Truyen3h.Co

တောအုပ်ထဲက ကောင်မလေး

Part 8

KimFany059


Tiffanyဆိုတဲ့ ဆရာမ စာသင်နေတာကို တစ်တန်းလုံးက ငြိမ်ငြိမ်လေး နားထောင်နေကြသည်

Tiffany ထိုင်ခုံကထရပ်လိုက်ရင် ကျောင်းသူကျောင်းသားတွေရဲ့ အကြည့်တွေက Tiffanyရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ပေါ်က မခွာနိုင်ဖြစ်နေသည်

ထိုကျောင်းသူကျောင်းသားတွေထဲတော့ Taeyeonမပါ...သူ့ပရော်ဖက်ဆာ Tiffanyက ဘာလို့ Stephanieနဲ့တစ်ပုံစံတည်းတူနေရလည်း

"အိမ်...အိမ်သာသွားချင်လို့ ခွင့်ပြုပါအုံး "

ပရော်ဖက်ဆာ Tiffanyဆီက ခွင့်ပြုချက်ကို မစောင့်ဘဲ Taeyeon အတန်းထဲက အမြန်ထွက်လာသ​ည်

နောက်နေတာမလား သူက Stephanie မဖြစ်နိုင်ဘူး

သူက နတ်ဘုရားမ Stephanie မဟုတ်ဘူးမလား ဘာလို့ တစ်ပုံစံတည်းချွတ်စွပ်တူနေရတာလည်း

Taeyeonမှာ သန့်စင်ခန်းထဲက မှန်ကို ကြည့်ပြီး သူ့စိတ်သူပြန်ထိန်းနေရသ​ည်

မဟုတ်ဘူး Taeyeon သူ​က Stephanie မဟုတ်ဘူး

ပရော်ဖက်ဆာကို ကြောက်မိပြီး တုန်လှုပ်နေမိတာကိုလည်း Taeyeon သူ့ကိုယ်သူလက်မခံနိုင်ဘူးဖြစ်နေတယ်...Tiffany Hwangဆိုပြီး Stephanieက ဟန်ဆောင်နေရင် ဘယ်လိုလုပ်မလည်း

Taeyeon အသက်ဝဝရှူပြီး မကောင်းတဲ့အတွေးတွေကို သူ့ခေါင်းထဲကထုတ်ပစ်ဖို့ကြိုးစားနေသည်

သူ့မိသားစုနဲ့Hyoyeonရှိတာဘဲ ဘယ်သူမှ သူ့ကိုအန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ Taeyeonတွေးလိုက်သည်

အကယ်၍ Tiffanyက Stephanie ဖြစ်နေရင်လည်း ရဲကိုတိုင်ပြီး ဖမ်းခိုင်းလို့ရတာ​ဘဲလို့ Taeyeon သူ့ကိုယ်သူ အားပေးလိုက်သည်

စိတ်လျော့ Taeyeon...နင်ဘာမှမဖြစ်ပါဘူး

ဒါပေမယ့်  ကြောက်ရွံ့မှုတွေကြောင့် သူ့လက်တွေကတော့ တုန်နေသည်

နောက်ထပ်တစ်ခုရှိသေးသည် Tiffanyကို တွေ့တော့ ခံစားရတဲ့ခံစားချက် ....အဲ့ခံစားချက်က Taeyeon ဘယ်လောက်ဟန်ဆောင်ထားပါစေ အဲ့ခံစားချက်ကိုတော့ ထိန်းမရ....Stephanieပေးတဲ့ Pressure တွေ...Taeyeon ခံစားနေရတုန်းဆိုတာ လိုချင်နေတုန်းဘဲဆိုတာတော့ ထိန်းမရပေ

Taeyeon ရေပိုက်ဖွင့်ပြီး သူ့ခံစားချက်တွေပျောက်သွားအောင် မျက်နှာသစ်လိုက်သည်

"ဘာလို့ အိမ်သာသွားတာ အရမ်းကြာနေရတာလည်း Taeng...."

