Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 29

KimFany059

အပြင်ဘက်က ဆူညံသံတွေကြောင့် Taeyeon အိပ်ရာက နိုးလာတယ်

မျက်လုံးဖွင့်ကြည့်တော့ Stephanieတို့ဆီက အခိုင်းအစေတစ်ယောက်က စားပွဲခုံတွေကို ပွတ်တိုက်ဖုန်သုတ်နေတာ တွေ့လိုက်ရသည်

Taeyeon သူ့နဖူးသူစမ်းကြည့်တော့ အဖျားမရှိမှန်း သိလိုက်ရသည်

Taeyeon နေလို့ သိပ်မကောင်းချင်လို့ဆိုပြီး ခဏအိပ်နေခဲ့တာလေ

'Miss Taeyeon သက်သာလားရှင့် "

Taeyeon နိုးလာမှန်းလည်းသိရော အခိုင်းအစေမလေးမှာ လုပ်လက်စကို ရပ်ပြီး ရေခွက်လေးယူကာ Taeyeonဆီ ရောက်လာသည်

"ကျွန်မ သက်သာပါတယ် ကျေးဇူးနော် ဒါနဲ့ အပြင်က ဆူညံနေတာဘဲ ဘာဖြစ်တာလဲဟင် "

"မြေအောက်ကမ္ဘာက မကောင်းဆိုးဝါးတွေပါ Miss Taeyeon "

"မ...မကောင်းဆိုးဝါး ဟုတ်လား"

"မကြောက်ပါနဲ့ သူတို့ ဒီကိုလာတာက အလုပ်ကိစ္စကြောင့်ပါ အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး Miss Taeyeon "

အခိုင်းအစေမလေးရဲ့ စကားမှာ အချက်ကျကျကပြောချင်နေတဲ့ပုံပေါ်လို့ Taeyeonလည်း ဆက်မမေးတော့ဘဲ နေလိုက်သည်

"သြော် ဒါနဲ့ Stephanie က ဘယ်မှာလဲဟင် "

"သူ့အမေနဲ့အတူ ရှိနေပါတယ် ခေါ်ပေးရမလား Miss Taeyeon "

"ထားလိုက်ပါ ရပါတယ် ရေအတွက် ကျေးဇူးနော် "

Taeyeonကပြောပြီး ရေသောက်လိုက်တော့ အခိုင်းအစေကလည်း Taeyeon ကို ဦးညွှတ်နှုတ်ဆက်ပြီး အခန်းထဲက  ထွက်သွားလေသည်

Taeyeonမှာ အခိုင်းအစေမလေးလည်း ထွက်သွားရော ကုတင်ပေါ်က ဆင်းပြီး သူ့အစီအစဥ်တွေကို အကောင်အထည်ဖော်ဖို့ စတင်လေသည်

ပြတင်းပေါက်ကနေ ဖြတ်သွားဖြတ်လာ နတ်ဘုရားမလေးတွေကို Taeyeon ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေတယ်

Koreaမှာသာ သူတို့ရှိနေရင် တကယ် မင်းသမီးတွေ idolတွေ ဖြစ်နေမှာသေချာတယ်

အားပါးပါးလှလိုက်တာ

Taeyeon သူ့ပါးသူ ပြန်ရိုက်ပြီး အသိစိတ်ဝင်အောင်လုပ်လိုက်သည်

ဒုက္ခဘဲ Sicaက ဘာလို့ သူ့ကို နတ်ဘုရားမတွေကို လေ့လာခိုင်းရတာလဲ

အခုတော့ ငမ်းရင်းနဲ့ ရှက်လာမိပြီ ဘာလို့လေ့လာခိုင်းတာလဲ မျက်နှာတွေ မှတ်မိအောင်လား

အာသိပြီ နတ်ဘုရားမလေးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရင် စိတ်လှုပ်ရှားပြီး မတုန်လှုပ်အောင်များလား

