Part 28
သူစိမ်းနတ်ဘုရားမလေးနဲ့ စကားပြောပြီးနောက် Taeyeonရဲ့ စိတ်ထဲ ဒီကနေ ထွက်ပြေးချင်စိတ်ရော ထိုနတ်ဘုရားမလေးကို သံသယဝင်စိတ်ရော ဖြစ်နေတယ်
ဘယ်သူ့ကိုမှ မယုံရဘူးဆိုတာ သိပေမယ့် Miss Katy Perry လို့ဘဲ ပြောရမလား သူက Taeyeon လုပ်ရမယ့်အစီအစဥ်တွေကို ပြောပြတယ်
ကြည့်ရတာ သူလုပ်ခဲ့ဖူးတဲ့အတိုင်းပါဘဲ သူကတော့ သူ့နောက်လိုက်ခဲ့ဖို့ ပြောတယ် သေချာတာပေါ့ Taeyeonက ဒီနေရာနဲ့ပတ်သက်ပြီး ဘာမှမသိတာ သူ့နောက်လိုက်ဖို့ဘဲ ရှိတာ
"မင်းအတွက် ခက်ခဲမယ်ဆိုတာ သိပါတယ် ဒါပေမယ့် ငါ့ကို ယုံကြည်လို့ရတယ် "
"ဘယ်လိုလဲ "
"မင်းက အလျင်လိုနေပေမယ့် ငါ မင်းကို အချိန်ပေးမယ် တကယ်တမ်းတော့ မင်းက ငါ့ကို မယုံဘူး မဟုတ်လား ဒါကြောင့်မို့လို့ ငါတို့ အချိန်လိုတယ်လို့ ပြောတာ တစ်ယောက်အကြောင်းတစ်ယောက် သေချာသိဖို့လေ "
"နင့်ကို ဘယ်လိုလုပ်ယုံရမလဲ နင်ကဖြင့် နာမည်တောင် ပြောမပြဘဲ "
"Sicaလို့ဘဲခေါ်ပါ အဲ့တာက ငါ့နာမည်အရင်း မဟုတ်ပေမယ့် နင်ခေါ်လို့ရပါတယ် အပြင်ဘက်ကလူကို ငါတို့ ID ထုတ်ပြောခွင့်မရလို့ အားနာပါတယ် "
"Humm ဟုတ်ပြီ Sica..ငါ နင့်ကို ယုံဖို့လိုအပ်တယ်ပေါ့နော် "
"ဟုတ်တယ် Taeyeon "
Taeyeonမှာ သက်ပြင်းချပြီး
"ဟုတ်ပြီ လုပ်ကြတာပေါ့ "
"Ok ငါပြောတာတွေ သေချာနားထောင်နော် ငါတို့ အစီအစဥ်အတိုင်းမလုပ်ခင် ငါတို့လိုက်နာရမယ့် အရာတစ်ချို့ရှိတယ် နားလည်လားမသိဘူး "
"ဟုတ်ပြီ နားလည်ပါတယ် "
"ပထမဆုံး သူ့ရဲ့အပြုအမူတွေကို လေ့လာပါ ပြီးတော့ အနားက နတ်ဘုရားတွေရဲ့ အပြုအမူတွေရောပေါ့ လေ့လာနေတဲ့ပုံစံမျိုး မဖြစ်စေနဲ့နော် သိချင်လို့ မေးတဲ့ပုံစံမျိုး သရုပ်ဆောင်...ပုံမှန်လေးဘဲ မေး တစ်ခုခုသိချင်တဲ့ပုံစံနဲ့မမေးနဲ့ "
"နေပါအုံး ဘယ်လိုလုပ်ရမှာလဲ ငါက သရုပ်ဆောင်တဲ့နေရာမှာ မတော်ဘူး "
"ပုံမှန်အတိုင်းဘဲမေး မင်းက Stephanieရဲ့မိန်းမဖြစ်တော့မယ့်သူဆိုတော့ သူတို့က သံသယဝင်မှာ မဟုတ်လောက်ဘူး မင်းရဲ့အမိန့် ဒါမှမဟုတ် တောင်းဆိုချက်ကို သူတို့ လိုက်နာမှာပါ "
"သေချာလို့..."
