Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 34

KimFany059

တစ်ခြားနတ်ဘုရားမတွေနဲ့အတူ Aphrodite အပါအဝင် Taeyeonတို့မှာ ညစာစားနေကြသည်

Sica ကပါ သူတို့နဲ့အတူ ညစာဝင်စားနေလို့ Taeyeon အံ့သြနေရသည်

Taeyeonမှာ ထမင်းစားရင်း Sicaနဲ့ Aphroditeကို အကဲခတ်နေသည်

Aphroditeက Sicaကို ကလေးထိန်းလို့ မိတ်ဆက်ပေးခဲ့တာ မဟုတ်လား

ပြီးတော့ မိတ်ဆက်ပေးပုံကလည်း Sicaနဲ့ ရင်းနှီးနေတဲ့ပုံဘဲ.... Aphroditeနဲ့ Sicaက ဘာများလဲ

Aphrodite က Taeyeonနဲ့ Sicaကို သံသယမဝင်ဘူးလား

"Taeyeon မင်း အဆင်ပြေရဲ့လား ဘာမှလည်း မစားဘူးရော် "

Stephanie ရဲ့ စိတ်ပူနေတဲ့အသံက Taeyeonရဲ့ အတွေးတွေကို ပျက်သွားစေတယ်

"အာ အဆင်ပြေပါတယ် ဒီအတိုင်း တွေးစရာရှိလို့ "

"ဘာမှလျှောက်တွေးမနေနဲ့ စိတ်လျော့ထား Stephanie ကလေးမွေးမယ့်အချိန် မင်းက ဖိအားတွေ ဖြစ်နေလို့ မရဘူးလေ သူ မင်းကိုလိုအပ်နေမှာကို "

Aphrodite ရဲ့ စကားကြောင့် Taeyeon ဘာပြောရမှန်းမသိဖြစ်သွားတယ်

Aphrodite ပြောနေပုံက တစ်မျိုးဘဲ သူ​က ငါ့အတွေးတွေကို သိနေတာလား ဒါမှမဟုတ် တစ်ခုခုစီစဥ်နေတာလား

ဒါပေမယ့် ဘာတွေဘဲဲ ဖြစ်လာလာ ငါ့အမှားမှ မဟုတ်တာ ငါက ဒီနေရာက ထွက်ပြေးဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး Sicaကဘဲ စီစဥ်နေတာ

Taeyeon သူ့စိတ်ကိုသူ ထိန်းပြီး Sicaကို လှမ်းကြည့်တော့ Sicaက မဲ့ပြုံးပြုံးနေတယ်

နတ်ဘုရားတွေနဲ့ Aphrodite ကြားမှာ Sica တော်တော်လေး တည်ငြိမ်နေတာက တစ်ခုခုတော့ တစ်ခုခုဘဲ

ညစာစားပြီးနောက်မှာတော့ Taeyeon စိတ်ကိုရှင်းလင်းဖို့ အပြင်ဘက်ကို လမ်းလျှောက်ထွက်လာလိုက်သည်

အပြင်ဘက်မှာ လမ်းလျှောက်နေရင်း သစ်ငုတ်ပေါ် ကလေးလေးတစ်ယောက် ထိုင်ပြီး ငိုနေတာကို Taeyeon တွေ့လိုက်ရသည်

Taeyeonလည်း ထိုကလေးဆီ သွားရင်း

"Hey ကလေးလေး အဆင်​ပြေရဲ့လား ဘာလို့ငိုနေတာလဲ "

ကလေးမှာ Taeyeonမေးတာကို ဘာမှပြန်မပြောဘဲ မဖြေဘဲ ပိုလို့တောင် ငိုနေသေးသည်

"Hey အဆင်ပြေသွားမှာပါ အစ်မ မင်းကို ကူညီပေးမယ်လေ ဘာဖြစ်တာလဲ ပြောပြ "

Taeyeonမှာ ကလေးရဲ့ နောက်ကျောကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလေသည်

"Mommy... Mommyကို တွေ့ချင်တယ် သမီး အိမ်ပြန်ချင်တယ် '

ကလေးမလေးရဲ့ စကားကြောင့် Taeyeon ပိတ်မိသွားတယ် ခြေထောက်တွေကလည်း အားမရှိတော့သလို ခံစားလာရတယ်

