Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 26

KimFany059


တို့ဆီကနေ ပုန်းလို့ရမယ်ထင်နေတာလား

မင်းကို တို့ ရှာမတွေ့နိုင်ဘူးလို့များ ထင်နေတာလား

Taeyeon မင်းကတော့ မင်းရဲ့ energyတွေကို ဖြုန်းတီးနေတာဘဲကွာ

မင်း ဘယ်နေရာကို ရောက်ရောက် တို့ မင်းကို ရှာနိုင်ပါတယ်ကွယ် ဘာလို့လဲဆိုတော့ တို့နှစ်​ယောက်က တစ်ယောက်ကိုတစ်ယောက် ချိတ်ဆက်ထားတာလေ

တို့နှစ်ယောက်မှာ ကလေးလေးရှိနေပြီလေ မင်းကို တို့ ထပ်ပြီး ထွက်ပြေးခွင့်မပေးနိုင်ဘူး

ဒီကစားပွဲကို ဆက်ကစားချင်ရင်တော့ မင်း လုံအောင်ပုန်းနေမှ ဖြစ်မယ်နော် မင်း ခဏခဏထွက်ပြေးလေ တို့က မင်းအနောက်ကို သေအောင်လိုက်ပြီး မင်းကို အပြစ်ပေးဖို့ စီစဥ်ရတော့မယ်

Taeyeon မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကို ပြုံးပြီး ကြည့်နေတဲ့ Stephanieကို တွေ့ရသည်

Taeyeon ရုန်းကန်ကြည့်ပေမယ့် မရ သံကြိုးချိန်းကြိုးအသံတွေသာ ကြားရသ​ည်

ထပ်ပြီး အဖမ်းခံရပြန်ပြီ

ထွက်ပြေးတာ အလုပ်မဖြစ်မှန်း သိရက်နဲ့ ခဏခဏထွက်ပြေးနေမိတယ် နောက်ဆုံးကျ အမြဲ ဒီလိုဖမ်းခံနေရတာ မဟုတ်သေးပါဘူး

"တို့ မင်းကို သတိပေးပြီးသားနော် Taeyeon"

"အာ ဟိုလေ Chawက "

"ဘာလည်း တို့ကို တစ်ခုခုပြောချင်နေလို့လား "

Stephanie ကပြောပြီး သူ့ရဲ့သွယ်လျလှပတဲ့ လက်ချောင်းလေးတွေနဲ့ Taeyeon လည်ပင်းကို ထိတွေ့လိုက်တယ်

"Stephanie အဟွတ်..."

Stephanieက Taeyeonရဲ့ လည်ပင်းကို လက်နဲ့ဖွဖွလေး ညှစ်နေသည်

"တို့ဆီကနေ ဘာလို့ အမြဲထွက်ပြေးချင်ရတာလဲ "

Stephanie အသံက ပိုပြီး သြသြကြီး ဖြစ်လာတယ်

ကြည့်ရတာ Taeyeonကို မအော်မိအောင် ထိန်းနေတာ ဖြစ်မယ်​ ထင်ပါရဲ့

"Chaw...Chaw တောင်းပန်ပါတယ် "

"တောင်းပန်တယ် ဟုတ်လား တို့ဆီက ထွက်မပြေးခင် မင်း တစ်ခါလေးတောင် စဥ်းစားဖူးလား တွေးပေးဖူးလား Taeyeon "

Stephanie အံကြိတ်ပြောပြီး Taeyeonရဲ့ လည်ပင်းကို ထပ်ညှစ်သ​ည်

"Step...အဟွတ် အဟွတ် "

"မင်းက တို့အပိုင်ဘဲ Kim Taeyeon တို့တစ်ယောက်တည်း မင်းကို ပိုင်တာ "

မနေ့ညက ဖြစ်ခဲ့တဲ့အကြောင်းတွေ ပြန်တွေးမိပြီး အဲ့လိုမျိုး ထပ်မဖြစ်ဖို့ Taeyeon ဆုတောင်းနေမိတယ်