Taeyeon အတန်းထဲပြန်လာတော့ Hyoyeonက စိတ်ပူပြီးမေးလိုက်သည်

"နင် အဆင်ရောပြေရဲ့လား"

"ပြေပါတယ် Hyo စိတ်မပူပါနဲ့ ညကအစားမှားသွားလို့ ဗိုက်နာရုံပါ "

Taeyeon သူ့သူငယ်ချင်းကိုမကြည့်ဘဲ သင်ပုန်းပေါ်စာရေးနေတဲ့ Tiffany Hwangကို ကြည့်ပြီး ဖြေလိုက်သည်

အခုထိ မယုံနိုင်သေးဘူး

"Ok...မင်းတို့လိုအပ်မယ်ထင်တဲ့ မှတ်စုတွေ ရေးပေးထားတယ် လိုအပ်တဲ့စာတွေကို Notebook ထဲ လိုက်မှတ်နိုင်ပြီနော် ...."

"ဟုတ် ပရော်ဖက်ဆာ "

ကျောင်းသားကျောင်းသူတွေမှာ Tiffany ပြောသမျှ အကုန်နားထောင်ပြီး အားပေးနေကြသည်

စာကိုသေချာရှင်းပြနေတဲ့ Tiffanyကို Taeyeon သေချာ စိုက်ကြည့်နေမိတယ်

"Taeng နင် တကယ်ဘဲ အဆင်ပြေရဲ့လား"

"အဆင်​ပြေတယ်လို့ ပြောပြီးပြီလေ Hyo..."

အဆင်ပြေလား ခဏခဏလာမေးနေတဲ့ Hyoyeonကို Taeyeon သိပ်တော့စိတ်မရှည်တော့ပေ

"ပြေတယ်သာပြောတယ် နင် ဘောပင်ကြီးကို ကိုက်ထားတာ ကြည့်အုံး ဘောပင်တောင် ကျိုးတော့မယ် ပြီးတော့ ခန္ဓာကိုယ်ကလည်း တုန်ရီနေလို့ "

"အဲ...အဲ့တာက "

Taeyeon ဘာပြန်ပြောရမှန်းမသိဖြစ်နေစဥ် Tiffanyက သူတို့ဆီ လျှောက်လာတာမြင်လိုက်ရလို့ ချွေးတွေပါ ရွှဲလာသည်

"တစ်ခုခုဖြစ်နေလို့လား "

Tiffanyက မေးလိုက်တဲ့အခါမှာတော့ Taeyeonမှာ ဘာမှမဖြေနိုင်ဘဲ ကျောက်ရုပ်လိုဖြစ်နေသည်

"ပရော်ဖက်ဆာ ကျွန်မရဲ့ သူငယ်ချင်းက ဖျားနေတာထင်တယ် ကျောင်းဆေးခန်းကို လိုက်ပို့ပေးလို့ရလား "

Taeyeonကို အချွန်နဲ့ထိုးလိုက်သူကား တစ်ခြားမဟုတ် သူ့သူငယ်ချင်း Hyoyeonပင်

"ရတာပေါ့ ကဲ တို့ ဒီကျောင်းသူလေးကို ကျောင်းဆေးခန်းလိုက်ပို့ပေးလိုက်အုံးမယ် အတန်းထဲ လိမ်လိမ်မာမာနေကြနော် "

"ဟုတ်ကဲ့ "

"ကဲ ဆေးခန်းသွားရအောင် ကလေးမ "

"Taeyeon...သူ့နာမည်က Taeyeonပါ ပရော်ဖက်ဆာ "

Hyoyeonက Tiffanyကို သူ့သူငယ်ချင်းနာမည်ပြောပြလိုက်သည်

"Ok Taeyeon shii သွားရအောင် "

ဆေးခန်းကို လိုက်ပို့ပေးတဲ့ Tiffanyကို ကြည့်ရင်း Taeyeon ခံစားချက်မျိုးစုံဖြစ်နေတယ်

Stephanieကို နမ်းခဲ့သလို Tiffanyကို Taeyeon နမ်းချင်နေသည်

မဟုတ်ဘူး Taeyeon...Stephanieက နင့်ကိုဖမ်းချုပ်ထားခဲ့တဲ့သူ နင် သူ့ကိုကြောက်နေရမှာ ဘာလို့ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ ခံစားချက်ဖြစ်နေရတာလည်း မဖြစ်ရဘူး ကြောက်နေရမှာ

"Taeyeon shii အဆင်ပြေရဲ့လား"

"အာ ဟုတ် ပြေပါတယ် "

"ခဏ သီးခံထားနော် ဆေးခန်းကရောက်တော့မှာရယ် "

ဆေးခန်းကိုရောက်တော့ Tiffanyက ဆေးပေးခန်းက ဆရာဝန်ကို Taeyeonအား သေချာဂရုစိုက်ကြည့်ပေးဖို့ ပြောနေသည်

