Part 33
"မနက်ဖြန်ကျရင် ကြော်ငြာချက်ထုတ်ပြန်လိုက်မယ်နော် "
Stephanieမှာ Aphrodite ကို ဖက်ပြီး ပြောလိုက်သည်
"ဟုတ်ပါပြီ ဒါနဲ့ Stephanie.... ငါတို့မြေးလေးအတွက် နာနီရှာပေးထားတယ် ကလေးထိန်းပေးဖို့လေ သူက ကြင်နာတတ်ပြီး ဂရုစိုက်တတ်တယ် သိလား Taeyeonရော Dinning Roomကို လာလေ သူနဲ့မိတ်ဆက်ပေးမယ် "
Aphrodite ကပြောတော့ Taeyeonလည်း ခေါင်းညိတ်ပြလိုက်သည်
ခေါင်းမညိတ်လို့မရဘူးလေ ရွေးချယ်စရာမှမရှိတာ
"Chawတို့ ကလေးထိန်းလိုမယ်လို့ သူကထင်နေတာလား "
Taeyeonမှာ Stephanieအနားကပ်ပြီး တိုးတိုးလေးမေးလိုက်သည်
Taeyeonက ငယ်သေးပေမယ့် မိဘတစ်ယောက်အနေနဲ့တော့ Stephanie နဲ့အတူ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်လောက်မယ် မဟုတ်လား
Taeyeonရဲ့ အင်နိုးစန့်စကားလေးကြောင့် Stephanie ရယ်လိုက်သည်
"သူက အမြဲ အဲ့လိုဘဲ တို့မိသားစုထဲက တစ်ယောက်ယောက်က ကလေးမွေးရင် သူက အမြဲ နာနီ ကလေးထိန်း ငှားပေးရမှ....တို့အတွက်တော့ အထူးတဆန်းမဟုတ်ဘူး "
"ဟုတ်ပါပြီ "
Taeyeonလည်း သူဘာမှမပြောနိုင်တာမို့ လက်ခံနိုင်သည်
Queen Aprodite က ထပ်ပေါ်လာပြန်သည်
"နင်တို့ကို ငါ့မြေးလေးကို ထိန်းပေးမယ့် ကလေးထိန်းလေးနဲ့ မိတ်ဆက်ပေးမယ်...ထွက်လာခဲ့ပေး "
Aphroditeက ပြောတော့ ကောင်မလေးတစ်ယောက်က သူတို့ရှေ့ပေါ်လာသည်
"သူ့နာမည်က Sicaတဲ့ "
Taeyeon မှာ လန့်ပြီး အံ့သြသွားလို့ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်
နေပါအုံး သူနဲ့ ထွက်ပြေးဖို့ တိုင်ပင်ခဲ့ဖူးတယ်လေ
"Taeyeon မင်း အဆင်ပြေရဲ့လား "
Stephanie ရဲ့အသံကြောင့် Taeyeon သတိပြန်ဝင်လာတယ်
"အာ... ပြေ ပြေပါတယ် ဘာလို့လဲ "
"တို့ မင်းကို ခေါ်နေတာကြာပြီ မင်းက zoom out ဖြစ်နေတယ်လေ "
Sicaရဲ့ smirk က Taeyeon စိတ်ကို ထွေပြားစေနေသည်
Stephanie ဘာပြောနေမှန်းမကြားရတော့ပေ
သူ့နှုတ်ခမ်း လှုပ်နေတာကိုဘဲ Taeyeon တွေ့နေရတယ်
"Chawတို့ ကလေးအတွက် ကလေးထိန်း တကယ်လိုအပ်လို့လား "
Taeyeon အခန်းထဲ ဝင်လာပြီး Stephanieကို မေးလိုက်သည်
Stephanie လှုပ်ရှားမှုတိုင်းကို Taeyeon လိုက်ကြည့်နေမိသည်
Stephanieက Taeyeonကို ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး ကြည့်လိုက်တယ်
