Truyen3h.Co

မောင်

Part 4

KimFany059

"ယုဂျီမင်း ခင်ဗျား ပြန်တော့ "

မောင်ဆိုတဲ့ ကင်မင်ဂျောင်းက စကားခပ်ပြတ်ပြတ်ဆို၍ အပြင်ထွက်သွားသောကြောင့် ဂျီမင်းကလည်း အနောက်ကနေ ပြေးလိုက်သွားရတယ်

မောင် ဘာကြောင့် ဒီလောက်ထိ ခက်ထန်မာကျောသွားရသလဲကွယ်

ကျွန်မက မောင့်ချစ်သူ မဟုတ်ဘူးလား

မဟုတ်ပါဘူး မောင်က စိတ်ဆိုးပြေကာစမို့ အခုလိုဖြစ်နေတာနေမှာပါ အရင်ကလည်း မောင်က အမြဲ စိတ်ကောက်တတ်တယ်လေ ကျွန်မကဘဲ မောင့်ကို အလျော့ပေးချော့ခဲ့ရတာ

မောင် ခြံထဲကို ဆင်းလာတော့ ခြံထဲမှာ ရှိနေတဲ့ခြံစောင့်တွေက ပြေးလာကြတယ်

"သခင်မလေး ဘာအလိုရှိလို့လဲဗျာ့"

"ကားဆရာ အီဆောင်းဆူရော "

မင်ဂျောင်းက မေးတော့ ကားကို ရေဆေးနေတဲ့ ကားဆရာကပြေးလာတယ်

"သူ့ကို အိမ်သေချာပြန်လိုက်ပို့လိုက် ကျုပ်ပြောတဲ့အဓိပ္ပါယ်သိတယ်နော် လမ်းခရီးမှာ တစ်ခုခုဖြစ်ရင် ပြန်မလာနဲ့ "

မောင့်ရဲ့ ရာဇသံအဆုံးမှာ မောင် တို့ကို လိုက်ပို့ပေးပါ့လား လို့ ပြောမယ့် ကျွန်မရဲ့စကားတွေ အမြန်ထိန်းလိုက်ရတယ်

မင်းဂျောင်းက ဘာမှမပြောခင် ဂျီမင်းမှာ အလိုက်တသိနဲ့ကားနောက်ခန်းမှာ ဝင်ထိုင်လိုက်သည်

ကားနောက်ခန်းကနေ မင်ဂျောင်းကိုကြည့်ရင်း ဂျီမင်း သက်ပြင်းချမိတယ်

ဘာမှန်းမသိတဲ့ အရှိန်အဝါတွေကြောင့် မင်းဂျောင်းကို ဂျီမင်း ရှိန်နေမိသည်

ထုထည်ကြီးမားလွန်းတဲ့အရာတစ်ခုက ကျွန်မနဲ့မောင့်ကြားကို ကာဆီးလိုက်သလိုပင်

ရင်ထဲတို့ဆစ်ကြီး ဖြစ်နေသော​ကြောင့် မောင့်ကိုတောင် ကျွန်မ မနှုတ်ဆက်နိုင်...မောင်ကတော့ ကျွန်မကို လက်ပိုက်ကြည့်ရင်း ကျန်ခဲ့မှန်း ကားမှန်ကနေတဆင့် ကျွန်မ မြင်နေရတယ်လေ

လမ်းမကြီးကို ငေးကြည့်ရင်း အဖြစ်အပျက်တွေက အိပ်မက်လိုလို တကယ်လိုလို.... ဟူး...ဘာဘဲနေနေ မောင့်ကို တွေ့လိုက်ရလို့ အလွမ်းပြေသွားပါပြီ

******

ဧည့်ခန်းထဲမှာ အန်တီမီယောင်းနဲ့စကားပြောနေတဲ့ မောင့်ရဲ့မေမေကို ကျွန်မ ခိုးကြည့်နေမိသည်

တကယ်တော့ မောင့်မေမေကို မောင်နဲ့ကျွန်မ လက်မှတ်ထိုးစေ့စပ်တဲ့နေ့ကတည်းက မြင်ဖူးပြီးသားပါ

ကျွန်မကို ပြုံးပြပြီး နွေးနွေးထွေးထွေးနဲ့ သူ့သမီးလေးတစ်ယောက်လို မောင့်မေမေက ဆက်ဆံပေးခဲ့တယ်လေ

