Part 5
Becky ကားက တိုင်ကီပျက်သွားလို့ Freen တစ်ယောက် Becky သင်တန်းကျောင်းကို လိုက်ပို့ရသေးသည်
သင်တန်းကျောင်းရှေ့ရောက်တော့ Beckyက Freenကို ကျေးဇူးတင်စကားပြောပြီး ကားပေါ်ကနေ ဆင်းလိုက်သည်
"Becky ကိုယ် မင်းကို စောင့်နေတာ ဒီနေ့နောက်ကျနေပါ့လား "
ကောင်လေးတစ်ယောက်က Beckyကို စကားလာပြောတာကို Freen မြင်ပြီး မပြန်သေးဘဲ ကားစက်နှိုးထားတာကို ရပ်လိုက်သည်
"အာ ဟုတ်တယ် ညီမရဲ့ ကားရေတိုင်ကီပျက်သွားလို့လေ အဲ့တာမို့လို့ နောက်ကျနေတာ "
"Aww အခု လိုက်ပို့တာက ဘယ်သူလဲ အစ်မလား "
ကောင်လေးမှာ ကားထဲကို ငုံ့ကြည့်ပြီး မေးလိုက်သည်
Freenမှာ မျက်မှောင်ကြုတ်ပြီး ထိုကောင်လေးကို ကြည့်လိုက်သည်
Beckyလည်း စပ်စုလွန်းတဲ့ ကောင်လေးကြောင့် Freenနဲ့မိတ်ဆက်ပေးဖို့ လုပ်လေသည်
"P'Freen kha...ကားပေါ်က ခဏဆင်းခဲ့ပေးပါ့လား "
Becky က request လုပ်လို့ Freenလည်း ကားပေါ်ကနေ ဆင်းလာလိုက်သည်
"P'Freen သူက Nopတဲ့ သင်တန်းက သူငယ်ချင်းလေ "
Beckyက မိတ်ဆက်ပေးတော့ Freenက ခေါင်းညိတ်ပြသည်
စိတ်ထဲမှာတော့ Nop မကလို့ Hopeနေနေ သူနဲ့ ဘာဆိုင်လဲလို့ တွေးနေမိသည်
ဘာလို့မှန်းမသိ စတွေ့ကတည်းက ထိုကောင်လေးကို Freen မျက်နှာကြောတည့်မနေပေ
ကြည့်မရဘူး ဖြစ်နေလေရဲ့
"Nop...သူက ညီမရဲ့ အစ်မ...ဝမ်းကွဲ Freenတဲ့ "
"တွေ့ရတာ ဝမ်းသာပါတယ် P'Freen kha...ကျွန်တော်က Nop ပါ "
Nopက လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းပေမယ့် Freenက မသိချင်ယောင်ဆောင်နေသောကြောင့် ကြားထဲက Beckyက အားနာရသေးသည်
"ဒါဆို ထွေထွေထူးထူးမရှိရင် တို့သွားတော့မယ် Becky..... သွားစရာလေးရှိနေလို့ "
Freenမှာ Nopကို ကြာကြာမတွေ့ချင်လို့ Beckyကို နှုတ်ဆက်ပြီး ထွက်လာလိုက်သည်
"Becky...နင့်အစ်မက ဘယ်လိုကြီးလဲဟ နင်နဲ့လည်းမတူဘူး..... နင်ကဖော်ရွေသလောက် သူက....'
"သြော် ငါ့အစ်မ အကျင့်က အဲ့လိုဘဲဟ စိတ်ထဲမထားပါနဲ့.... "
Beckyမှာ Freenဘက်က လိုက်ကာပြောပေးသလို Freenမှာလည်း ကားမောင်းရင်း စိတ်မကြည်မသာဖြစ်နေသည်
ငါက ဘာလို့ ဒီလိုဖြစ်နေရတာလဲ ကလေးမက သူ့ဘာသာသူ ယောင်္ကျားလေး သူငယ်ချင်းထားလည်းထားပါစေပေါ့.... ဘာလို့....
