Part 5
အန်တီမီယောင်းမှာ မောင့်ကို သံယောဇဉ်တော့ ရှိပေမယ့် အိမ်လိပ်စာတောင်မှ ပြောပြခြင်း မရှိ အလုပ်လည်း ရှိပုံမရသော... စဉ်းစားရခက်သည့် မောင်နှင့် ယုဂျီမင်းကို ခွင့်မပြုနိုင်ခဲ့
အိမ်ထောင်ပြုခြင်း ဆိုတာဟာ မိန်းကလေး တစ်ယောက်၏ ဘဝမှာ အရေးပါလှသော အစိတ်အပိုင်း တစ်ခုပဲ မဟုတ်လားဆိုပြီး မောင့်ကို အလုပ်တစ်ခုခုတော့ ရှာဖို့ ဂျီမင်းကနေ တစ်ဆင့် ပြောခိုင်းသည်
ဂျီမင်းက ပြန်ပြောတော့ မောင့် မျက်နှာ မကြည်လင်
နောက်ဆုံး မောင် စိတ်ဆိုးသွားပြီး ပေါ်မလာတော့သောအခါကမှ အန်တီမီယောင်းတစ်ယောက် မျက်ရည်ကလေး စမ်းစမ်းနှင့် မိန်းမ သားပီပီ တဖျစ်တောက်တောက် ပြောရင်း ဆိုရင်း မျှော်နေခဲ့တာ ခုထိပင်
“ဂျီမင်း..”
ခေါ်သံကြောင့် ဂျီမင်း အတွေးလွန်ရာက မော့ကြည့်လိုက်သည်
အန်တီမီယောင်းက ဂျီမင်း ခေါင်းကလေးကို အုပ်ကိုင်ကာ ပြုံးပြုံးကြီး ရပ်နေ၏
‘အန်တီတို့ ပြန်မယ်"
အန်တီမီယောင်း စကားက ငါးလုံးတည်းနှင့် မှီ့ ရင်ထဲ တဆတ်ဆတ် တုန်ခါသွားစေသည်
မိဘ မရှိတော့ကတည်းက အန်တီမီယောင်းက မိဘသဖွယ်မို့ အားကိုးချစ်ခဲ့ရတာ
ဂျီမင်း မှတ်မိသလောက် ခုချိန်ထိ သူ့အန်တီနှင့် တစ်ညမှ ခုတင် ခွဲကာ မအိပ်ဖူးသေး
“ဟုတ်... ဟုတ်ကဲ့ "
သူငယ်ချင်းတွေပါ စားပွဲက ထရပ်သည်
ရယ်ဂျီ နဲ့ ရူဂျင်းသွယ်ရောက အိမ်နီးနားချင်း ချည်းပဲမို့ အန်တီမီယောင်းနဲ့ ကားတစ်စီးတည်း ပြန်ဖို့ စီစဉ်ထားသည်
“နက်ဖြန် ကျောင်းကျမှ တွေ့ကြမယ်ဟာ"
“နင်က ချက်ချင်း ကျောင်းပြန်တက်မှာလား၊ ဟန်းနီးမွန်းလေး ဘာလေး မသွားဘူးလား"
“သူက ဘာမှမပြောဘူး”
“ကဲ .. သမီး အန်တီ ဆုံးမထားတာတွေ ဘာတစ်ခုမှ မမေ့နဲ့နော် လိမ်လိမ်မာမာနေနော် ... အန်တီပြန်မယ်"
“တီလေး "
ဂျီမင်းက ကလေးတစ်ယောက်လို မျက်ရည်ဝဲလာတာမို့ အန်တီမီယောင်းက သူ့ လက်ဖျားကလေးကို ဆုပ်ကိုင်လိုက်သည်
“ဘာမှ မဝေးတာ သမီးရယ် ခဏ ခဏ လာလည်ပေါ့ကွယ် သမီး သံယောဇဉ်ကြီးတဲ့ စာအုပ်ဆိုင်ကလေးကိုလဲ စိတ်ချပါ"
“ဟုတ်... ဟုတ်ကဲ့ "
ဂျီမင်းက သူတို့နားမှ ခွာကာ မင်ဂျောင်း ရှိရာ စားပွဲဝိုင်းသို့ လာခဲ့၏
ဘာမှ မမေးပေမယ့် သူ့ မျက်ဝန်းများက ‘ဘာလဲ’ဟု မေးနေသလိုပင်
ကျန်လူများကလည်း လှည့်ကြည့်ကြတာမို့ ဂျီမင်း အားလုံးကို ကြိုးစား ပြုံးပြလိုက်ရသည်
"ဟို... အန်တီတို့ ပြန်တော့မယ်တဲ့“
“ဟုတ်လား”
ဂျီမင်း ခေါင်းညိတ်လိုက်သည်
မင်ဂျောင်းက စီးကရက်ကို ပါးစပ်မှ ဖြုတ်ယူကာ ပြာတစ်ချက် ခြွေလိုက်ရင်း. . .
