Truyen3h.Co

သရဲမလေး ကိုယ့်ချစ်သူ

Part 4

KimFany059


မိုးသည်းထန်စွာ ရွာသွန်းသံကြောင့် Jimin လန့်ပြီး အိပ်ရာကနိုးလာသည်

ပြတင်းပေါက်အပြင်ဘက်ကို ကြည့်တော့ ကောင်းကင်ကြီးက မှောင်မဲနေသည်

ဖုန်းကို ယူကြည့်တော့ မနက် ခုနှစ်နာရီထိုးနေမှန်းသိလိုက်ရသည်

Jimin အိပ်ရာက ထပြီး စောင်ကိုသေချာခေါက်ကာ အိပ်ရာခင်းကို သေချာဆွဲဆန့်လိုက်သည်

ထို့နောက် ခါးနာလို့ ခါးကိုဆန့်တန်းက အကြောဆန့်လိုက်သည် မနေ့ကတစ်ညနေလုံး ထိုင်ပြီး reportတွေ ဖတ်နေရလို့ထင်ပါရဲ့ Jimin ခါးတွေနာနေသည်

Jimin ဖုန်းကို ယူပြီး အောက်ကို ပျင်းတိပျင်းရွဲ့နဲ့ ဆင်းလာသည်

သူမရဲ့အိမ်ဖော်မလေးကို မတွေ့ရ ချက်ပြုတ်ထားတဲ့စားစရာတွေကိုသာ စားပွဲခုံပေါ်တွင် တင်ထားတာကို တွေ့ရသည်

"Good Morning Jimin "

သရဲမလေးက နှုတ်ဆက်တဲ့အခါမှာတော့ Jimin မလန့်တော့ပေ ဘာလို့ဆို အိမ်အပေါ်က ဆင်းလာကတည်းက Minjeongက ဧည့်ခန်းထဲထိုင်နေလို့ပင်

"ဒီနေ့ရော အလုပ်သွားရမှာလား အပြင်မှာ မိုးတွေ တအားရွာနေတာနော် မုန်တိုင်းရှိတယ်လို့ ကြားတယ် "

ထမင်းစားခန်းထဲထိ Minjeong လိုက်လာပြီး ထမင်းစားပွဲဝိုင်းတွင်ထိုင်ကာ Jimin လုပ်သမျှ ထိုင်ကြည့်နေသည်

"ဒီလိုမိုးရွာနေချိန် အိမ်မှာ ရုပ်ရှင်ကြည့်လိုက် အိပ်လိုက်လုပ်ချင်ပေမယ့် ဒီနေ့က ငါရဲ့ ဒုတိယမြောက်အလုပ်ဆင်းရတဲ့နေ့ဆိုတော့ ပျက်လို့မရဘူးလေ စိတ်မပူပါနဲ့ ငါ့မှာကားရှိပါတယ် အေးဆေးမိုးရေမစိုဘူးရယ်  လမ်းပေါ်မှာ ရေတွေပြည့်မနေဖို့သာ ဆုတောင်းရမယ် "

"နင်က ဘာအလုပ်လုပ်တာလည်း "

Jimimရဲ့ အလုပ်ကို Minjeong သိချင်လို့ မေးလိုက်သည်

"ဆေးရုံတစ်ခုမှာ အာရုံကြောခွဲစိတ်ဆရာဝန်လေ ဒါပေမယ့် အခုမှအသစ်ဆိုတော့ ခွဲစိတ်တာတွေမလုပ်ရသေးဘူး လူနာတွေရဲ့မှတ်တမ်းတွေဘဲ ဖတ်ရသေးတယ် ပထမဆုံးခွဲစိတ်ရမယ်ဆိုရင်တော့ ဆေးရု၊ကစီနီယာတွေပါမှ ခွဲစိတ်ရမယ်တဲ့ "