ထို့နောက် Taeyeonကို နှုတ်ဆက်ပြီး အတန်းထဲ ပြန်လာခဲ့သည်

*****

ကန်တင်းတွင် Hyoyeonက နေ့လည်စာစားနေပေမယ့် Taeyeonကတော့ သူတို့နှစ်ခုံကျော်လောက်တွင် ပရော်ဖက်ဆာတွေနဲ့အတူ စားသောက်ရယ်မောနေတဲ့ Tiffanyကို ကြည့်နေသည်

"Taeng နင် မစားဘူးလား ငါစားလိုက်မယ် "

"Yah ငါ့အစားအစာကို မထိနဲ့ "

"နင်က ပရော်ဖက်ဆာ Hwangကို ခိုးခိုးကြည့်နေတာ ငါမသိတာကြလို့ ကြိုက်နေတာလား"

Hyoyeon သူ့နောက်က ပရော်ဖက်ဆာHwangကို လှည့်ကြည့်ပြီး မေးလိုက်သည်

"Yah Kim Hyoyeon "

"ဟီးဟီး စတာပါ "

"နင့်ကို နောက်ကျသတ်ပစ်အုံးမယ် "

Hyoyeonကို Taeyeon ခြိမ်းခြောက်ပြီး Tiffanyကို လှမ်းကြည့်မိပြန်သည်

Tiffanyက တက်တက်ကြွကြွရှိပြီး လူတိုင်းနဲ့ရယ်မောနိုင်တာ အဆင်ပြေနေတဲ့သူဆိုတော့ တောအုပ်ထဲက Stephanie မဖြစ်နိုင်လောက်ပါဘူးလေ

#tbc

#zawgyi

Tiffanyဆိုတဲ့ ဆရာမ စာသင္ေနတာကို တစ္တန္းလုံးက ၿငိမ္ၿငိမ္ေလး နားေထာင္ေနၾကသည္

Tiffany ထိုင္ခုံကထရပ္လိုက္ရင္ ေက်ာင္းသူေက်ာင္းသားေတြရဲ႕ အၾကည့္ေတြက Tiffanyရဲ႕ ဆြဲေဆာင္မႈရွိတဲ့ ခႏၶာကိုယ္ေပၚက မခြာနိုင္ျဖစ္ေနသည္

ထိုေက်ာင္းသူေက်ာင္းသားေတြထဲေတာ့ Taeyeonမပါ...သူ႕ပေရာ္ဖက္ဆာ Tiffanyက ဘာလို႔ Stephanieနဲ႕တစ္ပုံစံတည္းတူေနရလည္း

"အိမ္...အိမ္သာသြားခ်င္လို႔ ခြင့္ျပဳပါအုံး "

ပေရာ္ဖက္ဆာ Tiffanyဆီက ခြင့္ျပဳခ်က္ကို မေစာင့္ဘဲ Taeyeon အတန္းထဲက အျမန္ထြက္လာသည္

ေနာက္ေနတာမလား သူက Stephanie မျဖစ္နိုင္ဘူး

သူက နတ္ဘုရားမ Stephanie မဟုတ္ဘူးမလား ဘာလို႔ တစ္ပုံစံတည္းခြၽတ္စြပ္တူေနရတာလည္း

Taeyeonမွာ သန့္စင္ခန္းထဲက မွန္ကို ၾကည့္ၿပီး သူ႕စိတ္သူျပန္ထိန္းေနရသည္

မဟုတ္ဘူး Taeyeon သူက Stephanie မဟုတ္ဘူး

ပေရာ္ဖက္ဆာကို ေၾကာက္မိၿပီး တုန္လႈပ္ေနမိတာကိုလည္း Taeyeon သူ႕ကိုယ္သူလက္မခံနိုင္ဘူးျဖစ္ေနတယ္...Tiffany Hwangဆိုၿပီး Stephanieက ဟန္ေဆာင္ေနရင္ ဘယ္လိုလုပ္မလည္း

Taeyeon အသက္ဝဝရႉၿပီး မေကာင္းတဲ့အေတြးေတြကို သူ႕ေခါင္းထဲကထုတ္ပစ္ဖို႔ႀကိဳးစားေနသည္

သူ႕မိသားစုနဲ႕Hyoyeonရွိတာဘဲ ဘယ္သူမွ သူ႕ကိုအႏၱရာယ္ေပးနိုင္မွာ မဟုတ္ဘူးလို႔ Taeyeonေတြးလိုက္သည္