"shuu တစ်ယောက်ယောက်လာနေတယ် "
ခြေသံကြားလို့ Sicaက Taeyeonရဲ့ ပါးစပ်ကို လှမ်းပိတ်သည်
"နောက်တစ်ခေါက်တွေ့မှ အစီအစဥ်ကိုသေချာပြောပြမယ် ငါ ပြောသလိုလိုက်လုပ်နော် "
Taeyeon ဘာမှမမေးလိုက်ရသေးခင် Sicaက လေထဲမှာ ပျောက်သွားတယ်
ဟုတ်ပြီ Sica ပြောသလို လေ့လာကြည့်ရတာပေါ့ Fighting Taeyeon
ဘာကြောင့်မှန်းမသိ Sicaကို သူယုံချင်လာသလိုဘဲ
ပြီးတော့ Sicaက သူ့ကို ဘာလို့ ကူညီပေးနေတာလည်းဆိုတာ Taeyeon သိချင်နေတယ်
နောက်တစ်ခါ Sicaနဲ့တွေ့မှ မေးကြည့်ရမယ်လို့ Taeyeon တွေးလိုက်သည်
နေပါအုံး သူပြောဖူးတယ်မဟုတ်လား ဒီမှာရှိတဲ့ မိန်းကလေးတွေက Taeyeonရဲ့ Pheromoneနဲ့ ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေကြတယ်ဆိုတာလေ
Sicaက သူ့အတွက် ကလေးမွေးပေးဖို့ တောင်းဆိုမလို့လား အယ် မဟုတ်လောက်ပါဘူး
"Taeyeon "
Taeyeonမှာ အသံတစ်သံကြောင့် လန့်ပြီး ဆဲမိမလို ဖြစ်သွားလို့ သူ့ကိုယ်သူ အမြန်ထိန်းလိုက်ရသည်
Stephanie အသံမှန်းသိလို့ Taeyeon ချစ်စရာကောင်းအောင် အစွမ်းကုန်ပြုံးပြီး Stephanieကို လှည့်ကြည့်လိုက်သည်
"Stephanie "
Stephanieမှာ Taeyeonကို သံသယရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်
"ဘာဖြစ်လို့လဲဟင် "
Stephanie မှာ Taeyeonက တစ်ခုခုကို ဝှက်ထားမှန်း သိနေတဲ့အကြည့်နဲ့ ကြည့်နေသောကြောင့် Taeyeonမှာ ဘယ်လို နေရမလဲ မသိဖြစ်နေတယ်
Stephanie မှာ Taeyeonရဲ့ ဘေးနားဝင်ထိုင်လိုက်သည်
"ဘယ်သူနဲ့အတူရှိနေတာလဲ "
"ဒီ ဒီအတိုင်း လျှောက်သွားရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့လို့ စကားပြောခဲ့တာရယ် "
'ဘယ်မိန်းမအနားမှ မသွားနဲ့ ပြီးတော့ သူတို့နဲ့လည်း စကားမပြောနဲ့ နားလည်လား "
Stephanieကပြောပြီး Taeyeonရဲ့လည်ပင်းလေးကို နမ်းလိုက်သည်
Taeyeonလည်း ခေါင်းညိတ်ပြပြီး Stephanie က တစ်ခြားမေးခွန်းတွေ ဆက်မမေးလို့ စိတ်သက်သာရာရသွားတယ်
ညရောက်သောအခါ Taeyeon တစ်ယောက် စားပွဲအလယ်တွင် Stephanie နဲ့အတူ ထိုင်နေသည် Aphroditeကတော့ ထိပ်ဆုံးမှာ ထိုင်ပြီး Taeyeonတို့ကို ကြည့်နေသည်
အိမ်ဖော်အခိုင်းအစေများက စားသောက်စရာတွေကို တစ်ခုပြီးတစ်ခု လာချပေးနေတယ်
