Part 32
come on....Aphroditeက တစ်ချိန်လုံး ငါ့ကို ကြည့်နေမှတော့ ငါ ဘယ်လိုလုပ် ညစာကောင်းကောင်းစားလို့ရမှာလဲ
မိနစ်တိုင်း ငါ့ကို ကြည့်နေတာလေ...ငါ ပြုံးပြသင့်သလား..... နေပါအုံး Sicaနဲ့တွေ့နေတာကို သူသိနေတာလား
သိရင်သိနိုင်တာဘဲ သူက စွမ်းအားအကြီးဆုံး နတ်ဘုရားမ ဟုတ်တယ်မလား ငါ့ရဲ့ကလေးအကွက်တွေကို သူသိနေနိုင်တာဘဲ ဘုရားရေ ဒါက ကောင််းတဲ့လက္ခဏာတော့ မဟုတ်ဘူး
Taeyeonမှာ အတွေးလွန်ပြီး လန့်နေလို့ သူ့ကိုယ်သူ စိတ်ပြန်လျော့ခိုင်းနေရသေးသည်
"Taeyeon..."
Stephanieက Taeyeonရဲ့ ပခုံးပေါ်မေးတင်ပြီး Taeyeonနာမည်ကို ခေါ်ရင်း Taeyeonရဲ့ လက်ကို ကိုင် လိုက်သည်
"Humm... ဟုတ် "
Stephanieကြောင့် Taeyeon စိတ်လေး နည်းနည်းတော့ အဆင်ပြန်ပြေလာတယ်
"ဒီညကျ တို့နှစ်ယောက် ကလေးလေးက သားလေးလား သမီးလေးလားဆိုတာ ကြည့်ရအောင် နော် "
Stephanieက နူးနူးညံ့ညံ့လေး ပြောလိုက်တယ်
"ကောင်းပါတယ် ဒါနဲ့ ဘယ်လိုကြည့်ရမှာလဲ "
လူသားတွေကမ္ဘာမှာတောင် သားလေးလား သမီးလေးလား ကြည့်ဖို့ခက်တာ Stephanieတို့က ဘယ်လိုကြည့်မှာလဲ
"ဘုရင်မရဲ့ သူနာပြုဆီ တို့တွေသွားကြမှာကွာ သူက တို့နှစ်ယောက်ကို ကူညီပေးလိမ့်မယ် "
Stephanie က ပြောရင်း စိတ်လှုပ်ရှားနေတယ်
"Taeyeon မင်းသိလား "
"ဟင် "
" နောက်ဆုံးတော့ မင်းက တို့အပိုင်ဖြစ်သွားလို့ တို့အရမ်းပျော်မိတယ် "
Taeyeon မှာ Stephanieရဲ့ လက်ကို ကိုင်ပြီး နမ်းလိုက်တော့ Stephanieမှာ တော်တော်လေး အံ့သြရပြန်သည်
သူ ဒီလိုမျိုး အနမ်းခံရမယ်လို့ မတွေးမိခဲ့ဘူးလေ
အခုတော့ Stephanieက အချိန်တိုင်း Taeyeonဘေးနားမှာ ရှိနေတယ်ဆိုတာ Taeyeon သိလိုက်ပြီ
အရင်က Stephanieရဲ့ ပိုင်ဆိုးပိုင်းနင်း အပြုအမူတွေကြောင့် Taeyeonမှာ Stephanieကို ကြောက်နေခဲ့တာ
Taeyeon ထွက်ပြေးသွားတိုင်း Stephanie ကတော့ လက်မလျော့ဘဲ Taeyeonကို လိုက်ရှာပေးခဲ့တယ်