"မိုက်တာပေါ့ဟ ...ဆရာဝန်တွေက တော်တော်မိုက်တယ် ငါလည်း တစ်ခါတစ်လေ ဆုတောင်းမိတယ် ငါ့ကိုဆရာဝန်တွေအမြန်ဆုံး ကယ်ပါစေလို့ ဒီလိုဝိညာဥ်ဘဝနဲ့နေရတာ ပင်ပန်းနေပြီ ပြီးတော့ ငါဘာလို့ ဒီကိုရောက်နေမှန်းလည်းမသိဘူး"

Minjeongရဲ့ စကားကြောင့် NingNingတို့နဲ့စကားပြောခဲ့တာတွေကို Jimin သတိရသွားသည်

"Minjeong နင် ဘာဖြစ်ခဲ့လည်းဆိုတာ မှတ်မိလား ကားမတော်တဆ ဖြစ်တာဘဲ မှတ်မိတာလား "

"ငါ အဲ့တာတွေ မှတ်မိဖို့ အမြဲဲကြိုးစားပါတယ် ဒါပေမယ့် တွေးလိုက်တိုင်း ခေါင်းတွေထိုးကိုက်လာတယ် တစ်ခါတစ်ခါ သတိရလာပေမယ့် ဝေဝါးနေတော့ ဘာမှန်းမသိဘူး "

"ငါသိပြီ.... နင့်ကိုနင် သေပြီလို့ရော ယုံကြည်ထားလား ငါပြောချင်တာက နင်က ဝိညာဥ်တစ်ခြား ခန္ဓာကိုယ်တစ်ခြား ကွဲပြားနေလို့လေ "

"ရုတ်တရက်ကြီး ဘာလို့ အဲ့တာတွေမေးနေတာလည်း "

Minjeongကို သူ့ရဲ့ ခန္ဓာကိုယ်က Jiminအလုပ်လုပ်နေတဲ့ဆေးရုံမှာ ရှိနေကြောင်းကို Jimin ပြောမပြချင်ပါ Minjeongကလည်း ဘာမှမမှတ်မိသေးသလို Jiminကလည်း ခုထိ Minjeongကို မကယ်နိုင်သေးဘူးလေ သူ့ကိုဆရာဝန်တွေကလက်လျော့ထားတာသိရင် Minjeong ဝမ်းနည်းနေမှာဘဲ အဖက်တင်သည်

ဒါကြောင့် Jimin မပြေပြဘဲနေလိုက်သည်

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းသိချင်လို့ ဘာလို့လည်းဆိုတော့ နင့်ကိစ္စက ငါ့အတွက်ထူးဆန်းတယ်လေ ဘာလို့ အပြင်မှာရှိမနေဘဲ ငါ့အဘိုးအိမ်မှာရှိနေရလည်း တစ်ခုခုတော့ရှိရမယ် ထင်တယ် "

"မသိဘူး "

"ငါ ရအောင်အဖြေရှာမယ် "

Jiminပြောပြီး စားပွဲဝိုင်းကထလိုက်သည်

ထို့နောက် အလုပ်သွားဖို့ ပြင်ဆင်ပြီး မိုးရွာထဲ ကားကိုဂရုတစိုက်မောင်းကာ ဆေးရုံသို့ ထွက်လာသည်

ကားမတော်တဆမှုတွေဖြစ်မှာဆိုးလို့ Jimim ကားမောင်းဂရုစိုက်သလို Minjeongကိုလည်း စောစောပြန်လာမယ်လို့ ကတိထပ်ပေးထားလို့ Jimin ဘာမှမဖြစ်အောင် ဂရုစိုက်ရမယ်လေ

ဆေးရုံကိုရောက်တော့ Jimin လုပ်စရာတော့ သိပ်မရှိပေ Minjeongကိုလာစောင့်တဲ့ Yizhuoနဲ့သာ စကားတွေပြောနေမိသည်

"မနေ့ညက Minjeongကို အိမ်မက်မက်တယ် အိမ်မက်က နည်းနည်းတော့ ထူးဆန်းတယ် သူတစ်နေရာရာမှာ ပိတ်မိနေလို့ ထွက်မရဘူးဆိုပြီး ညီမကို အကူအညီလာတောင်းတာတဲ့ "