အခုမှ Taeyeon သတိထားမိတယ် မိန်းကလေးတွေချည်းဘဲ တွေ့မေရပြီး ကောင်လေးတွေမရှိနေဘူးဆိုတာကိုလေ
"အားလုံးဘဲ ငါတို့မိသားစုဝင်တစ်ဦး ထပ်တိုးလာတာ သိမှာပေါ့နော် သူကတော့ ငါ့သမီးလေး Stephanie ရဲ့ အမျိုးသမီး Taeyeonတဲ့ သူနဲ့မိတ်ဆက်ပေးချင်လို့ မင်းတို့အားလုံးကို စုဝေးခေါ်လိုက်တာ ...Taeyeon "
Aphrodieမှာ Taeyeonဘက်ကို လှည့်လာပြီး တစ်ခုခုလုပ်ဖို့ ခေါင်းညိတ်ပြသည်
Stephanieကလည်း Taeyeonရဲ့ပေါင်ကို လက်နဲ့ညှစ်ပြီး ထရပ်ခိုင်းသည်
Taeyeonလည်း ကြောင်တောင်တောင်နဲ့ထရပ်ပြီး အားလုံးကို ဦးညွတ်လိုက်သည်
"Taeyeonနဲ့ Stephanieက မကြာခင် ငါ့မြေးတွေရဲ့ မိဘတွေဖြစ်လာတော့မယ် ဒါကြောင့်မို့လို့ ပေါင်မုန့်တွေ သုံးဆောင်လို့ရပါပြီ "
စားပွဲပေါ်က စားစရာတွေအပြင် ဝိုင်တွေကိုပါ Taeyeon သောက်စားပြီး ရီဝေဝေဖြစ်လာတယ်
မကြာခင် Taeyeonမသိစိတ်က လိုချင်နေတဲ့အရာ Stephanieနဲ့အိပ်ရတော့မယ်လေ မဟုတ်လား
Taeyeonနဲ့ Stephanie make out လုပ်နေချိန် Stephanieက ရုတ်တရက် Taeyeonကို မေးလာသည်
"Taeyeon...ကလေးနာမည်ကို ဘာလေးပေးချင်လဲ "
"ဘယ်နာမည်ဖြစ်ဖြစ် Chaw အဆင်ပြေပါတယ် Stephanie ကရော ဘယ်လိုနာမည်ပေးချင်လဲ တွေးပြီးပြီလား "
"Humm မင်းပေးမယ့် နာမည်လေး စောင့်နေတာ တို့ကတော့ တို့နှစ်ယောက်လုံးရဲ့နာမည်လေး ထည့်ချင်တယ် "
Stephanie ကပြောပြီး Taeyeonရဲ့ ရင်သားလေးကို နမ်းလိုက်သည်
Gosh...Stephanie ပေးတဲ့ သာယာမှုတွေကို သဘောကျနေတဲ့ Taeyeon တစ်ယောက်... Stephanieဆီကနေ ဘယ်လိုများထွက်ပြေးနိုင်မှာလဲ?
နောက်တစ်နေ့မနက်တွင် နတ်ဘုရားမလေးတွေနဲ့ Taeyeon မနက်စာစားနေကြသည်
"Taeyeon ဘာလို့ မစားတာလည်း စားစရာတွေကို မကြိုက်လို့လား "
Stephanie က မနက်စာ သေချာမစားတဲ့ Taeyeonကို မေးလေသည်
"မ မဟုတ်ပါဘူး ခေါင်းနည်းနည်းမူးနေသလို ခံစားရလို့ "
"ဒါဆို နည်းနည်းလေးဖြစ်ဖြစ် စားလိုက်အုံးလေနော် ပြီးရင် ဆေးသောက်ပြီး ခဏအိပ်နေလိုက် တို့ ဆရာဝန်သွားခေါ်ပေးမယ် "
အခုလိုကျတော့လည်း Stephanieက Taeyeonကို အမေတစ်ယောက်လို ဂရုစိုက်ပေးနေတယ်
Taeyeonမှာ Stephanieက သူ့ကို ဂရုစိုက်ပေးနေလို့ စိတ်ထဲ သဘောကျမိသွားပြန်သည်
#tbc
Sicaဆိုတဲ့ ဇာတ်ကောင်အသစ်ထပ်ပေါ်လာပါတယ် ဟဲဟဲ Sica နဲ့အတူ Taeyeon ထွက်ပြေးနိုင်ပါ့မလား?
