Part 17
ကားအင်ဂျင်သံကြောင့် ပတ်ဝန်းကျင်က ဝိုင်းကြည့်မှာကိုလည်း Taeyeon ဂရုမစိုက်တော့ပေ
Stephanieလား ဒါမှမဟုတ် Miss Hwangလား ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးရှိတဲ့ ကျောင်းကနေ Taeyeon အမြန်မောင်းထွက်လာခဲ့တယ်
Miss Hwangကို စွဲလန်းနေတဲ့ သူ့ကိုယ်သူ Taeyeon လက်မခံနိုင်ဘူး ဖြစ်နေသည်
ပြီးတော့ ကြောက်ရွံ့မှုတွေဖြစ်လာတယ်.... အခုလတ်တလော Stephanieနဲ့အတူအိပ်ခဲ့ချိန်က သာယာမှုတွေကို Taeyeon ပြန်ပြီး ခံစားမိနေတယ်လေ
Miss Hwangရဲ့ မျက်လုံးက Stephanieရဲ့ မျက်လုံးတွေလို အညိုရောင်ပြောင်းသွားတာကို Taeyeon မြင်ခဲ့တာက အမြင်မှားတာ မဟုတ်ဘူးလေ ဟုတ်တယ်မလား
အဲ့တာကြောင့်ဘဲ ကျောင်းတုံးက သူ့အပြုအမူတွေက ထူးဆန်းနေတာ သူက Taeyeon ကိုယ်ဝန်ရှိဖို့ စောင့်နေတာလား ဒါမှမဟုတ် ကိုယ်ဝန်ရှိလာဖို့ မျှော်လင့်နေတာလား မသိပေ
"Stephanieဘဲဲ ဖြစ်ရမယ် အဲ့တာကြောင့် သူက ငါ့ကို ကိုယ်ဝန်ရှိမရှိစစ်ဆေးမေးမြန်းနေတာ မဖြစ်နိုင်တာ ငါ ကိုယ်ဝန်မရနိုင်ပါဘူး မရှိပါဘူး "
"မင်း တကယ်ဘဲ ကိုယ်ဝန်ရှိနေတာလား "
Tiffanyရဲ့ အသံက ခြောက်ကပ်နေပေမယ့် ဆွဲဆောင်မှုရှိနေတယ်
"ဘယ်...ဘယ်လို "
Tiffanyရဲ့ မေးခွန်းကြောင့် Taeyeon အရမ်းလန့်သွားတယ်
နေပါအုံး သူက Hyoyeonပြောစကား ယုံနေတာလား
"တို့ မေးတာကိုဖြေစမ်းပါ "
Tiffany မေးရင်း ထပ်ပြီး မျက်လုံးက အညိုရောင်ပြောင်းသွားတာကို Taeyeon မြင်လိုက်ရသည်
စိတ်လှုပ်ရှားလွန်းလို့ ဘောင်းဘီထဲ ရှုးပေါက်ချမိမလိုတောင် ဖြစ်နေသေးသည်
Taeyeon ချက်ချင်းဘဲ အခန်းထဲကနေ ထွက်ပြေးလာခဲ့သည်
Tiffany Hwangလား Stephanieလား မသိရတဲ့ မသဲကွဲတဲ့ အမျိုးသမီးနဲ့ ဝေးရာကို Taeyeon ထွက်ပြေးသွားတယ်
Taeyeon စိတ်ကို လျော့ပြီး မိုတယ်တစ်ခုရှေ့မှာ ရပ်လိုက်သည်
အစကတော့ Hyoyeonရဲ့ အိမ်မှာ အိပ်မလို့ပါဘဲ ဒါပေမယ့် Hyoyeonကို အနှောင့်အယှက်မပေးချင်တာနဲ့ Taeyeon မိုတယ်တစ်ခုဘက် ထွက်လာခဲ့တယ်
မိုတယ်မှာ ခဏနေပြီး ဘာလုပ်ရမလည်း သေချာတွေးတောပြီး အစီအစဥ်ချဖို့ Taeyeon ဆုံးဖြတ်ခဲ့သည်
