Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 35

KimFany059

Taeyeon အတွေးလွန်နေစဥ် နတ်ဘုရားမ Stephanieက သူ့ကို တောအုပ်ဘက် ခေါ်လာသည်

နေပါအုံး.... ငါ မြင်တာ တကယ်ရော ဟုတ်ရဲ့လား ငါတို့ကမ္ဘာက တောအုပ်ကြီးကို မြင်နေရတာလား

ကျေးငှက်သံတွေကြားထဲ Taeyeon ရေကန်ကို ကြည့်လိုက် တောအုပ်ကိုကြည့်လိုက် Stephanieကို ကြည့်လိုက်နဲ့ အံ့သြနေသည်

သံသယဝင်စရာမလိုပါဘူး ဒါက ငါနဲ့ Stephanie ပထမဆုံး တွေ့ခဲ့တဲ့နေရာဘဲ

တကယ်ဘဲ လူ့ကမ္ဘာကို ပြန်ရောက်လာတာလား

Taeyeon စိတ်လှုပ်ရှားလွန်းလို့ စကားတောင် မ​ပြောနိုင်ဘဲဲ ဖြစ်နေတယ်

Stephanieရဲ့ အစီအစဥ်က ဘာလဲ ငါ့ကို ဒီကမ္ဘာထဲ ပြန်ခေါ်လာတာလား သူ့အစီအစဥ်က ဘာလဲလို့ မေးသင့်လား

Taeyeon စိတ်ထဲ အတွေးပေါင်းသောင်း​ခြောက်ထောင် ဝင်လာသည်

"Taeyeon... "

Stephanieက Taeyeonကို သူအဝတ်အစားမပါဘဲ ရေချိုးခဲ့တဲ့ ရေကန်ရှေ့ခေါ်လာသည်

Taeyeon အဝတ်အစားမပါတဲ့ Stephanieကို ပြန်မြင်ယောင်လာလို့ အမြန်ခေါင်းခါပြီး Stephanie ကို ပြန်ဖြေလိုက်သည်

"အာ ဟုတ် "

"ဒီနေရာကို မှတ်မိလား "

Stephanie က Taeyeon ရဲ့ မျက်ဝန်းကို စိုက်ကြည့်ပြီး မေးတော့ Taeyeon ​စကားတွေနဲ့ ပြန်မဖြေနိုင်လို့ အမြန်ခေါင်းညိတ်ပြလိုက်သည်

Stephanieရဲ့ အကြည့်တွေက Taeyeonကို ကျောက်ရုပ်ဖြစ်အောင် လုပ်နိုင်နေတယ်

" ဒီနေရာက... မင်း တို့ကို ချောင်းကြည့်နေတာကို ပထမဆုံး သတိထားမိတဲ့နေရာလေးလေ "

Stephanieက ပြောပြီး ရယ်ကာ ရှက်နေတဲ့ Taeyeonရဲ့ ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်သည်

"အဲ့တုံးကလေ ဘယ်လိုမိန်းကလေးမျိုးက တို့ကို ချောင်းကြည့်နေတာလဲဆိုတာ သိချင်မိလာတာ ပြီးတော့ မင်းနဲ့တို့ အကြည့်ချင်းဆုံသွားတဲ့အခါမှာ မင်းက တို့ရဲ့ဘဝထဲ ဝင်လာတော့တာဘဲ "

Stephanieရဲ့ ဖွင့်ပြောမှုကြောင့် Taeyeon ရှက်ပြီး ဘာပြောရမှန်းမသိဖြစ်နေတယ်

Stephanieက တဖြည်းဖြည်းနဲ့ Taeyeon အနားတိုးလာပြီး Taeyeonကို ပြင်သစ်အနမ်းနဲ့ နမ်းကာ လျှာကျွေးလိုက်သည်

Taeyeonလည်း မျက်လုံးမှိတ်လိုက်ပြီး Stephanieရဲ့အနမ်းတွေကို အလိုက်သင့် တုံ့ပြန်လိုက်သည်

Stephanie နဲ့ နမ်းနေတဲ့အချိန်မှာ Taeyeon သူ့ကမ္ဘာထဲဲ ပြန်ရောက်နေတာကို သတိမရတော့ပေ