အကယ္၍ Tiffanyက Stephanie ျဖစ္ေနရင္လည္း ရဲကိုတိုင္ၿပီး ဖမ္းခိုင္းလို႔ရတာဘဲလို႔ Taeyeon သူ႕ကိုယ္သူ အားေပးလိုက္သည္

စိတ္ေလ်ာ့ Taeyeon...နင္ဘာမွမျဖစ္ပါဘူး

ဒါေပမယ့္  ေၾကာက္႐ြံ႕မႈေတြေၾကာင့္ သူ႕လက္ေတြကေတာ့ တုန္ေနသည္

ေနာက္ထပ္တစ္ခုရွိေသးသည္ Tiffanyကို ေတြ႕ေတာ့ ခံစားရတဲ့ခံစားခ်က္ ....အဲ့ခံစားခ်က္က Taeyeon ဘယ္ေလာက္ဟန္ေဆာင္ထားပါေစ အဲ့ခံစားခ်က္ကိုေတာ့ ထိန္းမရ....Stephanieေပးတဲ့ Pressure ေတြ...Taeyeon ခံစားေနရတုန္းဆိုတာ လိုခ်င္ေနတုန္းဘဲဆိုတာေတာ့ ထိန္းမရေပ

Taeyeon ေရပိုက္ဖြင့္ၿပီး သူ႕ခံစားခ်က္ေတြေပ်ာက္သြားေအာင္ မ်က္ႏွာသစ္လိုက္သည္

"ဘာလို႔ အိမ္သာသြားတာ အရမ္းၾကာေနရတာလည္း Taeng...."

Taeyeon အတန္းထဲျပန္လာေတာ့ Hyoyeonက စိတ္ပူၿပီးေမးလိုက္သည္

"နင္ အဆင္ေရာေျပရဲ႕လား"

"ေျပပါတယ္ Hyo စိတ္မပူပါနဲ႕ ညကအစားမွားသြားလို႔ ဗိုက္နာ႐ုံပါ "

Taeyeon သူ႕သူငယ္ခ်င္းကိုမၾကည့္ဘဲ သင္ပုန္းေပၚစာေရးေနတဲ့ Tiffany Hwangကို ၾကည့္ၿပီး ေျဖလိုက္သည္

အခုထိ မယုံနိုင္ေသးဘူး

"Ok...မင္းတို႔လိုအပ္မယ္ထင္တဲ့ မွတ္စုေတြ ေရးေပးထားတယ္ လိုအပ္တဲ့စာေတြကို Notebook ထဲ လိုက္မွတ္နိုင္ၿပီေနာ္ ...."

"ဟုတ္ ပေရာ္ဖက္ဆာ "

ေက်ာင္းသားေက်ာင္းသူေတြမွာ Tiffany ေျပာသမွ် အကုန္နားေထာင္ၿပီး အားေပးေနၾကသည္

စာကိုေသခ်ာရွင္းျပေနတဲ့ Tiffanyကို Taeyeon ေသခ်ာ စိုက္ၾကည့္ေနမိတယ္

"Taeng နင္ တကယ္ဘဲ အဆင္ေျပရဲ႕လား"

"အဆင္ေျပတယ္လို႔ ေျပာၿပီးၿပီေလ Hyo..."

အဆင္ေျပလား ခဏခဏလာေမးေနတဲ့ Hyoyeonကို Taeyeon သိပ္ေတာ့စိတ္မရွည္ေတာ့ေပ

"ေျပတယ္သာေျပာတယ္ နင္ ေဘာပင္ႀကီးကို ကိုက္ထားတာ ၾကည့္အုံး ေဘာပင္ေတာင္ က်ိဳးေတာ့မယ္ ၿပီးေတာ့ ခႏၶာကိုယ္ကလည္း တုန္ရီေနလို႔ "

"အဲ...အဲ့တာက "

Taeyeon ဘာျပန္ေျပာရမွန္းမသိျဖစ္ေနစဥ္ Tiffanyက သူတို႔ဆီ ေလွ်ာက္လာတာျမင္လိုက္ရလို႔ ေခြၽးေတြပါ ႐ႊဲလာသည္

"တစ္ခုခုျဖစ္ေနလို႔လား "

Tiffanyက ေမးလိုက္တဲ့အခါမွာေတာ့ Taeyeonမွာ ဘာမွမေျဖနိုင္ဘဲ ေက်ာက္႐ုပ္လိုျဖစ္ေနသည္

"ပေရာ္ဖက္ဆာ ကြၽန္မရဲ႕ သူငယ္ခ်င္းက ဖ်ားေနတာထင္တယ္ ေက်ာင္းေဆးခန္းကို လိုက္ပို႔ေပးလို႔ရလား "

