Part 5
"ဘာကူညီပေးရမလည်း "
ရဲစခန်းထဲ ဝင်လာတဲ့ Jiminကို ကော်ဖီခွက်ကိုင်ထားတဲ့ ရဲမှူးက မေးလိုက်သည်
"Umm ကျွန်မရဲ့နာမည်က Yu Jiminပါ Central Hospital က ဆရာဝန်ပါ...ကျွန်မ ဒီကို ကားတိုက်မှုဖြစ်ပြီး ဆေးရုံမှာ သတိလစ်နေတဲ့ ကျွန်မရဲ့ လူနာအတွက်လာခဲ့တာပါ ဒီလူနာရဲ့ မှတ်တမ်းတွေ ဆရာတို့ဆီမှာ ရှိသေးလားသိချင်လို့ "
Jimin ပြောပြီး ဆေးရုံက Minjeongရဲ့ မှတ်တမ်းကို ရဲမှူးအား ပေးလိုက်သည်
ရဲမှူးမှာ Jiminပေးတဲ့ မှတ်တမ်းကိုယူဖတ်လိုက်သည်
လူနာက ဘယ်သူလည်းဆိုတာသိပြီးနောက်မှာတော့ ရဲမှူးသက်ပြင်းချလိုက်သည်
"လူတွေက အခုထိ သူ့အမှုကို လက်မလွှတ်နိုင်သေးဘူးလား...နှစ်တွေ အတော်ကြာတာတောင် ဘာမှဖြစ်မလာတာကိုလေ "
"ဟုတ် တိုက်ခံရတဲ့ ကလေးမလေးကလည်း ခုထိ ကိုမာဝင်ပြီး သတိလစ်နေလို့ပါ သူ့ကိုစာနာထောက်ထားတဲ့အားဖြင့် ဘာတွေဖြစ်ခဲ့လည်းဆိုတာ ပြောပြပေးလို့ရလား ကားတိုက်မှုနဲ့ပတ်သက်ပြီး မှတ်တမ်းတွေလိုချင်ပါတယ် ပြီးတော့ မေးခွန်းတစ်ချို့ မေးလို့ရော ရလား "
Jiminမှာ လိုချင်တာမရမချင်း ရဲစခန်းက ပြန်သွားမယ့်ပုံမပေါ်သောကြောင့် ရဲမှူးမှာ ရွေးချယ်စရာမရှိပေ
ဒါကြောင့် ရဲမှူးမှာ အံဆွဲကိုဖွင့်ပြီး မှတ်တမ်းတွေကို ရှာဖွေလိုက်သည်
ဆယ့်ငါးမိနစ်ကြာပြီးနောက်မှာတော့ Minjeongရဲ့ fileကို ရှာတွေ့သွားသည်
Fileကို ဆွဲထုတ်ပြီး Jiminကို ပေးလိုက်သည်
"ဒီကောင်မလေး ကားမတော်တဆမှုက လွန်ခဲ့တဲ့ ခုနှစ်နှစ်ကျော်လောက်က ဖြစ်ခဲ့တာ သံသယဖြစ်စရာတွေကို ကျွန်တော်တို့ အချိန်အတော်ကြာထိ ရှာဖွေခဲ့သေးပါတယ် CCTVမှာ တိုက်မိတဲ့ ကားကို ဖမ်းမိခဲ့ပါတယ် ဒါပေမယ့် အဲ့ကားနဲ့ကားနံပါတ်ကို ကျွန်တော်တို့ လုံးဝလိုက်ရှာလို့မရ ခြေရာခံလို့မရဖြစ်သွားခဲ့တယ် အဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့မိဘတွေကပါ လက်လျော့ပြီး နိုင်ငံခြားထွက်သွားလို့ ကျွန်တော်တို့လည်း လက်လျော့ခဲ့ရတာ ဆရာဝန်မလေးက ဘာများတတ်နိုင်မှာမို့လို့လည်း "
Jiminမှာ စာရွက်ပေါ်က စာတွေကို အသေးစိတ်သေချာဖတ်နေသည် ပြီးတော့ အရေးကြီးတဲ့အပိုင်းတွေကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ မှတ်တမ်းယူလေသည် အထူးသဖြင့် ကားဓာတ်ပုံနဲ့ နံပါတ်တွေလေ