ရုတ်တရက်ကြီး အဲ့ကလေးလေးလို Taeyeon အိမ်ပြန်ချင်လာတယ်

"စိတ်မပူပါနဲ့ မင်းရဲ့အိမ်ကို အစ်မ ပြန်ပို့ပေးနိုင်တယ် "

Sicaက ရုတ်တရက် ပေါ်လာပြီး သူ့စကားတွေက ငါ့နားကို ရိုက်ခတ်လို့လာတယ်

Sicaက အဲ့စကားတွေကို ကလေးအတွက် အပြင် ငါ့ကိုပါ ရည်ညွှန်းပြီး ပြောနေသလိုဘဲ

အဲ့အချိန်မှာ ငိုနေတဲ့ ကလေးက သူ့မျက်ရည်တွေကို သုတ်ပြီး Sicaကို ပြေးဖက်သည်

အိမ်ပြန်ပို့ပေးမယ်လို့ ကြားလိုက်ရတော့ ကလေးရဲ့ မျက်နှာက အရမ်းပျော်နေသလိုဘဲ

Taeyeonလည်း အဲ့ကလေးလို ခံစားကြည့်ချင်တယ် အိမ်ပြန်ချင်တယ် ပျော်ချင်လာတယ်

"ဒီကလေးလေးက လူသားတစ်ယောက်ဘဲ Taeyeon သူက လမ်းပျောက်ပြီး ဒီနေရာရောက်လာရင်း ပိတ်မိနေတာ အခု ငါသူ့ကို သူရှိနေရမယ့် နေရာ သူ့အိမ်ကို ပြန်ပို့ပေးမလို့ နင်ရော ငါတို့နဲ့အတူ လိုက်ခဲ့ချင်လား "

ရုတ်တရက် Taeyeon ဘာသံသယမှ မဝင်တော့ဘဲ အိမ်ပြန်ချင်လာတယ် အမေ့ကို အရမ်းလွမ်းပြီး တွေ့ချင်နေတယ် ဒါကြောင့်မို့ Taeyeonရဲ့ ခြေလှမ်းတွေက Sicaတို့ဆီ လျှောက်သွားတယ်

Sicaနဲ့ အဲ့ကလေးလေးကလည်း လက်တွေကို ဆန့်တန်းပေးပြီး Taeyeonကို စောင့်နေကြသည်

"ဘယ်သွားမလို့လဲ Taeyeon "

Stephanieရဲ့ စကားကြောင့် Taeyeon နှလုံးတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်

Sicaနဲ့ ကလေးကလည်း ရုတ်တရက် ပျောက်သွားတယ်

Sicaတို့ ရုတ်တရက် ပျောက်သွားလို့ Taeyeon ကြောင်အမ်းအမ်းဖြစ်သွားတယ် 

သူတို့ဘယ်ရောက်သွားတာလဲ အဲ့လောက် မြန်မြန်ဆန်ဆန် ပြေးနိုင်လို့လား

"Taeyeon မင်း အဲ့မှာဘာလုပ်နေတာလဲ အဆင်ပြေရဲ့လား "

Taeyeon ထပ်ပြီး ပျောက်သွားတဲ့ Sica နဲ့ ကလေးကို လိုက်ရှာမိသည်

ထင်ယောင်ထင်မှားများ ဖြစ်နေတာလား

Taeyeon စိတ်သက်သာရာ ရသွားသလို စိတ်လည်း ပျက်မိသွားတယ်

အိမ်ပြန်ရတော့မယ်လို့ ထင်နေခဲ့တာလေ......

Stephanie က Taeyeonရဲ့ ပခုံးကို လာကိုင်ပြီး စိတ်ပူနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်

"အဆင်ပြေပါတယ် တစ်ယောက်ယောက်ကို ခုနက ဒီနား မြင်လိုက်တွေ့လိုက်မိလို့ "

Taeyeonရဲ့ စကားကြောင့် Stephanie အကြည့်တွေက ပြောင်းလဲသွားတယ်

Taeyeonကို လိမ်ပြောနေတာလားဆိုတဲ့ အကြည့်တွေနဲ့ Stephanie ကြည့်နေသည်

"Taeyeon "

"ဟုတ် "