သူ့ခေါင်းထဲက မေးခွန်းတွေကလည်း ပျောက်ကွယ်လို့ သွားခဲ့ပြီ

****

Taeyeon တစ်ယောက် လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း အဖြစ် မွေးလာမယ့် သူ့ကလေးလေးအတွက် စိတ်လှုပ်ရှားလွန်းလို့ လက်သည်းတွေကို ကိုက်နေမိတယ်

ကလေးလေးက ဘယ်သူနဲ့ ပိုတူမလဲဆိုတာကိုလည်း Taeyeon အရမ်းသိချင်နေပြီ

ကလေးငိုသံနဲ့ လက်ခုပ်တီးသံတွေကြောင့် Taeyeon ထရပ်လိုက်သည်

ထို့နောက် ချက်ချင်းဘဲ Stephanieရှိရာ အခန်းဘက် Taeyeon ပြေးသွားလိုက်တယ်

လိုက်ကာကို ဆွဲဖယ်ပြီး အခန်းထဲဝင်လိုက်ချိန် Stephanie လက်မောင်းထဲက သေးသေးကွေးကွေးလေးကို တွေ့ပြီး Taeyeon ငိုချင်လာသည်

"Taeyeon...သမီးလေး မွေးဖွားလာလို့ ဂုဏ်ယူပါတယ်ကွယ် "

အခန်းထဲက အမျိုးသမီးတွေက မျက်ရည်တွေနဲ့အတူ Stephanie ဆီသွားနေတဲ့ Taeyeomကို ဝိုင်းပြီး ဂုဏ်ပြုပေးနေကြသည်

"Taeyeon ငါတို့ ကလေးလေးကို ကြည့်ပါအုံး အရမ်းလှတာဘဲ မဟုတ်လား "

Stephanie က ကလေးလေးရဲ့ နဖူးလေးကို ပွတ်ပေးရင်း မေးလိုက်သည်

"ဟုတ်တယ် အရမ်းလှတယ် "

Taeyeon မှာ Stephanie ရဲ့ ဘေးနားသွားရပ်ပြီး သူ့ကလေးလေးကို ကြည့်နေမိသည်

"စိတ်လျော့ပါအုံး Taeyeonရ "

Stephanieက စိတ်လှုပ်ရှားနေတဲ့ Taeyeonကို နမ်းလိုက်တယ်

"ကလေးလေးကိုကြည့်ရတာ ကျိုးပဲ့လွယ်မယ့်ပုံလေး ငါ့ကြောင့် သူတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "

Taeyeon တိုးတိုးလေးပြောပြီး သူ့ကလေးလေးကို ကိုင်ဖို့ တွေဝေနေတယ်

ကလေးလေးက ငိုနေရာက ရပ်ပြီး Taeyeonကို ကြည့်ကာ ပြုံးလာတယ်

"Taeyeon ကလေးကို မင်းရဲ့ အချစ်တွေ ပေးလိုက်ပါအုံး ...မင်းကိုလည်း တွေ့ရော သူငိုတာရပ်ပြီး ပြုံးကြည့်နေတယ် တွေ့လား "

Stephanieက ပြောပြီး Taeyeon လက်ထဲကို ကလေးလေးအား ထည့်ပေးလိုက်သည်

Taeyeonမှာ ကလေးသေးသေးလေးကို ပွေ့ချီထားပြီး ဒုတိယအကြိမ် ထပ်ငိုမိပြန်သည် မျက်ရည်တွေက စီးကျလာပြန်တယ်

ကလေးကို ညင်ညင်သာသာလေး ပွေ့ချီပြီး ပုခက်လေးကိုလွှဲပြကာ ချော့မြူနေရတာကို Taeyeon အရမ်းသဘောကျနေမိတယ်

"ချစ်လိုက်တာ "

Taeyeon သူ့ကလေးလေးကို ကြည့်လေ ချစ်လာလေ ချစ်မဝလေ ဖြစ်နေလို့ နဖူးလေးကို ဖွဖွလေး နမ်းလိုက်သည်