"Minjeong ကိစ္စကို ငါလက်မလျော့ဘူး သူ့မိဘတွေက လက်လျော့ခဲ့ရင်တောင် သူ့ဆရာဝန်ဖြစ်တဲ့ငါက လုံးဝလက်မလျော့ဘူး ...အဆုံးထိ လိုက်ရှာမယ် "
ရဲစခန်းမှာ Jimin မှတ်တမ်းတွေရိုက်ယူသိမ်းဆည်းပြီးနောက် သူ့အိမ်ကို ပြန်လာခဲ့သည်
ထို့နောက် အခန်းတံခါးကို လော့ချပြီး laptopဖွင့်ကာ Minjeongနာမည်ကိုရှာလိုက်သည်
အင်တာနက်ပေါ်မှာလည်း Minjeong ကားတိုက်မှုက နာမည်ရှိခဲ့တာဘဲ ခုထိကို ရှာလို့ရနေသေးသည်
Jimin Linkတစ်ခုချင်းစီကို နှိပ်ပြီး သတင်းအချက်အလက်တွေကို သေချာလိုက်မှတ်စုစည်းလေသည်
နောက်ဆုံး linkကို နှိပ်ကြည့်တဲ့အခါမှာတော့ Videoအတိုအစလေးကို တွေ့ရသည်
Videoက အဖြူနဲ့အနက်ဖြစ်နေပေမယ့် ကားနဲ့ကားနံပါတ်ပြားကို သေချာမြင်ရသည်
Jimin videoကို Zoomဆွဲ ကြည့်လိုက်တဲ့အခါ baseball ဦးထုပ်ဆောင်းထားတဲ့ ကားထဲက အမျိူးသားကို သူ ရင်းနှီးသလိုခံစားနေရသည်
Jimin လည်ချောင်းတွေ ခြောက်ကပ်လာပြီး လက်တွေပါတုန်လာသည်
Jimin မယုံချင်ဘူးဖြစ်နေပေမယ့် ပိုသေချာအောင် သူ့facebook accountထဲသွားပြီး သူ့မိသားစုနဲ့ နွေရာသီခရီးထွက်တုန်းက albumထဲ ဓာတ်ပုံတစ်ချို့လိုက်ရှာလေသည်
Minjeongကားတိုက်ခံရတဲ့နေ့မှာဘဲ Jiminရဲ့ အဖေက အလုပ်ဆင်းတာနောက်ကျလို့ Jiminတို့ဆီနောက်ကျမှရောက်လာသည့်အပြင် ထိုဦးထုပ်ဆောင်းထားခဲ့တာကိုလည်း Jimin မှတ်မိသည်
Jimin မျက်ရည်တွေကျလာပြီး ကုတင်ပေါ်ကနေ ဆင်းသွားသည်
ထို့နောက် သူ့အဖေမသွားဖို့ သတိပေးခဲ့တဲ့ စတိုခန်းထဲ Jimin ဝင်သွားလေသည်
ဖုန်တွေကြပ်ခိုးတွေ ကြားထဲကနေ သေတ္တာတစ်ခုချင်းစီ အံဆွဲတစ်ခုချင်းဆီထဲ Jimin မွှေနောက်ရှာဖွေရင်း ကားနံပါတ်ပြားကို ရှာတွေ့သွားတယ်
သူ့အဖေဖွက်ထားတဲ့ ကားနံပါတ်ပြားက Minjeongကို တိုက်သွားတဲ့ ကားနံပါတ်ပြားနဲ့တစ်ပုံစံတည်းတူနေတယ်
"သူ... သူဘာလို့ ဒီလိုလုပ်ရက်တာလည်း..."
Jimin မှာ Minjeongအပေါ် စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေကျလာသည်
"Minjeong....Minjeong ရေ...."
