Part 3
"ဒေါက်တာ အဆင်ပြေရဲ့လားဟင် "
Yizhuo က သူ့ပခုံးကို လာကိုင်ပြီးမေးမှ Jimin သတိပြန်ဝင်လာသည်
Jimin လည်ပင်းခြောက်လာသလိုခံစားရလို့ တံတွေးမျိုချမိသည်
Yizhuoရဲ့ အခင်ဆုံးသူငယ်ချင်းက သူ့အိမ်မှာ ရှိနေတဲ့သရဲမလေးတဲ့လား
Jimin အရေးကြီးတာကို လုပ်ရမည် Minjeongကို ကိုမာဝင်ရာကနေ သတိပြန်ရလာမယ့် နည်းလမ်းတွေရှာရမယ်
"Doctor Yu.....ရှင့်ကို ပျောက်သွားလို့ ကျွန်မ လိုက်ရှာနေတာ..."
"Sasha ဘာဖြစ်လို့လည်း "
"အာရုံကြောဆရာဝန်ကြီးက Doctor နဲ့တွေ့ချင်လို့တဲ့ ဒါပေမယ့် Doctorက လူနာစာရင်းတွေနဲ့ အလုပ်ရှုပ်နေတယ်လို့ပြောထားတော့ သူက Doctorအတွက် ကြိုဆို ပါတီကျင်းပပေးမယ်လို့ပြောခိုင်းလိုက်တယ် "
Yizhuoက Jiminနဲ့ Sashaကို ကြည့်နေသည်
"Oh Yizhuoရောက်နေတာဘဲ "
"နှစ်ယောက်က သိနေတာလား "
" သူက ဒီဆေးရုံကို အမြဲလာတယ် ဒီလူနာကို လာလာကြည့်နေကြလေ ပြောရရင် ဒီဆေးရုံက သူ့အတွက် ဒုတိယအိမ်လိုဘဲ တစ်ခါတစ်လေ သူဒီမှာ အိပ်သေးတယ် ဘာလို့လည်းဆိုတော့ ဒီလူနာကို ကြည့်ရှူစောင့်ရှောက်ပေးမယ့်သူ မရှိလို့လေ "
"ဟုတ်ပါ့ Sashaက ညီမကို ဆေးရုံအမြဲလာလို့ဆိုပြီး တစ်ခါတစ်ခါဆူသေးတယ် ဟီး ဆူပေမယ့် ညီမက နားမထောင်ဘူးလေ Sashaကို တကယ်ကျေးဇူးတင်မိတယ် သူကဘဲ Minjeongကို စောင့်ရှောက်ပေးလို့လေ "
"Sashi ကျွန်မ Minjeong အခြေအနေနဲ့ပတ်သက်ပြီး သိချင်တယ် "
Sashiမှာ သက်ပြင်းချပြီး Minjeongရဲ့ နဖူးကို စမ်းလိုက်သည်
"လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က Minjeong ကို ဒီဆေးရုံခေါ်လာခဲ့ကြတယ် traumatic coma ရောဂါကြောင့်ဆိုပြီး ....ကျောင်းကအပြန် လမ်းမှာ ကားနဲ့တိုက်ခံရတာတဲ့ တိုက်တဲ့ကားက အရှိန်တော်တော်ပြင်းတယ်လို့ ပြောကြတယ် ပြီးတော့ ကားသမားက ထွက်ပြေးသွားပြီး ရဲတွေကလည်း ကားနံပါတ်ဘာညာတောင် ရှာမတွေ့ခဲ့ကြဘူး "
"ကားနဲ့တိုက်ပြေးတဲ့သူက တော်တော်ချမ်းသာပုံရတယ် ငွေနဲ့သူ့လမ်းကြောင်းတွေကို ဖုံးပစ်လိုက်တယ် ကြည့်နေ ဘယ်သူလည်းဆိုတာ ညီမရအောင် ဖော်ထုတ်မယ် "
"aigoo "
စွာတေးလန် NingNingရဲ့ ခေါင်းလေးကို Sasha ပုတ်လိုက်သည်
"ဆရာဝန်တော်တော်များများက Minjeong ကို ကူညီကြပါတယ် ဒါပေမယ့် ခွဲစိတ်မှုက မအောင်မြင်ကြဘူး Yizhuoကလည်း အာရုံကြောဆရာဝန်တွေ ခေါ်လာပေမယ့် Minjeongကတော့ ခုထိ အိပ်ပျော်နေတုန်းဘဲ ....Doctor Name Cardကို ကြည့်ပြီး သူ Minjeongဆီ ဆွဲခေါ်လာတာထင်တယ် "
"ကျွန်မ သူ့ကို ကူညီချင်တယ် "
Minjeongရဲ့ လက်ကို Jimin ညင်ညင်သာသာကိုင်ပြီး ပြောလိုက်သည်
"သူ ကူညီနိုင်မယ်ထင်တာ မှန်တာဘဲ "
Jimin စကားကြောင့် NingNingမှာ ပျော်ပြီး ထခုန်သည်
"Doctor...အုပ်ကြီးတွေနဲ့အတူမခွဲစိတ်ခင်အထိ တစ်ယောက်တည်း ခွဲစိတ်မှုတွေလုပ်လို့မရပါဘူး ပြီးတော့ အခုတလော သူတို့လည်း လူနာတွေပြည့်နေတော့ ..."