“ကား စီစဉ်ထားပေးတယ်လေ"
သူ့စကားကြောင့် ဂျီမင်းမျက်နှာကလေး ညိုသွားရကာ. . .
“မောင် လာနှုတ်ဆက်လိုက်ပါအုံး"
ဂျီမင်း အရဲစွန့်ပြီး ပြောလိုက်၏
ပြန်တွေ့ကတည်းက မောင့်ဆီ စကားချိုသာစွာပြောတာ ခုထိ မကြားရသေး
ရုပ်တည်တည်နဲ့ကလည်း နေသေးသည်
တကယ်ဆို ဒီရက်မှာ သူ ပျော်ရွှင် ဝမ်းသာနေရမှာပေါ့
ခုတော့ ရုပ်က ခပ်တည်တည် ရှက်ပဲ နေသလားတော့မသိ
“ရတယ်လေ... ဂျောင်း... သွားလေ"
သူ့သူငယ်ချင်းတစ်ယောက်က ပြောတော့ မင်ဂျောင်း မျက်နှာ ပို၍ တင်းသွားတယ်
ဂျီမင်းကိုသာ စူးရဲစွာ စိုက်ကြည့်နေ လိုက်သည်
ဒီမိန်းကလေးကို စိုက်ကြည့်မိတိုင်း ရင်ထဲ အမြဲ လှုပ်ရှားရသည်
ခု တစ်ခါတော့ လှုပ်ရှားမှုက ပြင်းထန်နေလေရဲ့
ပြောချင်သော စကားတွေ ရင်ထဲမှာ များစွာရှိသော်လည်း ပြောထွက်ဖို့ လောက်ထိတော့ ဂျီမင်းကို သူ မပြတ်သားနိုင်သေး
ယုဂျီမင်း ...မင်းကိုမို့သာပေါ့. . . ဂျီမင်းရယ်. . . မင်းမို့သာပေါ့. ကင်မင်ဂျောင်းဘဝမှာ ဘယ်မိန်းကလေးကိုမှ ဒီလောက် တမြတ် တနိုးလည်း မရှိဖူးခဲ့၊ ချစ်လည်း မချစ်ဖူးခဲ့
တစ်ကြိမ်တုန်း ကတော့ မိန်းမ တစ်ယောက်အတွက် အချိန်များစွာ ပေးခဲ့ရဖူးသည်
သူမရှိတော့ ကတည်းက မိန်းကလေးတွေကို မချစ်မိအောင် နေခဲ့တာ ချစ်မြတ်နိုးခြင်း ကျဲကျဲပါးပါးမျှပင် မပါသော စွဲလမ်းမှုမျိုးနှင့်တောင် လူက ဝေဒနာခံစား ရသေးတယ် “သိပ်ချစ်မိလျှင်" ဆိုတာကို မတွေးရဲပေ
ချစ်ရမှာကို လန့်ခဲ့သည် သို့ပေမယ့် မင်းကို မြင်တော့ မြတ်မြတ်နိုးနိုး ချစ်မိတော့တယ် ဂျီမင်း
“မင်ဂျောင်းရေ ... ဒေါ်လေးတို့ ပြန်မယ်"
သူရော ဂျီမင်းပါ ငြိမ်သက်နေချိန် အန်တီမီယောင်း ရောက်လာ သည်
မင်ဂျောင်း ကို ပြုံးပြုံးလေးပင် လာနှုတ်ဆက်တာမို့ မင်ဂျောင်းမှာ ထိုင်ရာမှ ထရတော့သည်။
ဟိုတုန်းက ဒီက အန်တီမီယောင်း ပေးတာယူ သူကျွေးတာ စားခဲ့ဖူးသည်
ခိုင်းတာလည်း လုပ်ပေးခဲ့ဖူးသည်
ဆုံးမစကားတွေ နားထောင်ခဲ့ဖူးသည်
ခုချိန်မှာ အန်တီမီယောင်း ကိုလည်း အကျေနပ်ကြီး မဟုတ်လှပေမယ့် ဒီမျှအထိတော့ မလေးမစား မလုပ်နိုင်သေးပါ အတွေးနှင့်ပင် မင်ဂျောင်း
သက်ပြင်းချသည်
“ပြန်တော့မလား အန်တီ"
“ပြန်တော့မယ်...…. .. ဒီသူ့သူငယ်ချင်း
တွေလဲ တစ်ခါထဲ ပို့မှာလေ"
