Truyen3h.Co

ဘက်ကီရဲ့ အပျိုကြီး မမ

Part 7

KimFany059

Freenမှာ အိမ်ပြန်ရောက်တော့ Becky ကို မတွေ့ရပေ

"အမေ...Beckyရော "

"သမီးတို့ နှစ်​ယောက် အတူထွက်သွားပြီး ဘာလို့ အမေ့ကို လာမေးနေတာလဲ Sarocha "

"ဟို...သမီးနဲ့စကားများရင်း သမီးကို စိတ်ဆိုးပြီး သူ တစ်ယောက်တည်း ထွက်သွားတာ အဲ့တာ ..."

"ဟယ် ကလေးတစ်ယောက်တည်း ထွက်သွားတာလား Sarochaရယ် ညည်းနှယ့် ကလေးကို တစ်ယောက်တည်း ပေးသွားရလား အနောက်က လိုက်မှပေါ့ သူတစ်ယောက်တည်း လမ်းပျောက်နေရင် ဘယ်လိုလုပ်မလဲ ဒုက္ခပါဘဲအေ "

Becky အိမ်ပြန်မရောက်သေးဘူးဆိုလို့ Freenလည်း စိတ်ညစ်သွားရသည်

ဘာဘဲ ဖြစ်ဖြစ် Mallမှာတုံးက သူမဘက်က လွန်သွားခဲ့သည်မှာ အမှန်ဆိုတာ Freen သိသည်

သိရက်နဲ့ Becky နောက်ကို မလိုက်သွားနိုင်သည်မှာ ခံစားချက်တွေရှုပ်ထွေးနေလို့ပင် ဖြစ်မည်

သို့သော်လည်း ယခုတော့ ညနေစောင်းနေပြီဖြစ်တာတောင် အိမ်ပြန်မလာသေးတဲ့ Beckyကြောင့် သူ့နောက်လိုက်မသွားမိတာ မှားသွားပြီဟု Freen နောင်တရနေပြီလေ

တစ်တောက်တစ်တောက် တစ်တောက်

တိတ်ဆိတ်မှုကြောင့် ဧည့်ခန်းထဲက နာရီလှည့်သံက ပို၍ ကျယ်လောင်နေသည်

အမေဖြစ်သူက ဘုရားစာအုပ်ဖတ်နေပေမယ့် Freenကတော့ စာရေးရင်း တစ်စုံတစ်ယောက်အသံကို ကြားရမလားဆိုပြီး နားစွင့်နေလေရဲ့

ဂလောက်....ဂျောင်း

ခြံတံခါးဖွင့်သံကြားရတော့ Becky ပြန်လာပြီဆိုတာ သိပြီး Freen အရမ်းပျော်သွားတယ်

သူ့ကိုယ်သူတောင် သတိမထားမိဘဲ စာရေးရာကထကာ အခန်းထဲက အမြန်ပြေးထွက်လာသည်

"သမီးပြန်ရောက်ပါပြီ "

Beckyမှာ Freenရဲ့အမေကိုသာ အားနာသမှုနဲ့ နှုတ်ဆက်လိုက်ပေမယ့် သူ့ကို ရပ်ကြည့်နေတဲ့ Freenကိုတော့ မသိချင်ယောင်ဆောင်လိုက်သည် နှုတ်ဆက်လိုက်ပေမယ့် သူ့ကို ရပ်ကြည့်နေတဲ့ Freenကိုတော့ မသိချင်ယောင်ဆောင်လိုက်သည်

"ပြန်ရောက်တာ နောက်ကျတယ်နော် သမီးလေး "

"ဟုတ်တယ် အန်တီ သမီး သူငယ်ချင်းနဲ့တွေ့နေလို့ နောက်ကျသွားတာ "

"Becky..မင်းမှာ..သူငယ်ချင်း... "

"သမီး ပင်ပန်းလာလို့ သွားနားတော့မယ်နော် အန်တီ ခွင့်ပြုပါအုံး "

"သြော် အေးအေး သမီးနားကွယ် အေးဆေးနားနော် "

Beckyမှာ Freen မေးတာကို မဖြေဘဲ ဂရုမစိုက်ဘဲ Freenရဲ့အမေကိုသာ နှုတ်ဆက်ပြီး သူ့အခန်းထဲကို ဝင်သွားလိုက်သည်

"ကြည့်ရတာ သူ သမီးကို စိတ်ဆိုးနေတုံးထင်တယ် သမီးက အကြီးဘဲကွယ် အလျော့ပေးပြီး ကလေးကိုချော့လိုက်ပါ "

