Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 36

KimFany059

Taeyeon အသက်ဝဝရှုပြီး အခန်းထဲကို ဝင်လာသည်

အခန်းထဲကို ရောက်လာတော့ Stephanie က ကုတင်ပေါ်တွင် လှဲအိပ်ပြီး စာအုပ်ဖတ်နေတာကို တွေ့လိုက်ရသ​ည်

"Taeyeon ဒီကို လာထိုင်လေ "

Stephanie ရဲ့ အက်ရှရှအသံက Taeyeonကို ကြက်သီးထစေသည်

Taeyeon ခေါင်းခါပြီး စိတ်တွေမကြွလာစေရန် သူ့ကိုယ်သူ ထိန်းနေတယ်

ပြီးတော့ အဝတ်အစားမပါတဲ့ နတ်ဘုရားမရှိရာဆီ တစ်လှမ်းချင်းလျှော​က်သွားနေတယ်

"Taeyeon မင်း ကြည့်ရတာ စိတ်လှုပ်ရှားနေသလိုဘဲ အဆင်ပြေရဲ့လား "

"Humm ပြေ...ပြေပါတယ် Stephanie ရဲ့ "

"လာလေ တို့ဘေးနားဝင်ထိုင် "

Stephanie က Taeyeonကို လှမ်းဆွဲပြီး သူ့ဘေးနားထိုင်စေသည်

"ပြောပါအုံး မင်းကို ဘာတွေက အနှောင့်အယှက်ပေးနေတာလဲ "

Stephanieက Taeyeonရဲ့ လက်ကလေးကို ကိုင်ပြီး မေးလိုက်သည်

"Chaw...Chawလေ..."

"ဘာများလဲ Taeyeonရဲ့ စိတ်လျော့ပါကွယ် ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ "

Taeyeonရဲ့ ကျောကို ပုတ်ပေးရင်း Stephanie နှစ်သိမ့်လိုက်သည်

Taeyeonမှာ ခြောက်ကပ်နေတဲ့ သူ့လည်ပင်းကို စိုစွတ်အောင် တံတွေးမျိုချပြီး ချောင်းဟန့်လိုက်သည်

"ငါ ကတိပေးပါတယ် တကယ် ပြန်လာမှာပါ ငါလေ ငါ့ကမ္ဘာဆီ တစ်ခါလောက်ပြန်သွားပြီး အမေနဲ့စကားပြောချင်လို့ "

"မရဘူး "

Taeyeonမှာ သူမျှော်မှန်းမထားတဲ့ Stephanie ရဲ့ အဖြေကြောင့် ဘာဖြေရမှန်းမသိဘဲ ပါးစပ်အဟောင်းသားဖြစ်သွားတယ်

"Stephanie.... ဟို "

Stephanieမှာ Taeyeonကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်သည်

"တို့ ပြောတာ ကြားလား Taeyeon...မရဘူးလို့ တို့ပြောနေတယ်လေ မင်း​ကို ဘယ်နေရာမှကို မသွားစေချင်တာ မင်းက တို့အပိုင်မို့လို့ မင်းကို တို့မဆုံးရှုံးချင်ဘူး မင်းက တို့အပိုင်ဘဲ Kim Taeyeon "

*****

အနီကွက်တွေ ကုတ်ရာခြစ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ခန္ဓာကိုယ်ကို Taeyeon မှန်ထဲကနေ ကြည့်နေမိတယ်

မနေ့ညက နတ်ဘုရားမလေးကြောင့် ထိတ်လန့်စရာကောင်းတဲ့ညကို ပိုင်ဆိုင်ခဲ့ရတယ်လေ

ပြီးတော့ သူ့ကမ္ဘာကို ပြန်သွားဖို့ ခွင့်ပြုချက်ကိုလည်း Stephanieဆီက Taeyeon မရခဲ့ပြန်ဘူး