"အရင်က ဆရာဝန်တွေက တစ်ခုခုလိုသွားတာဖြစ်မယ် ပြီးတော့ သူတို့စိတ်ထဲ Minjeongက ဘယ်လိုမှသတိရလာမှာမဟုတ်ဘူးလို့ တွေးထားတော့ ဘာလုပ်လုပ်အဆင်မပြေတာဖြစ်မယ် ကျွန်မတို့က သေသေချာချာ အကောင်းဘက်ကနေ စနစ်တကျတွေးပေးမှဖြစ်မယ် "
Sashaလည်း Jiminကို ဘယ်လိုမှပြောမရတာနဲ့ လွှတ်ပေးလိုက်သည်
ည ကိုးနာရီရောက်တော့ Jimin ဂျူတီပြီးသွားလေသည်
Yizhuoကို ညစာဝယ်ကျွေးချင်ပေမယ့်လည်း သရဲမလေးက သူ့ကိုစောင့်နေမှာကို Jiminသိလို့ အိမ်ကိုသာ ပြန်လာခဲ့သည်
Minjeongကို သူမသေသေးကြောင်း သူသတိရလာဖို့ အစွမ်းကုန်ကြိုးစားပေးမယ်ဆိုပြီး ပြောပြရင်ကောင်းမလားလို့ Jimin တွေးမိသည်
Jimin အိမ်ပြန်ရောက်ရောက်ချင်း ကားထဲက ထွက်လာတော့ အေးစက်တဲ့ခံစားချက်ရလို့ သရဲမလေးသူ့အနားကို ရောက်နေမှန်း သိလိုက်ရတယ်လေ
ဘေးနားကိုကြည့်လိုက်တော့ သူ့ကိုနှုတ်ခမ်းထော်ကာ ကြည့်နေတဲ့ Minjeongကို တွေ့လိုက်ရသည်
"နင်ပြောတော့ စောစောပြန်လာမယ်ဆို"
Minjeong မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းထော်ပြီး Jiminကို ရန်လုပ်လေသည်
"ကြိုးစားပါမယ်လို့ ပြောတာလေ "
Jiminပြောကြီး ကားတံခါးသော့ခတ်လိုက်သည်
"ပြီးတော့ ဆေးရုံမှာလူနာတွေက အများကြီး သူတို့မှတ်တမ်းတွေ ငါထိုင်ဖတ်နေရသေးတယ် အလုပ်များနေလို့ပါဟ ဒါနဲ့ ငါမရှိတုန်း နင် လိမ်လိမ်မာမာနဲ့နေရဲ့လား
Jimin အိမ်ထဲကိုဝင်လာတော့ Joeက သူ့ကို လာမကြိုသောကြောင့် အံ့သြနေသည်
လာမကြိုလည်း ကောင်းပါတယ်လေ Minjeong နဲ့စကားပြောချိန်ရတာပေါ့
"နင့်အိမ်ဖော်ကလည်း ပျင်းစရာကြီး အဝတ်လျှော်တာနဲ့သန့်ရှင်းရေးလုပ်တာကလွဲလို့ ဘာမှလည်း မလုပ်ဘူး Tvတောင် မကြည့်တော့ ငါတော်တော်ပျင်းတယ် ဟွန့် ငါက ကာတွန်းကားကြည့်ချင်လို့ပါဆို "
Jiminမှာ ချစ်စရာကောင်းတဲ့ သရဲမလေးစကားကြောင့် ရယ်လိုက်သည်
"နင့်ဟာနင် ဘာလို့မဖွင့်တာလည်း ပစ္စည်းတွေကို ထိလို့ရတယ် မဟုတ်ဘူးလား "
"နင်ဘဲဲ ပြဿနာမဖြစ်အောင် နေဆိုပြီး ပြောခဲ့တာ မဟုတ်လား ငါ Tvထဖွင့်ရင် Tvက သူ့အလိုလိုပွင့််တယ်ဆိုပြီး လန့်သွားမှာပေါ့ "
Minjeongက နားထောင်တတ်တဲ့ကလေးမျိုးဘဲဆိုပြီး Jimin တွေးရင်း ကျေနပ်နေသည်
တစ်ဖက်က Minjeongကလည်း Jiminကိုငေးကြည့်ရင်း Jiminရဲ့အလှမှာ နစ်မြောနေသည်