Taeyeon ဘဝကလည်း တကယ်ထူးဆန်းပါတယ် နတ်ဘုရားမတစ်ပါးရဲ့ ကိုယ်ဝန်လွယ်ထားရတာတဲ့လေ
ဒီအကြောင်းတွေ လူတွေကိုပြောပြလိုက်ရင် Taeyeonကို ရူးနေတာဘဲလို့ ဝိုင်းဟားကြမှာ
"Taeyeon "
အက်ရှရှအသံကြောင့် Taeyeon အတွေးလွန်ရာက အသိစိတ်ပြန်ဝင်လာတယ်
"ဟုတ် "
"ဘာလုပ်နေတာလဲ အိပ်မပျော်လို့လား "
Stephanie က Taeyeonရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို ဆွဲဖက်သည်
"ရေကန်မှာ မင်းကို တို့ ပထမဆုံး စတွေ့ခဲ့ချိန်ကို မှတ်မိသေးတယ် အဲ့ကတည်းက မင်းကို တို့ချစ်လာခဲ့တာ "
"ပြောပြ "
အဲ့တုန်းက တို့ရေချိုးနေတာကို မင်းချောင်းကြည့်ခဲ့တာလေ "
"အယ် သိတယ်လား ဘယ်လိုသိတာလဲ "
"အိုး တို့က နတ်ဘုရားမလေ တို့သိတာပေါ့ ပြီးတော့ မင်း ပုန်းနေရင်တောင်မှ မင်းခန္ဓာကိုယ်က ထုတ်တဲ့ sexual ဟောမုန်းတွေ တို့ခံစားမိတယ် "
Stephanie က ပြောရင်း ပြုံးလိုက်သည်
"မင်း နောက်တစ်ခေါက် ပြန်လာမယ်ဆိုတာ တို့သိတယ်လေ ဒီတော့ တို့လည်း မင်းကို စောင့်နေခဲ့တာ မင်းနဲ့စကားပြောချင်လို့လေ ဒါပေမယ့် မင်းက အိပ်ပျော်နေတော့ တို့လည်း မင်းဘေးနား ဝင်အိပ်နေခဲ့တာ "
"ဟုတ်ပါ့နော်.... အဲ့တုံးက Stephanie က အရမ်းလှတာ "
"မင်း တို့ကိုကြည့်ပြီး စကားတွေတောင် ထစ်နေတာလေ "
"Hey Stephanie က နတ်ဘုရားမဆိုတော့ Chaw စကားထစ်တာ မဆန်းဘူးလေ "
Stephanie နဲ့ ဒီလို မျိုး စကားတွေစနောက်ပြီး ပြောရမယ်ဆိုတာ Taeyeon တစ်ခါမှ မတွေးမိခဲ့ဘူး
အခုတော့ နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကားတွေပြောရင်း Taeyeon စိတ်တွေ အဆင်ပြေလာတယ်
"ဘာမှမဖြစ်ပါဘူး မင်းက ချစ်ဖို့ကောင်းလို့ပြောပြတာ "
Stephanieကပြောပြီး Taeyeonရဲ့ နှာခေါင်းလေးကို လက်နဲ့တို့လိုက်သည်
"ရေအတူကူးကြမလား မေးတုံးကလဲ မင်းရှက်နေခဲ့တာလေ တကယ်ချစ်ဖို့ကောင်းတာဘဲ...."
"ဟာ Chawက ရှက်ရမှာပေါ့...Stephanie က..."