ဘာလို့လဲဆိုတော့ မနေ့ညက Stephanieက အရမ်းကြောက်ဖို့ကောင်းတယ်လေ

Taeyeonကိုတောင် လည်ပင်းညှစ်ပြီး သတ်မိမလို ဖြစ်သွားသေးတယ်

Taeyeon တွေးရင်း သူ့ဘေးက ဖြတ်သွားဖြတ်လာ လူတွေကို ပြုံးပြလိုက်သ​ည်

Stephanie ရဲ့ အခန်းထဲက ထွက်လာပြီးနောက် ဒီလိုမျိုး လူစည်ကားတဲ့နေရာကို Taeyeon ပထမဆုံး တွေ့ဖူးတာဘဲ

သူ့ရဲ့မြို့လေးလည်း မဟုတ်တော့ Taeyeon ဘယ်ကိုရောက်နေလဲဆိုတာ တွေးနေရသည်

အခုမြင်နေရတဲ့ မြင်ကွင်းတွေ နေရာတွေကိုလည်း Taeyeon မရင်းနှီးဘူးလေ မသိဘူးလေ

ပုံစံကြည့်ရတာတော့ Taeyeon ဖတ်ဖူးတဲ့ ဂရိစာအုပ်ထဲက နေရာနဲ့တူသည်

နေပါအုံး Stephanie က သူဟာ Aphroditeရဲ့ သမီးဆိုတာ တစ်ခါပြောဖူးသလားလို့

ဒီတော့ ဒီနေရာဟာ Athens များလား Wow ရူးချင်စရာဘဲ

ဟုတ်သားဘဲ ဒီနေရာမှာရှိတဲ့ ဖြတ်သွားဖြတ်လာလူတွေ ဝတ်ထားတဲ့အဝတ်အစားတွေက ဂရိလူမျိုးတွေ ဝတ်ထားတဲ့ အဝတ်အစားနဲ့တူနေတာဘဲ

ဒုက္ခဘဲ ဘာမှလိုက်မမှီတော့ဘူး နေပါအုံး ဂရိလူမျိုးတွေကြား ငါက ဘာလို့ ရေချိုးဝတ်စုံကြီး ဝတ်ထားတာလဲဟ

"Hi... "

Taeyeon သူ့ကိုနှုတ်ဆက်တဲ့အသံကြားလို့ လှည့်ကြည့်တော့ ကောင်မလေးလှလှလေးတစ်ယောက်က သူ့ကိုပြုံးပြနေတာကို တွေ့ရသည်

ကောင်မလေးမှာ ချောလွန်းလို့ Taeyeon ချက်ချင်းတောင် မနှုတ်ဆက်နိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်နေရသေးတယ်

"Hey ရှင် အဆင်ပြေရဲ့လား "

Taeyeon ​ဖြေမလို့ရှိသေး Stephanie က ရောက်လာပြီး Taeyeonရဲ့လက်ကို တွဲလိုက်သည်

Stephanie မျက်ဝန်းတွေမှာ သဝန်တိုမှုတွေကြောင့် မီးတောက်တွေတောင် မြင်နေရသေးတယ်

"တစ်ခုခုဖြစ်နေတာလား "

Stephanie ကမေးတော့ ကောင်မလေးမှာ ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းခါပြပြီး Taeyeonတို့အနားကနေ အမြန်ထွက်သွားလေသည်

"ဒီမှာရှိတဲ့ ကောင်မလေးတွေနဲ့ စကားပြောဖို့ မကြံနဲ့ မဟုတ်ရင် တစ်စစီစုတ်ဖြဲခံရမယ်မှတ်... "

Stephanie က Taeyeonကို သတိပေးလိုက်တယ်

"Chaw ဘယ်ကိုရောက်နေတာလဲ "

Taeyeon သူ ဘယ်ကိုရောက်နေတာလဲဆိုတာ သိရဖို့ အတည်ပြုဖို့ Stephanie ကို မေးလိုက်သည်

"တို့ မိသားစုနဲ့ မင်းကို တွေ့ခိုင်းမလို့ Taeyeon တို့တွေ မကြာခင်ကျင်းပမယ့် လက်ထပ်ပွဲအကြောင်း ဆွေးနွေးကြမလို့လေ "

"နေ...နေပါအုံး လက်ထပ်ပွဲ ဟုတ်လား "

"ဟုတ်တယ်လေ နေပါအုံး မင်းကိုကြည့်ရတာ ဘာလို့ အရမ်းအံ့သြနေရတာလဲ "