"ဘယ်သူ့များ အဲ့လောက်​ငေးနေလည်း အောက်မေ့တယ် ကိုယ့်ယောက္ခမကို ကိုယ်ငေးနေတာတော် "

ဂျီမင်းက သူ့သူငယ်ချင်းတွေကို ပြုံးပြလိုက်ပါတယ်

"ငါ အရမ်းကို အံ့သြသွားတာ ယုဂျီရယ် ဒီကမ္ဘာလောကကြီးမှာ ဒီလိုမျိုးဖြစ်လာတာလားဆိုတာ "

"ငါက ပိုအံ့သြတာ ရူဂျင်းရဲ့ "

ဂျီမင်းက ပခုံးလေးတွန့်ပြီး ပြောလိုက်သည်

နူးညံ့သော ပိုးဇာဂါဝန်အနက်ရောင်လေး နဲ့ အရမ်းလှနေသည်

စားပွဲခုံပေါ် မေးလေးထောက်ပြီး ပြုံးတုံးတုံးလုပ်နေတဲ့ ဂျီမင်းကို သူ့သူငယ်ချင်းတွေက ငေးကြည့်နေကြတယ်

ဧည့်သည်တွေ ပြန်ကုန်ကြပြီမို့ အရင်းနှီးဆုံး လူတစ်ချို့သာ ခြံထဲ ကျန်ခဲ့တယ်လေ

ဂျီမင်းရဲ့ ဆွေမျိုးတွေကတော့ တစ်နယ်တစ်ဝေးမှာ....တစ်နယ်တစ်ဝေးဆိုတာထက် ခပ်စိမ်းစိမ်းမို့ မဖိတ်ခဲ့တာပါ

မင်ဂျောင်းရဲ့ ဆွေမျိုးတွေသာ အလာများသည် ဆယ်ဝမ်းကွဲတောင် အမျိုးအရင်းလို ဆက်ဆံပြောဆိုနေကြလေရဲ့

သူ့ဆွေမျိုးများထဲမှာ ကျောင်းတုံးက ဂျီမင်းတို့ မျက်မှန်းတန်းမိနေတဲ့ လူတစ်ချို့လည်း ပါသေးသည် သို့သော် လူချမ်းသာ အုပ်စုမို့ ဂျီမင်းတို့နဲ့မခင်ပေ

ပြီးတော့ ဒီနေ့မင်္ဂလာပွဲမှာလည်း ဂျီမင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပုံမပြ မကျေမနပ်ရှိပြီး ရိုင်းစိုင်းစွာ မဆက်ဆံတာကိုဘဲ ကျေးဇူးတင်ရမလို

အခုတော့ သူတို့ ပြန်ကြပြီ အန်တီမီယောင်းနဲ့ အန်တီဂျက်စီကာ(မောင့်မေမေ)က တစ်ဝိုင်း မောင်နဲ့ ဂျပန်က သူ့သူငယ်ချင်းဆိုလား အယ်ရီဆိုတဲ့ကောင်မလေးနဲ့ သူ့သူငယ်ချင်းတို့က တစ်ဝိုင်း
ယုဂျီမင်းနဲ့ သူ့သူငယ်ချင်းတွေက တစ်ဝိုင်း

မောင့်ရဲ့ တပည့်တွေက တစ်ခြံလုံးကို ရှင်းပြီး သိမ်းစရာရှိတာ သိမ်းနေလေရဲ့

"မမလေး ရေခဲမုန့်က တစ်စည်လောက်ကျန်ပါသေးတယ် ယူပါအုံးမလား "

ဂျီမင်းကို ကားပေါ်တက်လိုက်ဖို့ ပြောခဲ့တဲ့ မိန်းကလေးက လာပြောတော့ ဂျီမင်းလည်း ခေါင်းညိတ်ပြလိုက်တယ်

ရူဂျင်းတို့ကတော့ ရေခဲမုန့်ထပ်စားရပြီဆိုပြီး ပျော်နေလေရဲ့

"နင်လည်း စားလေ ယုဂျီ "

"ဟင့်အင်း ငါမစားနိုင်တော့ဘူး "

"အေးပေါ့ ဒီလောက်တော့ ရှိမှာပေါ့ ကောင်မလေးချောချောလေးရထားတော့လည်း ဘာမှမစားတောင် ဗိုက်ပြည့်တယ် "