"တို့က ဘာဖြစ်နေလို့လဲ "
"အဝတ်အစားမှမပါတာ Chaw စိတ်ထိန်းဖို့ ခက်တာပေါ့ "
Taeyeonရဲ့ စကားကြောင့် Stephanieမှာ တဟားဟားနဲ့ ရယ်လေသည်
Stephanie အခုလိုပေါ့ပေါ့ပါးပါးနဲ့ ရယ်နေတာမျိုး Taeyeon တစ်ခါမှ မတွေ့ခဲ့ဖူးလေ
"မင်းက တကယ် ချစ်ဖို့ကောင်းတာဘဲ "
Stephanieက ပြောပြီးတော့ Taeyeonကို ဆွဲဖက်လိုက်တယ်
ဒီနေ့ညကတော့ Taeyeonတို့ ရမ္မက်ထက် အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ sex nightလေးကို ဖြတ်သန်းခဲ့ကြသည်
နောက်တစ်နေ့ မနက်မှာတော့ Taenyတို့ လက်ချင်းတွဲပြီး မနက်စာအတူစားဖို့ ထွက်လာခဲ့သည်
Taeyeonတို့ မျက်နှာပေါ်က ပျော်ရွှင်မှုတွေကို Aphrodite တစ်ယောက် အကဲခတ်နေလေရဲ့
"ကောင်းသောနံနက်ခင်းပါ ကလေးမလေးနှစ်ယောက်.... မင်းတို့နှစ်ယောက်ကို ကြည့်ရတာ powerful ဖြစ်လိုက်တာ ကြည့်ရတာ အရမ်းအားရတာဘဲ "
Aphrodite မှာ Stephanie တို့ကို ပြုံးပြီး ပြောလိုက်သည်
"မနက်စာစားပြီးရင် သူနာပြုဆီ သွားမလို့ "
Stephanie က ထိုင်ခုံတွင် ဝင်ထိုင်ပြီး ပြောလိုက်တယ်
"ဟင် မနေ့ညက သွားမယ်ထင်နေတာ အခုမှ သွားမှာလား "
Opps...Stephanie က မနေ့ညက ငါတို့ ဘာလုပ်နေရလို့ သူနာပြုဆီ မသွားဖြစ်တာလို့ ပြောရင်တော့ ရှက်စရာဘဲ မပြောပါစေနဲ့
"အ..."
"မနေ့ညက ကျွန်မတို့ အနာဂတ်အတွက် တိုင်ပင်စရာတွေရှိလို့ တိုင်ပင်အစီအစဥ်ဆွဲနေခဲ့တာမို့လို့ မသွားဖြစ်တာပါ ဟုတ်တယ်မလား Taeyeon "
Stephanieက Taeyeonရဲ့ လက်ကို ကိုင်ပြီး ပြောတော့ Taeyeon မှာ အလိုက်အထိုက်ခေါင်းညိတ်ပြသည်
ဘုရင်မကိုကြည့်ရတာလည်း Stephanie အဖြေကို စိတ်ကျေနပ်သွားပုံဘဲ ခေါင်းညိတ်ပြီး မနက်စာ ဆက်စားနေသည်
Taeyeonမှာ သူနာပြုဆီ သွားတဲ့လမ်းတွင် စိတ်လှုပ်ရှားပြီး သိချင်စိတ်တွေ ဖြစ်နေတယ်
ကလေးလွယ်ထားရတယ်ဆိုပြီး နှစ်ယောက်လုံးမှာ ဗိုက်ထွက်လာတာမျိုး ကလေးရှိနေကြောင်းပြတဲ့ signတွေ တစ်ခုမှမရှိဘူးလေ ကလေးက ဘယ်မှာလဲဆိုတာ Taeyeon သိချင်နေသည်
"မင်းမှာ မေးစရာတွေရှိနေမယ်ထင်တယ် Taeyeon "
"ကလေးက ဘယ်မှာလဲဟင် "
"အဲ့ကိုရောက်ရင် ပြောပြမယ် ဟုတ်ပြီလား "
