Truyen3h.Co

မောင်

Part 3

KimFany059


"ဘယ်လိုမှမဖြစ်ပါဘူး ယုဂျီမင်း...ကျုပ်က ကင်မင်ဂျောင်း ဒီအိမ်မှာ ရှိနေတဲ့ ကင်မင်ဂျောင်းပါဘဲ ဘာလို့လဲ အရမ်းအံ့သြသွားတာလား "

မင်ဂျောင်းက ခက်ထန်တဲ့အပြုံးနဲ့ပြုံးပြီး ဂျီမင်းကို ပြောလိုက်သည်

"ဟုတ်တယ် တို့ အရမ်းအံ့သြတယ် မောင် ...မောင်က ဒီလိုအသိုင်းအဝိုင်းက ဖြစ်ရက်နဲ့ ဘာလို့ တို့ဆီကို...ဘာလို့ ခြေသလုံးအိမ်တိုင် ဘဝအဖြစ်နဲ့ ဟန်ဆောင်ပြီး  တို့ကို လှည့်စားခဲ့ရတာလဲ "

လှည့်စားခံရသူ ယုဂျီမင်းက မျက်ရည်လေးတဝဲဝဲနဲ့.... ကင်မင်ဂျောင်းဆိုတဲ့မောင်ကတော့ ခက်ထန်ထန်မျက်ဝန်းနဲ့

မောင်ဆိုတဲ့ ကင်မင်ဂျောင်းက ဂျီမင်းကို ဘာအလုပ်အကိုင်မှမရှိတဲ့ ကျောင်းသူလိုလို ပုံစံတိတိကျကျဖော်မပြဘဲ ချစ်ရေးဆိုပိုးပမ်းခဲ့သူဖြစ်သည်

တစ်ခါတစ်လေ မှိုင်တိုင်တိုင်ရှိပေမယ့် တစ်ခါတစ်လေကျတော့လည်း သွက်လက်ချက်ချာနေသေးတယ်

ဒေါ်လေးမီယောင်းက မောင့်ကို သံယောဇဉ်ရှိပြီး ခင်တွယ်ပေမယ့်လည်း မောင်က ဂျီမင်းကို လက်ထပ်မယ်လို့ခွင့်တောင်းရင်တော့ တွန့်ဆုတ်နေတတ်သည်

ဒေါ်လေး  မီယောင်း မပြောနဲ့ ကျွန်မ ကိုယ်တိုင်တောင် ID တိတိကျကျမသိရတဲ့ ကျောင်းသူလိုလို အိမ်ခြေရာမဲ့လိုလို မောင့်ကို လက်ထပ်ဖို့အထိတော့ မဝံ့ရဲပေ

"ကျုပ်မေးနေတယ် သိပ်အံ့သြနေလား ယုဂျီမင်း "

မောင့်ရဲ့အသံက သြဇာသံပါနေတယ်...

အင်း အရမ်းအံ့သြပါတယ် ဒေါ်လေးမီယောင်းဆို ပိုတောင်အံ့သြဝမ်းသာနေမှာ...မိဘမဲ့ကလေး ထင်ပြီး စိတ်မကောင်းဂရုဏာသက်ခဲ့ရတဲ့ ကလေးက အခုလို တောက်ပြောင်ချမ်းသာနေတာကိုသာ သိရရင် ဒေါ်လေးမိယောင်း တော်တော်ဝမ်းသာနေမှာပါ

"အံ့သြတယ် အရမ်းအံ့သြတယ် မောင် တို့ကို ဘာလို့ ဒီခေါ်ရတာလဲ ပြီးတော့..."

"မင်းဘဲ ကျုပ်ရဲ့ အိမ် ကျုပ် ဘယ်မှာနေလဲဆိုတာ သိချင်တယ်​ဆို "

"ဟော မောင် ဘယ်မှာနေတယ်ဆိုတာ တို့ကို ပြောပြလိုက်ရင် ပြီးရောလေ ပြီးတော့ တို့ ပြောနေတာမပြီးသေးဘူး တို့ဆီကို မလာတော့ဘဲ ဘာလို့ အဆက်အသွယ်ဖြတ်ပြီး ကိုယ်ယောင်ဖျောက်ပစ်ရတာလဲ တို့  ဘယ်ကနေ ဘယ်လိုလိုက်ရှာရမယ်မသိလို့ စိတ်ဆင်းရဲပြီး ငိုနေခဲ့ရတာ သိရဲ့လား "