ငါ ဘာလုပ်နေလဲဆိုတာ ငါ့မိသားစုကို သိစေချင်ရုံပါ ပြောချင်တာကကွာ ငါက မိန်းမရပြီး သမီးလေး မွေးထားတယ်ဆိုတာ အမေ့ကို သိစေချင်တာ သူ့မှာမြေးလေး ချွေးမလေးရနေပြီဆိုတာ အမေ့ကို သိစေချင်တာပါ

ငါ့ အမေက ငါပြောတာကို လက်ခံပါ့မလားတောင်မသိဘူး တကယ်တော့ အခြေအနေကြီးက လက်ခံချင်စရာကောင်းမနေဘူးလေ ဟုတ်တယ်မလား

"Taeyeon မင်း အဆင်ပြေရဲ့လား "

Stephanie ရဲ့အသံကြောင့် Taeyeon သတိပြန်ဝင်လာတယ်

"အာ ပြေပါတယ် ရေချိုးခန်းထဲ သွားလိုက်အုံးမယ် "

Taeyeonပြောပြီး အခန်းထဲက ထွက်လာလိုက်သည်

"Taeyeon....Sicaကို တွေ့ရမယ့်အချိန်ဘဲ "

Taeyeon မျက်နှာသစ်ရင်း ရေရွတ်လိုက်သည်

"မဟုတ်ဘူး မဟုတ်ဘူး ငါ Sicaကို မလိုအပ်ပါဘူး "

Taeyeon မှန်ကိုကြည့်ပြီး သူ့မျက်နှာကိုသူ ရိုက်လိုက်ပြန်သည်

အသိစိတ် ဝင်စမ်း Taeyeon...Stephanie က ဒီနေ့ခွင့်မပြုပေးတောင် နောက်ရက်တွေမှာတော့ ခွင့်ပြုပေးမှာပါ ပြောကြည့်ရမှာပေါ့ Sicaကို တွေ့မယ်ဆိုတဲ့ စိတ်ကူး မတွေးမိစမ်းနဲ့

"ကျွတ် ကျွတ် ကျွတ် ငါ့ကိုမယုံတဲ့ Taeyeonလေး သနားစရာကွယ် "

Sicaရဲ့ အသံကြောင့် Taeyeon ဒေါသထွက်လာမိတယ်

Shit ငါ့ရဲ့နေ့လေးကို သူဖျက်စီးလိုက်ပြန်ပြီ

Sicaကတော့ Taeyeonရဲ့ အလိုမကျတဲ့ မျက်နှာ စိတ်ဆိုးနေတဲ့ မျက်နှာကိုကြည့်ပြီး ရယ်လေသည်

"Taeyeon မင်းကို ငါပြောသားဘဲ "

Taeyeonကတော့ Sica ပြောတာ နားမထောင်ဘဲ သူ့သမီးလေးကို ထည့်ထားတဲ့ ပုခက်ရှိရာဘက်သို့ သွားလေသည်

"အစကတည်းက မင်းကို ငါပြောပါတယ် Taeyeonရယ် Stephanieက မင်းကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ က​လေးမွေးပြီးတော့ ပိုဆိုးတာပေါ့ "

Sicaက Taeyeonကို ထွက်ပြေးချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်ပြောဆိုနေသည်

Taeyeonမှာ Ireneကို ပွေ့ချီလိုက်တဲ့အခါ စိတ်အလိုမကျဖြစ်နေတာတွေ ပျောက်ပြီး ပျော်လာမိသည်

"ဒါကထောင်ချောက်ဘဲ Taeyeon"

Taeyeon သက်ပြင်းချပြီး စိတ်လျော့လိုက်သည်

သူဆဲဆိုအော်ဟစ်နေတာကို Ireneကို မကြားစေချင်ဘူးလေ

"နင် တော်လိုက်လို့မရဘူးလား Sica...ငါက ဒီကနေ အပြီးပိုင်ထွက်ပြေးချင်နေတာမဟုတ်ဘူး ငါဘာဖြစ်နေတယ်ဆိုတာ ငါ့မိသားစုကို သိစေချင်လို့သွားပြောဖို့ ပြန်ရုံသက်သက်ဘဲ "