"ဟူး.....ဒီနေ့ အရမ်းပင်ပန်းတာဘဲ ....ကျေးဇူးပြုပြီး ဒီတစ်ခါတော့ အေးအေးချမ်းချမ်း အိပ်ပါရစေ အဲ့ဒီ အိမ်မက်ကြီး ထပ်မမက်ပါစေနဲ့ please "
Taeyeon မအိပ်ခင် ဆုတောင်းလိုက်တယ် ဘာလို့လည်းဆိုတော့ အခုရက်ပိုင်း သူ Stephanieဆီ ပြန်ရောက်တယ်လို့ဘဲ အိမ်မက်မက်နေလို့လေ အဲ့အိမ်မက်ကြီး Taeyeon ထပ်မမက်ချင်တော့ဘူး
ကံကောင်းတယ်လို့ ပြောရမလားဘဲ Stephanie က အိမ်မက်ထဲ ရောက်မလာဘူး ဒါပေမယ့် အိပ်ရာက နိုးနိုးချင်း Taeyeon ထပ်ပြီး အန်ပြန်သည်
ခဏခဏအန်နေတာက Taeyeonကို မကောင်းတဲ့အတွေးတွေဘက် ပိုပိုရောက်စေနေတာကို Taeyeon တွေးရင်း ကြောက်နေမိတယ်
ပြီးတော့ မနေ့က Tiffanyရဲ့ မျက်လုံးအညိုရောင် ပြောင်းသွားတာကိုလည်း Taeyeon ထပ်တွေးမိတယ်
ဒါပေမယ့် Tiffanyက Stephanie မဟုတ်လောက်ဘူး မဟုတ်လား
အကယ်၍ Tiffanyသာ Stephanieဆိုရင် Taeyeonကို တွေ့တာနဲ့ ချက်ချင်းဖမ်းပြီး အိမ်ထဲ ချုပ်နှောင်ထားမှာ မဟုတ်လား
Stephanie မဟုတ်ဘူးဆိုရင် သူကဘာလို့ Taeyeonကို ကိုယ်ဝန်ရှိလားဆိုပြီး မေးရတာလည်း
Stephanieတော့ မဟုတ်လောက်ပါဘူး သူက ငါ့ကိုအရမ်းစွဲလန်းနေတာလေ တွေ့တာနဲ့ ချက်ချင်းဖမ်းသွားမှာပါ အခု Miss Hwangက အဲ့လိုမဟုတ်ဘူးလေ ဒါပေမယ့် ဘာလို့ စက္ကန့်ပိုင်းအတွင်း မျက်လုံးအရောင်က ပြောင်းရတာလည်း လူတစ်ယောက်အနေနဲ့ ပြောင်းလို့ရမနေဘူးလေ
Taeyeon တွေးလေတွေးလေ ခေါင်းတွေပိုကိုက်လာလေဖြစ်နေသည်
ပြီးတော့ ခဏခဏအန်နေလို့ ကိုယ်ဝန်ရှိနေလားဆိုတဲ့ အတွေးတွေကလည်း Taeyeonကို နှောင့်ယှက်နေသည်
Taeyeonရဲ့ ဘဝမှာ Stephanieနဲ့ဘဲ အိပ်မိတာပါ Tiffanyနဲ့က အိမ်မက်လား တကယ်လားဆိုတာ Taeyeon မသဲကွဲဘူးလေ
ဒါဆိုရင် မိန်းကလေးနှစ်ယောက် အတူအိပ်ရုံနဲ့ ကိုယ်ဝန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား
Stephanieကတော့ နတ်ဘုရားမတွေက ဘာမဆို ဖန်ဆင်းနိုင်စွမ်းရှိတယ်လို့ ပြောတာဘဲ သူ့စကားကိုတော့ Taeyeon ယုံမနေပါဘူးလေ
Taeyeon အတန်းတစ်ရက်လစ်ဖို့ ဆုံးဖြတ်လိုက်တယ်