စကားလုံးတွေနဲ့အတူ ထွက်ကျလာတဲ့ ဂျီမင်းရဲ့ ပါးပေါ်က မျက်ရည်တွေကို မျက်မှောင်ကြုတ်ကာ မင်ဂျောင်းကြည့်နေမိသည်

ကိုယ် သိပ်ချစ်ရတဲ့ မိန်းကလေးက ကိုယ့်ရှေ့မှာ ငိုနေတော့ မင်ဂျောင်း ရင်ထဲမှာ ထိခိုက်သွားသည်

သို့သော်လည်း ဒဏ်ရာ တစ်ခုက ရင်ထဲ ကြိုရောက်နေတော့.....

"ခင်ဗျားရဲ့ စကားကို မှတ်မိသေးရဲ့လား ဘာမှန်းမသိတဲ့ကလေးတစ်ယောက်ရဲ့လက်ထဲ ခင်ဗျားဘဝကို ထည့်ဖို့ တွေဝေနေတယ်ဆို ကျုပ်က အလုပ်တစ်ခုခုလုပ်မှဖြစ်မယ်ဆို "

"အို..တို့ပြောခဲ့တဲ့စကားကို တို့မှတ်မိပါတယ် မောင်ရယ် တို့ပြောခဲ့တာဘဲလေ ဘာလဲ အဲ့စကားကြောင့် မောင် စိတ်ဆိုးသွားတာလား မောင် စိတ်ဆိုးပြီး တို့ကို.... "

"ဒီိမှာ ယုဂျီမင်း.... "

မင်ဂျောင်းက ထပ်ပြီး ဂျီမင်းစကားကို ဆုံးအောင်နားမထောင်ဘဲ ဖြတ်ပြောပြန်တယ်

"ကျုပ်ပြောမယ် ယုဂျီမင်း "

ပါပီခွေးပေါက်လေးလို ချစ်ဖို့ကောင်းခဲ့တဲ့ မောင့် မျက်လုံးက အခုတော့ အေးစက်မာကြောခက်ထန်နေပါလား

"ကျုပ် နာမည် က ကင်မင်ဂျောင်း ဒီခြံနဲ့ ဒီတိုက်ကို ကျုပ်ပိုင်တယ် ပြီးတော့ ဒီတောင်ကိုရီးယားမှာရှိတဲ့ Kim ဆိုတဲ့နာမည်နဲ့ companyတွေအများကြီးကို ကျုပ်ပိုင်တယ် ဘူဆန်မှာလည်း ကျုပ်ပိုင်တဲ့ မြေကွက်တွေအများကြီးရှိတယ် ဒီလောက်ဆိုရင် ကျုပ်က အလုပ်လက်မဲ့ချာတိတ်မဟုတ်လို့ ခင်ဗျားနဲ့ လက်ထပ်လို့ရပြီလား"

ရုတ်တရက်တောင်းခံရတဲ့ လက်ထပ်ခွင့်ကြောင့် ဂျီမင်း မျက်လုံးအဝိုင်းသားဖြစ်ပြီး ပျော်သွားလို့ ခေါင်းညိတ်လိုက်သည်

မောင်က ဘယ်သူဘယ်ဝါဆိုတာ ဂျီမင်းသိပြီ မဟုတ်လား စိတ်ပူစရာလူတစ်ယောက်မဟုတ်လို့ ဂျီမင်း လက်မထပ်နိုင်စရာ ဘာရှိလဲ ပြီးတော့ မောင်က ဂျီမင်း ချစ်ရတဲ့သူလေ မဟုတ်လား

"လက်ထပ်နိုင်ပြီပေါ့ ဟုတ်လား "

"ဟုတ်တယ် မောင် ဒါပေမယ့် မောင် ဒါကိုတော့ တစ်မျိုးမထင်နဲ့နော် တို့က "

ထပ်ပြီး ဂျီမင်းပြောတာကို ဂရုမစိုက် မင်ဂျောင်း ထရပ်လိုက်ပြီး တံခါးဘက်ကိုသွားလိုက်သည်