"okay "
နောက်ဆုံးတော့ Taeyeonတို့လည်း သူနာပြုဆီ ရောက်လာကြသည်
ဆေးခန်းထဲမဝင်ခင် ကြီးမားလှတဲ့ဂိတ်ကိုလည်း ဖြတ်ကျော်ရသေးတယ်
အထဲကိုရောက်သောအခါ
"Taeyeon ဒီမှာ ခဏနေအုံးနော် တို့နှစ်ယောက်က ပြည့်ပြည့်ဝဝ bondမတွယ်ထားတော့ မင်းက တစ်ချို့အဆောက်အဦးတွေထဲကြ ဝင်မရသေးဘူး ဒီမှာဘဲနေနော် လျှောက်မသွားနဲ့ လမ်းပျောက်နေလိမ့်မယ် "
Taeyeonက ခေါင်းညိတ်ပြပြီး Stephanieကို နမ်းလိုက်တယ်
Stephanie လည်း ထွက်သွားရော Taeyeonမှာ သူတို့ ရင်သွေးလေးက မိန်းကလေးဖြစ်မလား ယောင်္ကျားလေးဖြစ်မလားဆိုတာကို သိချင် ရင်ခုန်နေတယ်
Taeyeonကတော့ မိန်းကလေးဘဲ လိုချင်မိတယ်
နတ်ဘုရားတွေလောကက ထူးဆန်းတယ်နော် ပုံမှန်လူ့ကမ္ဘာမှာဆို မိန်းကလေးချင်း ကိုယ်ဝန်ဆောင်ဖို့က သာမန်မှမဟုတ်တာ
Taeyeonမှာ သူ့အနာဂတ်က မိသားစုပုံစံလေးကို စိတ်ကူးယဥ်နေစဥ် မိန်းကလေးတစ်ယောက်ရဲ့ အော်သံကို ကြားရလေသည်
Taeyeonလည်း အော်သံကြားရာနောက် လိုက်သွားကြည့်တော့ ဘယ်သူမှ မရှိတဲ့ အိမ်တစ်အိမ်ရှေ့ရောက်သွားတယ်
ကယ်ကြပါအုံး
အကူအညီတောင်းသံကြားလို့ Taeyeon တစ်ယောက် အိမ်ထဲ ဝင်ကြည့်လေသည်
Taeyeon အိမ်ထဲ ဝင်ကြည့်တဲ့အခါမှာတော့ လှောင်အိမ်ထဲထည့်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရလေသည်
"ကျွန်မကို ကယ်ပါအုံး သူတို့က...ကျွန်မကို ဖမ်းထားကြတယ် ဒီကနေ ထွက်သွားချင်လို့ ကယ်ပါအုံး "
"Hey...ဘာဖြစ်တာလဲ "
"ကျွန်မမသိဘူး သူတို့ ကျွန်မကို ဒီထဲဖမ်းခေါ်ထားကြတယ် "
"ဘယ်သူက ထည့်တာလဲ "
"ကျွန်မ မသိဘူး အဲ့အမျိုးသမီးက စိတ်တိုနေတဲ့ပုံဘဲဲ ပြီးတော့ သူ့ကိုယ်သူ နတ်ဘုရားမလို့ ပြောတယ် "
"နင် နင်က လူသားလား "
Taeyeon ထိုမိန်းကလေးကို ကြည့်ရင်း အရင်က သူ့ကိုယ်သူ သူ့ပုံစံကို ပြန်မြင်ယောင်လာတယ်
"ဟုတ်ပါတယ် ကျွန်မကို ဒီကနေ ထုတ်ပေးပါလားရှင် ကျွန်မ အိမ်ပြန်ချင်လို့ပါ "
"စမ်းသပ်မှုပြီးရင်တော့ မိနစ်ပိုင်းအတွင်း အဖြေထွက်လာလိမ့်မယ် ခဏစောင့်ပေးပါ Stephanie "
Taeyeonမှာ Stephanieခေါ်လို့ ဆေးခန်းထဲရောက်လာသည်....