နောက်ဆုံးတော့ Minjeong ဒီအိမ်ကြီးထဲမှာ ဘာလို့ပိတ်မိနေလည်းဆိုတာ Jiminသိသွားပြီလေ
ဒါကြောင့်မို့လို့ Minjeongကို တစ်အိမ်လုံးအနှံ့လိုက်ရှာပေမယ့် Minjeongကို မတွေ့ရတော့ပေ
"Minjeong မင်း ဘယ်မှာလည်း ပုန်းမနေနဲ့ ထွက်လာပါတော့ "
Jimin အော်ပြီး Minjeongကို လိုက်ရှာပေမယ့် မတွေ့ရတော့ပေ
ထိုစဥ် Jiminဆီကို မသိတဲ့ ဖုန်းတစ်လုံးက ခေါ်လာသည်
"Hello...ဘယ်သူလည်းမသိဘူး "
"Doctor Yu လားရှင့် "
Jimin ချက်ချင်းဘဲ တစ်ဖက်ဖုန်းကကောင်မလေး အသံကို မှတ်မိသွားတယ်
"ဟုတ်တယ် Yizhuo အမပါ ဘာလို့ ဖုန်းခေါ်တာလည်း "
ရှင်းပြရမယ့်အစား ငိုချလိုက်တဲ့ Yizhuoကြောင့် Jimin ပိုပြီး စိုးရိမ်ကာ ရင်တထိတ်ထိတ်ဖြစ်နေသည်
သရဲမလေးပျောက်လို့မှ Jimin ငိုချင်နေရတဲ့အထဲ Yizhuoက ငိုချင်းချနေလို့ Jimin ဖုန်းချပြီး မိုးသည်းနေတာတောင် ဂရုမစိုက်ဘဲ ကားထဲဝင်ကာ ဆေးရုံကို အမြန်ဆုံးမောင်းသွားလေသည်
Jimin ဆေးရုံထဲ ဝင်လာတဲ့အခါတွင် Yizhuoက Waiting areaမှာစောင့်နေသည်
Yizhuoရဲ့ ဆံပင်တွေက ရှုပ်ပွပြီး ငိုထားလွန်းလို့ မျက်လုံးလေးတွေကလည်း ဖောင်းအစ်နေသေးသည်
Jiminကိုလည်းတွေ့ရော Yizhuoမှာ ပြေးဖက်ပြီး ငိုလေသည်
"Minjeong..."
"Minjeong ဘယ်မှာလည်း Yizhuo "
"ခွဲစိတ်ခန်းထဲမှာ... သူရုတ်တရက် ဝုန်းခနဲထဖြစ်ပြီး အသက်ရှူနှုန်းတွေလည်း မြန်လာလို့ ခွဲစိတ်ခန်းပို့လိုက်ကြတယ်..ညီမအရမ်းကြောက်တယ် Unnieရယ် Minjeongကို ကယ်ပေးပါ"
"Minjeongကို ရအောင်ကယ်ပေးမယ်လို့ ကတိပေးတယ် "
Yizhuoကို Jimin ဖက်ပြီး ကတိပေးလိုက်သည်
ထို့နောက် ခွဲစိတ်ဒါရိုက်တာကို Jimin ခွဲစိတ်ခန်းထဲဝင်ပြီး ကူခွင့်ရဖို့ တောင်းဆိုလေသည်
ဒါရိုက်တာဘက်က ခွင့်ပြုချက်ရတဲ့အခါ Jimin ကိုယ်လက်ဆေးပြီး ပိုးသတ်ထားတဲ့ ခွဲစိတ်ခန်း ဝတ်စုံဝတ်ကာ ခွဲစိတ်ခန်းထဲ ဝင်သွားလေသည်
"Minjeong ဘာမှမဖြစ်ပါစေနဲ့...."
