Part 6
"အပျိုကြီး ဘာလို့ ဒီရက်ပိုင်း ညီမကို ရှောင်နေရတာလဲ "
ခြံထဲ စာရေးနေတဲ့ Freenရဲ့ ဘေးနားသို့ Becky ဝင်ထိုင်ရင်း မေးလိုက်သည်
"အပျိုကြီး "
"တို့ကို အပျိုကြီးလို့ မခေါ်နဲ့ ကလေးမ "
"ဟော အသက်က ၂၅ရှိပြီကို ရည်းစားလည်းမရှိဘဲနဲ့ အပျိုကြီးလို့ ခေါ်တာကို စိတ်ဆိုးတာလား "
နှုတ်ခမ်းလေးစူပြီး မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြနေတဲ့ ကပြားမလေးကို Freen ပြောမနိုင်လို့ ဒီတိုင်းပင် ကြည့်လိုက်သည်
"ဟော မေးတာကို မဖြေဘူး ဘာလို့ရှောင်နေတာလဲလို့ "
"Nongကို ရှောင်စရာအကြောင်းမှမရှိတာ "
Freenကပြောတော့ Beckyက ခေါင်းခါပြတယ်
"မဟုတ်ဘူး ရှောင်ပါတယ် တစ်နေ့က ညီမ ရေသောက်မလို့ မီးဖိုခန်းထဲ ဝင်လာတော့ P'Freenက ထမင်းစားရာက ထွက်သွားတယ်လေ ပြီးကျ စာမေးစရာရှိလို့ အခန်းထဲလာတာကို အိမ်သာထထွက်သွားတယ် "
ဟုတ်ပါတယ် Freenက တကယ်တော့ Becky ကို ရှောင်နေတာပါ အခုတလော Beckyနဲ့ပတ်သက်ပြီး သူ့ခံစားချက်တွေက ထူးဆန်းနေသလို Becky ကိုမြင်ရင် ရင်တွေခုန်လာပြီး စိတ်တွေတစ်မျိုးဖြစ်နေလို့ပါ ....
"Nong ထင်လို့ပါ တို့က ရှောင်ပါဘူးကွယ် "
"မရှောင်ဘူးပေါ့ ဟုတ်လား '
"ဟုတ်တယ် "
"အဲ့တာဆို ညီမနဲ့ Shoppingထွက်ရအောင် လိုက်ပို့ပေး Mallကို "
"အယ်... "
"ဘာလဲ မပို့ပေးချင်တာလား....အင်းပေါ့လေ P'Freen ကမှ ညီမကို မခင်တာ ညီမကသာ...ရေခြားမြေခြား တိုင်းတစ်ပါးကလာခဲ့သူမို့ သူငယ်ချင်းမရှိလို့ P'Freenကို ခင်နေတာ သိပါတယ်လေ ကိုယ့်အခြေအနေကို..."
Beckyက သနားစရာကောင်းအောင် ပြောတော့ Freenလည်း မနေသာတော့...