ဘာလို့လည်းဆိုတော့ Stephanieလား Tiffanyလား မသဲကွဲရသေးတဲ့ အမျိုးသမီးကို မတွေ့ချင်သေးလို့ မျက်နှာချင်း မဆိုင်ချင်သေးလို့ပင်
Taeyeon သူ့အန်ဖက်တွေကို ရှင်းပြီးနောက် သူ့မိဘတွေဆီ စိတ်မပူဖို့ ဖုန်းဆက်လိုက်သည်
ပြီးတော့ Hyoyeonကိုလည်း ဒီနေ့အတန်းတစ်ရက် ပျက်မယ့်အကြောင်း ဖုန်းဆက်ပြောလိုက်သည်
Taeyeon မနက်စာစားပြီးနောက် သူတို့မြို့နဲ့အလှမ်းဝေးတဲ့မြို့တစ်မြို့က ဆေးရုံကို မောင်းသွားလိုက်သည်
ကိုယ်ဝန်ရှိမရှိ စမ်းသပ်ချင်လို့ သူတို့မိသားစုနဲ့ မရင်းနှီး မသိလောက်တဲ့ ဆရာဝန်နဲ့ Taeyeon ပြချင်သည်
ဘာလို့လည်းဆိုတော့ သူကိုယ်ဝန်ရှိနေတာကို သူ့မိသားစု သိသွားမှာကို မလိုလားလို့ပင်
အကယ်၍ ကိုယ်ဝန်သာရှိခဲ့ရင် အဆူခံရမလား မြေတိုက်ထဲ ပိတ်ခံရမလားဆိုတာ Taeyeon မသိပေ
ဆေးရုံကိုရောက်တဲ့အခါမှာတော့ Taeyeon စာရွက်မှာ formဖြည့်နေရသည်
ပြီးတော့ သူဖြစ်နေတာတွေကို အမျိုးသမီးဆရာဝန်နဲ့ သေချာတိုင်ပင်ပြောပြပြီးနောက် ဆေးစစ်ချက်တွေ စတင်ယူလေသည်
ဆေးစစ်ချက် ထွက်မလာခင် Taeyeonမှာ ရုံးခန်းရှေ့တွင် စောင့်ရင်း စိတ်လှုပ်ရှားပြီး ချွေးတွေ ပြန်နေလေသည်
နာရီဝက်လောက်ကြာတော့ ဆရာဝန်မှာ ရုံးခန်းထဲ ဝင်ဖို့ ခေါ်လေသည်
"Congratulationမှာ Miss Kim...ညီမမှာ ကိုယ်ဝန်မရှိပါဘူး "
ဆရာဝန်ရဲ့ စကားကြောင့် Taeyeon အရမ်းပျော်ပြီး ထခုန်မိသည်
တော်ပါသေးတယ် ကိုယ်ဝန်ရှိမှာကို Taeyeon အရမ်းကြောက်နေတာလေ.....
ဆရာဝန်ကို ကျေးဇူးတင်စကားပြောပြီး Taeyeon သီချင်းဆိုညည်းရင်း မိုတယ်ကို ပြန်လာလိုက်သည်
ပြီးနောက် Check out ထွက်ပြီး သူ့အိမ်ကို ပြန်လာခဲ့သည်
Taeyeon သူ့အိမ်နားရောက်လာချိန် သူ့အကိုဆီက ဖုန်းလာလို့ Taeyeon ဖုန်းကိုင်လိုက်သည်
"Hello "
"Taeyeon မင်း ဘယ်မှာလည်း "
"ဘာလို့ မေးတာလည်း "
"ဘာလို့မေးတာလည်း လုပ်မနေနဲ့ အခု အိမ်မှာ အမေတို့နဲ့ စကားပြောနေတာ ဘယ်သူဖြစ်မလည်း ခန့်မှန်းကြည့် "
"ဘယ်သူရောက်နေတာလည်း "
"မင်းရဲ့ ပရော်ဖက်ဆာ Tiffany Hwang တဲ့ "
Taeyeonမှာ သူ့အကိုရဲ့ စကားကြောင့် ဘရိတ်ဆောင့်အုပ်မိသွားတယ်
ဘာလို့ Tiffanyက သူ့အိမ်ရောက်လာတာလည်း?