Beckyက Freenကို စိတ်ဆိုးနေတုံးဘဲဆိုတာ Freenရဲ့အမေက သိနေသည်

ထို့ကြောင့်လည်း Freenကို အလျော့ပေးဖို့တောင် မှာလိုက်သေးသည်

ဟိုဂြိုလ်ကောင်မလေးကြောင့် ခုလိုဖြစ်ရတာ သူနဲ့သာမတွေ့ခဲ့ရင် Beckyနဲ့ငါ ပျော်ပျော်ရွင်ရွင်နဲ့ စျေးဝယ်ထွက်နေကြမှာ တောက် ပျက်သွားတာတောင် ငါ့ကို အခုထိ အေးဆေးပေးမနေဘူး

Freen စိတ်ရှုပ်ပြီး သူ့ခေါင်းကို ကုတ်ကာ ထွက်သွားလေသည်

Freen ဝတ္ထုကို ကြိုးစားရေးလည်း ဘာအိုင်ဒီယာမှ ထွက်မလာ.....

အိုင်ဒီယာမထွက်လို့ ငုတ်တုတ်ထိုင်မှိုင်နေရမယ့်အတူတူ

ဖုန်းထဲကနေ Googleခေါက်ပြီး စိတ်ကောက်နေတဲ့ကလေးမကို ဘယ်လိုချော့ရမလဲ စိတ်ဆိုးပြေအောင်ချော့နည်းဆိုပြီး ရိုက်ရှာနေသည်

ကျစ် ပြဿနာဘဲ

နောက်တစ်နေ့မနက် မိုးလင်းတော့ Beckyမှာ မနက်စာကို ခါတိုင်းလို အတူမစားဘဲ သူ့အခန်းထဲ ယူသွားသည်

ထို့ကြောင့် Freenမှာ ချော့ချိန်မရပေ

Becky ကျောင်းသွားမယ့်အချိန် စောင့်ဖမ်းသော်လည်း Freen အိမ်သာဝင်နေချိန် Beckyက ထွက်သွားလို့ စိတ်ညစ်ရပြန်သည်

Becky သင်တန်းကျောင်း ပြီးမယ့်အချိန် ပန်းစည်းနဲ့ချော့မယ်လို့ Freen တွေးမိပြီး ကားသော့အမြန်ယူကာ စျေးထဲသို့ နှင်းဆီပန်းတွေ သွားဝယ်လေသည်

Freen စျေးကနေ ပြန်ရောက်လာသောအခါ Beckyက သင်တန်းကျောင်းကို သွားပြီဖြစ်ကြောင်း အမေဖြစ်သူက သတင်းပေးတော့ Freen အမောဖောက်ရပြန်သည်

ချော့ချင်လို့မှအပြေးအလွှားပြေးဝယ်ရသော်လည်း.

ကဲ မလျော့သောဇွဲနဲ့အတူ ပန်းစည်းလှလှလေးလုပ်ပြီး လိုက်ချော့မယ်ဟေ့ သောက်ကျိုးနည်းပါ မိဖရင်ရယ် အရင်က ရည်းစားကိုတောင် တစ်ခါမှ အဲ့လိုလိုက်မချော့ဖူးတာ ဒီကလေးကျမှဘဲ ရည်းစားလည်း မဟုတ်ဘဲ စိတ်ပူရ ချော့ရနဲ့ တစ်ယောက်တည်း ဖြစ်ပျက်နေလိုက်တာ

Freen နှင်းဆီပန်းတွေကို ပန်းစည်းလုပ်ရင်း ကိုယ့်ကိုကိုယ် ရယ်လိုက်မိသည်

နေပါအုံး ငါက ဘာလို့ ဒီလောက်ထိဖြစ်ပျက်နေရတာလဲ.....သူ့ကို ချစ်မိနေတာလား မဖြစ်နိုင်တာ ငါက ဘာလို့....... ..မဖြစ်နိုင်တာ ဒီအတိုင်းဘဲ ငါ အမှားလုပ်မိလို့ သူ့ကိုအားနာလို့ လိုက်ချော့တာရယ်

Becky သင်တန်းဆင်းမယ့်အချိန်ကိုရောက်တော့ ပန်းစည်းကို ယူပြီး Freen သင်တန်းသို့ သွားလေသည်