"ကဲ သွား ဆယ့်ငါးမိနစ်အချိန်ပေးမယ် အဝတ်အစားလဲပြီး ပြင်ဆင်လာခဲ့ တို့ ကားပေါ်မှာ စောင့်နေမယ် "
Freen စကားကြောင့် Beckyမှာ ပျော်သွားပြီး ထိုင်ရာမှထကာ ခြံထဲကနေ အိမ်ထဲသို့ အမြန်ပြေးဝင်သွားလေသည်
Becky အဝတ်အစားလဲရင်း အရင်က ခံစားချက်တွေပျောက်ပြီး ပျော်နေလေရဲ့
မိဘတွေနဲ့ခွဲပြီး ထိုင်းကိုပြောင်းလာတုံးကတောင် Freenက သူ့ကိုရှောင်နေတဲ့ အချိန်တွေလောက် ဝမ်းနည်းစရာ ကောင်းမနေ အထီးကျန်မနေခဲ့ဘူးလေ
Freenက သူ့ကိုရှောင်နေတဲ့ တစ်ပတ်အတောအတွင်း Beckyမှာ ဝမ်းနည်းပြီး နေလို့ထိုင်လို့မရဖြစ်နေခဲ့သည်
ကားထဲမှာ ရေဒီယိုဖွင့် သီချင်းနားထောင်ရင်း အိမ်ထဲကနေ ထွက်လာမယ့် ကလေးပေါက်စလေးကို Freen စောင့်နေမိသည်
တကယ် ချစ်စရာကောင်းအောင် သနားစရာကောင်းအောင် ပြောတတ်တဲ့ ကောင်မလေးဘဲဆိုပြီး Freen စောင့်နေရင်း တွေးလိုက်မိသေးသည်
"စောင့်ရတာ ကြာသွားလား "
Becky ကားထဲဝင်ထိုင်ရင်း မေးလိုက်သည်
"မကြာပါဘူး ကွက်တိပါဘဲ ဒါဆို ခါးပတ်ပတ် သွားရအောင် "
Shopping mallကို သွားတဲ့လမ်းတွင် ရေဒီယိုကလွှင့်သမျှ သီချင်းမှန်သမျှကို တစ်ကြောင်းမကျန်လိုက်ဆိုပြီး ကနေတဲ့ Beckyကို ကြည့်ရင်း Freen ပြုံးလိုက်မိသည်
တကယ် ဘေးလူကိုပါ အပျော်ဓာတ်တွေ ကူးစေတဲ့ Happy virusလေးပါ့လား
အရယ်အပြုံးနည်းတဲ့ Freenမှာ Beckyနဲ့တွေ့မှဘဲ ခဏခဏပြုံးနေမိပါလေရဲ့
"Taylor Swift သီချင်းတွေပါ လွှင့်ပေးရင်ကောင်းမယ် "
"Beckyက သူ့fanလား "
"ဟုတ်တယ် ငယ်ငယ်ကတည်းက သူ့ကို အရမ်းကြိုက်တာ ခုထိဘဲ "
"Aww "
"P'Freen ရော..."
"တို့လည်း တူတူပါပဲ ကြိုက်တယ်သူ့ကို "
Freenbeckyတို့ စကားပြော သီချင်းဆိုကြရင်း Mallကို ရောက်လာကြလေသည်
Beckyမှာ အဝတ်အစားတွေ လိုက်ရွေးနေပြီး Freenကတော့ စိတ်ရှည်ရှည်နဲ့ အနောက်ကနေ လိုက်စောင့်နေလေရဲ့
ပန်းရောင်ဂါဝန်လေး ကိုင်ကြည့်နေတဲ့ Beckyကို ကြည့်ရင်း Freen သတိထားမိသွားတယ်
"အခုမှ သေချာသတိထားမိတယ် Becky က ပန်းရောင်ကို တော်တော်ကြိုက်တာဘဲ စီးထားတဲ့ အိမ်နေရင်းဖိနပ်တောင် ပန်းရောင် သူ့အဝတ်အစားအိတ်ကလည်း ပန်းရောင် အိပ်ရာခင်းကအစ ပန်းရောင်ဘဲ ထားတာ အခုလည်း ကြည့် ပန်းရောင်ဂါဝန်လေးရွေးကြည့်နေပြန်ပြီ "
Beckyကို ကြည့်ရင်း Freen တွေးနေမိသည်
"P'Freen...ညီမ ဝယ်သမျှ တစ်ဆိုင်ပြီးတစ်ဆိုင် မမောဘဲ လိုက်စောင့်ပေးလို့ ကျေးဇူးတင်ပါတယ် အဲ့အတွက် နေ့လည်စာဝယ်ကျွေးမယ်လေ "
"ဒီစကားကိုစောင့်နေတာ ဘာဝယ်ကျွေးမှာလဲ စားကြစို့ တို့ ဗိုက်ဆာနေပြီ "
"သန့်စင်ခန်း "
Beckyရဲ့ စကားကြောင့် Freen မျက်မှောင်ကြုတ်သွားတယ်
"ဟမ် "
"မဟုတ်ဘူး မဟုတ်ဘူး အထင်မလွဲပါနဲ့ အိမ်သာဆိုတာ လောလောဆယ် ညီမ အိမ်သာသွားချင်လို့ လိုက်ပို့အုံးလို့ပြောတာပါ "
"အာ ဟုတ်ပါပြီ မသိပါဘူး နေ့လည်စာ ဘာစားမလဲမေးပြီး အိမ်သာလိုက်ပို့မလို့လားလို့ လန့်သွားတယ် "
"P'Freenကတော့နော် '
Beckyက မျက်စောင်းထိုးတော့ Freenက ရယ်တယ်
Beckyကို သန့်စင်ခန်းလိုက်ပို့ရင်း သန့်စင်ခန်းရှေ့တွင် P'Freen အမုန်းဆုံးလူတစ်ယောက်နဲ့ ဝင်တိုက်မိလေသည်
"အာ့ "
"Sorry...ဟင် Freen. ...."