#zawgyi
သူစိမ္းနတ္ဘုရားမေလးနဲ႕ စကားေျပာၿပီးေနာက္ Taeyeonရဲ႕ စိတ္ထဲ ဒီကေန ထြက္ေျပးခ်င္စိတ္ေရာ ထိုနတ္ဘုရားမေလးကို သံသယဝင္စိတ္ေရာ ျဖစ္ေနတယ္
ဘယ္သူ႕ကိုမွ မယုံရဘူးဆိုတာ သိေပမယ့္ Miss Katy Perry လို႔ဘဲ ေျပာရမလား သူက Taeyeon လုပ္ရမယ့္အစီအစဥ္ေတြကို ေျပာျပတယ္
ၾကည့္ရတာ သူလုပ္ခဲ့ဖူးတဲ့အတိုင္းပါဘဲ သူကေတာ့ သူ႕ေနာက္လိုက္ခဲ့ဖို႔ ေျပာတယ္ ေသခ်ာတာေပါ့ Taeyeonက ဒီေနရာနဲ႕ပတ္သက္ၿပီး ဘာမွမသိတာ သူ႕ေနာက္လိုက္ဖို႔ဘဲ ရွိတာ
"မင္းအတြက္ ခက္ခဲမယ္ဆိုတာ သိပါတယ္ ဒါေပမယ့္ ငါ့ကို ယုံၾကည္လို႔ရတယ္ "
"ဘယ္လိုလဲ "
"မင္းက အလ်င္လိုေနေပမယ့္ ငါ မင္းကို အခ်ိန္ေပးမယ္ တကယ္တမ္းေတာ့ မင္းက ငါ့ကို မယုံဘူး မဟုတ္လား ဒါေၾကာင့္မို႔လို႔ ငါတို႔ အခ်ိန္လိုတယ္လို႔ ေျပာတာ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေသခ်ာသိဖို႔ေလ "
"နင့္ကို ဘယ္လိုလုပ္ယုံရမလဲ နင္ကျဖင့္ နာမည္ေတာင္ ေျပာမျပဘဲ "
"Sicaလို႔ဘဲေခၚပါ အဲ့တာက ငါ့နာမည္အရင္း မဟုတ္ေပမယ့္ နင္ေခၚလို႔ရပါတယ္ အျပင္ဘက္ကလူကို ငါတို႔ ID ထုတ္ေျပာခြင့္မရလို႔ အားနာပါတယ္ "
"Humm ဟုတ္ၿပီ Sica..ငါ နင့္ကို ယုံဖို႔လိုအပ္တယ္ေပါ့ေနာ္ "
"ဟုတ္တယ္ Taeyeon "
Taeyeonမွာ သက္ျပင္းခ်ၿပီး
"ဟုတ္ၿပီ လုပ္ၾကတာေပါ့ "
"Ok ငါေျပာတာေတြ ေသခ်ာနားေထာင္ေနာ္ ငါတို႔ အစီအစဥ္အတိုင္းမလုပ္ခင္ ငါတို႔လိုက္နာရမယ့္ အရာတစ္ခ်ိဳ႕ရွိတယ္ နားလည္လားမသိဘူး "
"ဟုတ္ၿပီ နားလည္ပါတယ္ "
"ပထမဆုံး သူ႕ရဲ႕အျပဳအမူေတြကို ေလ့လာပါ ၿပီးေတာ့ အနားက နတ္ဘုရားေတြရဲ႕ အျပဳအမူေတြေရာေပါ့ ေလ့လာေနတဲ့ပုံစံမ်ိဳး မျဖစ္ေစနဲ႕ေနာ္ သိခ်င္လို႔ ေမးတဲ့ပုံစံမ်ိဳး သ႐ုပ္ေဆာင္...ပုံမွန္ေလးဘဲ ေမး တစ္ခုခုသိခ်င္တဲ့ပုံစံနဲ႕မေမးနဲ႕ "
"ေနပါအုံး ဘယ္လိုလုပ္ရမွာလဲ ငါက သ႐ုပ္ေဆာင္တဲ့ေနရာမွာ မေတာ္ဘူး "
"ပုံမွန္အတိုင္းဘဲေမး မင္းက Stephanieရဲ႕မိန္းမျဖစ္ေတာ့မယ့္သူဆိုေတာ့ သူတို႔က သံသယဝင္မွာ မဟုတ္ေလာက္ဘူး မင္းရဲ႕အမိန့္ ဒါမွမဟုတ္ ေတာင္းဆိုခ်က္ကို သူတို႔ လိုက္နာမွာပါ "
"ေသခ်ာလို႔..."
