Truyen3h.Co

မောင်

Part 6

KimFany059

ရွှေရောင် ကွပ်ထားသော ဘဲဥပုံ မှန်ဝိုင်းဝိုင်းထဲမှာ  ဂျီမင်းရဲ့ မျက်နှာကလေးက အလိုမကျဖြစ်နေပုံပေါ်နေသည်

ဘာကိုမှန်းမသိ. . . ဂျီမင်းမှာ မောင့်ကို
နားမလည်ဘဲ ရှိနေသည်

သက်ပြင်းချပြီး အခန်းကို တစ်ချက် လှည့်ပတ်ကြည့်လိုက်၏

အခန်းက ကျယ်ပါသည် ကြက်သွေးရောင်ဆိုဖာ တစ်စုံချထားသည်

အလှပြင် မှန်တင်ခုံ ပါသည်

နံရံကပ် ဗီရိုများပါပြီး စားပွဲ ကုလားထိုင် တစ်စုံနှင့် ရေခဲသေတ္တာပု သေးသေးလေးကတစ်လုံးက ရှိသေး၏
စားပွဲပု သေးသေးတွေက အခန်းအနှံ ဟိုတစ်လုံး သည်တစ် လုံးနှင့် နှင်းဆီဖြူဖြူ နှစ်ပွင့်စီပါသော ပန်းအိုး ကလေးတွေ တင်လျက်အနေအထားပင်

“မမလေး၊ ဆံထုံး ဖြုတ်ပေးမယ်"

“ဪ. . ."

ဂျီမင်းမှာ အိမ်အကူ ယော ကို လှည့်ကြည့်လိုက်ရင်းမှ...

“ကျွန်မ ဘာသာပဲ ဖြုတ်ပါတော့မယ်”

ယောရဲ့ လက်တွေက မှီ ဆံထုံးနား ရောက်လာကာ...

“ကန်တော့.…… မမလေး”

တစ်ခွန်းဆိုလျက် ဆံပင်မှ ကလစ်တွေ တဆတ်ဆတ် ဖြုတ်နေတော့၏

ဂျီမင်း ဘာမှ မပြောဘဲ ငြိမ်သက် ငေးငိုင်ကာ ခံနေမိသည်။ ခဏနှင့် ဆံထုံးက ပုံပျက်သွားသည်

ယောက မှန်တင်ခုံအံဆွဲကို ဆွဲဖွင့်ကာ ဘီးကျဲ တစ်ခုကို ထုတ်ယူသည်


ဂျီမင်းရဲ့ ဆံပင်ရှည်တွေကို ညင်သာစွာ ဖြီးသင်ပေးနေ၏

ဂျီမင်း ကြားဖူးတာတော့ သတို့သမီး၏ ဆံပင်ကို သတို့သားက ရှင်းပေးပြီး ဆံပင် ဖြီးသင်ပေးရသော ထုံးစံရှိသည် ဆိုတာပဲ ခုတော့ ကြည့်ပါအုံးကွယ်

“အင်းလေ . . စောစော ဖြုတ် စောစော ရှင်းရောပေါ့ သူက မိတ်ဆွေတွေမှ မပြန်သေးတာ”

ဂျီမင်း သက်ပြင်းတစ်ချက် ခိုးရှိုက်ကာ သူဖြစ်ပျက်နေတာတွေ ယော  ရိပ်မိမှာ စိုးတာမို့ ဖြည်းဖြည်း ရှူထုတ်လိုက်ရ၏

“မမလေး ရေချိုးမလား... မျက်နှာသစ်မလား"

"မျက်နှာပဲ သစ်ချင်တယ်”

ယောက ရေးချိုးခန်းတံခါးကို သွားဖွင့်ပေးတာမို့ ဂျီမင်း ထိုင်နေရာမှ ထ လိုက်ရ၏

အိပ်ခန်းနှင့် တွဲလျက် ရေချိုးခန်းက အိပ်ခန်းကလေးလိုပင် အဖြူရောင်များများ ဖုံးလွှမ်းနေ သည်

