Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 31

KimFany059

Stephanie က Taeyeonကို အခန်းထဲမှာဘဲ နေဖို့ ပြောတယ်

Taeyeonလည်း တစ်ခြားနတ်ဘုရားမတွေ ကြည့်တာ စကား​ပြောတာ ခံရမှာထက် အခန်းထဲနေနေတာ ကောင်းပါတယ်ဆိုပြီး အခန်းထဲမှာဘဲ နေနေသည်

"Taeyeon "

ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် Taeyeon လန့်ပြီး ထခုန်မိသည်

"Si...Sica...ငါ နင့်ကို ခေါ်နေခဲ့တာကြာပြီ "

"Oh တကယ်လား ဘယ်တုံးကလဲ... ထားပါ ငါ အခုရောက်လာတာက မင်း စည်းကမ်းဖောက်လို့ "

"ဘယ်လို ငါမလုပ်မိပါဘူး "

Taeyeon ငြင်းလိုက်ပေမယ့် ရုတ်တရက် မနေ့ညက Stephanieနဲ့ အတူအိပ်ခဲ့တာကို သတိရသွားတယ်

Sicaက လိင်မဆက်ဆံဖို့ပြောထားပေမယ့် Stephanieလို အရမ်း လှပတဲ့ နတ်ဘုရားမလေးနဲ့ လိင်မဆက်ဆံဘဲ ဘယ်သူက နေနိုင်မှာလဲ

"အင်း မင်းကတော့ တကယ် အားနည်းတာဘဲ ထပ်ပြီး သူ့ထောင်ချောက်မှာ ကျရှုံးပြန်ပြီ "

"ငါ...ငါက လူသားတစ်ယောက်လေ ထိန်းချုပ်ဖို့က လွယ်မှမလွယ်တာ "

Sicaက Taeyeonဆီကို လျှောက်လာတယ်

"Hey ဘာလုပ်တာလဲ "

Sica ကို Taeyeon တွန်းလိုက်သော်လည်းမရ Sicaက Taeyeonရဲ့ ပခုံးပေါ်မေးတင်ပြီး အနံ့ခံကြည့်နေသည်

"Stephanie က မင်းခန္ဓာကိုယ်ပေါ်  အကြွင်းအကျန်တွေ အများကြီးချန်ထားခဲ့ပြီဘဲ မင်း တကယ်ဘဲ ထွက်ပြေးချင်တာရော ဟုတ်ရဲ့လား "

"Umm.... ဒါ ဒါပေါ့ "

"hk မင်း ပြန်ဖြေဖို့တွေဝေနေသေးတာဘဲ Taeyeon အခုက သေချာစဥ်းစားရမယ့် အချိန်ရောက်ပြီ အခုထိ မင်း သူ့ကို တပ်မက်နေတုံးဘဲ Taeyeon... မင်းဘက်က သေချာရင် ငါ့ကို ပြန်ခေါ်ပါ ငါရောက်လာပြီး Stephanie ချန်ထားတာတွေ ဖယ်ပေးနိုင်တယ် "

Sicaက Taeyeon အဖြေကို မစောင့်ဘဲ ပျောက်ကွယ်သွားတယ်

နေပါအုံး ဖယ်ပေးနိုင်တယ်ဆိုတာ ဘယ်လိုမျိုးနဲ့ Sica နဲ့ sexလုပ်ရမှာလား ဟာ မလုပ်နိုင်ပါဘူး....

Taeyeon တစ်ယောက်တည်း တွေးနေမိတယ်

သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သူ့အတွင်းစိတ်က Stephanieကိုဘဲ Stephanieထိတွေမှုတွေကိုဘဲ လိုချင်နေတာ.... ပြီးတော့ Stephanieဆီက ထွက်မပြေးနိုင်ဘဲဲ ဖြစ်နေတာ

Damn it တကယ် စိတ်ရှုပ်စရာဘဲ ငါ့စိတ်နဲ့ ငါ့ခန္ဓာက တစ်ခြားစီဖြစ်နေတယ်

ညရောက်တော့ သူတို့ မင်္ဂလာပွဲအတွက် တက်ကြွစွာ စကားပြောနေတဲ့ Stephanieရဲ့​ဘေးနားတွင် Taeyeon ထိုင်နေသည်