Taeyeon အံကြိတ်ပြီး ပြောလိုက်သည်

"ပြီးတော့ နတ်ဘုရားမလေးက မင်းကို ခွင့်မပြုဘူး မဟုတ်လား Stephanie က မင်းနဲ့ပတ်သက်ရင် အရမ်းတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ မင်းမသိပါဘူး Taeyeonရယ် သူက မင်းကိုချစ်တယ်ထင်နေလား စွဲလမ်းနေရုံဘဲ Taeyeonရဲ့ ဘာလို့ အရူးတစ်ယောက်လို ထွက်မပြေးနိုင်ဘဲ ဖြစ်နေရတာလဲ "

"နင် ဘာတွေပြောနေတာလဲ "

"Taeyeon ငါ ပြောတာ သေချာနားထောင် Stephanieက အလှနဲ့အချစ်နတ်ဘုရားမဘဲ သူက မင်း ထင်တာထက် ပိုစွမ်းအားကြီးတယ် နောက်သိပ်မကြာခင်မှာ မင်း အရူးတစ်ပိုင်းလို Stephanieမှ Stephanieဆိုပြီး ဖြစ်သွားလိမ့်မယ် သူ့အချစ်ကြောင့် မင်း မျက်ကန်းတစ်ယောက် ဖြစ်သွားလိမ့်မယ် "

Sica ပြောနေတုံးရှိသေး Stephanie က ရုတ်တရက် ရောက်လာလို့ Taeyeon လန့်ပြီး နှလုံးခုန်နှုန်းမြန်လာသည်

Sicaကို လှမ်းကြည့်တော့ တည်တည်ငြိမ်ငြိမ်ပင် Taeyeonကသာ စိတ်လှုပ်ရှားပြီး ဂဏှာမငြိမ်ဖြစ်နေတာပင်

Stephanie က Sicaကို ကြည့်ပြီး Taeyeon ကို ကြည့်လိုက်သည်

ပြီးနောက် ကြောက်စရာကောင်းတဲ့အပြုံးနဲ့ ပြုံးပြီး Taeyeon ဆီ လျှောက်လာသည်

"ငါတို့ သမီးလေး Irene ဘယ်လိုနေလဲ "

Taeyeon ရဲ့ ပခုံးကိုဖက်ပြီး Stephanie မေးလိုက်သည်

"မေ့သမီးလေး Irene "

Stephanieက ပြုံးပြီး Ireneကို နမ်းလိုက်တော့ Taeyeonလည်း ကြည်နူးမိပြီး လိုက်ပြုံးမိသည်

ထိုစဥ် Stephanie က Irene နဖူးကို နမ်းရာကနေ Sicaကို လှမ်းကြည့်ပြီး Taeyeonရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်

နမ်းတာမှ ရိုးရိုးနမ်းတာမဟုတ် နှုတ်ခမ်းကိုတောင် ဖိကိုက်လိုက်သေးသည်

Sicaကတော့ ရှက်နေတာလိုလို ဘာလိုလိုနဲ့ မျက်နှာလွှဲလိုက်သည်

ကြည့်ရတာ Stephanieက Taeyeonဟာ သူ့အပိုင်ဆိုတာကို Sicaရှေ့ တံဆိပ်ထုရိုက်ပြသလို မဏ္ဍပ်တိုင်တက်ပြသလိုပင်

#tbc

#zawgyi

Taeyeon အသက္ဝဝရႈၿပီး အခန္းထဲကို ဝင္လာသည္

အခန္းထဲကို ေရာက္လာေတာ့ Stephanie က ကုတင္ေပၚတြင္ လွဲအိပ္ၿပီး စာအုပ္ဖတ္ေနတာကို ေတြ႕လိုက္ရသည္

"Taeyeon ဒီကို လာထိုင္ေလ "