Freenမှာ အခုလိုဖြစ်နေတဲ့ သူ့ကိုယ်သူ နားမလည်နိုင်ဖြစ်နေသည်
"အယ်... မျက်နှာက မှုန်ကုတ်ကုတ်နဲ့..... Beckyလေးနဲ့ ရန်ဖြစ်လာတာလား "
အိမ်ပြန်ရောက်တော့ မျက်နှာမကြည်မသာဖြစ်နေတဲ့ သမီးဖြစ်သူကို သတိထားမိပြီး Freenရဲ့ အမေမှာ မေးလိုက်သည်
'မဟုတ်ပါဘူး အမေရယ် ဘာလို့ အဲ့လိုထင်ရတာလဲ '
"သမီးက သူ့ကို သင်တန်းလိုက်ပို့ပြီး မှုန်ကုတ်ကုတ်နဲ့ ပြန်လာလို့လေ ဒါမို့ သမီးတို့နှစ်ယောက် လမ်းမှာ ရန်ဖြစ်လာကြတာလားလို့ "
"မဖြစ်ပါဘူး ဒီအတိုင်း လမ်းမှာ ဆိုင်ကယ်ကို အချိုးပြေပြေမမောင်းတဲ့ကောင်ကြောင့် စိတ်တိုနေတာ "
Freenလည်း ပါးစပ်ထဲရှိရာအကြောင်းပြချက်တွေ လျှောက်ပေးပြီး အခန်းထဲ ဝင်လာလိုက်သည်
ထို့နောက် ကုတင်ပေါ်သို့ Freen ပစ်လှဲချလိုက်သည်
Beckyကို ငါ....ချစ်မိနေတာလား....
မဖြစ်နိုင်တာ ငါ ဘယ်သူ့ကိုမှ မချစ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ....
လူတစ်ယောက်ကို ချစ်ရတာ အရမ်းအန္တရာယ်များတယ် ဘဝတစ်ခုလုံး နှလုံးသားတစ်ခုလုံး ပေးဆပ်ထားပြီး ချစ်ပေးရပေမယ့် တစ်ဖက်လူက တန်ဖိုးမထားရင် ဘဝတစ်ခုလုံးက စုတ်ပြတ်သတ်သွားတာလေ
P'Freenရဲ့ဘဝ စုတ်ပြတ်သတ်သွားခဲ့ဖူးတယ်
တစ်စုံတစ်ယောက်ကြောင့်.... တစ်နည်းအားဖြင့် Phi....Phiဆိုတဲ့ Freenရဲ့ ရည်းစားဟောင်း ကောင်မလေးကြောင့် Freen စိတ်ရောလူပါ စုတ်ပြတ်သွားခဲ့ရသည်
Phiနဲ့ ချစ်သူစဖြစ်ခဲ့တာက Phiဘက်က Freenကို ချစ်ခွင့်စပန်ခဲ့လို့.....
သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့ Phiကို အချိန်ကြာလာလေ သံယောဇဉ် ရှိလာပြီး Freen ချစ်မိသွားခဲ့ခြင်း ဖြစ်သည်
Freenဘက်က ချစ်မိသွားမှ Phiရဲ့ ဂရုစိုက်မှုတွေ ချစ်ခြင်းမေတ္တာတွေက အတုအယောင်တွေမှန်း တစ်ဖြည်းဖြည်းပေါ်လာခဲ့သည်
Freen လုပ်သမျှဆို ဘယ်တော့မှအကောင်းမထင် စာရေးခြင်းကိုလည်း အားမပေး အမြဲတမ်း နှိမ်ချပြောဆိုခဲ့တဲ့ Phiကြောင့် Freen စိတ်ဓာတ်တွေကျခဲ့ရသေးသည်
အဆိုးဆုံးအရာကတော့ Freen ရှိရက်နဲ့ နောက်တစ်ယောက်ကို အီစီကလီသွားလုပ်နေခြင်းပင်
လက်ပူးလက်ကြပ်ဖမ်းမိတာတောင် မဖောက်ပြန်ပါဘူးလို့ ဇွတ်ငြင်းနေသည့် Phiကို Freen ရေစက်ဖြတ်လိုက်ပြီး Phiရှိနေတဲ့အလုပ်ကနေလည်း Freen ထွက်လာခဲ့လိုက်သည်
နေ့စဥ် တစ်ခြားသူကို ကြူးနေတဲ့ Phi ကို ကြည့်ရင်း Freen ငရဲရောက်နေသလို ခံစားခဲ့ရသည်ကို တစ်သက်မမေ့ပေ
ထိုနာကျည်းနာကျင်မှုတွေကြောင့် Freen မည်သူ့ကိုမှ မချစ်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပေမယ့်.....ကပြားမလေးကို ချစ်မိတော့မှာလား ချစ်နေခဲ့ပြီလား...