Beckyနဲ့စနောက်ပြီး ပြုံးရွှင်နေတဲ့ Freenမှာ သူနဲ့တိုက်မိတဲ့ ကောင်မလေးကိုလည်း မြင်ရော အပြုံးတွေ ပျောက်ကွယ်သွားတဲ့အပြင် လက်ကိုပါကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်
Beckyမှာ Freen မျက်နှာအမူအရာပြောင်းလဲသွားတာ သတိထားမိတယ်
"အင်း..."
"မတွေ့ရတာအတော်ကြာရောပေါ့ ငါ ဆက်သွယ်တာကိုလည်း ဘာလို့ ပြန်မခေါ်တာလဲ "
"နင်နဲ့ငါက ကောင်းကောင်းမွန်မွန်နဲ့ ရယ်မောခေါ်ပြောနေရမယ့် ဆက်ဆံရေးမှမဟုတ်တာ သွားရင်လာရင်း မတော်တဆတွေ့ရင်တောင် စကားလာမပြောဘဲ ငါနဲ့မတွေ့အောင်ရှောင်ပေးရမှာ အဲ့တာ နင်လုပ်ပေးရမယ့် ငါ့အပေါ် ယဥ်ကျေးမှုရှိပေးခြင်းဘဲ "
"Freen... ဘာလို့ အဲ့လိုအေးတိအေးစက် စကားကြမ်းတွေ ပြောနေရတာလဲ "
Beckyလည်း Freenရဲ့ လက်တွေတုန်နေတာကို သတိထားမိပြီး Freen ရဲ့လက်ကို ကောက်တွဲလိုက်သည်
"ညီမ အိမ်သာမသွားချင်တော့ဘူး လာ သွားမယ် "
"နင်က ဘယ်သူလဲ "
Beckyရဲ့ လက်ကို လှမ်းတားပြီး ကောင်မလေးမှာ မေးလိုက်သည်
"ညီမက အခုလက်ရှိ သူ့ရည်းစား သူ့ကောင်မလေး အဲ့ဘက်က တစ်ယောက်က ဘယ်သူလဲ မသိပေမယ့် မဆက်သွယ်ချင်တဲ့သူကို လိုက်ပတ်သက်မနေပါနဲ့ ကိုယ့်စည်းနဲ့ကိုယ်နေတာ အကောင်းဆုံးပါ "
Becky က ရန်လုပ်ပြီး Freenရဲ့ လက်ကိုဆွဲကာ သန့်စင်ခန်းက ထွက်လာသည်
"Nong ဘာလို့ ဝင်ပြောရတာလဲ ဘာလို့ မင်းက တို့ချစ်သူဖြစ်သွားတာလဲ "
ကားပါကင်ရှေ့ရောက်တော့ Freenမှာ Beckyရဲ့လက်ကို ဖြုတ်ပြီးမေးလိုက်သည်
"P'Freen စိတ်တိုနေတာတွေ့လို့လေ စကားဆက်မပြောနိုင်မှာဆိုးလို့ အမြန်စကားဖြတ်ပြီး ခေါ်လာတာကို ဘာလို့ ရန်လုပ်နေတာလဲ "
"တို့ကိစ္စထဲ ဝင်မပါစမ်းနဲ့ "
Freenရဲ့ စကားကြောင့် Becky အရမ်းကို နာကျင်သွားတယ်
"ဘယ်လို...ဘယ်လို ဝင်မပါစမ်းနဲ့ ဟုတ်လား ဟား ဟုတ်သား ညီမက ရှည်မိတာ ဟုတ်တယ် ညီမမှားတာ နောက်တစ်ခါ ဝင်မပါတော့ဘူး အိမ်မှာကပ်နေတဲ့သူက ကိုယ့်စည်းကိုသိရမှာဘဲ "
"Nong တို့ပြောချင်တာက "
"ရတယ် မပြောနဲ့ ထား..."