"Taeyeon သူက မင်းနဲ့ တော်တော်တူတာသိလား "

"သူ့နာမည်က.... "

"သူ့ကို Ireneလို့ နာမည်ပေးထားတယ် "

***

"နင် ဟုတ်ပါတယ်နော် ငါ့ကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတာတော့ မဟုတ်ဘူးမလား "

Taeyeonမှာ ကလေးကိုချော့မြူနေချိန် Sicaက သူ့ဆီလျှောက်လာတာကို တွေ့လို့ မေးလိုက်သည်

"ငါပါ Taeyeonရဲ့ နင့်ကို ထင်ယောင်ထင်မှားဖြစ်အောင် ငါက ဘာလို့လုပ်ရမှာလဲ နင် အိမ်ကို အရမ်း ပြန်သွားချင်နေတယ် မဟုတ်လား "

"ဟုတ်တယ် အိမ်ပြန်ဖို့ အစီအစဥ်ရှိတယ် ဒါပေမယ့် Stephanie ကို အရင်ခွင့်တောင်းပြီးမှ ငါပြန်သွားမှာ သူ့ဆီက ထွက်​ပြေးဖို့ အစီအစဥ်မရှိဘူး "

Taeyeonရဲ့ စကားကြောင့် Sicaမှာ မကောင်းဆိုးဝါးတစ်ယောက်လို ရယ်လေသည်

"ဘယ်လောက်တောင် ရိုးသားပြီး သစ္စာရှိတဲ့ ကြွက်ပေါက်စလေးလည်း.....နင်က အိမ်ပြန်ချင်ကြောင်း Stephanie ကို အမှန်တိုင်းပြောရင် သူက နင့်ကို ပြန်လွှတ်မယ်လို့ထင်နေလား Stephanieက တစ်ကိုယ်ကောင်းဆန်တဲ့ နတ်ဘုရားမဟ  "

"တိုးတိုးပြောပါဟ ကလေးလန့်နိုးသွားမယ် "

Taeyeonမှာ သူ့လက်မောင်းထဲ အိပ်ပျော်နေတဲ့ Ireneကို တစ်ချက်ငုံ့ကြည့်လိုက်သည်

"Stephanie က နင့်ကို ပြန်ခွင့်ပြုမယ်လို့ ငါမထင်ဘူး Taeyeon"

Taeyeonမှာ သက်ပြင်းချပြီး Sica စကားကို အာရုံမစိုက်မိအောင် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်

"Stephanieက ငါ့ကို အရမ်းချစ်တာ ငါသာ ခွင့်တောင်းရင် သူက ခွင့်ပြုမယ်ဆိုတာ ငါသိတယ် "

"Taeyeon ငါနင့်ကို သတိပေးနေတာနော် ....Stephanie ဆီမှာ အားကုန်ခံမနေနဲ့ "

Sicaကပြောပြီး Taeyeon ရှေ့ကနေ ပျောက်ကွယ်သွားတယ်

Sicaလည်းပျောက်သွားရော Taeyeon သက်ပြင်းချလိုက်သည်

ငါက ဘာလို့ စိတ်ပူရမှာလဲ

စိုးရိမ်စရာမှမရှိတာ Stephanieက ငါ့ကို ယုံတယ်ဆိုတာ ငါခံစားမိတယ်

Sica စကားကို ငါ့ခေါင်းထဲ ထည့်စရာမလိုပါဘူး

#Tbc

#zawgyi
Taeyeon အေတြးလြန္ေနစဥ္ နတ္ဘုရားမ Stephanieက သူ႕ကို ေတာအုပ္ဘက္ ေခၚလာသည္

ေနပါအုံး.... ငါ ျမင္တာ တကယ္ေရာ ဟုတ္ရဲ႕လား ငါတို႔ကမၻာက ေတာအုပ္ႀကီးကို ျမင္ေနရတာလား

ေက်းငွက္သံေတြၾကားထဲ Taeyeon ေရကန္ကို ၾကည့္လိုက္ ေတာအုပ္ကိုၾကည့္လိုက္ Stephanieကို ၾကည့္လိုက္နဲ႕ အံ့ၾသေနသည္