ဂျီမင်း ကြွေခွက်ရှေ့ရပ်ကာ ရေပိုက်ခေါင်း တစ်ခုကို လှည့်လိုက်သည်။

ကျလာသော ရေအေးအေးနှင့် မျက်နှာကို သစ်၏။

“မမလေး • • ချမ်းမှာစိုးလို့ ရေမချိုးတာလား၊ ရေနွေးနဲ့ ချိုးရင် ရပါတယ်"

“ကျွန်မ ဘာမှ မလုပ်ချင်တော့ဘူး ယော "

“ဪ. . . ဟုတ်ကဲ့”

ဂျီမင်း လေသံက စိတ်တိုနေတဲ့ ခပ်ဆတ်ဆတ် ဖြစ်သွားသည်

မျက်နှာပေါ်မှ မိတ်ကပ်များ ကုန်သည်ထိ ဆပ်ပြာနှစ်ထပ်တိုက်ကာ ဆေးကြောပြီး ဒီဘက်အလှည့် ယောက တဘက်အမွှေးပွ ဖြူဖြူ တစ်ထည်ကို လှမ်းပေး၏

ဂျီမင်း စိတ်မရှည် ဖြစ်ကတတ်ဆန်း သုတ်ပြီး သူ့ကို ပြန်ပေးလိုက်သည်

“ကျွန်မ အဝတ်တွေရော"

“ဗီရိုထဲ ထည့်ပြီးပါပြီ”

ဂျီမင်း နံရံကပ် ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။

သူမ အင်္ကျီ အဝတ်အစား တွေအပြင် သူမဟာမဟုတ်သော အင်္ကျီတွေပါ မြင်တာမို့ မျက်မှောင်ကြုတ်မိသွားတယ်

“ဒါတွေက”

“မမလေးအတွက်... သခင်... ဝယ်ထားတာတွေပါ”

‘သခင်’ ဟူသော အသုံးအနှုန်းကို ဂျီမင်း နားခါးစ ပြုလာသည်

ပေါ့ပါးသော အဝတ်တစ်စုံကို ခပ်သွက်သွက် လဲလှယ်လိုက်စဥ် ယောက ဂျီမင်း ဧည့်ခံ ပွဲထိုင် အဝတ်အစားတွေကို ဗီရိုနံဘေးရှိ စတီးအဝတ် စင်မှာ သပ်ရပ်စွာ ချိတ်ဖြန့်လိုက်သည်

အဝတ်အစားလဲ ပြီးသောအခါ ဂျီမင်း ဘာလုပ်ရမည်မသိ ဖြစ်နေသည်

ထွက်မသွားနိုင်သေးသော ယောကို စိတ်တိုတိုနှင့် လှမ်းအကြည့်..သူမ မျက်ဝန်းတွေက ဂျီမင်း လည်တိုင်ဆီ ရောက်နေတာမို့  သတိရသွားသည်

မှန်တင်ခုံရှေ့ ပြန်ထိုင်ကာ လည်ပင်းက လက်ဝတ်လက် စားတွေဖြုတ်ယူလိုက်သည်

လက်ကောက်ဝတ်မှာ. . . လက်ချောင်း များမှာ အားလုံးသော ရတနာထည်တွေသည် ညနေစောင်းက မောင့်မေမေ ထုတ်ပေးခဲ့တာတွေ ဖြစ်သည်

မှန်တင်ခုံပေါ် အသင့်ရှိသော ကတ္တီပါဘူးထဲ ပစ္စည်းအားလုံးကို နေသားတကျထည့်လိုက်သည်

"မေမေ့ဆီသွားမယ်"

ယောက ဘာမှမပြောဘဲ ခေါင်းညိတ်ကာ ထွက်သွားတာမို့ ဂျီမင်း နောက်က လိုက်ခဲ့သည်။

“ဒေါက် ဒေါက်...သခင်မကြီး ယောပါ”