ဒါနဲ့ Sicaက ဘယ်မှာလဲ ဘယ်ရောက်နေတာလဲ

သူနဲ့ပတ်သက်ပြီး ဘာမှတောင်မသိရတာ ထပ်ပြီး သူနဲ့ဘယ်လိုများ တွေ့ရမလဲ

Taeyeonမှာ ရူးကြောင်ကြောင်တွေမလုပ်ခင် တံခါးဘက်ကို တစ်ယောက်ယောက်များ သူ့ဆီလာနေမလားဆိုပြီး သွားကြည့်သည်

ဘယ်သူမှ မလာဘူးဆိုတာလည်း သေချာရော Taeyeon မျက်လုံးမှိတ်ပြီး အသက်ဝဝရှူကာ ဝင်သက်ထွက်သက်တွေကို ရှုသွင်းထုတ်နေတယ်

Sica shii

Sica shiiiiiiiiiiiiiiiiiii

Sicaရေ ဒီကို တယ်လီပို့လုပ်ပြီး လာလို့ မရဘူးလား

Taeyeon ခေါ်ကြည့်ပေမယ့် ဘာမှဖြစ်မလာလို့ ထပ်ပြီး အာရုံစိုက်လိုက်တယ်

Sica shiii ရှင်နဲ့ စကားပြောချင်လို့ပါ

"မင်း ဘာတွေလုပ်နေတာလဲ "

ရုတ်တရက် သူ့ရှေ့ပေါ်လာတဲ့ Sicaကြောင့် Taeyeon အရမ်းလန့်ပြီး ထခုန်မိသည်

Sicaမှာ Taeyeonကို ကြည့်ပြီး ခွီးခနဲရယ်လေသည်

"မရယ်ပါနဲ့ '

"ငါ့ကို ဘာလို့ခေါ်တာလဲ ပြဿနာတစ်ခုခုရှိလို့လား "

"ရှင်က စိတ်ဖတ်နိုင်လားဟင် "

"အင်း မင်းတို့လို သာမန်လူတွေရဲ့ စိတ်ကို ဖတ်နိုင်တယ် နတ်ဘုရားတွေရဲ့ စိတ်တော့ မဖတ်နိုင်ဘူး ထားပါ စိတ်ဖတ်နိုင်လား သိချင်ရုံနဲ့ ငါ့ကို ခေါ် လိုက်တာတော့ မဟုတ်ဘူးမလား "

"ဒီအတိုင်း chawရဲ့လေ့လာမှုက အစီအစဥ်နဲ့ပတ်သက်ပြီး အလုပ်ဖြစ်မလားသိချင်လို့ "

"ဟမ် အဲ့အတွက်နဲ့ ငါ့ကို ခေါ်လိုက်တာလား "

"အစီအစဥ်ကို သေချာမသိရင် သေချာမလုပ်နိုင်မှာဆိုးလို့လေ "

"အဲ့တာတော့ အဓိပ္ပါယ်ရှိသားဘဲ ငါမင်းကို ထိန်းချုပ်စေချင်တယ် အထူးသဖြင့် Stephanieရှေ့ရောက်ရင်ပေါ့....ဟောမုန်းမထိန်းနိုင်တဲ့ ဆယ်ကျော်သက်အရွယ်လေးလို မဖြစ်စေချင်ဘူး "

Sicaရဲ့စကားကြောင့် Taeyeon ရှက်သွားတယ်

"အာ ဘယ်တုံးက မဖြစ်ပါဘူး "

"ရှက်စရာမလိုပါဘူး မင်းလို လူသားတစ်ယောက်က နတ်ဘုရားတွေအလှကြားမှာ နစ်မြောတာလဲဲ ဖြစ်သင့်ပါတယ် ဒါကြောင့်မို့လို့ မင်းကို နေသားကျအောင် သူတို့ကို လေ့လာခိုင်းတာ ဒါမှ သူတို့နဲ့တွေ့ရင် ရှက်မနေမှာလေ "

"ဟဟ အဲ့လိုဖြစ်မယ်လို့ တွေးမိသားဘဲ "

Sicaမှာ Taeyeonကို ကြည့်ပြီး

"မင်းကြည့်ရတာ ငါနဲ့ရှိရတာကို သက်တောင့်သက်သာဖြစ်လာပုံဘဲ ရော့ မင်းလုပ်ရမယ့်ဟာနဲ့ မလုပ်ရမယ့်အရာတွေကို ငါရေးထားတယ် ဖတ်ကြည့် "