Yizhuoမှာ Jimin ဝယ်လာတဲ့ အာလူးကြော်စားရင်း ပြောလိုက်သည်

"ပိတ်မိနေတာဟုတ်လား "

"ကြည့်ရတာ ဒီဆေးရုံမှာ အကြာကြီးပိတ်မိနေတယ်လို့ ပြောတာထင်တယ် အစ်မ "

"အင်း ဟုတ်မယ် "

NingNingကို ဒီတိုင်း ပြောလိုက်ပေမယ့် Jiminမှာ တစ်ခုခုကို သေချာတွေးတောနေသည်

Jimin ဖတ်စရာရှိတာတွေကို လက်စသတ်ပြီး အိမ်ကိုစောစောပြန်လာသည်

မိုးတိတ်သွားလို့ တော်ပါသေးတယ်

Jimin ဆေးရုံမှာ ဘယ်လောက်ဘဲ ပင်ပန်းခဲ့ပါစေ Minjeongကို ပျော်အောင်လုပ်ပေးချင်သည်

"Minjeongလေးရေ "

Jimin အိမ်ထဲဝင်လာပြီး ပြတင်းပေါက်အပြင်ဘက်ကို ငေးနေတဲ့ Minjeongကိုခေါ်လိုက်သည်

"အပြင်လျှောက်လည်ကြမလား "

"ငါ အပြင်မှာ အကြာကြီးနေလို့မရဘူး "

"သိပ်မကြာပါဘူး လာ ကားထဲကိုဝင် "

Minjeong ကားပေါ်လည်းရောက်ရော Jimim ကားစက်နှိုးပြီး ထွက်လာသည်

သရဲမလေးမှာ ပထမဆုံးအကြိမ် ကားစီးဖူးတာဖြစ်ပြီး ကားစီးရတာကို အရမ်းပျော်ပြီး သဘောကျနေသည်

Jiminမှာ ပြုံးပျော်နေတဲ့ Minjeongကိုကြည့်ပြီး ပင်ပန်းတာတွေ ပျောက်သွားသလိုပင် ခံစားရသည်

"ငါတို့ ဘယ်သွားနေတာလည်း Jimin"

"မကြာခင် သိရလိမ့်မယ် "

"ကမ်းခြေဘဲ "

ကမ်းခြေဘက်ကိုရောက်တော့ Minjeong စိတ်လှုပ်ရှားပြီး ထအော်လေသည်

"Clam Down girl "

"ဝါးးးးးးးးးရောက်ဖူးချင်တာ ​ကြာပြီ ခုတော့ တကယ်ရောက်လာပြီ "

Minjeong ကားပေါ်က ဆင်းပြီး ပင်လယ်ထဲပြေးဆင်းသွားသည်

မိုးတွေရွာထားသောကြောင့် ကမ်းခြေတွင် လူသိပ်မရှိပေ ဒါကြောင့် Minjeongမှာ Jiminနဲ့အတူ လွတ်လွတ်လပ်လပ် ရေဆော့နိုင်သည်

ရေတဝကြီးဆော့ပြီးနောက် သောင်ပြင်တွင်ထိုင်ချလိုက်ပြီး

"Jimin ဒီကိုခေါ်လာပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ငါ့စိတ်တွေပေါ့ပါးသွားသလို ခံစားရတယ် '

"ကျေးဇူးတင်စရာ မလိုပါဘူး သရဲတွေလည်း ပျော်ခွင့်ရှိတယ်လေ မဟုတ်ဘူးလား "

"ဒီမှာ အကြာကြီးထပ်နေချင်ပေမယ့် ခဏနေကျ ငါ ဟိုအိမ်ကို ပြန်သွားရတော့မယ် "

Jiminမှာ Minjeongရဲ့စကားကြောင့် စိတ်မကောင်းဖြစ်သွားသည်

"ဘာလို့လည်း ဒီမှာထပ်နေလို့မရဘူးလား နင်သွားချင်တဲ့ဘယ်နေရာမဆို သွားလို့မရဘူးလား "