"ယော. . . ဝင်ခဲ့”

ယောက အခန်း တံခါးကို ဖွင့်လိုက်သည်

သူကတော့ အခန်းဝမှာပဲရပ်နေ၏

ဂျီမင်း ကသာ ခမ်းနားသော အပြာနုရောင် အခန်းထဲ လှမ်းဝင်လိုက်သည်

ဂျီမင်း ကိုမြင်တော့ သူ့ယောက်ခမ မျက်ဝန်းတွေက နူးညံ့ကာ မျက်နှာ ပြုံးရိပ်  သန်းလာ၏

“မေမေ ဂျီမင်းလေ... ဒီဘူး လာပေးတာပါ”

ခုတင်ပေါ်ထိုင်နေသော သူ့ယောက်ခမကို လက်နှစ်ဘက်နှင့် ဘူးကို လှမ်းပေးလိုက်၏။

“အို... ဒီဘူးက သမီးအတွက်ပဲ သမီးပဲ သိမ်းထားပါ"

“ပျောက်သွားမှာစိုးလို့ပါ မေမေ မေမေပဲ သိမ်းထား ပေးပါ"

“မှန်တင်ခုံအံဆွဲထဲ သော့ခတ်ထားပေါ့သမီးရယ်၊ ဒီအိမ်မှာ ဘာပစ္စည်းမှ မပျောက်ပါဘူး. . . သမီးပဲ သိမ်းထား. . မင်ဂျောင်းရဲ့ ဧည့်သည်တွေ ပြန်ပြီလား"

“မပြန်သေးပါဘူး မေမေ”

“သမီး ပင်ပန်းရောပေါ့၊ နားပါကွယ်၊ မေမေလဲ နားမှပဲ၊ ဘာမှ မလုပ်ရပေမယ့် လူတွေထဲ မတ်တတ် မတ်တတ်နေရတာ ပင်ပန်းသား၊ ကဲ. . . သွား...သွား"

“ဟုတ်”

ဂျီမင်း ဘာမှမတတ်သာဘဲ တပ်ခေါက်ပြန်ခဲ့ရတော့သည်

အခန်းထဲရောက်တော့ သော့တန်းလန်းရှိနေသော မှန်တင်ခုံ အံဆွဲကို ဆွဲဖွင့် ထည့်သိမ်းကာ. . . သော့ခတ်လျက် သော့ကို ဘယ်မှာ ထားရမည် မသိ ဖြစ်နေပြန်၏

ယောကို ဂျီမင်း သဘောတကျ ရှိပေမယ့်. . . တစ်ယောက်တည်းသာ နေလိုတော့သည် စိတ်ခံစားချက်က သိပ်အဆင်မပြေ .

“ယော. . . သွားနားပါတော့” ..

“ဟုတ်ကဲ့. . . မမလေး. . . ဘာစားအုံးမလဲ"

“တော်ပါပြီ”

“နွားနို့သောက်မလား မမလေး"

“မသောက်တော့ဘူး ယော"

"ဟုတ်ဟုတ်  ကျွန်မ သွားတော့မယ် လိုတာရှိခေါ်ပါနော် မမလေး"

“ဟုတ်ကဲ့”

​ယောက အခန်းတံခါးကို ပိတ်ပေးသွားသည်

  သူ ထွက်သွားမှ ဂျီမင်း သက်ပြင်းကိုလွတ်လွတ် ကျွတ်ကျွတ် ချပစ်လိုက်သည်

မျက်ရည်တွေ ဝဲလာသောကြောင့် ယော ပြုပြင်ပေးခဲ့သော ခုတင်ပေါ် တက်ထိုင်လိုက်သည်

ဂျီမင်းရဲ့ နဂိုဘဝနှင့် တော်တော်ကို ဝေးကွာလှမ်းသော အခြေအနေ တစ်ခုဖြစ်နေပါလား

ဂျီမင်းက မုန့်ဝယ်ကျွေးခဲ့ရသော မောင်သည် ဒီလို နေထိုင်နေရသူ တစ်ယောက်ဆိုတာ ခုထိ မတင် ကျနိုင်သေး