ရော့ Becky နင့်အတွက် ပန်းစည်း

လမ်းမှာ တွေ့လို့ ကားနဲ့မကြိတ်မိခင် ကောက်လာတာ ယူလိုက်

နှင်းဆီပန်းသည် အန်တီကြီး ချော်လဲသွားလို့ ငါက သနားတဲ့အနေနဲ့ ဝယ်လာ မဟုတ်သေးပါဘူး ငါက ဘာလို့ အမှန်တိုင်းမပြောဘဲ လျှောက်ပြောနေရတာလဲ ပြောလိုက် စိတ်ကောက်လို့ စိတ်ဆိုးပြေအောင် ပေးတာပါလို့

Becky ကို ပန်းစည်းပေးဖို့ ဘယ်လိုပြောရမလဲဆိုပြီး Freenတစ်ယောက် ကားမောင်းရင်း လေ့ကျင့်နေသည်

တကယ်ပါဘဲ ပန်းစည်းလေးပေးဖို့ကို ဘာတွေခက်ခဲနေမှန်းမသိဘူး

သင်တန်းရှေ့ကိုရောက်တော့ Freen ကားစက်ရပ်ပြီး Becky ထွက်လာမယ့်အချိန်ကို ရင်ခုန်စွာ စောင့်နေသည်

သင်တန်းက လူတွေ အလျိုအလျို ထွက်လာသောအခါ Freenမှာ ကားထဲက ထွက်လာလိုက်သည်

သို့သော်လည်း Becky ကို Nop ဆိုတဲ့ကောင်နဲ့ စကားပြောပြီး ရယ်မောနေတာ တွေ့တော့ Freen သွေးတွေဆောင့်တိုးလာသလိုခံစားလာရသည်

စိတ်ထဲလည်း ကမူးကရူးဖြစ်လာလို့ ဘာမှမတွေးနေသောဘဲ Becky တို့ဆီ လျှောက်သွားလေသည်

#tbc

#zawgyi

Freenမွာ အိမ္ျပန္ေရာက္ေတာ့ Becky ကို မေတြ႕ရေပ

"အေမ...Beckyေရာ "

"သမီးတို႔ ႏွစ္ေယာက္ အတူထြက္သြားၿပီး ဘာလို႔ အေမ့ကို လာေမးေနတာလဲ Sarocha "

"ဟို...သမီးနဲ႕စကားမ်ားရင္း သမီးကို စိတ္ဆိုးၿပီး သူ တစ္ေယာက္တည္း ထြက္သြားတာ အဲ့တာ ..."

"ဟယ္ ကေလးတစ္ေယာက္တည္း ထြက္သြားတာလား Sarochaရယ္ ညည္းႏွယ့္ ကေလးကို တစ္ေယာက္တည္း ေပးသြားရလား အေနာက္က လိုက္မွေပါ့ သူတစ္ေယာက္တည္း လမ္းေပ်ာက္ေနရင္ ဘယ္လိုလုပ္မလဲ ဒုကၡပါဘဲေအ "

Becky အိမ္ျပန္မေရာက္ေသးဘူးဆိုလို႔ Freenလည္း စိတ္ညစ္သြားရသည္

ဘာဘဲ ျဖစ္ျဖစ္ Mallမွာတုံးက သူမဘက္က လြန္သြားခဲ့သည္မွာ အမွန္ဆိုတာ Freen သိသည္

သိရက္နဲ႕ Becky ေနာက္ကို မလိုက္သြားနိုင္သည္မွာ ခံစားခ်က္ေတြရႈပ္ေထြးေနလို႔ပင္ ျဖစ္မည္

သို႔ေသာ္လည္း ယခုေတာ့ ညေနေစာင္းေနၿပီျဖစ္တာေတာင္ အိမ္ျပန္မလာေသးတဲ့ Beckyေၾကာင့္ သူ႕ေနာက္လိုက္မသြားမိတာ မွားသြားၿပီဟု Freen ေနာင္တရေနၿပီေလ

တစ္ေတာက္တစ္ေတာက္ တစ္ေတာက္

တိတ္ဆိတ္မႈေၾကာင့္ ဧည့္ခန္းထဲက နာရီလွည့္သံက ပို၍ က်ယ္ေလာင္ေနသည္

အေမျဖစ္သူက ဘုရားစာအုပ္ဖတ္ေနေပမယ့္ Freenကေတာ့ စာေရးရင္း တစ္စုံတစ္ေယာက္အသံကို ၾကားရမလားဆိုၿပီး နားစြင့္ေနေလရဲ႕