Beckyက လက်ကာပြပြီး Freenရှေ့က ထွက်သွားတယ်
"ဘယ်သွားမလို့လဲ ကားက ဒီမှာလေ "
"ရှင့်ကားကို လိုက်မစီးနိုင်ဘူး Freen Sarocha "
Beckyပြောပြီး တက္ကစီတားက တက္ကစီးကားပေါ် တက်လိုက်သွားသည်
#tbc
#zawgyi
"အပ်ိဳႀကီး ဘာလို႔ ဒီရက္ပိုင္း ညီမကို ေရွာင္ေနရတာလဲ "
ၿခံထဲ စာေရးေနတဲ့ Freenရဲ႕ ေဘးနားသို႔ Becky ဝင္ထိုင္ရင္း ေမးလိုက္သည္
"အပ်ိဳႀကီး "
"တို႔ကို အပ်ိဳႀကီးလို႔ မေခၚနဲ႕ ကေလးမ "
"ေဟာ အသက္က ၂၅ရွိၿပီကို ရည္းစားလည္းမရွိဘဲနဲ႕ အပ်ိဳႀကီးလို႔ ေခၚတာကို စိတ္ဆိုးတာလား "
ႏႈတ္ခမ္းေလးစူၿပီး မ်က္လုံးေလး ေပကလပ္ေပကလပ္လုပ္ျပေနတဲ့ ကျပားမေလးကို Freen ေျပာမနိုင္လို႔ ဒီတိုင္းပင္ ၾကည့္လိုက္သည္
"ေဟာ ေမးတာကို မေျဖဘူး ဘာလို႔ေရွာင္ေနတာလဲလို႔ "
"Nongကို ေရွာင္စရာအေၾကာင္းမွမရွိတာ "
Freenကေျပာေတာ့ Beckyက ေခါင္းခါျပတယ္
"မဟုတ္ဘူး ေရွာင္ပါတယ္ တစ္ေန႕က ညီမ ေရေသာက္မလို႔ မီးဖိုခန္းထဲ ဝင္လာေတာ့ P'Freenက ထမင္းစားရာက ထြက္သြားတယ္ေလ ၿပီးက် စာေမးစရာရွိလို႔ အခန္းထဲလာတာကို အိမ္သာထထြက္သြားတယ္ "
ဟုတ္ပါတယ္ Freenက တကယ္ေတာ့ Becky ကို ေရွာင္ေနတာပါ အခုတေလာ Beckyနဲ႕ပတ္သက္ၿပီး သူ႕ခံစားခ်က္ေတြက ထူးဆန္းေနသလို Becky ကိုျမင္ရင္ ရင္ေတြခုန္လာၿပီး စိတ္ေတြတစ္မ်ိဳးျဖစ္ေနလို႔ပါ ....