မောင် ဘာကြောင့် လျှို့ဝှက်သဲဖိုဆန်ဆန်တွေ လုပ်ခဲ့တာပါလိမ့်

အခုရော ဘာကြောင့် ကျွန်မကို မကျေနပ်သလို ခပ်စိမ်းတိမ်းတိမ်း ဖြစ်နေရတာပါလိမ့်

မောင်နှင့် ရင်ခုန်ဖွယ်သော မင်္ဂလာ အခမ်းအနားကို ယှဉ်တွဲ ကျင်းပရသည့်နေ့မှာ ဂျီမင်း မပျော်နိုင် မပျော်ရဲဘဲ ဖြစ်နေရသည်

ဂျီမင်း  မောင့်ကို ချစ်မိခဲ့ကတည်းက အတူနေရဖို့ ဘဝကို မှန်းဆ ရင်ခုန်ပျော်ရွှင်ခဲ့ရသည်

ခုတော့ ဂျီမင်း စိတ်ကူး အိပ်မက်တွေထဲက မောင်နှင့်၊ အပြင်က မင်ဂျောင်းတို့က ကွားခြားလှသည်။

ဂျီမင်းကို ကားနှင့် ခေါ်လာခဲ့သောနေ့ကစပြီး မောင်သည် ထူးဆန်းစွာ ပြောင်းလဲသွားခဲ့တာ

ဂျီမင်း  ခုတင်ပေါ် လှဲချလိုက်သည်

ဘယ်လိုမှ မအိပ်နိုင်

ပင်ပန်းသည် မှန်သော်လည်း မျက်လုံး ကြောင်နေသည်

အောက်ထပ် ဧည့်ခန်းမှ လက်ဖွဲ့အပုံကြီးကို မြင်ယောင်ကာ မောင်နှင့် နှစ်ယောက်အတူ ရွှင်လန်းရယ်မောလျက် ဖြေဖွင့်ချင်စိတ် ပေါ်ပေါက်လာသည်

“လာပါတော့ မောင်ရယ်... ဘာကိုများ မောင် စိတ်ဆိုးနေတာလဲ”

တီးတိုးရေရွတ်ရင်း ဂျီမင်း  ငိုချင်လာသည်

ဘယ်သူမှ မရှိဘဲ တိတ်ဆိတ်နေသောအခန်းမို့ ဘယ်သူ့မှ ငဲ့စရာမလိုသောကြောင့် ဂျီမင်း  ငိုချလိုက်သည်

တော်တော်ကြာကြာ ဂျီမင်း ငိုနေမိသေးသည်

ငိုရှိန်ကြောင့်ရော ပင်ပန်းထားတာကြောင့်ရော ဂျီမင်း ခေါင်းကိုက်လာကာ မျက်စိကလေးတွေ မှေးမှိတ် ငြိမ်သက်သွားရ၏

#tbc

#zawgyi

ေ႐ႊေရာင္ ကြပ္ထားေသာ ဘဲဥပုံ မွန္ဝိုင္းဝိုင္းထဲမွာ  ဂ်ီမင္းရဲ႕ မ်က္ႏွာကေလးက အလိုမက်ျဖစ္ေနပုံေပၚေနသည္