"မင်း တို့ကို ချစ်တယ် မဟုတ်လား "

Stephanieက ပြောပြီး Taeyeonရဲ့ လက်ကို ကိုင်လိုက်သည်

"Taeyeon... မင်းကို တို့ စတွေ့ကတည်းက ချစ်မိသွားတာ သိလား...မင်းအကြောင်းတွေ တို့ ဘာမှမသိခင်ကတည်းက မင်းကို တို့သေလောက်အောင် ချစ်မိသွားပြီး လိုချင်မိခဲ့တာ မင်းကို ပိုင်ဆိုင်ချင်ပြီး ဒီကမ္ဘာထဲ ခေါ်လာပြီး မိသားစုတစ်ခု တည်ဆောက်ချင်မိခဲ့တာ "

Stephanieရဲ့ စကားတွေကြောင့် Taeyeon စိတ်ကထပ်ပြီး ပြောင်းလဲသွားပြန်တယ်

နတ်ဘုရားမလေးကို ဖက်ထားပြီး ချစ်တဲ့အကြောင်းတွေ ဘယ်တော့မှထားမသွားဘူးဆိုတဲ့အကြောင်းတွေ Taeyeon ပြောပြချင်မိလာတယ်

"Taeyeon...တို့ မင်းကို ချစ်တယ် တကယ် တကယ်ကို ချစ်တာပါ ဒါကြောင့်မို့လို့ တို့ကို ထားမသွားပါနဲ့နော် "

Taeyeon မှာ သူ့ကို ဘယ်လောက်ထိ ချစ်ကြောင်းပြောပြီး တောင်းပန်နေတဲ့ Stephanieကို ဆွဲဖက်လိုက်သ​ည်

ဟုတ်တယ် Sicaဆီကနေ ထပ်ပြီး သွေးဆောင်ဖြားယောင်းခံရလို့ မဖြစ်ဘူး ငါ့ကိုယ်ငါ ဒီထက်ပိုပြီး ထိန်းမှရမယ်

ဟုတ်တယ် ဒါ နောက်ဆုံး အကြိမ်ဖြစ်ပါစေ အခုကစပြီး Stephanie နဲ့ ကလေးအတွက်ဘဲ စဥ်းစားရမယ် အာရုံစိုက်ရမယ်

Stephanieက အချစ်တွေနဲ့ ထိုက်တန်တဲ့သူပါ သူ့ကို ငါ ဘယ်လောက်ထိချစ်လဲဆိုတာ သက်သေပြရမယ်

ပြီးတော့ သူ့ကို ငါ့မိဘတွေ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်မိတယ်

ဒါပေမယ့် Stephanieနဲ့သူ့မြေးက လူတွေမဟုတ်ကြောင်း အမေ့ကို ငါဘယ်လိုရှင်းပြရမလဲ

အင်း Stephanie ငါ့ကို အိမ်ပြန်ခွင့်မပြုတာလည်း အဓိပ္ပါယ်ရှိပါတယ်လေ....ငါ့အမေက ငါနဲ့ Stephanie ကို ခွင့်ပြုမှာ မဟုတ်ဘူး...... ငါဘာလို့ အဲ့ကိစ္စ မတွေးမိရတာလဲ

Stephanie ကို ငါတွေးနေတဲ့အကြောင်းတွေ ပြောပြရမယ် ဒါမှ ငါ သူ့ကို ချစ်တယ်ဆိုတာ သူယုံလာမှာ ဟုတ်တယ် ပြောပြမှဖြစ်မယ်

#tbc

#zawgyi

တစ္ျခားနတ္ဘုရားမေတြနဲ႕အတူ Aphrodite အပါအဝင္ Taeyeonတို႔မွာ ညစာစားေနၾကသည္

Sica ကပါ သူတို႔နဲ႕အတူ ညစာဝင္စားေနလို႔ Taeyeon အံ့ၾသေနရသည္

Taeyeonမွာ ထမင္းစားရင္း Sicaနဲ႕ Aphroditeကို အကဲခတ္ေနသည္

Aphroditeက Sicaကို ကေလးထိန္းလို႔ မိတ္ဆက္ေပးခဲ့တာ မဟုတ္လား

ၿပီးေတာ့ မိတ္ဆက္ေပးပုံကလည္း Sicaနဲ႕ ရင္းႏွီးေနတဲ့ပုံဘဲ.... Aphroditeနဲ႕ Sicaက ဘာမ်ားလဲ