"ကင်မင်ဂျောင်းကျွေးရင်တော့ သူစားမှာပါဟာ ကင်မင်ဂျောင်းကဖြင့် သူ့ဆို တအားချော့တဲဥစ္စာ  "

ရယ်ဂျီရဲ့ စကားကြောင့် ဂျီမင်းပြုံလိုက်မိသည်

"ငါလေ သူ့ကိုကြောက်နေတာသိလား ကြောက်သလိုကြီး ဖြစ်နေတာ "

"နင်တင်မဟုတ်ပါဘူး ယုဂျီရယ် ငါတို့လည်း တကယ်တမ်းကြောက်နေတာပါ နင်လည်းသိသား ငါတို့က နင့်ကို သူနဲ့ သဘောမတူတဲ့ဘက်ကလေ  ထင်ရာတွေပြောခဲ့တာဆိုတော့ အခုတော့ မျက်နှာပူသားဟ "

ယူနာက ခေါင်းလေးငုံ့ပြီး ပြောလေရဲ့

ဟုတ်တာဘဲ ရူဂျင်းတို့ အုပ်စုက မောင့်ကိုဆို အသေနိုင်တာလေ ခြေသလုံးအိမ်တိုင်ဘဝကဖြစ်ရမယ်ဆိုပြီး လက်ထပ်ခွင့်တောင်းတုံးကတောင် ကန့်ကွက်ကြသေးတယ်

ဂျီမင်း သူ့သူငယ်ချင်းတွေနဲ့ စကားပြောရင်း မင်ဂျောင်းကို လှမ်းကြည့်လိုက်သည်

ဘုရားရေ မောင်က ဆေးလိပ်သောက်နေတာလား မြင်နေကြပုံစံနဲ့မတူတဲ့ မောင့်ပုံစံကို မြင်ရတာ ကျွန်မ ရင်တွေခုန်လိုက်တာရှင်

"နင် အရမ်းအံ့သြသွားမှာဘဲ သူကလည်း ဘာမပြောညာမပြောနဲ့ ချက်ချင်းဘဲတော် "

"ငါနဲ့စချစ်ကတည်းက သူ့မေမေကို ပြောခဲ့ပြီးပြီတဲ့ သူ့မေမေက သိသိချင်း ချက်ချင်း လက်ထပ်ခိုင်းတာတဲ့ "

"နင့်ကိုပြောမရတော့ ဇွတ်အတင်း ကားပေါ်တင် အိမ်ကိုခေါ်တယ်ဆိုပါစို့ ဘာလို့ အစက အဲ့လိုခပ်စုတ်စုတ်နေရတာလဲ "

"ငါမသိဘူး ရယ်ဂျီ "

"ဘာရယ်ရွယ်ချက်ရယ်မသိ ချမ်းသာတာကို ဖုံးဖိပြီး သူတောင်းစားသာသာနေခဲ့တာ ပိရိပါ့ "

"သူက သိပ်ချမ်းသာတော့ အချစ်စစ်ကို လိုချင်ခဲ့တာထင်ပါရဲ့ "

ရူဂျင်းရဲ့စကားကြောင့် ဂျီမင်း ငူငိုင်သွားတယ်

ဒီရည်ရွယ်ချက်ဘဲ ဖြစ်ပါစေ ဒီရည်ရွယ်ချက်သာဆိုရင်တော့ မောင့်ရည်ရွယ်ချက်တွေ ပြည့်ပါတယ်

ဂျီမင်းက မောင့်ကို ဘာမှမမက်မောဘဲ ရိုးသားဖြူစင်စွာ ချစ်ခဲ့တာပါ မောင်ရယ်

#tbc

#zawgyi

"ယုဂ်ီမင္း ခင္ဗ်ား ျပန္ေတာ့ "

ေမာင္ဆိုတဲ့ ကင္မင္ေဂ်ာင္းက စကားခပ္ျပတ္ျပတ္ဆို၍ အျပင္ထြက္သြားေသာေၾကာင့္ ဂ်ီမင္းကလည္း အေနာက္ကေန ေျပးလိုက္သြားရတယ္