Stephanie ရဲ႕ အက္ရွရွအသံက Taeyeonကို ၾကက္သီးထေစသည္

Taeyeon ေခါင္းခါၿပီး စိတ္ေတြမႂကြလာေစရန္ သူ႕ကိုယ္သူ ထိန္းေနတယ္

ၿပီးေတာ့ အဝတ္အစားမပါတဲ့ နတ္ဘုရားမရွိရာဆီ တစ္လွမ္းခ်င္းေလွ်ာက္သြားေနတယ္

"Taeyeon မင္း ၾကည့္ရတာ စိတ္လႈပ္ရွားေနသလိုဘဲ အဆင္ေျပရဲ႕လား "

"Humm ေျပ...ေျပပါတယ္ Stephanie ရဲ႕ "

"လာေလ တို႔ေဘးနားဝင္ထိုင္ "

Stephanie က Taeyeonကို လွမ္းဆြဲၿပီး သူ႕ေဘးနားထိုင္ေစသည္

"ေျပာပါအုံး မင္းကို ဘာေတြက အႏွောင့္အယွက္ေပးေနတာလဲ "

Stephanieက Taeyeonရဲ႕ လက္ကေလးကို ကိုင္ၿပီး ေမးလိုက္သည္

"Chaw...Chawေလ..."

"ဘာမ်ားလဲ Taeyeonရဲ႕ စိတ္ေလ်ာ့ပါကြယ္ ဘာလို႔ အရမ္းစိတ္လႈပ္ရွားေနတာလဲ "

Taeyeonရဲ႕ ေက်ာကို ပုတ္ေပးရင္း Stephanie ႏွစ္သိမ့္လိုက္သည္

Taeyeonမွာ ေျခာက္ကပ္ေနတဲ့ သူ႕လည္ပင္းကို စိုစြတ္ေအာင္ တံေတြးမ်ိဳခ်ၿပီး ေခ်ာင္းဟန့္လိုက္သည္

"ငါ ကတိေပးပါတယ္ တကယ္ ျပန္လာမွာပါ ငါေလ ငါ့ကမၻာဆီ တစ္ခါေလာက္ျပန္သြားၿပီး အေမနဲ႕စကားေျပာခ်င္လို႔ "

"မရဘူး "

Taeyeonမွာ သူေမွ်ာ္မွန္းမထားတဲ့ Stephanie ရဲ႕ အေျဖေၾကာင့္ ဘာေျဖရမွန္းမသိဘဲ ပါးစပ္အေဟာင္းသားျဖစ္သြားတယ္

"Stephanie.... ဟို "

Stephanieမွာ Taeyeonကို ကုတင္ေပၚသို႔ တြန္းလွဲလိုက္သည္

"တို႔ ေျပာတာ ၾကားလား Taeyeon...မရဘူးလို႔ တို႔ေျပာေနတယ္ေလ မင္းကို ဘယ္ေနရာမွကို မသြားေစခ်င္တာ မင္းက တို႔အပိုင္မို႔လို႔ မင္းကို တို႔မဆုံးရႈံးခ်င္ဘူး မင္းက တို႔အပိုင္ဘဲ Kim Taeyeon "

*****

အနီကြက္ေတြ ကုတ္ရာျခစ္ရာေတြနဲ႕ ျပည့္ႏွက္ေနတဲ့ သူ႕ခႏၶာကိုယ္ကို Taeyeon မွန္ထဲကေန ၾကည့္ေနမိတယ္

မေန႕ညက နတ္ဘုရားမေလးေၾကာင့္ ထိတ္လန့္စရာေကာင္းတဲ့ညကို ပိုင္ဆိုင္ခဲ့ရတယ္ေလ

ၿပီးေတာ့ သူ႕ကမၻာကို ျပန္သြားဖို႔ ခြင့္ျပဳခ်က္ကိုလည္း Stephanieဆီက Taeyeon မရခဲ့ျပန္ဘူး

ငါ ဘာလုပ္ေနလဲဆိုတာ ငါ့မိသားစုကို သိေစခ်င္႐ုံပါ ေျပာခ်င္တာကကြာ ငါက မိန္းမရၿပီး သမီးေလး ေမြးထားတယ္ဆိုတာ အေမ့ကို သိေစခ်င္တာ သူ႕မွာေျမးေလး ေခြၽးမေလးရေနၿပီဆိုတာ အေမ့ကို သိေစခ်င္တာပါ