"မရဘူး ငါအဲ့အိမ်ကနေ ထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားဖူးတယ် ဒါပေမယ့် အဲ့အိမ်ဆီဘဲဲ ပြန်ရောက်နေတာ ငါ့အတွက် ထောင်လိုဘဲ ဘယ်တော့မှ ထွက်မရပါဘူး ဖြစ်နေတယ် "

Yizhuoရဲ့စကားတွေက Jiminရဲ့ခေါင်းထဲ ရုတ်တရက်ပေါ်လာသည်

Minjeongက တစ်နေရာရာမှာ ပိတ်မိနေကြောင်း Yizhuoကို အကူအညီတောင်းတာ မဟုတ်လား ဒါကြောင့်ဖြစ်မယ် Minjeongရဲ့ ဝိညာဥ်က ခန္ဓာကိုယ်ဆီ ပြန်လာလို့မရလို့ သတိမရသေးတာဖြစ်မည်

Jiminမှာ အရေးကြီး ကိစ္စ ပေါ်လာလို့ဆိုပြီး Minjeongကို လိမ်ပြောကာ အိမ်သို့ ပြန်လိုက်ပို့ပေးသည်

Minjeongမှာ Jiminနဲ့အတူ ရုပ်ရှင်ကြည့်ချင်ပေမယ့်လည်း ဒီနေ့ကမ်းခြေကိုလိုက်ပို့ပေးထားသောကြောင့် နားလည်ပေးလိုက်သည်

"အိမ်ကို သေချာဂရုစိုက်ပြန်လာခဲ့နော် Jimin ငါစောင့်နေမယ် "

ဆေးရုံကိုရောက်ရောက်ချင်း Jimin သူ့ရုံးခန်းထဲဝင်လာပြီး အံဆွဲတွေထဲက မှတ်တမ်းတွေကိုမွှေနှောက်ရှာလေသည်

Minjeongရဲ့ မှတ်တမ်းကို တွေ့တဲ့အခါ ယူပြီး Minjeongအခန်းထဲသို့ ဝင်သွားတယ်

ရုတ်တရက် ဂျူတီပြီးလို့ အိမ်ပြန်သွားသူက ပြန်ရောက်လာလို့ Yizhuo လန့်သွားတယ်

"Yizhuo...Minjeong ကိစ္စနဲ့ပတ်သက်ပြီး မှတ်တမ်းတွေ ထပ်ရှိသေးလား ရဲတွေဘက်ကမှတ်တမ်းတွေရော"

"ရဲစခန်းမှာဘဲ အစ်မ... ရဲတွေက သံသယရှိသူကို ရှာပြီးဖမ်းပေးပါမယ်လို့ ကတိပေးခဲ့ကြတာ ဒါပေမယ့် နှစ်တွေကြာတော့ သူတို့ဘက်က ဘာအသံမှလည်းမကြားရတော့ ရှိသေးလားမသိဘူး "

"Okay ကျေးဇူး "

Yizhuoရဲ့ခေါင်းကို ပုတ်ပြီး Jimin ရဲစခန်းကို မောင်းထွက်သွားသည်

Minjeongကို ဘာဖြစ်နေနေ ရအောင်ကယ်တင်ရမယ်... Minjeong ဝမ်းနည်းနေတာ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာလေးကို Jiminဆက်ကြည့်ဖို့ အားအင်မရှိတော့ဘူးလေ

#tbc

#zawgyi

မိုးသည္းထန္စြာ ႐ြာသြန္းသံေၾကာင့္ Jimin လန့္ၿပီး အိပ္ရာကနိုးလာသည္

ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္ေတာ့ ေကာင္းကင္ႀကီးက ေမွာင္မဲေနသည္

ဖုန္းကို ယူၾကည့္ေတာ့ မနက္ ခုႏွစ္နာရီထိုးေနမွန္းသိလိုက္ရသည္

Jimin အိပ္ရာက ထၿပီး ေစာင္ကိုေသခ်ာေခါက္ကာ အိပ္ရာခင္းကို ေသခ်ာဆြဲဆန့္လိုက္သည္

ထို႔ေနာက္ ခါးနာလို႔ ခါးကိုဆန့္တန္းက အေၾကာဆန့္လိုက္သည္ မေန႕ကတစ္ညေနလုံး ထိုင္ၿပီး reportေတြ ဖတ္ေနရလို႔ထင္ပါရဲ႕ Jimin ခါးေတြနာေနသည္