#tbc
#zawgyi
"ဘာကူညီေပးရမလည္း "
ရဲစခန္းထဲ ဝင္လာတဲ့ Jiminကို ေကာ္ဖီခြက္ကိုင္ထားတဲ့ ရဲမႉးက ေမးလိုက္သည္
"Umm ကြၽန္မရဲ႕နာမည္က Yu Jiminပါ Central Hospital က ဆရာဝန္ပါ...ကြၽန္မ ဒီကို ကားတိုက္မႈျဖစ္ၿပီး ေဆး႐ုံမွာ သတိလစ္ေနတဲ့ ကြၽန္မရဲ႕ လူနာအတြက္လာခဲ့တာပါ ဒီလူနာရဲ႕ မွတ္တမ္းေတြ ဆရာတို႔ဆီမွာ ရွိေသးလားသိခ်င္လို႔ "
Jimin ေျပာၿပီး ေဆး႐ုံက Minjeongရဲ႕ မွတ္တမ္းကို ရဲမႉးအား ေပးလိုက္သည္
ရဲမႉးမွာ Jiminေပးတဲ့ မွတ္တမ္းကိုယူဖတ္လိုက္သည္
လူနာက ဘယ္သူလည္းဆိုတာသိၿပီးေနာက္မွာေတာ့ ရဲမႉးသက္ျပင္းခ်လိဳက္သည္
"လူေတြက အခုထိ သူ႕အမႈကို လက္မလႊတ္နိုင္ေသးဘူးလား...ႏွစ္ေတြ အေတာ္ၾကာတာေတာင္ ဘာမွျဖစ္မလာတာကိုေလ "
"ဟုတ္ တိုက္ခံရတဲ့ ကေလးမေလးကလည္း ခုထိ ကိုမာဝင္ၿပီး သတိလစ္ေနလို႔ပါ သူ႕ကိုစာနာေထာက္ထားတဲ့အားျဖင့္ ဘာေတြျဖစ္ခဲ့လည္းဆိုတာ ေျပာျပေပးလို႔ရလား ကားတိုက္မႈနဲ႕ပတ္သက္ၿပီး မွတ္တမ္းေတြလိုခ်င္ပါတယ္ ၿပီးေတာ့ ေမးခြန္းတစ္ခ်ိဳ႕ ေမးလို႔ေရာ ရလား "
Jiminမွာ လိုခ်င္တာမရမခ်င္း ရဲစခန္းက ျပန္သြားမယ့္ပုံမေပၚေသာေၾကာင့္ ရဲမႉးမွာ ေ႐ြးခ်ယ္စရာမရွိေပ
ဒါေၾကာင့္ ရဲမႉးမွာ အံဆြဲကိုဖြင့္ၿပီး မွတ္တမ္းေတြကို ရွာေဖြလိုက္သည္
ဆယ့္ငါးမိနစ္ၾကာၿပီးေနာက္မွာေတာ့ Minjeongရဲ႕ fileကို ရွာေတြ႕သြားသည္
Fileကို ဆြဲထုတ္ၿပီး Jiminကို ေပးလိုက္သည္
"ဒီေကာင္မေလး ကားမေတာ္တဆမႈက လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္ေက်ာ္ေလာက္က ျဖစ္ခဲ့တာ သံသယျဖစ္စရာေတြကို ကြၽန္ေတာ္တို႔ အခ်ိန္အေတာ္ၾကာထိ ရွာေဖြခဲ့ေသးပါတယ္ CCTVမွာ တိုက္မိတဲ့ ကားကို ဖမ္းမိခဲ့ပါတယ္ ဒါေပမယ့္ အဲ့ကားနဲ႕ကားနံပါတ္ကို ကြၽန္ေတာ္တို႔ လုံးဝလိုက္ရွာလို႔မရ ေျခရာခံလို႔မရျဖစ္သြားခဲ့တယ္ အဲ့ကိစၥနဲ႕ပတ္သက္ၿပီး သူ႕မိဘေတြကပါ လက္ေလ်ာ့ၿပီး နိုင္ငံျခားထြက္သြားလို႔ ကြၽန္ေတာ္တို႔လည္း လက္ေလ်ာ့ခဲ့ရတာ ဆရာဝန္မေလးက ဘာမ်ားတတ္နိုင္မွာမို႔လို႔လည္း "