သံသယဝင္စရာမလိုပါဘူး ဒါက ငါနဲ႕ Stephanie ပထမဆုံး ေတြ႕ခဲ့တဲ့ေနရာဘဲ

တကယ္ဘဲ လူ႕ကမၻာကို ျပန္ေရာက္လာတာလား

Taeyeon စိတ္လႈပ္ရွားလြန္းလို႔ စကားေတာင္ မေျပာနိုင္ဘဲဲ ျဖစ္ေနတယ္

Stephanieရဲ႕ အစီအစဥ္က ဘာလဲ ငါ့ကို ဒီကမၻာထဲ ျပန္ေခၚလာတာလား သူ႕အစီအစဥ္က ဘာလဲလို႔ ေမးသင့္လား

Taeyeon စိတ္ထဲ အေတြးေပါင္းေသာင္းေျခာက္ေထာင္ ဝင္လာသည္

"Taeyeon... "

Stephanieက Taeyeonကို သူအဝတ္အစားမပါဘဲ ေရခ်ိဳးခဲ့တဲ့ ေရကန္ေရွ႕ေခၚလာသည္

Taeyeon အဝတ္အစားမပါတဲ့ Stephanieကို ျပန္ျမင္ေယာင္လာလို႔ အျမန္ေခါင္းခါၿပီး Stephanie ကို ျပန္ေျဖလိုက္သည္

"အာ ဟုတ္ "

"ဒီေနရာကို မွတ္မိလား "

Stephanie က Taeyeon ရဲ႕ မ်က္ဝန္းကို စိုက္ၾကည့္ၿပီး ေမးေတာ့ Taeyeon စကားေတြနဲ႕ ျပန္မေျဖနိုင္လို႔ အျမန္ေခါင္းညိတ္ျပလိုက္သည္

Stephanieရဲ႕ အၾကည့္ေတြက Taeyeonကို ေက်ာက္႐ုပ္ျဖစ္ေအာင္ လုပ္နိုင္ေနတယ္

" ဒီေနရာက... မင္း တို႔ကို ေခ်ာင္းၾကည့္ေနတာကို ပထမဆုံး သတိထားမိတဲ့ေနရာေလးေလ "

Stephanieက ေျပာၿပီး ရယ္ကာ ရွက္ေနတဲ့ Taeyeonရဲ႕ ပါးႏွစ္ဖက္ကို ဆြဲညွစ္လိုက္သည္

"အဲ့တုံးကေလ ဘယ္လိုမိန္းကေလးမ်ိဳးက တို႔ကို ေခ်ာင္းၾကည့္ေနတာလဲဆိုတာ သိခ်င္မိလာတာ ၿပီးေတာ့ မင္းနဲ႕တို႔ အၾကည့္ခ်င္းဆုံသြားတဲ့အခါမွာ မင္းက တို႔ရဲ႕ဘဝထဲ ဝင္လာေတာ့တာဘဲ "

Stephanieရဲ႕ ဖြင့္ေျပာမႈေၾကာင့္ Taeyeon ရွက္ၿပီး ဘာေျပာရမွန္းမသိျဖစ္ေနတယ္

Stephanieက တျဖည္းျဖည္းနဲ႕ Taeyeon အနားတိုးလာၿပီး Taeyeonကို ျပင္သစ္အနမ္းနဲ႕ နမ္းကာ လွ်ာေကြၽးလိုက္သည္

Taeyeonလည္း မ်က္လုံးမွိတ္လိုက္ၿပီး Stephanieရဲ႕အနမ္းေတြကို အလိုက္သင့္ တုံ႕ျပန္လိုက္သည္

Stephanie နဲ႕ နမ္းေနတဲ့အခ်ိန္မွာ Taeyeon သူ႕ကမၻာထဲဲ ျပန္ေရာက္ေနတာကို သတိမရေတာ့ေပ

သူ႕ေခါင္းထဲက ေမးခြန္းေတြကလည္း ေပ်ာက္ကြယ္လို႔ သြားခဲ့ၿပီ

****

Taeyeon တစ္ေယာက္ လူတစ္ပိုင္း နတ္ဘုရားတစ္ပိုင္း အျဖစ္ ေမြးလာမယ့္ သူ႕ကေလးေလးအတြက္ စိတ္လႈပ္ရွားလြန္းလို႔ လက္သည္းေတြကို ကိုက္ေနမိတယ္