အရင်က ဂျီမင်းစကားကို ဆုံးအောင်နားထောင်ပေးတတ်တဲ့ မောင် ဘယ်ရောက်သွားသလဲ

တံခါးဖွင့်ပြီး အပေါက်နားမှာ ရပ်နေတဲ့သူကို မင်ဂျောင်းတစ်ခုခုပြောနေပုံပေါ်သည်

"ကောင်းပြီ ယုဂျီမင်း....ဒေါ်လေးမီယောင်းကို အခုဘဲ ပြောလိုက်ပါ မောင်နဲ့မင်း ဒီနေ့လက်ထပ်မယ် မနက်ဖြန် လက်မှတ်ထိုးမယ် မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် မလုပ်ဘဲ မနက်ဖြန် ဒီခြံထဲမှာ အကျဥ်းချုပ်လုပ်မယ် ..."

"ဟင် "

ရုတ်တရက် အစီအစဥ်မဆွဲဘဲ လုပ်ချလိုက်တဲ့ မောင့်ကြောင့် ဂျီမင်း ထရပ်လိုက်သည်

မိန်းကလေးတိုင်း တစ်သက်မှ တစ်ခါဘဲ ဆောင်ရမယ့် ကျင်းပရမယ့် မင်္ဂလာပွဲကို မောင်က ဘာလို့ အကျဥ်းချုပ် လုပ်ချင်ရတာလဲ

နားကိုမလည်နိုင်တော့ပါဘူး မောင်ရယ်

တကယ့်ကို တစ်မျိုးကြီးပါလားရှင်

တစ်ဇွတ်ထိုးသမားမောင့်ကို ချစ်လွန်းတဲ့အတွက် ဂျီမင်း ဘာမှမပြောချင်တော့ပေ ပြောလည်းရမှာမဟုတ်တာ

မောင့်ကို ဘယ်သူဘယ်ဝါမှန်း မသိခင်ကတည်းက စိတ်သန့်သန့်နဲ့ အမြတ်တနိုး ချစ်နေပြီးသား ...ပြီးတော့ ကျွန်မရဲ့ စကားတစ်ခွန်းကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့မောင့်ကို ကျွန်မ ဒီလောက်တော့ ချော့သင့်တယ် မဟုတ်လား

"တို့ ကျောင်းကိစ္စကရော မောင် ဘယ်လိုလုပ်ရမှာလဲ "

"ဆက်တက်ပေါ့ "

"မောင်က တစ်ဇွတ်ထိုးလေးဘဲ...အင်း တို့ငြင်းလိုက်ရင် မောင်က ထပ်ပြီး ကိုယ်ယောင်ဖျောက်ပြေးအုံးမှာမဟုတ်လား "

"...."

"ကောင်းပါပြီရှင် အမြန်ဆုံး လက်ထပ်ပါ့မယ် မောင့်သဘောပါရှင် တို့မငြင်းတော့ပါဘူး "

"ဒေါ်လေးမီယောင်းကရော...."

"သူလည်း သဘောတူမှာပါ မောင်ရဲ့ "

"အဟက် သဘောတူရမှာပေါ့ ဒီအခြေအနေကို ငြင်းနိုင်စရာမှမရှိတာ "

ဘုရားရေ အရင်က စကားပြောသိမ်မွေ့နူးညံ့တဲ့ မောင် ဘယ်ရောက်သွားတာလဲ

မောင် ဘာကြောင့် ဒီလောက်ထိ ခက်ထန်ပြောင်းလဲသွားရတာလဲ...

#tbc

#zawgyi

"ဘယ္လိုမွမျဖစ္ပါဘူး ယုဂ်ီမင္း...က်ဳပ္က ကင္မင္ေဂ်ာင္း ဒီအိမ္မွာ ရွိေနတဲ့ ကင္မင္ေဂ်ာင္းပါဘဲ ဘာလို႔လဲ အရမ္းအံ့ၾသသြားတာလား "

မင္ေဂ်ာင္းက ခက္ထန္တဲ့အၿပဳံးနဲ႕ၿပဳံးၿပီး ဂ်ီမင္းကို ေျပာလိုက္သည္

"ဟုတ္တယ္ တို႔ အရမ္းအံ့ၾသတယ္ ေမာင္ ...ေမာင္က ဒီလိုအသိုင္းအဝိုင္းက ျဖစ္ရက္နဲ႕ ဘာလို႔ တို႔ဆီကို...ဘာလို႔ ေျခသလုံးအိမ္တိုင္ ဘဝအျဖစ္နဲ႕ ဟန္ေဆာင္ၿပီး တို႔ကို လွည့္စားခဲ့ရတာလဲ "