#tbc
#zawgyi
ကားအင္ဂ်င္သံေၾကာင့္ ပတ္ဝန္းက်င္က ဝိုင္းၾကည့္မွာကိုလည္း Taeyeon ဂ႐ုမစိုက္ေတာ့ေပ
Stephanieလား ဒါမွမဟုတ္ Miss Hwangလား ဘယ္သူမွန္းမသိတဲ့ အမ်ိဳးသမီးရွိတဲ့ ေက်ာင္းကေန Taeyeon အျမန္ေမာင္းထြက္လာခဲ့တယ္
Miss Hwangကို စြဲလန္းေနတဲ့ သူ႕ကိုယ္သူ Taeyeon လက္မခံနိုင္ဘူး ျဖစ္ေနသည္
ၿပီးေတာ့ ေၾကာက္႐ြံ႕မႈေတြျဖစ္လာတယ္.... အခုလတ္တေလာ Stephanieနဲ႕အတူအိပ္ခဲ့ခ်ိန္က သာယာမႈေတြကို Taeyeon ျပန္ၿပီး ခံစားမိေနတယ္ေလ
Miss Hwangရဲ႕ မ်က္လုံးက Stephanieရဲ႕ မ်က္လုံးေတြလို အညိုေရာင္ေျပာင္းသြားတာကို Taeyeon ျမင္ခဲ့တာက အျမင္မွားတာ မဟုတ္ဘူးေလ ဟုတ္တယ္မလား
အဲ့တာေၾကာင့္ဘဲ ေက်ာင္းတုံးက သူ႕အျပဳအမူေတြက ထူးဆန္းေနတာ သူက Taeyeon ကိုယ္ဝန္ရွိဖို႔ ေစာင့္ေနတာလား ဒါမွမဟုတ္ ကိုယ္ဝန္ရွိလာဖို႔ ေမွ်ာ္လင့္ေနတာလား မသိေပ
"Stephanieဘဲဲ ျဖစ္ရမယ္ အဲ့တာေၾကာင့္ သူက ငါ့ကို ကိုယ္ဝန္ရွိမရွိစစ္ေဆးေမးျမန္းေနတာ မျဖစ္နိုင္တာ ငါ ကိုယ္ဝန္မရနိုင္ပါဘူး မရွိပါဘူး "
"မင္း တကယ္ဘဲ ကိုယ္ဝန္ရွိေနတာလား "
Tiffanyရဲ႕ အသံက ေျခာက္ကပ္ေနေပမယ့္ ဆြဲေဆာင္မႈရွိေနတယ္
"ဘယ္...ဘယ္လို "
Tiffanyရဲ႕ ေမးခြန္းေၾကာင့္ Taeyeon အရမ္းလန့္သြားတယ္
ေနပါအုံး သူက Hyoyeonေျပာစကား ယုံေနတာလား
"တို႔ ေမးတာကိုေျဖစမ္းပါ "
Tiffany ေမးရင္း ထပ္ၿပီး မ်က္လုံးက အညိုေရာင္ေျပာင္းသြားတာကို Taeyeon ျမင္လိုက္ရသည္
စိတ္လႈပ္ရွားလြန္းလို႔ ေဘာင္းဘီထဲ ရႈးေပါက္ခ်မိမလိုေတာင္ ျဖစ္ေနေသးသည္
Taeyeon ခ်က္ခ်င္းဘဲ အခန္းထဲကေန ထြက္ေျပးလာခဲ့သည္
Tiffany Hwangလား Stephanieလား မသိရတဲ့ မသဲကြဲတဲ့ အမ်ိဳးသမီးနဲ႕ ေဝးရာကို Taeyeon ထြက္ေျပးသြားတယ္
Taeyeon စိတ္ကို ေလ်ာ့ၿပီး မိုတယ္တစ္ခုေရွ႕မွာ ရပ္လိုက္သည္
အစကေတာ့ Hyoyeonရဲ႕ အိမ္မွာ အိပ္မလို႔ပါဘဲ ဒါေပမယ့္ Hyoyeonကို အႏွောင့္အယွက္မေပးခ်င္တာနဲ႕ Taeyeon မိုတယ္တစ္ခုဘက္ ထြက္လာခဲ့တယ္
မိုတယ္မွာ ခဏေနၿပီး ဘာလုပ္ရမလည္း ေသခ်ာေတြးေတာၿပီး အစီအစဥ္ခ်ဖိဳ႕ Taeyeon ဆုံးျဖတ္ခဲ့သည္
