Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 18

KimFany059

Taeyeon သူ့အိမ်တံခါးကို ဖွင့်ချိန် ဆေးရုံမှာ ဆရာဝန်က Taeyeonကို ကိုယ်ဝန်စမ်းသပ်ချက် ပြောမယ့်အချိန်တုံးကလို ရင်တွေခုန်ပြီး စိတ်လှုပ်ရှားနေမိသည်

အိမ်ထဲကို ရောက်တော့ Taeyeonရဲ့ အမေနဲ့ Tiffanyမှာ မိတ်ဆွေဟောင်းတွေလို စကားလက်ဆုံကြနေကြလေရဲ့

"Oh ငါတို့ရဲ့ Taengooလေး ပြန်လာပြီဘဲ "

Mrs.Kimက ပြောပြီး ထရပ်ကာ Taeyeonဆီ လျှောက်လာသည်

နေပါအုံး Ommaက ဘာလို့ ငါ့ကို Taengooလို့ Miss Hwangရှေ့မှာ ခေါ်ရတာလည်း ရှက်စရာကြီး

Tiffanyကို Taeyeon မသိမသာ ခိုးကြည့်လိုက်တော့ Tiffanyမှာ အရင်ကလိုမဟုတ်ဘဲ တစ်မျိုးထူးခြားနေသလို ခံစားရသည်

Mrs.Kimက Taeyeonရဲ့ ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်တော့ Tiffanyမှာ Kim သားအမိကို ကြည့်ရင်း တခစ်ခစ်ရယ်လေသည်

"ဘယ်တွေ လျှောက်သွားနေတာလည်း ကလေးလေးရဲ့ တကယ်ပါဘဲ သမီးရဲ့အဖေက ဒီကားကို ဝယ်မပေးသင့်တာ ခုတော့ Taengooလေး အရမ်းလမ်းတွေများနေတယ် "

"Ommaကလည်း "

Taeyeon နောက်ကို ဆုတ်ပြီး သူ့အမေကို နှုတ်ခမ်းထော်ကာ ပြန်ပြောလိုက်သည်

"Miss Hwangက သမီးကို စိတ်ပူလို့ အိမ်ထိတောင်လိုက်လာနေတာ အဆင်ပြေရဲ့လားဆိုပြီး လာမေးတာတဲ့ အားနာလိုက်တာ Miss Hwangရယ် ဒီကလေးက တကယ်ကို "

"ရပါတယ် Mrs.Kimရယ် သူ့ကို အခုတွေ့လိုက်ရလို့  ကျွန်မ စိတ်သက်သာရာရသွားတယ်လေ အစက သူတစ်ခုခုများ ဖြစ်နေလားဆိုပြီး စိတ်ပူနေတာရယ် "

Tiffanyက eyesmileလေးပေါ်အောင်ပြုံးပြီး ထရပ်သည် ပြီးတော့ ပြန်တော့မလို အသင့်ဖြစ်နေလို့ Taeyeon မျက်မှောင်ကြုတ်မိသွားတယ်

"အယ် ပြန်တော့မလို့လား Miss Hwang ညစာစားသွားပါအုံးလား "

Taeyeonမှာ သူ့အမေရဲ့ ပျူငှာမှုတွေကြောင့် အံ့သြမိသွားတယ် သူ့အမေက တစ်ခါမှ ဒီလောက်ထိ မဖော်ရွေဖူးဘူးလေ

"ရပါတယ် Mrs.Kimရယ် "

"မရပါဘူး မစားတော့ဘူးဆိုတဲ့ စကားမကြားချင်ဘူးနော် ကျွန်မ ခုဘဲ ညစာပြင်လိုက်မယ် Taengoo သမီးရဲ့ ပရော်ဖက်ဆာနဲ့ စကားပြောနေလိုက်အုံး "

Mrs.Kimမှာ သူ့သမီး တုံ့ပြန်မှုကိုတောင် မစောင့်ဘဲ မီးဖိုခန်းထဲ ဝင်သွားလေသည်

ဧည့်ခန်းထဲမှာတော့ Taeyeonနဲ့Tiffany နှစ်ယောက်တည်းသာ ကျန်ခဲ့သည်

"Taeyeon မင်းအမေပြောသွားတာ ကြားတယ် မဟုတ်လား ဒီမှာနေပေး မင်းနဲ့ တို့ စကားပြောစရာရှိတယ် "