Taeyeon လည်း Sica ပစ်ပေးတဲ့စာရွက်ကို ဖမ်းပြီး ဖတ်ကြည့်လေသည်

ဖတ်နေရင်း

"နေ နေပါအုံး တကယ်ကြီးလား "

"ဟုတ်တယ် ငါလုပ်ဖို့လိုအပ်တယ်လို့ ပြောတာဆိုရင် မင်းတကယ်လိုက်နာသင့်တယ် လုပ်သင့်တယ် "

Sica ရေးထားတဲ့ စာရွက်ထဲက နံပါတ်တစ်ဆယ်မှာ

No.10 Stephanie နဲ့အတူအိပ်တာကို တတ်နိုင်သမျှ ရှောင်ရန်

ဘုရားရေ ဘယ်လိုလုပ်ရှောင်လို့ရမှာလဲ Sica အတည်ကြီးပြောနေတာလားဟ

Sicaရဲ့ စည်းကမ်းတွေက အခုထိ Taeyeonစိတ်ကို နှောင့်ယှက်ပေးနေဆဲပင်

နှစ်ရက်ကျော်ကြာသွားပေမယ့် Sicaကို Taeyeon စိတ်နဲ့လှမ်းမခေါ်ဖြစ်

အိမ်ကိုပြန်ရမလား ဒီမှာဘဲနေရမလားဆိုပြီး ဆုံးဖြတ်မရဖြစ်နေတယ်

ဒီမှာရှိတဲ့ နတ်ဘုရားတွေက တကယ်ကောင်းတဲ့သူတွေပါ ဖော်လည်းဖော်ရွေတယ်ရယ်

အထူးသဖြင့် Stephanieပေါ့ သူ နည်းနည်းလေး ပြောင်းလဲသွားတယ် အရင်ကလို မခက်ထန်တော့ဘဲ အခိုင်းအစေတွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်

ပြီးတော့ Taeyeonကိုလည်း အတင်းအကြပ် ဟိုဟာပြုတာမျိုးမရှိတော့ဘူး ဒီအတိုင်း ပုံမှန်ဘဲ ညရောက်ရင် Taeyeonဘေးနား ဝင်အိပ်တာမျိုးဘဲ လုပ်တယ်

Sicaကတော့ Stephanieနဲ့sex လုပ်ပြီး ကိုယ်ပေါ်ပေကျံခဲ့တဲ့အရာတွေက Taeyeon ဘယ်ကိုထွက်ပြေးပြေး Stephanieက ရှာတွေ့နိုင်အောင် လုပ်ပေးတာလို့ ပြောတယ်

ပြီးတော့ သိသာအောင်မနေနဲ့တဲ့လေ အိမ်ပြန်ဖို့ စီစဥ်နေတာကို Stephanieသိရင် ဆေးတစ်မျိုးတိုက်ပြီး Taeyeonကို ဒီမှာအပြီးနေအောင် လုပ်နိုင်တယ်လို့လည်း ပြောတယ်

ဒုက္ခဘဲ တစ်ခြားအရာတွေကို Taeyeon လိုက်နာနိုင် လုပ်နိုင်ပေမယ့် Stephanie နဲ့ လိင်မဆက်ဆံဘဲနေရမယ်ဆိုတဲ့ စည်းမျဥ်းတော့ လိုက်နာနိုင်ပါ့မလား

#tbc

#Zawgyi

အျပင္ဘက္က ဆူညံသံေတြေၾကာင့္ Taeyeon အိပ္ရာက နိုးလာတယ္

မ်က္လုံးဖြင့္ၾကည့္ေတာ့ Stephanieတို႔ဆီက အခိုင္းအေစတစ္ေယာက္က စားပြဲခုံေတြကို ပြတ္တိုက္ဖုန္သုတ္ေနတာ ေတြ႕လိုက္ရသည္