“ကျွန်တော် ကား လုပ်ထားပြီးသား"
“ရတယ်. . . စကားသာ ဆက်ပြောပါ ကားက ဒီနားတင် ဥစ္စာ"
“ဆောင်းဆူ ”
“ဟုတ်ကဲ့ခင်ဗျ”
“အန်တီနဲ့ ဒီမိန်းကလေးတွေကို ပြန်ပို့ရအောင်”
“ဟုတ်ကဲ့ခင်ဗျ"
ဂျီမင်းမှာ သူ့အန်တီနှင့်အတူ ကားရှိရာသို့ လိုက်လျှောက် လာရင်း.နှုတ်ခမ်းလေး ကိုက်ထားမိသည်
အန်တီ ကိုတော့ စိတ်ထဲရှိသမျှ ပြောပြမနေတော့ပါပြောချင်တိုင်း ပြောရလျှင် သူ အိပ်မပျော်ရှာဘဲ ရှိလိမ့်မည်
ကျွန်မ . . . မောင့်ကိုမကျေနပ်ဘူး. . . မကျေနပ်ဘူး
ရင်ထဲမှာ သာ ထပ်ထပ်ခါခါ ကြုံးဝါးမိသည်
ဘာဖြစ်နေမှန်းလဲ ဂျီမင်း မသိ တစ်ခုတော့ တစ်ခုခုပါပဲဆိုတာ သိနေလျက် အားငယ်မျက်ရည်တွေ မျက်ဝန်းထဲ ဝိုင်းရစ်နေရ၏
“ဂျီမင်းရေ ပြန်တော့မယ် . ."
“ပြန်တော့မယ်ဟေ့. . ."
သူငယ်ချင်းသုံးယောက်က လက်ပြသည်
ဂျီနင်းလည်း ပြန်ပြလိုက်၏
အန်တီမီယောင်း ယက ပြုံးလျက်သား မျက်ဝန်းစိုစိုတို့နှင့် တစ်ချက် လှည့် ကြည့်သည်
ကားကလေး ထွက်သွားတော့ ဂျီမင်း သက်ပြင်း ချလိုက်သည်
ဘာပဲဖြစ်ဖြစ် မင်္ဂလာဦးညမှာ မောင့်ကို အပြစ်မမြင်ချင်
ခု လောလောဆယ် ဘာဖြစ်နေနေ. . . မောင် ဆိုတဲ့ သူဟာ ကျွန်မကို အသက်မက ချစ်တာ ကျွန်မ ယုံပြီးသား မောင့် အကြင်နာ အယုယတွေ ထဲမှာ ရွှင်လန်းခဲ့ဖူးသားဘဲ
ဂျီမင်းက ကားရပ်ထားရာ နံဘေးမှ ထွက်လာခဲ့သည်
မင်ဂျောင်းရဲ့ မိတ်ဆွေများ၏ ကားများသာ ကျန်တော့သည်
သူတို့ကြည့်ရတာ ခြံထဲမှာ ဒီညဝိုင်းဖွဲ့ကြမည့်ပုံပင်
ဂျီမင်း. . . သူတို့ စားပွဲနားက အဖြတ် မင်ဂျောင်း ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
သူ့နံဘေးက လူတစ်ယောက် ခြစ်ပေးသော မီးခြစ်မှာ စီးကရက်တစ်လိပ်ကို ကုန်းကာ ညှိယူရှိုက်ဖွာနေသည်
ပြီးသွားတော့ ကုလားထိုင်မှာ ခပ်မှီမှီ ပြန်ထိုင်လိုက်သည်
ဖြတ်သွားတာကို မမြင်ဘဲနေမှာ မဟုတ်ပေမယ့် တစ်ချက် မှ လှမ်းမကြည့်
ဂျီမင်း သူတို့စားပွဲမှာ ဝင်ထိုင်လိုက်ချင်ပေမယ့် ပြောစရာ စကား မရှိတာကြောင့် ခေါင်းငုံ့ပြီးတော့ အိမ်ကြီးဆီ လျှောက်လာခဲ့၏
ဂျီမင်း အိမ်ထဲ ဝင်မှာကို မြင်သောအခါ အိမ်ဖော်အကူက ဂျီမင်း နောက်မှ လိုက်ပါလာသည်
ဂျီမင်း အပေါ်ထပ်တက်ရာ လှေကားရင်းမှာ ခဏ ရပ်ကာ သူ့နောက်ကို လှည့်ကြည့်ရင်း. . .