"shuu တစ္ေယာက္ေယာက္လာေနတယ္ "
ေျခသံၾကားလို႔ Sicaက Taeyeonရဲ႕ ပါးစပ္ကို လွမ္းပိတ္သည္
"ေနာက္တစ္ေခါက္ေတြ႕မွ အစီအစဥ္ကိုေသခ်ာေျပာျပမယ္ ငါ ေျပာသလိုလိုက္လုပ္ေနာ္ "
Taeyeon ဘာမွမေမးလိုက္ရေသးခင္ Sicaက ေလထဲမွာ ေပ်ာက္သြားတယ္
ဟုတ္ၿပီ Sica ေျပာသလို ေလ့လာၾကည့္ရတာေပါ့ Fighting Taeyeon
ဘာေၾကာင့္မွန္းမသိ Sicaကို သူယုံခ်င္လာသလိုဘဲ
ၿပီးေတာ့ Sicaက သူ႕ကို ဘာလို႔ ကူညီေပးေနတာလည္းဆိုတာ Taeyeon သိခ်င္ေနတယ္
ေနာက္တစ္ခါ Sicaနဲ႕ေတြ႕မွ ေမးၾကည့္ရမယ္လို႔ Taeyeon ေတြးလိုက္သည္
ေနပါအုံး သူေျပာဖူးတယ္မဟုတ္လား ဒီမွာရွိတဲ့ မိန္းကေလးေတြက Taeyeonရဲ႕ Pheromoneနဲ႕ ပတ္သက္ၿပီး အရမ္းစိတ္လႈပ္ရွားေနၾကတယ္ဆိုတာေလ
Sicaက သူ႕အတြက္ ကေလးေမြးေပးဖို႔ ေတာင္းဆိုမလို႔လား အယ္ မဟုတ္ေလာက္ပါဘူး
"Taeyeon "
Taeyeonမွာ အသံတစ္သံေၾကာင့္ လန့္ၿပီး ဆဲမိမလို ျဖစ္သြားလို႔ သူ႕ကိုယ္သူ အျမန္ထိန္းလိုက္ရသည္
Stephanie အသံမွန္းသိလို႔ Taeyeon ခ်စ္စရာေကာင္းေအာင္ အစြမ္းကုန္ၿပဳံးၿပီး Stephanieကို လွည့္ၾကည့္လိုက္သည္
"Stephanie "
Stephanieမွာ Taeyeonကို သံသယရွိတဲ့ မ်က္လုံးေတြနဲ႕ ၾကည့္ေနတယ္
"ဘာျဖစ္လို႔လဲဟင္ "
Stephanie မွာ Taeyeonက တစ္ခုခုကို ဝွက္ထားမွန္း သိေနတဲ့အၾကည့္နဲ႕ ၾကည့္ေနေသာေၾကာင့္ Taeyeonမွာ ဘယ္လို ေနရမလဲ မသိျဖစ္ေနတယ္
Stephanie မွာ Taeyeonရဲ႕ ေဘးနားဝင္ထိုင္လိုက္သည္
"ဘယ္သူနဲ႕အတူရွိေနတာလဲ "
"ဒီ ဒီအတိုင္း ေလွ်ာက္သြားရင္း ေကာင္မေလးတစ္ေယာက္နဲ႕ေတြ႕လို႔ စကားေျပာခဲ့တာရယ္ "
'ဘယ္မိန္းမအနားမွ မသြားနဲ႕ ၿပီးေတာ့ သူတို႔နဲ႕လည္း စကားမေျပာနဲ႕ နားလည္လား "
Stephanieကေျပာၿပီး Taeyeonရဲ႕လည္ပင္းေလးကို နမ္းလိုက္သည္
Taeyeonလည္း ေခါင္းညိတ္ျပၿပီး Stephanie က တစ္ျခားေမးခြန္းေတြ ဆက္မေမးလို႔ စိတ္သက္သာရာရသြားတယ္
ညေရာက္ေသာအခါ Taeyeon တစ္ေယာက္ စားပြဲအလယ္တြင္ Stephanie နဲ႕အတူ ထိုင္ေနသည္ Aphroditeကေတာ့ ထိပ္ဆုံးမွာ ထိုင္ၿပီး Taeyeonတို႔ကို ၾကည့္ေနသည္
အိမ္ေဖာ္အခိုင္းအေစမ်ားက စားေသာက္စရာေတြကို တစ္ခုၿပီးတစ္ခု လာခ်ေပးေနတယ္
အခုမွ Taeyeon သတိထားမိတယ္ မိန္းကေလးေတြခ်ည္းဘဲ ေတြ႕ေမရၿပီး ေကာင္ေလးေတြမရွိေနဘူးဆိုတာကိုေလ