ပြီးတော့ မေးခွန်းထုတ်စရာမျက်ဝန်းတွေနဲ့ Taeyeonကို ကြည့်ပြီး
"Taeyeon ဘယ်လိုမေးခွန်းမျိုး မေးနေတာလဲ...ဒါပေါ့ တို့တွေအတွက် ကလေးထိန်းလိုတာပေါ့ "
Taeyeonမှာ Stephanie ရဲ့ စကားကြောင့် သက်ပြင်းချလိုက်သည်
"ဒီအတိုင်း ကလေးကို Chawတို့ နှစ်ယောက်တည်း ဂရုစိုက်စောင့်ရှောက်လို့ရတယ်လေ မဟုတ်ဘူး "
"ကိုယ့်ဘာသာကိုယ်လည်း ဂရုစိုက်လို့ ရပါတယ် ဘာလို့လဲ နာနီနဲ့ ပတ်သက်ပြီး စိတ်ပူလို့လား "
"အဲ့လိုမဟုတ်ပါဘူး "
"အဲ့တာဆို ဘာပြဿနာမှ မရှိဘူးလေ ဟုတ်တယ်မလား "
Stephanie မှာ Taeyeonကို ပြုံးပြပြီး ပြောလိုက်သည်
"အင်းပါ ဟုတ်ပါပြီ "
Taeyeonလည်း ရွေးချယ်စရာမရှိလို့ ခေါင်းညိတ်ပြလိုက်တယ်
Sicaနဲ့ပတ်သက်ပြီး ဘယ်လိုမှ လက်ခံလို့မရကြောင်း ငြင်းပယ်လို့ မရတာ Taeyeon သိတယ်လေ ဒီတော့လည်း တတ်နိုင်သမျှ Taeyeon မှာ Sicaကို ရှောင်ဖို့ဘဲ စဥ်းစားလိုက်သည်
Taeyeonမှာ Stephanie နဲ့စကားပြောပြီးနောက် စိတ်ပြေလက်ပျောက်ဖြစ်ဖို့ စိတ်ရှင်းလင်းဖို့ အခန်းထဲကထွက်လာခဲ့သည်
"Sica..."
နာနီတွေဝတ်တဲ့ ဝတ်စုံနဲ့ Taeyeonရှေ့ Sica ပေါ်လာတယ်
"ဒီလို ဆက်စီဆန်ဆန် Outfitတွေ မမြင်ရတာ အတော်ကြာပြီ မဟုတ်လား ငါနင့်အတွက် ဝတ်ပေးတာ "
Sicaမှာ Taeyeonကို စလိုက်သည်
"နင် ဘာတွေပြောနေတာလဲ "
"ဘာဘဲဖြစ်ဖြစ် Taeyeon ငါ ဒီကို ရောက်နေတာက အချိန် ဖြုန်းဖို့ မဟုတ်ဘူး လိုရင်းကိုဘဲ ပြောမယ်နော် ငါ နင့်အတွက် အစီအစဥ်တစ်ခု ဆွဲထားတယ်....Stephanie ကလေးမွေးပြီးရင် ငါတို့ထွက်ပြေးကြမယ်...နတ်ဘုရားမတွေက ကလေးမွေးပြီးနောက် အားနည်းသွားတတ်ကြတယ် အဲ့တော့ သူက နင့်နောက်ကို လိုက်လို့မရတော့ဘူး အဲ့တာ နင့်အတွက် အခွင့်အရေးဘဲ Taeyeon "
"ဟို မဟုတ် "
"ငါ နင့်အတွက် အာမခံပေးနိုင်တယ် ကလေးကိုပါ နင်ခေါ်လာလို့ရတယ်လေ "
"နေပါအုံး Sica....နင် ဘာလို့ အဲ့လိုလုပ်နေရတာလဲ ဘာလို့ ငါ့ကို ဒီကနေ ထွက်ပြေးစေချင်နေတာလဲ "
Taeyeonရဲ့ စကားကြောင့် Sica စိတ်ရှုပ်သွားတဲ့ပုံပါဘဲ တိတ်ဆိတ်သွားတယ်
"ဘာလို့လဲဆိုတော့ နင့်ရဲ့အတွင်းစိတ် နှလုံးသားနက်နက်ရှိုင်းရှိုင်းမှာလေ ဒီနေရာကနေ လွတ်မြောက်ချင်နေတာလေ...လှောင်အိမ်ထဲက မိန်းကလေးကို တွေ့ပြီးပြီမလား....နင်သာ ဒီကနေ လွတ်မြောက်အောင် မကြိုးစားဘူးဆိုရင် နင် ဒီကနေ လွတ်မြောက်တော့မှာမဟုတ်ဘူး "