"Nong ထင္လို႔ပါ တို႔က ေရွာင္ပါဘူးကြယ္ "
"မေရွာင္ဘူးေပါ့ ဟုတ္လား '
"ဟုတ္တယ္ "
"အဲ့တာဆို ညီမနဲ႕ Shoppingထြက္ရေအာင္ လိုက္ပို႔ေပး Mallကို "
"အယ္... "
"ဘာလဲ မပို႔ေပးခ်င္တာလား....အင္းေပါ့ေလ P'Freen ကမွ ညီမကို မခင္တာ ညီမကသာ...ေရျခားေျမျခား တိုင္းတစ္ပါးကလာခဲ့သူမို႔ သူငယ္ခ်င္းမရွိလို႔ P'Freenကို ခင္ေနတာ သိပါတယ္ေလ ကိုယ့္အေျခအေနကို..."
Beckyက သနားစရာေကာင္းေအာင္ ေျပာေတာ့ Freenလည္း မေနသာေတာ့...
"ကဲ သြား ဆယ့္ငါးမိနစ္အခ်ိန္ေပးမယ္ အဝတ္အစားလဲၿပီး ျပင္ဆင္လာခဲ့ တို႔ ကားေပၚမွာ ေစာင့္ေနမယ္ "
Freen စကားေၾကာင့္ Beckyမွာ ေပ်ာ္သြားၿပီး ထိုင္ရာမွထကာ ၿခံထဲကေန အိမ္ထဲသို႔ အျမန္ေျပးဝင္သြားေလသည္
Becky အဝတ္အစားလဲရင္း အရင္က ခံစားခ်က္ေတြေပ်ာက္ၿပီး ေပ်ာ္ေနေလရဲ႕
မိဘေတြနဲ႕ခြဲၿပီး ထိုင္းကိုေျပာင္းလာတုံးကေတာင္ Freenက သူ႕ကိုေရွာင္ေနတဲ့ အခ်ိန္ေတြေလာက္ ဝမ္းနည္းစရာ ေကာင္းမေန အထီးက်န္မေနခဲ့ဘူးေလ
Freenက သူ႕ကိုေရွာင္ေနတဲ့ တစ္ပတ္အေတာအတြင္း Beckyမွာ ဝမ္းနည္းၿပီး ေနလို႔ထိုင္လို႔မရျဖစ္ေနခဲ့သည္
ကားထဲမွာ ေရဒီယိုဖြင့္ သီခ်င္းနားေထာင္ရင္း အိမ္ထဲကေန ထြက္လာမယ့္ ကေလးေပါက္စေလးကို Freen ေစာင့္ေနမိသည္
တကယ္ ခ်စ္စရာေကာင္းေအာင္ သနားစရာေကာင္းေအာင္ ေျပာတတ္တဲ့ ေကာင္မေလးဘဲဆိုၿပီး Freen ေစာင့္ေနရင္း ေတြးလိုက္မိေသးသည္
"ေစာင့္ရတာ ၾကာသြားလား "
Becky ကားထဲဝင္ထိုင္ရင္း ေမးလိုက္သည္
"မၾကာပါဘူး ကြက္တိပါဘဲ ဒါဆို ခါးပတ္ပတ္ သြားရေအာင္ "
Shopping mallကို သြားတဲ့လမ္းတြင္ ေရဒီယိုကလႊင့္သမွ် သီခ်င္းမွန္သမွ်ကို တစ္ေၾကာင္းမက်န္လိုက္ဆိုၿပီး ကေနတဲ့ Beckyကို ၾကည့္ရင္း Freen ၿပဳံးလိုက္မိသည္
တကယ္ ေဘးလူကိုပါ အေပ်ာ္ဓာတ္ေတြ ကူးေစတဲ့ Happy virusေလးပါ့လား
အရယ္အၿပဳံးနည္းတဲ့ Freenမွာ Beckyနဲ႕ေတြ႕မွဘဲ ခဏခဏၿပဳံးေနမိပါေလရဲ႕
"Taylor Swift သီခ်င္းေတြပါ လႊင့္ေပးရင္ေကာင္းမယ္ "
"Beckyက သူ႕fanလား "
"ဟုတ္တယ္ ငယ္ငယ္ကတည္းက သူ႕ကို အရမ္းႀကိဳက္တာ ခုထိဘဲ "
"Aww "
"P'Freen ေရာ..."