ငါ့ အေမက ငါေျပာတာကို လက္ခံပါ့မလားေတာင္မသိဘူး တကယ္ေတာ့ အေျခအေနႀကီးက လက္ခံခ်င္စရာေကာင္းမေနဘူးေလ ဟုတ္တယ္မလား

"Taeyeon မင္း အဆင္ေျပရဲ႕လား "

Stephanie ရဲ႕အသံေၾကာင့္ Taeyeon သတိျပန္ဝင္လာတယ္

"အာ ေျပပါတယ္ ေရခ်ိဳးခန္းထဲ သြားလိုက္အုံးမယ္ "

Taeyeonေျပာၿပီး အခန္းထဲက ထြက္လာလိုက္သည္

"Taeyeon....Sicaကို ေတြ႕ရမယ့္အခ်ိန္ဘဲ "

Taeyeon မ်က္ႏွာသစ္ရင္း ေရ႐ြတ္လိုက္သည္

"မဟုတ္ဘူး မဟုတ္ဘူး ငါ Sicaကို မလိုအပ္ပါဘူး "

Taeyeon မွန္ကိုၾကည့္ၿပီး သူ႕မ်က္ႏွာကိုသူ ရိုက္လိုက္ျပန္သည္

အသိစိတ္ ဝင္စမ္း Taeyeon...Stephanie က ဒီေန႕ခြင့္မျပဳေပးေတာင္ ေနာက္ရက္ေတြမွာေတာ့ ခြင့္ျပဳေပးမွာပါ ေျပာၾကည့္ရမွာေပါ့ Sicaကို ေတြ႕မယ္ဆိုတဲ့ စိတ္ကူး မေတြးမိစမ္းနဲ႕

"ကြၽတ္ ကြၽတ္ ကြၽတ္ ငါ့ကိုမယုံတဲ့ Taeyeonေလး သနားစရာကြယ္ "

Sicaရဲ႕ အသံေၾကာင့္ Taeyeon ေဒါသထြက္လာမိတယ္

Shit ငါ့ရဲ႕ေန႕ေလးကို သူဖ်က္စီးလိုက္ျပန္ၿပီ

Sicaကေတာ့ Taeyeonရဲ႕ အလိုမက်တဲ့ မ်က္ႏွာ စိတ္ဆိုးေနတဲ့ မ်က္ႏွာကိုၾကည့္ၿပီး ရယ္ေလသည္

"Taeyeon မင္းကို ငါေျပာသားဘဲ "

Taeyeonကေတာ့ Sica ေျပာတာ နားမေထာင္ဘဲ သူ႕သမီးေလးကို ထည့္ထားတဲ့ ပုခက္ရွိရာဘက္သို႔ သြားေလသည္

"အစကတည္းက မင္းကို ငါေျပာပါတယ္ Taeyeonရယ္ Stephanieက မင္းကို ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ ကေလးေမြးၿပီးေတာ့ ပိုဆိုးတာေပါ့ "

Sicaက Taeyeonကို ထြက္ေျပးခ်င္စိတ္ ျဖစ္လာေအာင္ လႈံ႕ေဆာ္ေျပာဆိုေနသည္

Taeyeonမွာ Ireneကို ေပြ႕ခ်ီလိုက္တဲ့အခါ စိတ္အလိုမက်ျဖစ္ေနတာေတြ ေပ်ာက္ၿပီး ေပ်ာ္လာမိသည္

"ဒါကေထာင္ေခ်ာက္ဘဲ Taeyeon"

Taeyeon သက္ျပင္းခ်ၿပီး စိတ္ေလ်ာ့လိုက္သည္

သူဆဲဆိုေအာ္ဟစ္ေနတာကို Ireneကို မၾကားေစခ်င္ဘူးေလ

"နင္ ေတာ္လိုက္လို႔မရဘူးလား Sica...ငါက ဒီကေန အၿပီးပိုင္ထြက္ေျပးခ်င္ေနတာမဟုတ္ဘူး ငါဘာျဖစ္ေနတယ္ဆိုတာ ငါ့မိသားစုကို သိေစခ်င္လို႔သြားေျပာဖို႔ ျပန္႐ုံသက္သက္ဘဲ "