Tiffanyမှာ Taeyeonကို မေးငေါ့ပြပြီး ထိုင်ခုံတွင် ထိုင်ခိုင်းသည်

မသိရင် Taeyeonက သူ့အိမ်ကို အလည်လာတဲ့ ဧည့်သည်လို Tiffanyက ဆက်ဆံနေလေရဲ့

Taeyeonမှာ Tiffanyကြောင့် ရင်တွေ တဒိတ်ဒိတ်ခုန်လာတယ်

"အာ ဟုတ် "

"ကျောင်းမှာ ပြဿနာတစ်ခုခုရှိနေတာလား စာမလိုက်နိုင်တာတွေရှိလို့လား "

Tiffanyကို ကြည့်ရတာ Taeyeonကို တော်တော်လေး စိတ်ပူနေတဲ့ပုံပေါ်နေသည်

Taeyeonမှာ ဘာပြောရမှန်းမသိဖြစ်နေလို့ Tiffanyကို ဒီအတိုင်းသာ စိုက်ကြည့်နေမိတယ်

Tiffanyကလည်း မျက်တောင်မခတ်ဘဲဲ ပြန်စိုက်ကြည့်နေလေရဲ့

ဒီလိုအကြည့်ချင်း စုံနေချိန် Miss Hwang  မျက်လုံးက အရောင်ထပ်ပြောင်းသွားရင် ဘယ်လိုလုပ်မလည်း

"Taeyeon အဆင်ပြေရဲ့လား "

Tiffanyက သူ့မျက်နှာကို ရုတ်တရက် လာကိုင်လို့ Taeyeon ဝုန်းခနဲ ထရပ်လိုက်သည်

"အာ...တောင်းပန်ပါတယ် "

Tiffanyကို မကြည့်ဘဲ Taeyeon ပြောလိုက်သည်

အာ ငါ ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလည်း

"ညစာ ရပါပြီ "

Mrs.Kimရဲ့ စကားကြောင့် Taeyeon စိတ်သက်သာရာရသွားတယ် မဟုတ်ရင် ဒီလို သက်တောင့်သက်သာ မဖြစ်စေတဲ့ အခြေအနေကနေ Taeyeon ဘယ်လိုရုန်းထွက်ရမလည်း မသိဘူးလေ

"ဟုတ် Omma chaw အဝတ်အစားသွားလဲလိုက်အုံးမယ် "

"ဟုတ်ပြီ မြန်မြန်သွားလဲနော် Miss Hwangက စောင့်မနေရစေနဲ့ "

Taeyeonမှာ Tiffanyကို ပြုံးပြနေတဲ့ သူ့အမေကို လေ့လာအကဲခတ်နေတယ်

Miss Hwangက ဘယ်လိုလုပ်ပြီး အမေ့ကို အဲ့လိုဖြစ်အောင်လုပ်နိုင်တာလည်း အမေက လူတစ်ယောက်ကို တော်ရုံနဲ့လွယ်လွယ်ခင်မင်တတ်တဲ့သူ မဟုတ်ပါဘူး အမေနဲ့ ရင်းနှီးဖို့ဆို တစ်ပတ်လောက် အချိန်ယူရတာလေ အခုကျ....

Taeyeon ညစာစားရင်း သူ့အမေနဲ့ Tiffanyကို အကဲခတ်နေတယ်

သူ့အမေက သူ့ဘေးနားမှာ ထိုင်ပြီး Tiffanyက သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတာလေ

Tiffanyနဲ့စကားပြောရင်း ရယ်မောနေတဲ့ သူ့အမေကို ကြည့်ရင်း Taeyeon သံသယစိတ်တွေတောင် ဝင်လာတယ်

ဆရာဝန်နဲ့တွေ့ပြီးရင် ပြဿနာတွေပြီးသွားမယ်ထင်နေတာ ထပ်ပြီးတောင် တွေးစရာတွေ တိုးလာပြီဘဲ

အန်မိတဲ့အချိန်တုံးကလည်း Miss Hwang မျက်လုံးအရောင်ပြောင်းသွားသေးတယ်လေ Stephanieလို အရောင်လေး

ပြီးတော့ Miss Hwangရဲ့ အိမ်မှာ အိပ်ခဲ့တုံးက မက်ခဲ့တဲ့ အိမ်မက်ကလည်း အိမ်မက်နဲ့ မတူဘူး အိမ်မက်မဖြစ်နိုင်လောက်ဘူး