Jimin ဖုန္းကို ယူၿပီး ေအာက္ကို ပ်င္းတိပ်င္း႐ြဲ႕နဲ႕ ဆင္းလာသည္

သူမရဲ႕အိမ္ေဖာ္မေလးကို မေတြ႕ရ ခ်က္ျပဳတ္ထားတဲ့စားစရာေတြကိုသာ စားပြဲခုံေပၚတြင္ တင္ထားတာကို ေတြ႕ရသည္

"Good Morning Jimin "

သရဲမေလးက ႏႈတ္ဆက္တဲ့အခါမွာေတာ့ Jimin မလန့္ေတာ့ေပ ဘာလို႔ဆို အိမ္အေပၚက ဆင္းလာကတည္းက Minjeongက ဧည့္ခန္းထဲထိုင္ေနလို႔ပင္

"ဒီေန႕ေရာ အလုပ္သြားရမွာလား အျပင္မွာ မိုးေတြ တအား႐ြာေနတာေနာ္ မုန္တိုင္းရွိတယ္လို႔ ၾကားတယ္ "

ထမင္းစားခန္းထဲထိ Minjeong လိုက္လာၿပီး ထမင္းစားပြဲဝိုင္းတြင္ထိုင္ကာ Jimin လုပ္သမွ် ထိုင္ၾကည့္ေနသည္

"ဒီလိုမိုး႐ြာေနခ်ိန္ အိမ္မွာ ႐ုပ္ရွင္ၾကည့္လိုက္ အိပ္လိုက္လုပ္ခ်င္ေပမယ့္ ဒီေန႕က ငါရဲ႕ ဒုတိယေျမာက္အလုပ္ဆင္းရတဲ့ေန႕ဆိုေတာ့ ပ်က္လို႔မရဘူးေလ စိတ္မပူပါနဲ႕ ငါ့မွာကားရွိပါတယ္ ေအးေဆးမိုးေရမစိုဘူးရယ္  လမ္းေပၚမွာ ေရေတြျပည့္မေနဖို႔သာ ဆုေတာင္းရမယ္ "

"နင္က ဘာအလုပ္လုပ္တာလည္း "

Jimimရဲ႕ အလုပ္ကို Minjeong သိခ်င္လို႔ ေမးလိုက္သည္

"ေဆး႐ုံတစ္ခုမွာ အာ႐ုံေၾကာခြဲစိတ္ဆရာဝန္ေလ ဒါေပမယ့္ အခုမွအသစ္ဆိုေတာ့ ခြဲစိတ္တာေတြမလုပ္ရေသးဘူး လူနာေတြရဲ႕မွတ္တမ္းေတြဘဲ ဖတ္ရေသးတယ္ ပထမဆုံးခြဲစိတ္ရမယ္ဆိုရင္ေတာ့ ေဆး႐ု၊ကစီနီယာေတြပါမွ ခြဲစိတ္ရမယ္တဲ့ "

"မိုက္တာေပါ့ဟ ...ဆရာဝန္ေတြက ေတာ္ေတာ္မိုက္တယ္ ငါလည္း တစ္ခါတစ္ေလ ဆုေတာင္းမိတယ္ ငါ့ကိုဆရာဝန္ေတြအျမန္ဆုံး ကယ္ပါေစလို႔ ဒီလိုဝိညာဥ္ဘဝနဲ႕ေနရတာ ပင္ပန္းေနၿပီ ၿပီးေတာ့ ငါဘာလို႔ ဒီကိုေရာက္ေနမွန္းလည္းမသိဘူး"