Jiminမွာ စာ႐ြက္ေပၚက စာေတြကို အေသးစိတ္ေသခ်ာဖတ္ေနသည္ ၿပီးေတာ့ အေရးႀကီးတဲ့အပိုင္းေတြကို ဖုန္းျဖင့္ ဓာတ္ပုံရိုက္ကာ မွတ္တမ္းယူေလသည္ အထူးသျဖင့္ ကားဓာတ္ပုံနဲ႕ နံပါတ္ေတြေလ
"Minjeong ကိစၥကို ငါလက္မေလ်ာ့ဘူး သူ႕မိဘေတြက လက္ေလ်ာ့ခဲ့ရင္ေတာင္ သူ႕ဆရာဝန္ျဖစ္တဲ့ငါက လုံးဝလက္မေလ်ာ့ဘူး ...အဆုံးထိ လိုက္ရွာမယ္ "
ရဲစခန္းမွာ Jimin မွတ္တမ္းေတြရိုက္ယူသိမ္းဆည္းၿပီးေနာက္ သူ႕အိမ္ကို ျပန္လာခဲ့သည္
ထို႔ေနာက္ အခန္းတံခါးကို ေလာ့ခ်ၿပီး laptopဖြင့္ကာ Minjeongနာမည္ကိုရွာလိုက္သည္
အင္တာနက္ေပၚမွာလည္း Minjeong ကားတိုက္မႈက နာမည္ရွိခဲ့တာဘဲ ခုထိကို ရွာလို႔ရေနေသးသည္
Jimin Linkတစ္ခုခ်င္းစီကို ႏွိပ္ၿပီး သတင္းအခ်က္အလက္ေတြကို ေသခ်ာလိုက္မွတ္စုစည္းေလသည္
ေနာက္ဆုံး linkကို ႏွိပ္ၾကည့္တဲ့အခါမွာေတာ့ Videoအတိုအစေလးကို ေတြ႕ရသည္
Videoက အျဖဴနဲ႕အနက္ျဖစ္ေနေပမယ့္ ကားနဲ႕ကားနံပါတ္ျပားကို ေသခ်ာျမင္ရသည္
Jimin videoကို Zoomဆြဲ ၾကည့္လိုက္တဲ့အခါ baseball ဦးထုပ္ေဆာင္းထားတဲ့ ကားထဲက အမ်ိဴးသားကို သူ ရင္းႏွီးသလိုခံစားေနရသည္
Jimin လည္ေခ်ာင္းေတြ ေျခာက္ကပ္လာၿပီး လက္ေတြပါတုန္လာသည္
Jimin မယုံခ်င္ဘူးျဖစ္ေနေပမယ့္ ပိုေသခ်ာေအာင္ သူ႕facebook accountထဲသြားၿပီး သူ႕မိသားစုနဲ႕ ႏြေရာသီခရီးထြက္တုန္းက albumထဲ ဓာတ္ပုံတစ္ခ်ိဳ႕လိုက္ရွာေလသည္
Minjeongကားတိုက္ခံရတဲ့ေန႕မွာဘဲ Jiminရဲ႕ အေဖက အလုပ္ဆင္းတာေနာက္က်လိဳ႕ Jiminတို႔ဆီေနာက္က်မွေရာက္လာသည့္အျပင္ ထိုဦးထုပ္ေဆာင္းထားခဲ့တာကိုလည္း Jimin မွတ္မိသည္
Jimin မ်က္ရည္ေတြက်လာၿပီး ကုတင္ေပၚကေန ဆင္းသြားသည္
ထို႔ေနာက္ သူ႕အေဖမသြားဖို႔ သတိေပးခဲ့တဲ့ စတိုခန္းထဲ Jimin ဝင္သြားေလသည္
ဖုန္ေတြၾကပ္ခိုးေတြ ၾကားထဲကေန ေသတၱာတစ္ခုခ်င္းစီ အံဆြဲတစ္ခုခ်င္းဆီထဲ Jimin ေမႊေနာက္ရွာေဖြရင္း ကားနံပါတ္ျပားကို ရွာေတြ႕သြားတယ္
သူ႕အေဖဖြက္ထားတဲ့ ကားနံပါတ္ျပားက Minjeongကို တိုက္သြားတဲ့ ကားနံပါတ္ျပားနဲ႕တစ္ပုံစံတည္းတူေနတယ္
"သူ... သူဘာလို႔ ဒီလိုလုပ္ရက္တာလည္း..."
Jimin မွာ Minjeongအေပၚ စိတ္မေကာင္းျဖစ္ၿပီး မ်က္ရည္ေတြက်လာသည္
"Minjeong....Minjeong ေရ...."
