၾကည့္ၿပီး Taeyeon ရင္ေတြခုန္လာသည္
မိနစ္အနည္းငယ္ၾကာေတာ့ Tiffany ျပန္ေရာက္လာသည္
"သြားၾကစို႔ "
"Ok ပါ "
Taeyeonတို႔ lobbyကေန ထြက္လာခဲ့သည္ ေက်ာင္းဝန္းထဲေရာက္ေတာ့ ႏွစ္ေယာက္သား အေျခအေနက ထူးဆန္းေနသလို ခံစားလာရတယ္
တကယ္ဆို Tiffanyကို Taeyeonက ေစာင့္ေနတာဆိုေတာ့ Taeyeonက အရင္ စကားစေျပာသင့္တယ္မဟုတ္လား
စကားေတြအမ်ားႀကီးေျပာတတ္တဲ့ Miss Hwang ကလည္း ဘာလို႔ ဒီေန႕မွ တိတ္ဆိတ္ေနလည္းမသိ အလုပ္ပင္ပန္းေနလို႔မ်ားလား
Taeyeonကလည္း ဘာေျပာရမွန္းမသိ ျဖစ္ေနရင္း ေနာက္ဆုံး ေက်ာင္းဂိတ္ေပါက္နားေရာက္ေတာ့ Tiffanyက စကားစေျပာလာတယ္
"Taeyeon "
"ဟုတ္ "
"တို႔အိမ္မွာ ေကာ္ဖီလိုက္ေသာက္ခ်င္လား "
Tiffanyရဲ႕ စကားေၾကာင့္ Taeyeon အသက္ရႈဖို႔ေမ့သြားတယ္ Tiffanyက သူ႕အိမ္ကို ဖိတ္လိုက္တဲ့ ေလသံက Stephanieရဲ႕ ေလသံနဲ႕ဆင္ေနတယ္
Tiffanyက Stephanieမ်ား ျဖစ္ေနမလား
"Taeyeon?"
Taeyeon ရဲ႕ ႏွလုံးခုန္သံေတြ ျမန္ဆန္လာတယ္
ငါ ဘာေျဖရမလည္း သူနဲ႕လိုက္သြားသင့္လား ဘာလုပ္ရမလည္း ဘာလုပ္သင့္လည္း
"ရတာေပါ့ လိုက္ခဲ့မယ္ေလ "
Oh God... ဦးႏွောက္က မလိုက္ဖို႔ ျငင္းဆန္ေနေပမယ့္ Taeyeonရဲ႕ ႏွလုံးသားက နားမေထာင္ေပ
Taeyeon အေျဖကို ၾကားေတာ့ Tiffany eyesmileေလးေပၚေအာင္ ၿပဳံးလိုက္သည္
အင္း Tiffanyရဲ႕ အိမ္ကို လိုက္သြားတာလည္း မဆိုးေလာက္ပါဘူး
Tiffanyက ကားယူလာတာမို႔လို႔ Taeyeonမွာ Tiffany ကားေပၚသို႔ လိုက္လာသည္
ကားေပၚမွာလည္း Taenyတို႔ ဆက္ၿပီး တိတ္ဆိတ္ေနၾကျပန္သည္
Taeyeonမွာ Tiffanyကို စကားစေျပာဖို႔ အေၾကာင္းအရာေတြရွာေနသည္
Tiffany ကားေမာင္းေနတာ အရမ္းလန္းတယ္လို႔ ေျပာရမလား Oh dear god ကယ္ၾကပါအုံး
အရင္တစ္ခါ Tiffanyကို အိမ္ျပန္လိုက္ပို႔ေပးတုန္းက Tiffany ရဲ႕ အိမ္က ေက်ာင္းနားမွာ ရွိတယ္လို႔ ေျပာခဲ့ဖူးတာ Taeyeon မွတ္မိသည္
ဒါေပမယ့္ အခုေကာ္ဖီတိုက္ဖို႔ေခၚတဲ့ အိမ္က ေက်ာင္းကိုေတာင္ေက်ာ္သြားၿပီေလ
Tiffanyမွာ အိမ္ႏွစ္အိမ္ရွိတာ ျဖစ္နိုင္တာဘဲလို႔ Taeyeon ေတြးလိုက္သည္
Taeyeon ေဘးနားကေန ကားေမာင္းေနတဲ့ Tiffanyကို ခဏခဏခိုးၾကည့္ေနမိသည္
God..Tiffanyရဲ႕ side profileက အရမ္းလွတာဘဲ...နတ္ဘုရားမေလးတစ္ပါးလိုကို လွေနတာ သက္ရွိတစ္ေယာက္က ဒီေလာက္ထိလွေနတာေတာ့ မျဖစ္နိုင္ဘူးမဟုတ္လား
Tiffanyရဲ႕ အလွမွာ Taeyeon လုံးဝကို နစ္ေျမာေနသည္
#tbc
အၾကာႀကီး ေစာင့္ခိုင္းထားရလို႔ ေတာင္းပန္ပါတယ္ဗ်ာ့🙆
#zawgyi
Bạn đang đọc truyện trên: Truyen3h.Co