"တို႔လည္း တူတူပါပဲ ႀကိဳက္တယ္သူ႕ကို "
Freenbeckyတို႔ စကားေျပာ သီခ်င္းဆိုၾကရင္း Mallကို ေရာက္လာၾကေလသည္
Beckyမွာ အဝတ္အစားေတြ လိုက္ေ႐ြးေနၿပီး Freenကေတာ့ စိတ္ရွည္ရွည္နဲ႕ အေနာက္ကေန လိုက္ေစာင့္ေနေလရဲ႕
ပန္းေရာင္ဂါဝန္ေလး ကိုင္ၾကည့္ေနတဲ့ Beckyကို ၾကည့္ရင္း Freen သတိထားမိသြားတယ္
"အခုမွ ေသခ်ာသတိထားမိတယ္ Becky က ပန္းေရာင္ကို ေတာ္ေတာ္ႀကိဳက္တာဘဲ စီးထားတဲ့ အိမ္ေနရင္းဖိနပ္ေတာင္ ပန္းေရာင္ သူ႕အဝတ္အစားအိတ္ကလည္း ပန္းေရာင္ အိပ္ရာခင္းကအစ ပန္းေရာင္ဘဲ ထားတာ အခုလည္း ၾကည့္ ပန္းေရာင္ဂါဝန္ေလးေ႐ြးၾကည့္ေနျပန္ၿပီ "
Beckyကို ၾကည့္ရင္း Freen ေတြးေနမိသည္
"P'Freen...ညီမ ဝယ္သမွ် တစ္ဆိုင္ၿပီးတစ္ဆိုင္ မေမာဘဲ လိုက္ေစာင့္ေပးလို႔ ေက်းဇူးတင္ပါတယ္ အဲ့အတြက္ ေန႕လည္စာဝယ္ေကြၽးမယ္ေလ "
"ဒီစကားကိုေစာင့္ေနတာ ဘာဝယ္ေကြၽးမွာလဲ စားၾကစို႔ တို႔ ဗိုက္ဆာေနၿပီ "
"သန့္စင္ခန္း "
Beckyရဲ႕ စကားေၾကာင့္ Freen မ်က္ေမွာင္ၾကဳတ္သြားတယ္
"ဟမ္ "
"မဟုတ္ဘူး မဟုတ္ဘူး အထင္မလြဲပါနဲ႕ အိမ္သာဆိုတာ ေလာေလာဆယ္ ညီမ အိမ္သာသြားခ်င္လို႔ လိုက္ပို႔အုံးလို႔ေျပာတာပါ "
"အာ ဟုတ္ပါၿပီ မသိပါဘူး ေန႕လည္စာ ဘာစားမလဲေမးၿပီး အိမ္သာလိုက္ပို႔မလို႔လားလို႔ လန့္သြားတယ္ "
"P'Freenကေတာ့ေနာ္ '
Beckyက မ်က္ေစာင္းထိုးေတာ့ Freenက ရယ္တယ္
Beckyကို သန့္စင္ခန္းလိုက္ပို႔ရင္း သန့္စင္ခန္းေရွ႕တြင္ P'Freen အမုန္းဆုံးလူတစ္ေယာက္နဲ႕ ဝင္တိုက္မိေလသည္
"အာ့ "
"Sorry...ဟင္ Freen. ...."
Beckyနဲ႕စေနာက္ၿပီး ၿပဳံး႐ႊင္ေနတဲ့ Freenမွာ သူနဲ႕တိုက္မိတဲ့ ေကာင္မေလးကိုလည္း ျမင္ေရာ အၿပဳံးေတြ ေပ်ာက္ကြယ္သြားတဲ့အျပင္ လက္ကိုပါက်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္
Beckyမွာ Freen မ်က္ႏွာအမူအရာေျပာင္းလဲသြားတာ သတိထားမိတယ္
"အင္း..."