ဘာကိုမွန္းမသိ. . . ဂ်ီမင္းမွာ ေမာင့္ကို
နားမလည္ဘဲ ရွိေနသည္

သက္ျပင္းခ်ၿပီး အခန္းကို တစ္ခ်က္ လွည့္ပတ္ၾကည့္လိုက္၏

အခန္းက က်ယ္ပါသည္ ၾကက္ေသြးေရာင္ဆိုဖာ တစ္စုံခ်ထားသည္

အလွျပင္ မွန္တင္ခုံ ပါသည္

နံရံကပ္ ဗီရိုမ်ားပါၿပီး စားပြဲ ကုလားထိုင္ တစ္စုံႏွင့္ ေရခဲေသတၱာပု ေသးေသးေလးကတစ္လုံးက ရွိေသး၏
စားပြဲပု ေသးေသးေတြက အခန္းအႏွံ ဟိုတစ္လုံး သည္တစ္ လုံးႏွင့္ ႏွင္းဆီျဖဴျဖဴ ႏွစ္ပြင့္စီပါေသာ ပန္းအိုး ကေလးေတြ တင္လ်က္အေနအထားပင္

မမေလး၊ ဆံထုံး ျဖဳတ္ေပးမယ္"

ဪ. . ."

ဂ်ီမင္းမွာ အိမ္အကူ ေယာ ကို လွည့္ၾကည့္လိုက္ရင္းမွ...

ကြၽန္မ ဘာသာပဲ ျဖဳတ္ပါေတာ့မယ္

ေယာရဲ႕ လက္ေတြက မွီ ဆံထုံးနား ေရာက္လာကာ...

ကန္ေတာ့. မမေလး

တစ္ခြန္းဆိုလ်က္ ဆံပင္မွ ကလစ္ေတြ တဆတ္ဆတ္ ျဖဳတ္ေနေတာ့၏

ဂ်ီမင္း ဘာမွ မေျပာဘဲ ၿငိမ္သက္ ေငးငိုင္ကာ ခံေနမိသည္။ ခဏႏွင့္ ဆံထုံးက ပုံပ်က္သြားသည္

ေယာက မွန္တင္ခုံအံဆြဲကို ဆြဲဖြင့္ကာ ဘီးက်ဲ တစ္ခုကို ထုတ္ယူသည္


ဂ်ီမင္းရဲ႕ ဆံပင္ရွည္ေတြကို ညင္သာစြာ ၿဖီးသင္ေပးေန၏

ဂ်ီမင္း ၾကားဖူးတာေတာ့ သတို႔သမီး၏ ဆံပင္ကို သတို႔သားက ရွင္းေပးၿပီး ဆံပင္ ၿဖီးသင္ေပးရေသာ ထုံးစံရွိသည္ ဆိုတာပဲ ခုေတာ့ ၾကည့္ပါအုံးကြယ္

အင္းေလ . . ေစာေစာ ျဖဳတ္ ေစာေစာ ရွင္းေရာေပါ့ သူက မိတ္ေဆြေတြမွ မျပန္ေသးတာ

ဂ်ီမင္း သက္ျပင္းတစ္ခ်က္ ခိုးရွိုက္ကာ သူျဖစ္ပ်က္ေနတာေတြ ေယာ  ရိပ္မိမွာ စိုးတာမို႔ ျဖည္းျဖည္း ရႉထုတ္လိုက္ရ၏

မမေလး ေရခ်ိဳးမလား... မ်က္ႏွာသစ္မလား"

"မ်က္ႏွာပဲ သစ္ခ်င္တယ္

ေယာက ေရးခ်ိဳးခန္းတံခါးကို သြားဖြင့္ေပးတာမို႔ ဂ်ီမင္း ထိုင္ေနရာမွ ထ လိုက္ရ၏

အိပ္ခန္းႏွင့္ တြဲလ်က္ ေရခ်ိဳးခန္းက အိပ္ခန္းကေလးလိုပင္ အျဖဴေရာင္မ်ားမ်ား ဖုံးလႊမ္းေန သည္

ဂ်ီမင္း ေႂကြခြက္ေရွ႕ရပ္ကာ ေရပိုက္ေခါင္း တစ္ခုကို လွည့္လိုက္သည္။

က်လာေသာ ေရေအးေအးႏွင့္ မ်က္ႏွာကို သစ္၏။

မမေလး   ခ်မ္းမွာစိုးလို႔ ေရမခ်ိဳးတာလား၊ ေရႏြေးနဲ႕ ခ်ိဳးရင္ ရပါတယ္"