ဘာလို့လည်းဆိုတော့ ငါ့အတွက် Wet dreamက အဲ့လောက်ထိ အစစ်အမှန်တစ်ခုလို မခံစားရဘူးလေ

ပြီးတော့ ငါ့ကို ကိုယ်ဝန်ရှိနေလားလို့ Miss Hwangက မေးခဲ့သေးတယ် မဟုတ်လား

"Miss Hwangပြောတာ အမှန်​ဘဲလား Taengoo"

Taeyeonမှာ သူ့အမေရဲ့ စကားကြောင့် အတွေးလွန်ရာက အသိစိတ်ပြန်ဝင်လာသည်

"ဘာကိုလည်း Omma "

"သမီး အရင်နေ့တွေက ကျောင်းမှာ ခဏခဏအန်ခဲ့တယ်လို့ Miss Hwangက ပြောတယ် Ommaကို ဘာလို့မပြောပြတာလည်း "

Mrs.Kimရဲ့ စကားကြောင့် Taeyeon မျက်လုံးပြူးသွားတယ်

"ဟုတ်ပါ့ သူကိုယ်ဝန်ရှိနေတာများလားလို့ တွေးမိသွားသေးတယ် "

"အာ ဘာမှမဖြစ်ပါဘူး ရင်ပြည့်တာပါ Omma "

တကယ်ပါဘဲ Miss Hwangက Ommaကို ဘာတွေလျှောက်ပြောနေတာလည်း

"နောက်တစ်ခါကျရင် တစ်ခုခုဖြစ်တဲ့အခါ Ommaဆီ စာပို့နော် "

"ကျောင်းမှာ အဆင်မပြေတာရှိရင်လည်း တို့ကိုပြောနော် ကလေးမ "

Tiffanyကပါ ဝင်ပြောပြီးနောက် Mrs.Kimကို ပြုံးပြပြီး ညစာဆက်စားသည်

နောက်တစ်နေ့ Taeyeon ကျောင်းကိုသွားတော့ သူ့ကို စပ်ဖြီးဖြီးနဲ့ ပြုံးပြနေတဲ့ Hyoyeonကို တွေ့ရသည်

သေချာတယ် Miss Hwangကို ငါ့အိမ်လိပ်စာပြောပြလိုက်တာ ဒင်းဘဲဲ ဖြစ်ရမယ်

"အဆင်ပြေလား Taeyeon "

"နင်မဟုတ်လား ချီးထုတ်မ ဘာလို့ ငါ့အိမ်လိပ်စာပေးလိုက်ရတာလဲ "

"မဟုတ်လည်း သူက ကျောင်းကfileတွေထဲ သွားရှာတော့မှာကို သူအလုပ်မရှုပ်အောင် ပေးလိုက်တာ ဘာဖြစ်လို့လဲ "

"တကယ်ပါဘဲ "

"ဘယ်လိုလည်း နင့်အမေက Miss Hwangကို ချွေးမအဖြစ် အသိအမှတ်ပြုလား "

"ချီးဘဲ ဘာတွေလျှောက်မေးနေတာလည်း "

Taeyeonကပြောပြီး Hyoyeonကို ရိုက်လိုက်တော့ Hyoyeonကရယ်တယ်

ထိုစဥ် ကျောင်းဟောပြောပွဲခန်းမက အသိပေးချက်အသံကြောင့် Hyoyeonမှာ Taeyeonရဲ့ လက်ကို ဆွဲလိုက်သည်

'လာ သွားကြစို့ လှေကားကနေ သွားကြမယ် "

"ဓာတ်လှေကားရှိနေတာဘဲ ဓာတ်လှေကားစီးလေ "

"မစီးချင်ဘူး လူပေါင်းစုံစီးနေတာ ချွေးနံ့တွေနဲ့ နံတယ် မခံနိုင်ဘူး Taeyeon "

Hyoyeonကပြောပြီး Taeyeonရဲ့ လက်ကိုဆွဲကာ လှေကားဘက်ကိုသွားသည်

ထိုစဥ် ဓာတ်လှေကားရှေ့ Tiffanyနဲ့ကျောင်းသူတစ်ချို့ ရပ်နေတာတွေ့တော့ Hyoyeon ​​​ခြေလှမ်းတွေ ရပ်သွားတယ်

"ဓာတ်လှေကားဘဲ စီးကြတာပေါ့ ဟီးဟီး "