ေမာင္ ဘာေၾကာင့္ ဒီေလာက္ထိ ခက္ထန္မာေက်ာသြားရသလဲကြယ္

ကြၽန္မက ေမာင့္ခ်စ္သူ မဟုတ္ဘူးလား

မဟုတ္ပါဘူး ေမာင္က စိတ္ဆိုးေျပကာစမို႔ အခုလိုျဖစ္ေနတာေနမွာပါ အရင္ကလည္း ေမာင္က အၿမဲ စိတ္ေကာက္တတ္တယ္ေလ ကြၽန္မကဘဲ ေမာင့္ကို အေလ်ာ့ေပးေခ်ာ့ခဲ့ရတာ

ေမာင္ ၿခံထဲကို ဆင္းလာေတာ့ ၿခံထဲမွာ ရွိေနတဲ့ၿခံေစာင့္ေတြက ေျပးလာၾကတယ္

"သခင္မေလး ဘာအလိုရွိလို႔လဲဗ်ာ့"

"ကားဆရာ အီေဆာင္းဆူေရာ "

မင္ေဂ်ာင္းက ေမးေတာ့ ကားကို ေရေဆးေနတဲ့ ကားဆရာကေျပးလာတယ္

"သူ႕ကို အိမ္ေသခ်ာျပန္လိုက္ပို႔လိုက္ ကျုပ်ပြောတဲ့အဓိပ္ပါယ်သိတယ်နော် လမ္းခရီးမွာ တစ္ခုခုျဖစ္ရင္ ျပန္မလာနဲ႕ "

ေမာင့္ရဲ႕ ရာဇသံအဆုံးမွာ ေမာင္ တို႔ကို လိုက္ပို႔ေပးပါ့လား လို႔ ေျပာမယ့္ ကြၽန္မရဲ႕စကားေတြ အျမန္ထိန္းလိုက္ရတယ္

မင္းေဂ်ာင္းက ဘာမွမေျပာခင္ ဂ်ီမင္းမွာ အလိုက္တသိနဲ႕ကားေနာက္ခန္းမွာ ဝင္ထိုင္လိုက္သည္

ကားေနာက္ခန္းကေန မင္ေဂ်ာင္းကိုၾကည့္ရင္း ဂ်ီမင္း သက္ျပင္းခ်မိတယ္

ဘာမွန္းမသိတဲ့ အရွိန္အဝါေတြေၾကာင့္ မင္းေဂ်ာင္းကို ဂ်ီမင္း ရွိန္ေနမိသည္

ထုထည္ႀကီးမားလြန္းတဲ့အရာတစ္ခုက ကြၽန္မနဲ႕ေမာင့္ၾကားကို ကာဆီးလိုက္သလိုပင္

ရင္ထဲတို႔ဆစ္ႀကီး ျဖစ္ေနေသာေၾကာင့္ ေမာင့္ကိုေတာင္ ကြၽန္မ မႏႈတ္ဆက္နိုင္...ေမာင္ကေတာ့ ကြၽန္မကို လက္ပိုက္ၾကည့္ရင္း က်န္ခဲ့မွန္း ကားမွန္ကေနတဆင့္ ကြၽန္မ ျမင္ေနရတယ္ေလ

လမ္းမႀကီးကို ေငးၾကည့္ရင္း အျဖစ္အပ်က္ေတြက အိပ္မက္လိုလို တကယ္လိုလို.... ဟူး...ဘာဘဲေနေန ေမာင့္ကို ေတြ႕လိုက္ရလို႔ အလြမ္းေျပသြားပါၿပီ

******

ဧည့္ခန္းထဲမွာ အန္တီမီေယာင္းနဲ႕စကားေျပာေနတဲ့ ေမာင့္ရဲ႕ေမေမကို ကြၽန္မ ခိုးၾကည့္ေနမိသည္

တကယ္ေတာ့ ေမာင့္ေမေမကို ေမာင္နဲ႕ကြၽန္မ လက္မွတ္ထိုးေစ့စပ္တဲ့ေန႕ကတည္းက ျမင္ဖူးၿပီးသားပါ

ကြၽန္မကို ၿပဳံးျပၿပီး ႏြေးႏြေးေထြးေထြးနဲ႕ သူ႕သမီးေလးတစ္ေယာက္လို ေမာင့္ေမေမက ဆက္ဆံေပးခဲ့တယ္ေလ

"ဘယ္သူ႕မ်ား အဲ့ေလာက္ေငးေနလည္း ေအာက္ေမ့တယ္ ကိုယ့္ေယာကၡမကို ကိုယ္ေငးေနတာေတာ္ "