Taeyeon သူ႕နဖူးသူစမ္းၾကည့္ေတာ့ အဖ်ားမရွိမွန္း သိလိုက္ရသည္

Taeyeon ေနလို႔ သိပ္မေကာင္းခ်င္လို႔ဆိုၿပီး ခဏအိပ္ေနခဲ့တာေလ

'Miss Taeyeon သက္သာလားရွင့္ "

Taeyeon နိုးလာမွန္းလည္းသိေရာ အခိုင္းအေစမေလးမွာ လုပ္လက္စကို ရပ္ၿပီး ေရခြက္ေလးယူကာ Taeyeonဆီ ေရာက္လာသည္

"ကြၽန္မ သက္သာပါတယ္ ေက်းဇူးေနာ္ ဒါနဲ႕ အျပင္က ဆူညံေနတာဘဲ ဘာျဖစ္တာလဲဟင္ "

"ေျမေအာက္ကမၻာက မေကာင္းဆိုးဝါးေတြပါ Miss Taeyeon "

"မ...မေကာင္းဆိုးဝါး ဟုတ္လား"

"မေၾကာက္ပါနဲ႕ သူတို႔ ဒီကိုလာတာက အလုပ္ကိစၥေၾကာင့္ပါ အႏၱရာယ္ေပးဖို႔ မဟုတ္ပါဘူး Miss Taeyeon "

အခိုင္းအေစမေလးရဲ႕ စကားမွာ အခ်က္က်က်ကေျပာခ်င္ေနတဲ့ပုံေပၚလို႔ Taeyeonလည္း ဆက္မေမးေတာ့ဘဲ ေနလိုက္သည္

"ေၾသာ္ ဒါနဲ႕ Stephanie က ဘယ္မွာလဲဟင္ "

"သူ႕အေမနဲ႕အတူ ရွိေနပါတယ္ ေခၚေပးရမလား Miss Taeyeon "

"ထားလိုက္ပါ ရပါတယ္ ေရအတြက္ ေက်းဇူးေနာ္ "

Taeyeonကေျပာၿပီး ေရေသာက္လိုက္ေတာ့ အခိုင္းအေစကလည္း Taeyeon ကို ဦးၫႊတ္ႏႈတ္ဆက္ၿပီး အခန္းထဲက  ထြက္သြားေလသည္

Taeyeonမွာ အခိုင္းအေစမေလးလည္း ထြက္သြားေရာ ကုတင္ေပၚက ဆင္းၿပီး သူ႕အစီအစဥ္ေတြကို အေကာင္အထည္ေဖာ္ဖို႔ စတင္ေလသည္

ျပတင္းေပါက္ကေန ျဖတ္သြားျဖတ္လာ နတ္ဘုရားမေလးေတြကို Taeyeon ၾကည့္ရင္း ပါးစပ္အေဟာင္းသားျဖစ္ေနတယ္

Koreaမွာသာ သူတို႔ရွိေနရင္ တကယ္ မင္းသမီးေတြ idolေတြ ျဖစ္ေနမွာေသခ်ာတယ္

အားပါးပါးလွလိုက္တာ

Taeyeon သူ႕ပါးသူ ျပန္ရိုက္ၿပီး အသိစိတ္ဝင္ေအာင္လုပ္လိုက္သည္

ဒုကၡဘဲ Sicaက ဘာလို႔ သူ႕ကို နတ္ဘုရားမေတြကို ေလ့လာခိုင္းရတာလဲ

အခုေတာ့ ငမ္းရင္းနဲ႕ ရွက္လာမိၿပီ ဘာလို႔ေလ့လာခိုင္းတာလဲ မ်က္ႏွာေတြ မွတ္မိေအာင္လား

အာသိၿပီ နတ္ဘုရားမေလးေတြနဲ႕ မ်က္ႏွာခ်င္းဆိုင္ေတြ႕ရင္ စိတ္လႈပ္ရွားၿပီး မတုန္လႈပ္ေအာင္မ်ားလား

