Part 30
"ဒီမှာနေရတာ ပျော်ရဲ့လား Taeyeon "
အရမ်းကို powerful ဖြစ်လွန်းတဲ့ အသံပိုင်ရှင် Aphrodite ကြောင့် Taeyeon တစ်ယောက် လန့်ပြီး တုန်သွားတယ်
Taeyeonလည်း Aphrodite ကို ဦးညွှတ်ပြီး နှုတ်ဆက်လေသည်
"ဟုတ် ပျော်ပါတယ် "
Taeyeonမှာ မနည်းပြုံးပြပြီး Aphroditeကို ပြောလိုက်သည်
"ကောင်းတာဘဲ ဒီတော့ အိမ်ပြန်ချင်တဲ့ စိတ်တွေ မနှောင့်ယှက်တော့ဘူးပေါ့ "
မထင်မှတ်ထားတဲ့ မေးခွန်းကြောင့် Taeyeon ဘာဖြေရမှန်းမသိ အေးခဲသွားတယ်
အကြောင်းပြချက်ပေးဖို့ ကြိုးစားကြည့်ပေမယ့် Taeyeonအသံက ထွက်မလာပေ
နတ်ဘုရားမက Taeyeonကို စိုက်ကြည့်နေတယ်
နေပါအုံး သူက Taeyeonရဲ့ အစီအစဥ်တွေကို သိနေတာလား
Sicaက သူ့ကို ကူညီပေးဖို့ လုပ်နေတာကိုရော သိနေတာလား
ဘယ်လိုသိတာလဲ
"Taeyeon... Stephanie က မင်းကို လိုအပ်နေတာနော် ပြီးတော့ မင်းမှာလည်း မိသားစုက ရှိလာပြီ မိသားစုနဲ့ ပတ်သက်တဲ့ တာဝန်တွေကို မင်းစောင့်မျှော်နေရမယ် ....Stephanie ကို အခွင့်အရေးပေးလိုက်ပါ သူက မင်းအတွက် မိန်းမကောင်း မင်းရဲ့ကလေးအတွက် မိခင်ကောင်း ပီသမှာပါ "
"ahh chaw.."
"အကယ်၍ ငါ့သမီးလေးကို မင်း နာကျင်အောင်လုပ်ရင် မင်းရင်ဘတ်ကို ဆုတ်ဖြဲပြီး အထဲက နှလုံးကို ဖျက်စီးပစ်မယ် ကြားလား "
Aphrodite က သတိပေးတော့ Taeyeon ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းညိတ်ပြလေသည်
ထို့နောက် Aphrodite က သူ့အနားက ထွက်သွားတော့ Taeyeonမှာ ဒူးတွေတုန်ပြီး လဲကျသွားလေသည်
မဖြစ်ဘူး Sica ကို ဒီအကြောင်းပြောပြရမယ်
Aphrodite ဆီက ခြိမ်းခြောက်ခံရတဲ့ Taeyeon တစ်ယောက် စိတ်ညစ်ပြီး အပြင်ဘက်လျှောက်သွားနေစဥ် ဘယ်ကို ခြေလွန်ရောက်သွားမှန်း မသိဖြစ်နေတယ်
ဒုက္ခဘဲ Stephanie က လျှောက်မသွားဖို့ မှာထားတာကို ငါဘယ်တွေရောက်သွားလဲ
Taeyeon စိတ်တွေ ရုတ်တရက်ဗလာဖြစ်သွားတယ်
နေပါအုံး လမ်းပျောက်နေတာလား
Stephanie..ပြီးတော့ ကြောက်စရာကောင်းတဲ့ ခံစားချက်တွေ ရလာနေတယ်
ခဏ...ခဏ...အခုမြင်နေရတဲ့ ရေကန်နဲ့ သစ်ပင်တွေကို ငါ တစ်နေရာရာမှာ မြင်ဖူးနေတယ်
Taeyeon ပိုပြီး သေချာသွားအောင် ပြေးသွားကြည့်တော့ တောအုပ်ထဲက ရေကန်ကြီးကို တွေ့လိုက်ရတယ်
Taeyeon အခု ခံစားချက် နှစ်ခုဖြစ်ပြီး ရှုပ်ထွေးနေသည်