လွည့္စားခံရသူ ယုဂ်ီမင္းက မ်က္ရည္ေလးတဝဲဝဲနဲ႕.... ကင္မင္ေဂ်ာင္းဆိုတဲ့ေမာင္ကေတာ့ ခက္ထန္ထန္မ်က္ဝန္းနဲ႕

ေမာင္ဆိုတဲ့ ကင္မင္ေဂ်ာင္းက ဂ်ီမင္းကို ဘာအလုပ္အကိုင္မွမရွိတဲ့ ေက်ာင္းသူလိုလို ပုံစံတိတိက်က်ေဖာ္မျပဘဲ ခ်စ္ေရးဆိုပိုးပမ္းခဲ့သူျဖစ္သည္

တစ္ခါတစ္ေလ မွိုင္တိုင္တိုင္ရွိေပမယ့္ တစ္ခါတစ္ေလက်ေတာ့လည္း သြက္လက္ခ်က္ခ်ာေနေသးတယ္

ေဒၚေလးမီေယာင္းက ေမာင့္ကို သံေယာဇဥ္ရွိၿပီး ခင္တြယ္ေပမယ့္လည္း ေမာင္က ဂ်ီမင္းကို လက္ထပ္မယ္လို႔ခြင့္ေတာင္းရင္ေတာ့ တြန့္ဆုတ္ေနတတ္သည္

ေဒၚေလး မီေယာင္း မေျပာနဲ႕ ကြၽန္မ ကိုယ္တိုင္ေတာင္ ID တိတိက်က်မသိရတဲ့ ေက်ာင္းသူလိုလို အိမ္ေျခရာမဲ့လိုလို ေမာင့္ကို လက္ထပ္ဖို႔အထိေတာ့ မဝံ့ရဲေပ

"က်ဳပ္ေမးေနတယ္ သိပ္အံ့ၾသေနလား ယုဂ်ီမင္း "

ေမာင့္ရဲ႕အသံက ၾသဇာသံပါေနတယ္...

အင္း အရမ္းအံ့ၾသပါတယ္ ေဒၚေလးမီေယာင္းဆို ပိုေတာင္အံ့ၾသဝမ္းသာေနမွာ...မိဘမဲ့ကေလး ထင္ၿပီး စိတ္မေကာင္းဂ႐ုဏာသက္ခဲ့ရတဲ့ ကေလးက အခုလို ေတာက္ေျပာင္ခ်မ္းသာေနတာကိုသာ သိရရင္ ေဒၚေလးမိေယာင္း ေတာ္ေတာ္ဝမ္းသာေနမွာပါ

"အံ့ၾသတယ္ အရမ္းအံ့ၾသတယ္ ေမာင္ တို႔ကို ဘာလို႔ ဒီေခၚရတာလဲ ၿပီးေတာ့..."

"မင္းဘဲ က်ဳပ္ရဲ႕ အိမ္ က်ဳပ္ ဘယ္မွာေနလဲဆိုတာ သိခ်င္တယ္ဆို "

"ေဟာ ေမာင္ ဘယ္မွာေနတယ္ဆိုတာ တို႔ကို ေျပာျပလိုက္ရင္ ၿပီးေရာေလ ၿပီးေတာ့ တို႔ ေျပာေနတာမၿပီးေသးဘူး တို႔ဆီကို မလာေတာ့ဘဲ ဘာလို႔ အဆက္အသြယ္ျဖတ္ၿပီး ကိုယ္ေယာင္ေဖ်ာက္ပစ္ရတာလဲ တို႔ ဘယ္ကေန ဘယ္လိုလိုက္ရွာရမယ္မသိလို႔ စိတ္ဆင္းရဲၿပီး ငိုေနခဲ့ရတာ သိရဲ႕လား "

စကားလုံးေတြနဲ႕အတူ ထြက္က်လာတဲ့ ဂ်ီမင္းရဲ႕ ပါးေပၚက မ်က္ရည္ေတြကို မ်က္ေမွာင္ၾကဳတ္ကာ မင္ေဂ်ာင္းၾကည့္ေနမိသည္

ကိုယ္ သိပ္ခ်စ္ရတဲ့ မိန္းကေလးက ကိုယ့္ေရွ႕မွာ ငိုေနေတာ့ မင္ေဂ်ာင္း ရင္ထဲမွာ ထိခိုက္သြားသည္

သို႔ေသာ္လည္း ဒဏ္ရာ တစ္ခုက ရင္ထဲ ႀကိဳေရာက္ေနေတာ့.....