"လိမ်မာလိုက်တဲ့ ကလေးမလေး နင့်ကို ဆုပေးရမလား "
"ငါ ကမ်းခြေဘက်သွားချင်တယ် "
Minjeong စိတ်လှုပ်ရှားပြီးပြောလိုက်သည်
"ရုတ်တရက် ငါ့ငယ်ဘဝကို သတိရသွားသလိုဘဲ ငါငယ်ငယ်က ကမ်းခြေဘက်ခဏခဏသွားပြီး ရေဆော့တာ "
"Minjeong နောက်ကျနေပြီလေ...ပြီးတော့ ငါပင်ပန်းနေလို့ နင့်ကို အဲ့ဒီကိုလိုက်မပို့နိုင်ဘူး "
"ငါ နားလည်ပါတယ်လေ "
Minjeongရဲ့ အသံမှာ ဝမ်းနည်းမှုတွေပါလာတာကို Jiminသတိထားမိသည်
"နောက်တစ်ခါကျမှ သွားကြတာပေါ့ အဲ့အချိန်ထိ ငါရှိနေရင်ပေါ့ "
Minjeongရဲ့ စကားကြောင့် Jimin လမ်းလျှောက်ရာက ရပ်သွားသည်
"နင် ဘာပြောချင်တာလည်း "
"ဘာမှမဟုတ်တော့ပါဘူး အထဲဝင်တော့လေ နင့်အိမ်ဖော်က နင့်အတွက် ညစာလုပ်ပေးထားတယ် ဆာနေမှာပေါ့ ပြီးတော့ နေကုန်အလုပ်လုပ်ထားရတော့ ပင်ပန်းနေမှာပေါ့ "
Jiminမှာ စကားပြောချင်ပေမယ့် Minjeongက ပျောက်သွားသည်
Jiminမှာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး Minjeongကိုခေါ်နေသည်
ထိုစဥ် Joeက ရောက်လာသည်
"Jimin...အိမ်ပြန်ရောက်တာကို ဘာလို့မပြောတာလည်း တစ်ယောက်ယောက်နဲ့ စကားပြောနေလို့လား "
"အာ မဟုတ်ပါဘူး ခုနမှရောက်တာရယ် ကားထဲမှာ ဖုန်းကျန်ခဲ့လို့ ကိုယ့်ကိုကိုယ်ပြောပြီး သွားယူနေတာရယ် ညစာချက်ပြီးပြီလား "
"ဟုတ် ချက်ပြီးပြီ ခုနကမှ ထပ်နွှေးထားလို့ ပူနေတုန်းရှိသေးတယ် သွားစားလိုက်ပါလား ...ငါနဲ့အတူစားမယ်လေ နင့်အမေက နင့်ကိုစောင့်ပါအုံးပြောလို့ မစားသေးဘဲ စောင့်နေတာ"
Jiminလည်း ခေါင်းညိတ်ပြပြီး မီးဖိုခန်းထဲ ဝင်သွားသည်
Joe ချက်ပေးတဲ့ညစာကို စားရင်း Jimin ချီးကျူးလိုက်သည်
"နင် ဟင်းချက်တတ်တယ်လို့ထင်မထားဘူး တစ်ယောက်ယောက်ဆီက သင်ထားတာလား "
"အမေက ငါ့ကို ဟင်းချက်သင်ပေးခဲ့တာလေ ငါငယ်ငယ်ကတည်းက အရုပ်တွေနဲ့ ဟင်းချက်ရတာ ဝါသနာပါခဲ့တာ ငါ့စျေးဝယ်စားသုံးသူတွေကတော့ တိရစ္ဆာန်အရုပ်လေးတွေပေါ့ "
"စားသုံးသူ တိရစ္ဆာန်တွေထဲ ငါမပါဘူးနော့် "
Jimin စနောက်ပြီးရယ်မောလိုက်သည် သူ့အမေက အိမ်ဖော်ကောင်းကောင်းရွေးခဲ့တာဘဲ Joeက စကားပြောရတာ သက်တောင့်သက်သာဖြစ်စေတယ်
"စားကောင်းတယ်ပြောလို့ ကျေးဇူးတင်ပါတယ် ငါက အမေတို့ကိုဘဲ ချက်ကျွေးဖူးတာရယ် "
