Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 27

KimFany059

Stephanie ဆီက အနမ်းတွေ ရပြီးနောက် Taeyeon သူရောက်နေတဲ့နေရာ နန်းတော်ကို လှည့်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်

Taeyeon လျှောက်သွားရင်း ခုန သူနေတဲ့နေရာနဲ့ မလှမ်းမကမ်းလောက်ကို ရောက်သွားသည်

နတ်ဘုရားတွေရဲ့ ဗိသုကာလက်ရာက တော်တော်မိုက်ပါ့လားလို့ Taeyeon စိတ်ထဲတွေးနေမိတယ်

လျှောက်သွားရင်း ဒီနေရာနဲ့နည်းနည်း နေသားကျလာလို့ Taeyeon စိတ်သက်သာရာရလာမိတယ်

ဒါပေမယ့် သူ့ဦးနှောက်လေးကတော့ ခုထိ နတ်ဘုရားတွေက တည်ရှိနေသေးလားဆိုပြီး မေးခွန်းတွေထုတ် အဖြေတွေရှာနေလေရဲ့

နတ်ဘုရားတွေရှိတဲ့နေရာကိုလည်း သူကရောက်လာပြီး Stephanieရဲ့ မိန်းမကလည်း ဖြစ်လာအုံးမယ်

ပြီးတော့ ကလေးကလည်း မွေးရအုံးမယ် ဟုတ်လား Taeyeonရဲ့ မိသားစုက Aphrodite မိသားစုဖြစ်တော့မှာဘဲ

အိမ်မက်မက်နေတာလား ဒါမှမဟုတ် ငါ ရူးများနေပြီလား

Taeyeon အတွေးလွန်နေစဥ် အသံတစ်သံကြားလို့ အတွေးထဲကနေ လက်တွေ့ကမ္ဘာကို ရောက်လာသည်

Taeyeon အသံကြားရာကို ကြည့်တော့ ချောမောလှပတဲ့ ကောင်မလေးမှာ Taeyeon ကို ပြုံးပြနေတာကို တွေ့လိုက်ရသည်

"Taeyeonဆိုတဲ့ တစ်ယောက်ဘဲ ဖြစ်ရမယ် "

နတ်ဘုရားမလေး တစ်ပါးက မေးတော့ Taeyeon ခေါင်းညိတ်ပြတယ်

ဟုတ်တယ်လေ ဒီနေရာမှာ Taeyeon တစ်ယောက်ဘဲ လူသားလေ

"ဘယ်....ဘယ်လိုသိတာလဲ "

"နန်းတော်တစ်ခုလုံး နင့်အ​ကြောင်းဘဲ ပြောနေကြတာလေ ....Aphroditeရဲ့ သမီးက နင့်ကို ဒီခေါ်လာပါတယ် ရွေးကောက်ပါတယ်ဆိုပြီး "

Taeyeonမှာ ကောင်မလေးရဲ့စကားကြောင့် ရှက်ပြီး ချောင်းဟန့်လိုက်သည်

"အ...ဟမ်း နင့်နာမည်က "

"အားနာပေမယ့် ကျွန်မ နာမည်ကိုတော့ ပြောခွင့်မရှိပါဘူး "

ကောင်မလေးက ဦးညွတ်ပြီး တောင်းပန်တော့ Taeyeon အံ့သြလို့ ကောင်မလေးဆီသွားလိုက်သည်

ကောင်မလေးမှာ Taeyeonလာတာ တွေ့ပြီး ဦးညွတ်ရင်း နောက်ကို ဆုတ်ဆုတ်သွားသည်

"ဘာလုပ်တာပါလဲရှင် "

"အာ ငါ ငါပြောချင်တာက ငါက လူသားတစ်ယောက်လေ နင်ဦးညွတ်စရာမလိုပါဘူး "