ပြီးတော့ သူတို့လက်ထပ်ဖို့ ၁၂ရက်ဘဲ လိုတော့တယ်ပြောတော့ Taeyeon သူ့ကမ္ဘာကို ပြန်ခွင့်မရတော့ဘူးလားလို့ တွေးနေမိသည်

Stephanieကို Taeyeon ကြည့်လိုက်တော့ Stephanie မှာ တော်တော်လေးပျော်နေတဲ့ပုံပင် ပြုံးရွှင်နေတာဘဲ

ကလေးမွေးတဲ့အခါ ကလေးကို သူစောင့်ရှောက်မည့်အကြောင်းတွေ Taeyeonကို သူ့ဘေးနားမှာဘဲ နေပေးဖို့ ပြောနေသည်

Stephanieရဲ့စကားတွေက Taeyeonကို အပြစ်ရှိစိတ် ဝင်လာစေသည် ဘာလို့လဲဆိုတော့ Taeyeonက Stephanieနဲ့ဆန့်ကျင်ဘက်ကို တွေးနေလို့လေ မဟုတ်လား

ဒါကြောင့်မို့လို့ Stephanie ကို အခွင့်အရေးပေးသင့်လားလို့ Taeyeon တွေးနေမိသည်

"မင်း တကယ်ကြီးပြောနေတာလား Taeyeon သူ့ကို အခွင့်အရေးပေးမယ်ပေါ့ ဟုတ်လား "

Sicaမှာ Taeyeonရဲ့ စကားကြောင့် အံ့သြပြီး မယုံကြည်နိုင်ဖြစ်နေတယ်

Taeyeon မနေ့ညက တစ်ညလုံးတွေးပြီး ဆုံးဖြတ်ခဲ့တာကို Sicaကို ပြောပြတယ်လေ

"ဟုတ်တယ် အဆင်ပြေမယ်လို့ တွေးမိလို့ ဒီမှာ Sica...ငါတို့ မကြာခင် ကလေးမွေးတော့မှာကွာ အဲ့တာကို ငါက ထွက်ပြေးနေလို့ မဖြစ်ဘူး ပြဿနာ အကြီးကြီးတက်လိမ့်မယ် "

Taeyeon ရဲ့ စကားကြောင့် Sica မျက်မှောင်ကြုတ်သွားတယ်

"မဟုတ်ဘူး Taeyeon မင်းက သူ့မန္တာန်အောက်မှာ မိနေတာ သူက နတ်ဘုရားမဆိုတာ မှတ်မိတယ်မလား သူက သူလိုချင်တာ ဖြစ်ချင်တာ လုပ်နိုင်တယ် မင်းလို အားနည်းတဲ့ လူသားက သူ့ဆီပိတ်မိနေတာကို ကြည့်တော့....သူတို့မှာက စွမ်းအင်ရှိတယ် မင်းမှာက ဘာမှမရှိဘူး ...သူတို့က မင်းကို ဒီကမ္ဘာထဲ အပြီးခေါ်ထားတော့မှာ မင်းကမ္ဘာကို မပြန်ချင်ဘူးလား မင်းမိသားစုကို မတွေ့ချင်ဘူးလား သူငယ်ချင်းကိုရော "

Sicaရဲ့ စကားကြောင့် Taeyeon သက်ပြင်းချလိုက်သည်

ဒီစကားတွေ ကြားနေရတာ သူ အရမ်းပင်ပန်းနေပြီလေ

ပြီးတော့ Sicaနဲ့တွေ့နေတာကို Stephanie သိသွားရင် ဘယ်လိုလုပ်မလဲ

တစ်ခါက နတ်ဘုရားမလေးတစ်ပါးနဲ့ စကားပြောနေတာကို Stephanie တွေ့ပြီး တော်တော်လေး စိတ်တိုခဲ့တာလေ

အဲ့တာကိုမှ Sicaနဲ့တွေ့ပြီး ထွက်ပြေးဖို့ စီစဥ်နေတာကိုသာ Stephanie သိခဲ့ရင် မတွေးရဲစရာဘဲ