Jiminလည်း ညစာစားပြီးနောက် Minjeongက Tvကြည့်ချင်တာကို သတိရပြီး ဧည့်ခန်းကို သွားကာ Tvဖွင့်လိုက်သည်
Joeကလည်း လိုက်လာပြီး Jiminနဲ့အတူ Tvလိုက်ကြည့်နေသည်
Joeက ရုပ်ရှင်ကို စိတ်ဝင်စားနေပေမယ့် Jiminကတော့ Minjeongကိုလိုက်ရှာနေသည်
Minjeong ဘာလို့ ရုပ်ရှင်လာမကြည့်တာလည်း
ည ၁၁ နာရီထိုးတော့ ရုပ်ရှင်က ပြီးသွားပြီး Joeက ဆိုဖာပေါ်အိပ်ပျော်နေသည်
Joeကို Jiminလည်း ပွေ့ချီပြီး သူ့အခန်းထဲခေါ်သွားသည်
"Joeက ပေါ့လို့တော်သေးတယ် "
Jimin သူ့ကိုယ်သူရေရွတ်ပြီး သူ့အခန်းဘက်သို့ သွားလေသည်
ထိုစဥ် သူ့ပခုံးကို တစ်ယောက်ယောက်ကလာပုတ်လို့ Jimin လန့်ပြီးတုန်တက်သွားသည်
"Minjeong ရား ငါ့ကို နှလုံးရောဂါရပြီး သေစေချင်နေတာလား "
"အာ Sorry နင်အိမ်ပေါ်တက်သွားတာတွေ့လို့ good nightလို့ပြောချင်လို့ လာနှုတ်ဆက်တာ "
Minjeongရဲ့ စကားကြောင့် Jimin နွေးထွေးသလိုခံစားရသည်
'ခုန နင်ဘယ်ရောက်နေတာလည်း ရုပ်ရှင်ကြည့်ချင်တယ်ပြောလို့ Tvဖွင့်ပေးထားတာကို "
"လေကောင်းလေသန့်ရှုချင်လို့ အပြင်ခဏထွက်သွားတာရယ် ပြီးတော့ ရုပ်ရှင်ကြည့်ချင်တယ်ဆို ငါတို့နှစ်ယောက်တည်း ကြည့်ရအောင် "
"Joeနဲ့မကြည့်ချင်လို့လား "
"အဲ့လိုမဟုတ်ပါဘူး နင့်အိမ်ဖော်အနားရှိနေရင် ငါဂရုစိုက်နေရမှာမို့လို့ မလွတ်လပ်သလိုဖြစ်နေမှာ "
"အာ သိပြီ သိပြီ မနက်ဖြန် သူ့နားရက်လေ သူအိမ်မှာမရှိလောက်ဘူး အဲ့ကျ ရုပ်ရှင်အတူကြည့်ကြမယ်လေ နော့် ငါအိမ်ပြန်ရောက်တဲ့အချိန် နင်ကြည့်ချင်တဲ့ကား ရွေးထားလိုက် "
"ကောင်းသားဘဲ ငါစောင့်နေမယ်နော် "
"Ok Minjeong ငါပင်ပန်းလာလို့ အိပ်တော့မယ် ကောင်းသောညပါ "
Minjeongကို နှုတ်ဆက်ပြီး Jimin အခန်းထဲသို့ ဝင်သွားသည်
#tbc
#zawgyi
"ေဒါက္တာ အဆင္ေျပရဲ႕လားဟင္ "
Yizhuo က သူ႕ပခုံးကို လာကိုင္ၿပီးေမးမွ Jimin သတိျပန္ဝင္လာသည္
Jimin လည္ပင္းေျခာက္လာသလိုခံစားရလို႔ တံေတြးမ်ိဳခ်မိသည္
Yizhuoရဲ႕ အခင္ဆုံးသူငယ္ခ်င္းက သူ႕အိမ္မွာ ရွိေနတဲ့သရဲမေလးတဲ့လား
Jimin အေရးႀကီးတာကို လုပ္ရမည္ Minjeongကို ကိုမာဝင္ရာကေန သတိျပန္ရလာမယ့္ နည္းလမ္းေတြရွာရမယ္
"Doctor Yu.....ရွင့္ကို ေပ်ာက္သြားလို႔ ကြၽန္မ လိုက္ရွာေနတာ..."