Stephanieက ရယ်ပြီး Taeyeon ကို ပြောလိုက်တယ်

"မဟုတ်သေးဘူးလေ Stephanieရဲ့ "

Taeyeonပြောမလို့ရှိသေး အနှောင့်အယှက်တစ်ခုက ထပ်ဝင်လာပြန်သည် ကြည့်ရတာ သူလည်း နတ်ဘုရားထင်ပါရဲ့

"မင်းကို ကြည့်ရတာ Taeyeon ထင်ပါရဲ့ ...ငါက Stephanie ရဲ့ အမေပါ "

ထိုအမျိုးသမီးက ပြောပြီး Taeyeonကို လက်ကမ်းပေးသည်

နေ နေပါအုံး သူက Aprodite လား လောကကြီးရေ ဘာဖြစ်နေတာလဲ ငါက နတ်ဘုရားတွေနဲ့ လက်ဆွဲနှုတ်ဆက်နေမှာလား

"Tae...သူက တို့အမေလေ မင်းနဲ့လက်ဆွဲနှုတ်ဆက်ချင်လို့တဲ့ "

Stephanieရဲ့ စကားကြောင့် Taeyeon အသိစိတ်ပြန်ဝင်လာတယ်

'အာ ဟုတ် "

Taeyeon ပြောပြီး Stephanieရဲ့အမေနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်

အိမ်မက်မက်နေတာများလား ဘာတွေဖြစ်နေတာလဲ

"မကြောက်ပါနဲ့ ငါက မကြာခင် မင်းရဲ့ ယောက္ခမဖြစ်တော့မှာဘဲလေ "

Stephanieရဲ့ အမေက ပြုံးပြီး Taeyeon ကို ပြောလိုက်သည်

ပြီးတော့ Taeyeon ပခုံးကိုဖက်လိုက်ပြီး တိုးတိုးလေးကလည်း ပြောလိုက်သေးသည်

"ငါ့သမီးကို နာကျင်အောင်မလုပ်နဲ့နော် မဟုတ်ရင်တော့ မင်းကို အပြစ်ပေးရလိမ့်မယ် "

Taeyeonမှာ ကျောက်ရုပ်လိုဖြစ်သွားတယ်

ဘုရားရေ ယောက္ခမဖြစ်လာမယ့်သူကလည်း ငါ့ကို  ခြိမ်းခြောက်နေတာလား

"Hum....Taeyeonကို အမေတို့ ကမ္ဘာဆီခေါ်လာပေးလို့ ဝမ်းသာမိပါတယ် "

Stephanie က သူ့အမေစကားကြောင့် ပြုံးပြီး Taeyeonကို ကြည့်လိုက်တယ်

"နောက်ဆုံးတော့ တို့အမေနဲ့ မင်းကို ပေးတွေ့နိုင်ခဲ့ပြီ....အမေက တို့နှစ်ယောက်မှာ ကလေးရှိနေပြီပြောတော့ ဝမ်းသာနေတာသိလား "

Stephanieကပြောပြီး Taeyeon နှုတ်ခမ်းလေးကို နမ်းလိုက်သည်

Taeyeonမှာ သူ့ယောက္ခမရှေ့ နမ်းခံရလို့ ရှက်ပြီး မျက်နှာလေး နီရဲလာတယ်

"အခုကစပြီး တို့မိသားစုနဲ့ ရင်းနှီးအောင်နေရမယ်နော် "

"Chaw ဘယ်တော့ကျမှ အိမ်ပြန်ရမှာလဲ "

Taeyeonက မေးပေမယ့် Stephanieက ဂရုမစိုက် Taeyeon မျက်နှာနှစ်ဖက်ကို ကိုင်ပြီး Taeyeonရဲ့ နှုတ်ခမ်းလေးကို အနမ်းတွေပေးလေသည်

#tbc

#zawgyi












"အာ ဟိုလေ Chawက "



"Stephanie အဟွတ်..."








"Step...အဟွတ် အဟွတ် "














"Hi... "






"တစ်ခုခုဖြစ်နေတာလား "

















'အာ ဟုတ် "

















#tbc

Bạn đang đọc truyện trên: Truyen3h.Co