ဂေလာက္....ေဂ်ာင္း

ၿခံတံခါးဖြင့္သံၾကားရေတာ့ Becky ျပန္လာၿပီဆိုတာ သိၿပီး Freen အရမ္းေပ်ာ္သြားတယ္

သူ႕ကိုယ္သူေတာင္ သတိမထားမိဘဲ စာေရးရာကထကာ အခန္းထဲက အျမန္ေျပးထြက္လာသည္

"သမီးျပန္ေရာက္ပါၿပီ "

Beckyမွာ Freenရဲ႕အေမကိုသာ အားနာသမႈနဲ႕ ႏႈတ္ဆက္လိုက္ေပမယ့္ သူ႕ကို ရပ္ၾကည့္ေနတဲ့ Freenကိုေတာ့ မသိခ်င္ေယာင္ေဆာင္လိုက္သည္ ႏႈတ္ဆက္လိုက္ေပမယ့္ သူ႕ကို ရပ္ၾကည့္ေနတဲ့ Freenကိုေတာ့ မသိခ်င္ေယာင္ေဆာင္လိုက္သည္

"ျပန္ေရာက္တာ ေနာက္က်တယ္ေနာ္ သမီးေလး "

"ဟုတ္တယ္ အန္တီ သမီး သူငယ္ခ်င္းနဲ႕ေတြ႕ေနလို႔ ေနာက္က်သြားတာ "

"Becky..မင္းမွာ..သူငယ္ခ်င္း... "

"သမီး ပင္ပန္းလာလို႔ သြားနားေတာ့မယ္ေနာ္ အန္တီ ခြင့္ျပဳပါအုံး "

"ေၾသာ္ ေအးေအး သမီးနားကြယ္ ေအးေဆးနားေနာ္ "

Beckyမွာ Freen ေမးတာကို မေျဖဘဲ ဂ႐ုမစိုက္ဘဲ Freenရဲ႕အေမကိုသာ ႏႈတ္ဆက္ၿပီး သူ႕အခန္းထဲကို ဝင္သြားလိုက္သည္

"ၾကည့္ရတာ သူ သမီးကို စိတ္ဆိုးေနတုံးထင္တယ္ သမီးက အႀကီးဘဲကြယ္ အေလ်ာ့ေပးၿပီး ကေလးကိုေခ်ာ့လိုက္ပါ "

Beckyက Freenကို စိတ္ဆိုးေနတုံးဘဲဆိုတာ Freenရဲ႕အေမက သိေနသည္

ထို႔ေၾကာင့္လည္း Freenကို အေလ်ာ့ေပးဖို႔ေတာင္ မွာလိုက္ေသးသည္

ဟိုၿဂိဳလ္ေကာင္မေလးေၾကာင့္ ခုလိုျဖစ္ရတာ သူနဲ႕သာမေတြ႕ခဲ့ရင္ Beckyနဲ႕ငါ ေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႕ ေစ်းဝယ္ထြက္ေနၾကမွာ ေတာက္ ပ်က္သြားတာေတာင္ ငါ့ကို အခုထိ ေအးေဆးေပးမေနဘူး

Freen စိတ္ရႈပ္ၿပီး သူ႕ေခါင္းကို ကုတ္ကာ ထြက္သြားေလသည္

Freen ဝတၳဳကို ႀကိဳးစားေရးလည္း ဘာအိုင္ဒီယာမွ ထြက္မလာ.....

အိုင္ဒီယာမထြက္လို႔ ငုတ္တုတ္ထိုင္မွိုင္ေနရမယ့္အတူတူ

ဖုန္းထဲကေန Googleေခါက္ၿပီး စိတ္ေကာက္ေနတဲ့ကေလးမကို ဘယ္လိုေခ်ာ့ရမလဲ စိတ္ဆိုးေျပေအာင္ေခ်ာ့နည္းဆိုၿပီး ရိုက္ရွာေနသည္

က်စ္ ျပႆနာဘဲ

ေနာက္တစ္ေန႕မနက္ မိုးလင္းေတာ့ Beckyမွာ မနက္စာကို ခါတိုင္းလို အတူမစားဘဲ သူ႕အခန္းထဲ ယူသြားသည္

ထို႔ေၾကာင့္ Freenမွာ ေခ်ာ့ခ်ိန္မရေပ

Becky ေက်ာင္းသြားမယ့္အခ်ိန္ ေစာင့္ဖမ္းေသာ္လည္း Freen အိမ္သာဝင္ေနခ်ိန္ Beckyက ထြက္သြားလို႔ စိတ္ညစ္ရျပန္သည္