“မေမေရော. . . ဟင်"
လေသံပျော့ပျော့ကလေးနှင့် မေးမိသည်
"သခင်မကြီး အိမ်ပေါ်ထပ် တက်သွားပါပြီ မမလေး"
“ကျွန်မလဲ အိမ်ပေါ် တက်တော့မယ်နော်”
မရင်းနှီးသေးသော ဒီအိမ်ကြီး အပေါ်ထပ်သို့ တက်သွားဖို့ရာ ဂျီမင်းမှာ အဖော်မဲ့နေရသည်
“တက်ပါ မမလေး"
“ကျွန်မကို ဂရုမစိုက်ပါနဲ့ လုပ်စရာရှိတာ လုပ်ပါ"
“ကျွန်မအလုပ်က .. မမလေး.. အလုပ်တွေ လုပ်ပေးဖို့ပါ”
“ဩော်"
ဂျီမင်း ဘာမှ ပြန်မပြောဘဲ အပေါ်ထပ်သို့ တက်လာခဲ့တော့သည်
ဒီ အပေါ်ထပ်ကို ရောက်ဖူးတော့ ရောက်ဖူးပြီးသား ဒီမနက်ကမှပါ
အလှပြုပြင်ဖို့ အဝတ်အစားလဲဖို့ ဒီအိမ်မှာသာ စီစဉ်ထားတာမို့ ဂျီမင်း မနက်ကတည်းက ဒီအိမ်ကို ရောက်လာသည်
သို့ပေမယ့် မှီ နေရမည့်အခန်းတော့ ဟုတ်ပုံမရ ခေါက်သိမ်းထားသော တစ်ယောက်အိပ်ခုတင် တစ်လုံးနှင့် မှန်တင်ခုံ တစ်ခုသာ ရှိသော အခန်းရှင်းရှင်း တစ်ခုထဲမှာ အလှပြင် ရသည်
ဧည့်သည် စောင်သည်များအတွက် ထားသော အခန်း ဖြစ်ပုံရသည်
ဂျီမင်း ဘယ်အခန်းဝင်ရမလဲ မသိတာမို့ အိမ်အကူကို စောင့်ကာ လျှောက်ရသည်
“ဒီအခန်းပါ... မမလေး”
စကားသံကြောင့် တံခါး တစ်ခုရှေ့ ရပ်လိုက်ရ သည် အိမ်အကူက ရှေ့ထွက်လာကာ ကြေးလက်ကိုင် တံခါးဖုကို လှည့်၍ ဂျီမင်းကို ဝင်စေလိုက်သည်
ဂျီမင်းရဲ့ ရင်တွေတုန်ရင်လာကာ မရဲတရဲ လှမ်းဝင်လိုက်သည်
ဖြူဆွတ်ဆွတ် ဇာတွေ အများအပြားဖြင့် အလှ ဆင်ထားသော အခန်းတစ်ခုထဲ ပြတင်းပေါက်တွေမှာ ဇာဖြူတွေ သံကွင်းတပ်လျက် ဖားဖား အိအိ စည်းထားသည်
ဇာဖြူရောင် အိပ်ရာဖုံး ဇာဖြူ ခေါင်းအုံးအစွပ် ဆင်ယင် ထားသော ခုတင်ကို လှမ်းအမြင်မှာ ဂျီမင်း ခြေလှမ်းတွေ ရပ်တန့် သွားရသည်
ဒုတ်ဒုတ် မြည်လာသော ရင်ခုန်သံက အခန်းထဲမှာ ပဲ့တင်ထပ်မတတ် ဖြစ်နေလေရဲ့
ခုတင် နှစ်လုံး...
တစ်ယောက်အိပ်ခုတင် နှစ်လုံးကို ဂျီမင်း ကြည့်နေမိရာက ခေါင်းကလေး တစ်ချက် ခါယမ်းလိုက်သည်
မောင်ရယ် ကျွန်မနဲ့တောင် အတူမအိပ်ချင်ဘူးလားကွယ်
#tbc
#zawgyi
အန္တီမီေယာင္းမွာ ေမာင့္ကို သံေယာဇဥ္ေတာ့ ရွိေပမယ့္ အိမ္လိပ္စာေတာင္မွ ေျပာျပျခင္း မရွိ အလုပ္လည္း ရွိပုံမရေသာ... စဥ္းစားရခက္သည့္ ေမာင္ႏွင့္ ယုဂ်ီမင္းကို ခြင့္မျပဳနိုင္ခဲ့
အိမ္ေထာင္ျပဳျခင္း ဆိုတာဟာ မိန္းကေလး တစ္ေယာက္၏ ဘဝမွာ အေရးပါလွေသာ အစိတ္အပိုင္း တစ္ခုပဲ မဟုတ္လားဆိုၿပီး ေမာင့္ကို အလုပ္တစ္ခုခုေတာ့ ရွာဖို႔ ဂ်ီမင္းကေန တစ္ဆင့္ ေျပာခိုင္းသည္
ဂ်ီမင္းက ျပန္ေျပာေတာ့ ေမာင့္ မ်က္ႏွာ မၾကည္လင္
ေနာက္ဆုံး ေမာင္ စိတ္ဆိုးသြားၿပီး ေပၚမလာေတာ့ေသာအခါကမွ အန္တီမီေယာင္းတစ္ေယာက္ မ်က္ရည္ကေလး စမ္းစမ္းႏွင့္ မိန္းမ သားပီပီ တဖ်စ္ေတာက္ေတာက္ ေျပာရင္း ဆိုရင္း ေမွ်ာ္ေနခဲ့တာ ခုထိပင္
ဂ်ီမင္း..