"ခင္ဗ်ားရဲ႕ စကားကို မွတ္မိေသးရဲ႕လား ဘာမွန္းမသိတဲ့ကေလးတစ္ေယာက္ရဲ႕လက္ထဲ ခင္ဗ်ားဘဝကို ထည့္ဖို႔ ေတြေဝေနတယ္ဆို က်ဳပ္က အလုပ္တစ္ခုခုလုပ္မွျဖစ္မယ္ဆို "

"အို..တို႔ေျပာခဲ့တဲ့စကားကို တို႔မွတ္မိပါတယ္ ေမာင္ရယ္ တို႔ေျပာခဲ့တာဘဲေလ ဘာလဲ အဲ့စကားေၾကာင့္ ေမာင္ စိတ္ဆိုးသြားတာလား ေမာင္ စိတ္ဆိုးၿပီး တို႔ကို.... "

"ဒီိမှာ ယုဂ်ီမင္း.... "

မင္ေဂ်ာင္းက ထပ္ၿပီး ဂ်ီမင္းစကားကို ဆုံးေအာင္နားမေထာင္ဘဲ ျဖတ္ေျပာျပန္တယ္

"က်ဳပ္ေျပာမယ္ ယုဂ်ီမင္း "

ပါပီေခြးေပါက္ေလးလို ခ်စ္ဖို႔ေကာင္းခဲ့တဲ့ ေမာင့္ မ်က္လုံးက အခုေတာ့ ေအးစက္မာေၾကာခက္ထန္ေနပါလား

"က်ဳပ္ နာမည္ က ကင္မင္ေဂ်ာင္း ဒီၿခံနဲ႕ ဒီတိုက္ကို က်ဳပ္ပိုင္တယ္ ၿပီးေတာ့ ဒီေတာင္ကိုရီးယားမွာရွိတဲ့ Kim ဆိုတဲ့နာမည္နဲ႕ companyေတြအမ်ားႀကီးကို က်ဳပ္ပိုင္တယ္ ဘူဆန္မွာလည္း က်ဳပ္ပိုင္တဲ့ ေျမကြက္ေတြအမ်ားႀကီးရွိတယ္ ဒီေလာက္ဆိုရင္ က်ဳပ္က အလုပ္လက္မဲ့ခ်ာတိတ္မဟုတ္လို႔ ခင္ဗ်ားနဲ႕ လက္ထပ္လို႔ရၿပီလား"

႐ုတ္တရက္ေတာင္းခံရတဲ့ လက္ထပ္ခြင့္ေၾကာင့္ ဂ်ီမင္း မ်က္လုံးအဝိုင္းသားျဖစ္ၿပီး ေပ်ာ္သြားလို႔ ေခါင္းညိတ္လိုက္သည္

ေမာင္က ဘယ္သူဘယ္ဝါဆိုတာ ဂ်ီမင္းသိၿပီ မဟုတ္လား စိတ္ပူစရာလူတစ္ေယာက္မဟုတ္လို႔ ဂ်ီမင္း လက္မထပ္နိုင္စရာ ဘာရွိလဲ ၿပီးေတာ့ ေမာင္က ဂ်ီမင္း ခ်စ္ရတဲ့သူေလ မဟုတ္လား

"လက္ထပ္နိုင္ၿပီေပါ့ ဟုတ္လား "

"ဟုတ္တယ္ ေမာင္ ဒါေပမယ့္ ေမာင္ ဒါကိုေတာ့ တစ္မ်ိဳးမထင္နဲ႕ေနာ္ တို႔က "

ထပ္ၿပီး ဂ်ီမင္းေျပာတာကို ဂ႐ုမစိုက္ မင္ေဂ်ာင္း ထရပ္လိုက္ၿပီး တံခါးဘက္ကိုသြားလိုက္သည္