"Sasha ဘာျဖစ္လို႔လည္း "
"အာ႐ုံေၾကာဆရာဝန္ႀကီးက Doctor နဲ႕ေတြ႕ခ်င္လို႔တဲ့ ဒါေပမယ့္ Doctorက လူနာစာရင္းေတြနဲ႕ အလုပ္ရႈပ္ေနတယ္လို႔ေျပာထားေတာ့ သူက Doctorအတြက္ ႀကိဳဆို ပါတီက်င္းပေပးမယ္လို႔ေျပာခိုင္းလိုက္တယ္ "
Yizhuoက Jiminနဲ႕ Sashaကို ၾကည့္ေနသည္
"Oh Yizhuoေရာက္ေနတာဘဲ "
"ႏွစ္ေယာက္က သိေနတာလား "
" သူက ဒီေဆး႐ုံကို အၿမဲလာတယ္ ဒီလူနာကို လာလာၾကည့္ေနၾကေလ ေျပာရရင္ ဒီေဆး႐ုံက သူ႕အတြက္ ဒုတိယအိမ္လိုဘဲ တစ္ခါတစ္ေလ သူဒီမွာ အိပ္ေသးတယ္ ဘာလို႔လည္းဆိုေတာ့ ဒီလူနာကို ၾကည့္ရႉေစာင့္ေရွာက္ေပးမယ့္သူ မရွိလို႔ေလ "
"ဟုတ္ပါ့ Sashaက ညီမကို ေဆး႐ုံအၿမဲလာလို႔ဆိုၿပီး တစ္ခါတစ္ခါဆူေသးတယ္ ဟီး ဆူေပမယ့္ ညီမက နားမေထာင္ဘူးေလ Sashaကို တကယ္ေက်းဇူးတင္မိတယ္ သူကဘဲ Minjeongကို ေစာင့္ေရွာက္ေပးလို႔ေလ "
"Sashi ကြၽန္မ Minjeong အေျခအေနနဲ႕ပတ္သက္ၿပီး သိခ်င္တယ္ "
Sashiမွာ သက္ျပင္းခ်ၿပီး Minjeongရဲ႕ နဖူးကို စမ္းလိုက္သည္
"လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္ေလာက္က Minjeong ကို ဒီေဆး႐ုံေခၚလာခဲ့ၾကတယ္ traumatic coma ေရာဂါေၾကာင့္ဆိုၿပီး ....ေက်ာင္းကအျပန္ လမ္းမွာ ကားနဲ႕တိုက္ခံရတာတဲ့ တိုက္တဲ့ကားက အရွိန္ေတာ္ေတာ္ျပင္းတယ္လို႔ ေျပာၾကတယ္ ၿပီးေတာ့ ကားသမားက ထြက္ေျပးသြားၿပီး ရဲေတြကလည္း ကားနံပါတ္ဘာညာေတာင္ ရွာမေတြ႕ခဲ့ၾကဘူး "
"ကားနဲ႕တိုက္ေျပးတဲ့သူက ေတာ္ေတာ္ခ်မ္းသာပုံရတယ္ ေငြနဲ႕သူ႕လမ္းေၾကာင္းေတြကို ဖုံးပစ္လိုက္တယ္ ၾကည့္ေန ဘယ္သူလည္းဆိုတာ ညီမရေအာင္ ေဖာ္ထုတ္မယ္ "
"aigoo "
စြာေတးလန္ NingNingရဲ႕ ေခါင္းေလးကို Sasha ပုတ္လိုက္သည္
"ဆရာဝန္ေတာ္ေတာ္မ်ားမ်ားက Minjeong ကို ကူညီၾကပါတယ္ ဒါေပမယ့္ ခြဲစိတ္မႈက မေအာင္ျမင္ၾကဘူး Yizhuoကလည္း အာ႐ုံေၾကာဆရာဝန္ေတြ ေခၚလာေပမယ့္ Minjeongကေတာ့ ခုထိ အိပ္ေပ်ာ္ေနတုန္းဘဲ ....Doctor Name Cardကို ၾကည့္ၿပီး သူ Minjeongဆီ ဆြဲေခၚလာတာထင္တယ္ "
"ကြၽန္မ သူ႕ကို ကူညီခ်င္တယ္ "
Minjeongရဲ႕ လက္ကို Jimin ညင္ညင္သာသာကိုင္ၿပီး ေျပာလိုက္သည္
"သူ ကူညီနိုင္မယ္ထင္တာ မွန္တာဘဲ "
Jimin စကားေၾကာင့္ NingNingမွာ ေပ်ာ္ၿပီး ထခုန္သည္
"Doctor...အုပ္ႀကီးေတြနဲ႕အတူမခြဲစိတ္ခင္အထိ တစ္ေယာက္တည္း ခြဲစိတ္မႈေတြလုပ္လို႔မရပါဘူး ၿပီးေတာ့ အခုတေလာ သူတို႔လည္း လူနာေတြျပည့္ေနေတာ့ ..."