ေခၚသံေၾကာင့္ ဂ်ီမင္း အေတြးလြန္ရာက ေမာ့ၾကည့္လိုက္သည္
အန္တီမီေယာင္းက ဂ်ီမင္း ေခါင္းကေလးကို အုပ္ကိုင္ကာ ၿပဳံးၿပဳံးႀကီး ရပ္ေန၏
အန္တီတို႔ ျပန္မယ္"
အန္တီမီေယာင္း စကားက ငါးလုံးတည္းႏွင့္ မွီ့ ရင္ထဲ တဆတ္ဆတ္ တုန္ခါသြားေစသည္
မိဘ မရွိေတာ့ကတည္းက အန္တီမီေယာင္းက မိဘသဖြယ္မို႔ အားကိုးခ်စ္ခဲ့ရတာ
ဂ်ီမင္း မွတ္မိသေလာက္ ခုခ်ိန္ထိ သူ႕အန္တီႏွင့္ တစ္ညမွ ခုတင္ ခြဲကာ မအိပ္ဖူးေသး
ဟုတ္... ဟုတ္ကဲ့ "
သူငယ္ခ်င္းေတြပါ စားပြဲက ထရပ္သည္
ရယ္ဂ်ီ နဲ႕ ႐ူဂ်င္းသြယ္ေရာက အိမ္နီးနားခ်င္း ခ်ည္းပဲမို႔ အန္တီမီေယာင္းနဲ႕ ကားတစ္စီးတည္း ျပန္ဖို႔ စီစဥ္ထားသည္
နက္ျဖန္ ေက်ာင္းက်မွ ေတြ႕ၾကမယ္ဟာ"
နင္က ခ်က္ခ်င္း ေက်ာင္းျပန္တက္မွာလား၊ ဟန္းနီးမြန္းေလး ဘာေလး မသြားဘူးလား"
သူက ဘာမွမေျပာဘူး
ကဲ .. သမီး အန္တီ ဆုံးမထားတာေတြ ဘာတစ္ခုမွ မေမ့နဲ႕ေနာ္ လိမ္လိမ္မာမာေနေနာ္ ... အန္တီျပန္မယ္"
တီေလး "
ဂ်ီမင္းက ကေလးတစ္ေယာက္လို မ်က္ရည္ဝဲလာတာမို႔ အန္တီမီေယာင္းက သူ႕ လက္ဖ်ားကေလးကို ဆုပ္ကိုင္လိုက္သည္
ဘာမွ မေဝးတာ သမီးရယ္ ခဏ ခဏ လာလည္ေပါ့ကြယ္ သမီး သံေယာဇဥ္ႀကီးတဲ့ စာအုပ္ဆိုင္ကေလးကိုလဲ စိတ္ခ်ပါ"
ဟုတ္... ဟုတ္ကဲ့ "
ဂ်ီမင္းက သူတို႔နားမွ ခြာကာ မင္ေဂ်ာင္း ရွိရာ စားပြဲဝိုင္းသို႔ လာခဲ့၏
ဘာမွ မေမးေပမယ့္ သူ႕ မ်က္ဝန္းမ်ားက ဘာလဲဟု ေမးေနသလိုပင္
က်န္လူမ်ားကလည္း လွည့္ၾကည့္ၾကတာမို႔ ဂ်ီမင္း အားလုံးကို ႀကိဳးစား ၿပဳံးျပလိုက္ရသည္
"ဟို... အန္တီတို႔ ျပန္ေတာ့မယ္တဲ့
ဟုတ္လား
ဂ်ီမင္း ေခါင္းညိတ္လိုက္သည္
မင္ေဂ်ာင္းက စီးကရက္ကို ပါးစပ္မွ ျဖဳတ္ယူကာ ျပာတစ္ခ်က္ ေႁခြလိုက္ရင္း. . .
ကား စီစဥ္ထားေပးတယ္ေလ"
သူ႕စကားေၾကာင့္ ဂ်ီမင္းမ်က္ႏွာကေလး ညိုသြားရကာ. . .