ေနာက္ဆုံးေတာ့ Minjeong ဒီအိမ္ႀကီးထဲမွာ ဘာလို႔ပိတ္မိေနလည္းဆိုတာ Jiminသိသြားၿပီေလ
ဒါေၾကာင့္မို႔လို႔ Minjeongကို တစ္အိမ္လုံးအႏွံ႕လိုက္ရွာေပမယ့္ Minjeongကို မေတြ႕ရေတာ့ေပ
"Minjeong မင္း ဘယ္မွာလည္း ပုန္းမေနနဲ႕ ထြက္လာပါေတာ့ "
Jimin ေအာ္ၿပီး Minjeongကို လိုက္ရွာေပမယ့္ မေတြ႕ရေတာ့ေပ
ထိုစဥ္ Jiminဆီကို မသိတဲ့ ဖုန္းတစ္လုံးက ေခၚလာသည္
"Hello...ဘယ္သူလည္းမသိဘူး "
"Doctor Yu လားရွင့္ "
Jimin ခ်က္ခ်င္းဘဲ တစ္ဖက္ဖုန္းကေကာင္မေလး အသံကို မွတ္မိသြားတယ္
"ဟုတ္တယ္ Yizhuo အမပါ ဘာလို႔ ဖုန္းေခၚတာလည္း "
ရွင္းျပရမယ့္အစား ငိုခ်လိဳက္တဲ့ Yizhuoေၾကာင့္ Jimin ပိုၿပီး စိုးရိမ္ကာ ရင္တထိတ္ထိတ္ျဖစ္ေနသည္
သရဲမေလးေပ်ာက္လို႔မွ Jimin ငိုခ်င္ေနရတဲ့အထဲ Yizhuoက ငိုခ်င္းခ်ေနလို႔ Jimin ဖုန္းခ်ၿပီး မိုးသည္းေနတာေတာင္ ဂ႐ုမစိုက္ဘဲ ကားထဲဝင္ကာ ေဆး႐ုံကို အျမန္ဆုံးေမာင္းသြားေလသည္
Jimin ေဆး႐ုံထဲ ဝင္လာတဲ့အခါတြင္ Yizhuoက Waiting areaမွာေစာင့္ေနသည္
Yizhuoရဲ႕ ဆံပင္ေတြက ရႈပ္ပြၿပီး ငိုထားလြန္းလို႔ မ်က္လုံးေလးေတြကလည္း ေဖာင္းအစ္ေနေသးသည္
Jiminကိုလည္းေတြ႕ေရာ Yizhuoမွာ ေျပးဖက္ၿပီး ငိုေလသည္
"Minjeong..."
"Minjeong ဘယ္မွာလည္း Yizhuo "
"ခြဲစိတ္ခန္းထဲမွာ... သူ႐ုတ္တရက္ ဝုန္းခနဲထျဖစ္ၿပီး အသက္ရႉႏႈန္းေတြလည္း ျမန္လာလို႔ ခြဲစိတ္ခန္းပို႔လိုက္ၾကတယ္..ညီမအရမ္းေၾကာက္တယ္ Unnieရယ္ Minjeongကို ကယ္ေပးပါ"
"Minjeongကို ရေအာင္ကယ္ေပးမယ္လို႔ ကတိေပးတယ္ "
Yizhuoကို Jimin ဖက္ၿပီး ကတိေပးလိုက္သည္
ထို႔ေနာက္ ခြဲစိတ္ဒါရိုက္တာကို Jimin ခြဲစိတ္ခန္းထဲဝင္ၿပီး ကူခြင့္ရဖို႔ ေတာင္းဆိုေလသည္
ဒါရိုက္တာဘက္က ခြင့္ျပဳခ်က္ရတဲ့အခါ Jimin ကိုယ္လက္ေဆးၿပီး ပိုးသတ္ထားတဲ့ ခြဲစိတ္ခန္း ဝတ္စုံဝတ္ကာ ခြဲစိတ္ခန္းထဲ ဝင္သြားေလသည္
"Minjeong ဘာမွမျဖစ္ပါေစနဲ႕...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co