Taeyeon တစ်ခုခုပြန်ပြောမလို့ရှိသေး သူတို့ဆီကို တစ်ယောက်ယောက်လာတဲ့ ခြေသံကြားလိုက်ရလို့ Sicaက ရုတ်တရက် ပျောက်သွားတယ်
သူတို့ဆီ လျှောက်လာတဲ့သူက Aphrodite ဖြစ်နေတယ်
"Oh Taeyeon မင်း ဒီမှာ ဘာလုပ်နေတာလဲ "
"ဟို...လမ်းပတ်လျှောက်နေတာ "
"အခန်းထဲမှာနေပြီး နားနားနေနေနေပေါ့ မကြာခင် Stephanie ကလည်း ကလေးမွေးတော့မယ် မဟုတ်လား "
Aphrodite က ပြုံးပြီး ပြောလို့ Taeyeon အပြစ်ရှိတဲ့ စိတ်ဝင်လာတယ်
Damn It Sica... ငါ့ကို ရူးအောင်လုပ်နေတာဘဲ
"Make love လုပ်ဖို့လည်း မစဥ်းစားနဲ့အုံး ဒီအတောအတွင်း စိတ်ထိန်းထားအုံး "
Aphroditeက စသလိုနောက်သလိုနဲ့ Taeyeonကို ပြောလိုက်သည်
Aphrodite ရဲ့ စကားကြောင့် Taeyeon ရှက်ပြီး ခရမ်းချဥ်သီးလို မျက်နှာလေးက နီရဲလာတယ်
Taeyeonလည်း Aphrodite ကို နှုတ်ဆက်ပြီး သူ့အခန်းထဲ ပြန်လာစဥ် ကုတင်ပေါ် အဝတ်အစားမပါဘဲ လှဲအိပ်နေတဲ့ Stephanie ကြောင့် Taeyeon နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားတယ်
Damn it ကိုယ်ဝန်သည်က ဘာလို့ အရမ်းလန်းနေရတာလဲ
"Taeyeon... ကုတင်ပေါ်လာလေ "
"ဟို..."
ရေကန်မှာ ပထမဆုံးတွေ့ခဲ့တဲ့အချိန်လိုဘဲ Taeyeon ရင်ခုန်သံတွေ မြန်နေဆဲဘဲ
Taeyeon အတွေးလွန်နေစဥ် Stephanie က ညအိပ်ဝတ်စုံဝတ်လိုက်ပြီး သူ့ရှေ့ရောက်လာတယ်
"Taeyeon မင်း တကယ်ဘဲ စိတ်ကို ထိန်းနိုင်နေတာဘဲ တော်တယ် အချစ်ကလေး "
Stephanie က Taeyeon လက်ကို ကိုင်ပြီး ချီးကျူးလိုက်သည်
"ချစ်တယ် Stephanie "
Stephanieမှာ Taeyeon ဆီက ချစ်တယ်ဆိုတဲ့ စကားကြားရတိုင်း ကလေးလေးတစ်ယောက်လို အမြဲပျော်သွားတယ်
"တို့လည်း မင်းကိုချစ်တယ် Taeyeon "
Stephanie က ပြောပြီး Taeyeonရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်
Taeyeonရဲ့ စိတ်က နှစ်မျိုးဖြစ်နေတယ်
သူ့ကမ္ဘာကို မပြန်နိုင်မှာ စိတ်ပူနေသလို Stephanieနဲ့လည်း မခွဲနိုင်ဘူးဖြစ်နေတယ်
ဘယ်လိုလုပ်မလဲဆိုတာ Taeyeon တကယ်မသိတော့ဘူး
#tbc
#zawgyi
"ဟုတ်ပါပြီ "
"သူ့နာမည်က Sicaတဲ့ "
"အဲ့လိုမဟုတ်ပါဘူး "
"အင်းပါ ဟုတ်ပါပြီ "
"Sica..."
"နင် ဘာတွေပြောနေတာလဲ "
"ဟို မဟုတ် "
"ဟို..."
"ချစ်တယ် Stephanie "
#tbc
Bạn đang đọc truyện trên: Truyen3h.Co