ေမာင္ လာႏႈတ္ဆက္လိုက္ပါအုံး"
ဂ်ီမင္း အရဲစြန႔္ၿပီး ေျပာလိုက္၏
ျပန္ေတြ႕ကတည္းက ေမာင့္ဆီ စကားခ်ိဳသာစြာေျပာတာ ခုထိ မၾကားရေသး
႐ုပ္တည္တည္နဲ႕ကလည္း ေနေသးသည္
တကယ္ဆို ဒီရက္မွာ သူ ေပ်ာ္႐ႊင္ ဝမ္းသာေနရမွာေပါ့
ခုေတာ့ ႐ုပ္က ခပ္တည္တည္ ရွက္ပဲ ေနသလားေတာ့မသိ
ရတယ္ေလ... ေဂ်ာင္း... သြားေလ"
သူ႕သူငယ္ခ်င္းတစ္ေယာက္က ေျပာေတာ့ မင္ေဂ်ာင္း မ်က္ႏွာ ပို၍ တင္းသြားတယ္
ဂ်ီမင္းကိုသာ စူးရဲစြာ စိုက္ၾကည့္ေန လိုက္သည္
ဒီမိန္းကေလးကို စိုက္ၾကည့္မိတိုင္း ရင္ထဲ အၿမဲ လႈပ္ရွားရသည္
ခု တစ္ခါေတာ့ လႈပ္ရွားမႈက ျပင္းထန္ေနေလရဲ႕
ေျပာခ်င္ေသာ စကားေတြ ရင္ထဲမွာ မ်ားစြာရွိေသာ္လည္း ေျပာထြက္ဖို႔ ေလာက္ထိေတာ့ ဂ်ီမင္းကို သူ မျပတ္သားနိုင္ေသး
ယုဂ်ီမင္း ...မင္းကိုမို႔သာေပါ့. . . ဂ်ီမင္းရယ္. . . မင္းမို႔သာေပါ့. ကင္မင္ေဂ်ာင္းဘဝမွာ ဘယ္မိန္းကေလးကိုမွ ဒီေလာက္ တျမတ္ တနိုးလည္း မရွိဖူးခဲ့၊ ခ်စ္လည္း မခ်စ္ဖူးခဲ့
တစ္ႀကိမ္တုန္း ကေတာ့ မိန္းမ တစ္ေယာက္အတြက္ အခ်ိန္မ်ားစြာ ေပးခဲ့ရဖူးသည္
သူမရွိေတာ့ ကတည္းက မိန္းကေလးေတြကို မခ်စ္မိေအာင္ ေနခဲ့တာ ခ်စ္ျမတ္နိုးျခင္း က်ဲက်ဲပါးပါးမွ်ပင္ မပါေသာ စြဲလမ္းမႈမ်ိဳးႏွင့္ေတာင္ လူက ေဝဒနာခံစား ရေသးတယ္ သိပ္ခ်စ္မိလွ်င္" ဆိုတာကို မေတြးရဲေပ
ခ်စ္ရမွာကို လန႔္ခဲ့သည္ သို႔ေပမယ့္ မင္းကို ျမင္ေတာ့ ျမတ္ျမတ္နိုးနိုး ခ်စ္မိေတာ့တယ္ ဂ်ီမင္း
မင္ေဂ်ာင္းေရ ... ေဒၚေလးတို႔ ျပန္မယ္"
သူေရာ ဂ်ီမင္းပါ ၿငိမ္သက္ေနခ်ိန္ အန္တီမီေယာင္း ေရာက္လာ သည္
မင္ေဂ်ာင္း ကို ၿပဳံးၿပဳံးေလးပင္ လာႏႈတ္ဆက္တာမို႔ မင္ေဂ်ာင္းမွာ ထိုင္ရာမွ ထရေတာ့သည္။
ဟိုတုန္းက ဒီက အန္တီမီေယာင္း ေပးတာယူ သူေကြၽးတာ စားခဲ့ဖူးသည္
ခိုင္းတာလည္း လုပ္ေပးခဲ့ဖူးသည္
ဆုံးမစကားေတြ နားေထာင္ခဲ့ဖူးသည္
ခုခ်ိန္မွာ အန္တီမီေယာင္း ကိုလည္း အေက်နပ္ႀကီး မဟုတ္လွေပမယ့္ ဒီမွ်အထိေတာ့ မေလးမစား မလုပ္နိုင္ေသးပါ အေတြးႏွင့္ပင္ မင္ေဂ်ာင္း
သက္ျပင္းခ်သည္
ျပန္ေတာ့မလား အန္တီ"
ျပန္ေတာ့မယ္.... .. ဒီသူ႕သူငယ္ခ်င္း
ေတြလဲ တစ္ခါထဲ ပို႔မွာေလ"
ကြၽန္ေတာ္ ကား လုပ္ထားၿပီးသား"