"ဟူး.....ဒီေန႕ အရမ္းပင္ပန္းတာဘဲ ....ေက်းဇူးျပဳၿပီး ဒီတစ္ခါေတာ့ ေအးေအးခ်မ္းခ်မ္း အိပ္ပါရေစ အဲ့ဒီ အိမ္မက္ႀကီး ထပ္မမက္ပါေစနဲ႕ please "
Taeyeon မအိပ္ခင္ ဆုေတာင္းလိုက္တယ္ ဘာလို႔လည္းဆိုေတာ့ အခုရက္ပိုင္း သူ Stephanieဆီ ျပန္ေရာက္တယ္လို႔ဘဲ အိမ္မက္မက္ေနလို႔ေလ အဲ့အိမ္မက္ႀကီး Taeyeon ထပ္မမက္ခ်င္ေတာ့ဘူး
ကံေကာင္းတယ္လို႔ ေျပာရမလားဘဲ Stephanie က အိမ္မက္ထဲ ေရာက္မလာဘူး ဒါေပမယ့္ အိပ္ရာက နိုးနိုးခ်င္း Taeyeon ထပ္ၿပီး အန္ျပန္သည္
ခဏခဏအန္ေနတာက Taeyeonကို မေကာင္းတဲ့အေတြးေတြဘက္ ပိုပိုေရာက္ေစေနတာကို Taeyeon ေတြးရင္း ေၾကာက္ေနမိတယ္
ၿပီးေတာ့ မေန႕က Tiffanyရဲ႕ မ်က္လုံးအညိုေရာင္ ေျပာင္းသြားတာကိုလည္း Taeyeon ထပ္ေတြးမိတယ္
ဒါေပမယ့္ Tiffanyက Stephanie မဟုတ္ေလာက္ဘူး မဟုတ္လား
အကယ္၍ Tiffanyသာ Stephanieဆိုရင္ Taeyeonကို ေတြ႕တာနဲ႕ ခ်က္ခ်င္းဖမ္းၿပီး အိမ္ထဲ ခ်ဳပ္ႏွောင္ထားမွာ မဟုတ္လား
Stephanie မဟုတ္ဘူးဆိုရင္ သူကဘာလို႔ Taeyeonကို ကိုယ္ဝန္ရွိလားဆိုၿပီး ေမးရတာလည္း
Stephanieေတာ့ မဟုတ္ေလာက္ပါဘူး သူက ငါ့ကိုအရမ္းစြဲလန္းေနတာေလ ေတြ႕တာနဲ႕ ခ်က္ခ်င္းဖမ္းသြားမွာပါ အခု Miss Hwangက အဲ့လိုမဟုတ္ဘူးေလ ဒါေပမယ့္ ဘာလို႔ စကၠန့္ပိုင္းအတြင္း မ်က္လုံးအေရာင္က ေျပာင္းရတာလည္း လူတစ္ေယာက္အေနနဲ႕ ေျပာင္းလို႔ရမေနဘူးေလ
Taeyeon ေတြးေလေတြးေလ ေခါင္းေတြပိုကိုက္လာေလျဖစ္ေနသည္
ၿပီးေတာ့ ခဏခဏအန္ေနလို႔ ကိုယ္ဝန္ရွိေနလားဆိုတဲ့ အေတြးေတြကလည္း Taeyeonကို ႏွောင့္ယွက္ေနသည္
Taeyeonရဲ႕ ဘဝမွာ Stephanieနဲ႕ဘဲ အိပ္မိတာပါ Tiffanyနဲ႕က အိမ္မက္လား တကယ္လားဆိုတာ Taeyeon မသဲကြဲဘူးေလ
ဒါဆိုရင္ မိန္းကေလးႏွစ္ေယာက္ အတူအိပ္႐ုံနဲ႕ ကိုယ္ဝန္ရဖို႔ဆိုတာ မျဖစ္နိုင္ဘူး မဟုတ္လား
Stephanieကေတာ့ နတ္ဘုရားမေတြက ဘာမဆို ဖန္ဆင္းနိုင္စြမ္းရွိတယ္လို႔ ေျပာတာဘဲ သူ႕စကားကိုေတာ့ Taeyeon ယုံမေနပါဘူးေလ
Taeyeon အတန္းတစ္ရက္လစ္ဖို႔ ဆုံးျဖတ္လိုက္တယ္
ဘာလို႔လည္းဆိုေတာ့ Stephanieလား Tiffanyလား မသဲကြဲရေသးတဲ့ အမ်ိဳးသမီးကို မေတြ႕ခ်င္ေသးလို႔ မ်က္ႏွာခ်င္း မဆိုင္ခ်င္ေသးလို႔ပင္