Minjeongရဲ႕ စကားေၾကာင့္ NingNingတို႔နဲ႕စကားေျပာခဲ့တာေတြကို Jimin သတိရသြားသည္

"Minjeong နင္ ဘာျဖစ္ခဲ့လည္းဆိုတာ မွတ္မိလား ကားမေတာ္တဆ ျဖစ္တာဘဲ မွတ္မိတာလား "

"ငါ အဲ့တာေတြ မွတ္မိဖို႔ အၿမဲဲႀကိဳးစားပါတယ္ ဒါေပမယ့္ ေတြးလိုက္တိုင္း ေခါင္းေတြထိုးကိုက္လာတယ္ တစ္ခါတစ္ခါ သတိရလာေပမယ့္ ေဝဝါးေနေတာ့ ဘာမွန္းမသိဘူး "

"ငါသိၿပီ.... နင့္ကိုနင္ ေသၿပီလို႔ေရာ ယုံၾကည္ထားလား ငါေျပာခ်င္တာက နင္က ဝိညာဥ္တစ္ျခား ခႏၶာကိုယ္တစ္ျခား ကြဲျပားေနလို႔ေလ "

"႐ုတ္တရက္ႀကီး ဘာလို႔ အဲ့တာေတြေမးေနတာလည္း "

Minjeongကို သူ႕ရဲ႕ ခႏၶာကိုယ္က Jiminအလုပ္လုပ္ေနတဲ့ေဆး႐ုံမွာ ရွိေနေၾကာင္းကို Jimin ေျပာမျပခ်င္ပါ Minjeongကလည္း ဘာမွမမွတ္မိေသးသလို Jiminကလည္း ခုထိ Minjeongကို မကယ္နိုင္ေသးဘူးေလ သူ႕ကိုဆရာဝန္ေတြကလက္ေလ်ာ့ထားတာသိရင္ Minjeong ဝမ္းနည္းေနမွာဘဲ အဖက္တင္သည္

ဒါေၾကာင့္ Jimin မေျပျပဘဲေနလိုက္သည္

"ဘာမွမဟုတ္ပါဘူး ဒီအတိုင္းသိခ်င္လို႔ ဘာလို႔လည္းဆိုေတာ့ နင့္ကိစၥက ငါ့အတြက္ထူးဆန္းတယ္ေလ ဘာလို႔ အျပင္မွာရွိမေနဘဲ ငါ့အဘိုးအိမ္မွာရွိေနရလည္း တစ္ခုခုေတာ့ရွိရမယ္ ထင္တယ္ "

"မသိဘူး "

"ငါ ရေအာင္အေျဖရွာမယ္ "

Jiminေျပာၿပီး စားပြဲဝိုင္းကထလိုက္သည္

ထို႔ေနာက္ အလုပ္သြားဖို႔ ျပင္ဆင္ၿပီး မိုး႐ြာထဲ ကားကိုဂ႐ုတစိုက္ေမာင္းကာ ေဆး႐ုံသို႔ ထြက္လာသည္

ကားမေတာ္တဆမႈေတြျဖစ္မွာဆိုးလို႔ Jimim ကားေမာင္းဂ႐ုစိုက္သလို Minjeongကိုလည္း ေစာေစာျပန္လာမယ္လို႔ ကတိထပ္ေပးထားလို႔ Jimin ဘာမွမျဖစ္ေအာင္ ဂ႐ုစိုက္ရမယ္ေလ

ေဆး႐ုံကိုေရာက္ေတာ့ Jimin လုပ္စရာေတာ့ သိပ္မရွိေပ Minjeongကိုလာေစာင့္တဲ့ Yizhuoနဲ႕သာ စကားေတြေျပာေနမိသည္

"မေန႕ညက Minjeongကို အိမ္မက္မက္တယ္ အိမ္မက္က နည္းနည္းေတာ့ ထူးဆန္းတယ္ သူတစ္ေနရာရာမွာ ပိတ္မိေနလို႔ ထြက္မရဘူးဆိုၿပီး ညီမကို အကူအညီလာေတာင္းတာတဲ့ "

Yizhuoမွာ Jimin ဝယ္လာတဲ့ အာလူးေၾကာ္စားရင္း ေျပာလိုက္သည္

"ပိတ္မိေနတာဟုတ္လား "