ဒါနဲ႕ Sicaက ဘယ္မွာလဲ ဘယ္ေရာက္ေနတာလဲ

သူနဲ႕ပတ္သက္ၿပီး ဘာမွေတာင္မသိရတာ ထပ္ၿပီး သူနဲ႕ဘယ္လိုမ်ား ေတြ႕ရမလဲ

Taeyeonမွာ ႐ူးေၾကာင္ေၾကာင္ေတြမလုပ္ခင္ တံခါးဘက္ကို တစ္ေယာက္ေယာက္မ်ား သူ႕ဆီလာေနမလားဆိုၿပီး သြားၾကည့္သည္

ဘယ္သူမွ မလာဘူးဆိုတာလည္း ေသခ်ာေရာ Taeyeon မ်က္လုံးမွိတ္ၿပီး အသက္ဝဝရႉကာ ဝင္သက္ထြက္သက္ေတြကို ရႈသြင္းထုတ္ေနတယ္

Sica shii

Sica shiiiiiiiiiiiiiiiiiii

Sicaေရ ဒီကို တယ္လီပို႔လုပ္ၿပီး လာလို႔ မရဘူးလား

Taeyeon ေခၚၾကည့္ေပမယ့္ ဘာမွျဖစ္မလာလို႔ ထပ္ၿပီး အာ႐ုံစိုက္လိုက္တယ္

Sica shiii ရွင္နဲ႕ စကားေျပာခ်င္လို႔ပါ

"မင္း ဘာေတြလုပ္ေနတာလဲ "

႐ုတ္တရက္ သူ႕ေရွ႕ေပၚလာတဲ့ Sicaေၾကာင့္ Taeyeon အရမ္းလန့္ၿပီး ထခုန္မိသည္

Sicaမွာ Taeyeonကို ၾကည့္ၿပီး ခြီးခနဲရယ္ေလသည္

"မရယ္ပါနဲ႕ '

"ငါ့ကို ဘာလို႔ေခၚတာလဲ ျပႆနာတစ္ခုခုရွိလို႔လား "

"ရွင္က စိတ္ဖတ္နိုင္လားဟင္ "

"အင္း မင္းတို႔လို သာမန္လူေတြရဲ႕ စိတ္ကို ဖတ္နိုင္တယ္ နတ္ဘုရားေတြရဲ႕ စိတ္ေတာ့ မဖတ္နိုင္ဘူး ထားပါ စိတ္ဖတ္နိုင္လား သိခ်င္႐ုံနဲ႕ ငါ့ကို ေခၚ လိုက္တာေတာ့ မဟုတ္ဘူးမလား "

"ဒီအတိုင္း chawရဲ႕ေလ့လာမႈက အစီအစဥ္နဲ႕ပတ္သက္ၿပီး အလုပ္ျဖစ္မလားသိခ်င္လို႔ "

"ဟမ္ အဲ့အတြက္နဲ႕ ငါ့ကို ေခၚလိုက္တာလား "

"အစီအစဥ္ကို ေသခ်ာမသိရင္ ေသခ်ာမလုပ္နိုင္မွာဆိုးလို႔ေလ "

"အဲ့တာေတာ့ အဓိပ္ပါယ်ရှိသားဘဲ ငါမင္းကို ထိန္းခ်ဳပ္ေစခ်င္တယ္ အထူးသျဖင့္ Stephanieေရွ႕ေရာက္ရင္ေပါ့....ေဟာမုန္းမထိန္းနိုင္တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေလးလို မျဖစ္ေစခ်င္ဘူး "

Sicaရဲ႕စကားေၾကာင့္ Taeyeon ရွက္သြားတယ္

"အာ ဘယ္တုံးက မျဖစ္ပါဘူး "

"ရွက္စရာမလိုပါဘူး မင္းလို လူသားတစ္ေယာက္က နတ္ဘုရားေတြအလွၾကားမွာ နစ္ေျမာတာလဲဲ ျဖစ္သင့္ပါတယ္ ဒါေၾကာင့္မို႔လို႔ မင္းကို ေနသားက်ေအာင္ သူတို႔ကို ေလ့လာခိုင္းတာ ဒါမွ သူတို႔နဲ႕ေတြ႕ရင္ ရွက္မေနမွာေလ "

"ဟဟ အဲ့လိုျဖစ္မယ္လို႔ ေတြးမိသားဘဲ "