အရင္က ဂ်ီမင္းစကားကို ဆုံးေအာင္နားေထာင္ေပးတတ္တဲ့ ေမာင္ ဘယ္ေရာက္သြားသလဲ

တံခါးဖြင့္ၿပီး အေပါက္နားမွာ ရပ္ေနတဲ့သူကို မင္ေဂ်ာင္းတစ္ခုခုေျပာေနပုံေပၚသည္

"ေကာင္းၿပီ ယုဂ်ီမင္း....ေဒၚေလးမီေယာင္းကို အခုဘဲ ေျပာလိုက္ပါ ေမာင္နဲ႕မင္း ဒီေန႕လက္ထပ္မယ္ မနက္ျဖန္ လက္မွတ္ထိုးမယ္ မဂၤလာပြဲကို ႀကီးႀကီးက်ယ္က်ယ္ မလုပ္ဘဲ မနက္ျဖန္ ဒီၿခံထဲမွာ အက်ဥ္းခ်ဳပ္လုပ္မယ္ ..."

"ဟင္ "

႐ုတ္တရက္ အစီအစဥ္မဆြဲဘဲ လုပ္ခ်လိဳက္တဲ့ ေမာင့္ေၾကာင့္ ဂ်ီမင္း ထရပ္လိုက္သည္

မိန္းကေလးတိုင္း တစ္သက္မွ တစ္ခါဘဲ ေဆာင္ရမယ့္ က်င္းပရမယ့္ မဂၤလာပြဲကို ေမာင္က ဘာလို႔ အက်ဥ္းခ်ဳပ္ လုပ္ခ်င္ရတာလဲ

နားကိုမလည္နိုင္ေတာ့ပါဘူး ေမာင္ရယ္

တကယ့္ကို တစ္မ်ိဳးႀကီးပါလားရွင္

တစ္ဇြတ္ထိုးသမားေမာင့္ကို ခ်စ္လြန္းတဲ့အတြက္ ဂ်ီမင္း ဘာမွမေျပာခ်င္ေတာ့ေပ ေျပာလည္းရမွာမဟုတ္တာ

ေမာင့္ကို ဘယ္သူဘယ္ဝါမွန္း မသိခင္ကတည္းက စိတ္သန့္သန့္နဲ႕ အျမတ္တနိုး ခ်စ္ေနၿပီးသား ...ၿပီးေတာ့ ကြၽန္မရဲ႕ စကားတစ္ခြန္းေၾကာင့္ စိတ္ထိခိုက္ခဲ့ရတဲ့ေမာင့္ကို ကြၽန္မ ဒီေလာက္ေတာ့ ေခ်ာ့သင့္တယ္ မဟုတ္လား

"တို႔ ေက်ာင္းကိစၥကေရာ ေမာင္ ဘယ္လိုလုပ္ရမွာလဲ "

"ဆက္တက္ေပါ့ "

"ေမာင္က တစ္ဇြတ္ထိုးေလးဘဲ...အင္း တို႔ျငင္းလိုက္ရင္ ေမာင္က ထပ္ၿပီး ကိုယ္ေယာင္ေဖ်ာက္ေျပးအုံးမွာမဟုတ္လား "

"...."

"ေကာင္းပါၿပီရွင္ အျမန္ဆုံး လက္ထပ္ပါ့မယ္ ေမာင့္သေဘာပါရွင္ တို႔မျငင္းေတာ့ပါဘူး "

"ေဒၚေလးမီေယာင္းကေရာ...."

"သူလည္း သေဘာတူမွာပါ ေမာင္ရဲ႕ "

"အဟက္ သေဘာတူရမွာေပါ့ ဒီအေျခအေနကို ျငင္းနိုင္စရာမွမရွိတာ "

ဘုရားေရ အရင္က စကားေျပာသိမ္ေမြ႕ႏူးညံ့တဲ့ ေမာင္ ဘယ္ေရာက္သြားတာလဲ

ေမာင္ ဘာေၾကာင့္ ဒီေလာက္ထိ ခက္ထန္ေျပာင္းလဲသြားရတာလဲ...

#tbc

Bạn đang đọc truyện trên: Truyen3h.Co