ဂ်ီမင္းက သူ႕သူငယ္ခ်င္းေတြကို ၿပဳံးျပလိုက္ပါတယ္

"ငါ အရမ္းကို အံ့ၾသသြားတာ ယုဂ်ီရယ္ ဒီကမၻာေလာကႀကီးမွာ ဒီလိုမ်ိဳးျဖစ္လာတာလားဆိုတာ "

"ငါက ပိုအံ့ၾသတာ ႐ူဂ်င္းရဲ႕ "

ဂ်ီမင္းက ပခုံးေလးတြန့္ၿပီး ေျပာလိုက္သည္

ႏူးညံ့ေသာ ပိုးဇာဂါဝန္အနက္ေရာင္ေလး နဲ႕ အရမ္းလွေနသည္

စားပြဲခုံေပၚ ေမးေလးေထာက္ၿပီး ၿပဳံးတုံးတုံးလုပ္ေနတဲ့ ဂ်ီမင္းကို သူ႕သူငယ္ခ်င္းေတြက ေငးၾကည့္ေနၾကတယ္

ဧည့္သည္ေတြ ျပန္ကုန္ၾကၿပီမို႔ အရင္းႏွီးဆုံး လူတစ္ခ်ိဳ႕သာ ၿခံထဲ က်န္ခဲ့တယ္ေလ

ဂ်ီမင္းရဲ႕ ေဆြမ်ိဳးေတြကေတာ့ တစ္နယ္တစ္ေဝးမွာ....တစ္နယ္တစ္ေဝးဆိုတာထက္ ခပ္စိမ္းစိမ္းမို႔ မဖိတ္ခဲ့တာပါ

မင္ေဂ်ာင္းရဲ႕ ေဆြမ်ိဳးေတြသာ အလာမ်ားသည္ ဆယ္ဝမ္းကြဲေတာင္ အမ်ိဳးအရင္းလို ဆက္ဆံေျပာဆိုေနၾကေလရဲ႕

သူ႕ေဆြမ်ိဳးမ်ားထဲမွာ ေက်ာင္းတုံးက ဂ်ီမင္းတို႔ မ်က္မွန္းတန္းမိေနတဲ့ လူတစ္ခ်ိဳ႕လည္း ပါေသးသည္ သို႔ေသာ္ လူခ်မ္းသာ အုပ္စုမို႔ ဂ်ီမင္းတို႔နဲ႕မခင္ေပ

ၿပီးေတာ့ ဒီေန႕မဂၤလာပြဲမွာလည္း ဂ်ီမင္းကို လွိုက္လွိုက္လွဲလွဲ ႀကိဳဆိုပုံမျပ မေက်မနပ္ရွိၿပီး ရိုင္းစိုင္းစြာ မဆက္ဆံတာကိုဘဲ ေက်းဇူးတင္ရမလို

အခုေတာ့ သူတို႔ ျပန္ၾကၿပီ အန္တီမီေယာင္းနဲ႕ အန္တီဂ်က္စီကာ(ေမာင့္ေမေမ)က တစ္ဝိုင္း ေမာင္နဲ႕ ဂ်ပန္က သူ႕သူငယ္ခ်င္းဆိုလား အယ္ရီဆိုတဲ့ေကာင္မေလးနဲ႕ သူ႕သူငယ္ခ်င္းတို႔က တစ္ဝိုင္း
ယုဂ်ီမင္းနဲ႕ သူ႕သူငယ္ခ်င္းေတြက တစ္ဝိုင္း

ေမာင့္ရဲ႕ တပည့္ေတြက တစ္ၿခံလုံးကို ရွင္းၿပီး သိမ္းစရာရွိတာ သိမ္းေနေလရဲ႕

"မမေလး ေရခဲမုန့္က တစ္စည္ေလာက္က်န္ပါေသးတယ္ ယူပါအုံးမလား "

ဂ်ီမင္းကို ကားေပၚတက္လိုက္ဖို႔ ေျပာခဲ့တဲ့ မိန္းကေလးက လာေျပာေတာ့ ဂ်ီမင္းလည္း ေခါင္းညိတ္ျပလိုက္တယ္

႐ူဂ်င္းတို႔ကေတာ့ ေရခဲမုန့္ထပ္စားရၿပီဆိုၿပီး ေပ်ာ္ေနေလရဲ႕

"နင္လည္း စားေလ ယုဂ်ီ "

"ဟင့္အင္း ငါမစားနိုင္ေတာ့ဘူး "