"အရင္က ဆရာဝန္ေတြက တစ္ခုခုလိုသြားတာျဖစ္မယ္ ၿပီးေတာ့ သူတို႔စိတ္ထဲ Minjeongက ဘယ္လိုမွသတိရလာမွာမဟုတ္ဘူးလို႔ ေတြးထားေတာ့ ဘာလုပ္လုပ္အဆင္မေျပတာျဖစ္မယ္ ကြၽန္မတို႔က ေသေသခ်ာခ်ာ အေကာင္းဘက္ကေန စနစ္တက်ေတြးေပးမွျဖစ္မယ္ "
Sashaလည္း Jiminကို ဘယ္လိုမွေျပာမရတာနဲ႕ လႊတ္ေပးလိုက္သည္
ည ကိုးနာရီေရာက္ေတာ့ Jimin ဂ်ဴတီၿပီးသြားေလသည္
Yizhuoကို ညစာဝယ္ေကြၽးခ်င္ေပမယ့္လည္း သရဲမေလးက သူ႕ကိုေစာင့္ေနမွာကို Jiminသိလို႔ အိမ္ကိုသာ ျပန္လာခဲ့သည္
Minjeongကို သူမေသေသးေၾကာင္း သူသတိရလာဖို႔ အစြမ္းကုန္ႀကိဳးစားေပးမယ္ဆိုၿပီး ေျပာျပရင္ေကာင္းမလားလို႔ Jimin ေတြးမိသည္
Jimin အိမ္ျပန္ေရာက္ေရာက္ခ်င္း ကားထဲက ထြက္လာေတာ့ ေအးစက္တဲ့ခံစားခ်က္ရလို႔ သရဲမေလးသူ႕အနားကို ေရာက္ေနမွန္း သိလိုက္ရတယ္ေလ
ေဘးနားကိုၾကည့္လိုက္ေတာ့ သူ႕ကိုႏႈတ္ခမ္းေထာ္ကာ ၾကည့္ေနတဲ့ Minjeongကို ေတြ႕လိုက္ရသည္
"နင္ေျပာေတာ့ ေစာေစာျပန္လာမယ္ဆို"
Minjeong မ်က္ေမွာင္ၾကဳတ္ကာ ႏႈတ္ခမ္းေထာ္ၿပီး Jiminကို ရန္လုပ္ေလသည္
"ႀကိဳးစားပါမယ္လို႔ ေျပာတာေလ "
Jiminေျပာႀကီး ကားတံခါးေသာ့ခတ္လိုက္သည္
"ၿပီးေတာ့ ေဆး႐ုံမွာလူနာေတြက အမ်ားႀကီး သူတို႔မွတ္တမ္းေတြ ငါထိုင္ဖတ္ေနရေသးတယ္ အလုပ္မ်ားေနလို႔ပါဟ ဒါနဲ႕ ငါမရွိတုန္း နင္ လိမ္လိမ္မာမာနဲ႕ေနရဲ႕လား
Jimin အိမ္ထဲကိုဝင္လာေတာ့ Joeက သူ႕ကို လာမႀကိဳေသာေၾကာင့္ အံ့ၾသေနသည္
လာမႀကိဳလည္း ေကာင္းပါတယ္ေလ Minjeong နဲ႕စကားေျပာခ်ိန္ရတာေပါ့
"နင့္အိမ္ေဖာ္ကလည္း ပ်င္းစရာႀကီး အဝတ္ေလွ်ာ္တာနဲ႕သန့္ရွင္းေရးလုပ္တာကလြဲလို႔ ဘာမွလည္း မလုပ္ဘူး Tvေတာင္ မၾကည့္ေတာ့ ငါေတာ္ေတာ္ပ်င္းတယ္ ဟြန့္ ငါက ကာတြန္းကားၾကည့္ခ်င္လို႔ပါဆို "
Jiminမွာ ခ်စ္စရာေကာင္းတဲ့ သရဲမေလးစကားေၾကာင့္ ရယ္လိုက္သည္
"နင့္ဟာနင္ ဘာလို႔မဖြင့္တာလည္း ပစၥည္းေတြကို ထိလို႔ရတယ္ မဟုတ္ဘူးလား "
"နင္ဘဲဲ ျပႆနာမျဖစ္ေအာင္ ေနဆိုၿပီး ေျပာခဲ့တာ မဟုတ္လား ငါ Tvထဖြင့္ရင္ Tvက သူ႕အလိုလိုပြင့္္တယ္ဆိုၿပီး လန့္သြားမွာေပါ့ "