Becky သင္တန္းေက်ာင္း ၿပီးမယ့္အခ်ိန္ ပန္းစည္းနဲ႕ေခ်ာ့မယ္လို႔ Freen ေတြးမိၿပီး ကားေသာ့အျမန္ယူကာ ေစ်းထဲသို႔ ႏွင္းဆီပန္းေတြ သြားဝယ္ေလသည္

Freen ေစ်းကေန ျပန္ေရာက္လာေသာအခါ Beckyက သင္တန္းေက်ာင္းကို သြားၿပီျဖစ္ေၾကာင္း အေမျဖစ္သူက သတင္းေပးေတာ့ Freen အေမာေဖာက္ရျပန္သည္

ေခ်ာ့ခ်င္လို႔မွအေျပးအလႊားေျပးဝယ္ရေသာ္လည္း.

ကဲ မေလ်ာ့ေသာဇြဲနဲ႕အတူ ပန္းစည္းလွလွေလးလုပ္ၿပီး လိုက္ေခ်ာ့မယ္ေဟ့ ေသာက္က်ိဳးနည္းပါ မိဖရင္ရယ္ အရင္က ရည္းစားကိုေတာင္ တစ္ခါမွ အဲ့လိုလိုက္မေခ်ာ့ဖူးတာ ဒီကေလးက်မွဘဲ ရည္းစားလည္း မဟုတ္ဘဲ စိတ္ပူရ ေခ်ာ့ရနဲ႕ တစ္ေယာက္တည္း ျဖစ္ပ်က္ေနလိုက္တာ

Freen ႏွင္းဆီပန္းေတြကို ပန္းစည္းလုပ္ရင္း ကိုယ့္ကိုကိုယ္ ရယ္လိုက္မိသည္

ေနပါအုံး ငါက ဘာလို႔ ဒီေလာက္ထိျဖစ္ပ်က္ေနရတာလဲ.....သူ႕ကို ခ်စ္မိေနတာလား မျဖစ္နိုင္တာ ငါက ဘာလို႔....... ..မျဖစ္နိုင္တာ ဒီအတိုင္းဘဲ ငါ အမွားလုပ္မိလို႔ သူ႕ကိုအားနာလို႔ လိုက္ေခ်ာ့တာရယ္

Becky သင္တန္းဆင္းမယ့္အခ်ိန္ကိုေရာက္ေတာ့ ပန္းစည္းကို ယူၿပီး Freen သင္တန္းသို႔ သြားေလသည္

ေရာ့ Becky နင့္အတြက္ ပန္းစည္း

လမ္းမွာ ေတြ႕လို႔ ကားနဲ႕မႀကိတ္မိခင္ ေကာက္လာတာ ယူလိုက္

ႏွင္းဆီပန္းသည္ အန္တီႀကီး ေခ်ာ္လဲသြားလို႔ ငါက သနားတဲ့အေနနဲ႕ ဝယ္လာ မဟုတ္ေသးပါဘူး ငါက ဘာလို႔ အမွန္တိုင္းမေျပာဘဲ ေလွ်ာက္ေျပာေနရတာလဲ ေျပာလိုက္ စိတ္ေကာက္လို႔ စိတ္ဆိုးေျပေအာင္ ေပးတာပါလို႔

Becky ကို ပန္းစည္းေပးဖို႔ ဘယ္လိုေျပာရမလဲဆိုၿပီး Freenတစ္ေယာက္ ကားေမာင္းရင္း ေလ့က်င့္ေနသည္

တကယ္ပါဘဲ ပန္းစည္းေလးေပးဖို႔ကို ဘာေတြခက္ခဲေနမွန္းမသိဘူး

သင္တန္းေရွ႕ကိုေရာက္ေတာ့ Freen ကားစက္ရပ္ၿပီး Becky ထြက္လာမယ့္အခ်ိန္ကို ရင္ခုန္စြာ ေစာင့္ေနသည္

သင္တန္းက လူေတြ အလ်ိဳအလ်ိဳ ထြက္လာေသာအခါ Freenမွာ ကားထဲက ထြက္လာလိုက္သည္

သို႔ေသာ္လည္း Becky ကို Nop ဆိုတဲ့ေကာင္နဲ႕ စကားေျပာၿပီး ရယ္ေမာေနတာ ေတြ႕ေတာ့ Freen ေသြးေတြေဆာင့္တိုးလာသလိုခံစားလာရသည္

စိတ္ထဲလည္း ကမူးက႐ူးျဖစ္လာလို႔ ဘာမွမေတြးေနေသာဘဲ Becky တို႔ဆီ ေလွ်ာက္သြားေလသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co