ရတယ္. . . စကားသာ ဆက္ေျပာပါ ကားက ဒီနားတင္ ဥစၥာ"
ေဆာင္းဆူ
ဟုတ္ကဲ့ခင္ဗ်
အန္တီနဲ႕ ဒီမိန္းကေလးေတြကို ျပန္ပို႔ရေအာင္
ဟုတ္ကဲ့ခင္ဗ်"
ဂ်ီမင္းမွာ သူ႕အန္တီႏွင့္အတူ ကားရွိရာသို႔ လိုက္ေလွ်ာက္ လာရင္း.ႏႈတ္ခမ္းေလး ကိုက္ထားမိသည္
အန္တီ ကိုေတာ့ စိတ္ထဲရွိသမွ် ေျပာျပမေနေတာ့ပါေျပာခ်င္တိုင္း ေျပာရလွ်င္ သူ အိပ္မေပ်ာ္ရွာဘဲ ရွိလိမ့္မည္
ကြၽန္မ . . . ေမာင့္ကိုမေက်နပ္ဘူး. . . မေက်နပ္ဘူး
ရင္ထဲမွာ သာ ထပ္ထပ္ခါခါ ႀကဳံးဝါးမိသည္
ဘာျဖစ္ေနမွန္းလဲ ဂ်ီမင္း မသိ တစ္ခုေတာ့ တစ္ခုခုပါပဲဆိုတာ သိေနလ်က္ အားငယ္မ်က္ရည္ေတြ မ်က္ဝန္းထဲ ဝိုင္းရစ္ေနရ၏
ဂ်ီမင္းေရ ျပန္ေတာ့မယ္ . ."
ျပန္ေတာ့မယ္ေဟ့. . ."
သူငယ္ခ်င္းသုံးေယာက္က လက္ျပသည္
ဂ်ီနင္းလည္း ျပန္ျပလိုက္၏
အန္တီမီေယာင္း ယက ၿပဳံးလ်က္သား မ်က္ဝန္းစိုစိုတို႔ႏွင့္ တစ္ခ်က္ လွည့္ ၾကည့္သည္
ကားကေလး ထြက္သြားေတာ့ ဂ်ီမင္း သက္ျပင္း ခ်လိဳက္သည္
ဘာပဲျဖစ္ျဖစ္ မဂၤလာဦးညမွာ ေမာင့္ကို အျပစ္မျမင္ခ်င္
ခု ေလာေလာဆယ္ ဘာျဖစ္ေနေန. . . ေမာင္ ဆိုတဲ့ သူဟာ ကြၽန္မကို အသက္မက ခ်စ္တာ ကြၽန္မ ယုံၿပီးသား ေမာင့္ အၾကင္နာ အယုယေတြ ထဲမွာ ႐ႊင္လန္းခဲ့ဖူးသားဘဲ
ဂ်ီမင္းက ကားရပ္ထားရာ နံေဘးမွ ထြက္လာခဲ့သည္
မင္ေဂ်ာင္းရဲ႕ မိတ္ေဆြမ်ား၏ ကားမ်ားသာ က်န္ေတာ့သည္
သူတို႔ၾကည့္ရတာ ၿခံထဲမွာ ဒီညဝိုင္းဖြဲ႕ၾကမည့္ပုံပင္
ဂ်ီမင္း. . . သူတို႔ စားပြဲနားက အျဖတ္ မင္ေဂ်ာင္း ကို တစ္ခ်က္ လွမ္းၾကည့္ လိုက္သည္။
သူ႕နံေဘးက လူတစ္ေယာက္ ျခစ္ေပးေသာ မီးျခစ္မွာ စီးကရက္တစ္လိပ္ကို ကုန္းကာ ညွိယူရွိုက္ဖြာေနသည္
ၿပီးသြားေတာ့ ကုလားထိုင္မွာ ခပ္မွီမွီ ျပန္ထိုင္လိုက္သည္
ျဖတ္သြားတာကို မျမင္ဘဲေနမွာ မဟုတ္ေပမယ့္ တစ္ခ်က္ မွ လွမ္းမၾကည့္
ဂ်ီမင္း သူတို႔စားပြဲမွာ ဝင္ထိုင္လိုက္ခ်င္ေပမယ့္ ေျပာစရာ စကား မရွိတာေၾကာင့္ ေခါင္းငုံ႕ၿပီးေတာ့ အိမ္ႀကီးဆီ ေလွ်ာက္လာခဲ့၏
ဂ်ီမင္း အိမ္ထဲ ဝင္မွာကို ျမင္ေသာအခါ အိမ္ေဖာ္အကူက ဂ်ီမင္း ေနာက္မွ လိုက္ပါလာသည္
ဂ်ီမင္း အေပၚထပ္တက္ရာ ေလွကားရင္းမွာ ခဏ ရပ္ကာ သူ႕ေနာက္ကို လွည့္ၾကည့္ရင္း. . .