သူ့စိတ်နဲ့ နှလုံးသားက လွန်ဆွဲနေတယ်
ရေကန်ကို ဖြတ်ကျော်ပြေးရမလား ဒါမှမဟုတ် ဒီမှာဘဲ ဆက်နေရမလား
ခုနက Aphroditeက Taeyeon ကို လာခြိမ်းခြောက်သွားတယ် မဟုတ်လား
ဒါဆိုရင် အခု Taeyeon မြင်နေရတာတွေက တကယ် မဟုတ်ဘဲ Aphrodite က စမ်းသပ်ထားတာလည်း ဖြစ်နိုင်တယ်လေ
အကယ်၍ ရေကန်ထဲ Taeyeon ဖြတ်ပြေးသွားရင် သေချာပေါက် ရင်ဘတ်စုတ်ဖြဲ ခံရမှာဘဲ
ဒီကနေ ထွက်ပြေးပြီး ဘယ်ကိုဘဲ သွားပုန်းပုန်း Stephanieက သေချာပေါက်ရှာတွေ့မှာဘဲလေ ဘာလို့လည်းဆိုတော့ နတ်ဘုရားမလေးဖြစ်နေတာကိုး
Taeyeon ဘာလုပ်ရမှန်းမသိလို့ ထိုင်ချပြီး ရေကန်ကြီးကို ကြည့်နေသည်
မိနစ်တွေ နာရီတွေ ကုန်သွားပေမယ့် Taeyeon မြက်ခင်းပေါ်မှာဘဲ လှဲအိပ်မိတယ်
ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိတော့ဘူး သူ့တကယ့်ကမ္ဘာထဲ ဘယ်တော့ပြန်ရောက်မလဲဆိုတာတောင် မသိတော့ဘူး
Taeyeon စဥ်းစားရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်း Sicaကို ခေါ်ဖို့ သတိရသွားတယ်
နေပါအုံး တစ်ယောက်ယောက်က ဖန်တီးထားတဲ့ နေရာမှာ Sicaက ရောက်လာနိုင်ပါ့မလား
Taeyeon တွေးပူမိပေမယ့် စမ်းသပ်ကြည့်ဖို့ ကြိုးစားလိုက်တယ်
အသက်ကို ဝဝရှူပြီး မျက်လုံးမှိတ်ကာ
Sicaရေ ....ရှိလား
Chaw ပြောနေတာတွေ ကြားတယ်ဆိုရင် ဒီကို လာခဲ့ပေးပါ
Sica....တောင်းဆိုနေတာပါ ကျေးဇူးပြုပြီး လာခဲ့ပေးပါ
Sica အဲ့မှာရှိလား
Sicaက ပြန်မဖြေသလို.....တစ်ဖြည်းဖြည်းနဲ့ ဘေးပတ်ဝန်းကျင်က မှောင်မဲလို့လာတယ်
ပြီးတော့ ထူးဆန်းနေသလို ဖြစ်လာလို့ Taeyeon ကြောက်လာတယ်
အခုချိန်မှာ Stephanieရဲ့ အိမ်လောက် လုံခြုံတဲ့နေရာမရှိဘူးဆိုတာ Taeyeon သတိရသွားသည်
Taeyeon ချက်ချင်းဘဲ နောက်ပြန်လှည့်ပြီး Stephanieရဲ့ အိမ်ကို အမြန်ပြေးသွားသည်
မောနေပေမယ့် Taeyeon ကြိုးစားပေးနေတယ်
နောက်ဆုံးတော့ Stephanieရဲ့ အိမ်ကို Taeyeon ရောက်လာတယ်
Taeyeon ပျော်ပြီး အိမ်ထဲ အမြန် ဝင်ရင်း လဲကျသွားတယ်
အေးစက်နေတဲ့အထိအတွေ့ကြောင့် Taeyeon သတိရလာတယ်
မျက်လုံး ဖွင့်ကြည့်တော့ Stephanieက သူ့ကို ရေခဲဝတ်ကပ်ပေးထားတာကို တွေ့လိုက်ရသည်
Stephanieက Taeyeonကို စိုးရိမ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်
"Taeyeon..."