Minjeongက နားေထာင္တတ္တဲ့ကေလးမ်ိဳးဘဲဆိုၿပီး Jimin ေတြးရင္း ေက်နပ္ေနသည္
တစ္ဖက္က Minjeongကလည္း Jiminကိုေငးၾကည့္ရင္း Jiminရဲ႕အလွမွာ နစ္ေျမာေနသည္
"လိမ္မာလိုက္တဲ့ ကေလးမေလး နင့္ကို ဆုေပးရမလား "
"ငါ ကမ္းေျခဘက္သြားခ်င္တယ္ "
Minjeong စိတ္လႈပ္ရွားၿပီးေျပာလိုက္သည္
"႐ုတ္တရက္ ငါ့ငယ္ဘဝကို သတိရသြားသလိုဘဲ ငါငယ္ငယ္က ကမ္းေျခဘက္ခဏခဏသြားၿပီး ေရေဆာ့တာ "
"Minjeong ေနာက္က်ေနၿပီေလ...ၿပီးေတာ့ ငါပင္ပန္းေနလို႔ နင့္ကို အဲ့ဒီကိုလိုက္မပို႔နိုင္ဘူး "
"ငါ နားလည္ပါတယ္ေလ "
Minjeongရဲ႕ အသံမွာ ဝမ္းနည္းမႈေတြပါလာတာကို Jiminသတိထားမိသည္
"ေနာက္တစ္ခါက်မွ သြားၾကတာေပါ့ အဲ့အခ်ိန္ထိ ငါရွိေနရင္ေပါ့ "
Minjeongရဲ႕ စကားေၾကာင့္ Jimin လမ္းေလွ်ာက္ရာက ရပ္သြားသည္
"နင္ ဘာေျပာခ်င္တာလည္း "
"ဘာမွမဟုတ္ေတာ့ပါဘူး အထဲဝင္ေတာ့ေလ နင့္အိမ္ေဖာ္က နင့္အတြက္ ညစာလုပ္ေပးထားတယ္ ဆာေနမွာေပါ့ ၿပီးေတာ့ ေနကုန္အလုပ္လုပ္ထားရေတာ့ ပင္ပန္းေနမွာေပါ့ "
Jiminမွာ စကားေျပာခ်င္ေပမယ့္ Minjeongက ေပ်ာက္သြားသည္
Jiminမွာ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ၿပီး Minjeongကိုေခၚေနသည္
ထိုစဥ္ Joeက ေရာက္လာသည္
"Jimin...အိမ္ျပန္ေရာက္တာကို ဘာလို႔မေျပာတာလည္း တစ္ေယာက္ေယာက္နဲ႕ စကားေျပာေနလို႔လား "
"အာ မဟုတ္ပါဘူး ခုနမွေရာက္တာရယ္ ကားထဲမွာ ဖုန္းက်န္ခဲ့လို႔ ကိုယ့္ကိုကိုယ္ေျပာၿပီး သြားယူေနတာရယ္ ညစာခ်က္ၿပီးၿပီလား "
"ဟုတ္ ခ်က္ၿပီးၿပီ ခုနကမွ ထပ္ႏႊေးထားလို႔ ပူေနတုန္းရွိေသးတယ္ သြားစားလိုက္ပါလား ...ငါနဲ႕အတူစားမယ္ေလ နင့္အေမက နင့္ကိုေစာင့္ပါအုံးေျပာလို႔ မစားေသးဘဲ ေစာင့္ေနတာ"
Jiminလည္း ေခါင္းညိတ္ျပၿပီး မီးဖိုခန္းထဲ ဝင္သြားသည္
Joe ခ်က္ေပးတဲ့ညစာကို စားရင္း Jimin ခ်ီးက်ဴးလိုက္သည္
"နင္ ဟင္းခ်က္တတ္တယ္လို႔ထင္မထားဘူး တစ္ေယာက္ေယာက္ဆီက သင္ထားတာလား "
"အေမက ငါ့ကို ဟင္းခ်က္သင္ေပးခဲ့တာေလ ငါငယ္ငယ္ကတည္းက အ႐ုပ္ေတြနဲ႕ ဟင္းခ်က္ရတာ ဝါသနာပါခဲ့တာ ငါ့ေစ်းဝယ္စားသုံးသူေတြကေတာ့ တိရစ္ဆာန္အ႐ုပ္ေလးေတြေပါ့ "