"ဒါပေမယ့် Taeyeon က မကြာခင် Aphroditeရဲ့ သမီးနဲ့ လက်ထပ်တော့မှာလေ...ပြီးတော့ Taeyeonက အရမ်းဆွဲဆောင်မှုရှိလွန်းနေတယ် အဲ့အရာက ကျွန်မကို Taeyeonရဲ့ အပျော်မယားဖြစ်အောင် လုပ်နေတာဘဲ .. "

"ဘယ်.ဘယ်လို အပျော်မယား ဟုတ်လား "

Taeyeon မှာ ကောင်မ​လးရဲ့စကားကြောင့် မယုံနိုင်အောင် ဖြစ်သွားတယ် 

Taeyeon စကားကြောင့် ကောင်မလေးမှာ ရှက်သွားတယ် ​ပြီးတော့ မျက်လုံးကလည်း အနက်ရောင်ကနေ တစ်ခြားအရောင်ပြောင်းသွားတာကို Taeyeon  သတိထားမိသွားတယ်

"ဟုတ် ....Aphroditeရဲ့ သမီးက လူသားတစ်ယောက်နဲ့ ကလေးရတယ်ဆိုတော့ ကျွန်မတို့ကိုလည်း ကလေးလိုချင်လာအောင် လုပ်နေသလိုဘဲ "

ကောင်မလေးမှာ ပြောရင်း ရုတ်တရက် ချွေးတွေပြန်လာပြီး မျက်နှာတွေပါ နီရဲလာတယ်

"အဆင်ပြေရဲ့လား တစ်ယောက်ယောက်ကို ခေါ်ပေးရမလား "

"မလုပ်ပါနဲ့ Aphroditeရဲ့ သမီး Stephanieက ကျွန်မကို သတ်လိမ့်မယ် "

"ဘာတွေဖြစ်နေတာလဲ "

"အဲ့တာ Taeyeonရဲ့ phe..."

"ငါ့ရဲ့ ဘာ "

"ကျွန်မ သွားမှဖြစ်တော့မယ် တောင်းပန်ပါတယ် "

Taeyeon ဘာမှမမေးနိုင်ပေ ကောင်မလေးမှာ သူ့အနားက ပြေးထွက်သွားလေသည်

"pheromone"

နောက်ထပ်နတ်ဘုရားမတစ်ပါးက သူ့ရှေ့ရောက်လာလို့ Taeyeon ထခုန်မိသည်

"ဘယ်သူလဲ "

Taeyeon မေးပေမယ့် ထိုနတ်ဘုရားမက မဖြေပေ

ထိုနတ်ဘုရားမကို ကြည့်ရတာ Hyoyeon ပြောပြောနေတဲ့ နိုင်ငံခြားက အဆိုတော်နဲ့တူသည် Katy Perryဆိုလား

တကယ်ဘဲ ဒီနေရာက မိန်းမချောမိန်းမလှတွေနဲ့ ပြည့်နေတာဘဲ

"မင်းက လူသားဆိုပေမယ့် တစ်ခြားလူသားတွေနဲ့ မတူဘူး ကွဲပြားတယ် Phermones ဓာတ် အရမ်းပြင်းလွန်းတယ် မင်းခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ Phermonesတွေက မိန်းမငယ်လေးတွေကို အရမ်း ဆွဲဆောင်နိုင်တာဘဲ "

"ဘာတွေပြောနေတာလဲဆိုတာ ငါမသိတော့ဘူး "

"Stephanie နဲ့ဘဲ နေနေလိုက်ပါ သူက မင်း လျှောက်သွားနေတာကို သဘောကျမယ်မထင်ဘူး "

Katty Perryနဲ့တူတဲ့ကောင်မလေးမှာ ထိုသို့ပြောပြီး မှော်ဆရာလို ရုတ်တရက် Taeyeon ရှေ့ကနေ ပျောက်ကွယ်သွားတယ်

Taeyeon လည်း လျှောက်မသွားတော့ဘဲ Stephanieဆီ ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်

Stephanieလည်း သူ့ကိုလိုက်ရှာနေလောက်မယ် ပြီးတော့ အခုလို လျှောက်သွားနေတာလည်း မလုံခြုံဘူးလို့ Taeyeon တွေးမိတယ်