Taeyeon သူ႕အန္ဖက္ေတြကို ရွင္းၿပီးေနာက္ သူ႕မိဘေတြဆီ စိတ္မပူဖို႔ ဖုန္းဆက္လိုက္သည္
ၿပီးေတာ့ Hyoyeonကိုလည္း ဒီေန႕အတန္းတစ္ရက္ ပ်က္မယ့္အေၾကာင္း ဖုန္းဆက္ေျပာလိုက္သည္
Taeyeon မနက္စာစားၿပီးေနာက္ သူတို႔ၿမိဳ႕နဲ႕အလွမ္းေဝးတဲ့ၿမိဳ႕တစ္ၿမိဳ႕က ေဆး႐ုံကို ေမာင္းသြားလိုက္သည္
ကိုယ္ဝန္ရွိမရွိ စမ္းသပ္ခ်င္လို႔ သူတို႔မိသားစုနဲ႕ မရင္းႏွီး မသိေလာက္တဲ့ ဆရာဝန္နဲ႕ Taeyeon ျပခ်င္သည္
ဘာလို႔လည္းဆိုေတာ့ သူကိုယ္ဝန္ရွိေနတာကို သူ႕မိသားစု သိသြားမွာကို မလိုလားလို႔ပင္
အကယ္၍ ကိုယ္ဝန္သာရွိခဲ့ရင္ အဆူခံရမလား ေျမတိုက္ထဲ ပိတ္ခံရမလားဆိုတာ Taeyeon မသိေပ
ေဆး႐ုံကိုေရာက္တဲ့အခါမွာေတာ့ Taeyeon စာ႐ြက္မွာ formျဖည့္ေနရသည္
ၿပီးေတာ့ သူျဖစ္ေနတာေတြကို အမ်ိဳးသမီးဆရာဝန္နဲ႕ ေသခ်ာတိုင္ပင္ေျပာျပၿပီးေနာက္ ေဆးစစ္ခ်က္ေတြ စတင္ယူေလသည္
ေဆးစစ္ခ်က္ ထြက္မလာခင္ Taeyeonမွာ ႐ုံးခန္းေရွ႕တြင္ ေစာင့္ရင္း စိတ္လႈပ္ရွားၿပီး ေခြၽးေတြ ျပန္ေနေလသည္
နာရီဝက္ေလာက္ၾကာေတာ့ ဆရာဝန္မွာ ႐ုံးခန္းထဲ ဝင္ဖို႔ ေခၚေလသည္
"Congratulationမွာ Miss Kim...ညီမမွာ ကိုယ္ဝန္မရွိပါဘူး "
ဆရာဝန္ရဲ႕ စကားေၾကာင့္ Taeyeon အရမ္းေပ်ာ္ၿပီး ထခုန္မိသည္
ေတာ္ပါေသးတယ္ ကိုယ္ဝန္ရွိမွာကို Taeyeon အရမ္းေၾကာက္ေနတာေလ.....
ဆရာဝန္ကို ေက်းဇူးတင္စကားေျပာၿပီး Taeyeon သီခ်င္းဆိုညည္းရင္း မိုတယ္ကို ျပန္လာလိုက္သည္
ၿပီးေနာက္ Check out ထြက္ၿပီး သူ႕အိမ္ကို ျပန္လာခဲ့သည္
Taeyeon သူ႕အိမ္နားေရာက္လာခ်ိန္ သူ႕အကိုဆီက ဖုန္းလာလို႔ Taeyeon ဖုန္းကိုင္လိုက္သည္
"Hello "
"Taeyeon မင္း ဘယ္မွာလည္း "
"ဘာလို႔ ေမးတာလည္း "
"ဘာလို႔ေမးတာလည္း လုပ္မေနနဲ႕ အခု အိမ္မွာ အေမတို႔နဲ႕ စကားေျပာေနတာ ဘယ္သူျဖစ္မလည္း ခန့္မွန္းၾကည့္ "
"ဘယ္သူေရာက္ေနတာလည္း "
"မင္းရဲ႕ ပေရာ္ဖက္ဆာ Tiffany Hwang တဲ့ "
Taeyeonမွာ သူ႕အကိုရဲ႕ စကားေၾကာင့္ ဘရိတ္ေဆာင့္အုပ္မိသြားတယ္
ဘာလို႔ Tiffanyက သူ႕အိမ္ေရာက္လာတာလည္း?
#tbc
Bạn đang đọc truyện trên: Truyen3h.Co