Taeyeon မဲမှောင်နေတဲ့နေရာကနေ လွတ်အောင် ဘယ်လိုပြေးလာခဲ့လဲဆိုတာ မမှတ်မိဘူးဖြစ်နေတယ်
ဒါမှမဟုတ် သူ နေမကောင်းနေလို့ ဂယောင်ဂတမ်းအိမ်မက်တွေ မက်နေတာများလား
"Ahhh...Hello "
"အဆင်ပြေရဲ့လား Taeyeon "
Stephanie ကမေးတော့ Taeyeon ဘာဖြေရမှန်းမသိ ဖြစ်နေတယ်
တကယ်ဆို သူ့အဘွားအိမ်ဘက်မှာ ရှိနေရမှာ မဟုတ်လား
Taeyeon ထွက်ပြေးမယ့်အကြောင်း တွေးမိနေစဥ် Aphroditeရဲ့ စကားတွေ ပြန်ကြားယောင်လာသည်
" Taeyeon... Stephanie က မင်းကို လိုအပ်နေတာနော် ပြီးတော့ မင်းမှာလည်း မိသားစုက ရှိလာပြီ မိသားစုနဲ့ ပတ်သက်တဲ့ တာဝန်တွေကို မင်းစောင့်မျှော်နေရမယ် ....Stephanie ကို အခွင့်အရေးပေးလိုက်ပါ သူက မင်းအတွက် မိန်းမကောင်း မင်းရဲ့ကလေးအတွက် မိခင်ကောင်း ပီသမှာပါ "
Aphrodite စကားကို ကြားယောင်မိပြီး Taeyeon တံတွေးမြိုချမိသည်
Aphrodite က သေချာပေါက် Taeyeonနဲ့ Sica စီစဥ်နေတာတွေ သိနေမှာဘဲ
"Taeyeon..... တကယ်အဆင်ပြေရဲ့လား "
"Chaw အဆင်ပြေပါတယ် ဟို စိတ်မပူပါနဲ့ "
"တော်သေးတာပေါ့ Taeyeonရယ် တို့က စိတ်အရမ်းပူနေတာ "
Stephanie က ပြောပြီး Taeyeon ရဲ့ မျက်နှာလေးကို ကိုင်လိုက်သည်
ပြီးတော့ Taeyeon ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
"Taeyeon တို့ မင်းကို အရမ်းချစ်တာ သိလား "
Stephanie ပြောပြီး Taeyeon အပေါ် တက်ခွလိုက်သည်
Taeyeon မျက်လုံးမှိတ်ထားပြီး နတ်ဘုရားမက သူ့ကို အပိုင်သိမ်းနေတာကို ငြိမ်ခံလိုက်သည်
ဘယ်တတ်နိုင်မှာလဲ Stephanie လို အရမ်းချောမောလှပတဲ့ နတ်ဘုရားမနဲ့ အတူမအိပ်ဘဲ ဘယ်လို လူသားက နေနိုင်မှာလဲ
#tbc
#zawgyi
"ဟုတ် ပျော်ပါတယ် "
ဘယ်လိုသိတာလဲ
"ahh chaw.."
Sicaရေ ....ရှိလား
Sica အဲ့မှာရှိလား
"Taeyeon..."
"Ahhh...Hello "
#tbc
Bạn đang đọc truyện trên: Truyen3h.Co