"မေတြ႕ရတာအေတာ္ၾကာေရာေပါ့ ငါ ဆက္သြယ္တာကိုလည္း ဘာလို႔ ျပန္မေခၚတာလဲ "
"နင္နဲ႕ငါက ေကာင္းေကာင္းမြန္မြန္နဲ႕ ရယ္ေမာေခၚေျပာေနရမယ့္ ဆက္ဆံေရးမွမဟုတ္တာ သြားရင္လာရင္း မေတာ္တဆေတြ႕ရင္ေတာင္ စကားလာမေျပာဘဲ ငါနဲ႕မေတြ႕ေအာင္ေရွာင္ေပးရမွာ အဲ့တာ နင္လုပ္ေပးရမယ့္ ငါ့အေပၚ ယဥ္ေက်းမႈရွိေပးျခင္းဘဲ "
"Freen... ဘာလို႔ အဲ့လိုေအးတိေအးစက္ စကားၾကမ္းေတြ ေျပာေနရတာလဲ "
Beckyလည္း Freenရဲ႕ လက္ေတြတုန္ေနတာကို သတိထားမိၿပီး Freen ရဲ႕လက္ကို ေကာက္တြဲလိုက္သည္
"ညီမ အိမ္သာမသြားခ်င္ေတာ့ဘူး လာ သြားမယ္ "
"နင္က ဘယ္သူလဲ "
Beckyရဲ႕ လက္ကို လွမ္းတားၿပီး ေကာင္မေလးမွာ ေမးလိုက္သည္
"ညီမက အခုလက္ရွိ သူ႕ရည္းစား သူ႕ေကာင္မေလး အဲ့ဘက္က တစ္ေယာက္က ဘယ္သူလဲ မသိေပမယ့္ မဆက္သြယ္ခ်င္တဲ့သူကို လိုက္ပတ္သက္မေနပါနဲ႕ ကိုယ့္စည္းနဲ႕ကိုယ္ေနတာ အေကာင္းဆုံးပါ "
Becky က ရန္လုပ္ၿပီး Freenရဲ႕ လက္ကိုဆြဲကာ သန့္စင္ခန္းက ထြက္လာသည္
"Nong ဘာလို႔ ဝင္ေျပာရတာလဲ ဘာလို႔ မင္းက တို႔ခ်စ္သူျဖစ္သြားတာလဲ "
ကားပါကင္ေရွ႕ေရာက္ေတာ့ Freenမွာ Beckyရဲ႕လက္ကို ျဖဳတ္ၿပီးေမးလိုက္သည္
"P'Freen စိတ္တိုေနတာေတြ႕လို႔ေလ စကားဆက္မေျပာနိုင္မွာဆိုးလို႔ အျမန္စကားျဖတ္ၿပီး ေခၚလာတာကို ဘာလို႔ ရန္လုပ္ေနတာလဲ "
"တို႔ကိစၥထဲ ဝင္မပါစမ္းနဲ႕ "
Freenရဲ႕ စကားေၾကာင့္ Becky အရမ္းကို နာက်င္သြားတယ္
"ဘယ္လို...ဘယ္လို ဝင္မပါစမ္းနဲ႕ ဟုတ္လား ဟား ဟုတ္သား ညီမက ရွည္မိတာ ဟုတ္တယ္ ညီမမွားတာ ေနာက္တစ္ခါ ဝင္မပါေတာ့ဘူး အိမ္မွာကပ္ေနတဲ့သူက ကိုယ့္စည္းကိုသိရမွာဘဲ "
"Nong တို႔ေျပာခ်င္တာက "
"ရတယ္ မေျပာနဲ႕ ထား..."
Beckyက လက္ကာျပၿပီး Freenေရွ႕က ထြက္သြားတယ္
"ဘယ္သြားမလို႔လဲ ကားက ဒီမွာေလ "
"ရွင့္ကားကို လိုက္မစီးနိုင္ဘူး Freen Sarocha "
Beckyေျပာၿပီး တကၠစီတားက တကၠစီးကားေပၚ တက္လိုက္သြားသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co