"ၾကည့္ရတာ ဒီေဆး႐ုံမွာ အၾကာႀကီးပိတ္မိေနတယ္လို႔ ေျပာတာထင္တယ္ အစ္မ "

"အင္း ဟုတ္မယ္ "

NingNingကို ဒီတိုင္း ေျပာလိုက္ေပမယ့္ Jiminမွာ တစ္ခုခုကို ေသခ်ာေတြးေတာေနသည္

Jimin ဖတ္စရာရွိတာေတြကို လက္စသတ္ၿပီး အိမ္ကိုေစာေစာျပန္လာသည္

မိုးတိတ္သြားလို႔ ေတာ္ပါေသးတယ္

Jimin ေဆး႐ုံမွာ ဘယ္ေလာက္ဘဲ ပင္ပန္းခဲ့ပါေစ Minjeongကို ေပ်ာ္ေအာင္လုပ္ေပးခ်င္သည္

"Minjeongေလးေရ "

Jimin အိမ္ထဲဝင္လာၿပီး ျပတင္းေပါက္အျပင္ဘက္ကို ေငးေနတဲ့ Minjeongကိုေခၚလိုက္သည္

"အျပင္ေလွ်ာက္လည္ၾကမလား "

"ငါ အျပင္မွာ အၾကာႀကီးေနလို႔မရဘူး "

"သိပ္မၾကာပါဘူး လာ ကားထဲကိုဝင္ "

Minjeong ကားေပၚလည္းေရာက္ေရာ Jimim ကားစက္ႏွိုးၿပီး ထြက္လာသည္

သရဲမေလးမွာ ပထမဆုံးအႀကိမ္ ကားစီးဖူးတာျဖစ္ၿပီး ကားစီးရတာကို အရမ္းေပ်ာ္ၿပီး သေဘာက်ေနသည္

Jiminမွာ ၿပဳံးေပ်ာ္ေနတဲ့ Minjeongကိုၾကည့္ၿပီး ပင္ပန္းတာေတြ ေပ်ာက္သြားသလိုပင္ ခံစားရသည္

"ငါတို႔ ဘယ္သြားေနတာလည္း Jimin"

"မၾကာခင္ သိရလိမ့္မယ္ "

"ကမ္းေျခဘဲ "

ကမ္းေျခဘက္ကိုေရာက္ေတာ့ Minjeong စိတ္လႈပ္ရွားၿပီး ထေအာ္ေလသည္

"Clam Down girl "

"ဝါးးးးးးးးးေရာက္ဖူးခ်င္တာ ၾကာၿပီ ခုေတာ့ တကယ္ေရာက္လာၿပီ "

Minjeong ကားေပၚက ဆင္းၿပီး ပင္လယ္ထဲေျပးဆင္းသြားသည္

မိုးေတြ႐ြာထားေသာေၾကာင့္ ကမ္းေျခတြင္ လူသိပ္မရွိေပ ဒါေၾကာင့္ Minjeongမွာ Jiminနဲ႕အတူ လြတ္လြတ္လပ္လပ္ ေရေဆာ့နိုင္သည္

ေရတဝႀကီးေဆာ့ၿပီးေနာက္ ေသာင္ျပင္တြင္ထိုင္ခ်လိဳက္ၿပီး

"Jimin ဒီကိုေခၚလာေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ငါ့စိတ္ေတြေပါ့ပါးသြားသလို ခံစားရတယ္ '

"ေက်းဇူးတင္စရာ မလိုပါဘူး သရဲေတြလည္း ေပ်ာ္ခြင့္ရွိတယ္ေလ မဟုတ္ဘူးလား "

"ဒီမွာ အၾကာႀကီးထပ္ေနခ်င္ေပမယ့္ ခဏေနက် ငါ ဟိုအိမ္ကို ျပန္သြားရေတာ့မယ္ "