"စားသုံးသူ တိရစ္ဆာန္ေတြထဲ ငါမပါဘူးေနာ့္ "
Jimin စေနာက္ၿပီးရယ္ေမာလိုက္သည္ သူ႕အေမက အိမ္ေဖာ္ေကာင္းေကာင္းေ႐ြးခဲ့တာဘဲ Joeက စကားေျပာရတာ သက္ေတာင့္သက္သာျဖစ္ေစတယ္
"စားေကာင္းတယ္ေျပာလို႔ ေက်းဇူးတင္ပါတယ္ ငါက အေမတို႔ကိုဘဲ ခ်က္ေကြၽးဖူးတာရယ္ "
Jiminလည္း ညစာစားၿပီးေနာက္ Minjeongက Tvၾကည့္ခ်င္တာကို သတိရၿပီး ဧည့္ခန္းကို သြားကာ Tvဖြင့္လိုက္သည္
Joeကလည္း လိုက္လာၿပီး Jiminနဲ႕အတူ Tvလိုက္ၾကည့္ေနသည္
Joeက ႐ုပ္ရွင္ကို စိတ္ဝင္စားေနေပမယ့္ Jiminကေတာ့ Minjeongကိုလိုက္ရွာေနသည္
Minjeong ဘာလို႔ ႐ုပ္ရွင္လာမၾကည့္တာလည္း
ည ၁၁ နာရီထိုးေတာ့ ႐ုပ္ရွင္က ၿပီးသြားၿပီး Joeက ဆိုဖာေပၚအိပ္ေပ်ာ္ေနသည္
Joeကို Jiminလည္း ေပြ႕ခ်ီၿပီး သူ႕အခန္းထဲေခၚသြားသည္
"Joeက ေပါ့လို႔ေတာ္ေသးတယ္ "
Jimin သူ႕ကိုယ္သူေရ႐ြတ္ၿပီး သူ႕အခန္းဘက္သို႔ သြားေလသည္
ထိုစဥ္ သူ႕ပခုံးကို တစ္ေယာက္ေယာက္ကလာပုတ္လို႔ Jimin လန့္ၿပီးတုန္တက္သြားသည္
"Minjeong ရား ငါ့ကို ႏွလုံးေရာဂါရၿပီး ေသေစခ်င္ေနတာလား "
"အာ Sorry နင္အိမ္ေပၚတက္သြားတာေတြ႕လို႔ good nightလို႔ေျပာခ်င္လို႔ လာႏႈတ္ဆက္တာ "
Minjeongရဲ႕ စကားေၾကာင့္ Jimin ႏြေးေထြးသလိုခံစားရသည္
'ခုန နင္ဘယ္ေရာက္ေနတာလည္း ႐ုပ္ရွင္ၾကည့္ခ်င္တယ္ေျပာလို႔ Tvဖြင့္ေပးထားတာကို "
"ေလေကာင္းေလသန့္ရႈခ်င္လို႔ အျပင္ခဏထြက္သြားတာရယ္ ၿပီးေတာ့ ႐ုပ္ရွင္ၾကည့္ခ်င္တယ္ဆို ငါတို႔ႏွစ္ေယာက္တည္း ၾကည့္ရေအာင္ "
"Joeနဲ႕မၾကည့္ခ်င္လို႔လား "
"အဲ့လိုမဟုတ္ပါဘူး နင့္အိမ္ေဖာ္အနားရွိေနရင္ ငါဂ႐ုစိုက္ေနရမွာမို႔လို႔ မလြတ္လပ္သလိုျဖစ္ေနမွာ "
"အာ သိၿပီ သိၿပီ မနက္ျဖန္ သူ႕နားရက္ေလ သူအိမ္မွာမရွိေလာက္ဘူး အဲ့က် ႐ုပ္ရွင္အတူၾကည့္ၾကမယ္ေလ ေနာ့္ ငါအိမ္ျပန္ေရာက္တဲ့အခ်ိန္ နင္ၾကည့္ခ်င္တဲ့ကား ေ႐ြးထားလိုက္ "
"ေကာင္းသားဘဲ ငါေစာင့္ေနမယ္ေနာ္ "
"Ok Minjeong ငါပင္ပန္းလာလို႔ အိပ္ေတာ့မယ္ ေကာင္းေသာညပါ "
Minjeongကို ႏႈတ္ဆက္ၿပီး Jimin အခန္းထဲသို႔ ဝင္သြားသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co