"ေအးေပါ့ ဒီေလာက္ေတာ့ ရွိမွာေပါ့ ေကာင္မေလးေခ်ာေခ်ာေလးရထားေတာ့လည္း ဘာမွမစားေတာင္ ဗိုက္ျပည့္တယ္ "

"ကင္မင္ေဂ်ာင္းေကြၽးရင္ေတာ့ သူစားမွာပါဟာ ကင္မင္ေဂ်ာင္းကျဖင့္ သူ႕ဆို တအားေခ်ာ့တဲဥစၥာ "

ရယ္ဂ်ီရဲ႕ စကားေၾကာင့္ ဂ်ီမင္းၿပဳံလိုက္မိသည္

"ငါေလ သူ႕ကိုေၾကာက္ေနတာသိလား ေၾကာက္သလိုႀကီး ျဖစ္ေနတာ "

"နင္တင္မဟုတ္ပါဘူး ယုဂ်ီရယ္ ငါတို႔လည္း တကယ္တမ္းေၾကာက္ေနတာပါ နင္လည္းသိသား ငါတို႔က နင့္ကို သူနဲ႕ သေဘာမတူတဲ့ဘက္ကေလ ထင္ရာေတြေျပာခဲ့တာဆိုေတာ့ အခုေတာ့ မ်က္ႏွာပူသားဟ "

ယူနာက ေခါင္းေလးငုံ႕ၿပီး ေျပာေလရဲ႕

ဟုတ္တာဘဲ ႐ူဂ်င္းတို႔ အုပ္စုက ေမာင့္ကိုဆို အေသနိုင္တာေလ ေျခသလုံးအိမ္တိုင္ဘဝကျဖစ္ရမယ္ဆိုၿပီး လက္ထပ္ခြင့္ေတာင္းတုံးကေတာင္ ကန့္ကြက္ၾကေသးတယ္

ဂ်ီမင္း သူ႕သူငယ္ခ်င္းေတြနဲ႕ စကားေျပာရင္း မင္ေဂ်ာင္းကို လွမ္းၾကည့္လိုက္သည္

ဘုရားေရ ေမာင္က ေဆးလိပ္ေသာက္ေနတာလား ျမင္ေနၾကပုံစံနဲ႕မတူတဲ့ ေမာင့္ပုံစံကို ျမင္ရတာ ကြၽန္မ ရင္ေတြခုန္လိုက္တာရွင္

"နင္ အရမ္းအံ့ၾသသြားမွာဘဲ သူကလည္း ဘာမေျပာညာမေျပာနဲ႕ ခ်က္ခ်င္းဘဲေတာ္ "

"ငါနဲ႕စခ်စ္ကတည္းက သူ႕ေမေမကို ေျပာခဲ့ၿပီးၿပီတဲ့ သူ႕ေမေမက သိသိခ်င္း ခ်က္ခ်င္း လက္ထပ္ခိုင္းတာတဲ့ "

"နင့္ကိုေျပာမရေတာ့ ဇြတ္အတင္း ကားေပၚတင္ အိမ္ကိုေခၚတယ္ဆိုပါစို႔ ဘာလို႔ အစက အဲ့လိုခပ္စုတ္စုတ္ေနရတာလဲ "

"ငါမသိဘူး ရယ္ဂ်ီ "

"ဘာရယ္႐ြယ္ခ်က္ရယ္မသိ ခ်မ္းသာတာကို ဖုံးဖိၿပီး သူေတာင္းစားသာသာေနခဲ့တာ ပိရိပါ့ "

"သူက သိပ္ခ်မ္းသာေတာ့ အခ်စ္စစ္ကို လိုခ်င္ခဲ့တာထင္ပါရဲ႕ "

႐ူဂ်င္းရဲ႕စကားေၾကာင့္ ဂ်ီမင္း ငူငိုင္သြားတယ္

ဒီရည္႐ြယ္ခ်က္ဘဲ ျဖစ္ပါေစ ဒီရည္႐ြယ္ခ်က္သာဆိုရင္ေတာ့ ေမာင့္ရည္႐ြယ္ခ်က္ေတြ ျပည့္ပါတယ္

ဂ်ီမင္းက ေမာင့္ကို ဘာမွမမက္ေမာဘဲ ရိုးသားျဖဴစင္စြာ ခ်စ္ခဲ့တာပါ ေမာင္ရယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co