ကေလးေလးက ဘယ္သူနဲ႕ ပိုတူမလဲဆိုတာကိုလည္း Taeyeon အရမ္းသိခ်င္ေနၿပီ

ကေလးငိုသံနဲ႕ လက္ခုပ္တီးသံေတြေၾကာင့္ Taeyeon ထရပ္လိုက္သည္

ထို႔ေနာက္ ခ်က္ခ်င္းဘဲ Stephanieရွိရာ အခန္းဘက္ Taeyeon ေျပးသြားလိုက္တယ္

လိုက္ကာကို ဆြဲဖယ္ၿပီး အခန္းထဲဝင္လိုက္ခ်ိန္ Stephanie လက္ေမာင္းထဲက ေသးေသးေကြးေကြးေလးကို ေတြ႕ၿပီး Taeyeon ငိုခ်င္လာသည္

"Taeyeon...သမီးေလး ေမြးဖြားလာလို႔ ဂုဏ္ယူပါတယ္ကြယ္ "

အခန္းထဲက အမ်ိဳးသမီးေတြက မ်က္ရည္ေတြနဲ႕အတူ Stephanie ဆီသြားေနတဲ့ Taeyeomကို ဝိုင္းၿပီး ဂုဏ္ျပဳေပးေနၾကသည္

"Taeyeon ငါတို႔ ကေလးေလးကို ၾကည့္ပါအုံး အရမ္းလွတာဘဲ မဟုတ္လား "

Stephanie က ကေလးေလးရဲ႕ နဖူးေလးကို ပြတ္ေပးရင္း ေမးလိုက္သည္

"ဟုတ္တယ္ အရမ္းလွတယ္ "

Taeyeon မွာ Stephanie ရဲ႕ ေဘးနားသြားရပ္ၿပီး သူ႕ကေလးေလးကို ၾကည့္ေနမိသည္

"စိတ္ေလ်ာ့ပါအုံး Taeyeonရ "

Stephanieက စိတ္လႈပ္ရွားေနတဲ့ Taeyeonကို နမ္းလိုက္တယ္

"ကေလးေလးကိုၾကည့္ရတာ က်ိဳးပဲ့လြယ္မယ့္ပုံေလး ငါ့ေၾကာင့္ သူတစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ "

Taeyeon တိုးတိုးေလးေျပာၿပီး သူ႕ကေလးေလးကို ကိုင္ဖို႔ ေတြေဝေနတယ္

ကေလးေလးက ငိုေနရာက ရပ္ၿပီး Taeyeonကို ၾကည့္ကာ ၿပဳံးလာတယ္

"Taeyeon ကေလးကို မင္းရဲ႕ အခ်စ္ေတြ ေပးလိုက္ပါအုံး ...မင္းကိုလည္း ေတြ႕ေရာ သူငိုတာရပ္ၿပီး ၿပဳံးၾကည့္ေနတယ္ ေတြ႕လား "

Stephanieက ေျပာၿပီး Taeyeon လက္ထဲကို ကေလးေလးအား ထည့္ေပးလိုက္သည္

Taeyeonမွာ ကေလးေသးေသးေလးကို ေပြ႕ခ်ီထားၿပီး ဒုတိယအႀကိမ္ ထပ္ငိုမိျပန္သည္ မ်က္ရည္ေတြက စီးက်လာျပန္တယ္

ကေလးကို ညင္ညင္သာသာေလး ေပြ႕ခ်ီၿပီး ပုခက္ေလးကိုလႊဲျပကာ ေခ်ာ့ျမဴေနရတာကို Taeyeon အရမ္းသေဘာက်ေနမိတယ္

"ခ်စ္လိုက္တာ "

Taeyeon သူ႕ကေလးေလးကို ၾကည့္ေလ ခ်စ္လာေလ ခ်စ္မဝေလ ျဖစ္ေနလို႔ နဖူးေလးကို ဖြဖြေလး နမ္းလိုက္သည္