#tbc
#zawgyi
Becky ကားက တိုင္ကီပ်က္သြားလို႔ Freen တစ္ေယာက္ Becky သင္တန္းေက်ာင္းကို လိုက္ပို႔ရေသးသည္
သင္တန္းေက်ာင္းေရွ႕ေရာက္ေတာ့ Beckyက Freenကို ေက်းဇူးတင္စကားေျပာၿပီး ကားေပၚကေန ဆင္းလိုက္သည္
"Becky ကိုယ္ မင္းကို ေစာင့္ေနတာ ဒီေန႕ေနာက္က်ေနပါ့လား "
ေကာင္ေလးတစ္ေယာက္က Beckyကို စကားလာေျပာတာကို Freen ျမင္ၿပီး မျပန္ေသးဘဲ ကားစက္ႏွိုးထားတာကို ရပ္လိုက္သည္
"အာ ဟုတ္တယ္ ညီမရဲ႕ ကားေရတိုင္ကီပ်က္သြားလို႔ေလ အဲ့တာမို႔လို႔ ေနာက္က်ေနတာ "
"Aww အခု လိုက္ပို႔တာက ဘယ္သူလဲ အစ္မလား "
ေကာင္ေလးမွာ ကားထဲကို ငုံ႕ၾကည့္ၿပီး ေမးလိုက္သည္
Freenမွာ မ်က္ေမွာင္ၾကဳတ္ၿပီး ထိုေကာင္ေလးကို ၾကည့္လိုက္သည္
Beckyလည္း စပ္စုလြန္းတဲ့ ေကာင္ေလးေၾကာင့္ Freenနဲ႕မိတ္ဆက္ေပးဖို႔ လုပ္ေလသည္
"P'Freen kha...ကားေပၚက ခဏဆင္းခဲ့ေပးပါ့လား "
Becky က request လုပ္လို႔ Freenလည္း ကားေပၚကေန ဆင္းလာလိုက္သည္
"P'Freen သူက Nopတဲ့ သင္တန္းက သူငယ္ခ်င္းေလ "
Beckyက မိတ္ဆက္ေပးေတာ့ Freenက ေခါင္းညိတ္ျပသည္
စိတ္ထဲမွာေတာ့ Nop မကလို႔ Hopeေနေန သူနဲ႕ ဘာဆိုင္လဲလို႔ ေတြးေနမိသည္
ဘာလို႔မွန္းမသိ စေတြ႕ကတည္းက ထိုေကာင္ေလးကို Freen မ်က္ႏွာေၾကာတည့္မေနေပ
ၾကည့္မရဘူး ျဖစ္ေနေလရဲ႕
"Nop...သူက ညီမရဲ႕ အစ္မ...ဝမ္းကြဲ Freenတဲ့ "
"ေတြ႕ရတာ ဝမ္းသာပါတယ္ P'Freen kha...ကြၽန္ေတာ္က Nop ပါ "
Nopက လက္ဆြဲႏႈတ္ဆက္ဖို႔ ကမ္းေပမယ့္ Freenက မသိခ်င္ေယာင္ေဆာင္ေနေသာေၾကာင့္ ၾကားထဲက Beckyက အားနာရေသးသည္
"ဒါဆို ေထြေထြထူးထူးမရွိရင္ တို႔သြားေတာ့မယ္ Becky..... သြားစရာေလးရွိေနလို႔ "
Freenမွာ Nopကို ၾကာၾကာမေတြ႕ခ်င္လို႔ Beckyကို ႏႈတ္ဆက္ၿပီး ထြက္လာလိုက္သည္
"Becky...နင့္အစ္မက ဘယ္လိုႀကီးလဲဟ နင္နဲ႕လည္းမတူဘူး..... နင္ကေဖာ္ေ႐ြသေလာက္ သူက....'
"ေၾသာ္ ငါ့အစ္မ အက်င့္က အဲ့လိုဘဲဟ စိတ္ထဲမထားပါနဲ႕.... "
Beckyမွာ Freenဘက္က လိုက္ကာေျပာေပးသလို Freenမွာလည္း ကားေမာင္းရင္း စိတ္မၾကည္မသာျဖစ္ေနသည္
ငါက ဘာလို႔ ဒီလိုျဖစ္ေနရတာလဲ ကေလးမက သူ႕ဘာသာသူ ေယာကၤ်ားေလး သူငယ္ခ်င္းထားလည္းထားပါေစေပါ့.... ဘာလို႔....