Taeyeonကို အခြၽန္နဲ႕ထိုးလိုက္သူကား တစ္ျခားမဟုတ္ သူ႕သူငယ္ခ်င္း Hyoyeonပင္

"ရတာေပါ့ ကဲ တို႔ ဒီေက်ာင္းသူေလးကို ေက်ာင္းေဆးခန္းလိုက္ပို႔ေပးလိုက္အုံးမယ္ အတန္းထဲ လိမ္လိမ္မာမာေနၾကေနာ္ "

"ဟုတ္ကဲ့ "

"ကဲ ေဆးခန္းသြားရေအာင္ ကေလးမ "

"Taeyeon...သူ႕နာမည္က Taeyeonပါ ပေရာ္ဖက္ဆာ "

Hyoyeonက Tiffanyကို သူ႕သူငယ္ခ်င္းနာမည္ေျပာျပလိုက္သည္

"Ok Taeyeon shii သြားရေအာင္ "

ေဆးခန္းကို လိုက္ပို႔ေပးတဲ့ Tiffanyကို ၾကည့္ရင္း Taeyeon ခံစားခ်က္မ်ိဳးစုံျဖစ္ေနတယ္

Stephanieကို နမ္းခဲ့သလို Tiffanyကို Taeyeon နမ္းခ်င္ေနသည္

မဟုတ္ဘူး Taeyeon...Stephanieက နင့္ကိုဖမ္းခ်ဳပ္ထားခဲ့တဲ့သူ နင္ သူ႕ကိုေၾကာက္ေနရမွာ ဘာလို႔ ဆြဲေဆာင္မႈရွိတယ္ဆိုတဲ့ ခံစားခ်က္ျဖစ္ေနရတာလည္း မျဖစ္ရဘူး ေၾကာက္ေနရမွာ

"Taeyeon shii အဆင္ေျပရဲ႕လား"

"အာ ဟုတ္ ေျပပါတယ္ "

"ခဏ သီးခံထားေနာ္ ေဆးခန္းကေရာက္ေတာ့မွာရယ္ "

ေဆးခန္းကိုေရာက္ေတာ့ Tiffanyက ေဆးေပးခန္းက ဆရာဝန္ကို Taeyeonအား ေသခ်ာဂ႐ုစိုက္ၾကည့္ေပးဖို႔ ေျပာေနသည္

ထို႔ေနာက္ Taeyeonကို ႏႈတ္ဆက္ၿပီး အတန္းထဲ ျပန္လာခဲ့သည္

*****

ကန္တင္းတြင္ Hyoyeonက ေန႕လည္စာစားေနေပမယ့္ Taeyeonကေတာ့ သူတို႔ႏွစ္ခုံေက်ာ္ေလာက္တြင္ ပေရာ္ဖက္ဆာေတြနဲ႕အတူ စားေသာက္ရယ္ေမာေနတဲ့ Tiffanyကို ၾကည့္ေနသည္

"Taeng နင္ မစားဘူးလား ငါစားလိုက္မယ္ "

"Yah ငါ့အစားအစာကို မထိနဲ႕ "

"နင္က ပေရာ္ဖက္ဆာ Hwangကို ခိုးခိုးၾကည့္ေနတာ ငါမသိတာၾကလို႔ ႀကိဳက္ေနတာလား"

Hyoyeon သူ႕ေနာက္က ပေရာ္ဖက္ဆာHwangကို လွည့္ၾကည့္ၿပီး ေမးလိုက္သည္

"Yah Kim Hyoyeon "

"ဟီးဟီး စတာပါ "

"နင့္ကို ေနာက္က်သတ္ပစ္အုံးမယ္ "

Hyoyeonကို Taeyeon ၿခိမ္းေျခာက္ၿပီး Tiffanyကို လွမ္းၾကည့္မိျပန္သည္

Tiffanyက တက္တက္ႂကြႂကြရွိၿပီး လူတိုင္းနဲ႕ရယ္ေမာနိုင္တာ အဆင္ေျပေနတဲ့သူဆိုေတာ့ ေတာအုပ္ထဲက Stephanie မျဖစ္နိုင္ေလာက္ပါဘူးေလ

#tbc

Bạn đang đọc truyện trên: Truyen3h.Co