ကြၽန္မ ဘာမွ မလုပ္ခ်င္ေတာ့ဘူး ေယာ "

ဪ. . . ဟုတ္ကဲ့

ဂ်ီမင္း ေလသံက စိတ္တိုေနတဲ့ ခပ္ဆတ္ဆတ္ ျဖစ္သြားသည္

မ်က္ႏွာေပၚမွ မိတ္ကပ္မ်ား ကုန္သည္ထိ ဆပ္ျပာႏွစ္ထပ္တိုက္ကာ ေဆးေၾကာၿပီး ဒီဘက္အလွည့္ ေယာက တဘက္အေမႊးပြ ျဖဴျဖဴ တစ္ထည္ကို လွမ္းေပး၏

ဂ်ီမင္း စိတ္မရွည္ ျဖစ္ကတတ္ဆန္း သုတ္ၿပီး သူ႕ကို ျပန္ေပးလိုက္သည္

ကြၽန္မ အဝတ္ေတြေရာ"

ဗီရိုထဲ ထည့္ၿပီးပါၿပီ

ဂ်ီမင္း နံရံကပ္ ဗီရိုတံခါးကို ဆြဲဖြင့္လိုက္သည္။

သူမ အကၤ်ီ အဝတ္အစား ေတြအျပင္ သူမဟာမဟုတ္ေသာ အကၤ်ီေတြပါ ျမင္တာမို႔ မ်က္ေမွာင္ၾကဳတ္မိသြားတယ္

ဒါေတြက

မမေလးအတြက္... သခင္... ဝယ္ထားတာေတြပါ

သခင္ ဟူေသာ အသုံးအႏႈန္းကို ဂ်ီမင္း နားခါးစ ျပဳလာသည္

ေပါ့ပါးေသာ အဝတ္တစ္စုံကို ခပ္သြက္သြက္ လဲလွယ္လိုက္စဥ္ ေယာက ဂ်ီမင္း ဧည့္ခံ ပြဲထိုင္ အဝတ္အစားေတြကို ဗီရိုနံေဘးရွိ စတီးအဝတ္ စင္မွာ သပ္ရပ္စြာ ခ်ိတ္ျဖန့္လိုက္သည္

အဝတ္အစားလဲ ၿပီးေသာအခါ ဂ်ီမင္း ဘာလုပ္ရမည္မသိ ျဖစ္ေနသည္

ထြက္မသြားနိုင္ေသးေသာ ေယာကို စိတ္တိုတိုႏွင့္ လွမ္းအၾကည့္..သူမ မ်က္ဝန္းေတြက ဂ်ီမင္း လည္တိုင္ဆီ ေရာက္ေနတာမို႔  သတိရသြားသည္

မွန္တင္ခုံေရွ႕ ျပန္ထိုင္ကာ လည္ပင္းက လက္ဝတ္လက္ စားေတြျဖဳတ္ယူလိုက္သည္

လက္ေကာက္ဝတ္မွာ. . . လက္ေခ်ာင္း မ်ားမွာ အားလုံးေသာ ရတနာထည္ေတြသည္ ညေနေစာင္းက ေမာင့္ေမေမ ထုတ္ေပးခဲ့တာေတြ ျဖစ္သည္

မွန္တင္ခုံေပၚ အသင့္ရွိေသာ ကတၱီပါဘူးထဲ ပစၥည္းအားလုံးကို ေနသားတက်ထည့္လိုက္သည္

"ေမေမ့ဆီသြားမယ္"