Freenမွာ အခုလိုျဖစ္ေနတဲ့ သူ႕ကိုယ္သူ နားမလည္နိုင္ျဖစ္ေနသည္
"အယ္... မ်က္ႏွာက မႈန္ကုတ္ကုတ္နဲ႕..... Beckyေလးနဲ႕ ရန္ျဖစ္လာတာလား "
အိမ္ျပန္ေရာက္ေတာ့ မ်က္ႏွာမၾကည္မသာျဖစ္ေနတဲ့ သမီးျဖစ္သူကို သတိထားမိၿပီး Freenရဲ႕ အေမမွာ ေမးလိုက္သည္
'မဟုတ္ပါဘူး အေမရယ္ ဘာလို႔ အဲ့လိုထင္ရတာလဲ '
"သမီးက သူ႕ကို သင္တန္းလိုက္ပို႔ၿပီး မႈန္ကုတ္ကုတ္နဲ႕ ျပန္လာလို႔ေလ ဒါမို႔ သမီးတို႔ႏွစ္ေယာက္ လမ္းမွာ ရန္ျဖစ္လာၾကတာလားလို႔ "
"မျဖစ္ပါဘူး ဒီအတိုင္း လမ္းမွာ ဆိုင္ကယ္ကို အခ်ိဳးေျပေျပမေမာင္းတဲ့ေကာင္ေၾကာင့္ စိတ္တိုေနတာ "
Freenလည္း ပါးစပ္ထဲရွိရာအေၾကာင္းျပခ်က္ေတြ ေလွ်ာက္ေပးၿပီး အခန္းထဲ ဝင္လာလိုက္သည္
ထို႔ေနာက္ ကုတင္ေပၚသို႔ Freen ပစ္လွဲခ်လိဳက္သည္
Beckyကို ငါ....ခ်စ္မိေနတာလား....
မျဖစ္နိုင္တာ ငါ ဘယ္သူ႕ကိုမွ မခ်စ္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားတာ....
လူတစ္ေယာက္ကို ခ်စ္ရတာ အရမ္းအႏၱရာယ္မ်ားတယ္ ဘဝတစ္ခုလုံး ႏွလုံးသားတစ္ခုလုံး ေပးဆပ္ထားၿပီး ခ်စ္ေပးရေပမယ့္ တစ္ဖက္လူက တန္ဖိုးမထားရင္ ဘဝတစ္ခုလုံးက စုတ္ျပတ္သတ္သြားတာေလ
P'Freenရဲ႕ဘဝ စုတ္ျပတ္သတ္သြားခဲ့ဖူးတယ္
တစ္စုံတစ္ေယာက္ေၾကာင့္.... တစ္နည္းအားျဖင့္ Phi....Phiဆိုတဲ့ Freenရဲ႕ ရည္းစားေဟာင္း ေကာင္မေလးေၾကာင့္ Freen စိတ္ေရာလူပါ စုတ္ျပတ္သြားခဲ့ရသည္
Phiနဲ႕ ခ်စ္သူစျဖစ္ခဲ့တာက Phiဘက္က Freenကို ခ်စ္ခြင့္စပန္ခဲ့လို႔.....
သူ႕ေနာက္ကို တစ္ေကာက္ေကာက္လိုက္ေနတဲ့ Phiကို အခ်ိန္ၾကာလာေလ သံေယာဇဥ္ ရွိလာၿပီး Freen ခ်စ္မိသြားခဲ့ျခင္း ျဖစ္သည္
Freenဘက္က ခ်စ္မိသြားမွ Phiရဲ႕ ဂ႐ုစိုက္မႈေတြ ခ်စ္ျခင္းေမတၱာေတြက အတုအေယာင္ေတြမွန္း တစ္ျဖည္းျဖည္းေပၚလာခဲ့သည္
Freen လုပ္သမွ်ဆို ဘယ္ေတာ့မွအေကာင္းမထင္ စာေရးျခင္းကိုလည္း အားမေပး အၿမဲတမ္း ႏွိမ္ခ်ေျပာဆိုခဲ့တဲ့ Phiေၾကာင့္ Freen စိတ္ဓာတ္ေတြက်ခဲ့ရေသးသည္
အဆိုးဆုံးအရာကေတာ့ Freen ရွိရက္နဲ႕ ေနာက္တစ္ေယာက္ကို အီစီကလီသြားလုပ္ေနျခင္းပင္
လက္ပူးလက္ၾကပ္ဖမ္းမိတာေတာင္ မေဖာက္ျပန္ပါဘူးလို႔ ဇြတ္ျငင္းေနသည့္ Phiကို Freen ေရစက္ျဖတ္လိုက္ၿပီး Phiရွိေနတဲ့အလုပ္ကေနလည္း Freen ထြက္လာခဲ့လိုက္သည္
ေန႕စဥ္ တစ္ျခားသူကို ၾကဴးေနတဲ့ Phi ကို ၾကည့္ရင္း Freen ငရဲေရာက္ေနသလို ခံစားခဲ့ရသည္ကို တစ္သက္မေမ့ေပ
ထိုနာက်ည္းနာက်င္မႈေတြေၾကာင့္ Freen မည္သူ႕ကိုမွ မခ်စ္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားခဲ့ေပမယ့္.....ကျပားမေလးကို ခ်စ္မိေတာ့မွာလား ခ်စ္ေနခဲ့ၿပီလား...
#tbc
Bạn đang đọc truyện trên: Truyen3h.Co