ဟိုကောင်မလေးနဲ့တွေ့ခဲ့တာ Stephanie သိလို့မဖြစ်ဘူး
"သူက ဘယ်သူလဲဟင် "
"သူက သူနာပြုလေ Taeyeon "
"Aww သူနာပြု "
အိမ်ဟောင်းထဲမှာရှိတဲ့ မိန်းကလေးနဲ့ပတ်သက်ပြီးလည်း Stephanie ကို Taeyeon မမေးရဲဘူးလေ
တော်ကြာနေ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ မကယ်ပေးနိုင်ဘဲ တစ်ယောက်တည်းထားခဲ့မိလို့ Taeyeon စိတ်မကောင်းတော့ဖြစ်မိတယ်
"တစ်ခုခုဖြစ်နေတာလား Taeyeon"
Stephanieက ကျောက်ရုပ်ဖြစ်နေတဲ့ Taeyeonကို တို့ပြီး မေးလိုက်သည်
"ဘာ ဘာမှမဖြစ်ပါဘူး ဒီအတိုင်း ကလေးက ဘာလေးဖြစ်မလဲ အရမ်းသိချင်နေတာရယ် "
"Aww စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားလိမ့်မယ် "
Stephanie ကပြောပြီး Taeyeonရဲ့ နဖူးကို နမ်းလိုက်သည်
Taeyeon ပြောလိုက်ပေမယ့် စိတ်ထဲတော့ရှုပ်ထွေးနေတယ်
အဲ့ကောင်မလေးကို ဘယ်သူဖမ်းလာတာလဲ...Sica ဖြစ်နိုင်မလား
Sicaက Taeyeon စိတ်ကိုရှုပ်ထွေးပြီး ထင်ယောင်ထင်မှားဖြစ်လာအောင် လွတ်မြောက်ချင်လာအောင် ဖန်တီးနေတာလား
ဒါပေမယ့် Taeyeonက ထွက်မပြေးချင်တော့ဘူး ကံကြမ္မာကို လက်ခံပြီး Stephanieရဲ့ဘေးနားမှာဘဲ Taeyeon နေချင်တော့တယ်
ဒါပေမယ့် မိန်းကလေးကို ဘယ်သူက ဖမ်းလာတာလဲဆိုတာ စုံစမ်းရမယ်
သူနာပြုက Taeyeonတို့ရဲ့ကလေးက မိန်းကလေးလို့ပြောလို့ သမီးမိန်းကလေးလိုချင်နေတဲ့ Taeyeon တစ်ယောက် အိမ်ပြန်လမ်းမှာ တော်တော်လေးပျော်နေတယ်လေ
သို့ပေမယ့်လည်း သူ့ရဲ့အပျော်တွေက အိမ်ပြန်ရောက်တော့ ပျောက်ကုန်တယ်
ဘာလို့လဲဆိုတော့ သူတို့ကလေးကို ထိန်းပေးမယ့် ကလေးထိန်းက ဘယ်သူလဲဆိုတာ သိလိုက်ရလို့ပင်
#tbc
ကလေးထိန်းက ဘယ်သူဖြစ်မလဲ?
#zawgyi
သိရင်သိနိုင်တာဘဲ သူက စွမ်းအားအကြီးဆုံး နတ်ဘုရားမ ဟုတ်တယ်မလား ငါ့ရဲ့ကလေးအကွက်တွေကို သူသိနေနိုင်တာဘဲ ဘုရားရေ ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး
"Taeyeon..."
"Humm... ဟုတ် "
"Taeyeon မင်းသိလား "
"ဟင် "
"Taeyeon "
"ဟုတ် "
"ပြောပြ "
"တို့က ဘာဖြစ်နေလို့လဲ "
"အ..."
"ကလေးက ဘယ်မှာလဲဟင် "
"okay "
အထဲကိုရောက်သောအခါ
ကယ်ကြပါအုံး
"Hey...ဘာဖြစ်တာလဲ "
"ဘယ်သူက ထည့်တာလဲ "
"ကျွန်မ မသိဘူး အဲ့အမျိုးသမီးက စိတ်တိုနေတဲ့ပုံဘဲ ပြီးတော့ သူ့ကိုယ်သူ နတ်ဘုရားမလို့ ပြောတယ် "
"နင် နင်က လူသားလား "
"သူက ဘယ်သူလဲဟင် "
"သူက သူနာပြုလေ Taeyeon "
"Aww သူနာပြု "
#tbc
Bạn đang đọc truyện trên: Truyen3h.Co