Aphrodite က Taeyeonနဲ႕ Sicaကို သံသယမဝင္ဘူးလား

"Taeyeon မင္း အဆင္ေျပရဲ႕လား ဘာမွလည္း မစားဘူးေရာ္ "

Stephanie ရဲ႕ စိတ္ပူေနတဲ့အသံက Taeyeonရဲ႕ အေတြးေတြကို ပ်က္သြားေစတယ္

"အာ အဆင္ေျပပါတယ္ ဒီအတိုင္း ေတြးစရာရွိလို႔ "

"ဘာမွေလွ်ာက္ေတြးမေနနဲ႕ စိတ္ေလ်ာ့ထား Stephanie ကေလးေမြးမယ့္အခ်ိန္ မင္းက ဖိအားေတြ ျဖစ္ေနလို႔ မရဘူးေလ သူ မင္းကိုလိုအပ္ေနမွာကို "

Aphrodite ရဲ႕ စကားေၾကာင့္ Taeyeon ဘာေျပာရမွန္းမသိျဖစ္သြားတယ္

Aphrodite ေျပာေနပုံက တစ္မ်ိဳးဘဲ သူက ငါ့အေတြးေတြကို သိေနတာလား ဒါမွမဟုတ္ တစ္ခုခုစီစဥ္ေနတာလား

ဒါေပမယ့္ ဘာေတြဘဲဲ ျဖစ္လာလာ ငါ့အမွားမွ မဟုတ္တာ ငါက ဒီေနရာက ထြက္ေျပးဖို႔ ႀကိဳးစားခဲ့တာ မဟုတ္ဘူး Sicaကဘဲ စီစဥ္ေနတာ

Taeyeon သူ႕စိတ္ကိုသူ ထိန္းၿပီး Sicaကို လွမ္းၾကည့္ေတာ့ Sicaက မဲ့ၿပဳံးၿပဳံးေနတယ္

နတ္ဘုရားေတြနဲ႕ Aphrodite ၾကားမွာ Sica ေတာ္ေတာ္ေလး တည္ၿငိမ္ေနတာက တစ္ခုခုေတာ့ တစ္ခုခုဘဲ

ညစာစားၿပီးေနာက္မွာေတာ့ Taeyeon စိတ္ကိုရွင္းလင္းဖို႔ အျပင္ဘက္ကို လမ္းေလွ်ာက္ထြက္လာလိုက္သည္

အျပင္ဘက္မွာ လမ္းေလွ်ာက္ေနရင္း သစ္ငုတ္ေပၚ ကေလးေလးတစ္ေယာက္ ထိုင္ၿပီး ငိုေနတာကို Taeyeon ေတြ႕လိုက္ရသည္

Taeyeonလည္း ထိုကေလးဆီ သြားရင္း

"Hey ကေလးေလး အဆင္ေျပရဲ႕လား ဘာလို႔ငိုေနတာလဲ "

ကေလးမွာ Taeyeonေမးတာကို ဘာမွျပန္မေျပာဘဲ မေျဖဘဲ ပိုလို႔ေတာင္ ငိုေနေသးသည္

"Hey အဆင္ေျပသြားမွာပါ အစ္မ မင္းကို ကူညီေပးမယ္ေလ ဘာျဖစ္တာလဲ ေျပာျပ "

Taeyeonမွာ ကေလးရဲ႕ ေနာက္ေက်ာကို ပုတ္ေပးရင္း ႏွစ္သိမ့္ေပးေလသည္

"Mommy... Mommyကို ေတြ႕ခ်င္တယ္ သမီး အိမ္ျပန္ခ်င္တယ္ '

ကေလးမေလးရဲ႕ စကားေၾကာင့္ Taeyeon ပိတ္မိသြားတယ္ ေျခေထာက္ေတြကလည္း အားမရွိေတာ့သလို ခံစားလာရတယ္

႐ုတ္တရက္ႀကီး အဲ့ကေလးေလးလို Taeyeon အိမ္ျပန္ခ်င္လာတယ္

"စိတ္မပူပါနဲ႕ မင္းရဲ႕အိမ္ကို အစ္မ ျပန္ပို႔ေပးနိုင္တယ္ "