"တကယ်ပြောတာ Sica..ငါတို့အတွက် အဲ့လိုလုပ်ဖို့ မလိုတော့ဘူး ဘုရင်မကြီးသာ သိသွားရင် ငါတို့ကို သတ်လိမ့်မယ် သွားပါတော့ "

Taeyeonက နှင်ထုတ်ပေမယ့် Sicaက Taeyeonရဲ့လက်မောင်းကို ဆွဲလိုက်သည်

ပြီးတော့ Taeyeonရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သောကြောင့် Taeyeon အရမ်းလန့်သွားတယ်

Sicaကို Taeyeon တွန်းထုတ်ပေမယ့် မရ Sicaက Taeyeonကို ချုပ်ကိုင်ပြီး ဇွတ်အနမ်းတွေ ပေးနေသည်

"ဘာလုပ်တာလဲ သွားပါတော့ Sicaရယ် ငါတို့နှစ်ယောက်လုံးအတွက် မကောင်းတာတွေကို ဘာလို့လုပ်နေတာလဲ "

"Taeyeon မင်း နိုးထဖို့ လိုနေပြီ သူ့မန္တာန်အောက်မှာ ကျရှုံးမနေနဲ့တော့ မင်းထွက်ပြေးချင်နေတာ မဟုတ်လား ထပါတော့ "

Taeyeonမှာ တစ်ခုခုပြန်ပြောမလို့ရှိသေး ခြေသံကြားလိုက်လို့ ဆံပင်မွှေးတွေ ထောင်လာသည်

"ငါ ပြန်လာခဲ့မယ် Taeyeon"

Sicaမှာ မှော်ဆရာတစ်ယောက်လို အခန်းထဲက ပျောက်သွားပေမယ့် Taeyeon မှာ မောပြီး ကျန်ခဲ့သည်

Sicaပြောတဲ့စကားတွေကိုလည်း Taeyeon ပြန်တွေးနေမိတယ်

သူပြောသလိုဘဲ မန္တာန်အောက် ပိတ်မိနေတာများလား နတ်ဘုရားရဲ့ မန္တာန်လေ

မဖြစ်နိုင်တာ ထပ်ပြီး သူများစကားနားယောင်လို့ မဖြစ်ဘူး Stephanie ကို ငါသဘောကျတယ် ချစ်တယ်လို့ ...ဟုတ်တယ် သူ့ကိုချစ်နေမိတာ

"Taeyeon အဆင်ပြေရဲ့လား "

Stephanie ရဲ့အသံကြောင့် Taeyeon သတိပြန်ဝင်လာတယ်

"အာ..... "

"တို့ မင်းနာမည်ကို ခေါ်နေတာကြာပြီ "

"ဟုတ် ပြေပါတယ် "

Stephanieရဲ့ အကြည့်တွေမှာ Taeyeon ကျရှုံးနေပြီ

ဟုတ်တယ် Sicaနဲ့တစ်ခြားသူ စကားတွေကို နားယောင်လို့မဖြစ်ဘူး.....

Stephanieကို အခွင့်အရေးပေးပြီး ငါ့ဘဝရဲ့ စာမျက်နှာအသစ်ကို စတင်ရမယ်

Taeyeon ဆုံးဖြတ်ပြီး Stephanie ရဲ့ လက်ကို ကိုင်လိုက်သည်

"Stephanie "

"humm "

"Chaw...Stephanie ကို ချစ်တယ် "

Stephanieမှာ Taeyeonရဲ့ ရုတ်တရက် ပြောလိုက်တဲ့စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်

#tbc

#zawgyi



"Taeyeon "










"Hey ဘာလုပ်တာလဲ "



"Umm.... ဒါ ဒါပေါ့ "





သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သူ့အတွင်းစိတ်က Stephanieကိုဘဲ Stephanieထိတွေမှုတွေကိုဘဲ လိုချင်နေတာ.... ပြီးတော့ Stephanieဆီက ထွက်မပြေးနိုင်ဘဲ ဖြစ်နေတာ

































"အာ..... "


"ဟုတ် ပြေပါတယ် "





"Stephanie "

"humm "



#tbc

Bạn đang đọc truyện trên: Truyen3h.Co