Taeyeon အံႀကိတ္ၿပီး ေျပာလိုက္သည္

"ၿပီးေတာ့ နတ္ဘုရားမေလးက မင္းကို ခြင့္မျပဳဘူး မဟုတ္လား Stephanie က မင္းနဲ႕ပတ္သက္ရင္ အရမ္းတစ္ကိုယ္ေကာင္းဆန္တယ္ဆိုတာ မင္းမသိပါဘူး Taeyeonရယ္ သူက မင္းကိုခ်စ္တယ္ထင္ေနလား စြဲလမ္းေန႐ုံဘဲ Taeyeonရဲ႕ ဘာလို႔ အ႐ူးတစ္ေယာက္လို ထြက္မေျပးနိုင္ဘဲ ျဖစ္ေနရတာလဲ "

"နင္ ဘာေတြေျပာေနတာလဲ "

"Taeyeon ငါ ေျပာတာ ေသခ်ာနားေထာင္ Stephanieက အလွနဲ႕အခ်စ္နတ္ဘုရားမဘဲ သူက မင္း ထင္တာထက္ ပိုစြမ္းအားႀကီးတယ္ ေနာက္သိပ္မၾကာခင္မွာ မင္း အ႐ူးတစ္ပိုင္းလို Stephanieမွ Stephanieဆိုၿပီး ျဖစ္သြားလိမ့္မယ္ သူ႕အခ်စ္ေၾကာင့္ မင္း မ်က္ကန္းတစ္ေယာက္ ျဖစ္သြားလိမ့္မယ္ "

Sica ေျပာေနတုံးရွိေသး Stephanie က ႐ုတ္တရက္ ေရာက္လာလို႔ Taeyeon လန့္ၿပီး ႏွလုံးခုန္ႏႈန္းျမန္လာသည္

Sicaကို လွမ္းၾကည့္ေတာ့ တည္တည္ၿငိမ္ၿငိမ္ပင္ Taeyeonကသာ စိတ္လႈပ္ရွားၿပီး ဂဏွာမၿငိမ္ျဖစ္ေနတာပင္

Stephanie က Sicaကို ၾကည့္ၿပီး Taeyeon ကို ၾကည့္လိုက္သည္

ၿပီးေနာက္ ေၾကာက္စရာေကာင္းတဲ့အၿပဳံးနဲ႕ ၿပဳံးၿပီး Taeyeon ဆီ ေလွ်ာက္လာသည္

"ငါတို႔ သမီးေလး Irene ဘယ္လိုေနလဲ "

Taeyeon ရဲ႕ ပခုံးကိုဖက္ၿပီး Stephanie ေမးလိုက္သည္

"ေမ့သမီးေလး Irene "

Stephanieက ၿပဳံးၿပီး Ireneကို နမ္းလိုက္ေတာ့ Taeyeonလည္း ၾကည္ႏူးမိၿပီး လိုက္ၿပဳံးမိသည္

ထိုစဥ္ Stephanie က Irene နဖူးကို နမ္းရာကေန Sicaကို လွမ္းၾကည့္ၿပီး Taeyeonရဲ႕ ႏႈတ္ခမ္းကို နမ္းလိုက္သည္

နမ္းတာမွ ရိုးရိုးနမ္းတာမဟုတ္ ႏႈတ္ခမ္းကိုေတာင္ ဖိကိုက္လိုက္ေသးသည္

Sicaကေတာ့ ရွက္ေနတာလိုလို ဘာလိုလိုနဲ႕ မ်က္ႏွာလႊဲလိုက္သည္

ၾကည့္ရတာ Stephanieက Taeyeonဟာ သူ႕အပိုင္ဆိုတာကို Sicaေရွ႕ တံဆိပ္ထုရိုက္ျပသလို မ႑ပ္တိုင္တက္ျပသလိုပင္

#tbc

Bạn đang đọc truyện trên: Truyen3h.Co