Sicaက ႐ုတ္တရက္ ေပၚလာၿပီး သူ႕စကားေတြက ငါ့နားကို ရိုက္ခတ္လို႔လာတယ္

Sicaက အဲ့စကားေတြကို ကေလးအတြက္ အျပင္ ငါ့ကိုပါ ရည္ၫႊန္းၿပီး ေျပာေနသလိုဘဲ

အဲ့အခ်ိန္မွာ ငိုေနတဲ့ ကေလးက သူ႕မ်က္ရည္ေတြကို သုတ္ၿပီး Sicaကို ေျပးဖက္သည္

အိမ္ျပန္ပို႔ေပးမယ္လို႔ ၾကားလိုက္ရေတာ့ ကေလးရဲ႕ မ်က္ႏွာက အရမ္းေပ်ာ္ေနသလိုဘဲ

Taeyeonလည္း အဲ့ကေလးလို ခံစားၾကည့္ခ်င္တယ္ အိမ္ျပန္ခ်င္တယ္ ေပ်ာ္ခ်င္လာတယ္

"ဒီကေလးေလးက လူသားတစ္ေယာက္ဘဲ Taeyeon သူက လမ္းေပ်ာက္ၿပီး ဒီေနရာေရာက္လာရင္း ပိတ္မိေနတာ အခု ငါသူ႕ကို သူရွိေနရမယ့္ ေနရာ သူ႕အိမ္ကို ျပန္ပို႔ေပးမလို႔ နင္ေရာ ငါတို႔နဲ႕အတူ လိုက္ခဲ့ခ်င္လား "

႐ုတ္တရက္ Taeyeon ဘာသံသယမွ မဝင္ေတာ့ဘဲ အိမ္ျပန္ခ်င္လာတယ္ အေမ့ကို အရမ္းလြမ္းၿပီး ေတြ႕ခ်င္ေနတယ္ ဒါေၾကာင့္မို႔ Taeyeonရဲ႕ ေျခလွမ္းေတြက Sicaတို႔ဆီ ေလွ်ာက္သြားတယ္

Sicaနဲ႕ အဲ့ကေလးေလးကလည္း လက္ေတြကို ဆန့္တန္းေပးၿပီး Taeyeonကို ေစာင့္ေနၾကသည္

"ဘယ္သြားမလို႔လဲ Taeyeon "

Stephanieရဲ႕ စကားေၾကာင့္ Taeyeon ႏွလုံးေတြ ျပဳတ္က်သြားသလို ခံစားလိုက္ရသည္

Sicaနဲ႕ ကေလးကလည္း ႐ုတ္တရက္ ေပ်ာက္သြားတယ္

Sicaတို႔ ႐ုတ္တရက္ ေပ်ာက္သြားလို႔ Taeyeon ေၾကာင္အမ္းအမ္းျဖစ္သြားတယ္

သူတို႔ဘယ္ေရာက္သြားတာလဲ အဲ့ေလာက္ ျမန္ျမန္ဆန္ဆန္ ေျပးနိုင္လို႔လား

"Taeyeon မင္း အဲ့မွာဘာလုပ္ေနတာလဲ အဆင္ေျပရဲ႕လား "

Taeyeon ထပ္ၿပီး ေပ်ာက္သြားတဲ့ Sica နဲ႕ ကေလးကို လိုက္ရွာမိသည္

ထင္ေယာင္ထင္မွားမ်ား ျဖစ္ေနတာလား

Taeyeon စိတ္သက္သာရာ ရသြားသလို စိတ္လည္း ပ်က္မိသြားတယ္

အိမ္ျပန္ရေတာ့မယ္လို႔ ထင္ေနခဲ့တာေလ......