ေယာက ဘာမွမေျပာဘဲ ေခါင္းညိတ္ကာ ထြက္သြားတာမို႔ ဂ်ီမင္း ေနာက္က လိုက္ခဲ့သည္။

ေဒါက္ ေဒါက္...သခင္မႀကီး ေယာပါ

"ေယာ. . . ဝင္ခဲ့

ေယာက အခန္း တံခါးကို ဖြင့္လိုက္သည္

သူကေတာ့ အခန္းဝမွာပဲရပ္ေန၏

ဂ်ီမင္း ကသာ ခမ္းနားေသာ အျပာႏုေရာင္ အခန္းထဲ လွမ္းဝင္လိုက္သည္

ဂ်ီမင္း ကိုျမင္ေတာ့ သူ႕ေယာက္ခမ မ်က္ဝန္းေတြက ႏူးညံ့ကာ မ်က္ႏွာ ၿပဳံးရိပ္  သန္းလာ၏

ေမေမ ဂ်ီမင္းေလ... ဒီဘူး လာေပးတာပါ

ခုတင္ေပၚထိုင္ေနေသာ သူ႕ေယာက္ခမကို လက္ႏွစ္ဘက္ႏွင့္ ဘူးကို လွမ္းေပးလိုက္၏။

အို... ဒီဘူးက သမီးအတြက္ပဲ သမီးပဲ သိမ္းထားပါ"

ေပ်ာက္သြားမွာစိုးလို႔ပါ ေမေမ ေမေမပဲ သိမ္းထား ေပးပါ"

မွန္တင္ခုံအံဆြဲထဲ ေသာ့ခတ္ထားေပါ့သမီးရယ္၊ ဒီအိမ္မွာ ဘာပစၥည္းမွ မေပ်ာက္ပါဘူး. . . သမီးပဲ သိမ္းထား. . မင္ေဂ်ာင္းရဲ႕ ဧည့္သည္ေတြ ျပန္ၿပီလား"

မျပန္ေသးပါဘူး ေမေမ

သမီး ပင္ပန္းေရာေပါ့၊ နားပါကြယ္၊ ေမေမလဲ နားမွပဲ၊ ဘာမွ မလုပ္ရေပမယ့္ လူေတြထဲ မတ္တတ္ မတ္တတ္ေနရတာ ပင္ပန္းသား၊ ကဲ. . . သြား...သြား"

ဟုတ္

ဂ်ီမင္း ဘာမွမတတ္သာဘဲ တပ္ေခါက္ျပန္ခဲ့ရေတာ့သည္

အခန္းထဲေရာက္ေတာ့ ေသာ့တန္းလန္းရွိေနေသာ မွန္တင္ခုံ အံဆြဲကို ဆြဲဖြင့္ ထည့္သိမ္းကာ. . . ေသာ့ခတ္လ်က္ ေသာ့ကို ဘယ္မွာ ထားရမည္ မသိ ျဖစ္ေနျပန္၏

ေယာကို ဂ်ီမင္း သေဘာတက် ရွိေပမယ့္. . . တစ္ေယာက္တည္းသာ ေနလိုေတာ့သည္ စိတ္ခံစားခ်က္က သိပ္အဆင္မေျပ .

ေယာ. . . သြားနားပါေတာ့ ..

ဟုတ္ကဲ့. . . မမေလး. . . ဘာစားအုံးမလဲ"

ေတာ္ပါၿပီ

ႏြားနို႔ေသာက္မလား မမေလး"

မေသာက္ေတာ့ဘူး ေယာ"

"ဟုတ္ဟုတ္  ကြၽန္မ သြားေတာ့မယ္ လိုတာရွိေခၚပါေနာ္ မမေလး"