အောင်သွယ်တော် Hyoyeonအကြံကို Taeyeonသိလို့ ဘာမှမပြောဘဲ ခေါင်းသာခါယမ်းမိသည်

ဓာတ်လှေကား ပွင့်လာတော့ Tiffanyနဲ့အတူ ကျောင်းသူတစ်ချို့ အထဲဝင်သွားတော့ Hyoyeonက Taeyeonကို ဓာတ်လှေကားထဲ တွန်းထည့်သည်

"လူပြည့်နေလို့ ငါလှေကားကနေ လိုက်ခဲ့မယ်နော် "

Taeyeon လှမ်းပြီး ရန်လုပ်မလို့ရှိသေး ဓာတ်လှေကားတံခါးက ပိတ်ပြီး အပေါ်ထပ်ကို တက်လာသည်

ပြီးတော့ အနောက်ထဲမှာရှိနေတဲ့ Tiffanyက ဘယ်လိုလုပ်ပြီး သူ့ဘေးနားရောက်လာလည်း Taeyeonမသိ

Tiffanyက ဒီနေ့ နှစ်လက်မဒေါက်ကို စီးထားလို့ Taeyeonထက် အရပ်ကတော်တော်လေးရှည်နေသည်

Taeyeonမှာ အသက်ကိုမရှူရဲပေ ဘာလို့လည်းဆိုတော့ Tiffanyရဲ့ ရင်ဘတ်နဲ့ သူ့မျက်နှာက နီးကပ်နေလို့ပင်

"Taeyeon အဆင်ပြေရဲ့လား "

ဓာတ်လှေကားထဲ ကျောက်ရုပ်လိုဖြစ်နေတဲ့ Taeyeonကို Tiffany မေးလိုက်သည်

Taeyeonမှာ ဘာမှပြန်မပြော​ဘဲ ဓာတ်လှေကားလည်း ပွင့်ရော နီးစပ်ရာ သန့်စင်ခန်းကို အမြန်ပြေးလေသည်

သန့်စင်ခန်းထဲက ဘေစင်တွင် Taeyeon ရေဖွင့်ပြီး မျက်နှာသစ်လိုက်သည်

မဟုတ်ဘူး ငါ Miss Hwangအပေါ် တဏှာစိတ်တွေနဲ့.... အဲ့လိုမတွေးရဘူး Taeyeon သူ့အကြောင်းတွေးနေတာ ရပ်လိုက်တော့

Taeyeonမှာ ဓာတ်လှေကားထဲကတည်းက Tiffanyကို နမ်းချင်တဲ့စိတ်တွေထိန်းထားနေရတာ ဘယ်လိုဖြစ်ပြီး အဲ့လိုပေါက်ကရစိတ်တွေဝင်လာတယ်မသိပါ Tiffanyက သူနဲ့အရမ်းနီးကပ်နေလို့လား

"Taeyeon အဆင်ပြေရဲ့လား "

Gosh Miss Hwangက ဘာလို့ ငါ့နောက်ကို လိုက်လာတာလည်း မလာနဲ့ မလာပါနဲ့လား

သန့်စင်ခန်းထဲ ဝင်လာတဲ့ Tiffanyရဲ့ လက်ကို Taeyeon ဆောင့်ဆွဲပြီး နံရံဘက်ကို တွန်းလိုက်သည်

ပြီးတော့ Taeyeon ခြေဖျားထောက်ပြီး သူ့အပြုအမူကြောင့် အံ့သြနေတဲ့ Tiffanyရဲ့ မျက်နှာအနား တစ်ဖြည်းဖြည်း တိုးကပ်လာသည်

#tbc

#zawgyi









"Ommaကလည်း "







"ရပါတယ် Mrs.Kimရယ် "








"အာ ဟုတ် "




Tiffanyကလည်း မျက်တောင်မခတ်ဘဲ ပြန်စိုက်ကြည့်နေလေရဲ့




"အာ...တောင်းပန်ပါတယ် "



"ညစာ ရပါပြီ "
















"ဘာကိုလည်း Omma "










သေချာတယ် Miss Hwangကို ငါ့အိမ်လိပ်စာပြောပြလိုက်တာ ဒင်းဘဲ ဖြစ်ရမယ်

"အဆင်ပြေလား Taeyeon "



"တကယ်ပါဘဲ "




























#tbc

Bạn đang đọc truyện trên: Truyen3h.Co