Taeyeon အနောက်ကို ပြန်လှည့်လာပြီး Stephanieဆီ ပြန်သွားပေမယ့် လမ်းမှန်ကိုရောက်မနေဘူးလို့ ခံစားနေမိသည်

ထိုစဥ် ရုတ်တရက် Katty Perryနဲ့တူတဲ့ ကောင်မလေး သူ့ရှေ့ပေါ်လာပြန်လို့ Taeyeon လန့်ပြီး အော်မိပြန်တယ်

"လူတွေက တကယ်မှော်ပညာတွေနဲ့ နေသားမကျဘူးဘဲ "

"ဟိုလေ လမ်းမှန်ကို ပြပေးလို့ရနိုင်မလားဟင် "

"ohh တကယ်ကို အင်နိုးစန့်လေးပါဘဲ စိတ်မပူပါနဲ့ မင်းကို လမ်းမှန်လိုက်ပြပေးပါမယ် "

"အာ ကျေးဇူးတင်ပါတယ် မင်းနာမည်က..."

"Sorryပါရှင် ကျွန်မနာမည်ပြောပြလို့ မရလို့ပါ ဒါပေမယ့် အိမ်ပြန်လမ်းတစ်လျှောက်မှာတော့ မင်းသိသင့်တဲ့အကြောင်းအရာတစ်ချို့ ပြောပြမယ်လေ နော် "

ထိုကောင်မလေးက ပြုံးပြီး ပြောပေမယ့် Taeyeon စိတ်ထဲ မယုံသင်္ကါဖြစ်လာတယ်

"မိန်းကလေးတွေရဲ့ အကြည့်တွေက မင်းဆီဘဲ ရောက်နေလို့ အံ့သြနေမှာပေါ့ "

"ပတ်ဝန်းကျင်ကိုတောင် သေချာမကြည့်မိပါဘူး "

"အဲ့တာက ဘာလို့လည်းဆိုတော့ မင်းက မကြာခင် Aphroditeရဲ့ သမီးနဲ့ လက်ထပ်ရတော့မှာမို့လို့လေ Stephanie က မင်းနဲ့ ကလေးရအောင် ယူခဲ့လို့ ဒီကမိန်းကလေးတွေက မနာလို အားကျနေကြတာ အဲ့တာကြောင့်လည်း Stephanieက မင်းကို မျက်စိအောက်က အပျောက်မခံတာလေ မင်းက အရမ်းချောမောနေတော့ ကောင်မလေးတွေက မင်းကို ဆွဲဆောင်ကြမှာ မင်း စိတ်ကို မင်း ထိန်းနိုင်ဖို့ လိုတယ်နော် "

"ဟမ် "

Taeyeon ဒီနေရာမှာမနေချင်တော့ဘူး အိမ်ပြန်ချင်နေပြီ စိတ်တွေပိုရှုပ်လာပြီ

"မင်း အိမ်ပြန်ချင်လို့လား ကျွန်မ ခံစားမိတယ်နော် Taeyeon... မင်း အိမ်ပြန်လို့ရအောင် တို့လုပ်ပေးနိုင်တယ် "

ထိုအမျိုးသမီးရဲ့စကားကြောင့် Taeyeon မျှော်လင့်ချက်တွေ ရှိလာသည်

Stephanie က ပြန်မပို့မချင်း ဒီနေရာမှာဘဲ ပိတ်မိနေမယ်ထင်ခဲ့တာလေ

#tbc

#zawgyi














"ဘယ်....ဘယ်လိုသိတာလဲ "



"အ...ဟမ်း နင့်နာမည်က "




"ဘာလုပ်တာပါလဲရှင် "










"ဘာတွေဖြစ်နေတာလဲ "

"အဲ့တာ Taeyeonရဲ့ phe..."

"ငါ့ရဲ့ ဘာ "



"pheromone"


"ဘယ်သူလဲ "





















"ဟမ် "





#tbc

Bạn đang đọc truyện trên: Truyen3h.Co