"အားလုံးဘဲ ငါတို႔မိသားစုဝင္တစ္ဦး ထပ္တိုးလာတာ သိမွာေပါ့ေနာ္ သူကေတာ့ ငါ့သမီးေလး Stephanie ရဲ႕ အမ်ိဳးသမီး Taeyeonတဲ့ သူနဲ႕မိတ္ဆက္ေပးခ်င္လို႔ မင္းတို႔အားလုံးကို စုေဝးေခၚလိုက္တာ ...Taeyeon "
Aphrodieမွာ Taeyeonဘက္ကို လွည့္လာၿပီး တစ္ခုခုလုပ္ဖို႔ ေခါင္းညိတ္ျပသည္
Stephanieကလည္း Taeyeonရဲ႕ေပါင္ကို လက္နဲ႕ညွစ္ၿပီး ထရပ္ခိုင္းသည္
Taeyeonလည္း ေၾကာင္ေတာင္ေတာင္နဲ႕ထရပ္ၿပီး အားလုံးကို ဦးၫြတ္လိုက္သည္
"Taeyeonနဲ႕ Stephanieက မၾကာခင္ ငါ့ေျမးေတြရဲ႕ မိဘေတြျဖစ္လာေတာ့မယ္ ဒါေၾကာင့္မို႔လို႔ ေပါင္မုန့္ေတြ သုံးေဆာင္လို႔ရပါၿပီ "
စားပြဲေပၚက စားစရာေတြအျပင္ ဝိုင္ေတြကိုပါ Taeyeon ေသာက္စားၿပီး ရီေဝေဝျဖစ္လာတယ္
မၾကာခင္ Taeyeonမသိစိတ္က လိုခ်င္ေနတဲ့အရာ Stephanieနဲ႕အိပ္ရေတာ့မယ္ေလ မဟုတ္လား
Taeyeonနဲ႕ Stephanie make out လုပ္ေနခ်ိန္ Stephanieက ႐ုတ္တရက္ Taeyeonကို ေမးလာသည္
"Taeyeon...ကေလးနာမည္ကို ဘာေလးေပးခ်င္လဲ "
"ဘယ္နာမည္ျဖစ္ျဖစ္ Chaw အဆင္ေျပပါတယ္ Stephanie ကေရာ ဘယ္လိုနာမည္ေပးခ်င္လဲ ေတြးၿပီးၿပီလား "
"Humm မင္းေပးမယ့္ နာမည္ေလး ေစာင့္ေနတာ တို႔ကေတာ့ တို႔ႏွစ္ေယာက္လုံးရဲ႕နာမည္ေလး ထည့္ခ်င္တယ္ "
Stephanie ကေျပာၿပီး Taeyeonရဲ႕ ရင္သားေလးကို နမ္းလိုက္သည္
Gosh...Stephanie ေပးတဲ့ သာယာမႈေတြကို သေဘာက်ေနတဲ့ Taeyeon တစ္ေယာက္... Stephanieဆီကေန ဘယ္လိုမ်ားထြက္ေျပးနိုင္မွာလဲ?
ေနာက္တစ္ေန႕မနက္တြင္ နတ္ဘုရားမေလးေတြနဲ႕ Taeyeon မနက္စာစားေနၾကသည္
"Taeyeon ဘာလို႔ မစားတာလည္း စားစရာေတြကို မႀကိဳက္လို႔လား "
Stephanie က မနက္စာ ေသခ်ာမစားတဲ့ Taeyeonကို ေမးေလသည္
"မ မဟုတ္ပါဘူး ေခါင္းနည္းနည္းမူးေနသလို ခံစားရလို႔ "
"ဒါဆို နည္းနည္းေလးျဖစ္ျဖစ္ စားလိုက္အုံးေလေနာ္ ၿပီးရင္ ေဆးေသာက္ၿပီး ခဏအိပ္ေနလိုက္ တို႔ ဆရာဝန္သြားေခၚေပးမယ္ "
အခုလိုက်ေတာ့လည္း Stephanieက Taeyeonကို အေမတစ္ေယာက္လို ဂ႐ုစိုက္ေပးေနတယ္
Taeyeonမွာ Stephanieက သူ႕ကို ဂ႐ုစိုက္ေပးေနလို႔ စိတ္ထဲ သေဘာက်မိသြားျပန္သည္
#tbc
Sicaဆိုတဲ့ ဇာတ္ေကာင္အသစ္ထပ္ေပၚလာပါတယ္ ဟဲဟဲ Sica နဲ႕အတူ Taeyeon ထြက္ေျပးနိုင္ပါ့မလား?
Bạn đang đọc truyện trên: Truyen3h.Co