Sicaမွာ Taeyeonကို ၾကည့္ၿပီး

"မင္းၾကည့္ရတာ ငါနဲ႕ရွိရတာကို သက္ေတာင့္သက္သာျဖစ္လာပုံဘဲ ေရာ့ မင္းလုပ္ရမယ့္ဟာနဲ႕ မလုပ္ရမယ့္အရာေတြကို ငါေရးထားတယ္ ဖတ္ၾကည့္ "

Taeyeon လည္း Sica ပစ္ေပးတဲ့စာ႐ြက္ကို ဖမ္းၿပီး ဖတ္ၾကည့္ေလသည္

ဖတ္ေနရင္း

"ေန ေနပါအုံး တကယ္ႀကီးလား "

"ဟုတ္တယ္ ငါလုပ္ဖို႔လိုအပ္တယ္လို႔ ေျပာတာဆိုရင္ မင္းတကယ္လိုက္နာသင့္တယ္ လုပ္သင့္တယ္ "

Sica ေရးထားတဲ့ စာ႐ြက္ထဲက နံပါတ္တစ္ဆယ္မွာ

No.10 Stephanie နဲ႕အတူအိပ္တာကို တတ္နိုင္သမွ် ေရွာင္ရန္

ဘုရားေရ ဘယ္လိုလုပ္ေရွာင္လို႔ရမွာလဲ Sica အတည္ႀကီးေျပာေနတာလားဟ

Sicaရဲ႕ စည္းကမ္းေတြက အခုထိ Taeyeonစိတ္ကို ႏွောင့္ယွက္ေပးေနဆဲပင္

ႏွစ္ရက္ေက်ာ္ၾကာသြားေပမယ့္ Sicaကို Taeyeon စိတ္နဲ႕လွမ္းမေခၚျဖစ္

အိမ္ကိုျပန္ရမလား ဒီမွာဘဲေနရမလားဆိုၿပီး ဆုံးျဖတ္မရျဖစ္ေနတယ္

ဒီမွာရွိတဲ့ နတ္ဘုရားေတြက တကယ္ေကာင္းတဲ့သူေတြပါ ေဖာ္လည္းေဖာ္ေ႐ြတယ္ရယ္

အထူးသျဖင့္ Stephanieေပါ့ သူ နည္းနည္းေလး ေျပာင္းလဲသြားတယ္ အရင္ကလို မခက္ထန္ေတာ့ဘဲ အခိုင္းအေစေတြကိုလည္း ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတယ္

ၿပီးေတာ့ Taeyeonကိုလည္း အတင္းအၾကပ္ ဟိုဟာျပဳတာမ်ိဳးမရွိေတာ့ဘူး ဒီအတိုင္း ပုံမွန္ဘဲ ညေရာက္ရင္ Taeyeonေဘးနား ဝင္အိပ္တာမ်ိဳးဘဲ လုပ္တယ္

Sicaကေတာ့ Stephanieနဲ႕sex လုပ္ၿပီး ကိုယ္ေပၚေပက်ံခဲ့တဲ့အရာေတြက Taeyeon ဘယ္ကိုထြက္ေျပးေျပး Stephanieက ရွာေတြ႕နိုင္ေအာင္ လုပ္ေပးတာလို႔ ေျပာတယ္

ၿပီးေတာ့ သိသာေအာင္မေနနဲ႕တဲ့ေလ အိမ္ျပန္ဖို႔ စီစဥ္ေနတာကို Stephanieသိရင္ ေဆးတစ္မ်ိဳးတိုက္ၿပီး Taeyeonကို ဒီမွာအၿပီးေနေအာင္ လုပ္နိုင္တယ္လို႔လည္း ေျပာတယ္

ဒုကၡဘဲ တစ္ျခားအရာေတြကို Taeyeon လိုက္နာနိုင္ လုပ္နိုင္ေပမယ့္ Stephanie နဲ႕ လိင္မဆက္ဆံဘဲေနရမယ္ဆိုတဲ့ စည္းမ်ဥ္းေတာ့ လိုက္နာနိုင္ပါ့မလား

#tbc

Bạn đang đọc truyện trên: Truyen3h.Co