Jiminမွာ Minjeongရဲ႕စကားေၾကာင့္ စိတ္မေကာင္းျဖစ္သြားသည္

"ဘာလို႔လည္း ဒီမွာထပ္ေနလို႔မရဘူးလား နင္သြားခ်င္တဲ့ဘယ္ေနရာမဆို သြားလို႔မရဘူးလား "

"မရဘူး ငါအဲ့အိမ္ကေန ထြက္ဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားဖူးတယ္ ဒါေပမယ့္ အဲ့အိမ္ဆီဘဲဲ ျပန္ေရာက္ေနတာ ငါ့အတြက္ ေထာင္လိုဘဲ ဘယ္ေတာ့မွ ထြက္မရပါဘူး ျဖစ္ေနတယ္ "

Yizhuoရဲ႕စကားေတြက Jiminရဲ႕ေခါင္းထဲ ႐ုတ္တရက္ေပၚလာသည္

Minjeongက တစ္ေနရာရာမွာ ပိတ္မိေနေၾကာင္း Yizhuoကို အကူအညီေတာင္းတာ မဟုတ္လား ဒါေၾကာင့္ျဖစ္မယ္ Minjeongရဲ႕ ဝိညာဥ္က ခႏၶာကိုယ္ဆီ ျပန္လာလို႔မရလို႔ သတိမရေသးတာျဖစ္မည္

Jiminမွာ အေရးႀကီး ကိစၥ ေပၚလာလို႔ဆိုၿပီး Minjeongကို လိမ္ေျပာကာ အိမ္သို႔ ျပန္လိုက္ပို႔ေပးသည္

Minjeongမွာ Jiminနဲ႕အတူ ႐ုပ္ရွင္ၾကည့္ခ်င္ေပမယ့္လည္း ဒီေန႕ကမ္းေျခကိုလိုက္ပို႔ေပးထားေသာေၾကာင့္ နားလည္ေပးလိုက္သည္

"အိမ္ကို ေသခ်ာဂ႐ုစိုက္ျပန္လာခဲ့ေနာ္ Jimin ငါေစာင့္ေနမယ္ "

ေဆး႐ုံကိုေရာက္ေရာက္ခ်င္း Jimin သူ႕႐ုံးခန္းထဲဝင္လာၿပီး အံဆြဲေတြထဲက မွတ္တမ္းေတြကိုေမႊႏွောက္ရွာေလသည္

Minjeongရဲ႕ မွတ္တမ္းကို ေတြ႕တဲ့အခါ ယူၿပီး Minjeongအခန္းထဲသို႔ ဝင္သြားတယ္

႐ုတ္တရက္ ဂ်ဴတီၿပီးလို႔ အိမ္ျပန္သြားသူက ျပန္ေရာက္လာလို႔ Yizhuo လန့္သြားတယ္

"Yizhuo...Minjeong ကိစၥနဲ႕ပတ္သက္ၿပီး မွတ္တမ္းေတြ ထပ္ရွိေသးလား ရဲေတြဘက္ကမွတ္တမ္းေတြေရာ"

"ရဲစခန္းမွာဘဲ အစ္မ... ရဲေတြက သံသယရွိသူကို ရွာၿပီးဖမ္းေပးပါမယ္လို႔ ကတိေပးခဲ့ၾကတာ ဒါေပမယ့္ ႏွစ္ေတြၾကာေတာ့ သူတို႔ဘက္က ဘာအသံမွလည္းမၾကားရေတာ့ ရွိေသးလားမသိဘူး "

"Okay ေက်းဇူး "

Yizhuoရဲ႕ေခါင္းကို ပုတ္ၿပီး Jimin ရဲစခန္းကို ေမာင္းထြက္သြားသည္

Minjeongကို ဘာျဖစ္ေနေန ရေအာင္ကယ္တင္ရမယ္... Minjeong ဝမ္းနည္းေနတာ စိတ္မေကာင္းျဖစ္ေနတဲ့ မ်က္ႏွာေလးကို Jiminဆက္ၾကည့္ဖို႔ အားအင္မရွိေတာ့ဘူးေလ

#tbc

Bạn đang đọc truyện trên: Truyen3h.Co