"Taeyeon သူက မင္းနဲ႕ ေတာ္ေတာ္တူတာသိလား "

"သူ႕နာမည္က.... "

"သူ႕ကို Ireneလို႔ နာမည္ေပးထားတယ္ "

***

"နင္ ဟုတ္ပါတယ္ေနာ္ ငါ့ကို ထင္ေယာင္ထင္မွားျဖစ္ေအာင္ လုပ္ေနတာေတာ့ မဟုတ္ဘူးမလား "

Taeyeonမွာ ကေလးကိုေခ်ာ့ျမဴေနခ်ိန္ Sicaက သူ႕ဆီေလွ်ာက္လာတာကို ေတြ႕လို႔ ေမးလိုက္သည္

"ငါပါ Taeyeonရဲ႕ နင့္ကို ထင္ေယာင္ထင္မွားျဖစ္ေအာင္ ငါက ဘာလို႔လုပ္ရမွာလဲ နင္ အိမ္ကို အရမ္း ျပန္သြားခ်င္ေနတယ္ မဟုတ္လား "

"ဟုတ္တယ္ အိမ္ျပန္ဖို႔ အစီအစဥ္ရွိတယ္ ဒါေပမယ့္ Stephanie ကို အရင္ခြင့္ေတာင္းၿပီးမွ ငါျပန္သြားမွာ သူ႕ဆီက ထြက္ေျပးဖို႔ အစီအစဥ္မရွိဘူး "

Taeyeonရဲ႕ စကားေၾကာင့္ Sicaမွာ မေကာင္းဆိုးဝါးတစ္ေယာက္လို ရယ္ေလသည္

"ဘယ္ေလာက္ေတာင္ ရိုးသားၿပီး သစၥာရွိတဲ့ ႂကြက္ေပါက္စေလးလည္း.....နင္က အိမ္ျပန္ခ်င္ေၾကာင္း Stephanie ကို အမွန္တိုင္းေျပာရင္ သူက နင့္ကို ျပန္လႊတ္မယ္လို႔ထင္ေနလား Stephanieက တစ္ကိုယ္ေကာင္းဆန္တဲ့ နတ္ဘုရားမဟ  "

"တိုးတိုးေျပာပါဟ ကေလးလန့္နိုးသြားမယ္ "

Taeyeonမွာ သူ႕လက္ေမာင္းထဲ အိပ္ေပ်ာ္ေနတဲ့ Ireneကို တစ္ခ်က္ငုံ႕ၾကည့္လိုက္သည္

"Stephanie က နင့္ကို ျပန္ခြင့္ျပဳမယ္လို႔ ငါမထင္ဘူး Taeyeon"

Taeyeonမွာ သက္ျပင္းခ်ၿပီး Sica စကားကို အာ႐ုံမစိုက္မိေအာင္ သူ႕ကိုယ္သူ ထိန္းခ်ဳပ္လိုက္သည္

"Stephanieက ငါ့ကို အရမ္းခ်စ္တာ ငါသာ ခြင့္ေတာင္းရင္ သူက ခြင့္ျပဳမယ္ဆိုတာ ငါသိတယ္ "

"Taeyeon ငါနင့္ကို သတိေပးေနတာေနာ္ ....Stephanie ဆီမွာ အားကုန္ခံမေနနဲ႕ "

Sicaကေျပာၿပီး Taeyeon ေရွ႕ကေန ေပ်ာက္ကြယ္သြားတယ္

Sicaလည္းေပ်ာက္သြားေရာ Taeyeon သက္ျပင္းခ်လိဳက္သည္

ငါက ဘာလို႔ စိတ္ပူရမွာလဲ

စိုးရိမ္စရာမွမရွိတာ Stephanieက ငါ့ကို ယုံတယ္ဆိုတာ ငါခံစားမိတယ္

Sica စကားကို ငါ့ေခါင္းထဲ ထည့္စရာမလိုပါဘူး

#Tbc

Bạn đang đọc truyện trên: Truyen3h.Co