Stephanie က Taeyeonရဲ႕ ပခုံးကို လာကိုင္ၿပီး စိတ္ပူေနတဲ့ မ်က္ဝန္းေတြနဲ႕ ၾကည့္ေနတယ္

"အဆင္ေျပပါတယ္ တစ္ေယာက္ေယာက္ကို ခုနက ဒီနား ျမင္လိုက္ေတြ႕လိုက္မိလို႔ "

Taeyeonရဲ႕ စကားေၾကာင့္ Stephanie အၾကည့္ေတြက ေျပာင္းလဲသြားတယ္

Taeyeonကို လိမ္ေျပာေနတာလားဆိုတဲ့ အၾကည့္ေတြနဲ႕ Stephanie ၾကည့္ေနသည္

"Taeyeon "

"ဟုတ္ "

"မင္း တို႔ကို ခ်စ္တယ္ မဟုတ္လား "

Stephanieက ေျပာၿပီး Taeyeonရဲ႕ လက္ကို ကိုင္လိုက္သည္

"Taeyeon... မင္းကို တို႔ စေတြ႕ကတည္းက ခ်စ္မိသြားတာ သိလား...မင္းအေၾကာင္းေတြ တို႔ ဘာမွမသိခင္ကတည္းက မင္းကို တို႔ေသေလာက္ေအာင္ ခ်စ္မိသြားၿပီး လိုခ်င္မိခဲ့တာ မင္းကို ပိုင္ဆိုင္ခ်င္ၿပီး ဒီကမၻာထဲ ေခၚလာၿပီး မိသားစုတစ္ခု တည္ေဆာက္ခ်င္မိခဲ့တာ "

Stephanieရဲ႕ စကားေတြေၾကာင့္ Taeyeon စိတ္ကထပ္ၿပီး ေျပာင္းလဲသြားျပန္တယ္

နတ္ဘုရားမေလးကို ဖက္ထားၿပီး ခ်စ္တဲ့အေၾကာင္းေတြ ဘယ္ေတာ့မွထားမသြားဘူးဆိုတဲ့အေၾကာင္းေတြ Taeyeon ေျပာျပခ်င္မိလာတယ္

"Taeyeon...တို႔ မင္းကို ခ်စ္တယ္ တကယ္ တကယ္ကို ခ်စ္တာပါ ဒါေၾကာင့္မို႔လို႔ တို႔ကို ထားမသြားပါနဲ႕ေနာ္ "

Taeyeon မွာ သူ႕ကို ဘယ္ေလာက္ထိ ခ်စ္ေၾကာင္းေျပာၿပီး ေတာင္းပန္ေနတဲ့ Stephanieကို ဆြဲဖက္လိုက္သည္

ဟုတ္တယ္ Sicaဆီကေန ထပ္ၿပီး ေသြးေဆာင္ျဖားေယာင္းခံရလို႔ မျဖစ္ဘူး ငါ့ကိုယ္ငါ ဒီထက္ပိုၿပီး ထိန္းမွရမယ္

ဟုတ္တယ္ ဒါ ေနာက္ဆုံး အႀကိမ္ျဖစ္ပါေစ အခုကစၿပီး Stephanie နဲ႕ ကေလးအတြက္ဘဲ စဥ္းစားရမယ္ အာ႐ုံစိုက္ရမယ္

Stephanieက အခ်စ္ေတြနဲ႕ ထိုက္တန္တဲ့သူပါ သူ႕ကို ငါ ဘယ္ေလာက္ထိခ်စ္လဲဆိုတာ သက္ေသျပရမယ္

ၿပီးေတာ့ သူ႕ကို ငါ့မိဘေတြ သူငယ္ခ်င္းေတြနဲ႕ မိတ္ဆက္ေပးခ်င္မိတယ္

ဒါေပမယ့္ Stephanieနဲ႕သူ႕ေျမးက လူေတြမဟုတ္ေၾကာင္း အေမ့ကို ငါဘယ္လိုရွင္းျပရမလဲ

အင္း Stephanie ငါ့ကို အိမ္ျပန္ခြင့္မျပဳတာလည္း အဓိပ္ပါယ်ရှိပါတယ်လေ....ငါ့အေမက ငါနဲ႕ Stephanie ကို ခြင့္ျပဳမွာ မဟုတ္ဘူး...... ငါဘာလို႔ အဲ့ကိစၥ မေတြးမိရတာလဲ

Stephanie ကို ငါေတြးေနတဲ့အေၾကာင္းေတြ ေျပာျပရမယ္ ဒါမွ ငါ သူ႕ကို ခ်စ္တယ္ဆိုတာ သူယုံလာမွာ ဟုတ္တယ္ ေျပာျပမွျဖစ္မယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co