ေမေမေရာ. . . ဟင္"
ေလသံေပ်ာ့ေပ်ာ့ကေလးႏွင့္ ေမးမိသည္
"သခင္မႀကီး အိမ္ေပၚထပ္ တက္သြားပါၿပီ မမေလး"
ကြၽန္မလဲ အိမ္ေပၚ တက္ေတာ့မယ္ေနာ္
မရင္းႏွီးေသးေသာ ဒီအိမ္ႀကီး အေပၚထပ္သို႔ တက္သြားဖို႔ရာ ဂ်ီမင္းမွာ အေဖာ္မဲ့ေနရသည္
တက္ပါ မမေလး"
ကြၽန္မကို ဂ႐ုမစိုက္ပါနဲ႕ လုပ္စရာရွိတာ လုပ္ပါ"
ကြၽန္မအလုပ္က .. မမေလး.. အလုပ္ေတြ လုပ္ေပးဖို႔ပါ
ေဩာ္"
ဂ်ီမင္း ဘာမွ ျပန္မေျပာဘဲ အေပၚထပ္သို႔ တက္လာခဲ့ေတာ့သည္
ဒီ အေပၚထပ္ကို ေရာက္ဖူးေတာ့ ေရာက္ဖူးၿပီးသား ဒီမနက္ကမွပါ
အလွျပဳျပင္ဖို႔ အဝတ္အစားလဲဖို႔ ဒီအိမ္မွာသာ စီစဥ္ထားတာမို႔ ဂ်ီမင္း မနက္ကတည္းက ဒီအိမ္ကို ေရာက္လာသည္
သို႔ေပမယ့္ မွီ ေနရမည့္အခန္းေတာ့ ဟုတ္ပုံမရ ေခါက္သိမ္းထားေသာ တစ္ေယာက္အိပ္ခုတင္ တစ္လုံးႏွင့္ မွန္တင္ခုံ တစ္ခုသာ ရွိေသာ အခန္းရွင္းရွင္း တစ္ခုထဲမွာ အလွျပင္ ရသည္
ဧည့္သည္ ေစာင္သည္မ်ားအတြက္ ထားေသာ အခန္း ျဖစ္ပုံရသည္
ဂ်ီမင္း ဘယ္အခန္းဝင္ရမလဲ မသိတာမို႔ အိမ္အကူကို ေစာင့္ကာ ေလွ်ာက္ရသည္
ဒီအခန္းပါ... မမေလး
စကားသံေၾကာင့္ တံခါး တစ္ခုေရွ႕ ရပ္လိုက္ရ သည္ အိမ္အကူက ေရွ႕ထြက္လာကာ ေၾကးလက္ကိုင္ တံခါးဖုကို လွည့္၍ ဂ်ီမင္းကို ဝင္ေစလိုက္သည္
ဂ်ီမင္းရဲ႕ ရင္ေတြတုန္ရင္လာကာ မရဲတရဲ လွမ္းဝင္လိုက္သည္
ျဖဴဆြတ္ဆြတ္ ဇာေတြ အမ်ားအျပားျဖင့္ အလွ ဆင္ထားေသာ အခန္းတစ္ခုထဲ ျပတင္းေပါက္ေတြမွာ ဇာျဖဴေတြ သံကြင္းတပ္လ်က္ ဖားဖား အိအိ စည္းထားသည္
ဇာျဖဴေရာင္ အိပ္ရာဖုံး ဇာျဖဴ ေခါင္းအုံးအစြပ္ ဆင္ယင္ ထားေသာ ခုတင္ကို လွမ္းအျမင္မွာ ဂ်ီမင္း ေျခလွမ္းေတြ ရပ္တန႔္ သြားရသည္
ဒုတ္ဒုတ္ ျမည္လာေသာ ရင္ခုန္သံက အခန္းထဲမွာ ပဲ့တင္ထပ္မတတ္ ျဖစ္ေနေလရဲ႕
ခုတင္ ႏွစ္လုံး...
တစ္ေယာက္အိပ္ခုတင္ ႏွစ္လုံးကို ဂ်ီမင္း ၾကည့္ေနမိရာက ေခါင္းကေလး တစ္ခ်က္ ခါယမ္းလိုက္သည္
ေမာင္ရယ္ ကြၽန္မနဲ႕ေတာင္ အတူမအိပ္ခ်င္ဘူးလားကြယ္
#tbc
Bạn đang đọc truyện trên: Truyen3h.Co