ဟုတ္ကဲ့

ေယာက အခန္းတံခါးကို ပိတ္ေပးသြားသည္

  သူ ထြက္သြားမွ ဂ်ီမင္း သက္ျပင္းကိုလြတ္လြတ္ ကြၽတ္ကြၽတ္ ခ်ပစ္လိုက္သည္

မ်က္ရည္ေတြ ဝဲလာေသာေၾကာင့္ ေယာ ျပဳျပင္ေပးခဲ့ေသာ ခုတင္ေပၚ တက္ထိုင္လိုက္သည္

ဂ်ီမင္းရဲ႕ နဂိုဘဝႏွင့္ ေတာ္ေတာ္ကို ေဝးကြာလွမ္းေသာ အေျခအေန တစ္ခုျဖစ္ေနပါလား

ဂ်ီမင္းက မုန႔္ဝယ္ေကြၽးခဲ့ရေသာ ေမာင္သည္ ဒီလို ေနထိုင္ေနရသူ တစ္ေယာက္ဆိုတာ ခုထိ မတင္ က်နိဳင္ေသး

ေမာင္ ဘာေၾကာင့္ လွ်ို႔ဝွက္သဲဖိုဆန္ဆန္ေတြ လုပ္ခဲ့တာပါလိမ့္

အခုေရာ ဘာေၾကာင့္ ကြၽန္မကို မေက်နပ္သလို ခပ္စိမ္းတိမ္းတိမ္း ျဖစ္ေနရတာပါလိမ့္

ေမာင္ႏွင့္ ရင္ခုန္ဖြယ္ေသာ မဂၤလာ အခမ္းအနားကို ယွဥ္တြဲ က်င္းပရသည့္ေန႕မွာ ဂ်ီမင္း မေပ်ာ္နိုင္ မေပ်ာ္ရဲဘဲ ျဖစ္ေနရသည္

ဂ်ီမင္း  ေမာင့္ကို ခ်စ္မိခဲ့ကတည္းက အတူေနရဖို႔ ဘဝကို မွန္းဆ ရင္ခုန္ေပ်ာ္႐ႊင္ခဲ့ရသည္

ခုေတာ့ ဂ်ီမင္း စိတ္ကူး အိပ္မက္ေတြထဲက ေမာင္ႏွင့္၊ အျပင္က မင္ေဂ်ာင္းတို႔က ကြားျခားလွသည္။

ဂ်ီမင္းကို ကားႏွင့္ ေခၚလာခဲ့ေသာေန႕ကစၿပီး ေမာင္သည္ ထူးဆန္းစြာ ေျပာင္းလဲသြားခဲ့တာ

ဂ်ီမင္း  ခုတင္ေပၚ လွဲခ်လိဳက္သည္

ဘယ္လိုမွ မအိပ္နိုင္

ပင္ပန္းသည္ မွန္ေသာ္လည္း မ်က္လုံး ေၾကာင္ေနသည္

ေအာက္ထပ္ ဧည့္ခန္းမွ လက္ဖြဲ႕အပုံႀကီးကို ျမင္ေယာင္ကာ ေမာင္ႏွင့္ ႏွစ္ေယာက္အတူ ႐ႊင္လန္းရယ္ေမာလ်က္ ေျဖဖြင့္ခ်င္စိတ္ ေပၚေပါက္လာသည္

လာပါေတာ့ ေမာင္ရယ္... ဘာကိုမ်ား ေမာင္ စိတ္ဆိုးေနတာလဲ

တီးတိုးေရ႐ြတ္ရင္း ဂ်ီမင္း  ငိုခ်င္လာသည္

ဘယ္သူမွ မရွိဘဲ တိတ္ဆိတ္ေနေသာအခန္းမို႔ ဘယ္သူ႕မွ ငဲ့စရာမလိုေသာေၾကာင့္ ဂ်ီမင္း  ငိုခ်လိဳက္သည္

ေတာ္ေတာ္ၾကာၾကာ ဂ်ီမင္း ငိုေနမိေသးသည္

ငိုရွိန္ေၾကာင့္ေရာ ပင္ပန္းထားတာေၾကာင့္ေရာ ဂ်ီမင္း ေခါင္းကိုက္လာကာ မ်က္စိကေလးေတြ ေမွးမွိတ္ ၿငိမ္သက္သြားရ၏

#tbc

Bạn đang đọc truyện trên: Truyen3h.Co